မိုးမြေစက်ဝန်း။

By kokolayphilo

106K 6.8K 153

မတူညီတဲ့ ဘဝနှစ်ခုကို ယှဉ်ပြထားတဲ့ လူငယ်အချစ် ဇာတ်လမ်းလေးပါ။ ချစ်ဖို့ကောင်းတဲ့ မြေကြီးနဲ့ မိုးသားလေးကို အားပေး... More

အပိုင်း(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
ဇာတ်သိမ်းပိုင်း

အပိုင်း (၇)

3.6K 296 0
By kokolayphilo

မိုးေျမ စက္၀န္း

အပိုင္း (၇)

ေက်ာင္းကို ေရာက္ေတာ့ ေခြးပုက ငခံုးမနဲ႔ လဒကို အေျပးအလႊား မိုးသားနဲ႕ ေတြ႕ခဲ့တဲ့ အေၾကာင္းသြားေျပာ ေလရဲ႕။ ေျမႀကီးကေတာ့ ဘာလို႕မွန္း မသိပဲ စိတ္ေတြ တအားကို ထိုင္းမႈိင္းေနပါတယ္။ ခုနက နားထဲမွာ ၾကားလိုက္တဲ့ မိုးသားရဲ႕ ေခၚသံကို နားထဲက မထြက္သလို ကားျပတင္းေပါက္ကေန ေပၚလာတဲ့ မိုးသားရဲ႕ မ်က္ႏွာေလးကို မ်က္လံုးထဲကေကာ နားထဲကပါ မထြက္ေတာ့ေပ။

မိုးသား ဘာေတြမ်ား ျဖစ္ေနတာလည္း သူသိပ္သိခ်င္ လွပါတယ္။ စာသင္ခ်ိန္ ႏွစ္ခ်ိန္ ျပီးေတာ့ မုန္႕စားဆင္းခ်ိန္မွာ ေျမႀကီးနဲ႕ ေခြးပုကို သန္႕စင္ခန္းကို ထြက္လာၾကပါေတာ့တယ္။ သန္႕စင္ခန္းမေရာက္ခင္မွာပဲ ေခါင္းေပၚက ျဖတ္သြားတဲ့ ေလယာဥ္ပ်ံႀကီး တစ္စီးကို ေမာ့ၾကည့္ရင္း ေျမႀကီး ခလုပ္တိုက္ကာ လဲပါေတာ့တယ္။

"ဟာ ေျမႀကီးဘာျဖစ္တာလဲ။ ထ..ထ ထလို႕ေကာရလား။"

"ရတယ္။ ရတယ္။ ဘာမွမျဖစ္ဘူး။"

ေျမႀကီး ကို႕ဖာသာ ကုန္းထလို္က္ရင္း ျပန္ေျပာလိုက္ ပါတယ္။

"မနက္တည္းက ဘာျဖစ္ေနမွန္း မသိဘူး။ အူေၾကာင္ေၾကာင္နဲ႕။ ခုလည္း ဒီလမ္းအေကာင္းႀကီးကို ဘယ္လိုလုပ္ လဲက်ရျပန္တာလဲ။"

ေျမႀကီး ေဘာင္းဘီက ဖုန္ေတြကို လက္နဲ႕ ခါလိုက္ရင္း

"ဟိုးက ေလယာဥ္ပ်ံႀကီးကို လိုက္ၾကည့္ရင္း ပစ္လဲသြားတာ။"

"ဟားဟား မင္းက ေလယာဥ္မျမင္ဖူးတဲ့ ရြာက ကေလးက်ေနတာပဲ။"

"သြားစမ္းပါ အရူးရယ္။"

ေျမႀကီး ေရွ႕ကေနပြစိ ပြစိ လုပ္ေနတဲ့ ေခြးပုကို တြန္းလိုက္ျပီး ေရွ႕ဆက္ေလွ်ာက္ခဲ့ ပါေတာ့တယ္။ တကယ္တမ္း မေျပာျဖစ္ေပမယ့္ ခုန ေလယာဥ္ပ်ံႀကီးကို ၾကည့္ျပီး ရင္ဘတ္ထဲက တစ္ခုခုကို ဆြဲထုတ္ လိုက္သလို ခံစားလိုက္ရတယ္ေလ။ မ်က္လံုးထဲမွာလည္း ခုခ်ိန္ထိ မိုးသားကို ျမင္ေယာင္ေနဆဲ။

..............................

ကစားကြင္းရဲ႕ ေရွာစင္ေပၚမွာ ထိုင္ေနရင္း ဟိုးအေ၀းမွာ ျမင္ေနရတဲ့ ၀င္စျပဳေနျပီ ျဖစ္တဲ့ ေနလံုးႀကီးကို ၾကည့္ေနရင္းက ခပ္လွမ္းလွမ္းက သစ္ပင္ႀကီး ေအာက္ကို လွည့္ၾကည့္မိပါတယ္။ လက္ေလးႏွစ္ဖက္ ေထာက္ရင္းေမးေစ့ကိုတင္ကာ ေငးေနတဲ့ ေကာင္ေလးတစ္ေယာက္ သူ႕ကိုျပံဳးရင္း ၾကည့္ေနတာကို ျမင္ေယာင္မိပါတယ္။ ေျမႀကီးျပံဳးလိုက္မိတယ္။ ျပီးေတာ့မွ ေနလံုးႀကီးကို ျပန္ၾကည့္လိုက္ေတာ့ အလံုးႀကီးမရွိေတာ့ပဲ အလင္းေရာင္ေလးသာ က်န္ေတာ့ ပါတယ္။

ဟိုးမိုးေပၚက ေနလံုးႀကီးက မိုးသားရွိန္လိုပါပဲ။ သူေပ်ာက္ကြယ္ သြားတာေတာင္ သူ႕ရဲ႕ အရွိန္အ၀ါေတြနဲ႕ လင္းထိန္ေနဆဲပဲေလ။ မိုးသားလည္း ေျမႀကီး နားမွာမရွိေတာ့ေပမယ့္ သူ႕ရဲ႕ပံုရိပ္ေတြကို ေျမႀကီးျမင္ေနရဆဲပါပဲ။ ေျမႀကီးေရွာစင္ေလးေပၚမွာ မတ္တပ္ထရပ္လိုက္ရင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ လိုက္ပါေတာ့တယ္။ ေကာင္းကင္ေပၚမွာ တိမ္ဆိုင္မွ်င္ေတြ အနီေရာင္သန္းကာ ယႈက္ျဖာလ်က္ လွခ်င္တိုင္း လွေနတာေလ။

ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ရင္း ေျမႀကီး ျပံဳးလိုက္ပါတယ္။ မိုးသားဟာ ေကာင္းကင္ေပၚမွာ အျမဲရွိေနမွာပါ။ သူ မိုးသားကို သတိရတိုင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္ရံုပဲေပါ့။ သူစကားေတြ ေျပာခ်င္ရင္လဲ ေကာင္းကင္ႀကီးကို ၾကည့္ျပီး ေျပာလိုက္ရံုပဲေပါ့။ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ရင္းက ေႏြးေထြးမႈကို သူ ခံစားရလာပါေတာ့တယ္။ ေျမႀကီး မ်က္လံုးေတြကို မွိတ္ခ်လိုက္ကာ လက္ႏွစ္ဖက္ကို ေဘးဖက္ကို ဆန္႕တန္းထုပ္လိုက္ ပါေတာ့တယ္။

မင္းငါ့စီ အျမန္ဆံုး ဆင္းသက္လာပါ မိုးသားရယ္။

..................

ႏိုင္ငံျခား ဆိုတဲ့ေနရာက တစ္ကယ္ေတာ့ မိုးသား အတြက္ သိပ္ျပီးေတာ့ မဆန္းက်ယ္ပါဘူး။ သူတို႕စကားကို နားလည္ဖို႕ အတြက္လည္း အိမ္မွာ ေဒၚေလးက သင္ေပးေပမယ့္ English လိုမို႕ Private ေက်ာင္းမွာတက္ခဲ့တဲ့ မိုးသားအတြက္ကေတာ့ သိပ္ျပီး တကူးတက အရမ္းႀကိဳးစား ေနစရာ သိပ္မလိုဘူးေလ။ ျပီးေတာ့ ေက်ာင္းတက္တာလည္း ဘယ္သူနဲ႕မွ နဂိုတည္းက မေပါင္းတဲ့ သူမို႕ အဆင္ေျပေနတာပဲ။ ေက်ာင္းပိတ္ရက္မွာ တီတီ လိုက္ပို႕ေပးတဲ့ မာလို္င္းယြန္း က ငါးကိုယ္နဲ႕ျခေသၤ့ေခါင္းႀကီးနဲ႕ အေ၀းက ၾကည့္တာေတာင္ အေတာ္လွပါတယ္။ ဒါေပမယ့္ သိပ္ျပီး ေပ်ာ္ရႊင္ခဲ့တယ္ လို႕ေတာ့လဲ မဟုတ္ပါဘူး။ ဒီေန႕ေတာ့ မိုးသားတို႕ေနတဲ့ တိုက္အျမင့္ႀကီးနားက ပန္းျခံေလးမွာ တီတီနဲ႕ သူနဲ႕ အတူလာ ခဲ့ၾကတယ္။ တီတီ့ အသိတစ္ေယာက္ ေရာက္လာတာမို႕ တီတီတို႕ စကားေျပာေနၾကတုန္း မိုးသား ခံုတန္းေလးေပၚကေန ဆင္းလိုက္ျပီး ခပ္လွမ္းလွမ္းမွာ ရွိတဲ့ ျမက္ခင္းေလး ေပၚမွာ ထိုင္ေန လိုက္ ပါတယ္။ ျပီးေတာ့ ျမက္ေလးေတြကို လက္နဲ႕ အသာပြတ္ရင္း သေဘာက် ေနမိတယ္။ ပြတ္ေနရင္း လက္ကိုျပန္ၾကည့္လိုက္ေတာ့ အနည္းငယ္ စြတ္စိုေနျပီး ေျမႀကီးမဲမဲ ေလးေတြ ကပ္လို႕ေနပါတယ္။

