Zawgyi
Forgetting you-Davichi(Moonlover ost song)
_
သည်။
သည်။
ရယ်နေပြန်သည်။
လိုက်သည်။
များလား...ဟက်ဟက်...."
"မဟုတ်ဘူး....ငါ..."
ပြီ.....အရာအားလုံးကို...."
လာ ပါနဲ့တော့...."
ထက် ပို၍ ခက်ခဲပါသည်။
ဝင်ချင်ပါသည်။တစ်ခါလောက်ပဲ...xing
ကို ကြားချင်ပါသေးသည်။
ကောင်းဆုံးဖြစ်သည်။
ဘာလို့ ငါပဲလဲ...."
နေတယ် မဟုတ်လား။မေ့သွားတယ် ဆိုတာ
တယ်လေ။
ကို မှိတ်ချလိုက်သည်။နောက်ဆုံးမျက်ရည်စက်
ချုပ်နှောင်ခဲ့တာ။ငါက မင်းဘ၀အတွက်တော့
သယ်ထမ်းနေရသည်။စံအိမ်အ၀မှာ ထိပ်
လေးက အစ နာကျင်ရပါသည်။မော့မကြည့်
ကြောင့်ေ၀၀ါးလာသည်။
အဆင်ပြေပါတယ်.....xing။
သူကို နားလည်ပေးပါ။
_____
နာကျင်လိုက်ရသလဲ.....
ကြယ်တွေက မင်းပါလို့
သက်မှတ်လိုက်ထဲက
ကောင်းကင်ကြီးတောင်
ပိုဝေးသွားတယ်........
_____
To be________________________continue
Unicode
_
မန်နေဂျာအမကြီးက စိတ်မကောင်းတဲ့မျက်နှာ
ထားနဲ့လှမ်းလှမ်းကြည့်နေတာမို့ suho အားနာ
နာနဲ့ပဲ ပြုံးပြနေမိသည်။suho လို တော်တဲ့ ဝန်
ထမ်းကို အလုပ်မထွက်စေချင်သလို၊မောင်နှမ
တွေလို ခင်မင်နေခဲ့ကြတာကြောင့်လည်း ပါပါ
သည်။
Suho အလုပ်လုပ်ရာ နေရာက yixingရဲ့
ပိုင်ဆိုင်မှုထဲက တစ်ခုဆိုတာ သူသိခဲ့ပြီးနောက်
ဆက်လုပ်ရန် မသင့်ကြောင်း ဆုံးဖြတ်လိုက်မိ
သည်။လွန်ခဲ့ ၂နှစ်က sehun ကိုယ်တိုင် kim
Suho ဆိုတဲ့ လူသားတစ်ယောက်အဖြစ် နေထိုင်နိုင်ရန် စာရွက်စာတမ်း တစ်ချို့ပြုလုပ်ပေးခဲ့
သည်။
'zero အနားက ပြေးနိုင်မယ် ထင်သလောက်
ပြေးကြည့်ပေါ့´လို့ sehun နောက်ဆုံးတွေ့တုန်းက ပြောခဲ့သည့် စကားက suho ကိုလှောင်
ရယ်နေပြန်သည်။
"Suho....မင်းနဲ့တွေ့ချင်လို့တဲ့...."
မန်နေဂျာအမကြီး လှမ်းပြသည့် ဆိုင်အဝတွင်
အနက်ရောင်ဝမ်းဆက်နဲ့ လူသုံးယောက်ရပ်နေ
သည်။ထိုလူများ နောက်ကို suho လိုက်သွား
လိုက်သည်။
မရောက်တာကြာပြီဖြစ်တဲ့ စံအိမ်ကြီးက လှပမြဲ
ပင်။ထို့အတူ ဘယ်နေရာရာကြည့်ကြည့် yixing အငွေ့အသက်များအား ခံစားနေရသည်။yixing နဲ့နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့ တောင်ကုန်းလေးပေါ်မှာ ရပ်လို့နေတဲ့ sehun
ကျောပြင်က သူ့ကို ပိုလို့ နာကျင်စေရပါသည်။
""ပြေးနိုင်သလောက်ပြေးပါလို့ မပြောခဲ့ဘူး
လား.....suho...ဝင်္ကပါ ထဲပိတ်မိနေတာ
များလား...ဟက်ဟက်...."
