Unicode
"မေမေ!"
ဟိန်းသူ၏စကားလုံးတွေကြောင့်ထိုအမျိုးသမီးသည်ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်း ..... မင်းက ..... ဟိန်းသူ!"
သူမ၏လက်ထဲမှစာရွက်စာတမ်းတွေအကုန်လုံးလွတ်ကျကုန်တော့သည်။ဟိန်းသူသည်သူ့မျက်လုံးကိုပင်သူမယုံနိုင်ပါ။သူငယ်ငယ်ကမေမေဆုံးပါးသွားပြီဟုဒေါ်ယမင်းကသူ့ကိုပြောသည်။သို့ပေမဲ့ မေမေကအခုသူ့အရှေ့တွင်မတ်တပ်ရပ်နေသည်။အခု ဘာတွေပဲဘယ်လိုဖြစ်နေပါစေ ဟိန်းသူဂရုမစိုက်တော့ပါ။သူအရမ်းတွေ့ချင်နေရသည့်မေမေသည်သူ့အရှေ့တွင်ရှိနေသည်။
"မေမေ သားကိုမှတ်မိတယ် ၊ တကယ်မေမေပါနော် ဟုတ်ပါတယ်နော်"
ဟိန်းသူသည်မျက်ရည်တွေပင်ကျလာသည်အထိဝမ်းသာမိသည်။မေမေ့အနားကိုကပ်ချင်၍ဟိန်းသူခြေတစ်လှမ်းချင်းစီတိုးသွားလိုက်သည်။
"မေမေ သားလေ သား ဟိန်းသူပါ"
ဟိန်းသူခြေတစ်လှမ်းတိုးသွားသည့်အခါတိုင်းသူမသည်ခြေတစ်လှမ်းနောက်ဆုတ်သွားသည်။
"ပိုင်ပိုင်ရေ ပိုင်ပိုင်"
မေမေသည်ဟိန်းသူ၏နာမည်ကိုခေါ်ရမယ့်အစားအတွင်းရေးမှူး၏အမည်ကိုသာအော်ခေါ်နေသည်။
"ရှင် သူဌေး လာပါပြီ"
"မေမေ!"
"သူကဘယ်သူလဲ ဘယ်ကလူလဲပိုင်ပိုင် ၊ ငါ့အခန်းထဲကိုမဆင်မခြင်မလွှတ်ပါနဲ့လို့နင့်ကိုမှာထားတယ်လေ"
"ဟို သူဌေး သူကကိုယ်စားလှယ်ပါ"
"ဘာ!!! သူ့ကိုဆွဲထုတ်သွားစမ်း ၊ ငါမမြင်ချင်ဘူး"
ဟိန်းသူတိုက်အမြင့်ပေါ်မှတွန်းချခံလိုက်ရသည့်ပမာရင်ထဲတွင်ဟာခနဲဖြစ်သွားရသည်။ဟိန်းသူမယုံနိုင်ခဲ့ပါ။သူ့ကိုမေမေကဆွဲထုတ်သွားခိုင်းနေသည်။သူအရမ်းချစ်ရသည့်မေမေကသူ့ကိုအခုဆွဲထုတ်သွားခိုင်းနေသည်။မေမေအရမ်းပြောင်းလဲသွားသည်။
"မေမေ သားလေ သားပါ ၊ ဟိန်းလေးလေ မေမေ့သားလေ"
"ငါကမင်းအမေမဟုတ်ဘူး ၊ ထွက်သွား သူ့ကိုဆွဲထုတ်သွားလို့ပြောနေတယ်လေ"
"ဟုတ်ကဲ့ သူဌေး"
လူငယ်နှစ်ယောက်သည်ဟိန်းသူကိုဆွဲထုတ်သွားရန်လက်ကိုလာဆွဲသည့်အခါဟိန်းသူရုန်းပစ်လိုက်သည်။
"လွှတ်"
ဟိန်းသူသည်မေမေ့ကိုသာငေးကြည့်နေမိသည်။
"မေမေ သားလေ ဟိန်းလေးပါ ၊ မေမေ့ကိုအခုလိုတွေ့ရမယ်လို့သားမထင်ခဲ့ဘူး ၊ မေမေသေပြီလို့ပြောတာတွေကိုသားယုံခဲ့မိတယ် သား......"
"ငါနင့်အမေမဟုတ်ဘူးလို့ငါပြောနေတယ်လေ ၊ ခေါ်ထုတ်သွားကြတော့"
ဒေါ်လဲ့ကြည်၏မျက်နှာသည်မာကြောခက်ထန်လွန်းသည်။သားဖြစ်သူနဲ့ပြန်တွေ့ရသည်ကိုပင်မျက်ရည်တစ်စက်ပင်မကျခဲ့ပါ။ဟိန်းသူမယုံနိုင်ဖြစ်ခဲ့ရသည်။မေမေသည်သူ့ကိုငြင်းဆန်သည်။သူကတော့မေမေ့ကိုနေ့တိုင်းအလိုလိုသတိရနေခဲ့သည်။
"မေမေ သားကိုမတွေ့ချင်ရင်လည်းရပါတယ် ၊ သားသွားပါ့မယ်မေမေ ၊ ဆွဲထုတ်ဖို့လည်းမလိုပါဘူး"
ဟိန်းသူကျောခိုင်းထွက်ခွာသွားဒေါ်လဲ့ကြည်သည်လည်းအရုပ်ကြိုးပြတ်ကျသကဲ့သို့လဲကျသွားသည်။
"ဘာလို့ပြန်ပေါ်လာတာလဲ ၊ မင်းကိုငါမေ့ထားခဲ့တာကြာပြီ ၊ ငါကဘာလို့ဒီကုမ္ပဏီဆိုတာကိုသတိမထားမိခဲ့ပါ့လိမ့်"
ဟိန်းသူသည်မေမေပြောခဲ့သည်များကိုထပ်တလဲလဲပြန်ကြားယောင်နေမိသည်။
"ငါနင့်အမေမဟုတ်ဘူးလို့ငါပြောနေတယ်လေ ၊ ခေါ်ထုတ်သွားကြတော့"
ဟိန်းသူသည်ထိုနေ့ကကားထဲတွင်သာနေ့တစ်ဝက်လောက်အချိန်ကုန်သွားခဲ့သည်။ဟိန်းသူကျောင်းကိုလည်းမသွားဖြစ်ခဲ့ပါ။ဟိဏ်းဆက်ကိုပေးရန်ဝယ်ထားသည့်Lolipopတွေသည်လည်းကားပေါ်တွင်သာရှိနေခဲ့သည်။
"မမ အဆင်ပြေပါ့မလားမမရယ် ၊ ဟိန်းလေးခံနိုင်ရည်ရှိပါ့မလား"
ဒေါ်မေဦးသည်ဒေါ်ယမင်း၏အစီအစဉ်ကြောင့်ဟိန်းသူစိတ်ထိခိုက်သွားမည်ကို စိုးရိမ်နေသည်။
"စိတ်ချပါမေဦးရယ် ၊ သူခံနိုင်ရည်ရှိပါတယ်အခုချိန်လောက်ဆိုသူအကုန်သိနေလောက်ပြီ"
"မမ ဟိန်းလေးပြန်လာမှာပါနော်"
"စိတ်ချပါ ၊ သူပြန်လာမှာ စိတ်ချ"
မေဦးရယ် နင့်ရဲ့စိတ်ရင်းကိုဟိန်းလေးမြင်နိုင်ရင်သိပ်ကောင်းမှာပဲ။
သူမတို့နှစ်ယောက်စကားပြောနေစဉ်တွင်ဟိန်းသူ၏ကားခြံထဲသို့ဝင်လာသည်။
"တီလေး!"