ေျမႀကီး။ ဟုတ္တယ္။ ဒါက ေျမႀကီးေတြပဲ။ မိုးသား မ်က္ႏွာေလးက ၾကည္ႏူးမႈအျပည့္နဲ႕ ျပံဳးလို႕ သြားပါေတာ့တယ္။ ၾကည့္ပါဦး ေျမႀကီးေလးေတြက မဲမဲေလးေတြ။

"ဟက္ဟက္။"

မိုးသား သူငယ္ခ်င္းေျမႀကီးကေတာ့ ဒီေလာက္မမဲပါဘူးေနာ္။ အသားေလး ညိဳတိုတိုနဲ႕ ခ်စ္စရာေလးပါ။ မ်က္လံုးထဲမွာ မထြက္တဲ့ပံုက ေျမႀကီး ကားေနာက္ကို လိုက္ေျပးလာတဲ့ ပံုေလးရယ္။ မိုးသားတို႕ စက္ေလွခါးနဲ႕ ဘုရားေပၚတက္တုန္းက လြယ္အိတ္ေလး ကိုလက္တစ္ဖက္ကကို္င္ကာ လက္တစ္ဖက္က ေနကိုကာရင္း ေမာ့ၾကည့္ေနတဲ့ ပံုေလးေတြေလ။ သူငယ္ခ်င္းေတြ အားလံုးကို သတိရေပမယ့္ ေျမႀကီးကိုေတာ့ ပိုသတိရမိတာ အမွန္ပါပဲ။

သူငယ္ခ်င္္းေတြ အားလံုးထဲမွာ အဆင္းရဲဆံုး ျဖစ္သလို မိုးသားကိုလည္း သူမ်ားေတြထက္ ပိုျပီး ခ်စ္တဲ့ သူငယ္ခ်င္းေလ။ မိုးသား ျမက္ခင္းေပၚမွာ အသာေလး လွဲခ်လိုက္ပါေတာ့တယ္။ မစိုတစိုေလး ျဖစ္ေနတဲ့ ျမက္ခင္းရဲ႕ အေအးဓါတ္က ရင္ဘတ္ထဲထိ စီးဆင္းလို႕ သြားပါေတာ့တယ္။ မိုးသား မ်က္လံုးေတြကို မွိတ္ရင္း လက္ႏွစ္ဖက္ကို ေဘးကို ဆန္႕တန္းထား လိုက္ပါတယ္။

ကစားကြင္းမွာ စေတြ႕ျပီး ေက်ာင္းမွာျပန္ေတြ႕တဲ့ အခ်ိန္ေတြ အားလံုးမွာ ေျမႀကီးေၾကာင့္ မိုးသားေပ်ာ္ခဲ့ရပါတယ္။ အခုလဲ ေျမႀကီးနဲ႕ အနီးဆံုးမွာ မိုးသား ေရာက္ေနျပီပဲ။ မိုးသား ေက်ာကုန္းကို ျမက္ခင္းေပၚ အသာေလး ထပ္ဖိခ်ထားလိုက္ပါတယ္။ ဟုတ္တယ္။ သူ႕အနားမွာ ေျမႀကီးရွိေနတာ သူမွ သတိမထား မိတာ။ ေျမႀကီးကို သတိရတိုင္း သူဒီကို လာလို႕ရတာပဲ။ ေျမႀကီးကို စကားေတြ ေျပာခ်င္ရင္ သူဒီမွာေျပာလို႕ရတာပဲ။ ေျမႀကီး ရွိရင္ သူအျမဲေပ်ာ္တက္ သလို အားလဲရွိတယ္။

"ဟား ဟား ဟား"

မိုးသား ေက်နပ္စြာနဲ႕ တဟားဟား ထရီလိုက္ပါေတာ့တယ္။

"သားသား အကီၤ်ေတြ စိုကုန္မယ္ေလ။ ဘာလုပ္ေနတာလဲ ထ ထ။"

မိုးသား ျပန္ကုန္းထလိုက္ရင္း

"သားေနာက္ေန႕က စျပီး ဒီပန္းျခံေလးကို တစ္ေန႕တစ္ခါလာမယ္ တီတီ။"

"လာေပါ့ သားသားရယ္။ နီးနီးေလးပဲကို။ ခုေတာ့သြားမယ္ေနာ္။"

"ဟုတ္ကဲ့။"

မိုးသား အဲ့ဒီေနရာေလးက အထြက္မွာ ခုနက သူလွဲအိပ္ခဲ့တဲ့ ေနရာေလးကို ျပန္ၾကည့္ရင္း မ်က္လံုးေလး တစ္ဖက္ကို မွိတ္ျပလိုက္ ပါေတာ့တယ္။ ငါမင္းစီ ေန႕တိုင္းလာမယ္ ေျမႀကီးေရ။ ေစာင့္ေနေနာ္။

..................

မိုးသားနဲ႕ေျမႀကီး ဆိုတာ အေ၀းႀကီးမွ အေ၀းႀကီး ....

ဒါေပမယ့္ မ်က္စိတစ္ဆံုးပဲ ၾကည့္ေပးပါ ....

သူတို႕ေတြ အျမဲထိစပ္ေနတာ ေတြ႕ရပါလိမ့္မယ္ .....

တကယ္လို႔ အဲ့ဒီ့ေနရာကို သြားၾကည့္မယ္ ဆိုရင္လည္း ....

သူက ေနာက္ထပ္ မ်က္စိတစ္ဆံုးကို ေရာက္သြားပါ လိမ့္မယ္ .....

ဒါ့ေၾကာင့္ သူတို႕ကို ဒီတိုင္းေလးပဲ နီးစပ္ခြင့္ ေပးလိုက္ပါ .....

သူတို႕ေတြ ပံုရိပ္ေယာင္ေလးေတြ ၾကားမွာ ေပ်ာ္ရႊင္ၾကပါေစ ......

.....................

ေလယာဥ္ေပၚကေန ဆင္းျပီး ေလွ်ာက္လမ္းေလး အတိုင္းေလွ်ာက္လာရင္းက စိတ္ထဲမွာ ေတြးေနမိတာက ငါ ျမန္မာျပည္ကို ေျခခ်ခြင့္ရေတာ့မယ္ ဆိုတဲ့အသိ။ အဲဒိ့အသိက လူကို တစ္ကိုယ္လံုးေႏြးေထြးေစတဲ့ အျပင္ ၾကက္သီးေမႊးညင္းေတြပါ ထေစပါတယ္။ တစ္ကယ္တမ္း ျမန္မာျပည္မွာ အေတြ႕ခ်င္ဆံုး လူတစ္ေယာက္ကို ေျပာပါ ဆိုရင္ေတာ့ သူတိတိက်က် ေျပာႏိုင္မွာပါ။ အဲဒါက ေျမႀကီးေပါ့။ ဟုတ္တယ္ ဖိုးဖိုး၊ ဖြားဖြားနဲ႕ ေမေမ တို႕က တစ္ႏွစ္တစ္ခါ သူ႕စီလာ ေနၾကမို႕ ေတြ႕ခ်င္တာ မွန္ေပမယ့္ (၁၀) ႏွစ္ေက်ာ္္ ခြဲေနရတဲ့ သူငယ္ခ်င္း ေျမႀကီးကိုေတာ့ သူအရမ္း ေတြ႕ခ်င္မိတာ အမွန္ပါပဲ။

ေျခလွမ္းတိုင္းက တက္ၾကြမႈေတြ အျပည့္နဲ႕ေပါ့။ မိုးသားတင္လား ဆိုေတာ့ မဟုတ္ပါဘူး။ မိုးသားရဲ႕ တီတီကလည္း အခုျပန္လာတာ မဂၤလာေဆာင္မွာမို႕ အရမ္းကို ေပ်ာ္ရႊင္ တက္္ၾကြေနတာေလ။ တီတီ့ ေက်းဇူးေၾကာင့္ မိုးသားပါ ျပန္လာခြင့္ ရတာျဖစ္သလို မိုးသား ေက်ာင္းျပီးတဲ့ အထိ သည္းခံျပီး ေစာင့္ေပး ခဲ့တဲ့ တီတီ့ကိုလဲ ေမေမတို႕က ေက်းဇူးတင္လို႕ မဆံုးဘူးေလ။

