CAN I............(Completed!)

Od K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 Viac

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

PART-13

1.6K 72 1
Od K-hyunee

"​ဟေ့..ဟို​ရှေ့က ဂျရှည်​​ကောင်​.."

ဒီ​ရေ သူ့​ရှေ့မှ ဆိုင်​ကယ်​​သော့​လေးကိုလက်​ညှိုးကလှည့်​ပတ်​​ဆော့ကစားကာ Guitarကြီးလွယ်​လျက်​​မြောက်​ကြွ​မြောက်​ကြွနှင့်​လမ်း​လျှောက်​သွား​သော လျှမ်းဆက်​ အား ​​နောက်​မှလှမ်း​ခေါ်ကာအမှီ​ပြေးလိုက်​ရသည်​..
သို့​သော်​ ဒီ​လောက်​​အော်​​ခေါ်​နေတာ​တောင်​ ဟိုဂျရှည်​​ကောင်​လှည့်​ပင်​မကြည့်​...

လျှမ်းဆက်​မှာအရပ်​ရှည်​​သော​ကြောင့်​ပုံမှန်​​လျှောက်​​သော လျှမ်းဆက်​​ခြေလှမ်းများကို  ပုလုံး​လေးဒီ​ရေ​ပြေးလိုက်​မှသာမီသည်​..

"​ဟျောင့်​..ဂျရှည်​​ကောင်​ လျှမ်းစုတ်​..ငါဒီ​လောက်​လိပ်​​ခေါင်းထွက်​မတတ်​​အော်​​ခေါ်​နေတာမကြားဘူးလား...နားများ​လေးသွားပြီလား"

ဒီ​ရေ သူ​အော်​​ခေါ်​နေတာ​တောင်​လှည့်​မကြည့်​ဘဲဆက်​သွား​နေ​သောလျှမ်းဆက်​အား မျက်​​စောင်းထိုးကာ ဘု​တော​တောလိုက်​သည်​...

"မင်း​ခေါ်​နေတာ ဂျရှည်​​ကောင်​ ကို​လေ.ဂျရှည်​​ကောင်​ဆိုတာ.ငါ့နာမည်​မှဟုတ်​တာ..ငါ့နာမည်​က လျှမ်းဆက်​ခ..."
လျှမ်းဆက်​ကလည်း အထိမခံပြန်​​ချေပသည်​...

"ဟုတ်​ကဲ့ပါ...​မောင်​မင်းကြီးသားလျှမ်းဆက်​ခရယ်​..ထူးထူးဆန်းဆန်းဒီ​နေ့​ကျောင်းအ​စောကြီး​ရောက်​​နေပါလား"
ဒီ​ရေ​ပြော​တော့ လျှမ်းဆက်​ခပ်​ဟဟရယ်​ကာ..

"ဘာလဲ..ငါက​ကျောင်း​စော​စောမလာရ​တော့ဘူးလား"

"မဟုတ်​ပါဘူးကွာ..ခါတိုင်း၉နာရီ​ကျော်​မှ ​ကျောင်း​ရောက်​တဲ့​ကောင်​က ခု၈နာရီ​တောင်​မခွဲ​သေးဘူး အ​စောကြီး​ရောက်​​နေလို့..​ရော့..မင်းထမင်းချိုင့်​.."
ဒီ​ရေ​ပြောလည်း​ပြော..လက်​မှဆွဲလာ​သော ထမင်းချိုင့်​ကိုလည်း လျှမ်းဆက်​ လက်​ထဲ​ပေးလိုက်​သည်​..