အေးစက်စက် sehun အသံက ကျောပေး
ထားလျက်ပင် ထွက်ပေါ်လို့လာသည်။တစ်
သိမ့်သိမ့်တိုက်ခက်နေတဲ့ လေအေးအေးက
သူ့ရင်အား ပို၍နာကျင်စေသည်။
"မဟုတ်ဘူး....ငါ..."
"ဟားဟားဟား......မပူပါနဲ့suho ရဲ့..
Yixing အနားဆိုတာ ပြန်လာချင်တိုင်းလာ
လို့ရတဲ့ နေရာမှ မဟုတ်တာ...."
သူလက်သီးကို တင်းတင်းဆုတ်ပစ်လိုက်သည်။
Sehun ရဲ့ စကားတွေက သူ့ဒဏ်ရာကို ပိုပြီး
ထိုးစွနေသလိုပါပဲ။sehun သိပ်မှန်ပါသည် ဒီ
အချိန်မှာ သူပြန်လာချင်လည်း xing ကလက်
ခံမည်မဟုတ်လောက်တော့ပါ။
"သူမင်းကို သတိရချင်နေသေးတာတောင်
...သတိမရတော့ဘူး....သူမင်းကို မေ့သွား
ပြီ.....အရာအားလုံးကို...."
တစ်လုံးခြင်း ပြတ်သွားစွာ ပြောနေတဲ့ sehun
စကားတွေကို ဆက်နားထောင်ဖို့ သူ့မှာ အင်
အားမရှိတော့ဘူး။အင်္ကျီပါးပါးကို ဖြတ်သန်း
တိုက်ခက်နေတဲ့ ဆောင်းလေက အေးစက်စက်
ဆန်လွန်းတယ်။sehun အနောက်က ပြေးထွက်ဖို့ suho ပြင်လိုက်တယ်။
"လွန်ခဲ့တဲ့ ၂နှစ်က အထိ ကိုမာ ဝင်နေတဲ့Zero က အသက်ပြန်ရှင်ဖို့၂၀%ပဲ ရှိခဲ့တာ...နောက်ဆုံးအထိ မင်းကိုရှာပေးဖို့ တစ်ဖွဖွပြောနေခဲ့တာ....ငါမင်းကို ပြန်ရှာတွေ့တော့ ဒါတွေငါ
ဖုန်းကွယ်ထားခဲ့မိတယ်....သူပြန်သတိရလာတော့ဘာကိုမှ မမှတ်မိတော့ဘူး.....ဂိုဏ်းအားလုံးရဲ့ ပထမနေရာကို ရခဲ့ပေမဲ့ ဘာကိုမှ မမှတ်မိတော့တဲ့ zero ကို..ငါ...သာမာန်လူနေမှူဘဝထဲကို တွန်းပို့ခဲ့တာ...ဒီလုပ်ငန်းတွေကို ငါပဲစီမံနေခဲ့ရတာ...zero ဘဝလေးက သာယာ
နေပါပြီ....ကျေးဇူးပြုပြီး....ထွက်သွားပေး
ပါ....yixing အနားကို ထပ်ပြီးတော့ ပေါ်မ
လာ ပါနဲ့တော့...."
မျက်ရည်တွေနဲ့ sehun က ကျောခိုင်းကာ
တစ်ဖြည်းဖြည်းထွက်ခွာလို့သွားတယ်။suho
ရပ်တည်နိုင်စွမ်း မဲ့စွာ လဲပြိုကျခဲ့သည်။ခပ်
ဝေးဝေးက လှမ်းမြင်နေရသည့် lily ပန်းတွေ
ကို အတူကြည့်ဖူးချင်သည်။အရင်လို xing
ရင်ခွင်ထဲမှာ ခိုဝင်ချင်သေးသည်။ဒါတွေက
သူ့အတွက်တော့ ကြယ်တံခွန်ကို ခူးဆွတ်ရတာ
ထက် ပို၍ ခက်ခဲပါသည်။
တစ်ခါလောက်ပါပဲ...တစ်ခါလောက်ပဲ
Xing ကို ငေးကြည့်ချင်ပါသေးသည်။
တစ်ခါလောက်ပဲ...xing ရင်ခွင်ထဲ ခို
ဝင်ချင်ပါသည်။တစ်ခါလောက်ပဲ...xing
နှုတ်ခမ်းက သိပ်ချစ်ကြောင်း ပြောသံတွေ
ကို ကြားချင်ပါသေးသည်။
တောင်ကုန်းလေးထက်မှာ အလဲလဲအပြိုပြို
ငိုကြွေးနေသော suho ကို ခပ်ဝေးဝေးကလှမ်
ကြည့်နေသည့် sehun ကျောခိုင်းလိုက်သည်။
တစ်ချို့သံယောဇဉ် တွေက နာကျင်ရရုံအပြင်
အပိုမရှိသည်မို့ ဖြတ်တောက်ပြစ်သည်သာ အ
ကောင်းဆုံးဖြစ်သည်။
"မင်းက ချစ်တယ် ပြောတဲ့အခါ...ငါက
အများကြီးပိုချစ်ကြောင်း မင်းကိုပြောပြ
မယ်....မင်းက နမ်းခွင့်တောင်းတဲ့အခါ
အရင်လို ထွက်ပြေးမနေပဲ ငါမင်းစိတ်
ကြိုက်ခွင့်ပြုပေးမယ်....မင်းက မင်းက...
ထွက်မသွားဖို့ပြောတဲ့အခါ....ငါမင်းအ
နားမှာပဲ ဖက်တွယ်ထားချင်ကြောင်း ပြော
ပြချင်လိုက်တာ...ဘာလို့လဲ...ဘာလို့..
ဘာလို့ ငါပဲလဲ...."
ပိုသိပ်သည်းစွာ ကျလို့လာတဲ့ နှင်းတွေထဲမှာ
သီးထန်စွာ ငိုရှိုက်နေတဲ့ သူ့ကို xing မြင်နိုင်
မှာ မဟုတ်ပါ။ပျော်ရွှင်ခြင်းလည်း သူ့အတွက်
နာကျင်ခြင်းလည်း သူ့အတွက်ပါလို့ ရည်ရွယ်
ထားပေမဲ့ ကြိမ်းသေ နာကျင်ခြင်းတွေ ပိုများ
နေတယ် မဟုတ်လား။မေ့သွားတယ် ဆိုတာ
မျိုးထက် မချစ်တော့ဘူးဆိုတာ ပိုခံသာသေး
တယ်လေ။
"ဘာလို့လဲ..xing...မင်းက...မင်းက
ငါ့ကို မေ့လို့မရဘူးလေ...ကြိမ်းသေ
မင်းကတော့ ငါ့ကို သတိရနေရမှာ..
အဆုံးထိ မင်းငါ့ကို ချစ်နေရမှာ..ဟားဟား"
အရူးတစ်ယောက်လို မျက်ရည်တွေနဲ့ ထရယ်
နေပြန်တဲ့ suho နှုတ်ခမ်းသားတွေက ပြာနှမ်း
လို့နေလေပြီ။ချိနဲ့စွာ ပြုံးလိုက်ရင်း မျက်လုံးတွေ
ကို မှိတ်ချလိုက်သည်။နောက်ဆုံးမျက်ရည်စက်
က နာကျင်စွာ လိမ့်ဆင်းသွားလေသည်။
ငါမရှိလည်း မင်းဘဝလေးက အဆင်ပြေပါ
တယ်။အရင်ကလည်း အဆင်ပြေခဲ့တယ်။ဒါ
ကို အလိုက်ကမ်းဆိုး မသိ အချစ်တစ်ခုနဲ့ ငါ
ချုပ်နှောင်ခဲ့တာ။ငါက မင်းဘဝအတွက်တော့
မဆုံစည်းအပ်တဲ့ လူတစ်ယောက်ပါပဲ xing။
အေးစက်နေတဲ့ ကိုယ်ခန္ဓာက လေးပင်စွာ
သယ်ထမ်းနေရသည်။စံအိမ်အဝမှာ ထိပ်
တိုက်တွေ့ဆုံမိသည့် ခြေချောင်းသွယ်သွယ်
လေးက အစ နာကျင်ရပါသည်။မော့မကြည့်
မိဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးအကြိမ်အဖြစ်
နှလုံးသားက ဆန္ဒရှိနေသည်။
အလိုမကျမှုတွေကြီးစိုးနေတဲ့ သူ့မျက်နှာ
လေးထက်က မျက်လုံးတွေကို စိုက်ကြည့်
နေမိရင်း မျက်ဝန်းတို့က မျက်ရည်စက်များ
ကြောင့် ေ၀ဝါးလာသည်။
မချစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင်း ပိုပြီး
ချစ်မိလာမှာ ဆိုးလို့၊စွန့်လွှတ်လိုက်ဖို့ တွေး
မိလိုက်ရုံနဲ့တင် နှလုံးသားက အလဲလဲအပြို
ပြို ဖြစ်နေတာ ငါဘယ်လိုလုပ်ရမလဲ..မင်း
မရှိပဲ တစ်ချိန်လုံးလည်း နေလာခဲ့ပြီးမှ မစွန့်
နိုင်တဲ့ ငါ့အတ္တကို ငါကြောက်တယ်။
အဆင်ပြေတယ်...မဟုတ်လား xing။
"Xingg....အဲ့မှာ ဘာလုပ်နေတာလဲ..."
ခပ်ချွဲချွဲအသံနဲ့ မိန်းကလေးရဲ့ လက်တွဲချိတ်
လိုက်ချိန်မှာ yixing မျက်နှာက ပြုံးရယ်သွား
ခဲ့တယ်။နာကျင်ရပါတယ် ဟိုငယ်ငယ်ကလေး
ဘဝကလို မပေးချင်ဘဲ ကိုယ့်မုန့်လုစားလာတဲ့
အခါ အားပါးတရ ငိုယိုခဲ့သလို ငိုပြစ်လိုက်ချင်
ပါသည်။နှလုံးသားနဲ့ ဆန့်ကျင်ပြီး ပြုံးပြလိုက်မိ
တဲ့ အပြုံးတွေကို အလိုမကျသလို ပြန်ကြည့်လာ
တဲ့အခါ နှလုံးသားအကြိမ်ကြိမ်သေပါသည်။
အဆင်ပြေတယ်.....မင်းက ငါမဟုတ်လည်း
အဆင်ပြေပါတယ်.....xing။
စံအိမ်ထဲက ပြေးထွက်လာရင်း လမ်းမထက်
နှင်းတွေကြားမှာ သီးထန်စွာ ငိုရှိုက်နေတဲ့
ကောင်လေးတစ်ယောက်ကို စာနာပေးပါ။
ဘယ်ဘက်ရင်အုံကို ထုရိုက်ရင်း နာကျင်
စွာ ဟစ်ကြွေးလို့နေတဲ့ နှလုံးသားပျောက်
သူကို နားလည်ပေးပါ။
_____
ငါမရှိလည်း အဆင်ပြေနေတဲ့
မင်းနေ့ရက်တွေကိုမြင်ရတာ
ဘယ်လောက်တောင် ပျော်ရွှင်ပြီး
နာကျင်လိုက်ရသလဲ.....
ကြယ်တွေက မင်းပါလို့
သက်မှတ်လိုက်ထဲက
ကောင်းကင်ကြီးတောင်
ပိုဝေးသွားတယ်........
_____
To be________________________continue
ခုမှရောက်တဲ့ album က biasလေးမို့ ချိမ
အပျော်လွန်ပြီး အပ်ပုဒိတ်....😁
တို့ကိုအဖတ်မလုပ်ရင် ပလစ်မယ်၊ဇာတ်ကြမ်း
မယ် ဟဲဟဲဟဲ(လူယုတ်မာရယ်သံ😎)