"ဟိန်းလေး ဒီမှာလာထိုင်"
ဟိန်းသူသည်ဒေါ်ယမင်းနှင့်ဒေါ်မေဦးတို့၏အရှေ့တွင်ဝင်ထိုင်လိုက်သည်။ဒေါ်မေဦးသည်ဟိန်းသူ၏မျက်နှာကိုသေချာလိုက်ကြည့်လျက်အကဲခတ်နေသည်။
"ဘယ်လိုလဲ ၊ မင်းတွေ့ခဲ့ပြီလား ၊ မင်းသိပ်တွေ့ချင်တဲ့မင်းအမေကိုတွေ့ခဲ့တယ်မလား ၊ ပြောပါဦး သူမင်းကိုဘယ်လိုပြုမူဆက်ဆံလိုက်လဲ ၊ မင်းအရမ်းချစ်တဲ့မေမေကမင်းကိုနွေးထွေးစွာကြိုဆိုလိုက်ရဲ့လား"
"တော်ပါတော့! ၊ တီလေးပြောတော့မေမေကဆုံးပါးသွားခဲ့ပြီဆို ၊ လေးညာခဲ့လို့သားကိုမေမေ့နာရေးဆီလိုက်မပို့ခဲ့တာမလား ၊ အခုသားတွေ့ခဲ့တာ အဲ့တာတကယ်ပဲမေမေလား"
"တီလေးမင်းကိုမညာခဲ့ဖူးဘူး ၊ ဒါတွေအားလုံးကမင်းရဲ့မေမေဒေါ်လဲ့ကြည်ကိုယ်တိုင်ပြောခိုင်းခဲ့တဲ့စကားတွေပဲ ၊ သူပြောခိုင်းတဲ့အတိုင်းတီလေးပြောခဲ့တယ်ဆိုတာကလည်းတီလေးကမင်းအတွက်ကြည့်ခဲ့တာ ၊ ဒီလိုမိခင်မပီသတဲ့မိန်းမတစ်ယောက်ကိုမင်းဘဝထဲကထုတ်ပစ်လိုက်ချင်လို့ပဲ ၊ မင်းကိုအဆက်ဖြတ်ခဲ့တဲ့မင်းအမေပဲ"
"မမရယ်စိတ်ထိန်းပါဦး ၊ ဟိန်းလေးလည်းလန့်လာတာပဲလေ"
"ဘာလို့လဲ ဘာလို့လဲ ၊ တကယ်တော့မေမေကဒီမိန်းမကြောင့်အဲ့လိုလုပ်ခဲ့တာပဲလေ"
"မင်းသိပ်မှားတယ်ဟိန်းသူ ၊ မင်းအမေကကြောင်သူတော်ကြွက်သူခိုး လူအမြင်မှာရိုးအတယ်လို့ထင်ရတယ် ၊ နောက်ကွယ်မှာတော့မြေခွေးမပဲ ၊ တကယ်တမ်းဖောက်ပြန်နေခဲ့တာကဖေဖေမဟုတ်ဘူး ၊ မင်းသိပ်ချစ်တဲ့မင်းမေမေပဲ"
"အဖေမဖောက်ပြန်ခဲ့ရင်သားအတွက်မိထွေးဆိုတာရှိလာပါ့မလားတီလေး ပြီးတော့ တီလေး မေမေ့ကိုအဲ့လိုမစွပ်စွဲပါနဲ့"
"အေး မင်းအဖေအတွက်မေဦးသာမရှိခဲ့ရင်မင်းအဖေသေနေတာကြာပြီ ၊ မင်းလည်းဒီလိုဘဝမျိုးနေနိုင်မယ်ထင်နေလား ၊ တီလေးတို့ကအရာအားလုံးမင်းအတွက်ဆိုတဲ့မျှော်လင့်ချက်နဲ့လုပ်ခဲ့ကြတာတွေချည်းပဲ ၊ မင်းအတွက်နွေးထွေးမှုပေးနိုင်ဖို့မေဦးကိုမင်းဘေးနားမှာထားခဲ့ပေးတာ"
"ဘာအဓိပ္ပါယ်လဲတီလေး"
"အေး မင်းအဖေအတွက် ရိုးတွင်းခြင်ဆီလှူပေးခဲ့တာမေဦးပဲ မေဦးကမင်းအဖေရဲ့ငယ်သူငယ်ချင်း ၊ မင်းအဖေရဲ့ကျေးဇူးရှင်ပဲ ၊ မေဦးကနေ့နေ့ညညပြုစုစောင့်ရှောက်ပေးတာကိုအခွင့်ကောင်းယူပြီးမင်းအမေကသာစွပ်စွဲခဲ့တာ ၊ ဒါတွေကိုမင်းကမသိခဲ့ဘူး ၊ မင်းအမေကောင်းတယ်ပဲထင်ခဲ့တယ် ၊
မင်းအဖေနေမကောင်းတုန်းကမင်းအမေကတစ်ချက်မှလာကြည့်တာမဟုတ်ဘူး ၊ မိဘပေးစားလို့ယူခဲ့ရတာပဲရှိတယ်မင်းအမေဘက်ကအချစ်မရှိခဲ့ဘူးဟိန်းသူ ၊ ပြီးတော့မင်းမေမေကမင်းနဲ့အလိုက်အထိုက်နေခဲ့တာပဲရှိတယ် ၊ သူလိုမိန်းမမျိုးကသူ့တက်လမ်းအတွက်ပဲသူကြည့်တာ ၊ သူ့တက်လမ်းမှာမင်းကပိတ်နေလို့မင်းကိုထားခဲ့တာရှင်းလား ၊ မင်းကအသက်ငယ်သေးလို့မင်းအဖေကမပြောပြဖို့တောင်းဆိုခဲ့တာ သိပြီလား"
ဟိန်းသူ ခေါင်းတွေအရမ်းရှုပ်လာသည်။တီလေးပြောနေတာတွေကိုနားထောင်နေပါသော်လည်းသူဘာတစ်ခုမှနားမလည်နိုင်တော့ပါ။မေမေကသူ့အပေါ်မချစ်ဘူးလား။ဒါပေမဲ့သူကမေမေမွေးထားသည့်မေမေ့သားပဲမဟုတ်လား။မေမေကသူ့ကိုမချစ်ဘူးလား။
"မေဦးနဲ့မင်းဖေဖေကဖောက်ပြန်ခဲ့ကြတာမဟုတ်ဘူး ၊ မင်းဖေဖေမသေခင်ကမှလက်ထပ်စာချုပ်မှာလက်မှတ်ထိုးပေးခဲ့တာ ၊ အဲ့တာကလည်းမင်းကိုစောင့်ရှောက်ပေးဖို့အတွက်မင်းကိုနွေးထွေးမှုပေးဖို့အတွက်ဇနီးနေရာမှာထားသွားပေးခဲ့တာ"
"ကျွန်တော်မသိတော့ဘူး ၊ တော်ပါတော့!"
ဟိန်းသူသည်အိမ်ထဲမှပြေးထွက်၍ကားမောင်းထွက်သွားခဲ့သည်။
"ဟိန်းသူ! ဟိန်းသူ!"