"​ပြောစမ်းပါဦး..မ​နေ့ကဟိုစုန်းမ..အဲ့..ဟို မင်းရဲ့ ဖြူစင်​ရှင်းသန့်​နဲ့ဘယ်​​တွေသွား​နေလို့ ​ကျောင်း​တောင်​ပြန်​မလာနိုင်​ရတာလဲ.."
ဒီ​ရေ မဲ့ရွဲ့ကာ​မေးလိုက်တော့…

"ဘယ်​မှမဟုတ်​ပါဘူးကွာ..ဘာလဲ..ကိုယ့်​​သည်း​လေးက ကိုယ့်​ကို​မျှော်​​နေတာလား.."
လျှမ်းဆက်​ ရွှတ်​​နောက်​​နောက်​နဲ့​မေး​တော့

"မင့်​ကြီး​ဒေါ်ကြီးကို​မျှော်​..သွားပြီ လဒ.."
ဒီ​ရေ ​ဆောင့်​​အောင့်​ကာ
ရှေ့မှထွက်​သွား​လေသည်​..

"ဒီ​ရေရာ..ငါက စ တာပါကွာ.."
ဟု​ပြောရင်း​နောက်​မှ​ပြေးလိုက်​ရသည်​..
ဒီ​ရေနှင့်​ လျှမ်းဆက်​ အ​ဆောင်​​အောက်​​ရောက်​​တော့ တစ်​ဖက်​မှလာ​နေ​သော Final Kingတို့နှင့်​ဆုံ​လေသည်​..

"​အော်​..ညီတို့ကိုကြုံတုန်းတခါတည်း​ပြောရဦးမယ်​..​ဒီလကုန်​Fresher Welcomeရှိတယ်​..ပွဲမှာ​ဖျော်​​ဖြေဖို့စာရင်း​ပေးလို့ရပြီ​နော်​"
Mr.Smileက​ပြော​တော့..ဒီ​ရေမှ

"ဟုတ်​ကဲ့..အာ့ဆိုတခါတည်းစာရင်း​ပေးလိုက်​မယ်​​နော်​..လျှမ်းဆက်​ခ ပါ.."
လျှမ်းဆက်​သူ့နာမည်​ကြား​တော့ ပြူးပြူးပြာပြာနှင့်

"ဟာ..​ဟျောင့်​..​ဖျော်​​ဖြေချင်​မင်းနာမည်​မင်းစာရင်း​ပေးပါလား..ဘာလို့ငါလဲ.."

"မင်းကလဲကွာ..မင်းကသီချင်းဆို​ကောင်းပြီးGuitarလည်းတီးတတ်​တာပဲ...​​ဖျော်​​ဖြေလိုက်​ပါကွာ.."

"ဟုတ်​ပါတယ်​..ညီရယ်​..မဟုတ်​ရင်​​တောင်​အကိုတို့ကညီ့ကို​ခေါ်မို့..​ဖျော်​​ဖြေမယ့်​သူသိပ်​မရှိရင်​ပွဲက ပျင်းစရာ​ကောင်း​နေမှာ.."
Mr.Smileကပါဝင်​​ပြောလာ​လေသည်​..ထိုအခါKingကလည်း.

"ညီ့ ကြည့်​ရတာ သီချင်းဆို​တာဝါသနာပါမယ့်​ပုံပါ..အမြဲGuitarနဲ့ပဲတွဲ​တွေ့​နေရတာ"

"လျှမ်း​လေး..စီနီယာ​တွေကပါ​ပြော​နေပြီ..​စာရင်း​ပေးလိုက်​ပါကွာ.."

"ဟူးးး..​အေးပါကွာ.."
လျှမ်းဆက်​လည်း​ငြင်းမရတဲ့အဆုံး လက်​ခံလိုက်​ရ​လေသည်​....
တစ်​​ယောက်​​သောသူက​တော့မျက်​နှာမှာအပြုံးရိပ်​​လေးဖျက်​သန်းသွားလျက်​...

"အာ့ဆိုကျ​နော်​တို့သွားလိုက်​ပါဦးမယ်​"
ဒီ​ရေက​ စီနီယာများကိုနှတ်​ဆက်​၍ လျှမ်းဆက်​ကို ဆွဲ​ခေါ်ကာအ​ပေါ်ထပ်​သို့တက်​သွား​လေ​တော့သည်​...

အတန်းထဲ​ရောက်​​တော့
ဒီ​ရေလွယ်​အိတ်​ပင်​မချရ​သေးး..
ဘေးမှလျှမ်းဆက်​ဆီသို့ဘယ်​အချိန်​တည်းက​ရောက်​​နေမှန်းမသိ​သော စုန်းမကြီး၏ချွဲပြစ်​​သောအသံကိုကြားလိုက်​ရ၍​အော်​ဂလီဆန်​ချင်​သွားသည်​...
"ဟူးး..​စော​စောစီးစီးကျက်​သ​ရေတုံးပြန်​ပြီကွာ.."
ဒီ​ရေခပ်​တိုးတိုး​ရေရွတ်​မိသည်​..
ဖြူစင်​ရှင်းသန့်​ က​တော့ကြားမကြားမသိ..
ကြားလည်း ဒီ​ရေတို့ကမ​ကြောက်​​ပါဘူး..ဟွန့်​...

"ကို​ရေ့~~~~"
ထုံးစံအတိုင်း​ ဖြူစင်ရှင်းသန့်ချွဲနွဲ့စွာခေါ်သည်။

"Omm"
လျှမ်းဆက်​ အွန်း တစ်​လုံးသာ​ပြောပြီး အံဆွဲထဲမှစာအုပ်​ကိုထုတ်​​နေ​လေသည်​..
ဒီ​ရေက​တော့စာအုပ်​ဖွင့်​ကာ စာကြည့်​​နေလိုက်​သည်​....သို့​သော်​စာထဲတွင်​အာရုံမလာ..လျှမ်းဆက်​နှင့်​ ဖြူစင်​ရှင်းသန့်​ ​ပြောသည့်​စကားများဆီနားစွင့်​ထားလျက်​...

"ကို~~ဒီ​နေ့ည​နေ နန်း​တော်​ရာသွားရ​အောင်​.."

ဒီ​ရေက​တော့ လျှမ်းဆက်​ဘယ်​လိုတုန့်​ပြန်​မလဲ နားစွင့်​ထားမိသည်​..
ခြေ​ထောက်​များကလည်း လျှမ်းဆက်​​ခြေ​ထောက်​​ပေါ်သို့တက်​နင်းကာသတိ​ပေး​နေသည့်​ပုံ...

လျှမ်းဆက်​ကလည်း..
"ငါဒီ​နေ့ည​နေမအားဘူး.."
ပြောလည်း​ပြောear-phoneတပ်​ကာ​ခုံ​ပေါ်​မှောက်​အိပ်​သွားသည်​..

ဒီရေ လျှမ်းဆက်အဖြေကိုကြားပြီး
ဖြူစင်ရှင်းသန့်အားမော့ကြည့်မိသည်။
ဖြူစင်​ရှင်းသန့်​က​တော့ မျက်​နှာရှုံ့မဲ့လျက်​ ဒီ​ရေ့အားမျက်​​စောင်းထိုးကာ သူ့အတန်းဆီပြန်​သွား​လေသည်​...

''လျှမ်းလေး ဘယ်လိုဖြစ်တာလဲ ''
ဒီရေ လျှမ်းဆက်လက်မောင်းကိုကုတ်ကာမေးသည်။

''ငါတော့မှားပါပြီကွာ တကယ်ကြီးအချစ်ဆိုတာစိတ်ပျက်စရာကြီး…''
လျှမ်းဆက် ခေါင်းပြန်ထောင်လာပြီး
Ear-phoneကိုဖြုတ်ကာ သက်ပြင်းတစ်ခုနှင့်အတူပြောလာသည်။

''အမ် ဘာလို့လဲ မင်းသူ့ကိုတကယ်ချစ်မိနေလို့လား''

''ဟာာာာ ဖြစ်စရာလား  ဒီလောက်အော်ဂလီဆန်စရာအသံနဲ့သူကို''
လျှမ်းဆက်ရှုံ့စွာဖြေလာသည်ကို ဒီရေသဘောတကျရယ်လျက်

''အဲ့ဒါဆိုဘာလို့…''

လျှမ်းဆက် မျက်လုံးအဝိုင်းသားနဲ့စိတ်ဝင်စားစွာနားထောင်နေရှာသော ဖြူစင်လှသည်ချစ်သူငယ်ချင်းလေး၏နှာခေါင်းလုံးလုံးအားခပ်ဖွဖွညှစ်လျက်

''ဟုတ်တယ်လေ မင်းပဲစဉ်းစားကြည့်
ဒီလောက်ချွဲပြစ်ပြီး အနားမှာပီကေလိုကပ်နေတယ်ကွာ
သူကချောပြီးလှပါတယ် ဒါမဲ့ ငါမကြိုက်ဘူး
သူငါ့ကိုအရမ်းချုပ်ချယ်လွန်းတယ်
နေရာတကာပါတယ်
ခုလေ ငါ့အမေနဲ့တောင်သူနဲ့သိနေကြပြီ''

''ဟမ် ဟုတ်လား မြန်လိုက်တာ
၂ပတ်လောက်ဘဲရှိသေးတာကို''

''အေး ငါလည်းအဲ့ဒါစိတ်ညစ်နေတာပေါ့
သူကအိမ်ကိုလည်း​ချောင်း​ပေါက်​မတတ်​လာတယ်​ကွာ..
ငါ့အမေဆီက designတွေကိုလည်းသင်တယ်
ငါ့အမေကလည်းသဘောကျနေတယ်ထင်တယ်ကွာ
သူ့ပုံကလည်းသဘောကျစရာပေါ့ ချွေးမတစ်ယောက်အနေနဲ့''

''အဲ့ အဲ့တော့ မင်းပြောတဲ့ game ကရော''

''အဲ့မှာ သောက်ပြသနာတွေတက်တာလေ
လူလည်မက အဲ့ခေါင်းစဉ်ကိုမေ့လိုက်ပြီထင်တယ်ကွာ
ငါတော့တကယ်စိတ်တွေညစ်နေတာ ဒီရေရေ…''

သက်ပြင်းရှည်ကြီးများကိုအကြိမ်ကြိမ်ချကာ
စိတ်ပျက်လက်ပျက်ဖြစ်နေသော လျှမ်းဆက်ကိုကြည့်ကာ ဒီရေပါစိတ်ညစ်လာရသည်။

''လျှမ်းလေး ငါတို့အတန်းပြေးရအောင်''

''တကယ်လား လာသွားမယ် အဲ့ဒါဆိုလည်း မြန်မြန် ဆရာမ မလာခင်''
လျှမ်းဆက်ရော ဒီရေပါ လွယ်အိတ်အမြန်ယူကာ အတန်းနောက်ပေါက်မှလှေကားသို့အပြေးအလွှားထွက်လာခဲ့ကြသည်။
ဒုတိယထပ်တွင်ဆရာမနှင့်
တိုးဖြစ်အောင်တိုးခဲ့သေးသည်။
ဆရာမကိုမမြင်ချင်ယောင်ဆောင်ကာနှစ်ယောက်သား ဖနောင့်နှင့်တင်ပါးတသားထဲကျအောင်
ပြေးတော့သည်။

ဆိုင်ကယ်အပ်သည့်နေရာရောက်မှ
ပြေးနေသည်ကိုရပ်တော့သည်။
ဒီရေကတော့ အခုမှပြေးလာနေဆဲ …

လျှမ်းဆက် ဒီရေမရောက်ခင် ဆိုင်ကယ်သွားယူကာအသင့်စောင့်ဆိုင်းနေသည်။

''ဟော ဟောာဟဲ  မောလိုက်တာ လျှမ်းဆက်ရာ မင်း က မြန် လိုက် တာ ……''
ဒီရေ အသက်ရှူ နေရင်း ပင် လျှမ်းဆက်ကိုရန်တွေ့နေလေသည်။

