Unicode
"အစ်ကိုပိုင်ဇေ!"
"အယ်! အဆက် ၊ ဘယ်တုန်းကရောက်နေတာလဲ"
"အခုပဲရောက်တာ ၊ အစ်ကိုကခွေးတွေကိုအစာလာကျွေးတာလား"
"ကိုယ်ကျွေးတာတော့မဟုတ်ဘူး ၊ ဟိန်းသူကိုယ်စားလာကျွေးတာ ၊ သူဒီနေ့ကိစ္စလေးရှိလို့ကျောင်းမလာနိုင်ဘူး"
"ကိုဟိန်းကခွေးတွေအစာကျွေးတာလား"
"အင်းကျွေးတယ် ၊ အဲ့ကောင်ကအရမ်းဂရုစိုက်တတ်တဲ့typeမျိုးကွ ၊ အစ်ကိုပြောပါတယ်သူကစိတ်ထားကောင်းတယ်လို့ ၊ အခုပုံစံကသူတမင်လုပ်ယူထားတာသူ့မူရင်းပုံစံမဟုတ်ဘူး ၊ ဒါနဲ့ ဟိုတစ်နေ့ကမင်းသူ့အိမ်ပါသွားတယ်ဆို"
"ဗျာ ဟုတ် ကိုဟိန်းခေါ်သွားတာ"
"မင်းကံကောင်းတယ်အဆက် ၊ ငါ့တောင်အလည်လေးဘာလေးလာပါလို့ခေါ်တဲ့ကောင်မဟုတ်ဘူး"
ကျွန်တော်ပျော်ရမှာလား။ကျွန်တော်ဖွင့်ပြောတဲ့တစ်နေ့ကျရင်ရော ကိုဟိန်းကျွန်တော့်ကိုမုန်းသွားမှာလား။
ဤအတွေးများသည်ဟိဏ်းဆက်ကိုဆက်တိုက်ဆိုသလိုဖုံးလွှမ်းလို့နေသည်။
ဟိဏ်းဆက်သည်ယနေ့စာသင်ခန်းထဲတွင်မှိုင်တွေနေသည်။ဘေးနားကကေသွယ်ခေါ်နေတာပင်မကြားတော့သည်အထိအတွေးများကရွက်လွှင့်လို့နေသည်။
"အဆက်!"
"..........."
"အဆက်!"
"..........."
"အဆက် အဆက်!!!"
"အမ်! အင်းပြော"
"ဘာတွေတွေးနေတာလဲဟာ ၊ ငါခေါ်ရတာသေတော့မယ်"
"ဆောရီးပါဟာ"
"ဘာဖြစ်နေတာလဲအဆက် နင်မျက်နှာလည်းမကောင်းပါလား"
"ကေသွယ် ငါနင့်ကိုတစ်ခုမေးမယ်"
"အင်း မေးလေ"
"ငါကGayလား"
ဟိဏ်းဆက်ရုတ်တရက်ထမေးလိုက်သည့်မေးခွန်းကြောင့်ကေသွယ်ကြောင်သွားရသည်။
"ဘာဖြစ်လို့ဒါတွေမေးနေတာလဲအဆက် ၊ နင်ဘာဖြစ်နေတာလဲ"
"ငါဒီနေ့လေဖေ့စ်ဘွတ်ခ်မှာအတွဲလေးတစ်တွဲတွေ့လိုက်တယ်"
"အင်း"
"သူတို့အတွဲလေးကသိပ်ချစ်ဖို့ကောင်းတယ်ဟ ၊ ငါလည်းကွန်းမန့်တွေဝင်ဖတ်ကြည့်လိုက်တယ်"
"အားလုံးနီးပါကGayတွေလို့ခေါ်ကြတယ် ၊ အခြောက်တဲ့ယောကျာ်းအချင်းချင်းရွံစရာတွေတဲ့ ၊ ရစရာမရှိအောင်ပြောထားကြတာတွေအများကြီးပဲငါ...."
"အဆက် နင်ကြောက်နေတာလား"
ကေသွယ်သည်ဟိဏ်းဆက်၏ပုခုံးပေါ်သို့လက်တင်လိုက်ပြီးကြားဖြတ်မေးလိုက်သည်။
"ငါကြောက်တယ် ၊ ငါအဲ့လိုအခေါ်ခံရတာထက် ငါအစ်ကို့ကိုဖွင့်ပြောလိုက်တဲ့အခါငါ့ကိုရွံမုန်းသွားမှာငါပိုကြောက်တယ်"
"အဆက် အချစ်ကအချစ်ပဲလေ ၊ နင်သဘောကျတာကိုဖွင့်ပြောလိုက်လို့ကာယကံရှင်ကတော့ရွံမုန်းမှာတော့မဟုတ်ပါဘူး ၊ အခုလိုပြောနေကြတဲ့သူတွေကလည်းနင်အခုတွေ့လိုက်တဲ့ကာယကံရှင်အတွဲလေးနဲ့ဘာမှမသက်ဆိုင်တဲ့လူတွေချည်းပဲလေ ၊ အဲ့တော့နင်ကဘေးလူတွေကိုကြည့်မှာလား ၊ အစ်ကိုဟိန်းသူကိုကြည့်မှာလား"
ကေသွယ်၏အပြောကြောင့်ဟိဏ်းဆက်ပြုံးသွားသည်။
"ကဲပါ နင်အဲ့တာတွေးမနေနဲ့ ၊ ငါတို့ စိတ်ပြေလက်ပျောက်အတန်းလစ်ရအောင်"
"အေးပါ"
ကေသွယ်နှင့်ဟိဏ်းဆက်တို့လွယ်အိတ်ကလေးတွေလွယ်ပြီးအဆောင်အပြင်သို့ထွက်လာခဲ့ကြသည်။
"ညီ!"
"ခင်ဗျာ!"