ဒေါ်မေဦးသည်ညကြီးမိုးချုပ်ထွက်သွားသည့်ဟိန်းသူကိုစိုးရိမ်သံအပြည့်ဖြင့်လှမ်းခေါ်ပါသေးသည်။
"လွှတ်ထားလိုက်မေဦး ၊ သူအသိစိတ်ပြန်ဝင်လာတဲ့တစ်နေ့သူနားလည်လာလိမ့်မယ်"
"ဖြစ်ပါ့မလားမမရယ် ၊ စိတ်ထင်ရာတွေလျှောက်လုပ်နေလို့ဟိန်းလေးတစ်ခုခုဖြစ်သွားရင်သူ့အဖေကိုကျွန်မဘယ်လိုမျက်နှာပြရမလဲ"
"မမတို့ဟိန်းသူကိုယုံကြည်သင့်တယ်မေဦး ၊ သူလည်းဆုံးဖြတ်တတ်တဲ့အရွယ်ရောက်နေပါပြီ"
ဟိန်းသူသည်ကားကိုအရှိန်ပြင်းစွာမောင်းနှင်လာခဲ့သည်။တီလေးပြောခဲ့သည့်စကားများကလည်းသူ့ခေါင်းထဲတွင်ပြည့်နှက်နေခဲ့သည်။
"မဟုတ်ဘူး မဟုတ်ဘူး ၊ မေမေကအဲ့လိုလူမဖြစ်နိုင်ဘူး ၊ တီလေးတို့မှားနေတာ ၊ အဲ့မိန်းမကမေမေ့ကိုအထင်လွဲအောင်အားလုံးလုပ်နေတာ"
ဟိန်းသူသည်တံတားပေါ်တွင်ကားရပ်လိုက်သည်။
"မေမေကတကယ်ပဲ ငါ့ကိုစွန့်လွှတ်သွားတာလား ၊ မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး ၊ မေမေကငါ့ကိုအရမ်းချစ်တာ"
ဟိန်းသူ၏အသံတွင်အက်ကွဲသံတစ်ချို့ပါနေသည်။မျက်ရည်များသည်လည်းတဖြိုင်ဖြိုင်ကျဆင်းလို့နေသည်။
"ဘယ်သူပြောတာမှမယုံဘူး ၊ မေမေကိုယ်တိုင်ပြောမှယုံမယ်"
နောက်တစ်နေ့မနက်စောစောတွင်ဟိန်းသူသည်ဒေါ်လဲ့ကြည်၏ကုမ္ပဏီသို့ပြန်သွားခဲ့ပြန်သည်။
"မဝင်ပါနဲ့ မရပါဘူး သူဌေးဆူလိမ့်မယ်"
အတွင်းရေးမှူးမှအတင်းတားပါသော်လည်းဟိန်းသူသည်အခန်းထဲထိရောက်အောင်သွားခဲ့သည်။ထိုင်ခုံတွင်ထိုင်နေတဲ့ဒေါ်လဲ့ကြည်သည်ဆူညံသံများကြောင့်ခေါင်းမော့လာသည်။
"မင်း ......"
"မေမေ သားသိချင်တာတွေရှိလို့လာမေးတာပါ ၊ ဒါလေးပဲဖြေပေးပါ"
"မင်းမေမေမဟုတ်ဘူးလို့ဘယ်နှစ်ခါပြောရမလဲ ၊ မင်းလူမှားနေပြီ"
"မေမေပါပဲ သားမမှားဘူး ၊ သားမေမေ့ရဲ့မျက်နှာကိုတစ်ရက်ကလေးတောင်မေ့မရခဲ့ဘူး ၊ ဒါပေမဲ့ မေမေကတော့သားကိုမမှတ်မိဘူးထင်တယ် ၊ ဟုတ်တယ်နော် ၊ သားကအရွယ်ရောက်လာတော့မေမေဘယ်မှတ်မိပါ့မလဲ"
"မဟုတ်တာတွေလာပြောမနေနဲ့ ၊ လူခေါ်ပြီးဆွဲထုတ်ခိုင်းရမလား ၊ မင်းဘာသာမင်းပြန်မလား"
"မေမေ! သားတစ်ခုလောက်ပဲမေးပါရစေ ၊ နောက်အိမ်ထောင်ပြုထားလား"
"ပြုထားတယ် ၊ ငါ့မှာခင်ပွန်းလည်းရှိတယ် ၊ သမီးလေးတစ်ယောက်လည်းရှိတယ်"
"မေမေပျော်လား"
"ပျော်တယ် ၊ အချစ်မပါတဲ့အိမ်ထောင်ရေးထက်အများကြီးသာတယ်"
"ရပါပြီ ၊ မေမေမလိုချင်မှတော့ ဘာတတ်နိုင်တော့မှာလဲ ၊ သားထွက်သွားပေးပါ့မယ်မေမေ"
ဟိန်းသူအရာအားလုံးကိုအတည်ပြုသိခဲ့ရပါသည်။မေမေမှာသွားသည့်စကားကိုဟိန်းသူပြန်သတိရမိသည်။
မေမေမှာခဲ့တဲ့စကားကဒါကိုပြောချင်တာလားမေမေ။
"သားလေး လူတိုင်းကိုမယုံကြည်နဲ့နော် မိန်းမတွေအကုန်
လုံးကကြောက်ဖို့ကောင်းတယ်သား မေမေအပါအဝင်ပေါ့"
ဒီစကားရဲ့အဓိပ္ပါယ်ကိုသားအခုသိလိုက်ရပါပြီမေမေ။သားသာအစောကြီးကတည်းကသိခဲ့မယ်ဆိုရင်သားမေမေ့ကိုအခက်တွေ့အောင်လုပ်မှာမဟုတ်ပါဘူး။မေမေပျော်တယ်ဆိုရင်သားကျေနပ်ပါပြီ။သားကတော့မေမေ့ကိုချစ်တယ်မေမေ။သားမေမေ့ကိုမမုန်းနိုင်ဘူး။သားမေမေ့ကိုချစ်နေမှာ။
ဟိန်းသူသည်မေမေ့ကိုပြန်တွေ့ရသည့်အတွက်သူဝမ်းသာရသည်။သို့သော်တစ်ဖက်တွင်မေမေ့စကားလုံးများသည်သူ့ရင်တွင်မြှားအစင်းပေါင်း၁၀၀လောက်စိုက်နေသကဲ့သို့ခံစားရသည်။နာကျင်ခဲ့ရသည်။သို့ပေမဲ့ဟိန်းသူသည်မေမေ့ကိုမမုန်းနိုင်ခဲ့ပါ။မေမေသည်သူ၏မေမေဖြစ်နေသရွေ့သူမေမေ့ကိုမမုန်းနိုင်ပါ။
"မေမေရေသားလမ်းထိပ်မှာခေါက်ဆွဲပြုတ်သွားဝယ်မလို့ဘာမှာဦးမလဲ"
"မှာချင်တာကတစ်ခုပဲရှိတယ် ၊ မြန်မြန်လေးသာပြန်လာခဲ့ပါရှင်"
"ဟီးဟီး ဟုတ်ကဲ့ပါမေမေရဲ့ ၊ ဒါဆိုသားသွားပြီနော်"
ဟိဏ်းဆက်ဖုန်းလေးကိုလက်ထဲတွင်ဆုပ်ကိုင်ပြီးလမ်းထိပ်သို့ထွက်လာခဲ့သည်။ဟိဏ်းဆက်၏လမ်းထိပ်တွင်ကားအနက်ရောင်လေးတစ်စီးရပ်နေသည်ကိုတွေ့လိုက်ရသည်။