ေလဆိပ္မွာ တစ္အိမ္လံုးသာမက တီတီ့ရဲ႕ သူတို႕သားေလာင္းမိသားစုပါ လာႀကိဳတာမို႕ အရမ္းေတြ ေပ်ာ္ေနၾကေပမယ့္ မိုးသားကေတာ့ အိမ္ျပန္ဖို႕ကိုသာ စိတ္ေစာလို႕ ေနခဲ့ပါတယ္။ အိမ္အျပန္လမ္းမွာ မိုးသားနဲ႕ ေျမႀကိီးတို႕ တက္ခဲ့တဲ့ ေက်ာင္းအေရွ႕က ျဖတ္ေတာ့ ျပံဳးမိေသးတယ္။ ဒါကို ေမေမကလည္း ကားေမာင္းေနရင္း ေနာက္ၾကည့္မွန္ကေန ၾကည့္ရင္း ျမင္ျဖစ္ေအာင္ျမင္ ေသးတယ္ေလ။

"ေပ်ာ္ေနလား သားသား။"

မိုးသား ေခါင္းကိုျငိမ့္လိုက္ရင္း

"ေပ်ာ္တာေပါ့ ေမေမရာ။ သားဟုိမွာ ဒီေလာက္အၾကာႀကီး သြားေနရတာ အိမ္ကို ဘယ္ေလာက္လြမ္းတယ္ မွတ္ေနလဲ။"

"ဟုတ္တာေပါ့။ ဖြားဖြားတို႕ကလည္း အိမ္မွာ ေျမးေလးမရွိတည္းက ပ်င္းလိုက္တာဆိုတာေလ။ ဒီေန႕ေရာက္ဖို႕ကို မနည္းကို ေစာင့္ေနရတယ္။"

"ေအး။ အဲဒါေတာ့ ဟုတ္တယ္ေဟ့။ ငါ့ေျမးေလး ျပန္မလာခင္ မေသပါေစနဲ႕ဦးပဲ မနည္း ဆုေတာင္းေနရတာ။"

ဖိုးဖိုးကပါ ဖြားဖြားနဲ႕၀င္ေျပာရင္း တဟားဟား ရီေနပါေတာ့တယ္။

"ေဖေဖတို႕ ေမေမတို႕ကေတာ့ေနာ္။ ကိုေမြးထားတဲ့ သမီးေလးကိုေတာင္ သတိမရႏို္င္ေတာ့ဘူး။"

"ဘယ္သတိရမလဲ။ တီတီကေတာင္ ဖိုးဖိုးတို႕ ထက္ခ်စ္တဲ့သူေတြ႕လို႕ ျပန္လာတာပဲဟာ။ ေနာ့ ဖိုးဖိုး။"

"ဟား ဟား ဟား ဟုတ္ပ့ဗ်ာ။ ကဲ ငါ့ေျမးေလးပဲ ဖိုးဖိုးတို႕ အစားမင္း တီတီကုိ ေျပာလိုက္ေတာ့။"

"သားသားေနာ္။ အိမ္ျပန္ေရာက္လို႕ အားကိုးေတြ ရွိျပီဆိုတာနဲ႕ တီတီ့ကို ျပန္ပုန္ကန္ေတာ့တာပဲ။ ဟြန္း။"

"အငယ္ကေတာ့ေလ။ ကေလးနဲ႕ျပိဳင္ျပီးေတာ့ တစ္ခါတည္း။"

"အမေလး မမသားကို အခု ငယ္က သူငယ္ခ်င္းလုပ္ေပးေနရတာ။ မမမွမသိတာ။ မသိရင္ ငယ့္ကို သူ႕သူငယ္ခ်င္းလိုပဲ။ လူေကာင္ႀကီးလာတာနဲ႕ အေဒၚကို ေျခရာေတြ တိုင္းခ်င္ေနတာ။"

သူတို႕ကားေလး တစ္စီးလံုး ရီသံေတြ ဆူညံလို႕ေနပါေတာ့တယ္။ အိ္မ္ျပန္ေရာက္တဲ့ထိ စကားေတြ ေျပာလို႕မဆံုးေတာ့။ ပစၥည္းေတြ ေနရာျပန္ခ်။ လက္ေဆာင္ေတြ ခြဲေပးနဲ႕ မိုးခ်ဳပ္ကာနီးမွ မိုးသားေရခ်ိဳးျပီး ျခံထဲ ဆင္းမလို႕ျပင္ပါေတာ့တယ္။

"သားသား ခနေန ထမင္းစားမယ္ေနာ္။ သားသား အႀကိဳက္ ပုဇြန္ထုပ္ႀကီးေတြ ေမေမကိုယ္တိုင္ ခ်က္ထားတယ္။ သားဖြားဖြားကလည္း သားအႀကိဳက္ ဇီးျဖဴသီးေထာင္းေပးထားတယ္။"

"ဟုတ္။ ဒီေန႕ေတာ့ ထမင္းစားေကာင္းမွာ သားသိေနတယ္ေလ။ ျခံထဲခနဆင္းထိုင္မလို႕ ေမေမတို႕ စားကာနီးရင္ေခၚလိုက္ေနာ္။"

"ေအး။ ေအး။ သြား သြား သား။"

မိုးသားျခံထဲ ဆင္းလာေတာ့ သူတို႕ျခံေလးက အရင္လို မေျပာင္းလဲပဲ ပန္းပင္ေလး တစ္ခ်ိဳ႕သာ ေျပာင္းသြားတာ သတိထားမိပါတယ္။ ဒန္းေလးကေတာ့ အရင္ အတိုင္းရွိေနတာမို႕ မိုးသားဒန္းေပၚမွာ ထိုင္ေနလိုက္ပါတယ္။ ျပီးေတာ့ မိုးသား ျခံစည္းရိုးဖက္ကို ၾကည့္မိေတာ့ ေျမႀကီးတို႕၊ ေခြးပုတို႕၊ ငခံုးမတို႕ လာတုန္းက ပံုေလးေတြကို ျပန္ျမင္ေရာင္ရင္း ျပံဳးေနမိပါေတာ့တယ္။

"ေျမးေလး ဗိုက္မဆာေသးဘူးလားကြ။"

အသံၾကားလို႕ လွည့္ၾကည့္လိုက္ေတာ့ ဖိုးဖိုး ျဖစ္ေနတာမို႕ မိုးသား ဒန္းေလးေပၚမွာ တစ္ဖက္တိုး ထိုင္ေပးလိုက္ပါတယ္။ ျပီးမွ

"မဆာေသးပါဘူး ဖိုးဖိုးရ။ ခနေနမွ အကုန္အတူတူ စားမယ္လို႕ ေျပာတယ္ ေမေမက။"

ဖိုးဖိုးက မိုးသားေဘးမွာ ၀င္ထိုင္လိုက္ ပါတယ္။

"ဒါနဲ႕ ဖိုးဖိုးကို သား ေမးစရာရွိေသးတယ္။"

ဖိုးဖိုးက လက္ကို အသာကာျပရင္းက

"ေျမးေလးေမးမွာ ဖိုးဖိုးသိတယ္။ ဖိုးဖိုး လဲ အဲဒါေျပာျပမလို႕ လိုက္လာတာပဲ။"

မိုးသား ရင္ေတြခုန္လို႕ လာပါတယ္။ ဖိုးဖိုးေျပာမယ့္ စကားကိုလည္း အရမ္းၾကားခ်င္ေနပါျပီ။

"ဟုတ္ကဲ့ ဖိုးဖိုး။ သား အရမ္းသိခ်င္ေနျပီ။"

ဖိုးဖိုးက ေခါင္းကို ျငိမ့္ရင္း သက္ျပင္းခ်လိုက္တာမို႕ မိုးသားစိုးရိမ္စြာ နားစြင့္ေနလိုက္ပါတယ္။ တစ္ခုခုေတာ့ မျဖစ္ပါေစနဲ႕။

"ေျမးေလး သူငယ္ခ်င္းရဲ႕ အဖြားက လြန္ခဲ့တဲ့ (၃) ႏွစ္ထဲက ဆံုးသြားျပီ ေျမးေလးရ။"

"ဗ်ာ။ တကယ္လားဟင္ ဖိုးဖိုး။ အဲဒါဖိုးဖိုး စကၤာပူလာတုန္းက ဘာလို႕ မေျပာတာလည္း ဖိုးဖိုးရယ္။ အခု သူေကာ သူေကာဟင္။ သားသူငယ္ခ်င္းေကာ။"