ဟိန်းသူသည်ဟိဏ်းဆက်ဆီသို့လျှောက်လာသည်ကိုကေသွယ်မြင်လိုက်သည်ကြောင့်ဟိဏ်းဆက်အနားသို့တိုးတိုးကလေးကပ်ပြောပြီးထွက်သွားသည်။
"အဆက်ငါသွားနှင့်မယ်နော်"
ဟိဏ်းဆက်သည်အသံကြားရုံဖြင့်မည်သူဆိုတာသိပါသည်။ဟိဏ်းဆက်အသံလာရာဘက်သို့လှည့်ကြည့်လိုက်သည်။
"ရော့ မင်းရဲ့ခြင်း"
Lolipopတွေအပြည့်နဲ့အလှခြင်းလေးတစ်ခြင်းဟိဏ်းဆက်၏မျက်စိရှေ့သို့ရောက်လာခဲ့သည်။
"ဟီးဟီး ကျေးဇူးပါကိုဟိန်း ၊ အရမ်းချစ်သွားပြီ"
"အဟမ်း! ရပါတယ်"
ဟိန်းသူသည်နှုတ်ခမ်းလေးလှုပ်ရုံသာပြုံးပြလိုက်သည်။သို့သော်လည်းထိုအပြုံးသည်အပြုံးမပီသသောအပြုံးတစ်ခုသာဖြစ်သည်။ဟိဏ်းဆက်သည်Lolipopခြင်းကလေးကိုကိုင်ပြီးပြောင်းဖူးစေ့ကလေးများပမာစီတန်းနေတဲ့သွားလေးတွေအကုန်ပေါ်သည်အထိအစွမ်းကုန်ရယ်ပြနေသည်။
"ဘယ်သွားမလို့လဲညီ"
ဟိန်းသူသည်ဒီလိုမေးခွန်းမျိုးဘယ်သူ့ကိုမှမမေးခဲ့ဘူးပါ။သူ့ဘက်ကအမေးမရှိအဖြေသာရှိခဲ့သည်။
"ကေသွယ်နဲ့တုတ်ထိုးဟော့ပေါ့သွားစားမလို့ ၊ အစ်ကိုရောလိုက်ဦးမလား"
"မလိုက်တော့ပါဘူး ၊ အစ်ကိုတို့ကTutorialဖြေရတော့မယ်"
"ဪ ဟုတ် ၊ အဲ့တာဆို ကျွန်တော်သွားတော့မယ်နော်တာ့တာ"
ဟိန်းသူသည်ဟိဏ်းဆက်ကိုကြည့်ကာခေါင်းညိတ်ပြလိုက်ပြီးမည်သူ့ကိုမှမပြောဖူးခဲ့သောစကားလေးတစ်ခွန်းပြောလိုက်သည်။
"ညီ ဂရုစိုက်သွားနော်"
"ဟုတ်!!!"
ဟိဏ်းဆက်သည်ခပ်ဝေးဝေးမှလှမ်းအော်ပြောလိုက်ရင်းသူ့ကိုလက်ပြနှုတ်ဆက်သွားသည်။
ညီ မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ။
ဟိဏ်းဆက်မြင်ကွင်းထဲမှပျောက်သွားသည်အထိဟိန်းသူရပ်ကြည့်နေမိသည်။
"မာမီ!!!"
ပန်းနုရောင်ဝမ်းဆက်လေးကိုဝတ်ဆင်ထားသောမြိုင်နံ့သာသည်အိမ်ထဲမှထွက်လာပြီးကားပေါ်မှဆင်းလာသည့်အမျိုးသမီးကိုမာမီဟုခေါ်ကာပြေးဖက်လိုက်သည်။
"မာမီ့သမီးလေးကအရမ်းလှနေပါလား"
"မာမီနဲ့တူလို့ပေါ့"
"ကျောင်းတက်ရတဲ့အခြေအနေလေးမာမီ့ကိုပြောပြပါဦးသမီးလေးရဲ့"
သားအမိနှစ်ယောက်သည်တစ်ယောက်၏ခါးကိုတစ်ယောက်ဖက်ကာအိမ်ထဲသို့ဝင်လာကြသည်။
"မာမီ့သမီးကECဖြစ်နေတာပါနော် ၊ ကျောင်းတက်ရတာအရမ်း အရမ်းပျော်ဖို့ကောင်းတယ်"
"ဟုတ်ပါပြီ ၊ ဒါနဲ့သမီးဒယ်ဒီ့ကိုမာမီပြန်လာတာမပြောရသေးဘူးမလား"
"အင်း မာမီကမပြောပါနဲ့ဦးဆိုလို့မပြောရသေးဘူး ၊ ဒယ်ဒီ့ကိုSurpriseလုပ်မလို့မလား ၊ သမီးသိပါတယ်"
"လူလည်မလေး သွားတော့ ၊ မာမီလည်းနားလိုက်ဦးမယ်"
"ဟုတ်မာမီ"
မာမီ့ရဲ့ပါးပြင်ကိုရွတ်ခနဲနမ်းပြီးသူမ၏အခန်းထဲသို့ပြေးဝင်သွားတော့သည်။ထိုအမျိုးသမီးသည်ပြုံးလျက်သာဧည့်ခန်းထဲတွင်ထိုင်ကျန်ခဲ့သည်။
"ဟိန်းသူ ဘယ်သွားမလို့လဲ"
ညကြီးမိုးချုပ်အပြင်ထွက်မယ်လုပ်နေသည့်ဟိန်းသူကိုဒေါ်မေဦးလှမ်းမေးလိုက်သည်။
"ဟိန်းသူ မေးနေတယ်လေ ၊ မင်းကိုတားမလို့မဟုတ်ပါဘူးဘယ်သွားမယ်ဆိုတာလေးပဲသိထားချင်တာပါ"
ဟိန်းသူသည်မဲ့ပြုံးလေးတစ်ခုကိုဆင်မြန်းလိုက်ပြီးဒေါ်မေဦးကိုကျောခိုင်းလျက်ပြောလိုက်သည်။
"အမေသိပ်လုပ်ချင်နေတာပဲ ၊ အမေလုပ်ရတာပျော်လား"
"ဟိန်းသူ မင်းဒီလိုမပြောသင့်ဘူး"
ဟိန်းသူ၏ဒေါ်လေးဖြစ်သူဒေါ်ယမင်းသည်အိမ်သို့ပြန်ရောက်လာသည်။
"တီလေး!"