အစ်ကိုဟိန်းသူကားများလား။ညမှောင်နေလို့ငါပဲစိတ်ထင်ပြီးအမြင်မှားနေတာလား။ဘာပဲဖြစ်ဖြစ်နည်းနည်းတော့စပ်စုကြည့်ရမယ်။
ဟိဏ်းဆက်သည်ကားအနားတွင်ယောင်လည်လည်ကလေးလုပ်နေသည်။ကားနံပါတ်ကိုမြင်လိုက်ရသည့်အခါဟိဏ်းဆက်မျက်လုံးပြူးသွားပြီးကားဘေးနားသို့လှစ်ခနဲရောက်လာသည်။ဟိဏ်းဆက်သည်ကားမှန်ကိုခေါက်လိုက်သည့်အခါကားမှန်ကျလာပြီးအထဲတွင်ထိုင်နေသောဟိန်းသူကိုတွေ့လိုက်ရသည်။
"တကယ့်ကိုအစ်ကိုပဲ ၊ အစ်ကိုဘာလို့ကျောင်းမလာတာလဲဟင် ၊ ကျွန်တော်ကအစ်ကို့ကိုသတိရနေတာ ၊ နေမကောင်းလို့လား ၊ အခုကဒီမှာဘာလုပ်နေတာလဲဟင် ၊ မိုးချုပ်နေပြီအိမ်မပြန်သေးဘူးလား ၊ မဟုတ်မှလွဲရော ကိုဟိန်းကျွန်တော့်ဆီလာတာလား"
တွေ့ကတည်းကစကားတွေတောက်လျှောက်ပြောနေသည့်ဟိဏ်းဆက်ကို ဟိန်းသူမျက်တောင်မခတ်တမ်းမော့ကြည့်နေသည်။
"အစ်ကို တစ်ခုခုဖြစ်လာလို့လားဟင် ၊ နေမကောင်းဘူးလား"
"ကိုယ့်ကိုအချိန်ပေးနိုင်မလားညီ"
"အချိန်! ဟီးဟီး ရတာပေါ့ ၊ အများကြီးပေးတယ် ၊ ဘာဖြစ်လို့လဲဟင်"
"ကားပေါ်တက်"
ဟိဏ်းဆက်သည်မေမေ့ဆီစာပို့ထားလိုက်ပြီးဟိန်းသူ၏ကားပေါ်သို့တက်လိုက်သွားခဲ့သည်။ဟိန်းသူသည်အင်းယားကန်ဘက်သို့မောင်းလာခဲ့သည်။
"ကိုယ်နဲ့လမ်းခဏလောက်လျှောက်ကြမလား"
ဟိဏ်းဆက်ခေါင်းညိတ်လိုက်သည်။ညဝတ်အင်္ကျီအပြာအကွက်ကလေးဝတ်ထားသည့်ဟိဏ်းဆက်နှင့်ရှပ်အင်္ကျီအဖြူနဲ့ဘောင်းဘီအနက်ကိုဝတ်ဆင်ထားသည့်ဟိန်းသူတို့နှစ်ယောက်တည်းကန်ဘောင်တွင်လမ်းလျှောက်ကြသည်။ခုံတန်းကလေးတစ်ခုမှာဟိန်းသူထိုင်လိုက်သည်။ဟိဏ်းဆက်သည်မထိုင်ဘဲဟိန်းသူဘေးနားတွင်မတ်တပ်ကလေးရပ်နေသည်။
"အစ်ကိုဘာဖြစ်လို့လဲဟင်"
ဟိန်းသူသည်အလွန်ဝမ်းနည်းနေသည့်အချိန်တွင်အရင်ဦးဆုံးသတိရမိသူကဟိဏ်းဆက်ဖြစ်နေခဲ့သည်။သူ၏မသိစိတ်ကသူ့ကိုဟိဏ်းဆက်ဆီသို့ဆွဲခေါ်လာခဲ့သည်။ဟိန်းသူသည်ဟိဏ်းဆက်၏ခါးကိုဖက်ကာဝမ်းဗိုက်တွင်မျက်နှာအပ်ထားလိုက်သည်။
"ခဏလေးပါ ၊ ဒီအတိုင်းလေးခဏနေပေးပါ"
ဟိဏ်းဆက်မလှုပ်မယှက်နဲ့ငြိမ်ငြိမ်ကလေးနေပေးနေသည်။ဟိန်းသူဆီမှရှိုက်သံကိုဟိဏ်းဆက်ကြားနေရသည်။
"အစ်ကိုဘာဖြစ်လာလဲတော့ကျွန်တော်မသိပေမဲ့ အစ်ကိုငိုချင်နေရင်ထိန်းချုပ်မနေဘဲအားရပါးရငိုချလိုက်ပါ ၊ အဲ့တာကထိန်းချုပ်ထားထာထက်ပိုပြီးစိတ်သက်သာရာရစေတယ်လေ"
ဟိဏ်းဆက်သည်ဟိန်းသူ၏ခေါင်းကိုလက်ကလေးနဲ့အသာအယာလေးပွတ်သပ်ပေးရင်းနှစ်သိမ့်ပေးသည်။ဟိဏ်းဆက်ကိုဖက်ထားလျက်ဟိန်းသူသည်ရှိုက်ကြီးတငင်ငိုကြွေးလို့နေသည်။ဟိဏ်းဆက်၏ညဝတ်အင်္ကျီလေးလည်းဟိန်းသူ၏မျက်ရည်များဖြင့်စိုရွှဲကုန်တော့သည်။
"အစ်ကိုဘာဖြစ်လာလဲဆိုတာတစ်ရက်အစ်ကိုအဆင်သင့်ဖြစ်တဲ့အခါ ကျွန်တော့်ကိုပြောပြနော် ၊ အခုရောငိုလို့ဝပြီလား"
"ကိုယ်နဲ့လိုက်ပေးတာကျေးဇူးတင်ပါတယ်"
"ရပါတယ် ၊ အခုကိုဟိန်းအိမ်ပြန်တော့လေ ၊ အိမ်ကလူကြီးတွေစိတ်ပူနေတော့မယ်"
"အင်းပါ ၊ မင်းကိုအရင်ပြန်ပို့ပေးမယ်"
ဟိဏ်းဆက်ကိုတိုက်အရှေ့အထိပြန်ပို့ပေးခဲ့ပြီးဟိန်းသူသည်လည်းအိမ်သို့ပြန်လာခဲ့လိုက်သည်။
ဆက်ရန်
ဒီအပိုင်းလေးက ဟိန်းသူအကြောင်းလေးကိုရှင်းသွားအောင်သပ်သပ်ရေးလိုက်တာပါ။ဖတ်ရတာရှုပ်နေရင်ပြောပါနော်။
အရှင်းဆုံးဖြစ်အောင်ပြန်ပြောပြပါ့မယ်။အတတ်နိုင်ဆုံးတော့ကြိုးစားရေးထားပါတယ်။ဖတ်ရတာအဆင်မပြေရင်ပြောပြကြပါနော်။ဒါဒါလေးတွေအားလုံးsaranghae💚
----------------------------------------------------------------------------------
Zawgyi
"ေမေမ!"
ဟိန္းသူ၏စကားလုံးေတြေၾကာင့္ထိုအမ်ိဳးသမီးသည္ထိတ္လန႔္တုန္လႈပ္သြားသည္။
"မင္း ..... မင္းက ..... ဟိန္းသူ!"
သူမ၏လက္ထဲမွစာ႐ြက္စာတမ္းေတြအကုန္လုံးလြတ္က်ကဳန္ေတာ့သည္။ဟိန္းသူသည္သူ႕မ်က္လုံးကိုပင္သူမယုံနိုင္ပါ။သူငယ္ငယ္ကေမေမဆုံးပါးသြားၿပီဟုေဒၚယမင္းကသူ႕ကိုေျပာသည္။သို႔ေပမဲ့ ေမေမကအခုသူ႕အေရွ႕တြင္မတ္တပ္ရပ္ေနသည္။အခု ဘာေတြပဲဘယ္လိုျဖစ္ေနပါေစ ဟိန္းသူဂ႐ုမစိုက္ေတာ့ပါ။သူအရမ္းေတြ႕ခ်င္ေနရသည့္ေမေမသည္သူ႕အေရွ႕တြင္ရွိေနသည္။
"ေမေမ သားကိုမွတ္မိတယ္ ၊ တကယ္ေမေမပါေနာ္ ဟုတ္ပါတယ္ေနာ္"
ဟိန္းသူသည္မ်က္ရည္ေတြပင္က်လာသည္အထိဝမ္းသာမိသည္။ေမေမ့အနားကိုကပ္ခ်င္၍ဟိန္းသူေျခတစ္လွမ္းခ်င္းစီတိုးသြားလိုက္သည္။
"ေမေမ သားေလ သား ဟိန္းသူပါ"
ဟိန္းသူေျခတစ္လွမ္းတိုးသြားသည့္အခါတိုင္းသူမသည္ေျခတစ္လွမ္းေနာက္ဆုတ္သြားသည္။
"ပိုင္ပိုင္ေရ ပိုင္ပိုင္"
ေမေမသည္ဟိန္းသူ၏နာမည္ကိုေခၚရမယ့္အစားအတြင္းေရးမႉး၏အမည္ကိုသာေအာ္ေခၚေနသည္။
"ရွင္ သူေဌး လာပါၿပီ"
"ေမေမ!"
"သူကဘယ္သူလဲ ဘယ္ကလူလဲပိုင္ပိုင္ ၊ ငါ့အခန္းထဲကိုမဆင္မျခင္မလႊတ္ပါနဲ႕လို႔နင့္ကိုမွာထားတယ္ေလ"
"ဟို သူေဌး သူကကိုယ္စားလွယ္ပါ"
"ဘာ!!! သူ႕ကိုဆြဲထုတ္သြားစမ္း ၊ ငါမျမင္ခ်င္ဘူး"
ဟိန္းသူတိုက္အျမင့္ေပၚမွတြန္းခ်ခံလိုက္ရသည့္ပမာရင္ထဲတြင္ဟာခနဲျဖစ္သြားရသည္။ဟိန္းသူမယုံနိုင္ခဲ့ပါ။သူ႕ကိုေမေမကဆြဲထုတ္သြားခိုင္းေနသည္။သူအရမ္းခ်စ္ရသည့္ေမေမကသူ႕ကိုအခုဆြဲထုတ္သြားခိုင္းေနသည္။ေမေမအရမ္းေျပာင္းလဲသြားသည္။
"ေမေမ သားေလ သားပါ ၊ ဟိန္းေလးေလ ေမေမ့သားေလ"
"ငါကမင္းအေမမဟုတ္ဘူး ၊ ထြက္သြား သူ႕ကိုဆြဲထုတ္သြားလို႔ေျပာေနတယ္ေလ"
"ဟုတ္ကဲ့ သူေဌး"
လူငယ္ႏွစ္ေယာက္သည္ဟိန္းသူကိုဆြဲထုတ္သြားရန္လက္ကိုလာဆြဲသည့္အခါဟိန္းသူ႐ုန္းပစ္လိုက္သည္။
"လႊတ္"
ဟိန္းသူသည္ေမေမ့ကိုသာေငးၾကည့္ေနမိသည္။
"ေမေမ သားေလ ဟိန္းေလးပါ ၊ ေမေမ့ကိုအခုလိုေတြ႕ရမယ္လို႔သားမထင္ခဲ့ဘူး ၊ ေမေမေသၿပီလို႔ေျပာတာေတြကိုသားယုံခဲ့မိတယ္ သား......"
"ငါနင့္အေမမဟုတ္ဘူးလို႔ငါေျပာေနတယ္ေလ ၊ ေခၚထုတ္သြားၾကေတာ့"
ေဒၚလဲ့ၾကည္၏မ်က္ႏွာသည္မာေၾကာခက္ထန္လြန္းသည္။သားျဖစ္သူနဲ႕ျပန္ေတြ႕ရသည္ကိုပင္မ်က္ရည္တစ္စက္ပင္မက်ခဲ့ပါ။ဟိန္းသူမယုံနိုင္ျဖစ္ခဲ့ရသည္။ေမေမသည္သူ႕ကိုျငင္းဆန္သည္။သူကေတာ့ေမေမ့ကိုေန႕တိုင္းအလိုလိုသတိရေနခဲ့သည္။
"ေမေမ သားကိုမေတြ႕ခ်င္ရင္လည္းရပါတယ္ ၊ သားသြားပါ့မယ္ေမေမ ၊ ဆြဲထုတ္ဖို႔လည္းမလိုပါဘူး"
ဟိန္းသူေက်ာခိုင္းထြက္ခြာသြားေဒၚလဲ့ၾကည္သည္လည္းအ႐ုပ္ႀကိဳးျပတ္က်သကဲ့သို႔လဲက်သြားသည္။
"ဘာလို႔ျပန္ေပၚလာတာလဲ ၊ မင္းကိုငါေမ့ထားခဲ့တာၾကာၿပီ ၊ ငါကဘာလို႔ဒီကုမၸဏီဆိုတာကိုသတိမထားမိခဲ့ပါ့လိမ့္"
ဟိန္းသူသည္ေမေမေျပာခဲ့သည္မ်ားကိုထပ္တလဲလဲျပန္ၾကားေယာင္ေနမိသည္။
"ငါနင့္အေမမဟုတ္ဘူးလို႔ငါေျပာေနတယ္ေလ ၊ ေခၚထုတ္သြားၾကေတာ့"
ဟိန္းသူသည္ထိုေန႕ကကားထဲတြင္သာေန႕တစ္ဝက္ေလာက္အခ်ိန္ကုန္သြားခဲ့သည္။ဟိန္းသူေက်ာင္းကိုလည္းမသြားျဖစ္ခဲ့ပါ။ဟိဏ္းဆက္ကိုေပးရန္ဝယ္ထားသည့္Lolipopေတြသည္လည္းကားေပၚတြင္သာရွိေနခဲ့သည္။
"မမ အဆင္ေျပပါ့မလားမမရယ္ ၊ ဟိန္းေလးခံနိုင္ရည္ရွိပါ့မလား"
ေဒၚေမဦးသည္ေဒၚယမင္း၏အစီအစဥ္ေၾကာင့္ဟိန္းသူစိတ္ထိခိုက္သြားမည္ကို စိုးရိမ္ေနသည္။
"စိတ္ခ်ပါေမဦးရယ္ ၊ သူခံနိုင္ရည္ရွိပါတယ္အခုခ်ိန္ေလာက္ဆိုသူအကုန္သိေနေလာက္ၿပီ"
"မမ ဟိန္းေလးျပန္လာမွာပါေနာ္"
"စိတ္ခ်ပါ ၊ သူျပန္လာမွာ စိတ္ခ်"
ေမဦးရယ္ နင့္ရဲ႕စိတ္ရင္းကိုဟိန္းေလးျမင္နိုင္ရင္သိပ္ေကာင္းမွာပဲ။
သူမတို႔ႏွစ္ေယာက္စကားေျပာေနစဥ္တြင္ဟိန္းသူ၏ကားၿခံထဲသို႔ဝင္လာသည္။
"တီေလး!"
"ဟိန္းေလး ဒီမွာလာထိုင္"
ဟိန္းသူသည္ေဒၚယမင္းႏွင့္ေဒၚေမဦးတို႔၏အေရွ႕တြင္ဝင္ထိုင္လိုက္သည္။ေဒၚေမဦးသည္ဟိန္းသူ၏မ်က္ႏွာကိုေသခ်ာလိုက္ၾကည့္လ်က္အကဲခတ္ေနသည္။
"ဘယ္လိုလဲ ၊ မင္းေတြ႕ခဲ့ၿပီလား ၊ မင္းသိပ္ေတြ႕ခ်င္တဲ့မင္းအေမကိုေတြ႕ခဲ့တယ္မလား ၊ ေျပာပါဦး သူမင္းကိုဘယ္လိုျပဳမူဆက္ဆံလိုက္လဲ ၊ မင္းအရမ္းခ်စ္တဲ့ေမေမကမင္းကိုေႏြးေထြးစြာႀကိဳဆိုလိုက္ရဲ႕လား"
"ေတာ္ပါေတာ့! ၊ တီေလးေျပာေတာ့ေမေမကဆုံးပါးသြားခဲ့ၿပီဆို ၊ ေလးညာခဲ့လို႔သားကိုေမေမ့နာေရးဆီလိုက္မပို႔ခဲ့တာမလား ၊ အခုသားေတြ႕ခဲ့တာ အဲ့တာတကယ္ပဲေမေမလား"
"တီေလးမင္းကိုမညာခဲ့ဖူးဘူး ၊ ဒါေတြအားလုံးကမင္းရဲ႕ေမေမေဒၚလဲ့ၾကည္ကိုယ္တိုင္ေျပာခိုင္းခဲ့တဲ့စကားေတြပဲ ၊ သူေျပာခိုင္းတဲ့အတိုင္းတီေလးေျပာခဲ့တယ္ဆိုတာကလည္းတီေလးကမင္းအတြက္ၾကည့္ခဲ့တာ ၊ ဒီလိုမိခင္မပီသတဲ့မိန္းမတစ္ေယာက္ကိုမင္းဘဝထဲကထုတ္ပစ္လိုက္ခ်င္လို႔ပဲ ၊ မင္းကိုအဆက္ျဖတ္ခဲ့တဲ့မင္းအေမပဲ"
"မမရယ္စိတ္ထိန္းပါဦး ၊ ဟိန္းေလးလည္းလန႔္လာတာပဲေလ"
"ဘာလို႔လဲ ဘာလို႔လဲ ၊ တကယ္ေတာ့ေမေမကဒီမိန္းမေၾကာင့္အဲ့လိုလုပ္ခဲ့တာပဲေလ"
"မင္းသိပ္မွားတယ္ဟိန္းသူ ၊ မင္းအေမကေၾကာင္သူေတာ္ႂကြက္သူခိုး လူအျမင္မွာရိုးအတယ္လို႔ထင္ရတယ္ ၊ ေနာက္ကြယ္မွာေတာ့ေျမေခြးမပဲ ၊ တကယ္တမ္းေဖာက္ျပန္ေနခဲ့တာကေဖေဖမဟုတ္ဘူး ၊ မင္းသိပ္ခ်စ္တဲ့မင္းေမေမပဲ"
"အေဖမေဖာက္ျပန္ခဲ့ရင္သားအတြက္မိေထြးဆိုတာရွိလာပါ့မလားတီေလး ၿပီးေတာ့ တီေလး ေမေမ့ကိုအဲ့လိုမစြပ္စြဲပါနဲ႕"
"ေအး မင္းအေဖအတြက္ေမဦးသာမရွိခဲ့ရင္မင္းအေဖေသေနတာၾကာၿပီ ၊ မင္းလည္းဒီလိုဘဝမ်ိဳးေနနိုင္မယ္ထင္ေနလား ၊ တီေလးတို႔ကအရာအားလုံးမင္းအတြက္ဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႕လုပ္ခဲ့ၾကတာေတြခ်ည္းပဲ ၊ မင္းအတြက္ေႏြးေထြးမႈေပးနိုင္ဖို႔ေမဦးကိုမင္းေဘးနားမွာထားခဲ့ေပးတာ"
"ဘာအဓိပၸါယ္လဲတီေလး"
"ေအး မင္းအေဖအတြက္ ရိုးတြင္းျခင္ဆီလႉေပးခဲ့တာေမဦးပဲ ေမဦးကမင္းအေဖရဲ႕ငယ္သူငယ္ခ်င္း ၊ မင္းအေဖရဲ႕ေက်းဇူးရွင္ပဲ ၊ ေမဦးကေန႕ေန႕ညညျပဳစုေစာင့္ေရွာက္ေပးတာကိုအခြင့္ေကာင္းယူၿပီးမင္းအေမကသာစြပ္စြဲခဲ့တာ ၊ ဒါေတြကိုမင္းကမသိခဲ့ဘူး ၊ မင္းအေမေကာင္းတယ္ပဲထင္ခဲ့တယ္ ၊
မင္းအေဖေနမေကာင္းတုန္းကမင္းအေမကတစ္ခ်က္မွလာၾကည့္တာမဟုတ္ဘူး ၊ မိဘေပးစားလို႔ယူခဲ့ရတာပဲရွိတယ္မင္းအေမဘက္ကအခ်စ္မရွိခဲ့ဘူးဟိန္းသူ ၊ ၿပီးေတာ့မင္းေမေမကမင္းနဲ႕အလိုက္အထိုက္ေနခဲ့တာပဲရွိတယ္ ၊ သူလိုမိန္းမမ်ိဳးကသူ႕တက္လမ္းအတြက္ပဲသူၾကည့္တာ ၊ သူ႕တက္လမ္းမွာမင္းကပိတ္ေနလို႔မင္းကိုထားခဲ့တာရွင္းလား ၊ မင္းကအသက္ငယ္ေသးလို႔မင္းအေဖကမေျပာျပဖို႔ေတာင္းဆိုခဲ့တာ သိၿပီလား"
ဟိန္းသူ ေခါင္းေတြအရမ္းရႈပ္လာသည္။တီေလးေျပာေနတာေတြကိုနားေထာင္ေနပါေသာ္လည္းသူဘာတစ္ခုမွနားမလည္နိုင္ေတာ့ပါ။ေမေမကသူ႕အေပၚမခ်စ္ဘူးလား။ဒါေပမဲ့သူကေမေမေမြးထားသည့္ေမေမ့သားပဲမဟုတ္လား။ေမေမကသူ႕ကိုမခ်စ္ဘူးလား။
"ေမဦးနဲ႕မင္းေဖေဖကေဖာက္ျပန္ခဲ့ၾကတာမဟုတ္ဘူး ၊ မင္းေဖေဖမေသခင္ကမွလက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးေပးခဲ့တာ ၊ အဲ့တာကလည္းမင္းကိုေစာင့္ေရွာက္ေပးဖို႔အတြက္မင္းကိုေႏြးေထြးမႈေပးဖို႔အတြက္ဇနီးေနရာမွာထားသြားေပးခဲ့တာ"
"ကြၽန္ေတာ္မသိေတာ့ဘူး ၊ ေတာ္ပါေတာ့!"
ဟိန္းသူသည္အိမ္ထဲမွေျပးထြက္၍ကားေမာင္းထြက္သြားခဲ့သည္။
"ဟိန္းသူ! ဟိန္းသူ!"
ေဒၚေမဦးသည္ညႀကီးမိုးခ်ဳပ္ထြက္သြားသည့္ဟိန္းသူကိုစိုးရိမ္သံအျပည့္ျဖင့္လွမ္းေခၚပါေသးသည္။
"လႊတ္ထားလိုက္ေမဦး ၊ သူအသိစိတ္ျပန္ဝင္လာတဲ့တစ္ေန႕သူနားလည္လာလိမ့္မယ္"
"ျဖစ္ပါ့မလားမမရယ္ ၊ စိတ္ထင္ရာေတြေလွ်ာက္လုပ္ေနလို႔ဟိန္းေလးတစ္ခုခုျဖစ္သြားရင္သူ႕အေဖကိုကြၽန္မဘယ္လိုမ်က္ႏွာျပရမလဲ"
"မမတို႔ဟိန္းသူကိုယုံၾကည္သင့္တယ္ေမဦး ၊ သူလည္းဆုံးျဖတ္တတ္တဲ့အ႐ြယ္ေရာက္ေနပါၿပီ"
ဟိန္းသူသည္ကားကိုအရွိန္ျပင္းစြာေမာင္းႏွင္လာခဲ့သည္။တီေလးေျပာခဲ့သည့္စကားမ်ားကလည္းသူ႕ေခါင္းထဲတြင္ျပည့္ႏွက္ေနခဲ့သည္။
"မဟုတ္ဘူး မဟုတ္ဘူး ၊ ေမေမကအဲ့လိုလူမျဖစ္နိုင္ဘူး ၊ တီေလးတို႔မွားေနတာ ၊ အဲ့မိန္းမကေမေမ့ကိုအထင္လြဲေအာင္အားလုံးလုပ္ေနတာ"
ဟိန္းသူသည္တံတားေပၚတြင္ကားရပ္လိုက္သည္။
"ေမေမကတကယ္ပဲ ငါ့ကိုစြန႔္လႊတ္သြားတာလား ၊ မဟုတ္ဘူး မဟုတ္ဘူး မျဖစ္နိုင္ဘူး ၊ ေမေမကငါ့ကိုအရမ္းခ်စ္တာ"
ဟိန္းသူ၏အသံတြင္အက္ကြဲသံတစ္ခ်ိဳ႕ပါေနသည္။မ်က္ရည္မ်ားသည္လည္းတၿဖိဳင္ၿဖိဳင္က်ဆင္းလို႔ေနသည္။
"ဘယ္သူေျပာတာမွမယုံဘူး ၊ ေမေမကိုယ္တိုင္ေျပာမွယုံမယ္"
ေနာက္တစ္ေန႕မနက္ေစာေစာတြင္ဟိန္းသူသည္ေဒၚလဲ့ၾကည္၏ကုမၸဏီသို႔ျပန္သြားခဲ့ျပန္သည္။
"မဝင္ပါနဲ႕ မရပါဘူး သူေဌးဆူလိမ့္မယ္"
အတြင္းေရးမႉးမွအတင္းတားပါေသာ္လည္းဟိန္းသူသည္အခန္းထဲထိေရာက္ေအာင္သြားခဲ့သည္။ထိုင္ခုံတြင္ထိုင္ေနတဲ့ေဒၚလဲ့ၾကည္သည္ဆူညံသံမ်ားေၾကာင့္ေခါင္းေမာ့လာသည္။
"မင္း ......"
"ေမေမ သားသိခ်င္တာေတြရွိလို႔လာေမးတာပါ ၊ ဒါေလးပဲေျဖေပးပါ"
"မင္းေမေမမဟုတ္ဘူးလို႔ဘယ္ႏွစ္ခါေျပာရမလဲ ၊ မင္းလူမွားေနၿပီ"
"ေမေမပါပဲ သားမမွားဘူး ၊ သားေမေမ့ရဲ႕မ်က္ႏွာကိုတစ္ရက္ကေလးေတာင္ေမ့မရခဲ့ဘူး ၊ ဒါေပမဲ့ ေမေမကေတာ့သားကိုမမွတ္မိဘူးထင္တယ္ ၊ ဟုတ္တယ္ေနာ္ ၊ သားကအ႐ြယ္ေရာက္လာေတာ့ေမေမဘယ္မွတ္မိပါ့မလဲ"
"မဟုတ္တာေတြလာေျပာမေနနဲ႕ ၊ လူေခၚၿပီးဆြဲထုတ္ခိုင္းရမလား ၊ မင္းဘာသာမင္းျပန္မလား"
"ေမေမ! သားတစ္ခုေလာက္ပဲေမးပါရေစ ၊ ေနာက္အိမ္ေထာင္ျပဳထားလား"
"ျပဳထားတယ္ ၊ ငါ့မွာခင္ပြန္းလည္းရွိတယ္ ၊ သမီးေလးတစ္ေယာက္လည္းရွိတယ္"
"ေမေမေပ်ာ္လား"
"ေပ်ာ္တယ္ ၊ အခ်စ္မပါတဲ့အိမ္ေထာင္ေရးထက္အမ်ားႀကီးသာတယ္"
"ရပါၿပီ ၊ ေမေမမလိုခ်င္မွေတာ့ ဘာတတ္နိုင္ေတာ့မွာလဲ ၊ သားထြက္သြားေပးပါ့မယ္ေမေမ"
ဟိန္းသူအရာအားလုံးကိုအတည္ျပဳသိခဲ့ရပါသည္။ေမေမမွာသြားသည့္စကားကိုဟိန္းသူျပန္သတိရမိသည္။
ေမေမမွာခဲ့တဲ့စကားကဒါကိုေျပာခ်င္တာလားေမေမ။
"သားေလး လူတိုင္းကိုမယုံၾကည္နဲ႕ေနာ္ မိန္းမေတြအကုန္
လုံးကေၾကာက္ဖို႔ေကာင္းတယ္သား ေမေမအပါအဝင္ေပါ့"
ဒီစကားရဲ႕အဓိပၸါယ္ကိုသားအခုသိလိုက္ရပါၿပီေမေမ။သားသာအေစာႀကီးကတည္းကသိခဲ့မယ္ဆိုရင္သားေမေမ့ကိုအခက္ေတြ႕ေအာင္လုပ္မွာမဟုတ္ပါဘူး။ေမေမေပ်ာ္တယ္ဆိုရင္သားေက်နပ္ပါၿပီ။သားကေတာ့ေမေမ့ကိုခ်စ္တယ္ေမေမ။သားေမေမ့ကိုမမုန္းနိုင္ဘူး။သားေမေမ့ကိုခ်စ္ေနမွာ။
ဟိန္းသူသည္ေမေမ့ကိုျပန္ေတြ႕ရသည့္အတြက္သူဝမ္းသာရသည္။သို႔ေသာ္တစ္ဖက္တြင္ေမေမ့စကားလုံးမ်ားသည္သူ႕ရင္တြင္ျမႇားအစင္းေပါင္း၁၀၀ေလာက္စိုက္ေနသကဲ့သို႔ခံစားရသည္။နာက်င္ခဲ့ရသည္။သို႔ေပမဲ့ဟိန္းသူသည္ေမေမ့ကိုမမုန္းနိုင္ခဲ့ပါ။ေမေမသည္သူ၏ေမေမျဖစ္ေနသေ႐ြ႕သူေမေမ့ကိုမမုန္းနိုင္ပါ။
"ေမေမေရသားလမ္းထိပ္မွာေခါက္ဆြဲျပဳတ္သြားဝယ္မလို႔ဘာမွာဦးမလဲ"
"မွာခ်င္တာကတစ္ခုပဲရွိတယ္ ၊ ျမန္ျမန္ေလးသာျပန္လာခဲ့ပါရွင္"
"ဟီးဟီး ဟုတ္ကဲ့ပါေမေမရဲ႕ ၊ ဒါဆိုသားသြားၿပီေနာ္"