"အင္း။ သူ႕အဖြား ဆံုးထဲက ဖိုးဖိုးလည္း ဆက္ျပီး မေထာက္ပံ့ျဖစ္ေတာ့ တာမို႕ သူဘယ္ေရာက္ေနတယ္ ဆိုတာေတာ့ မသိဘူး ေျမးေလးရယ္္။ ဒါေပမယ့္ ဖိုးဖိုး တပည့္သူ႕ အဖြားနာေရးကို အစအဆံုး ကူညီေပးခဲ့တယ္။ အဲဒီ့အခ်ိန္တုန္းကေတာ့ ေကာင္ေလး တကၠသိုလ္တက္ဖို႕ ျပင္ေနတဲ့ အခ်ိန္ပဲ။ ျပီးေတာ့သူ ကား၀ပ္ေရွာ့ တစ္ခုမွာ လုပ္ေနတယ္ ဆိုတာလဲ သိထားရတယ္။ အဲဒါေၾကာင့္ ဖိုးဖိုးလည္း ဆက္ျပီး မေထာက္ပံ့ျဖစ္ေတာ့ဘူး။"

ေျမႀကီးရယ္။ မင္းလဲ တကၠသိုလ္ တက္တယ္တဲ့လား။ မင္းအရမ္းေတာ္တယ္။ ငယ္ငယ္တုန္းက ေျမႀကီးေျပာတာကို မိုးသား ျပန္ၾကားေရာင္မိ ျပန္တယ္။ မိုးသားရဲ႕ ကားကို ျပင္ေပးဖို႕ သူ၀ပ္ေရွာ႕မွာ အလုပ္လုပ္မယ္ ဆိုတာေလ။ မိုးသားက သူ႕ကို ဆရာႀကီးလို႕ ေခၚေအာင္လို႕ ဆိုပဲ။ ေတာ္ေတာ္ရီရတဲ့ ေျမႀကီး။ ဒါေပမယ့္ သူေျပာတဲ့ အတိုင္း ျဖစ္ေအာင္လုပ္ခဲ့တာေတာ့ မိုးသား တကယ္ အထင္ႀကီးမိပါတယ္။

"ဘာေတြျပံဳးျပီး သေဘာက်ေနတာလည္း ေျမးေလးရ။"

"သူ႕အေၾကာင္းေတြးမိလို႕ ဖိုးဖိုးရ။ သူ တကၠသိုလ္လဲ တက္ႏိုင္ခဲ့တယ္။ သားကားကို ျပင္ေပးဖို႕ သူ၀ပ္ေရွာ့ဆရာလုပ္မယ္ ဆိုတာလည္း သူလုပ္ႏိုင္တယ္။ သူေတာ္တယ္ေနာ္ ဖိုးဖိုး။"

"ဟုတ္ပ့ဗ်ာ။ ေကာင္ေလးက မဆိုးဘူး လိမၼာတယ္လို႕ ေတာ့ သူတို႕အိမ္သြားသြားေနတဲ့ ဖိုးဖိုးတပည့္က ေျပာတာပဲ။"

"ဘာပဲျဖစ္ျဖစ္ ႏွစ္ေတြ အၾကာႀကီး ေတာက္ေလ်ာက္ ေထာက္ပံ့ေပးခဲ့တဲ့ ဖိုးဖိုးကို သားေက်းဇူးတင္္ပါတယ္။"

"မလိုပါဘူး ေျမးေလးရယ္။ မရွိတဲ့သူကို ကူညီတာ ကူညီေကာင္းပါတယ္။ ေျမးေလးကလည္း ကတိတည္ေအာင္ လတိုင္း အဆင့္(၁) ၀င္ဖို႕ တအားႀကိဳးစားခဲ့ ရတာပဲ မဟုတ္လား။"

"ဒါက သားေကာင္းေစခ်င္လို႔ ဖိုးဖိုး လုပ္လိုက္တယ္ဆိုတာ သားအခုနားလည္ပါျပီ ဖိုးဖိုးရာ။"

"ဟုတ္ပါျပီကြာ။ ဒါဆို ဖိုးဖိုး အရင္၀င္ႏွင့္မယ္ေနာ္။ ခနေန ေျမးေလးလဲ ၀င္ခဲ့ေတာ့ မိုးခ်ဳပ္ေနျပီ။"

"ဟုတ္ ဖိုုးဖိုး။ သားခနေလးပဲ ထိုင္မွာပါ။"

"ေအး။ ေအး။"

ဖိုးဖိုး ထသြားေတာ့ ေျမႀကီး အေၾကာင္းဆက္ေတြးေနမိတယ္။ ေျမႀကီး တစ္ေယာက္ ကား၀ပ္ေရွာ႕ေတြမ်ား ေထာင္ေနျပီလား။ ေက်ာင္းေကာ တက္လို႕ ျပီးျပီလား။ ဘာပဲျဖစ္ျဖစ္ ေျမႀကီးကိုေတာ့ ေတြ႕ရေအာင္ ႀကိဳးစားရေပ ဦးမယ္။ အဲဒီ့အခ်ိန္မွာ သတိရသြားတာက ၀က္ပစ္ကိုပါပဲ။ ၀က္ပစ္က ပိုျပီးေတြ႕ဖို႕ လြယ္မယ္ေလ။ မိုးသားနဲ႕ တစ္ရပ္ကြက္တည္းကိုး။ ၀က္ပစ္ေတာ့ ေျမႀကီး အေၾကာင္းသိေလာက္ပါတယ္ေလ။ ၀က္ပစ္က သူတို႕နဲ႕ တစ္ရပ္ကြက္ထဲ ေနတာ မွန္ေပမယ့္ ဘယ္နားမွာ ေနတယ္ဆိုတာေတာ့ မိုးသား အတိအက်မသိေပ။ ေက်ာင္းတက္တုန္းက တစ္ခါေျပာဖူးေပမယ့္လည္း မမွတ္မိေတာ့။ ဟူး ေျမႀကီးရာ မင္းဘယ္ေရာက္ေနတာလဲ။ ငါျပန္ေရာက္ေနျပီ။ ငါ့ကို အရင္လိုပဲ လာခိုးေတြ႕ပါလားကြာ။ အခုေတာ့ မင္းကို ရွာဖို႕ငါလမ္းစ ေပ်ာက္သလိုျဖစ္ေနျပီ။

"လိုက္။ လိုက္။ ေဟ့ေကာင္ မေျပးနဲ႕။"

တ၀ုန္း၀ုန္းနဲ႕ လူေတြ ျဖတ္ေျပးလာတဲ့ အသံၾကားတာမို႕ မိုးသားထိုင္ေနရာကေန အလန္႕တၾကား ထၾကည့္မိသလို အိမ္ထဲက ထြက္လာတဲ့ ေမေမကလည္း မိုးသားနားကို ေျပးကပ္လာပါတယ္။ ေရွ႕ကေျပးတဲ့ လူႏွစ္ေယာက္ကို ေနာက္ကေန လူေတြ အုပ္လိုက္ လိုက္ရိုက္ေနၾကတာပဲ။

"အဲဒါ ဘာေတြျဖစ္ေနၾကတာလဲ ေမေမ။"

ေမေမက မိုးသားလက္ကို ဆြဲလိုက္ရင္း

"လာ လာသားသား ထမင္းသြားစားမယ္။"

"ဘာေတြျဖစ္ၾကတာလဲ မမရယ္ အလန္႔တၾကား။"

အိမ္ေရွ႕ကို အသံၾကားလို႕ ထြက္လာတဲ့ တီတီကလည္း ေမေမ့ကို ေမးလိုက္တာမို႕

"အဲဒါ ဟုိဖက္ ရပ္ကြက္က ကေလးေတြေလ။ တအားဆိုးတာ။ ခနခနရန္ျဖစ္ေနၾကတာ။ စိတ္ပ်က္ဖို႕ေကာင္းတယ္။ ဟိုဖက္ရပ္ကြက္ကေန ဒီဖက္ထိ ေရာက္လာတာသာ ၾကည့္ေတာ့။"

"ဟယ္... အဲ့ေလာက္ေတာင္ ဆိုးတာ ရပ္ကြက္လူႀကီးေတြက မထိန္းၾကဘူးလား။"

"ရပ္ကြက္ရုံးကို သူတို႕က ေသာက္ေရအိုးစင္လို သေဘာထားေနတာတဲ့။"

"အမေလးေလ။ ဆိုးလိုက္ၾကတာ။"

ဟိုဖက္ရပ္ကြက္ ဆိုေတာ့ ေျမႀကီးကို သြားသတိရမိတယ္။ ဖိုးဖိုး ေျပာသလိုဆို ေျမႀကီးေတာ့ မျဖစ္ႏိုင္ပါဘူးေလ။ မိုးသား သက္ျပင္းကိုသာ အသာခ်လိုက္ ပါေတာ့တယ္။

.................................