"သူကမင်းရဲ့မိထွေးဆိုပေမဲ့မင်းလေးစားမှုလေးတော့ထားသင့်တယ် ၊ သူကမင်းကိုသိပ်ချစ်တာမင်းကပြန်မချစ်ဘူးဆိုရင်တောင်သံယောဇဉ်ဆိုတာတော့ရှိသင့်တယ်"
"တီလေး! သူကမေမေနဲ့သားကိုခွဲခဲ့တဲ့မိန်းမဗျ ၊ သားအမိကိုခွဲခဲ့တဲ့မိန်းမ ၊ သူများမိသားစုကိုပြိုကွဲအောင်လုပ်ခဲ့တဲ့မိန်းမ ၊ အဲ့လိုမိန်းမကို ......."
ဟိန်းသူ၏စကားမဆုံးခင်ပင်ဟိန်းသူ၏ပါးပြင်ပေါ်သို့လက်ဖဝါးတစ်စုံသည်အရှိန်ပြင်းစွာကျရောက်လာခဲ့သည်။
"တီလေး!!!"
"တော်ပါတော့ တော်ပါတော့မမရယ် ၊ ကျွန်မပဲတောင်းပန်
ပါတယ် ၊ ကျွန်မကိုပဲရိုက်လိုက်ပါ ၊ အရာအားလုံးကျွန်မကြောင့်ဖြစ်လာခဲ့ရတာမလား"
ဒေါ်မေဦးကသည်ဒေါ်ယမင်းကိုဝင်တားလိုက်သည်။
"သွားတော့ဟိန်းသူ ၊ အပြင်သွားမလို့မလားသွားတော့"
ဒေါ်မေဦးသည်ဟိန်းသူဘက်မှကာကွယ်ပေးခဲ့သည်။
"နေဦးဟိန်းသူ ၊ အခုအချိန်တော့မင်းမသိလို့ပြောတာတွေကိုငါခွင့်လွှတ်ပေးမယ် ၊ မင်းအားလုံးကိုသိတဲ့တစ်နေ့မင်းနောင်တရလိမ့်မယ်ဟိန်းသူ"
တီလေး၏စကားတွေကိုဟိန်းသူသည်ကျောခိုင်းလျက်သာနားထောင်လိုက်ပြီးထွက်လာခဲ့သည်။အနက်ရောင်ကားလေးတစ်စီးသည်လမ်းမထက်တွင်အရှိန်ပြင်းစွာပြေးလွှားနေသည်။
"တောက်!!!"
ဟိန်းသူသည်ကျယ်လောင်စွာတောက်ခေါက်လိုက်သည်။
"ဘာလို့လဲ ၊ ဘာလို့တီလေးကသူ့ဘက်ကပါနေရတာလဲ"
ဟိန်းသူ၏ရင်ထဲတွင်ဒေါ်မေဦးကိုမုန်းသည်ထက်ပိုလာသည်။ဟိန်းသူသည်အိမ်သို့မပြန်ချင်၍ကားကိုခြေဦးတည့်ရာလျှောက်မောင်းနေမိသည်။ဟိန်းသူသည်ကားမောင်းနေစဉ်ရုတ်တရက်သူ့မျက်စိထဲတွင်မြင်လိုက်သည့်အရာကြောင့်သူဘရိတ်ကိုဆောင့်နင့်လိုက်သည်။
"မေမေ!!!"
ဟိန်းသူသည်ပတ်ဝန်းကျင်ကိုမျက်ရည်များပြည့်လျှံလျက်လိုက်၍ကြည့်မိသည်။
"မေမေ မေမေ!!!"
ဟိန်းသူသည်ကားပေါ်မှအမြန်ဆင်းလိုက်ပြီးမေမေ့ကိုရှာနေမိသည်။
"မေမေ မေမေ!!!!"
အမျိုးသားတစ်ယောက်နဲ့ကားပေါ်တွင်အတူပါသွားသည့်အမျိုးသမီးကိုမေမေဟုသူထင်မှတ်ကာလိုက်ရှာနေမိသည်။ခဏအကြာတွင်သူသတိပြန်ဝင်လာခဲ့သည်။
"မေမေမှမရှိတော့တာ"
ဟိန်းသူသည်ကားထဲသို့ပြန်ဝင်ပြီးထိုင်နေလိုက်သည်။၁နာရီ ၊ ၂နာရီ ၊ ၃နာရီတိတိကားထဲတွင်သာထိုင်နေမိသည်။
ယနေ့သည်ကျောင်း၌ဈေးရောင်းပွဲတော်ရှိသည့်နေ့ဖြစ်သည်။
ကျောင်းသားကျောင်းသူအားလုံးကျောင်းလမ်းမကြီးထက်တွင်စုစုရုံးရုံးရှိနေကြသည်။မေဂျာအလိုက်မုန့်ဆိုင်တွေလည်းတန်းစီလျက်ရှိသည်။အားလုံးထဲတွင်ဟိဏ်းဆက်တို့၏မေဂျာမှECများသည်ရှပ်အင်္ကျီအဖြူရောင် ၊ ပုဆိုးအနီရောင်ကလေးများဖြင့်ထင်ရှားနေကြသည်။
"အားလုံးပဲဒီကိုလာနော် ၊ ဒီကECအကိုကြီးချောချောလေးတွေကမုန့်တစ်ခုဝယ်ရင်ဓာတ်ပုံတစ်ခါတွဲရိုက်ပေးတယ်နော်"
ဟိဏ်းဆက်သည်ဟိန်းသူ၏လက်မောင်းကိုချိတ်ကာအော်နေသည်။
"ဟင်!!! အဆက် ငါတို့ဘယ်တုန်းကပြောမိလို့လဲ"
ဘေးနားမှာမတ်တပ်ရပ်နေကြသည့်စီနီယာECအကုန်မျက်လုံးပြူးကုန်သည်။
"အစ်ကိုတို့ကလည်းဗျာ ရောင်းအားတက်အောင်ကူညီကြလေ"
"အမ်! အင်းပါ အင်းပါ"
ကေသွယ်သည်ပိုင်ဇေနဲ့စကားရပ်ပြောနေသည်ကိုဟိဏ်းဆက်လှမ်းမြင်လိုက်သည်။သူတို့နှစ်ဦးမည်သည့်အကြောင်းအရာတွေပြောနေကြသည်ကိုဟိဏ်းဆက်အရမ်းသိချင်လာသည်။
"အစ်ကို ကျွန်တော်ဟိုဘက်ခဏသွားဦးမယ်နော်"
ဟိန်းသူသည်ဟိဏ်းဆက်ကိုခေါင်းညိတ်ပြလိုက်သည်။ဟိဏ်းဆက်သည်ကေသွယ်တို့နှစ်ဦးအနားသို့အတတ်နိုင်သမျှအမြန်ဆုံးလျှောက်လာခဲ့သည်။
"ဟိတ်! ဘာတွေပြောနေကြတာလဲ"
ဟိဏ်းဆက်ရောက်လာသည့်အခါမှကေသွယ်သည်ဟိုဘက်သို့လှည့်သွားပြီးပိုင်ဇေသည်လည်းဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေသည်။
"အနံ့ရတယ် မသင်္ကာဘူး ၊ ငါသိတယ်နော် မဟုတ်မှလွဲရော နင်တို့ ......."