''hkk အသက်ရှူ အသက်ရှူ ဝက်ပု
မင်းဘာတွေစားလဲကွာ ဗိုက်ပဲပူလာပြီး
ခြေထောက်မှရှည်မလာတာ ''

ဒီရေမျက်စောင်းထိုးလျက်
''ငါတို့ကိုဆရာမတွေ့သွားလားမသိဘူး
ဒါမဲ့ ငါတို့အတန်းပြေးခဲ့ပြီ
yay………………''

''ဟာ ဟျောင့်​ တိုးတိုးကွ
မင်းပထမဆုံးအတန်းပြေးဖူးတာကျနေတာဘဲ''

''ဒါမဲ့ ခုတစ်​ခါကဆရာမနဲ့ထိပ်တိုက်တိုးခဲ့တာလေကွာ''

''hahaaa လာပါကွာ လေကျယ်မနေနဲ့ ဆရာမလိုက်လာရင်ဘယ်လိုလုပ်မလဲ ''

''ဟမ် လိုက်လာပြီလား အားးးးးးး''
ဒီရေ နောက်ကိုလှည့်ကြည့်ကာ
အော်နေတော့သည်။

''မင်းကတော့ကွာ ဆိုင်ကယ်ပေါ်မြန်မြန်တက် သွားမယ်''

''ဘယ်ကိုလဲ ''
ဆိုင်ကယ်ပေါ်တက်ပြီး ဦးထုပ်ဆောင်းရင်းစပ်စုပြန်သည်။

''ရောက်ရင်သိမယ်…''

ကောင်လေးနှစ်ယောက်နှင့်အတူ
ထွက်ခွာသွားသောဆိုင်ကယ်လေး… လက်သီးတင်းတင်းဆုပ်ကာ
ဒေါသဖြင့်ပြည့်နေသောမျက်လုံးတို့ဖြင့်
ကြည့်နေသောမျက်ဝန်းတစ်စုံနှင့်​...
ဆွေးမြေ့မြေ့ အကြည့်တချို့…
ဘာကိုမှဂရုမစိုက်စွာ…

              **********************
''တောက် ……… ငါ့ကိုကျမအားဘူးဆိုပြီးတော့''

''စိတ်လျှော့ပါရှင်းရယ်…''

''မလျှော့နိုင်ဘူး…''
ဖြူ စင်ရှင်းသန့် ဒေါသကြောင့်အသံတွေပါတုန်ရင်း
သိသိသာသာကျယ်လာသည်။
ဖြူ စင်ရှင်းသန့် အသံကြောင့်တတန်းလုံးတိတ်သွားက
အကြည့်တို့က သူမဆီသို့…

''တိုးတိုးလုပ်ပါ ရှင်းရယ်''
ဘေးမှသူငယ်ချင်းမ စိမ့်ရေကြည်က စိတ်လျှော့ရန်ပြောလာသော်လည်း…

''ငါဒေါသတွေထွက်လွန်းလို့ပါဟာ
သူတို့ကိုကြည့် ငါနဲ့ဆိုလေ ငါကတောင်လက်အတင်းလိုက်ကိုင် လိုက်ဖက်လုပ်နေရတာ
အဲ့ကောင်ကိုကျတော့ ခေါင်းလေးပုတ်တာနဲ့
နှာခေါင်းလေးဆွဲတာနဲ့
ခုလည်း ငါ့ကိုမအားဘူးဆိုပြီး
ဟိုကောင်ဘာပြောလိုက်လဲမသိဘူး
ငေါက်ခနဲပါသွားပြီ ''

ထိုစဉ်ဆရာမဝင်လာသည်။
စိမ့်ရေကြည်လည်းဖြူစင်ရှင်းသန့် နား ကပ်ကာ..

''စိတ်လျှော့ စိတ်လျှော့ ငါတို့နောက်မှဆက်ပြောမယ်''

ဖြူစင်ရှင်းသန့်သက်ပြင်းတစ်ခုသာချနိုင်တော့သည်။
                   
                   ***********************

''မင်းသွားမယ်ဆိုတာ KM Martလား''

ဒီရေ ဆိုင်ကယ်ပေါ်ကဆင်းရင်း လျှမ်းဆက်ကိုကြည့်ကာဆူပုတ်ပုတ်နှင့်ကြည့်ကာ မေးလေသည်။

''စပ်စုတဲ့ဝက်ပု မင်းစောင့်ကြည့်နေပါ''
ဒီရေ၏ဆိုင်ကယ်ဦးထုပ်မချွတ်ထားသော
ခေါင်းကိုထုပြီး လျှမ်းဆက်ကတော့ဆိုင်ထဲဝင်သွားချေပြီ။
ဒီရေလဲ ဦးထုပ်ချွတ်ကာ လျှမ်းဆက်နောက်ကို
ဘာမသိညာမသိနှင့်လိုက်လာရသည်။
နှုတ်မှလည်း
''ဘာဝယ်မလိုလဲမသိဘူးကွာ စိတ်ညစ်လိုက်တာ
လူတွေရှုပ်နေတာကို''

ဆိုင်ထဲဝင်သွားတော့ လျှမ်းဆက်တစ်ယောက်ဘယ်နားရောက်သွားသည်မသိ။ဒီရေလည်း စိတ်ပါရာဆီသာလျှောက်လာခဲ့သည်။

မုန့်တွေထားသောနေရာဆီသို့…

တွေ့ပါပြီး လျှမ်းဆက်တို့ ဆွဲခြင်းကြီးဆွဲလျက်
မုန့်တွေ ဟိုထည့်ဒီထည့်နှင့်…

''ဟာာ လျှမ်းလေး ငါ့သူငယ်ချင်းလေး  မုန့်လာဝယ်တာလား heee''
လျှမ်းဆက် မုန့်ရွေးနေရင်းမှ မျက်လုံးသာစွေကြည့်လိုက်ပြီး မုန့်ပြန်ရွေးသည်။

''မင်းဘာထပ်စားဦးမလဲ ဒီမှာ မင်းကြိုက်တဲ့ဟာတွေ ထပ်ယူဦးမလား''

''heeeeee အွန်း အချိုရည် ရယ် အားလူးကြော်ရယ်
snack တွေလဲ အများကြီးပဲ ချောကလက်ရောအများကြီးဖြစ်နေပြီခြင်းထဲမှာ
ကိတ်စားချင်သေးတယ် cheese cake ရှေ့မှာတွေ့ခဲ့တယ်''

လျှမ်းဆက်ကိုင်ထားသောဆွဲခြင်းထဲကိုဟိုနှိုက် ဒီစမ်းလုပ်ပြီးမုန့်တွေကြည့်နေသောသူကြောင့် ပြုံးရသည်။
''လာရှေ့သွားမယ် ''

ဒီရေ လျှမ်းဆက်ဆီမှ ဆွဲခြင်းကိုတစ်ဖက်ကူဆွဲရင်း
cakeလေးများရှိရာသို့လာခဲ့သည်။
လမ်းမှာတွေ့တဲ့ မုန့်လေးတွေလဲကောက်ထည့်ရင်းပေါ့…

''ရပါပြီ ''

counterတွင်ပိုက်ဆံရှင်းပြီး
ပစ္စည်းတွေသယ်ကာ ဆိုင်အပြင်ပြန်ထွက်လာခဲ့ကြသည်။
လျှမ်းဆက်ကတော့ပစ္စည်းတွေသယ်ရင်း
ဒီရေကတော့ ရေခဲမုန့်စားရင်းဆိုင်ကယ်ဆီသို့လမ်းလျှောက်လာလေသည်။

''မြန်မြန်လာ ငါလေးနေပြီ''
အထုပ်တွေဆွဲကာ
ဆိုင်ကယ်ပေါ်ရောက်နှင့်နေပြီဖြစ်သော
လျှမ်းဆက် စိတ်မရှည်စွာခေါ်သည်။
လေးငါးလှမ်းလောက်သာရှိသောအကွာအဝေးကိုအစားငမ်းရင်း အဲ့ ရေခဲမုန့်ကိုသဲကြီးမဲကြီးစားရင်း
ခြေတစ်လှမ်းလှမ်းဖို့က တစ်နာရီလောက်ကြာနေလေသည်။

''လာပြီ လာပြီ heee''
လျှမ်းဆက်အော်မှ ဒီရေ ဆိုင်ကယ်ပေါ်သို့ရောက်လာတော့သည်။

''ပေး ငါ့ကိုအထုပ်တွေ အခုဘယ်ကိုသွားမှာလဲ
ငါမုန့်​စားချင်နေပြီ''
လျှမ်းဆက်ပေးသောအထုပ်တွေကို
တစ်ဖက်ကကိုင်ရင်းတစ်ဖက်ကရေခဲမုန့်ကိုစားလျက်
အထုပ်ထဲမှ မုန့်များကို
မျက်လုံးရွဲများနှင့်ကြည့်နေပြန်သည်။

''ရောက်ရင်သိမယ်ကွာ မင်းခုရေခဲမုန့်ကုန်ပြီလား ငါဆိုင်ကယ်ထွက်တော့မယ် မြန်မြန်စား''

''ထွက်လေ ''ဟုဆိုရင်း
အထုပ်ကိုင်ထားသောလက်နှင့်
လျှမ်းဆက်ခါးကိုဖက်သည်။
ထိုအခါမှ လျှမ်းဆက်လည်း စက်နှိုးပြီး
ဆိုင်ရှေ့မှထွက်လာတော့သည်။

             ****************
Rhyme's POV

မေ ရယ်​.. အလှဆုံးလေးမို့🎶…
ပိုင်ဆိုင်ဖို့လှမ်းဆွတ်ဖို့မတွေးရက်ဘူး🎶…

''အဲ့လယ့် သားကြီး ဟုတ်လှချည်လား''

''ဟိုမှာကြည့်စမ်း ငါ့ရဲ့မေလေး
စာရေးနေတာ လှလိုက်တာကွာ''
Rhyme ဆရာမတွက်ခိုင်းသောသင်္ချာပုစ္ဆာများအားတွက်နေရင်းမှ တဖက်rollမှ မေခကိုလှမ်းကြည့်ကာပြောသည်။
ဘေးမှသူငယ်ချင်းဖြစ်သူကတော့ ခေါင်းကိုခါကာစာသာပြန်တွက်နေတော့သည်။
မထူးဆန်း Rhymeလှတယ်လို့မပြောဖူးတဲ့သူဆိုလို့
ကျောင်းကဂိတ်စောင့်ဦးလေးကြီးဘဲရှိတယ်…
(A/N ကလေးကအလှတရားကိုခံစားတတ်တာဂို)

''သူ့ကိုကြည့်ပါဦးကွာ ငါအသည်းတွေတော့ကြွေကုန်ပါပြီ''

''ဟျောင့်​.. တော်လိုက်တော့ မင်းမကြွေတဲ့ မိန်းကလေးဆိုတာ ခွေးမလေးဝိုင်းစိန်ဘဲရှိတော့တယ်
ခုလည်းဘာအရူးထပြန်ပြီလဲ''

''ဒီမှာဟျောင့်​.. ကိုယ်ဝန်ဆောင်မိခင်တွေတောင်
မွေးလာမဲ့ကလေးလေးတွေချစ်စရာကောင်းအောင်လို့ဆိုပြီး ကလေးပုံလေးတွေ အခန်းနံရံမှာကပ်ကြတယ်လေ
အင်းးးးးး ငါလည်း ငါ့ရဲ့နှလုံးသားကမွေးဖွားလာမဲ့
အချစ်ကလေးလှလှပပလေးဖြစ်ဖို့
ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အလှတရားတွေကိုရှာဖွေဖော်ထုတ်ရင်း
ကြည့်ပေးတာကွ''

''အော် အေးပါ ဥာဏ်ကြီးရှင်ရယ် နောက်မှကြည့်ပါ
စာလဲတွက်ပါဦး ကျောပြင်ဗြောတင်ခံနေရပါဦးမယ်''
Rhyme လဲထိုအခါမှသာစာတွက်တော့သည်။
သင်္ချာဆရာမကအရိုက်ကြမ်းသည်ဆိုတာတော့သူမမေ့…

ကျောင်းဆင်းချိန် မုန့်ဈေးတန်းတွင်…

''အပြုံး မေ့အပြုံးများ~~🎶🎶
အပြာရောင်စမ်းချောင်းလေးထက် အေးချမ်းပါလား…🎶🎶''

''တော်​ပါတော့ကွာ အဲ့သီချင်းကြီးမင်းဆိုနေတာ ကြာလာတော့ ဦးဇော်ပိုင်တောင်ငါအားနာလာပြီ''
Rhyme တစ်ယောက်feelအပြည့်နှင့် သီဆိုနေစဉ်
ဘေးနားကBFF အပေါင်းမသူတော်ကောင်းတို့က
ဝိုင်းပြီးချီးမွမ်းကြလေသည်။

''ဒါအနှစ်တွေကွ……''

''အနှစ်တော့မှန်တယ်ကွ မင်းဆိုနေတာကမှားတာ
ငါထမင်းတောင်ဆက်စားချင်စိတ်မရှိတော့ဘူး လဒ''

Rhyme လည်းစပ်ဖြဲဖြဲနှင့်ထမင်းဆက်စားနေတော့သည်။

''ဒါနဲ့ မင်း သူ့ကိုဖွင့်ပြောဦးမှာလား''

'' ပြောမှာပေါ့ကွ ဒါမဲ့ ခုငါ့မှာဖုန်းမရှိလို့
ပြသနာတက်နေတာ''

''တွဲတိုင်းဆရာသိပြီးတော့ ခဏခဏအဆူခံနေရတာလည်း မင်းပဲ
တစ်​လတောင်မခံပဲပြတ်တာလည်း မင်းပဲ
အေး တစ်​​ပတ်တောင်မကြာဘဲ နောက်တစ်ယောက်ပြောင်းချစ်နိုင်တာလည်း မင်းပဲ
အဲ့ဒါကိုတောင် ကောင်မလေးတွေသဲသဲလှုပ်ခံ​နေရတာလည်း မင်းပဲ''

''မနာလိုမဖြစ်နဲ့ သားကြီး ဒါကိုယ့်ကုသိုလ်နဲ့ကိုယ်''

Rhyme မေးစေ့ကိုဟန်ပါပါပွတ်ရင်းပြောလာသည်။

''အေးပါကွာ play boyသန်းRhyme hahaaa''

''ဘာplay boyသန်းRhymeလဲ ဦးသန်းနိုင်ကြီးကသူ့ဘာသူနေတာကို''

''no no အဓိပ္ပာယ်ချင်းမတူဘူးလေ သူကဟိုplay boy
မင်းကနှာဘူးplay boy''

''ေ-ာနှာဘူး အလှတရားကိုလက်တွေ့စားသုံးတယ်လို့
တင်စားပြီးပြော''

''haa haaa haa တော် ပါတော့ကွာ ငါထမင်းစားပါရစေ အော်ဂလီဆန်ပြီး အန်ချင်လွန်းလို့''

သူငယ်ချင်းတစ်စု၏ရယ်သံတို့ကပျံ့လွင့်လျက်…

     _____________❤Can I ...?❤____________

Pokračovať v čítaní

You'll Also Like

3.1K 257 12
Title : Kant Kaw Pwint Chain Genre : Own Creation, BL Tags : Angst , Romance Author : Yaung Che Nway Starting Date : 26,April,2022 End...
1.3M 57K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
665K 62.9K 68
Story Name - Signs Of The Fate (ကံကြမ္မာချည်တဲ့ကြိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...