"ေဟ့ေကာင္ ေျမႀကီး ဘာလုပ္ေနတာလဲ။ ဟိုမွာ ဟိုေကာင္ေတြ လြတ္ကုန္ျပီ။ ေတာက္ ေခြးေကာင္ေတြ။ တစ္ခါထဲ ရိုက္သတ္ပစ္ရမွာ။"

ေခြးပု စကားေတြ ေျပာေနေပမယ့္ ေျမႀကီး မၾကားပါ။ ေခြးပုက ေျမႀကီး ၾကည့္ေနတဲ့ေနရာ ကို လိုက္ၾကည့္လိုက္ရင္းက

"မိုးသားမွ မရွိတာကြာ။ မင္းကလည္း။ ဘာေတြ လိုက္ၾကည့္ေနတာလဲ။"

ေျမႀကီး ေခါင္းကို အသာခါလိုက္ရင္းက

"မဟုတ္ဘူး ေခြးပု။ ငါခုန အိမ္ထဲကို ၀င္သြားတဲ့ ငါတို႕အရြယ္ ေကာင္ေလးတစ္ေယာက္ေတြ႕လိုက္တယ္။"

"ဟ့ ဧည့္သည္ေတြ ဘာေတြ ေနမွာေပါ့ကြာ။ လာ သြားမယ္။ ဟိုေကာင္ေတြ ဟိုဖက္ကေန ပတ္ျပန္သြားျပီ။"

ေျမႀကီး ပုခံုးကို ေခြးပုက သိုင္းဖက္ရင္းေခၚသြားတာမို႕ ေျမႀကီး ယက္ကန္ယက္ကန္နဲ႕ ပါသြားပါေတာ့တယ္။ လက္ထဲက ကိုင္ထားတဲ့ တုတ္ကို ပစ္ခ်လိုက္ရင္း အိမ္ထဲကို ေနာက္ဆံုးတစ္ေခါက္ေတာ့ လွမ္းၾကည့္လိုက္မိပါတယ္။ အင္း ေခြးပု ေျပာသလို ဧည့္သည္ပဲ ထင္ပါတယ္။

ဆက္လက္ တင္ျပသြားပါ့မယ္ ခမ်ာ႕။

အားလံုးကို ေလးစားခ်စ္ခင္ ေက်းဇူးတင္လ်က္။

ကိုကိုေလး။

Unicode

မိုးမြေ စက်ဝန်း

အပိုင်း (၇)

ကျောင်းကို ရောက်တော့ ခွေးပုက ငခုံးမနဲ့ လဒကို အပြေးအလွှား မိုးသားနဲ့ တွေ့ခဲ့တဲ့ အကြောင်းသွားပြော လေရဲ့။ မြေကြီးကတော့ ဘာလို့မှန်း မသိပဲ စိတ်တွေ တအားကို ထိုင်းမှိုင်းနေပါတယ်။ ခုနက နားထဲမှာ ကြားလိုက်တဲ့ မိုးသားရဲ့ ခေါ်သံကို နားထဲက မထွက်သလို ကားပြတင်းပေါက်ကနေ ပေါ်လာတဲ့ မိုးသားရဲ့ မျက်နှာလေးကို မျက်လုံးထဲကကော နားထဲကပါ မထွက်တော့ပေ။

မိုးသား ဘာတွေများ ဖြစ်နေတာလည်း သူသိပ်သိချင် လှပါတယ်။ စာသင်ချိန် နှစ်ချိန် ပြီးတော့ မုန့်စားဆင်းချိန်မှာ မြေကြီးနဲ့ ခွေးပုကို သန့်စင်ခန်းကို ထွက်လာကြပါတော့တယ်။ သန့်စင်ခန်းမရောက်ခင်မှာပဲ ခေါင်းပေါ်က ဖြတ်သွားတဲ့ လေယာဉ်ပျံကြီး တစ်စီးကို မော့ကြည့်ရင်း မြေကြီး ခလုပ်တိုက်ကာ လဲပါတော့တယ်။

"ဟာ မြေကြီးဘာဖြစ်တာလဲ။ ထ..ထ ထလို့ကောရလား။"

"ရတယ်။ ရတယ်။ ဘာမှမဖြစ်ဘူး။"

မြေကြီး ကို့ဖာသာ ကုန်းထလ်ိုက်ရင်း ပြန်ပြောလိုက် ပါတယ်။

"မနက်တည်းက ဘာဖြစ်နေမှန်း မသိဘူး။ အူကြောင်ကြောင်နဲ့။ ခုလည်း ဒီလမ်းအကောင်းကြီးကို ဘယ်လိုလုပ် လဲကျရပြန်တာလဲ။"

မြေကြီး ဘောင်းဘီက ဖုန်တွေကို လက်နဲ့ ခါလိုက်ရင်း

"ဟိုးက လေယာဉ်ပျံကြီးကို လိုက်ကြည့်ရင်း ပစ်လဲသွားတာ။"

"ဟားဟား မင်းက လေယာဉ်မမြင်ဖူးတဲ့ ရွာက ကလေးကျနေတာပဲ။"

"သွားစမ်းပါ အရူးရယ်။"

မြေကြီး ရှေ့ကနေပွစိ ပွစိ လုပ်နေတဲ့ ခွေးပုကို တွန်းလိုက်ပြီး ရှေ့ဆက်လျှောက်ခဲ့ ပါတော့တယ်။ တကယ်တမ်း မပြောဖြစ်ပေမယ့် ခုန လေယာဉ်ပျံကြီးကို ကြည့်ပြီး ရင်ဘတ်ထဲက တစ်ခုခုကို ဆွဲထုတ် လိုက်သလို ခံစားလိုက်ရတယ်လေ။ မျက်လုံးထဲမှာလည်း ခုချိန်ထိ မိုးသားကို မြင်ယောင်နေဆဲ။

..............................

ကစားကွင်းရဲ့ ရှောစင်ပေါ်မှာ ထိုင်နေရင်း ဟိုးအဝေးမှာ မြင်နေရတဲ့ ဝင်စပြုနေပြီ ဖြစ်တဲ့ နေလုံးကြီးကို ကြည့်နေရင်းက ခပ်လှမ်းလှမ်းက သစ်ပင်ကြီး အောက်ကို လှည့်ကြည့်မိပါတယ်။ လက်လေးနှစ်ဖက် ထောက်ရင်းမေးစေ့ကိုတင်ကာ ငေးနေတဲ့ ကောင်လေးတစ်ယောက် သူ့ကိုပြုံးရင်း ကြည့်နေတာကို မြင်ယောင်မိပါတယ်။ မြေကြီးပြုံးလိုက်မိတယ်။ ပြီးတော့မှ နေလုံးကြီးကို ပြန်ကြည့်လိုက်တော့ အလုံးကြီးမရှိတော့ပဲ အလင်းရောင်လေးသာ ကျန်တော့ ပါတယ်။

ဟိုးမိုးပေါ်က နေလုံးကြီးက မိုးသားရှိန်လိုပါပဲ။ သူပျောက်ကွယ် သွားတာတောင် သူ့ရဲ့ အရှိန်အဝါတွေနဲ့ လင်းထိန်နေဆဲပဲလေ။ မိုးသားလည်း မြေကြီး နားမှာမရှိတော့ပေမယ့် သူ့ရဲ့ပုံရိပ်တွေကို မြေကြီးမြင်နေရဆဲပါပဲ။ မြေကြီးရှောစင်လေးပေါ်မှာ မတ်တပ်ထရပ်လိုက်ရင်း ကောင်းကင်ကြီးကို မော့ကြည့် လိုက်ပါတော့တယ်။ ကောင်းကင်ပေါ်မှာ တိမ်ဆိုင်မျှင်တွေ အနီရောင်သန်းကာ ယှုက်ဖြာလျက် လှချင်တိုင်း လှနေတာလေ။

ကောင်းကင်ကြီးကို မော့ကြည့်ရင်း မြေကြီး ပြုံးလိုက်ပါတယ်။ မိုးသားဟာ ကောင်းကင်ပေါ်မှာ အမြဲရှိနေမှာပါ။ သူ မိုးသားကို သတိရတိုင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရုံပဲပေါ့။ သူစကားတွေ ပြောချင်ရင်လဲ ကောင်းကင်ကြီးကို ကြည့်ပြီး ပြောလိုက်ရုံပဲပေါ့။ ကောင်းကင်ကြီးကို မော့ကြည့်ရင်းက နွေးထွေးမှုကို သူ ခံစားရလာပါတော့တယ်။ မြေကြီး မျက်လုံးတွေကို မှိတ်ချလိုက်ကာ လက်နှစ်ဖက်ကို ဘေးဖက်ကို ဆန့်တန်းထုပ်လိုက် ပါတော့တယ်။

မင်းငါ့စီ အမြန်ဆုံး ဆင်းသက်လာပါ မိုးသားရယ်။

..................