ဟိဏ်းဆက်၏သိတယ်နော်ဟူသောစကားကြောင့်နှစ်ယောက်စလုံးမျက်လုံးပြူးသွားသည်။
"နင်တို့နှစ်ယောက်တွဲနေကြတာမလား"
"ဟားဟား!!! ဟားဟား!!!"
ဟိဏ်းဆက်၏စကားကြောင့်နှစ်ယောက်စလုံးရယ်ကြရပါတော့သည်။
"ဟားဟား ငါ့ညီရာ ဘယ်လိုတောင်ပြောလိုက်တာလဲ"
"အဆက် နင်ဦးနှောက်မှကောင်းသေးရဲ့လား ဟားဟား"
"မသိဘူးလေဟာ ၊ နင်တို့ကငါ့ကိုပယ်ပြီးနှစ်ယောက်တည်းတတွဲတွဲလုပ်နေတာလေ"
"အမယ် နင်ကျတော့ရောဘာထူးလဲ ၊ အစ်ကိုဟိန်းသူအနားကခွာလို့လား"
"ခွာလို့မရဘူး ၊ ငါခွာရင်ကောင်မလေးတွေရောက်လာရော ၊ မဖြစ်ဘူး ၊ အပါမခံနိုင်ဘူး ၊ အခုလည်းကောင်မလေးတွေရောက်နေပြီလားမသိဘူး ၊ ငါသွားတော့မယ်"
ဟိဏ်းဆက်မေဂျာဈေးဆိုင်လေးဆီသို့အပြေးပြန်သွားပြန်သည်။ဟိဏ်းဆက်ရောက်သွားသည့်အခါဟိန်းသူသည်ထိုနေရာတွင်ရှိမနေတော့ပါ။
"ဟင် ဘယ်ရောက်သွားတာလဲ ၊ မဟုတ်မှလွဲရောကောင်မလေးတွေများ ၊ မရဘူးနော် ၊ အစ်ကိုဟိန်းသူကအဆက်အပိုင်ပဲ"
ဘေးနားတွင်ရှိနေသောစီနီယာတစ်ယောက်ကိုလက်တို့ပြီးမေးလိုက်သည်။
"အစ်ကို အစ်ကို ကိုဟိန်းသူဘယ်ရောက်သွားတာလဲ"
"ခုဏက ကောင်မလေးတစ်ယောက်လာခေါ်သွားတယ် ၊ အဆောင်ကိုဆိုလားဘာလားပဲ ၊ ဘယ်သူဘာဖြစ်လိုလားပဲ အစ်ကိုလည်းသေချာမသိဘူး"
ကောင်မလေးတဲ့လား။မရဘူး မရဘူး။မပေးနိုင်ဘူး။အစ်ကိုဟိန်းသူကဟိဏ်းဆက်အပိုင်။
သူ့ကိုပြောပြပေးသည့်အစ်ကို့ကိုတောင်ကျေးဇူးပါလို့မပြောနိုင်ဘဲအဆောင်ဘက်သို့အမြန်ပြေးပြန်သည်။အဆောင်ထဲသို့ပြေးဝင်သွားသည့်အခါဟိန်းသူကိုလှမ်းတွေ့လိုက်သည်။သို့သော်ဟိန်းသူတစ်ယောက်တည်းတော့မဟုတ်ပါ။ဟိန်းသူ၏ဘေးနားတွင်ဟိန်းသူကိုယ်တိုင်တွဲလာပေးသည့်မိန်းကလေးတစ်ယောက်လည်းပါနေပါသေးသည်။ထိုမိန်းကလေးသည်ဟိဏ်းဆက်၏အခန်းထဲမှမိန်းကလေးECမြိုင်နံ့သာဖြစ်နေသည်။
"ကိုဟိန်း!!!"
"ညီ!"
ဆက်ရန်
ဇာတ်လမ်းလေးကကောင်းရဲ့လား။ဒါဒါလေးတွေအားပေးကြဦးနော် ။အောက်ကကြယ်လေးကိုလည်းနှိပ်သွားကြဦး💚
ဖတ်ပေးကြတဲ့ဒါဒါလေးတွေအားလုံးsaranghae💚
----------------------------------------------------------------------------------
Zawgyi
"အစ္ကိုပိုင္ေဇ!"