ဟိဏ္းဆက္ဖုန္းေလးကိုလက္ထဲတြင္ဆုပ္ကိုင္ၿပီးလမ္းထိပ္သို႔ထြက္လာခဲ့သည္။ဟိဏ္းဆက္၏လမ္းထိပ္တြင္ကားအနက္ေရာင္ေလးတစ္စီးရပ္ေနသည္ကိုေတြ႕လိုက္ရသည္။
အစ္ကိုဟိန္းသူကားမ်ားလား။ညေမွာင္ေနလို႔ငါပဲစိတ္ထင္ၿပီးအျမင္မွားေနတာလား။ဘာပဲျဖစ္ျဖစ္နည္းနည္းေတာ့စပ္စုၾကည့္ရမယ္။
ဟိဏ္းဆက္သည္ကားအနားတြင္ေယာင္လည္လည္ကေလးလုပ္ေနသည္။ကားနံပါတ္ကိုျမင္လိုက္ရသည့္အခါဟိဏ္းဆက္မ်က္လုံးျပဴးသြားၿပီးကားေဘးနားသို႔လွစ္ခနဲေရာက္လာသည္။ဟိဏ္းဆက္သည္ကားမွန္ကိုေခါက္လိုက္သည့္အခါကားမွန္က်လာၿပီးအထဲတြင္ထိုင္ေနေသာဟိန္းသူကိုေတြ႕လိုက္ရသည္။
"တကယ့္ကိုအစ္ကိုပဲ ၊ အစ္ကိုဘာလို႔ေက်ာင္းမလာတာလဲဟင္ ၊ ကြၽန္ေတာ္ကအစ္ကို႔ကိုသတိရေနတာ ၊ ေနမေကာင္းလို႔လား ၊ အခုကဒီမွာဘာလုပ္ေနတာလဲဟင္ ၊ မိုးခ်ဳပ္ေနၿပီအိမ္မျပန္ေသးဘူးလား ၊ မဟုတ္မွလြဲေရာ ကိုဟိန္းကြၽန္ေတာ့္ဆီလာတာလား"
ေတြ႕ကတည္းကစကားေတြေတာက္ေလွ်ာက္ေျပာေနသည့္ဟိဏ္းဆက္ကို ဟိန္းသူမ်က္ေတာင္မခတ္တမ္းေမာ့ၾကည့္ေနသည္။
"အစ္ကို တစ္ခုခုျဖစ္လာလို႔လားဟင္ ၊ ေနမေကာင္းဘူးလား"
"ကိုယ့္ကိုအခ်ိန္ေပးနိုင္မလားညီ"
"အခ်ိန္! ဟီးဟီး ရတာေပါ့ ၊ အမ်ားႀကီးေပးတယ္ ၊ ဘာျဖစ္လို႔လဲဟင္"
"ကားေပၚတက္"
ဟိဏ္းဆက္သည္ေမေမ့ဆီစာပို႔ထားလိုက္ၿပီးဟိန္းသူ၏ကားေပၚသို႔တက္လိုက္သြားခဲ့သည္။ဟိန္းသူသည္အင္းယားကန္ဘက္သို႔ေမာင္းလာခဲ့သည္။
"ကိုယ္နဲ႕လမ္းခဏေလာက္ေလွ်ာက္ၾကမလား"
ဟိဏ္းဆက္ေခါင္းညိတ္လိုက္သည္။ညဝတ္အကၤ်ီအျပာအကြက္ကေလးဝတ္ထားသည့္ဟိဏ္းဆက္ႏွင့္ရွပ္အကၤ်ီအျဖဴနဲ႕ေဘာင္းဘီအနက္ကိုဝတ္ဆင္ထားသည့္ဟိန္းသူတို႔ႏွစ္ေယာက္တည္းကန္ေဘာင္တြင္လမ္းေလွ်ာက္ၾကသည္။ခုံတန္းကေလးတစ္ခုမွာဟိန္းသူထိုင္လိုက္သည္။ဟိဏ္းဆက္သည္မထိုင္ဘဲဟိန္းသူေဘးနားတြင္မတ္တပ္ကေလးရပ္ေနသည္။
"အစ္ကိုဘာျဖစ္လို႔လဲဟင္"
ဟိန္းသူသည္အလြန္ဝမ္းနည္းေနသည့္အခ်ိန္တြင္အရင္ဦးဆုံးသတိရမိသူကဟိဏ္းဆက္ျဖစ္ေနခဲ့သည္။သူ၏မသိစိတ္ကသူ႕ကိုဟိဏ္းဆက္ဆီသို႔ဆြဲေခၚလာခဲ့သည္။ဟိန္းသူသည္ဟိဏ္းဆက္၏ခါးကိုဖက္ကာဝမ္းဗိုက္တြင္မ်က္ႏွာအပ္ထားလိုက္သည္။
"ခဏေလးပါ ၊ ဒီအတိုင္းေလးခဏေနေပးပါ"
ဟိဏ္းဆက္မလႈပ္မယွက္နဲ႕ၿငိမ္ၿငိမ္ကေလးေနေပးေနသည္။ဟိန္းသူဆီမွရွိုက္သံကိုဟိဏ္းဆက္ၾကားေနရသည္။
"အစ္ကိုဘာျဖစ္လာလဲေတာ့ကြၽန္ေတာ္မသိေပမဲ့ အစ္ကိုငိုခ်င္ေနရင္ထိန္းခ်ဳပ္မေနဘဲအားရပါးရငိုခ်လိဳက္ပါ ၊ အဲ့တာကထိန္းခ်ဳပ္ထားထာထက္ပိုၿပီးစိတ္သက္သာရာရေစတယ္ေလ"
ဟိဏ္းဆက္သည္ဟိန္းသူ၏ေခါင္းကိုလက္ကေလးနဲ႕အသာအယာေလးပြတ္သပ္ေပးရင္းႏွစ္သိမ့္ေပးသည္။ဟိဏ္းဆက္ကိုဖက္ထားလ်က္ဟိန္းသူသည္ရွိုက္ႀကီးတငင္ငိုေႂကြးလို႔ေနသည္။ဟိဏ္းဆက္၏ညဝတ္အကၤ်ီေလးလည္းဟိန္းသူ၏မ်က္ရည္မ်ားျဖင့္စို႐ႊဲကုန္ေတာ့သည္။
"အစ္ကိုဘာျဖစ္လာလဲဆိုတာတစ္ရက္အစ္ကိုအဆင္သင့္ျဖစ္တဲ့အခါ ကြၽန္ေတာ့္ကိုေျပာျပေနာ္ ၊ အခုေရာငိုလို႔ဝၿပီလား"
"ကိုယ္နဲ႕လိုက္ေပးတာေက်းဇူးတင္ပါတယ္"
"ရပါတယ္ ၊ အခုကိုဟိန္းအိမ္ျပန္ေတာ့ေလ ၊ အိမ္ကလူႀကီးေတြစိတ္ပူေနေတာ့မယ္"
"အင္းပါ ၊ မင္းကိုအရင္ျပန္ပို႔ေပးမယ္"
ဟိဏ္းဆက္ကိုတိုက္အေရွ႕အထိျပန္ပို႔ေပးခဲ့ၿပီးဟိန္းသူသည္လည္းအိမ္သို႔ျပန္လာခဲ့လိုက္သည္။
ဆက္ရန္
ဒီအပိုင္းေလးက ဟိန္းသူအေၾကာင္းေလးကိုရွင္းသြားေအာင္သပ္သပ္ေရးလိုက္တာပါ။ဖတ္ရတာရႈပ္ေနရင္ေျပာပါေနာ္။အရွင္းဆုံးျဖစ္ေအာင္ျပန္ေျပာျပပါ့မယ္။အတတ္နိုင္ဆုံးေတာ့ႀကိဳးစားေရးထားပါတယ္။ဖတ္ရတာအဆင္မေျပရင္ေျပာျပၾကပါေနာ္။ဒါဒါေလးေတြအားလုံးsaranghae💚