နိုင်ငံခြား ဆိုတဲ့နေရာက တစ်ကယ်တော့ မိုးသား အတွက် သိပ်ပြီးတော့ မဆန်းကျယ်ပါဘူး။ သူတို့စကားကို နားလည်ဖို့ အတွက်လည်း အိမ်မှာ ဒေါ်လေးက သင်ပေးပေမယ့် English လိုမို့ Private ကျောင်းမှာတက်ခဲ့တဲ့ မိုးသားအတွက်ကတော့ သိပ်ပြီး တကူးတက အရမ်းကြိုးစား နေစရာ သိပ်မလိုဘူးလေ။ ပြီးတော့ ကျောင်းတက်တာလည်း ဘယ်သူနဲ့မှ နဂိုတည်းက မပေါင်းတဲ့ သူမို့ အဆင်ပြေနေတာပဲ။ ကျောင်းပိတ်ရက်မှာ တီတီ လိုက်ပို့ပေးတဲ့ မာလ်ိုင်းယွန်း က ငါးကိုယ်နဲ့ခြင်္သေ့ခေါင်းကြီးနဲ့ အဝေးက ကြည့်တာတောင် အတော်လှပါတယ်။ ဒါပေမယ့် သိပ်ပြီး ပျော်ရွှင်ခဲ့တယ် လို့တော့လဲ မဟုတ်ပါဘူး။ ဒီနေ့တော့ မိုးသားတို့နေတဲ့ တိုက်အမြင့်ကြီးနားက ပန်းခြံလေးမှာ တီတီနဲ့ သူနဲ့ အတူလာ ခဲ့ကြတယ်။ တီတီ့ အသိတစ်ယောက် ရောက်လာတာမို့ တီတီတို့ စကားပြောနေကြတုန်း မိုးသား ခုံတန်းလေးပေါ်ကနေ ဆင်းလိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရှိတဲ့ မြက်ခင်းလေး ပေါ်မှာ ထိုင်နေ လိုက် ပါတယ်။ ပြီးတော့ မြက်လေးတွေကို လက်နဲ့ အသာပွတ်ရင်း သဘောကျ နေမိတယ်။ ပွတ်နေရင်း လက်ကိုပြန်ကြည့်လိုက်တော့ အနည်းငယ် စွတ်စိုနေပြီး မြေကြီးမဲမဲ လေးတွေ ကပ်လို့နေပါတယ်။

မြေကြီး။ ဟုတ်တယ်။ ဒါက မြေကြီးတွေပဲ။ မိုးသား မျက်နှာလေးက ကြည်နူးမှုအပြည့်နဲ့ ပြုံးလို့ သွားပါတော့တယ်။ ကြည့်ပါဦး မြေကြီးလေးတွေက မဲမဲလေးတွေ။

"ဟက်ဟက်။"

မိုးသား သူငယ်ချင်းမြေကြီးကတော့ ဒီလောက်မမဲပါဘူးနော်။ အသားလေး ညိုတိုတိုနဲ့ ချစ်စရာလေးပါ။ မျက်လုံးထဲမှာ မထွက်တဲ့ပုံက မြေကြီး ကားနောက်ကို လိုက်ပြေးလာတဲ့ ပုံလေးရယ်။ မိုးသားတို့ စက်လှေခါးနဲ့ ဘုရားပေါ်တက်တုန်းက လွယ်အိတ်လေး ကိုလက်တစ်ဖက်ကက်ိုင်ကာ လက်တစ်ဖက်က နေကိုကာရင်း မော့ကြည့်နေတဲ့ ပုံလေးတွေလေ။ သူငယ်ချင်းတွေ အားလုံးကို သတိရပေမယ့် မြေကြီးကိုတော့ ပိုသတိရမိတာ အမှန်ပါပဲ။

သူငယ်ချင်းတွေ အားလုံးထဲမှာ အဆင်းရဲဆုံး ဖြစ်သလို မိုးသားကိုလည်း သူများတွေထက် ပိုပြီး ချစ်တဲ့ သူငယ်ချင်းလေ။ မိုးသား မြက်ခင်းပေါ်မှာ အသာလေး လှဲချလိုက်ပါတော့တယ်။ မစိုတစိုလေး ဖြစ်နေတဲ့ မြက်ခင်းရဲ့ အအေးဓါတ်က ရင်ဘတ်ထဲထိ စီးဆင်းလို့ သွားပါတော့တယ်။ မိုးသား မျက်လုံးတွေကို မှိတ်ရင်း လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းထား လိုက်ပါတယ်။

ကစားကွင်းမှာ စတွေ့ပြီး ကျောင်းမှာပြန်တွေ့တဲ့ အချိန်တွေ အားလုံးမှာ မြေကြီးကြောင့် မိုးသားပျော်ခဲ့ရပါတယ်။ အခုလဲ မြေကြီးနဲ့ အနီးဆုံးမှာ မိုးသား ရောက်နေပြီပဲ။ မိုးသား ကျောကုန်းကို မြက်ခင်းပေါ် အသာလေး ထပ်ဖိချထားလိုက်ပါတယ်။ ဟုတ်တယ်။ သူ့အနားမှာ မြေကြီးရှိနေတာ သူမှ သတိမထား မိတာ။ မြေကြီးကို သတိရတိုင်း သူဒီကို လာလို့ရတာပဲ။ မြေကြီးကို စကားတွေ ပြောချင်ရင် သူဒီမှာပြောလို့ရတာပဲ။ မြေကြီး ရှိရင် သူအမြဲပျော်တက် သလို အားလဲရှိတယ်။

"ဟား ဟား ဟား"

မိုးသား ကျေနပ်စွာနဲ့ တဟားဟား ထရီလိုက်ပါတော့တယ်။

"သားသား အင်္ကျီတွေ စိုကုန်မယ်လေ။ ဘာလုပ်နေတာလဲ ထ ထ။"

မိုးသား ပြန်ကုန်းထလိုက်ရင်း

"သားနောက်နေ့က စပြီး ဒီပန်းခြံလေးကို တစ်နေ့တစ်ခါလာမယ် တီတီ။"

"လာပေါ့ သားသားရယ်။ နီးနီးလေးပဲကို။ ခုတော့သွားမယ်နော်။"

"ဟုတ်ကဲ့။"

မိုးသား အဲ့ဒီနေရာလေးက အထွက်မှာ ခုနက သူလှဲအိပ်ခဲ့တဲ့ နေရာလေးကို ပြန်ကြည့်ရင်း မျက်လုံးလေး တစ်ဖက်ကို မှိတ်ပြလိုက် ပါတော့တယ်။ ငါမင်းစီ နေ့တိုင်းလာမယ် မြေကြီးရေ။ စောင့်နေနော်။

..................

မိုးသားနဲ့မြေကြီး ဆိုတာ အဝေးကြီးမှ အဝေးကြီး ....

ဒါပေမယ့် မျက်စိတစ်ဆုံးပဲ ကြည့်ပေးပါ ....

သူတို့တွေ အမြဲထိစပ်နေတာ တွေ့ရပါလိမ့်မယ် .....

တကယ်လို့ အဲ့ဒီ့နေရာကို သွားကြည့်မယ် ဆိုရင်လည်း ....

သူက နောက်ထပ် မျက်စိတစ်ဆုံးကို ရောက်သွားပါ လိမ့်မယ် .....

ဒါ့ကြောင့် သူတို့ကို ဒီတိုင်းလေးပဲ နီးစပ်ခွင့် ပေးလိုက်ပါ .....

သူတို့တွေ ပုံရိပ်ယောင်လေးတွေ ကြားမှာ ပျော်ရွှင်ကြပါစေ ......

.....................

လေယာဉ်ပေါ်ကနေ ဆင်းပြီး လျှောက်လမ်းလေး အတိုင်းလျှောက်လာရင်းက စိတ်ထဲမှာ တွေးနေမိတာက ငါ မြန်မာပြည်ကို ခြေချခွင့်ရတော့မယ် ဆိုတဲ့အသိ။ အဲဒိ့အသိက လူကို တစ်ကိုယ်လုံးနွေးထွေးစေတဲ့ အပြင် ကြက်သီးမွှေးညင်းတွေပါ ထစေပါတယ်။ တစ်ကယ်တမ်း မြန်မာပြည်မှာ အတွေ့ချင်ဆုံး လူတစ်ယောက်ကို ပြောပါ ဆိုရင်တော့ သူတိတိကျကျ ပြောနိုင်မှာပါ။ အဲဒါက မြေကြီးပေါ့။ ဟုတ်တယ် ဖိုးဖိုး၊ ဖွားဖွားနဲ့ မေမေ တို့က တစ်နှစ်တစ်ခါ သူ့စီလာ နေကြမို့ တွေ့ချင်တာ မှန်ပေမယ့် (၁၀) နှစ်ကျော် ခွဲနေရတဲ့ သူငယ်ချင်း မြေကြီးကိုတော့ သူအရမ်း တွေ့ချင်မိတာ အမှန်ပါပဲ။

ခြေလှမ်းတိုင်းက တက်ကြွမှုတွေ အပြည့်နဲ့ပေါ့။ မိုးသားတင်လား ဆိုတော့ မဟုတ်ပါဘူး။ မိုးသားရဲ့ တီတီကလည်း အခုပြန်လာတာ မင်္ဂလာဆောင်မှာမို့ အရမ်းကို ပျော်ရွှင် တက်ကြွနေတာလေ။ တီတီ့ ကျေးဇူးကြောင့် မိုးသားပါ ပြန်လာခွင့် ရတာဖြစ်သလို မိုးသား ကျောင်းပြီးတဲ့ အထိ သည်းခံပြီး စောင့်ပေး ခဲ့တဲ့ တီတီ့ကိုလဲ မေမေတို့က ကျေးဇူးတင်လို့ မဆုံးဘူးလေ။