"အယ္! အဆက္ ၊ ဘယ္တုန္းကေရာက္ေနတာလဲ"
"အခုပဲေရာက္တာ ၊ အစ္ကိုကေခြးေတြကိုအစာလာေကြၽးတာလား"
"ကိုယ္ေကြၽးတာေတာ့မဟုတ္ဘူး ၊ ဟိန္းသူကိုယ္စားလာေကြၽးတာ ၊ သူဒီေန႕ကိစၥေလးရွိလို႔ေက်ာင္းမလာနိုင္ဘူး"
"ကိုဟိန္းကေခြးေတြအစာေကြၽးတာလား"
"အင္းေကြၽးတယ္ ၊ အဲ့ေကာင္ကအရမ္းဂ႐ုစိုက္တတ္တဲ့typeမ်ိဳးကြ ၊ အစ္ကိုေျပာပါတယ္သူကစိတ္ထားေကာင္းတယ္လို႔ ၊ အခုပုံစံကသူတမင္လုပ္ယူထားတာသူ႕မူရင္းပုံစံမဟုတ္ဘူး ၊ ဒါနဲ႕ ဟိုတစ္ေန႕ကမင္းသူ႕အိမ္ပါသြားတယ္ဆို"
"ဗ်ာ ဟုတ္ ကိုဟိန္းေခၚသြားတာ"
"မင္းကံေကာင္းတယ္အဆက္ ၊ ငါ့ေတာင္အလည္ေလးဘာေလးလာပါလို႔ေခၚတဲ့ေကာင္မဟုတ္ဘူး"
ကြၽန္ေတာ္ေပ်ာ္ရမွာလား။ကြၽန္ေတာ္ဖြင့္ေျပာတဲ့တစ္ေန႕က်ရင္ေရာ ကိုဟိန္းကြၽန္ေတာ့္ကိုမုန္းသြားမွာလား။
ဤအေတြးမ်ားသည္ဟိဏ္းဆက္ကိုဆက္တိုက္ဆိုသလိုဖုံးလႊမ္းလို႔ေနသည္။
ဟိဏ္းဆက္သည္ယေန႕စာသင္ခန္းထဲတြင္မွိုင္ေတြေနသည္။ေဘးနားကေကသြယ္ေခၚေနတာပင္မၾကားေတာ့သည္အထိအေတြးမ်ားက႐ြက္လႊင့္လို႔ေနသည္။
"အဆက္!"
"..........."
"အဆက္!"
"..........."
"အဆက္ အဆက္!!!"
"အမ္! အင္းေျပာ"
"ဘာေတြေတြးေနတာလဲဟာ ၊ ငါေခၚရတာေသေတာ့မယ္"
"ေဆာရီးပါဟာ"
"ဘာျဖစ္ေနတာလဲအဆက္ နင္မ်က္ႏွာလည္းမေကာင္းပါလား"
"ေကသြယ္ ငါနင့္ကိုတစ္ခုေမးမယ္"
"အင္း ေမးေလ"
"ငါကGayလား"
ဟိဏ္းဆက္႐ုတ္တရက္ထေမးလိုက္သည့္ေမးခြန္းေၾကာင့္ေကသြယ္ေၾကာင္သြားရသည္။
"ဘာျဖစ္လို႔ဒါေတြေမးေနတာလဲအဆက္ ၊ နင္ဘာျဖစ္ေနတာလဲ"
"ငါဒီေန႕ေလေဖ့စ္ဘြတ္ခ္မွာအတြဲေလးတစ္တြဲေတြ႕လိုက္တယ္"
"အင္း"
"သူတို႔အတြဲေလးကသိပ္ခ်စ္ဖို႔ေကာင္းတယ္ဟ ၊ ငါလည္းကြန္းမန့္ေတြဝင္ဖတ္ၾကည့္လိုက္တယ္"
"အားလုံးနီးပါကGayေတြလို႔ေခၚၾကတယ္ ၊ အေျခာက္တဲ့ေယာက်ာ္းအခ်င္းခ်င္း႐ြံစရာေတြတဲ့ ၊ ရစရာမရွိေအာင္ေျပာထားၾကတာေတြအမ်ားႀကီးပဲငါ...."
"အဆက္ နင္ေၾကာက္ေနတာလား"
ေကသြယ္သည္ဟိဏ္းဆက္၏ပုခုံးေပၚသို႔လက္တင္လိုက္ၿပီးၾကားျဖတ္ေမးလိုက္သည္။
"ငါေၾကာက္တယ္ ၊ ငါအဲ့လိုအေခၚခံရတာထက္ ငါအစ္ကို႔ကိုဖြင့္ေျပာလိုက္တဲ့အခါငါ့ကို႐ြံမုန္းသြားမွာငါပိုေၾကာက္တယ္"
"အဆက္ အခ်စ္ကအခ်စ္ပဲေလ ၊ နင္သေဘာက်တာကိုဖြင့္ေျပာလိုက္လို႔ကာယကံရွင္ကေတာ့႐ြံမုန္းမွာေတာ့မဟုတ္ပါဘူး ၊ အခုလိုေျပာေနၾကတဲ့သူေတြကလည္းနင္အခုေတြ႕လိုက္တဲ့ကာယကံရွင္အတြဲေလးနဲ႕ဘာမွမသက္ဆိုင္တဲ့လူေတြခ်ည္းပဲေလ ၊ အဲ့ေတာ့နင္ကေဘးလူေတြကိုၾကည့္မွာလား ၊ အစ္ကိုဟိန္းသူကိုၾကည့္မွာလား"
ေကသြယ္၏အေျပာေၾကာင့္ဟိဏ္းဆက္ၿပဳံးသြားသည္။
"ကဲပါ နင္အဲ့တာေတြးမေနနဲ႕ ၊ ငါတို႔ စိတ္ေျပလက္ေပ်ာက္အတန္းလစ္ရေအာင္"
"ေအးပါ"
ေကသြယ္ႏွင့္ဟိဏ္းဆက္တို႔လြယ္အိတ္ကေလးေတြလြယ္ၿပီးအေဆာင္အျပင္သို႔ထြက္လာခဲ့ၾကသည္။
"ညီ!"
"ခင္ဗ်ာ!"
