Unicode
"ညီ!!!!!"
ပိုင်ဇေနဲ့ကေသွယ့်ဆီမှအသံပြိုင်တူထွက်လာသည်။
ဟိန်းသူကြောင်တောင်တောင်ဖြင့်ပိုင်ဇေနဲ့ကေသွယ့်ကိုကြည့်မိသည်။သူခေါ်တာမှားများသွားလေသလား။ထူးဆန်းသွားလေသလား။ကိုယ့်ညီအရွယ်မို့လို့ညီလို့ခေါ်သည်။မိန်းကလေးဆိုညီမလို့ခေါ်သည်။ဒါမျိုးတွေကခေါ်နေကျတွေပဲ ထူးဆန်းသွားလေသလား။
ညီလို့တကယ်ကြီးကိုခေါ်တာပဲ။ကျွန်တော်သဘောကျတယ်။ရေခဲတုံးကြီးရေ ကျွန်တော်ခင်ဗျားကိုသဘောကျတယ်။
ဟိန်းသူသည်ကန်တင်းထဲမှအရင်ထွက်သွားလေသည်။ဟိဏ်းသစ်သည်လည်းခုံပေါ်ကလွယ်အိတ်လေးဆွဲယူပြီးဟိန်းသူအနောက်မှလိုက်သွားခဲ့သည်။ပိုင်ဇေနှင့်ကေသွယ်တို့သည်ပါးစပ်ကလေးများဟပြီးကျန်ခဲ့ကြတော့သည်။
"ညီမ အစ်ကိုနားကြားမှားသွားတာလား"
"မဟုတ်ဘူးအစ်ကို ၊ ညီလို့ခေါ်လိုက်တာ ညီမလည်းကြားတယ်"
"ကမ္ဘာကြီးဇောက်ထိုးဖြစ်သွားတာများလားညီမ"
"မဖြစ်ဘူးအစ်ကို ၊ ညီမတို့မတ်မတ်ထိုင်နိုင်နေသေးတယ်"
"ဒါဆိုအစ်ကိုတို့Supportလိုက်ရအောင်"
"အိုးမိုင်ဂေါ့! အစ်ကိုက Fundanshi(ဖူဒန်းရှီ)ပါလို့တော့မပြောနဲ့နော်"
"အစ်ကိုမပြောဘူးလေ ၊ ညီမပြောလိုက်ပြီပဲ"
"အိုက်စ်!!! ရိုက်လိုက်ပါဦး"
ပိုင်ဇေနဲ့ကေသွယ်လက်ဝါးချင်းရိုက်ပြီးပါးစပ်မစိနိုင်ဖြစ်နေကြသည်။
"ကိုဟိန်း ဘယ်သွားမလို့လဲဟင်"
ဟိဏ်းဆက်ခပ်လန့်လန့်ဖြင့်မေးလိုက်ရသည်။ဟိန်းသူဘက်ကပြန်မဖြေမှာကိုလည်းသူအရမ်းစိုးရိမ်နေသည်။
"ပွဲအတွက်အတွက် ကြက်ဆီထမင်းသွားမှာမလို့"
တကယ်ကြီးပြန်ဖြေတယ်။အစ်ကိုဟိန်းသူကငါ့ကိုစကားပြန်ပြောတယ်။အိမ်မက်မဟုတ်ဘူးမလား။
"ကိုဟိန်း တစ်ခုလောက်မေးလို့ရမလားဟင်"
ဟိန်းသူသည်ဟိဏ်းဆက်ကိုမကြည့်ဘဲခေါင်းညိတ်ပြလိုက်သည်။
"ကိုဟိန်းမှာရည်းစားရှိလားဟင်"
ဟိန်းသူဟက်ခနဲရယ်လိုက်သည်။ဟိဏ်းဆက်ဘက်ကိုလှည့်ကြည့်ကာခေါင်းကိုခါရမ်းပြလိုက်သည်။ဟိန်းသူ၏အဖြေသည်ဟိဏ်းဆက်၏ရင်ထဲတွင်ပန်းပေါင်းအကန့်အသတ်မရှိပွင့်သွားစေသည်။
"ကျွန်တော်လည်းမရှိဘူး"
"ဘာကိုလဲ"
"ရည်းစားလေ"
"ဪ....."
ဟိန်းသူနှင့်ဟိဏ်းဆက်တို့ကုန်းထက်ကြက်ဆီထမင်းဆိုင်သို့ရောက်လာသည်။ဟိန်းသူသည်ကားပေါ်မှအရင်ဆင်းသွားသည်။
"ကိုဟိန်း စောင့်ဦးလေ ၊ ဒီလူတော့နော် စိတ်လျော့ စိတ်လျော့"
ဟိဏ်းဆက်သည်လည်းကားပေါ်ကနေအမြန်ဆင်းပြီလိုက်ရသည်။ဆိုင်ကဝန်ထမ်းနှင့်မှာစရာရှိတာမှာနေသည့်ဟိန်းသူကိုဟိဏ်းဆက်ထိုင်ကြည့်နေသည်။
စကားပြောပုံကအစခန့်နေတာပဲ။တော်တော်လည်းပြုစားနိုင်တယ်။
"သွားမယ်"
"ဟင်! ပြီးသွားပြီလား ၊ မြန်လိုက်တာ"
ဟိန်းသူကိုငေးကောင်းကောင်းဖြင့်ငေးနေသည့်ဟိဏ်းဆက်သည်ဟိန်းသူပြန်လာတာတောင်မသိလိုက်ဖြစ်သွားရသည်။
"ကိုဟိန်း ကိုဟိန်း!!!"
ဟိန်းသူကိုဟိဏ်းဆက်ခေါ်နေသော်လည်းဟိန်းသူသည်အနောက်ကိုတစ်ချက်ပင်လှည့်မကြည့်ကားရှိရာဆီသို့လျှောက်သွားသည်။
"မောလိုက်တာဗျာ"
"ဖြည်းဖြည်းလာပါလား ၊ မထားခဲ့ပါဘူး"
"ပြောလို့ဘယ်ရမလဲ ၊ ခင်ဗျားကစိတ်မှန်တာမှမဟုတ်တာ"
ဟိန်းသူ၏သူ့ကိုစိုက်ကြည့်သောအကြည့်ကြောင့်ဟိဏ်းဆက်သွားတွေအကုန်ပေါ်သည်အထိဖြီးပြလိုက်သည်။
"ဟဲဟဲ နောက်တာ နောက်တာ ၊ တက် တက် ပြန်ရအောင်"
ဟိဏ်းဆက်သည်ခပ်တည်တည်ဖြင့်ကားထဲအရင်ဝင်ထိုင်နေလိုက်သည်။ဟိန်းသူသည်လည်းကားထဲဝင်လာပြီးဟိဏ်းဆက်ဘက်သို့လှည့်ကာရုတ်တရက်အနားကပ်လာသည်။
"ဘာ ဘာ ဘာလုပ်မလို့လဲ"
ဟိဏ်းဆက်တစ်ယောက်မျက်နှာကြီးနီရဲကာစကားတွေလည်းထစ်ကုန်ပါတော့သည်။
"ဘာတွေစိတ်ကူးယဉ်နေတာလဲ ၊ မင်းခါးပတ်မပတ်ဘဲထိုင်နေတာလေ ၊ ဒဏ်ငွေဆောင်ချင်လို့လား"
ငါဇာတ်လမ်းတွေကြည့်တာတော်တော်များသွားပြီပဲ။
အနက်ရောင်ကားလေးတစ်စီးသည်လမ်းမထက်တွင်ပြေးလွှားနေစဉ်ကားထဲမှလူနှစ်ဦးကတော့တိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။
"ခင်ဗျာ!!! အစ်ကိုတို့ဘာပြောလိုက်တယ်"
"ဪ အစီအစဉ်တင်ဆက်သူမိန်းကလေးနေရာကလုပ်ပေးပါလို့"
"အစ်ကိုတို့ကလည်းဗျာ ကျွန်တော်ကယောကျာ်းဗျ ၊ ဘာလို့မိန်းကလေးလိုဝတ်ရမှာလဲ"
"ဒါကဒီလိုရှိပါတယ် ၊ ပွဲလေးကိုဆန်းကြယ်သွားအောင်လို့လုပ်လိုက်တာပါ ၊ အရင်နှစ်တွေတုန်းကရိုးနေလို့ ဆန်းသွားအောင်လို့ပါ"
"ကျွန်တော်လက်မခံပါရစေနဲ့အစ်ကိုတို့ရယ်"
"မင်းအစ်ကိုတို့ပြောတာလက်ခံရင်Lolipopတွေအများကြီးရမှာနော် ၊ အတွေးမမှားနဲ့ကောင်လေး"
Lolipopလို့ပြောလိုက်လျှင်သံစတွေကိုသံလိုက်ဖြင့်ဆွဲယူလိုက်သည့်ပမာဟိဏ်းဆက်တို့ကပ်ပါသွားတော့သည်။
"တစ်ခါပဲနော်အစ်ကိုတို့ တစ်ခါပဲလုပ်မှာနော်"
"ဟုတ်ပါတယ် ၊ တစ်ခါတည်းပါပဲငါ့ညီရာသဘောတူတယ်မလား"
"Cool!"
ဟိန်းသူသည်အစည်းအဝေးတွင်ပါသော်လည်းထိုင်ခုံမှာအေးဆေးထိုင်လျက်အခြားသူတွေပြောသည်များကိုလက်ပိုက်ကာနားထောင်နေသည်။ဟိဏ်းဆက်အတွက်မိတ်ကပ်ကိုကေသွယ်ကတာဝန်ယူလိုက်သည်။အဝတ်အစားအပိုင်းကတော့စီနီယာမမတွေကတာဝန်ယူထားပေးသည်။
ပွဲမတိုင်ခင်ညတွင်Geoupထဲ၌ဆူညံလို့နေသည်။
မင်းလွင် - ဘာ! မင်းကမိန်းကလေးလိုလုပ်ရမယ်ဟုတ်လား
ကျော်စွာ - သားကြီးဘဝပြောင်းသွားတာကွန်ကွန်ကွာ
မြင့်မြတ် - မိုက်တယ်သားရေမာမီအားပေးနေမယ်
ဟိဏ်းဆက်ကတော့တစ်ယောက်တည်းသီးသန့်Groupထဲတွင်ထိုင်ဆဲနေပါတော့သည်။
Groupထဲမှာဆူညံနေတာထိုလေးယောက်သာဖြစ်သည်။ဟိန်းသူကတော့ထုံးစံအတိုင်းထိုင်သာကြည့်နေသည်။
ပွဲနေ့တွင်ဟိဏ်းဆက်သည်အိမ်မှာစောစောလေးထွက်လာခဲ့ရသည်။စီနီယာအစ်ကိုတွေကပွဲချိန်နီးမှအဝတ်အစားနဲ့ဖိနပ်ကိုဟိဏ်းဆက်ဆီသို့လာပေးသည်။
"အစ်ကိုတို့ကလည်းဗျာ နောက်ကျလိုက်တာ"
"ဆောရီး ကားပိတ်နေလို့ပါကွာ ရော့"
ဂါဝန်အပြာရောင်လေးနဲ့ဖိနပ်အနက်ကလေးလှမ်းပေးလာသည်။
"အစ်ကိုတို့ ဒေါက်ဖိနပ်ကြီးလား"
"အေးလေ ၊ ဒီဂါဝန်ဝတ်မှတော့ ဒီဖိနပ်စီးရမှာပေါ့ ၊ ဘာလဲ ယုဝဖိနပ်အပါးစီးချင်လို့လား"
"အစ်ကိုတို့ကလည်း စင်ပေါ်မှာချော်လဲနေမှဖြင့်"
"စိတ်ချ စင်ပေါ်မှာလဲရင်အကိုတို့အပြေးရောက်လာမယ်"
"အစ်ကိုတို့......."
"ဘာလဲ ဘာဖြစ်ပြန်ပြီလဲ"
"ဂါဝန်ကတိုမနေဘူးလားဟင်"
"ဟာ ငါ့ညီရာ အရမ်းစကားများတာပဲ ၊ ဟိုမှာကြည့်စမ်း ၊ Lolipopတွေနော် အတွေးမမှားနဲ့"
အလှခြင်းလေးထဲအပြည့်ထည့်ထားတဲ့lolipopတွေကိုမြင်တော့ဟိဏ်းဆက်လုံးဝမငြင်းတော့ဘဲအဝတ်လဲရန်အခန်းထဲဝင်သွားတော့သည်။ခဏအကြာတွင်ဟိဏ်းဆက်ပြန်ထွက်လာသည်။အနားမှာရှိသမျှလူအကုန်ဟိဏ်းဆက်ဆီမှအကြည့်မလွှဲနိုင်ကြတော့သည်အထိဖြစ်သွားကြသည်။အပြာရောင်ဂါဝန်လေးနဲ့ဆံပင်အတုကwaveပုံစံလေးနဲ့ကျောလယ်လောက်ရှိသည်။မိတ်ကပ်ပါးပါး၊ပန်းနုရောင်နှုတ်ခမ်းမထူမပါးလေးကဟိဏ်းဆက်ကိုပို၍ပေါ်လွင်စေသည်။လှပါတယ်၊ချစ်ဖို့ကောင်းလွန်းပါတယ်ဆိုတဲ့မိန်းကလေးတွေပင်လက်မြှောက်အရှုံးပေးရနိုင်သည်။ဖိနပ်ကိုမစီးသေးဘဲဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်ထားသည်။ဂါဝန်ကဟိဏ်းဆက်အတွက်တိုနေသည့်အခါဟိုဆွဲဖုံးလိုက်ဒီဆွဲဖုံးလိုက်ဖြစ်နေသည်။ကေသွယ်သည်ဟိဏ်းဆက်အနားသို့ကပ်ပြီးပြောလိုက်သည်။
"အဆက် နင့်ကိုတွေ့ရင်လေ ဟိုလူကြီးကြွေကျသွားမှာသိလား"
"ဟုတ်လို့လားကေသွယ်ရာ ၊ ငါ့ကိုအထင်သေးသွားရင်ဘယ်လိုလုပ်မလဲ"
"မသေးဘူးစိတ်ချ ၊ သူလည်းသိတာပဲ စီနီယာတွေခိုင်းလို့လုပ်ရတယ်ဆိုတာသူလည်းအသိပဲဟာ ၊ နင့်ကိုကြွေသွားမှာ"
"အေးပါ ၊ နင်ကိုဟိန်းရဲ့အခြေအနေလေးတော့ကြည့်ထားပေးပါဦးနော်"
"အေးပါ စိတ်ချ ဖိနပ်စီး ၊ သွားတော့ ပွဲစတော့မယ်"
"အင်း"
ဟိဏ်းဆက်သည်မစီးချင်သည့်ဖိနပ်ကလေးကိုစီးကာစင်ပေါ်သို့တက်သွားသည်။ဟိဏ်းဆက်စင်ပေါ်ရောက်လာသည်နှင့်အောက်ကကျောင်းသူကျောင်းသားတွေကထအော်တော့သည်။
"အားလုံးပဲမင်္ဂလာပါခင်ဗျာ အဲလေ ရှင်"
ခန်းမတစ်ခုလုံးဝက်ဝက်ကွဲရယ်ကြပါတော့သည်။ဟိဏ်းဆက်သည်အစီအစဉ်တွေကိုပါးစပ်ကရွတ်ပြနေသော်လည်းမျက်လုံးကတော့ဟိန်းသူကိုရှာနေမိသည်။ဟိန်းသူသည်စင်ဘေးနားမှသူ့ကိုကြည့်နေခဲ့သည်ဆိုတာကိုဟိဏ်းဆက်မသိနိုင်ခဲ့ပါ။မတ်တပ်ရပ်နေရသည့်အချိန်ကြာလာသည်နှင့်အမျှဟိဏ်းဆက်၏ခြေထောက်ကတဖြည်းဖြည်းနဲ့နာကျင်လာသည်။ဖျော်ဖြေရေးတွေစသည်နှင့်စင်ပေါ်မှဆင်းလာသောဟိဏ်းဆက်သည်ဟိန်းသူနှင့်တန်းတိုးပါတော့သည်။
"ကိုဟိန်း!"
"ခြေထောက်အဆင်ပြေလား"
"နည်းနည်းတော့နာတယ်"
"ဒီမှာထိုင်လိုက်"
အနီးနားရှိမှာရှိသည့်ခုံလေးကိုဆွဲယူလိုက်ပြီးဟိဏ်းဆက်ကိုထိုင်စေလိုက်သည်။ဟိန်းသူသည်ဟိဏ်းဆက်ရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်သည်။ခြေထောက်ကဖိနပ်ကလေးကိုဟိန်းသူချွတ်မည်လုပ်စဥ်ဟိဏ်းဆက်သည်သူ့လက်ကလေးနဲ့လှမ်းတားရှာသည်။
"အစ်ကိုမလုပ်နဲ့ ၊ ကျွန်တော်ငရဲကြီးမယ်"
"ကိုယ်စကားများတာမုန်းတယ်ညီ တိတ်တိတ်နေ"
ဟိဏ်းဆက်ကိုမော့မကြည့်ဘဲဟိန်းသူပြောလိုက်သည်။ဖိနပ်ကိုချွတ်လိုက်သည့်အခါခြေချောင်းထိပ်လေးတွေကနီရဲနေသည်။ဘောင်းဘီအိတ်ထဲမှဆေးဘူးလေးကိုထုတ်ပြီးဆေးလိမ်းပေးလိုက်သည်။
"ဘာလို့မငြင်းတာလဲ"
"ငြင်းလို့မှမရတာ ၊ Lolipopတွေကအရှေ့မှာလေ"
"ကိုယ့်ဘာသာကိုယ်ဝယ်စားလည်းရတာပဲ"
"မတူဘူးလေ ၊ ဒါကခြင်းလိုက်ကြီးရတာ ၊ ကျွန်တော်ဝယ်စားရင်တစ်ချောင်းပဲလေ ၊ အခုကကျအများကြီးဗျ"
"ရပြီ ဆေးလိမ်းပေးထားတယ် ၊ ဖိနပ်မစီးနဲ့ဦး"
"ဟုတ် ကျေးဇူးပါကိုဟိန်း"
ကေသွယ်သည်ဆေးဗူးကလေးအပြေးဝယ်လာပြီးဟိဏ်းဆက်အနားကိုအပြေးလာပါသည်။သို့သော်ဟိန်းသူရှိနေသည်ကိုလှမ်းမြင်လိုက်သောကြောင့်ပြန်ထွက်သွားခဲ့သည်။ဟိန်းသူလှည့်ထွက်မယ်ကြံတော့ဟိဏ်းဆက်ကလက်ကိုလှမ်းဆွဲလိုက်သည်။
"ဘယ်သွားမလို့လဲအစ်ကို"
"စားဖို့အတွက်စီစဉ်ပေးရဦးမယ်"
ဟိဏ်းဆက် သူဆွဲထားတဲ့ဟိန်းသူရဲ့လက်ကိုလွှတ်လိုက်သည်။ဟိန်းသူလည်းကျောခိုင်းကာထွက်သွားခဲ့သည်။
ကိုယ်တဲ့ ကိုယ်တဲ့ ပျော်လိုက်တာ။အစ်ကိုက ကိုယ်လို့ပြောသွားတယ်။
"ဟဲ့ အဆက်"
ဟိန်းသူထွက်သွားသည့်အခါမှကေသွယ်ရောက်လာလေသည်။
"ရောက်လာသေးတယ်နော်အမ"
"အမယ် နင်စင်ပေါ်ကဆင်းကတည်းကငါလာပါတယ်နော် ၊ နင့်လူကြီးရှိနေတာမြင်လို့တမင်ရှောင်ပေးတာ"
"အဲ့လိုလား ၊ အဲ့လိုဆိုရင်တော့ ကျေးဇူး"
"အေးပါအေ ၊ ဘယ်လိုလဲအခြေအနေ"
"တိုးတက်တယ် တိုးတက်တယ် ၊ အစ်ကိုက ကိုယ်လို့သုံးပြီးပြောသွားတယ်"
"ဟယ် သောက်ကျိုးနည်းတိုးတက်တာပဲ ၊ ဆန်းလားမသာလေးရဲ့ အဲ့တာဆန်းလား ၊ အစ်ကိုပိုင်ဇေတို့တောင် တစ်ခါတစ်လေအဲ့လိုသုံးတာပဲ"
"မရဘူး ငါ့အတွက်တော့ဆန်းတယ်"
"အေးပါဟယ် စိတ်ချမ်းသာရင်ပြီးရော"
ကေသွယ်ပြောတာမှန်ပါတယ်။ဒါပေမဲ့ရေခဲတုံးလိုလူမျိုးကြီးကပြောသွားတာကတော့တကယ်ကိုဆန်းပါသည်။ပြီးတော့အဲ့လူကကျွန်တော်သဘောကျရတဲ့သူဖြစ်နေလို့ပိုလို့တောင်ဆန်းပါသေးသည်။
"ငါသွားလိုက်ဦးမယ်နော် ၊ ကောင်းကောင်းနေခဲ့ ဘိုင့်ဘိုင်"
ကေသွယ်တစ်ယောက်ဟိဏ်းဆက်ကိုလက်ပြနှုတ်ဆက်ကာ ခန်းမထဲသို့ပြန်ဝင်သွားသည်။
ဟိန်းသူယနေ့ကျောင်းလာတာနောက်ကျနေသည်။သူရောက်သည့်အခါပွဲကစနေပြီဖြစ်သည်။စင်ပေါ်တွင်ရပ်နေသောကောင်မလေးကိုသူလှမ်းမြင်သည်။လှသည် ၊ ချစ်ဖို့ကောင်းသည်။ထိုမိန်းကလေးကိုဟိဏ်းဆက်မှန်းလည်းသူသိပါသည်။သို့သော်ဟိန်းသူဆက်၍ငေးကြည့်နေမိသည်။စင်ပေါ်တွင်ဒေါက်မြင့်ဖိနပ်ကလေးနဲ့အချိန်အကြာကြီးမတ်တပ်ရပ်စကားပြောနေရသည့်ဟိဏ်းဆက်၏ထောက်ကလေးတွေတစ်ချက်တစ်ချက်ယိုင်သွားသည်ကိုဟိန်းသူသတိထားမိလာသည်။ဟိန်းသူပွဲမပြီးခင်အတွင်းဆေးသွားဝယ်ထားလိုက်သည်။ဟိဏ်းဆက်ကိုလည်းသူကိုယ်တိုင်ပင်ဆေးလိမ်းပေးမိသည်။သူဘာတွေလုပ်နေမိတာလဲ။သူအခုလိုအခြားသူစိမ်းတစ်ယောက်အပေါ်ဂရုမစိုက်ခဲ့တာနှစ်တွေကြာခဲ့ပြီ။သူ့စိတ်တွေဘာတွေဖြစ်နေတာလဲ။သူကိုယ်တိုင်လည်းဖြေရှင်း၍မရပါ။ဟိဏ်းဆက်ရဲ့ပြင်ဆင်ထားသည့်ပုံစံလေးတွေ ၊ စင်ပေါ်ကဆင်းလာသည့်အခါမျက်လုံးချင်းစုံမိသည့်အခိုက်အတန့်ခဏလေးအတွင်းမှာသူ့ရင်တွေအတိုင်းအဆမရှိခုန်နေပါတော့သည်။
ဆက်ရန်
ဝင့်လွှာဒီအပိုင်းကိုပြန်dateလိုက်ပါတယ်။ညကဒိတ်တုန်းကအပိုင်းကအပြည့်မပါခဲ့ပါဘူး။ဝင့်လွှာတကယ်တောင်းပန်ပါတယ်။ဒါဒါလေးတွေခွင့်လွှတ်ပေးကြပါနော်။အပိုင်းကိုပြန်မစစ်မိတဲ့ဝင့်လွှာရဲ့အမှားပါ။ဒီficလေးကိုအားပေးကြပါဦးနော်💚ဒီficလေးကိုလည်းပေါ့ပေါ့ပါးပါးလေးပဲသွားကြတာပေါ့နော်💚။ဒါဒါလေးတွေအားလုံးsaranghae💚
Zawgyi
"ညီ!!!!!"
ပိုင္ေဇနဲ႕ေကသြယ့္ဆီမွအသံၿပိဳင္တူထြက္လာသည္။
ဟိန္းသူေၾကာင္ေတာင္ေတာင္ျဖင့္ပိုင္ေဇနဲ႕ေကသြယ့္ကိုၾကည့္မိသည္။သူေခၚတာမွားမ်ားသြားေလသလား။ထူးဆန္းသြားေလသလား။ကိုယ့္ညီအ႐ြယ္မို႔လို႔ညီလို႔ေခၚသည္။မိန္းကေလးဆိုညီမလို႔ေခၚသည္။ဒါမ်ိဳးေတြကေခၚေနက်ေတြပဲ ထူးဆန္းသြားေလသလား။
ညီလို႔တကယ္ႀကီးကိုေခၚတာပဲ။ကြၽန္ေတာ္သေဘာက်တယ္။ေရခဲတုံးႀကီးေရ ကြၽန္ေတာ္ခင္ဗ်ားကိုသေဘာက်တယ္။
ဟိန္းသူသည္ကန္တင္းထဲမွအရင္ထြက္သြားေလသည္။ဟိဏ္းသစ္သည္လည္းခုံေပၚကလြယ္အိတ္ေလးဆြဲယူၿပီးဟိန္းသူအေနာက္မွလိုက္သြားခဲ့သည္။ပိုင္ေဇႏွင့္ေကသြယ္တို႔သည္ပါးစပ္ကေလးမ်ားဟၿပီးက်န္ခဲ့ၾကေတာ့သည္။
"ညီမ အစ္ကိုနားၾကားမွားသြားတာလား"
"မဟုတ္ဘူးအစ္ကို ၊ ညီလို႔ေခၚလိုက္တာ ညီမလည္းၾကားတယ္"
"ကမာၻႀကီးေဇာက္ထိုးျဖစ္သြားတာမ်ားလားညီမ"
"မျဖစ္ဘူးအစ္ကို ၊ ညီမတို႔မတ္မတ္ထိုင္နိုင္ေနေသးတယ္"
"ဒါဆိုအစ္ကိုတို႔Supportလိုက္ရေအာင္"
"အိုးမိုင္ေဂါ့! အစ္ကိုက Fundanshi(ဖူဒန္းရွီ)ပါလို႔ေတာ့မေျပာနဲ႕ေနာ္"
"အစ္ကိုမေျပာဘူးေလ ၊ ညီမေျပာလိုက္ၿပီပဲ"
"အိုက္စ္!!! ရိုက္လိုက္ပါဦး"
ပိုင္ေဇနဲ႕ေကသြယ္လက္ဝါးခ်င္းရိုက္ၿပီးပါးစပ္မစိနိုင္ျဖစ္ေနၾကသည္။
"ကိုဟိန္း ဘယ္သြားမလို႔လဲဟင္"
ဟိဏ္းဆက္ခပ္လန႔္လန႔္ျဖင့္ေမးလိုက္ရသည္။ဟိန္းသူဘက္ကျပန္မေျဖမွာကိုလည္းသူအရမ္းစိုးရိမ္ေနသည္။
"ပြဲအတြက္အတြက္ ၾကက္ဆီထမင္းသြားမွာမလို႔"
တကယ္ႀကီးျပန္ေျဖတယ္။အစ္ကိုဟိန္းသူကငါ့ကိုစကားျပန္ေျပာတယ္။အိမ္မက္မဟုတ္ဘူးမလား။
"ကိုဟိန္း တစ္ခုေလာက္ေမးလို႔ရမလားဟင္"
ဟိန္းသူသည္ဟိဏ္းဆက္ကိုမၾကည့္ဘဲေခါင္းညိတ္ျပလိုက္သည္။
"ကိုဟိန္းမွာရည္းစားရွိလားဟင္"
ဟိန္းသူဟက္ခနဲရယ္လိုက္သည္။ဟိဏ္းဆက္ဘက္ကိုလွည့္ၾကည့္ကာေခါင္းကိုခါရမ္းျပလိုက္သည္။ဟိန္းသူ၏အေျဖသည္ဟိဏ္းဆက္၏ရင္ထဲတြင္ပန္းေပါင္းအကန႔္အသတ္မရွိပြင့္သြားေစသည္။
"ကြၽန္ေတာ္လည္းမရွိဘူး"
"ဘာကိုလဲ"
"ရည္းစားေလ"
"ဪ....."
ဟိန္းသူႏွင့္ဟိဏ္းဆက္တို႔ကုန္းထက္ၾကက္ဆီထမင္းဆိုင္သို႔ေရာက္လာသည္။ဟိန္းသူသည္ကားေပၚမွအရင္ဆင္းသြားသည္။
"ကိုဟိန္း ေစာင့္ဦးေလ ၊ ဒီလူေတာ့ေနာ္ စိတ္ေလ်ာ့ စိတ္ေလ်ာ့"
ဟိဏ္းဆက္သည္လည္းကားေပၚကေနအျမန္ဆင္းၿပီလိုက္ရသည္။ဆိုင္ကဝန္ထမ္းႏွင့္မွာစရာရွိတာမွာေနသည့္ဟိန္းသူကိုဟိဏ္းဆက္ထိုင္ၾကည့္ေနသည္။
စကားေျပာပုံကအစခန႔္ေနတာပဲ။ေတာ္ေတာ္လည္းျပဳစားနိုင္တယ္။
"သြားမယ္"
"ဟင္! ၿပီးသြားၿပီလား ၊ ျမန္လိုက္တာ"
ဟိန္းသူကိုေငးေကာင္းေကာင္းျဖင့္ေငးေနသည့္ဟိဏ္းဆက္သည္ဟိန္းသူျပန္လာတာေတာင္မသိလိုက္ျဖစ္သြားရသည္။
"ကိုဟိန္း ကိုဟိန္း!!!"
ဟိန္းသူကိုဟိဏ္းဆက္ေခၚေနေသာ္လည္းဟိန္းသူသည္အေနာက္ကိုတစ္ခ်က္ပင္လွည့္မၾကည့္ကားရွိရာဆီသို႔ေလွ်ာက္သြားသည္။
"ေမာလိုက္တာဗ်ာ"
"ျဖည္းျဖည္းလာပါလား ၊ မထားခဲ့ပါဘူး"
"ေျပာလို႔ဘယ္ရမလဲ ၊ ခင္ဗ်ားကစိတ္မွန္တာမွမဟုတ္တာ"
ဟိန္းသူ၏သူ႕ကိုစိုက္ၾကည့္ေသာအၾကည့္ေၾကာင့္ဟိဏ္းဆက္သြားေတြအကုန္ေပၚသည္အထိၿဖီးျပလိုက္သည္။
"ဟဲဟဲ ေနာက္တာ ေနာက္တာ ၊ တက္ တက္ ျပန္ရေအာင္"
ဟိဏ္းဆက္သည္ခပ္တည္တည္ျဖင့္ကားထဲအရင္ဝင္ထိုင္ေနလိုက္သည္။ဟိန္းသူသည္လည္းကားထဲဝင္လာၿပီးဟိဏ္းဆက္ဘက္သို႔လွည့္ကာ႐ုတ္တရက္အနားကပ္လာသည္။
"ဘာ ဘာ ဘာလုပ္မလို႔လဲ"
ဟိဏ္းဆက္တစ္ေယာက္မ်က္ႏွာႀကီးနီရဲကာစကားေတြလည္းထစ္ကုန္ပါေတာ့သည္။
"ဘာေတြစိတ္ကူးယဥ္ေနတာလဲ ၊ မင္းခါးပတ္မပတ္ဘဲထိုင္ေနတာေလ ၊ ဒဏ္ေငြေဆာင္ခ်င္လို႔လား"
ငါဇာတ္လမ္းေတြၾကည့္တာေတာ္ေတာ္မ်ားသြားၿပီပဲ။
အနက္ေရာင္ကားေလးတစ္စီးသည္လမ္းမထက္တြင္ေျပးလႊားေနစဥ္ကားထဲမွလူႏွစ္ဦးကေတာ့တိတ္ဆိတ္ၿငိမ္သက္စြာလိုက္ပါလာခဲ့သည္။
"ခင္ဗ်ာ!!! အစ္ကိုတို႔ဘာေျပာလိုက္တယ္"
"ဪ အစီအစဥ္တင္ဆက္သူမိန္းကေလးေနရာကလုပ္ေပးပါလို႔"
"အစ္ကိုတို႔ကလည္းဗ်ာ ကြၽန္ေတာ္ကေယာက်ာ္းဗ် ၊ ဘာလို႔မိန္းကေလးလိုဝတ္ရမွာလဲ"
"ဒါကဒီလိုရွိပါတယ္ ၊ ပြဲေလးကိုဆန္းၾကယ္သြားေအာင္လို႔လုပ္လိုက္တာပါ ၊ အရင္ႏွစ္ေတြတုန္းကရိုးေနလို႔ ဆန္းသြားေအာင္လို႔ပါ"
"ကြၽန္ေတာ္လက္မခံပါရေစနဲ႕အစ္ကိုတို႔ရယ္"
"မင္းအစ္ကိုတို႔ေျပာတာလက္ခံရင္Lolipopေတြအမ်ားႀကီးရမွာေနာ္ ၊ အေတြးမမွားနဲ႕ေကာင္ေလး"
Lolipopလို႔ေျပာလိုက္လွ်င္သံစေတြကိုသံလိုက္ျဖင့္ဆြဲယူလိုက္သည့္ပမာဟိဏ္းဆက္တို႔ကပ္ပါသြားေတာ့သည္။
"တစ္ခါပဲေနာ္အစ္ကိုတို႔ တစ္ခါပဲလုပ္မွာေနာ္"
"ဟုတ္ပါတယ္ ၊ တစ္ခါတည္းပါပဲငါ့ညီရာသေဘာတူတယ္မလား"
"Cool!"
ဟိန္းသူသည္အစည္းအေဝးတြင္ပါေသာ္လည္းထိုင္ခုံမွာေအးေဆးထိုင္လ်က္အျခားသူေတြေျပာသည္မ်ားကိုလက္ပိုက္ကာနားေထာင္ေနသည္။ဟိဏ္းဆက္အတြက္မိတ္ကပ္ကိုေကသြယ္ကတာဝန္ယူလိုက္သည္။အဝတ္အစားအပိုင္းကေတာ့စီနီယာမမေတြကတာဝန္ယူထားေပးသည္။
ပြဲမတိုင္ခင္ညတြင္Geoupထဲ၌ဆူညံလို႔ေနသည္။
မင္းလြင္ - ဘာ! မင္းကမိန္းကေလးလိုလုပ္ရမယ္ဟုတ္လား
ေက်ာ္စြာ - သားႀကီးဘဝေျပာင္းသြားတာကြန္ကြန္ကြာ
ျမင့္ျမတ္ - မိုက္တယ္သားေရမာမီအားေပးေနမယ္
ဟိဏ္းဆက္ကေတာ့တစ္ေယာက္တည္းသီးသန႔္Groupထဲတြင္ထိုင္ဆဲေနပါေတာ့သည္။
Groupထဲမွာဆူညံေနတာထိုေလးေယာက္သာျဖစ္သည္။ဟိန္းသူကေတာ့ထုံးစံအတိုင္းထိုင္သာၾကည့္ေနသည္။
ပြဲေန႕တြင္ဟိဏ္းဆက္သည္အိမ္မွာေစာေစာေလးထြက္လာခဲ့ရသည္။စီနီယာအစ္ကိုေတြကပြဲခ်ိန္နီးမွအဝတ္အစားနဲ႕ဖိနပ္ကိုဟိဏ္းဆက္ဆီသို႔လာေပးသည္။
"အစ္ကိုတို႔ကလည္းဗ်ာ ေနာက္က်လိဳက္တာ"
"ေဆာရီး ကားပိတ္ေနလို႔ပါကြာ ေရာ့"
ဂါဝန္အျပာေရာင္ေလးနဲ႕ဖိနပ္အနက္ကေလးလွမ္းေပးလာသည္။
"အစ္ကိုတို႔ ေဒါက္ဖိနပ္ႀကီးလား"
"ေအးေလ ၊ ဒီဂါဝန္ဝတ္မွေတာ့ ဒီဖိနပ္စီးရမွာေပါ့ ၊ ဘာလဲ ယုဝဖိနပ္အပါးစီးခ်င္လို႔လား"
"အစ္ကိုတို႔ကလည္း စင္ေပၚမွာေခ်ာ္လဲေနမွျဖင့္"
"စိတ္ခ် စင္ေပၚမွာလဲရင္အကိုတို႔အေျပးေရာက္လာမယ္"
"အစ္ကိုတို႔......."
"ဘာလဲ ဘာျဖစ္ျပန္ၿပီလဲ"
"ဂါဝန္ကတိုမေနဘူးလားဟင္"
"ဟာ ငါ့ညီရာ အရမ္းစကားမ်ားတာပဲ ၊ ဟိုမွာၾကည့္စမ္း ၊ Lolipopေတြေနာ္ အေတြးမမွားနဲ႕"
အလွျခင္းေလးထဲအျပည့္ထည့္ထားတဲ့lolipopေတြကိုျမင္ေတာ့ဟိဏ္းဆက္လုံးဝမျငင္းေတာ့ဘဲအဝတ္လဲရန္အခန္းထဲဝင္သြားေတာ့သည္။ခဏအၾကာတြင္ဟိဏ္းဆက္ျပန္ထြက္လာသည္။အနားမွာရွိသမွ်လူအကုန္ဟိဏ္းဆက္ဆီမွအၾကည့္မလႊဲနိုင္ၾကေတာ့သည္အထိျဖစ္သြားၾကသည္။အျပာေရာင္ဂါဝန္ေလးနဲ႕ဆံပင္အတုကwaveပုံစံေလးနဲ႕ေက်ာလယ္ေလာက္ရွိသည္။မိတ္ကပ္ပါးပါး၊ပန္းႏုေရာင္ႏႈတ္ခမ္းမထူမပါးေလးကဟိဏ္းဆက္ကိုပို၍ေပၚလြင္ေစသည္။လွပါတယ္၊ခ်စ္ဖို႔ေကာင္းလြန္းပါတယ္ဆိုတဲ့မိန္းကေလးေတြပင္လက္ျမႇောက္အရႈံးေပးရနိုင္သည္။ဖိနပ္ကိုမစီးေသးဘဲဘယ္တစ္ဖက္ညာတစ္ဖက္ကိုင္ထားသည္။ဂါဝန္ကဟိဏ္းဆက္အတြက္တိုေနသည့္အခါဟိုဆြဲဖုံးလိုက္ဒီဆြဲဖုံးလိုက္ျဖစ္ေနသည္။ေကသြယ္သည္ဟိဏ္းဆက္အနားသို႔ကပ္ၿပီးေျပာလိုက္သည္။
"အဆက္ နင့္ကိုေတြ႕ရင္ေလ ဟိုလူႀကီးေႂကြက်သြားမွာသိလား"
"ဟုတ္လို႔လားေကသြယ္ရာ ၊ ငါ့ကိုအထင္ေသးသြားရင္ဘယ္လိုလုပ္မလဲ"
"မေသးဘူးစိတ္ခ် ၊ သူလည္းသိတာပဲ စီနီယာေတြခိုင္းလို႔လုပ္ရတယ္ဆိုတာသူလည္းအသိပဲဟာ ၊ နင့္ကိုေႂကြသြားမွာ"
"ေအးပါ ၊ နင္ကိုဟိန္းရဲ႕အေျခအေနေလးေတာ့ၾကည့္ထားေပးပါဦးေနာ္"
"ေအးပါ စိတ္ခ် ဖိနပ္စီး ၊ သြားေတာ့ ပြဲစေတာ့မယ္"
"အင္း"
ဟိဏ္းဆက္သည္မစီးခ်င္သည့္ဖိနပ္ကေလးကိုစီးကာစင္ေပၚသို႔တက္သြားသည္။ဟိဏ္းဆက္စင္ေပၚေရာက္လာသည္ႏွင့္ေအာက္ကေက်ာင္းသူေက်ာင္းသားေတြကထေအာ္ေတာ့သည္။
"အားလုံးပဲမဂၤလာပါခင္ဗ်ာ အဲေလ ရွင္"
ခန္းမတစ္ခုလုံးဝက္ဝက္ကြဲရယ္ၾကပါေတာ့သည္။ဟိဏ္းဆက္သည္အစီအစဥ္ေတြကိုပါးစပ္က႐ြတ္ျပေနေသာ္လည္းမ်က္လုံးကေတာ့ဟိန္းသူကိုရွာေနမိသည္။ဟိန္းသူသည္စင္ေဘးနားမွသူ႕ကိုၾကည့္ေနခဲ့သည္ဆိုတာကိုဟိဏ္းဆက္မသိနိုင္ခဲ့ပါ။မတ္တပ္ရပ္ေနရသည့္အခ်ိန္ၾကာလာသည္ႏွင့္အမွ်ဟိဏ္းဆက္၏ေျခေထာက္ကတျဖည္းျဖည္းနဲ႕နာက်င္လာသည္။ေဖ်ာ္ေျဖေရးေတြစသည္ႏွင့္စင္ေပၚမွဆင္းလာေသာဟိဏ္းဆက္သည္ဟိန္းသူႏွင့္တန္းတိုးပါေတာ့သည္။
"ကိုဟိန္း!"
"ေျခေထာက္အဆင္ေျပလား"
"နည္းနည္းေတာ့နာတယ္"
"ဒီမွာထိုင္လိုက္"
အနီးနားရွိမွာရွိသည့္ခုံေလးကိုဆြဲယူလိုက္ၿပီးဟိဏ္းဆက္ကိုထိုင္ေစလိုက္သည္။ဟိန္းသူသည္ဟိဏ္းဆက္ေရွ႕ဒူးတစ္ဖက္ေထာက္ကာထိုင္သည္။ေျခေထာက္ကဖိနပ္ကေလးကိုဟိန္းသူခြၽတ္မည္လုပ္စဥ္ဟိဏ္းဆက္သည္သူ႕လက္ကေလးနဲ႕လွမ္းတားရွာသည္။
"အစ္ကိုမလုပ္နဲ႕ ၊ ကြၽန္ေတာ္ငရဲႀကီးမယ္"
"ကိုယ္စကားမ်ားတာမုန္းတယ္ညီ တိတ္တိတ္ေန"
ဟိဏ္းဆက္ကိုေမာ့မၾကည့္ဘဲဟိန္းသူေျပာလိုက္သည္။ဖိနပ္ကိုခြၽတ္လိုက္သည့္အခါေျခေခ်ာင္းထိပ္ေလးေတြကနီရဲေနသည္။ေဘာင္းဘီအိတ္ထဲမွေဆးဘူးေလးကိုထုတ္ၿပီးေဆးလိမ္းေပးလိုက္သည္။
"ဘာလို႔မျငင္းတာလဲ"
"ျငင္းလို႔မွမရတာ ၊ Lolipopေတြကအေရွ႕မွာေလ"
"ကိုယ့္ဘာသာကိုယ္ဝယ္စားလည္းရတာပဲ"
"မတူဘူးေလ ၊ ဒါကျခင္းလိုက္ႀကီးရတာ ၊ ကြၽန္ေတာ္ဝယ္စားရင္တစ္ေခ်ာင္းပဲေလ ၊ အခုကက်အမ်ားႀကီးဗ်"
"ရၿပီ ေဆးလိမ္းေပးထားတယ္ ၊ ဖိနပ္မစီးနဲ႕ဦး"
"ဟုတ္ ေက်းဇူးပါကိုဟိန္း"
ေကသြယ္သည္ေဆးဗူးကေလးအေျပးဝယ္လာၿပီးဟိဏ္းဆက္အနားကိုအေျပးလာပါသည္။သို႔ေသာ္ဟိန္းသူရွိေနသည္ကိုလွမ္းျမင္လိုက္ေသာေၾကာင့္ျပန္ထြက္သြားခဲ့သည္။ဟိန္းသူလွည့္ထြက္မယ္ႀကံေတာ့ဟိဏ္းဆက္ကလက္ကိုလွမ္းဆြဲလိုက္သည္။
"ဘယ္သြားမလို႔လဲအစ္ကို"
"စားဖို႔အတြက္စီစဥ္ေပးရဦးမယ္"
ဟိဏ္းဆက္ သူဆြဲထားတဲ့ဟိန္းသူရဲ႕လက္ကိုလႊတ္လိုက္သည္။ဟိန္းသူလည္းေက်ာခိုင္းကာထြက္သြားခဲ့သည္။
ကိုယ္တဲ့ ကိုယ္တဲ့ ေပ်ာ္လိုက္တာ။အစ္ကိုက ကိုယ္လို႔ေျပာသြားတယ္။
"ဟဲ့ အဆက္"
ဟိန္းသူထြက္သြားသည့္အခါမွေကသြယ္ေရာက္လာေလသည္။
"ေရာက္လာေသးတယ္ေနာ္အမ"
"အမယ္ နင္စင္ေပၚကဆင္းကတည္းကငါလာပါတယ္ေနာ္ ၊ နင့္လူႀကီးရွိေနတာျမင္လို႔တမင္ေရွာင္ေပးတာ"
"အဲ့လိုလား ၊ အဲ့လိုဆိုရင္ေတာ့ ေက်းဇူး"
"ေအးပါေအ ၊ ဘယ္လိုလဲအေျခအေန"
"တိုးတက္တယ္ တိုးတက္တယ္ ၊ အစ္ကိုက ကိုယ္လို႔သုံးၿပီးေျပာသြားတယ္"
"ဟယ္ ေသာက္က်ိဳးနည္းတိုးတက္တာပဲ ၊ ဆန္းလားမသာေလးရဲ႕ အဲ့တာဆန္းလား ၊ အစ္ကိုပိုင္ေဇတို႔ေတာင္ တစ္ခါတစ္ေလအဲ့လိုသုံးတာပဲ"
"မရဘူး ငါ့အတြက္ေတာ့ဆန္းတယ္"
"ေအးပါဟယ္ စိတ္ခ်မ္းသာရင္ၿပီးေရာ"
ေကသြယ္ေျပာတာမွန္ပါတယ္။ဒါေပမဲ့ေရခဲတုံးလိုလူမ်ိဳးႀကီးကေျပာသြားတာကေတာ့တကယ္ကိုဆန္းပါသည္။ၿပီးေတာ့အဲ့လူကကြၽန္ေတာ္သေဘာက်ရတဲ့သူျဖစ္ေနလို႔ပိုလို႔ေတာင္ဆန္းပါေသးသည္။
"ငါသြားလိုက္ဦးမယ္ေနာ္ ၊ ေကာင္းေကာင္းေနခဲ့ ဘိုင့္ဘိုင္"
ေကသြယ္တစ္ေယာက္ဟိဏ္းဆက္ကိုလက္ျပႏႈတ္ဆက္ကာ ခန္းမထဲသို႔ျပန္ဝင္သြားသည္။
ဟိန္းသူယေန႕ေက်ာင္းလာတာေနာက္က်ေနသည္။သူေရာက္သည့္အခါပြဲကစေနၿပီျဖစ္သည္။စင္ေပၚတြင္ရပ္ေနေသာေကာင္မေလးကိုသူလွမ္းျမင္သည္။လွသည္ ၊ ခ်စ္ဖို႔ေကာင္းသည္။ထိုမိန္းကေလးကိုဟိဏ္းဆက္မွန္းလည္းသူသိပါသည္။သို႔ေသာ္ဟိန္းသူဆက္၍ေငးၾကည့္ေနမိသည္။စင္ေပၚတြင္ေဒါက္ျမင့္ဖိနပ္ကေလးနဲ႕အခ်ိန္အၾကာႀကီးမတ္တပ္ရပ္စကားေျပာေနရသည့္ဟိဏ္းဆက္၏ေထာက္ကေလးေတြတစ္ခ်က္တစ္ခ်က္ယိုင္သြားသည္ကိုဟိန္းသူသတိထားမိလာသည္။ဟိန္းသူပြဲမၿပီးခင္အတြင္းေဆးသြားဝယ္ထားလိုက္သည္။ဟိဏ္းဆက္ကိုလည္းသူကိုယ္တိုင္ပင္ေဆးလိမ္းေပးမိသည္။သူဘာေတြလုပ္ေနမိတာလဲ။သူအခုလိုအျခားသူစိမ္းတစ္ေယာက္အေပၚဂ႐ုမစိုက္ခဲ့တာႏွစ္ေတြၾကာခဲ့ၿပီ။သူ႕စိတ္ေတြဘာေတြျဖစ္ေနတာလဲ။သူကိုယ္တိုင္လည္းေျဖရွင္း၍မရပါ။ဟိဏ္းဆက္ရဲ႕ျပင္ဆင္ထားသည့္ပုံစံေလးေတြ ၊ စင္ေပၚကဆင္းလာသည့္အခါမ်က္လုံးခ်င္းစုံမိသည့္အခိုက္အတန႔္ခဏေလးအတြင္းမွာသူ႕ရင္ေတြအတိုင္းအဆမရွိခုန္ေနပါေတာ့သည္။
ဆက္ရန္
ဝင့္လႊာဒီအပိုင္းကိုျပန္dateလိုက္ပါတယ္။ညကဒိတ္တုန္းကအပိုင္းကအျပည့္မပါခဲ့ပါဘူး။ဝင့္လႊာတကယ္ေတာင္းပန္ပါတယ္။ဒါဒါေလးေတြခြင့္လႊတ္ေပးၾကပါေနာ္။အပိုင္းကိုျပန္မစစ္မိတဲ့ဝင့္လႊာရဲ႕အမွားပါ။ဒီficေလးကိုအားေပးၾကပါဦးေနာ္💚ဒီficေလးကိုလည္းေပါ့ေပါ့ပါးပါးေလးပဲသြားၾကတာေပါ့ေနာ္💚။ဒါဒါေလးေတြအားလုံးsaranghae💚