လေဆိပ်မှာ တစ်အိမ်လုံးသာမက တီတီ့ရဲ့ သူတို့သားလောင်းမိသားစုပါ လာကြိုတာမို့ အရမ်းတွေ ပျော်နေကြပေမယ့် မိုးသားကတော့ အိမ်ပြန်ဖို့ကိုသာ စိတ်စောလို့ နေခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာ မိုးသားနဲ့ မြေကြီးတို့ တက်ခဲ့တဲ့ ကျောင်းအရှေ့က ဖြတ်တော့ ပြုံးမိသေးတယ်။ ဒါကို မေမေကလည်း ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ ကြည့်ရင်း မြင်ဖြစ်အောင်မြင် သေးတယ်လေ။

"ပျော်နေလား သားသား။"

မိုးသား ခေါင်းကိုငြိမ့်လိုက်ရင်း

"ပျော်တာပေါ့ မေမေရာ။ သားဟိုမှာ ဒီလောက်အကြာကြီး သွားနေရတာ အိမ်ကို ဘယ်လောက်လွမ်းတယ် မှတ်နေလဲ။"

"ဟုတ်တာပေါ့။ ဖွားဖွားတို့ကလည်း အိမ်မှာ မြေးလေးမရှိတည်းက ပျင်းလိုက်တာဆိုတာလေ။ ဒီနေ့ရောက်ဖို့ကို မနည်းကို စောင့်နေရတယ်။"

"အေး။ အဲဒါတော့ ဟုတ်တယ်ဟေ့။ ငါ့မြေးလေး ပြန်မလာခင် မသေပါစေနဲ့ဦးပဲ မနည်း ဆုတောင်းနေရတာ။"

ဖိုးဖိုးကပါ ဖွားဖွားနဲ့ဝင်ပြောရင်း တဟားဟား ရီနေပါတော့တယ်။

"ဖေဖေတို့ မေမေတို့ကတော့နော်။ ကိုမွေးထားတဲ့ သမီးလေးကိုတောင် သတိမရန်ိုင်တော့ဘူး။"

"ဘယ်သတိရမလဲ။ တီတီကတောင် ဖိုးဖိုးတို့ ထက်ချစ်တဲ့သူတွေ့လို့ ပြန်လာတာပဲဟာ။ နော့ ဖိုးဖိုး။"

"ဟား ဟား ဟား ဟုတ်ပ့ဗျာ။ ကဲ ငါ့မြေးလေးပဲ ဖိုးဖိုးတို့ အစားမင်း တီတီကို ပြောလိုက်တော့။"

"သားသားနော်။ အိမ်ပြန်ရောက်လို့ အားကိုးတွေ ရှိပြီဆိုတာနဲ့ တီတီ့ကို ပြန်ပုန်ကန်တော့တာပဲ။ ဟွန်း။"

"အငယ်ကတော့လေ။ ကလေးနဲ့ပြိုင်ပြီးတော့ တစ်ခါတည်း။"

"အမလေး မမသားကို အခု ငယ်က သူငယ်ချင်းလုပ်ပေးနေရတာ။ မမမှမသိတာ။ မသိရင် ငယ့်ကို သူ့သူငယ်ချင်းလိုပဲ။ လူကောင်ကြီးလာတာနဲ့ အဒေါ်ကို ခြေရာတွေ တိုင်းချင်နေတာ။"

သူတို့ကားလေး တစ်စီးလုံး ရီသံတွေ ဆူညံလို့နေပါတော့တယ်။ အ်ိမ်ပြန်ရောက်တဲ့ထိ စကားတွေ ပြောလို့မဆုံးတော့။ ပစ္စည်းတွေ နေရာပြန်ချ။ လက်ဆောင်တွေ ခွဲပေးနဲ့ မိုးချုပ်ကာနီးမှ မိုးသားရေချိုးပြီး ခြံထဲ ဆင်းမလို့ပြင်ပါတော့တယ်။

"သားသား ခနနေ ထမင်းစားမယ်နော်။ သားသား အကြိုက် ပုဇွန်ထုပ်ကြီးတွေ မေမေကိုယ်တိုင် ချက်ထားတယ်။ သားဖွားဖွားကလည်း သားအကြိုက် ဇီးဖြူသီးထောင်းပေးထားတယ်။"

"ဟုတ်။ ဒီနေ့တော့ ထမင်းစားကောင်းမှာ သားသိနေတယ်လေ။ ခြံထဲခနဆင်းထိုင်မလို့ မေမေတို့ စားကာနီးရင်ခေါ်လိုက်နော်။"

"အေး။ အေး။ သွား သွား သား။"

မိုးသားခြံထဲ ဆင်းလာတော့ သူတို့ခြံလေးက အရင်လို မပြောင်းလဲပဲ ပန်းပင်လေး တစ်ချို့သာ ပြောင်းသွားတာ သတိထားမိပါတယ်။ ဒန်းလေးကတော့ အရင် အတိုင်းရှိနေတာမို့ မိုးသားဒန်းပေါ်မှာ ထိုင်နေလိုက်ပါတယ်။ ပြီးတော့ မိုးသား ခြံစည်းရိုးဖက်ကို ကြည့်မိတော့ မြေကြီးတို့၊ ခွေးပုတို့၊ ငခုံးမတို့ လာတုန်းက ပုံလေးတွေကို ပြန်မြင်ရောင်ရင်း ပြုံးနေမိပါတော့တယ်။

"မြေးလေး ဗိုက်မဆာသေးဘူးလားကွ။"

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ဖိုးဖိုး ဖြစ်နေတာမို့ မိုးသား ဒန်းလေးပေါ်မှာ တစ်ဖက်တိုး ထိုင်ပေးလိုက်ပါတယ်။ ပြီးမှ

"မဆာသေးပါဘူး ဖိုးဖိုးရ။ ခနနေမှ အကုန်အတူတူ စားမယ်လို့ ပြောတယ် မေမေက။"

ဖိုးဖိုးက မိုးသားဘေးမှာ ဝင်ထိုင်လိုက် ပါတယ်။

"ဒါနဲ့ ဖိုးဖိုးကို သား မေးစရာရှိသေးတယ်။"

ဖိုးဖိုးက လက်ကို အသာကာပြရင်းက

"မြေးလေးမေးမှာ ဖိုးဖိုးသိတယ်။ ဖိုးဖိုး လဲ အဲဒါပြောပြမလို့ လိုက်လာတာပဲ။"

မိုးသား ရင်တွေခုန်လို့ လာပါတယ်။ ဖိုးဖိုးပြောမယ့် စကားကိုလည်း အရမ်းကြားချင်နေပါပြီ။

"ဟုတ်ကဲ့ ဖိုးဖိုး။ သား အရမ်းသိချင်နေပြီ။"

ဖိုးဖိုးက ခေါင်းကို ငြိမ့်ရင်း သက်ပြင်းချလိုက်တာမို့ မိုးသားစိုးရိမ်စွာ နားစွင့်နေလိုက်ပါတယ်။ တစ်ခုခုတော့ မဖြစ်ပါစေနဲ့။

"မြေးလေး သူငယ်ချင်းရဲ့ အဖွားက လွန်ခဲ့တဲ့ (၃) နှစ်ထဲက ဆုံးသွားပြီ မြေးလေးရ။"

"ဗျာ။ တကယ်လားဟင် ဖိုးဖိုး။ အဲဒါဖိုးဖိုး စင်္ကာပူလာတုန်းက ဘာလို့ မပြောတာလည်း ဖိုးဖိုးရယ်။ အခု သူကော သူကောဟင်။ သားသူငယ်ချင်းကော။"

"အင်း။ သူ့အဖွား ဆုံးထဲက ဖိုးဖိုးလည်း ဆက်ပြီး မထောက်ပံ့ဖြစ်တော့ တာမို့ သူဘယ်ရောက်နေတယ် ဆိုတာတော့ မသိဘူး မြေးလေးရယ်။ ဒါပေမယ့် ဖိုးဖိုး တပည့်သူ့ အဖွားနာရေးကို အစအဆုံး ကူညီပေးခဲ့တယ်။ အဲဒီ့အချိန်တုန်းကတော့ ကောင်လေး တက္ကသိုလ်တက်ဖို့ ပြင်နေတဲ့ အချိန်ပဲ။ ပြီးတော့သူ ကားဝပ်ရှော့ တစ်ခုမှာ လုပ်နေတယ် ဆိုတာလဲ သိထားရတယ်။ အဲဒါကြောင့် ဖိုးဖိုးလည်း ဆက်ပြီး မထောက်ပံ့ဖြစ်တော့ဘူး။"

မြေကြီးရယ်။ မင်းလဲ တက္ကသိုလ် တက်တယ်တဲ့လား။ မင်းအရမ်းတော်တယ်။ ငယ်ငယ်တုန်းက မြေကြီးပြောတာကို မိုးသား ပြန်ကြားရောင်မိ ပြန်တယ်။ မိုးသားရဲ့ ကားကို ပြင်ပေးဖို့ သူဝပ်ရှော့မှာ အလုပ်လုပ်မယ် ဆိုတာလေ။ မိုးသားက သူ့ကို ဆရာကြီးလို့ ခေါ်အောင်လို့ ဆိုပဲ။ တော်တော်ရီရတဲ့ မြေကြီး။ ဒါပေမယ့် သူပြောတဲ့ အတိုင်း ဖြစ်အောင်လုပ်ခဲ့တာတော့ မိုးသား တကယ် အထင်ကြီးမိပါတယ်။