ဟိန္းသူသည္ဟိဏ္းဆက္ဆီသို႔ေလွ်ာက္လာသည္ကိုေကသြယ္ျမင္လိုက္သည္ေၾကာင့္ဟိဏ္းဆက္အနားသို႔တိုးတိုးကေလးကပ္ေျပာၿပီးထြက္သြားသည္။
"အဆက္ငါသြားႏွင့္မယ္ေနာ္"
ဟိဏ္းဆက္သည္အသံၾကား႐ုံျဖင့္မည္သူဆိုတာသိပါသည္။ဟိဏ္းဆက္အသံလာရာဘက္သို႔လွည့္ၾကည့္လိုက္သည္။
"ေရာ့ မင္းရဲ႕ျခင္း"
Lolipopေတြအျပည့္နဲ႕အလွျခင္းေလးတစ္ျခင္းဟိဏ္းဆက္၏မ်က္စိေရွ႕သို႔ေရာက္လာခဲ့သည္။
"ဟီးဟီး ေက်းဇူးပါကိုဟိန္း ၊ အရမ္းခ်စ္သြားၿပီ"
"အဟမ္း! ရပါတယ္"
ဟိန္းသူသည္ႏႈတ္ခမ္းေလးလႈပ္႐ုံသာၿပဳံးျပလိုက္သည္။သို႔ေသာ္လည္းထိုအၿပဳံးသည္အၿပဳံးမပီသေသာအၿပဳံးတစ္ခုသာျဖစ္သည္။ဟိဏ္းဆက္သည္Lolipopျခင္းကေလးကိုကိုင္ၿပီးေျပာင္းဖူးေစ့ကေလးမ်ားပမာစီတန္းေနတဲ့သြားေလးေတြအကုန္ေပၚသည္အထိအစြမ္းကုန္ရယ္ျပေနသည္။
"ဘယ္သြားမလို႔လဲညီ"
ဟိန္းသူသည္ဒီလိုေမးခြန္းမ်ိဳးဘယ္သူ႕ကိုမွမေမးခဲ့ဘူးပါ။သူ႕ဘက္ကအေမးမရွိအေျဖသာရွိခဲ့သည္။
"ေကသြယ္နဲ႕တုတ္ထိုးေဟာ့ေပါ့သြားစားမလို႔ ၊ အစ္ကိုေရာလိုက္ဦးမလား"
"မလိုက္ေတာ့ပါဘူး ၊ အစ္ကိုတို႔ကTutorialေျဖရေတာ့မယ္"
"ဪ ဟုတ္ ၊ အဲ့တာဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္တာ့တာ"
ဟိန္းသူသည္ဟိဏ္းဆက္ကိုၾကည့္ကာေခါင္းညိတ္ျပလိုက္ၿပီးမည္သူ႕ကိုမွမေျပာဖူးခဲ့ေသာစကားေလးတစ္ခြန္းေျပာလိုက္သည္။
"ညီ ဂ႐ုစိုက္သြားေနာ္"
"ဟုတ္!!!"
ဟိဏ္းဆက္သည္ခပ္ေဝးေဝးမွလွမ္းေအာ္ေျပာလိုက္ရင္းသူ႕ကိုလက္ျပႏႈတ္ဆက္သြားသည္။
ညီ မင္းကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ။
ဟိဏ္းဆက္ျမင္ကြင္းထဲမွေပ်ာက္သြားသည္အထိဟိန္းသူရပ္ၾကည့္ေနမိသည္။
"မာမီ!!!"
ပန္းႏုေရာင္ဝမ္းဆက္ေလးကိုဝတ္ဆင္ထားေသာၿမိဳင္နံ႕သာသည္အိမ္ထဲမွထြက္လာၿပီးကားေပၚမွဆင္းလာသည့္အမ်ိဳးသမီးကိုမာမီဟုေခၚကာေျပးဖက္လိုက္သည္။
"မာမီ့သမီးေလးကအရမ္းလွေနပါလား"
"မာမီနဲ႕တူလို႔ေပါ့"
"ေက်ာင္းတက္ရတဲ့အေျခအေနေလးမာမီ့ကိုေျပာျပပါဦးသမီးေလးရဲ႕"
သားအမိႏွစ္ေယာက္သည္တစ္ေယာက္၏ခါးကိုတစ္ေယာက္ဖက္ကာအိမ္ထဲသို႔ဝင္လာၾကသည္။
"မာမီ့သမီးကECျဖစ္ေနတာပါေနာ္ ၊ ေက်ာင္းတက္ရတာအရမ္း အရမ္းေပ်ာ္ဖို႔ေကာင္းတယ္"
"ဟုတ္ပါၿပီ ၊ ဒါနဲ႕သမီးဒယ္ဒီ့ကိုမာမီျပန္လာတာမေျပာရေသးဘူးမလား"
"အင္း မာမီကမေျပာပါနဲ႕ဦးဆိုလို႔မေျပာရေသးဘူး ၊ ဒယ္ဒီ့ကိုSurpriseလုပ္မလို႔မလား ၊ သမီးသိပါတယ္"
"လူလည္မေလး သြားေတာ့ ၊ မာမီလည္းနားလိုက္ဦးမယ္"
"ဟုတ္မာမီ"
မာမီ့ရဲ႕ပါးျပင္ကို႐ြတ္ခနဲနမ္းၿပီးသူမ၏အခန္းထဲသို႔ေျပးဝင္သြားေတာ့သည္။ထိုအမ်ိဳးသမီးသည္ၿပဳံးလ်က္သာဧည့္ခန္းထဲတြင္ထိုင္က်န္ခဲ့သည္။
"ဟိန္းသူ ဘယ္သြားမလို႔လဲ"
ညႀကီးမိုးခ်ဳပ္အျပင္ထြက္မယ္လုပ္ေနသည့္ဟိန္းသူကိုေဒၚေမဦးလွမ္းေမးလိုက္သည္။
"ဟိန္းသူ ေမးေနတယ္ေလ ၊ မင္းကိုတားမလို႔မဟုတ္ပါဘူးဘယ္သြားမယ္ဆိုတာေလးပဲသိထားခ်င္တာပါ"
ဟိန္းသူသည္မဲ့ၿပဳံးေလးတစ္ခုကိုဆင္ျမန္းလိုက္ၿပီးေဒၚေမဦးကိုေက်ာခိုင္းလ်က္ေျပာလိုက္သည္။
"အေမသိပ္လုပ္ခ်င္ေနတာပဲ ၊ အေမလုပ္ရတာေပ်ာ္လား"
"ဟိန္းသူ မင္းဒီလိုမေျပာသင့္ဘူး"
ဟိန္းသူ၏ေဒၚေလးျဖစ္သူေဒၚယမင္းသည္အိမ္သို႔ျပန္ေရာက္လာသည္။
"တီေလး!"
"သူကမင္းရဲ႕မိေထြးဆိုေပမဲ့မင္းေလးစားမႈေလးေတာ့ထားသင့္တယ္ ၊ သူကမင္းကိုသိပ္ခ်စ္တာမင္းကျပန္မခ်စ္ဘူးဆိုရင္ေတာင္သံေယာဇဥ္ဆိုတာေတာ့ရွိသင့္တယ္"
"တီေလး! သူကေမေမနဲ႕သားကိုခြဲခဲ့တဲ့မိန္းမဗ် ၊ သားအမိကိုခြဲခဲ့တဲ့မိန္းမ ၊ သူမ်ားမိသားစုကိုၿပိဳကြဲေအာင္လုပ္ခဲ့တဲ့မိန္းမ ၊ အဲ့လိုမိန္းမကို ......."
ဟိန္းသူ၏စကားမဆုံးခင္ပင္ဟိန္းသူ၏ပါးျပင္ေပၚသို႔လက္ဖဝါးတစ္စုံသည္အရွိန္ျပင္းစြာက်ေရာက္လာခဲ့သည္။
"တီေလး!!!"
"ေတာ္ပါေတာ့ ေတာ္ပါေတာ့မမရယ္ ၊ ကြၽန္မပဲေတာင္းပန္
ပါတယ္ ၊ ကြၽန္မကိုပဲရိုက္လိုက္ပါ ၊ အရာအားလုံးကြၽန္မေၾကာင့္ျဖစ္လာခဲ့ရတာမလား"
ေဒၚေမဦးကသည္ေဒၚယမင္းကိုဝင္တားလိုက္သည္။
"သြားေတာ့ဟိန္းသူ ၊ အျပင္သြားမလို႔မလားသြားေတာ့"
ေဒၚေမဦးသည္ဟိန္းသူဘက္မွကာကြယ္ေပးခဲ့သည္။
"ေနဦးဟိန္းသူ ၊ အခုအခ်ိန္ေတာ့မင္းမသိလို႔ေျပာတာေတြကိုငါခြင့္လႊတ္ေပးမယ္ ၊ မင္းအားလုံးကိုသိတဲ့တစ္ေန႕မင္းေနာင္တရလိမ့္မယ္ဟိန္းသူ"
တီေလး၏စကားေတြကိုဟိန္းသူသည္ေက်ာခိုင္းလ်က္သာနားေထာင္လိုက္ၿပီးထြက္လာခဲ့သည္။အနက္ေရာင္ကားေလးတစ္စီးသည္လမ္းမထက္တြင္အရွိန္ျပင္းစြာေျပးလႊားေနသည္။
"ေတာက္!!!"
ဟိန္းသူသည္က်ယ္ေလာင္စြာေတာက္ေခါက္လိုက္သည္။
"ဘာလို႔လဲ ၊ ဘာလို႔တီေလးကသူ႕ဘက္ကပါေနရတာလဲ"
ဟိန္းသူ၏ရင္ထဲတြင္ေဒၚေမဦးကိုမုန္းသည္ထက္ပိုလာသည္။ဟိန္းသူသည္အိမ္သို႔မျပန္ခ်င္၍ကားကိုေျခဦးတည့္ရာေလွ်ာက္ေမာင္းေနမိသည္။ဟိန္းသူသည္ကားေမာင္းေနစဥ္႐ုတ္တရက္သူ႕မ်က္စိထဲတြင္ျမင္လိုက္သည့္အရာေၾကာင့္သူဘရိတ္ကိုေဆာင့္နင့္လိုက္သည္။
"ေမေမ!!!"
ဟိန္းသူသည္ပတ္ဝန္းက်င္ကိုမ်က္ရည္မ်ားျပည့္လွ်ံလ်က္လိုက္၍ၾကည့္မိသည္။
"ေမေမ ေမေမ!!!"
ဟိန္းသူသည္ကားေပၚမွအျမန္ဆင္းလိုက္ၿပီးေမေမ့ကိုရွာေနမိသည္။
"ေမေမ ေမေမ!!!!"
အမ်ိဳးသားတစ္ေယာက္နဲ႕ကားေပၚတြင္အတူပါသြားသည့္အမ်ိဳးသမီးကိုေမေမဟုသူထင္မွတ္ကာလိုက္ရွာေနမိသည္။ခဏအၾကာတြင္သူသတိျပန္ဝင္လာခဲ့သည္။
"ေမေမမွမရွိေတာ့တာ"
ဟိန္းသူသည္ကားထဲသို႔ျပန္ဝင္ၿပီးထိုင္ေနလိုက္သည္။၁နာရီ ၊ ၂နာရီ ၊ ၃နာရီတိတိကားထဲတြင္သာထိုင္ေနမိသည္။
ယေန႕သည္ေက်ာင္း၌ေဈးေရာင္းပြဲေတာ္ရွိသည့္ေန႕ျဖစ္သည္။
ေက်ာင္းသားေက်ာင္းသူအားလုံးေက်ာင္းလမ္းမႀကီးထက္တြင္စုစု႐ုံး႐ုံးရွိေနၾကသည္။ေမဂ်ာအလိုက္မုန႔္ဆိုင္ေတြလည္းတန္းစီလ်က္ရွိသည္။အားလုံးထဲတြင္ဟိဏ္းဆက္တို႔၏ေမဂ်ာမွECမ်ားသည္ရွပ္အကၤ်ီအျဖဴေရာင္ ၊ ပုဆိုးအနီေရာင္ကေလးမ်ားျဖင့္ထင္ရွားေနၾကသည္။
"အားလုံးပဲဒီကိုလာေနာ္ ၊ ဒီကECအကိုႀကီးေခ်ာေခ်ာေလးေတြကမုန႔္တစ္ခုဝယ္ရင္ဓာတ္ပုံတစ္ခါတြဲရိုက္ေပးတယ္ေနာ္"
ဟိဏ္းဆက္သည္ဟိန္းသူ၏လက္ေမာင္းကိုခ်ိတ္ကာေအာ္ေနသည္။
"ဟင္!!! အဆက္ ငါတို႔ဘယ္တုန္းကေျပာမိလို႔လဲ"
ေဘးနားမွာမတ္တပ္ရပ္ေနၾကသည့္စီနီယာECအကုန္မ်က္လုံးျပဴးကုန္သည္။
"အစ္ကိုတို႔ကလည္းဗ်ာ ေရာင္းအားတက္ေအာင္ကူညီၾကေလ"
"အမ္! အင္းပါ အင္းပါ"
ေကသြယ္သည္ပိုင္ေဇနဲ႕စကားရပ္ေျပာေနသည္ကိုဟိဏ္းဆက္လွမ္းျမင္လိုက္သည္။သူတို႔ႏွစ္ဦးမည္သည့္အေၾကာင္းအရာေတြေျပာေနၾကသည္ကိုဟိဏ္းဆက္အရမ္းသိခ်င္လာသည္။
"အစ္ကို ကြၽန္ေတာ္ဟိုဘက္ခဏသြားဦးမယ္ေနာ္"
ဟိန္းသူသည္ဟိဏ္းဆက္ကိုေခါင္းညိတ္ျပလိုက္သည္။ဟိဏ္းဆက္သည္ေကသြယ္တို႔ႏွစ္ဦးအနားသို႔အတတ္နိုင္သမွ်အျမန္ဆုံးေလွ်ာက္လာခဲ့သည္။
"ဟိတ္! ဘာေတြေျပာေနၾကတာလဲ"
ဟိဏ္းဆက္ေရာက္လာသည့္အခါမွေကသြယ္သည္ဟိုဘက္သို႔လွည့္သြားၿပီးပိုင္ေဇသည္လည္းဟိုၾကည့္ဒီၾကည့္ေလွ်ာက္ၾကည့္ေနသည္။
"အနံ႕ရတယ္ မသကၤာဘူး ၊ ငါသိတယ္ေနာ္ မဟုတ္မွလြဲေရာ နင္တို႔ ......."
ဟိဏ္းဆက္၏သိတယ္ေနာ္ဟူေသာစကားေၾကာင့္ႏွစ္ေယာက္စလုံးမ်က္လုံးျပဴးသြားသည္။
"နင္တို႔ႏွစ္ေယာက္တြဲေနၾကတာမလား"
"ဟားဟား!!! ဟားဟား!!!"
ဟိဏ္းဆက္၏စကားေၾကာင့္ႏွစ္ေယာက္စလုံးရယ္ၾကရပါေတာ့သည္။
"ဟားဟား ငါ့ညီရာ ဘယ္လိုေတာင္ေျပာလိုက္တာလဲ"
"အဆက္ နင္ဦးေႏွာက္မွေကာင္းေသးရဲ႕လား ဟားဟား"
"မသိဘူးေလဟာ ၊ နင္တို႔ကငါ့ကိုပယ္ၿပီးႏွစ္ေယာက္တည္းတတြဲတြဲလုပ္ေနတာေလ"
"အမယ္ နင္က်ေတာ့ေရာဘာထူးလဲ ၊ အစ္ကိုဟိန္းသူအနားကခြာလို႔လား"
"ခြာလို႔မရဘူး ၊ ငါခြာရင္ေကာင္မေလးေတြေရာက္လာေရာ ၊ မျဖစ္ဘူး ၊ အပါမခံနိုင္ဘူး ၊ အခုလည္းေကာင္မေလးေတြေရာက္ေနၿပီလားမသိဘူး ၊ ငါသြားေတာ့မယ္"
ဟိဏ္းဆက္ေမဂ်ာေဈးဆိုင္ေလးဆီသို႔အေျပးျပန္သြားျပန္သည္။ဟိဏ္းဆက္ေရာက္သြားသည့္အခါဟိန္းသူသည္ထိုေနရာတြင္ရွိမေနေတာ့ပါ။
"ဟင္ ဘယ္ေရာက္သြားတာလဲ ၊ မဟုတ္မွလြဲေရာေကာင္မေလးေတြမ်ား ၊ မရဘူးေနာ္ ၊ အစ္ကိုဟိန္းသူကအဆက္အပိုင္ပဲ"
ေဘးနားတြင္ရွိေနေသာစီနီယာတစ္ေယာက္ကိုလက္တို႔ၿပီးေမးလိုက္သည္။
"အစ္ကို အစ္ကို ကိုဟိန္းသူဘယ္ေရာက္သြားတာလဲ"
"ခုဏက ေကာင္မေလးတစ္ေယာက္လာေခၚသြားတယ္ ၊ အေဆာင္ကိုဆိုလားဘာလားပဲ ၊ ဘယ္သူဘာျဖစ္လိုလားပဲ အစ္ကိုလည္းေသခ်ာမသိဘူး"
ေကာင္မေလးတဲ့လား။မရဘူး မရဘူး။မေပးနိုင္ဘူး။အစ္ကိုဟိန္းသူကဟိဏ္းဆက္အပိုင္။
သူ႕ကိုေျပာျပေပးသည့္အစ္ကို႔ကိုေတာင္ေက်းဇူးပါလို႔မေျပာနိုင္ဘဲအေဆာင္ဘက္သို႔အျမန္ေျပးျပန္သည္။အေဆာင္ထဲသို႔ေျပးဝင္သြားသည့္အခါဟိန္းသူကိုလွမ္းေတြ႕လိုက္သည္။သို႔ေသာ္ဟိန္းသူတစ္ေယာက္တည္းေတာ့မဟုတ္ပါ။ဟိန္းသူ၏ေဘးနားတြင္ဟိန္းသူကိုယ္တိုင္တြဲလာေပးသည့္မိန္းကေလးတစ္ေယာက္လည္းပါေနပါေသးသည္။ထိုမိန္းကေလးသည္ဟိဏ္းဆက္၏အခန္းထဲမွမိန္းကေလးECၿမိဳင္နံ႕သာျဖစ္ေနသည္။
"ကိုဟိန္း!!!"
"ညီ!"
ဆက္ရန္
ဇာတ္လမ္းေလးကေကာင္းရဲ႕လား။ဒါဒါေလးေတြအားေပးၾကဦးေနာ္ ။ေအာက္ကၾကယ္ေလးကိုလည္းႏွိပ္သြားၾကဦး💚ဖတ္ေပးၾကတဲ့ဒါဒါေလးေတြအားလုံးsaranghae💚