"ဘာတွေပြုံးပြီး သဘောကျနေတာလည်း မြေးလေးရ။"

"သူ့အကြောင်းတွေးမိလို့ ဖိုးဖိုးရ။ သူ တက္ကသိုလ်လဲ တက်နိုင်ခဲ့တယ်။ သားကားကို ပြင်ပေးဖို့ သူဝပ်ရှော့ဆရာလုပ်မယ် ဆိုတာလည်း သူလုပ်နိုင်တယ်။ သူတော်တယ်နော် ဖိုးဖိုး။"

"ဟုတ်ပ့ဗျာ။ ကောင်လေးက မဆိုးဘူး လိမ္မာတယ်လို့ တော့ သူတို့အိမ်သွားသွားနေတဲ့ ဖိုးဖိုးတပည့်က ပြောတာပဲ။"

"ဘာပဲဖြစ်ဖြစ် နှစ်တွေ အကြာကြီး တောက်လျောက် ထောက်ပံ့ပေးခဲ့တဲ့ ဖိုးဖိုးကို သားကျေးဇူးတင်ပါတယ်။"

"မလိုပါဘူး မြေးလေးရယ်။ မရှိတဲ့သူကို ကူညီတာ ကူညီကောင်းပါတယ်။ မြေးလေးကလည်း ကတိတည်အောင် လတိုင်း အဆင့်(၁) ဝင်ဖို့ တအားကြိုးစားခဲ့ ရတာပဲ မဟုတ်လား။"

"ဒါက သားကောင်းစေချင်လို့ ဖိုးဖိုး လုပ်လိုက်တယ်ဆိုတာ သားအခုနားလည်ပါပြီ ဖိုးဖိုးရာ။"

"ဟုတ်ပါပြီကွာ။ ဒါဆို ဖိုးဖိုး အရင်ဝင်နှင့်မယ်နော်။ ခနနေ မြေးလေးလဲ ဝင်ခဲ့တော့ မိုးချုပ်နေပြီ။"

"ဟုတ် ဖိုးဖိုး။ သားခနလေးပဲ ထိုင်မှာပါ။"

"အေး။ အေး။"

ဖိုးဖိုး ထသွားတော့ မြေကြီး အကြောင်းဆက်တွေးနေမိတယ်။ မြေကြီး တစ်ယောက် ကားဝပ်ရှော့တွေများ ထောင်နေပြီလား။ ကျောင်းကော တက်လို့ ပြီးပြီလား။ ဘာပဲဖြစ်ဖြစ် မြေကြီးကိုတော့ တွေ့ရအောင် ကြိုးစားရပေ ဦးမယ်။ အဲဒီ့အချိန်မှာ သတိရသွားတာက ဝက်ပစ်ကိုပါပဲ။ ဝက်ပစ်က ပိုပြီးတွေ့ဖို့ လွယ်မယ်လေ။ မိုးသားနဲ့ တစ်ရပ်ကွက်တည်းကိုး။ ဝက်ပစ်တော့ မြေကြီး အကြောင်းသိလောက်ပါတယ်လေ။ ဝက်ပစ်က သူတို့နဲ့ တစ်ရပ်ကွက်ထဲ နေတာ မှန်ပေမယ့် ဘယ်နားမှာ နေတယ်ဆိုတာတော့ မိုးသား အတိအကျမသိပေ။ ကျောင်းတက်တုန်းက တစ်ခါပြောဖူးပေမယ့်လည်း မမှတ်မိတော့။ ဟူး မြေကြီးရာ မင်းဘယ်ရောက်နေတာလဲ။ ငါပြန်ရောက်နေပြီ။ ငါ့ကို အရင်လိုပဲ လာခိုးတွေ့ပါလားကွာ။ အခုတော့ မင်းကို ရှာဖို့ငါလမ်းစ ပျောက်သလိုဖြစ်နေပြီ။

"လိုက်။ လိုက်။ ဟေ့ကောင် မပြေးနဲ့။"

တဝုန်းဝုန်းနဲ့ လူတွေ ဖြတ်ပြေးလာတဲ့ အသံကြားတာမို့ မိုးသားထိုင်နေရာကနေ အလန့်တကြား ထကြည့်မိသလို အိမ်ထဲက ထွက်လာတဲ့ မေမေကလည်း မိုးသားနားကို ပြေးကပ်လာပါတယ်။ ရှေ့ကပြေးတဲ့ လူနှစ်ယောက်ကို နောက်ကနေ လူတွေ အုပ်လိုက် လိုက်ရိုက်နေကြတာပဲ။

"အဲဒါ ဘာတွေဖြစ်နေကြတာလဲ မေမေ။"

မေမေက မိုးသားလက်ကို ဆွဲလိုက်ရင်း

"လာ လာသားသား ထမင်းသွားစားမယ်။"

"ဘာတွေဖြစ်ကြတာလဲ မမရယ် အလန့်တကြား။"

အိမ်ရှေ့ကို အသံကြားလို့ ထွက်လာတဲ့ တီတီကလည်း မေမေ့ကို မေးလိုက်တာမို့

"အဲဒါ ဟိုဖက် ရပ်ကွက်က ကလေးတွေလေ။ တအားဆိုးတာ။ ခနခနရန်ဖြစ်နေကြတာ။ စိတ်ပျက်ဖို့ကောင်းတယ်။ ဟိုဖက်ရပ်ကွက်ကနေ ဒီဖက်ထိ ရောက်လာတာသာ ကြည့်တော့။"

"ဟယ်... အဲ့လောက်တောင် ဆိုးတာ ရပ်ကွက်လူကြီးတွေက မထိန်းကြဘူးလား။"

"ရပ်ကွက်ရုံးကို သူတို့က သောက်ရေအိုးစင်လို သဘောထားနေတာတဲ့။"

"အမလေးလေ။ ဆိုးလိုက်ကြတာ။"

ဟိုဖက်ရပ်ကွက် ဆိုတော့ မြေကြီးကို သွားသတိရမိတယ်။ ဖိုးဖိုး ပြောသလိုဆို မြေကြီးတော့ မဖြစ်နိုင်ပါဘူးလေ။ မိုးသား သက်ပြင်းကိုသာ အသာချလိုက် ပါတော့တယ်။

.................................

"ဟေ့ကောင် မြေကြီး ဘာလုပ်နေတာလဲ။ ဟိုမှာ ဟိုကောင်တွေ လွတ်ကုန်ပြီ။ တောက် ခွေးကောင်တွေ။ တစ်ခါထဲ ရိုက်သတ်ပစ်ရမှာ။"

ခွေးပု စကားတွေ ပြောနေပေမယ့် မြေကြီး မကြားပါ။ ခွေးပုက မြေကြီး ကြည့်နေတဲ့နေရာ ကို လိုက်ကြည့်လိုက်ရင်းက

"မိုးသားမှ မရှိတာကွာ။ မင်းကလည်း။ ဘာတွေ လိုက်ကြည့်နေတာလဲ။"

မြေကြီး ခေါင်းကို အသာခါလိုက်ရင်းက

"မဟုတ်ဘူး ခွေးပု။ ငါခုန အိမ်ထဲကို ဝင်သွားတဲ့ ငါတို့အရွယ် ကောင်လေးတစ်ယောက်တွေ့လိုက်တယ်။"

"ဟ့ ဧည့်သည်တွေ ဘာတွေ နေမှာပေါ့ကွာ။ လာ သွားမယ်။ ဟိုကောင်တွေ ဟိုဖက်ကနေ ပတ်ပြန်သွားပြီ။"

မြေကြီး ပုခုံးကို ခွေးပုက သိုင်းဖက်ရင်းခေါ်သွားတာမို့ မြေကြီး ယက်ကန်ယက်ကန်နဲ့ ပါသွားပါတော့တယ်။ လက်ထဲက ကိုင်ထားတဲ့ တုတ်ကို ပစ်ချလိုက်ရင်း အိမ်ထဲကို နောက်ဆုံးတစ်ခေါက်တော့ လှမ်းကြည့်လိုက်မိပါတယ်။ အင်း ခွေးပု ပြောသလို ဧည့်သည်ပဲ ထင်ပါတယ်။

ဆက်လက် တင်ပြသွားပါ့မယ် ခမျာ့။

အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။

ကိုကိုလေး။

Continue Reading

You'll Also Like

245K 6.1K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
146K 6K 31
#zawgyi ေကာင္းသတင္းေဆာင္နဲ႕ ေရွးရိုးျဖဴတို႔ရဲ႕သာယာေအးခ်မ္းလွတဲ့အိမ္ေထာင္ေရးဘဝထဲကို တိတ္တဆိတ္ေရာက္ရွိလာခဲ့တဲ့ ရိုးေရာင္ဝါ .....ေနာက္ပိုင္းမာ ေကာင္းသတင...
10.8K 260 14
Slow romance တွေကြိုက်တတ်တဲ့သူတွေဖတ်ကြည့်ရင် ကြိုက်ကိုကြိုက်စေရပါမယ်❤❤❤
39.4K 1.3K 68
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒ...