[Unicode]
ဟိန်းသူသည်ဖောင်ထုတ်ရန်တန်းစီဖို့ရောက်လာသည်။ဟိန်းသူသည်ပထမနှစ်ဖောင်ထုတ်တဲ့နေရာမှာမှားရပ်မိလိုက်သည်။ဟိန်းသူသည်မတ်တပ်ရပ်နေရင်းလူတစ်ယောက်ယောက်ကသူ့ကိုကြည့်နေသလိုခံစားမိသောကြောင့်ဘေးကိုကြည့်လိုက်တော့ကောင်လေးတစ်ယောက်မျက်လုံးဝိုင်းဝိုင်းလေးနဲ့Lolipopကြီးကိုင်ပြီးသူ့ကိုပြူးကြည့်နေသည်။သူလည်းဘာလဲဆိုတဲ့သဘောနဲ့မေးဆက်ပြလိုက်တော့ရှိသမျှသွားဖြီးပြပြီးခေါင်းလေးခါပြကာဟိုဘက်ကိုချာခနဲလှည့်သွားသည်။ဒီကောင်လေးသူမမြင်ဖူးပါလို့ကြည့်လိုက်မှပဲပထမနှစ်ဖြစ်နေသည်။ဒါ့ကြောင့်သူခပ်မြန်မြန်လှည့်ထွက်လာပြီးတတိယနှစ်ဖောင်ထုတ်တဲ့နေရာမှာပြန်တန်းစီလိုက်ရသည်။သူ ထိုကောင်လေးကိုမှတ်မိသွားသည်။
ကြောင်တောင်တောင်လေးနဲ့ဟိုကောင်လေးပဲ။ဘယ်လိုဟာလေးလဲမသိဘူး။
ဟိန်းသူဖောင်ထုတ်လာခဲ့ပြီးဖောင်ဖြည့်ရန်နေရာကိုရှာလိုက်တော့ ခုံတန်းလေးတစ်ခုလွတ်နေတာကိုတွေ့လိုက်သည်။ထိုခုံတန်းလေးသို့လျှောက်သွားလိုက်သည်။ခုံတန်းလေးအနားရောက်ခါနီးမှသူ့ဘေးနားကကောင်လေးတစ်ယောက်ဖြတ်ပြေးသွားသည်။သူ့တောင်ဝင်တိုက်သွားသေးသည်။
"ကန်တော့ ဆောရီးနော် ဟီးဟီး"
သူ့ကိုဆောရီးလို့ပြောသွားသည့်ကောင်လေးကိုသူမျက်မှောင်ကြုံကာစိုက်ကြည့်လိုက်သည်။ထိုကောင်လေးသည်သူ့ကိုပြန်လှည့်ကြည့်လာသည်။ဟိဏ်းဆက်လှည့်ကြည့်မိလိုက်သည့်အခိုက်အတန့်မျက်လုံးလေးတွေပြူးပြီးပြန်လှည့်သွားသည်။
ဟိုက်!ဟိုall blackကြီးပဲ သောက်ကျိုးနည်းသူ့နေရာကိုယူမိလို့ မကျေနပ်ဘူးလားမသိဘူး အစိမ်းလိုက်ဝါးစားတော့မယ့်မျက်နှာကြီးနဲ့။
"ဟို ဟို ဟိုက All black အတူတူထိုင်လို့လည်းရတယ် ၊ လာထိုင်လေ ၊ ကျန်တဲ့နေရာလဲမရှိတော့ဘူးဆိုတော့လာထိုင်လိုက်လေ"
ဟိဏ်းဆက်သည်လာထိုင်ရန်ပြောပါသော်လည်းမထိုင်သည့်အပြင်စကားတောင်ပြန်မပြောဘဲလှည့်ထွက်သွားသည့်သူကြောင့်ဟိဏ်းဆက်ဒေါသထွက်သွားသည်။
"အံ့ဩဖို့ကောင်းလိုက်တာ မာနခဲပဲ"
"ဟဲ့ ဘာတွေပြောနေတာလဲငါ့ကလေးက"
ဟိဏ်းဆက်တစ်ယောက်တည်းပွစိပွစိပြောနေစဉ်ကေသွယ်သည်အနားသို့ရောက်လာသည်။
"ဟိုမှာလေ ဟိုမာနခဲပေါ့ ၊ ငါကသူ့နေရာကိုဖြတ်ဦးလိုက်လို့ အစိမ်းလိုက်ဝါးစားတော့မယ့်အကြည့်နဲ့ကြည့်နေလို့ငါကအတူလာထိုင်ဖို့ပြောတာကို ဘာမှတောင်ပြန်မပြောဘူး လှည့်ထွက်သွားတာ ရေခဲတုံးဖင်ခုထိုင်ထားတဲ့လူ"
ဟိဏ်းဆက်လက်ညှိုးညွှန်ပြတဲ့နေရာကိုကေသွယ်လှမ်းကြည့်လိုက်သည်။
"အိုးမိုင်ဂေါ့!!! semeကြီး အသေမိုက်တယ် ၊ All blackနဲ့ အိုမားရား!!! ကျူမီးငါး!!!"
ဟိဏ်းဆက်သည်ကေသွယ်၏ပါးစပ်ကိုလှမ်းပိတ်ရပါတော့သည်။
"ဟဲ့ ဒါကျောင်းသားရေးရာနော် နင့်အမေအိမ်မဟုတ်ဘူး ၊ အကုန်ဝိုင်းကြည့်ကုန်ပြီ ထိုင်စမ်း"
ကေသွယ်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတစ်ချက်ဖြီးပြကာထိုင်လိုက်သည်။
"ဟီး ဆောရီး ငါအရမ်းအရမ်းကိုမုတွေဝင်သွားလို့ပါဟယ်"
"မုဝင်ရအောင်ဒီနေရာကနင်ကြည့်နေတဲ့Blကားတွေမဟုတ်ဘူးဟ ၊ ကျောင်းသားရေးရာဟ"
"အေးပါဟာ ၊ နင်ကလည်း ပြောမယ်ဆိုတာချည်းပဲ"
"ထားပါ ဟိုကောင်တွေရော"
"သူတို့အကြောင်းမပြောချင်တော့ပါဘူးအေ ၊ ဟိုမှာတမတည်းမပြီးတော့ ဒုတိယနှစ်ဖောင်တန်းနားမှာဝဲလည်လည်နဲ့ကြောင်နေကြတယ်"
"ဟူး ဒီကောင်တွေနဲ့လည်းခက်တယ် ၊ ငါတို့ဖောင်အရင်ဖြည့်ရအောင် ၊ သူတို့ကိုအရေးလုပ်မနေနဲ့တော့"
"အေးဖြည့်ကြမယ်"
ကျောင်းမှာတက်ရမယ့်သူကဟိဏ်းဆက်နဲ့ကေသွယ်နှစ်ယောက်တည်းဖြစ်သည်။လိုက်တာတဲ့သူငယ်ချင်းတွေကအခြားကျောင်းမှာတက်ရမှာဆိုပေမဲ့အခုလိုဖွန်ကြောင်ချင်လို့လိုက်လာကြခြင်းဖြစ်သည်။ဟိန်းသူသည်ထိုနေရာမှလှည့်ထွက်လာပြီးကားထဲတွင်သာဖောင်ဖြည့်ရန်ဆုံးဖြတ်လိုက်သည်။ဖောင်ဖြည့်နေစဉ်မိခင်နာမည်ရေးရပြန်တော့သူမေမေ့ကိုသတိရမိပြန်သည်။ဟိန်းသူအပြင်သွားသည့်အခါတိုင်းအမေနဲ့အတူတွဲသွားနေသည့်ကလေးတွေကိုမြင်တိုင်းသူလည်းမေမေနဲ့အဲ့လိုသွားချင်မိသည်။မေမေ့ကိုသူဘယ်လိုမှမေ့ပျောက်၍မရနိုင်။မိခင်ရဲ့နာမည်ကိုသူဖြည့်လိုက်သည်။
သတိရတယ်မေမေ။အခုချိန်သာမေမေရှိရင်သားဘယ်လောက်တောင်ပျော်နေရမလဲမေမေ။
အမေမရှိတဲ့ခံစားချက်ကိုသူကောင်းကောင်းသိလာသည်။
"ဟိုလေ ဒီကညီလေးနဲ့ညီမလေး ထိုင်လို့ရမလားမသိဘူး"
"ရပါတယ် ရပါတယ် ထိုင်ပါ"
"ကျေးဇူးနော်"
အရပ်ခပ်မြင့်မြင့်ကောင်လေးတစ်ယောက်သည်ဟိဏ်းဆက်တို့ခုံတန်းလေးတွင်ထိုင်ရန်ခွင့်တောင်းလာသည်။
"အစ်ကို့နာမည်က ပိုင်ဇေပါ တတိယနှစ်က"
"ဟုတ် အကို ညီမတို့က ပထမနှစ်ပါ"
"ဪ ဂျူနီယာလေးတွေပဲ အစ်ကိုဘာကူညီပေးရမလဲ"
ဟိဏ်းဆက်နဲ့ကေသွယ်အတွက်ကောင်းသောအခွင့်အရေးဖြစ်သွားသည်။ဟိဏ်းဆက်နဲ့ကေသွယ်တို့minorဘာသာရပ်ကိုဘာယူရမှန်းမသိဖြစ်နေကြသည်။
"ဒါဆို အစ်ကို minorဘာသာရပ်တွေကဘာတွေဘယ်လိုသင်တာလဲ ၊ ကျွန်တော်တို့ကိုပြောပြပါလား"
"ရတာပေါ့ငါ့ညီရာ အစ်ကိုပြောပြမယ် ၊ Minorကသုံးခုရှိတယ် OSရယ်Philoရယ်Historyရယ် ၊ OSကအရှေ့တိုင်းဘာသာရပ် ပါဠိတွေသင်ရတာ ၊ Philoကဒဿနိကအတွေးအခေါ်ဘာသာရပ် ၊ Historyကတော့သမိုင်းပေါ့ငါ့ညီရာ ၊ ငါ့ညီတို့ကြိုက်တာတစ်ခုပဲ ရွေးယူလိုက်"
"ဒါဆို အကို ညီမတို့ဘာယူရမလဲ ၊ လွယ်တဲ့ဘာသာရပ်လေးလင်းပါ အစ်ကိုရယ်"
"လွယ်တာဆိုရင်တော့Philoပေါ့ညီမရယ် ၊ အစ်ကိုဆိုအဲ့တာပဲယူခဲ့တာ လွယ်မှလွယ်"
"အဲ့တာဆိုရပြီအစ်ကို philoပဲယူလိုက်တော့မယ် ၊ ကျေးဇူးနော်အစ်ကို"
"ရပါတယ်ငါ့ညီရာ ဒါကအစ်ကိုတို့စီစီတွေရဲ့တာဝန်ပါ"
အစ်ကိုပိုင်ဇေကိုကြည့်ရင်းဟိဏ်းဆက်တွေးမိသည့်တစ်ခုရှိသည်။
ခုဏကရေခဲတုံးကြီးနဲ့အရမ်းကွာပါလား။
"ဖြည့်ကြ ဖြည့်ကြ အစ်ကိုလည်းဖြည့်လိုက်ဦးမယ်"
"ဟုတ်"
ဖောင်တွေကိုဆက်ဖြည့်လိုက်ကြသည်။ဒီနှစ်ကံကောင်းသည်ဟုဆိုရမည်။ဌာနမှူးဆီသွားစရာမလိုတော့တာလေးတစ်ခုပေါ့။ကျောင်းအပ်တာ နေ့လယ်၁၂လောက်မှပြီးသည်။
ကျော်စွာ - ဟူး မောတယ်ကွာ ငါတော့ဗိုက်ဆာနေပြီ ၊ တစ်ခုခုသွားစားရ အောင်
ကျော်စွာစကားစလိုက်သည့်အခါအကုန်လုံးကထောက်ခံကြသည်။နီးစပ်ရာကန်တင်းမှာပဲထိုင်လိုက်ကြသည်။စားသောက်နေစဥ်ကေသွယ်မကထဖောက်သည်။
"အိုးမိုင်ဂေါ့!!! All Blackကြီး ငါ့ရဲ့ကလေးနဲ့ဆိုလိုက်မှာ ၊ အဆက်နင်နဲ့ဆို လိုက်မှာ ၊ ဟိုမှာကြည့်စမ်း အသေချောတာ"
ကေသွယ်မပြောသည်ကိုကြည့်လိုက်သည့်အခါခုဏကရေခဲတုံးဖြစ်နေ
သည်။
တွေ့ပြန်ပြီ ဒီရေခဲတုံး။ဒါပေမဲ့ချောတာတော့အမှန်ပဲ။
"ဟေ့ကောင် အဆက် မျက်တောင်လေးခက်ဦးလေကွာ"
မြင့်မြတ်သည်ဟိဏ်းဆက်၏မျက်နှာအရှေ့လက်ကလေးလာဝှေ့ယမ်းသည့်အခါမှသတိပြန်ဝင်လာသည်။
"ဟမ်! အင်းအင်း စားကြလေ စားစား"
ဟိဏ်းဆက်ကယောင်ကတမ်းနဲ့ပြောမိပြောရာပဲပြောလိုက်သည်။
ငါလည်းသူ့လိုချောချင်လိုက်တာ။
ဟိန်းသူသည်တကယ်တမ်းတော့ချောသည်မဟုတ်။အသားကဖြူသည်။အရပ်ကရှည်သည်။ကိုယ်နဲ့လိုက်ဖက်အောင်ဝတ်တတ်စားတတ်သူဖြစ်သောကြောင့်ချောသည်ဟုထင်ရသည်။တစ်နည်းပြောရရင်မိန်းကလေးတိုင်းကြွေသည့်သူမျိုးဖြစ်သည်။ဟိန်းသူမုန့်စားနေရင်းခုဏကသူနဲ့တွေ့ခဲ့တဲ့ကောင်လေးကိုတွေ့လိုက်ရပြန်သည်။
သူပဲလား။ထပ်ပြီးတော့တွေ့ပြန်ပြီ။
ဟိန်းသူမျက်လုံးထဲတွင်ထိုကောင်လေးကိုသဘောကျနေမိသည်။သူသဘောကျတယ်ဆိုသည်ကထိုကောင်လေးသည်အမြဲတမ်းပြုံးရယ်နေသည်ကိုကြည့်ရင်းသူအားကျနေမိခြင်းသည်။သူကောင်လေးကိုငေးကြည့်နေမိစဉ်ဖုန်းမြည်လာသည်။ခုံပေါ်တွင်တင်ထားသောဖုန်းကိုကောက်ကိုင်လိုက်ပြီးContact nameကိုကြည့်လိုက်သည်။
"ဟယ်လို"
"ဟေ့ကောင် မင်းဘယ်မှာလဲ ငါကဘယ်ကိုလာရမှာလဲ"
"Lucky starမှာရှိတယ်လာခဲ့"
"အေးအေး ပြီးတာပဲ"
ပိုင်ဇေကန်တင်းထဲသို့ဝင်လာသည်။ဟိန်းသူကိုရှာမတွေ့ခင်ကေသွယ်တို့နဲ့အရင်သွားတွေ့သည်။
"ဟာ အစ်ကို ကန်တင်းလာတာလား ထိုင်လေ ဒီမှာ"
ကေသွယ်သည်ပိုင်ဇေ့ကိုမြင်သည့်အခါခင်ခင်မင်မင်နဲ့စကားလှမ်း
ပြောလိုက်သည်။
"ဟိုညီမရယ် အားတော့နာတယ်အစ်ကို့သူငယ်ချင်းစောင့်နေလို့"
"ခေါ်လိုက်ပေါ့အစ်ကိုကလည်း မိတ်ဆွေလေးဘာလေးရတာပေါ့"
ကေသွယ်သည်သွက်လက်သည်။စကားပြောအရမ်းကောင်းသည်။
"အဲ့တာဆိုရင်တော့ ခဏလေး အစ်ကိုသွားခေါ်လိုက်ဦးမယ်"
"ဟုတ်အစ်ကို"
ကေသွယ်တို့ကတော့သွက်သည်။ကျောင်းတောင်မတက်ရသေးဘူးမိတ်ဆွေဖွဲ့နိုင်သည်။ခဏကြာတော့ပိုင်ဇေပြန်လာသည်။ပိုင်ဇေ၏အနောက်တွင်ဟိန်းသူပါလာသည်။ဟိန်းသူကိုမြင်မြင်ချင်းဟိဏ်းဆက်ပါးစပ်မှလွှတ်ခနဲထွက်သွားသည်။
"ဟာ ရေခဲတုံး"
ဟိန်းသူသည်ဟိဏ်းဆက်ကိုမျက်မှောင်ကြုံ့ပြီးကြည့်လိုက်သည်။ဟိဏ်းဆက်ချက်ချင်းအကြည့်တွေလွှဲသွားပြီးဘာမှမရှိတော့သည့်အအေးဘူးအခွံကိုသောက်နေမိသည်။
"ကဲ အကုန်လုံးနဲ့မိတ်ဆက်ပေးမယ် ဒါက အစ်ကို့သူငယ်ချင်း ဟိန်းသူတဲ့"
"တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ ၊ ကျွန်တော်က.........
အသီးသီးမိတ်ဆက်ကြပြီးဟိန်းသူသည်ခေါင်းလေးပဲပြန်ညိမ့်ပြတာဆိုတော့အကုန်လုံးနင်သွားသည်။အဆက်ကလေးကဟိန်းသူနဲ့ပိုင်ဇေ့ကိုကြည့်ပြီးတစ်ခုတွေးမိလိုက်သည်။
ဘယ်လိုလူလဲ။မပြုံးမရယ်နဲ့ကျောက်ရုပ်ကြီးအတိုင်းပဲ။ဘယ်လိုများသူငယ်ချင်းအဖြစ်ပေါင်းမိကြလဲမသိဘူး။
"အစ်ကို့သူငယ်ချင်းကအဲ့လိုပဲ နားလည်ပေးကြပါ ၊ သူကစိတ်....."
"ပိုင်ဇေ!!!"
"ဆောရီး ငါမေ့သွားလို့"
ဟိန်းသူဆီမှထွက်လာတဲ့အသံဩရှရှ။ဟိန်းသူ၏အသံကိုအဆက်ကလေးသဘောကျသွားသည်။ဩဇာရှိနေသည့်အသံပိုင်ရှင်ဟိန်းသူကိုအဆက်ကလေးခဏတာငေးကြည့်နေမိပြန်ပါသည်။စားပွဲဝိုင်းလေးကခေတ္တခဏတိတ်ဆိတ်သွားသည်။ထိုအေးစက်နေတဲ့အခြေအနေကိုဖြိုခွင်းလိုက်သည်ကဟိဏ်းဆက်။
"အစ်ကိုတို့ကဘာမေဂျာလဲ ၊ ကျွန်တော်ကအင်္ဂလိပ်စာ ၊ ကေသွယ်လည်အတူတူပဲ ၊ မြင့်မြတ်နဲ့ကျော်စွာကYUကIRပဲ ၊ မင်းလွင်ကYUFLကဂျပန်မေဂျာ"
"အစ်ကိုက ဥပဒေကတတိယနှစ်"
"အင်္ဂလိပ်"
ဟိန်းသူသည်လိုရင်းတိုရှင်းသာဖြေသည်။
"ဒါဆို ကျွန်တော်တို့သူငယ်ချင်းတွေဖြစ်သွားကြပြီနော် ၊
Facebook accountတွေအပ်ကြမယ်လေ"
ကိုယ်စီဖုန်းထုတ်လိုက်ပြီးacc addလိုက်ကြသည်။ဟိန်းသူကတော့ အေးတိအေးစက်သာနေသည်။
"အစ်ကိုဟိန်းသူကဓာတ်ပုံစားသားပဲနော်"
ကျော်စွာကပြုံးပြကာပြောလိုက်သည်။
"ဒီကောင်ကအသားဖြူလျက်နဲ့ဓာတ်ပုံအသေစားနေတာအစ်ကိုတောင်မနာလိုဘူး"
"ဟုတ်တယ်နော် ၊ ပုံမှန်ဆိုအသားညိုတဲ့သူတွေကဓာတ်ပုံစားတာလေ"
ဟိဏ်းဆက်သည်စကားထောက်ပေးလိုက်ပြန်သည်။သို့ပေမဲ့ဟိန်းသူသည်စကားတစ်လုံးတောင်ဝင်မပြောပါ။စားသောက်ပြီးနှုတ်ဆက်ကာ ကိုယ်စီအသီးသီးပြန်လာကြသည်။ဟိန်းသူနဲ့ပိုင်ဇေတို့နှစ်ယောက်သာကျန်ခဲ့သည်။
"ဟိန်း မင်းကလည်း နည်းနည်းပါးပါးလေးပြုံးပါကွာ ၊ သူများတွေကိုအားနာစရာကြီး"
"ငါစိတ်မပါဘူးဇေ ၊ ငါပြန်တော့မယ် ငါပင်ပန်းနေပြီ"
စားပွဲပေါ်မှကားသော့နဲ့ဖိုင်အိတ်ကိုဆွဲကာထွက်ခဲ့သည်။ကျောင်းထဲတွင်တဖြည်းဖြည်းလူရှင်းလာသည်။ကျောင်းကနေ့လယ်၂နာရီအထိသာကျောင်းအပ်လက်ခံသည်။သူတို့ကန်တင်းထိုင်တာ၃နာရီထိုးသွားသည်။ဟိန်းသူကားမောင်းကာထွက်လာခဲ့သည်။မှတ်တိုင်လေးမှာကားထိုင်စောင့်နေတဲ့ဟိဏ်းဆက်ကိုတွေ့လိုက်သည်။ကြည့်ရတာဒီကောင်လေးကားမရသေးပုံပေါ်သည်။သူငယ်ချင်းတွေကလည်းပြန်သွားကြပြီထင်တယ်။ဟိန်းသူမသိချင်ယောင်ဆောင်ကာကားကိုရှေ့ဆက်မောင်းသွားခဲ့သည်။သို့သော်အဝိုင်းနားရောက်သည့်အခါကားပြန်ကွေ့လာသည်။မျက်နှာငယ်လေးနဲ့ကားထိုင်စောင့်နေသည့်ကောင်လေးပုံကသူ့မျက်လုံးထဲမထွက်တော့ပါ။ကျောင်းထဲကအလုပ်ချိန်တွေပြီးသွားသည်နှင့်လူရှင်းနေမှာဆိုတာသူသိနေတော့ပထမနှစ်ကျောင်းသားလေးကိုတော့သူဒီအတိုင်းမထားခဲ့နိုင်ပါ။လမ်းတစ်ဖက်ခြမ်းမှာကားရပ်လိုက်ပြီးလမ်းကူးလာခဲ့လိုက်သည်။ဟိဏ်းဆက်ကလေးခေါင်းလေးငုံ့ထားစဉ်ဟိဏ်းဆက်နားရောက်လာသည့်ခြေထောက်တစ်စုံ။
"ဒီမှာဘာထိုင်လုပ်နေတာလဲ"
အသံဩရှရှကြောင့်ဟိဏ်းဆက်မော့ကြည့်လိုက်သည်။
"ကား ကားစောင့်နေတာ"
ဒီကောင်လေးကြည့်ရတာတစ်ခုခုကိုကြောက်နေပုံရသည်။
"မင်းတစ်ယောက်တည်းလား"
"ဟုတ်တယ် အကုန်ပြန်သွားကြပြီ"
"မင်းအိမ်ကဘယ်မှာလဲ"
"ကျွန်တော်ကသံလမ်းမှာနေတာ ၊ 30ကတစ်စီးမှမလာသေးလို့"
"လာ ငါနဲ့လိုက်ခဲ့"
ဟိန်းသူသည်ထိုကောင်လေးကိုဆွဲခေါ်လာခဲ့သည်။
"အာ့! နေပါဦးဗျ ကျွန်တော်ကခင်ဗျားနဲ့ဘာလို့လိုက်ရမှာလဲ လွှတ်"
ဟိဏ်းဆက်ပြောနေတာတွေဟိန်းသူသည်ဂရုမစိုက်ပါ။
"ဒီမှာ ကျွန်တော့်လက်နာနေပြီဗျာ့ ခင်ဗျားအားကြီးနဲ့"
ထိုအခါမှဟိန်းသူလှည့်ကြည့်လာသည်။သူဟိဏ်းဆက်လက်ကိုအတင်းဆုပ်ကိုင်ထားသောကြောင့်ဖွေးဥနေသည့်အသားလေးကနီရဲနေသည်။
"အာ! ဆောရီး"
ဟိဏ်းဆက်လက်ကိုသူလွှတ်ပေးလိုက်သည်။ဟိဏ်းဆက်သူ့လက်ကလေးသူပြန်ကိုင်ကာမျက်စောင်းထိုးလာသည်။သို့ပေမဲ့ဟိန်းသူအနောက်ကကားလေးကိုမြင်လိုက်ရသည့်အခါတွင်အဆက်ကလေးစိတ်နည်းနည်းပြောင်းသွားသည်။
ငါ့ကားလေး။အဲလေ မှားလို့ ငါကြိုက်တဲကားလေး။ဒါသူ့ကားလား။
"အဟမ်း! ဒါ ခင်ဗျားကားလား"
ဟိန်းသူသည်အနောက်ကကားကိုပြန်လှည့်ကြည့်ပြီးမှင်သေသေနဲ့ခေါင်းညိတ်ပြသည်။
"ကျွန်တော့်ကိုလိုက်ပို့ပေးမှာလား"
ဟိန်းသူသည်ခေါင်းထပ်ညိတ်ပြပြန်သည်။
"အင်းပါလေ လိုက်ပို့ပေးချင်တဲ့သူကရှိနေမှတော့လိုက်ရတော့မှာပေါ့"
"ဒီမှာ လိုက်မှာလား မလိုက်ဘူးလား"
"လိုက်မှာပေါ့ ဟီးဟီး"
ဟိဏ်းဆက်သည်သူအရမ်းကြိုက်ရသည့်ကားလေးကိုစီးရသည့်အခါမိန့်မိန့်ကြီးနဲ့ပြုံးစိစိဖြစ်နေသည်။
ဘယ်လိုဟာလေးကိုခေါ်လာမိပါ့လိမ့်။ဒီအတိုင်းထားခဲ့လိုက်တာကောင်းဦးမယ်။
"ဟိုရှေ့နားလေးမှာပဲရပ်ပေး"
ဟိန်းသူသည်ကားလေးကိုလမ်းဘေးချရပ်လိုက်သည်။ဟိန်းသူကားကိုရပ်လိုက်သည်နှင့်ဟိဏ်းဆက်လည်းကားပေါ်မှဆင်းလိုက်သည်။
"ကျေးဇူးတင်ပါတယ်နော်လိုက်ပို့ပေးလို့ နောက် ......"
ဟိဏ်းဆက်ပြောနေသည့်စကားကိုနားမထောင်ဘဲကားကိုမောင်းထွက်သွားသည်။
"သေနာကြီး!!!! လူရောဟုတ်ရဲ့လားမသိဘူး ၊ ခင်ဗျားကြီးစကားရော ပြောတတ်ရဲ့လား ၊ တွေ့မယ်ခင်ဗျားကြီး မကျေနပ်ဘူး"
ဟိန်းသူသည်အနောက်တွင်အော်ဟစ်၍ကျန်ခဲ့သည့်ဟိဏ်းဆက်ကို ကားနောက်ကြည့်မှန်ကနေတဆင့်ကြည့်ရင်းဟိန်းသူ၏နှုတ်ခမ်းပါးပါးလေးတစ်စုံသည်လေးကိုင်းသဏ္ဍာန်မသိမသာလေးပြောင်းသွားသည်။
ဆက်ရန်
----------------------------------------------------------------------------------
[Zawgyi]
ဟိန္းသူေဖာင္ထုတ္ရန္တန္းစီဖို႔ေရာက္လာသည္။ဟိန္းသူပထမႏွစ္ေဖာင္ထုတ္တဲ့ေနရာမွာမွားရပ္မိလိုက္သည္။ဟိန္းသူမတ္တပ္ရပ္ေနရင္း လူတစ္ေယာက္ေယာက္ကသူ႕ကိုၾကည့္ေနသလိုခံစားမိေသာေၾကာင့္ေဘးကိုၾကည့္လိုက္ေတာ့ေကာင္ေလးတစ္ေယာက္မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕Lolipopႀကီးကိုင္ၿပီးသူ႕ကိုျပဴးၾကည့္ေနသည္။သူလည္းဘာလဲဆိုတဲ့သေဘာနဲ႕ေမးဆက္ျပလိုက္ေတာ့ရွိသမွ်သြားၿဖီးျပၿပီးေခါင္းေလးခါျပကာဟိုဘက္ကိုခ်ာခနဲလွည့္သြားသည္။ဒီေကာင္ေလးသူမျမင္ဖူးပါလို႔ၾကည့္လိုက္မွပဲ ပထမႏွစ္ျဖစ္ေနသည္။ဒါ့ေၾကာင့္သူခပ္ျမန္ျမန္လွည့္ထြက္လာၿပီး တတိယႏွစ္ေဖာင္ထုတ္တဲ့ေနရာမွာျပန္တန္းစီလိုက္ရသည္။သူ ထိုေကာင္ေလးကိုမွတ္မိသြားသည္။ေၾကာင္ေတာင္ေတာင္ေလးနဲ႕ဟိုေကာင္ေလးပဲ။ဘယ္လိုဟာေလးလဲမသိဘူး။ဟိန္းသူေဖာင္ထုတ္လာခဲ့ၿပီးေဖာင္ျဖည့္ရန္ေနရာကိုရွာလိုက္ေတာ့ ခုံတန္းေလးတစ္ခုလြတ္ေနတာကိုေတြ႕လိုက္သည္။ထိုခုံတန္းေလးသို႔ေလွ်ာက္သြားလိုက္သည္။
ခုံတန္းေလးအနားေရာက္ခါနီးမွသူ႕ေဘးနားကေကာင္ေလး
တစ္ေယာက္ျဖတ္ေျပးသြားသည္။သူ႕ေတာင္ဝင္တိုက္သြားေသးသည္။
"ကန္ေတာ့ ေဆာရီးေနာ္ ဟီးဟီး"
သူ႕ကိုေဆာရီးလို႔ေျပာသြားတဲ့ေကာင္ေလးကိုသူမ်က္ေမွာင္
ႀကဳံကာစိုက္ၾကည့္လိုက္သည္။ထိုေကာင္ေလးကျပန္လွည့္ၾကည့္လာသည္။ဟိဏ္းဆက္လွည့္ၾကည့္မိလိုက္သည့္အခိုက္အတန႔္မ်က္လုံးေလးျပဴးၿပီးျပန္လွည့္သြားသည္။
ဟိုက္!ဟိုall blackႀကီးပဲ ေသာက္က်ိဳးနည္းသူ႕ေနရာကိုယူမိလို႔ မေက်နပ္ဘူးလားမသိဘူး အစိမ္းလိုက္ဝါးစားေတာ့မယ့္မ်က္ႏွာႀကီးနဲ႕။
"ဟို ဟို ဟိုက All black အတူတူထိုင္လို႔လည္းရတယ္ ၊ လာထိုင္ေလ ၊ က်န္တဲ့ေနရာလဲမရွိေတာ့ဘူးဆိုေတာ့လာထိုင္လိုက္ေလ"
ဟိဏ္းဆက္ကလာထိုင္ရန္ေျပာေသာ္လည္းမထိုင္သည့္အျပင္စကားေတာင္ျပန္မေျပာဘဲလွည့္ထြက္သြားတဲ့သူေၾကာင့္ဟိဏ္းဆက္ေဒါသထြက္သြားသည္။
"အံ့ဩဖို႔ေကာင္းလိုက္တာ မာနခဲပဲ"
"ဟဲ့ ဘာေတြေျပာေနတာလဲငါ့ကေလးက"
ဟိဏ္းဆက္တစ္ေယာက္တည္းပြစိပြစိေျပာေနစဥ္ေကသြယ္ေရာက္လာသည္။
"ဟိုမွာေလ ဟိုမာနခဲေပါ့ ၊ ငါကသူ႕ေနရာကိုျဖတ္ဦးလိုက္လို႔
အစိမ္းလိုက္ဝါးစားေတာ့မယ့္အၾကည့္နဲ႕ၾကည့္ေနလို႔ငါကအတူလာထိုင္ဖို႔ေျပာတာကို ဘာမွေတာင္ျပန္မေျပာဘူး လွည့္ထြက္သြားတာ ေရခဲတုံးဖင္ခုထိုင္ထားတဲ့လူ"
ဟိဏ္းဆက္လက္ညွိုးၫႊန္ျပတဲ့ေနရာကိုေကသြယ္လွမ္းၾကည့္လိုက္သည္။
"အိုးမိုင္ေဂါ့!!!semeႀကီး အေသမိုက္တယ္ ၊ All blackနဲ႕ အိုမားရား!!!!က်ဴမီးငါးးးးး!!!"
ဟိဏ္းဆက္ ေကသြယ္ရဲ႕ပါးစပ္ကိုလွမ္းပိတ္ရေတာ့သည္။
"ဟဲ့ ဒါေက်ာင္းသားေရးရာေနာ္ နင့္အေမအိမ္မဟုတ္ဘူး ၊
အကုန္ဝိုင္းၾကည့္ကုန္ၿပီ ထိုင္စမ္း"
ေကသြယ္ေဘးဘီကိုၾကည့္လိုက္ၿပီးတစ္ခ်က္ၿဖီးျပကာ
ထိုင္လိုက္သည္။
"ဟီး ေဆာရီး ငါအရမ္းအရမ္းကိုမုေတြဝင္သြားလို႔ပါဟယ္"
"မုဝင္ရေအာင္ ဒီေနရာကနင္ၾကည့္ေနတဲ့Blကားေတြမဟုတ္ဘူးဟ ၊ ေက်ာင္းသားေရးရာဟ"
"ေအးပါဟာ ၊ နင္ကလည္း ေျပာမယ္ဆိုတာခ်ည္းပဲ"
"ထားပါ ဟိုေကာင္ေတြေရာ"
"သူတို႔အေၾကာင္းမေျပာခ်င္ေတာ့ပါဘူးေအ ၊ ဟိုမွာ တမတည္းမၿပီးေတာ့ ဒုတိယႏွစ္ေဖာင္တန္းနားမွာဝဲလည္လည္နဲ႕ေၾကာင္ေနၾကတယ္"
"ဟူးးးဒီေကာင္ေတြနဲ႕လည္းခက္တယ္ ၊ ငါတို႔ေဖာင္အရင္ျဖည့္ရေအာင္ ၊ သူတို႔ကိုအေရးလုပ္မေနနဲ႕ေတာ့"
"ေအးျဖည့္ၾကမယ္"
ေက်ာင္းမွာတက္ရမယ့္သူကဟိဏ္းဆက္နဲ႕ေကသြယ္ႏွစ္ေယာက္တည္းျဖစ္သည္။လိုက္တာတဲ့သူငယ္ခ်င္းေတြကအျခားေက်ာင္းမွာတက္ရမွာဆိုေပမဲ့အခုလိုဖြန္ေၾကာင္ခ်င္လို႔လိုက္လာၾကျခင္းျဖစ္သည္။ဟိန္းသူလွည့္ထြက္လာၿပီးကားထဲမွာပဲေဖာင္ျဖည့္ရန္ဆုံးျဖတ္လိုက္သည္။ေဖာင္ျဖည့္ေနစဥ္မိခင္နာမည္ေရးရျပန္ေတာ့သူ ေမေမ့ကိုသတိရမိျပန္သည္။
ဟိန္းသူအျပင္သြားရင္ အေမနဲ႕အတူတြဲသြားေနတဲ့ကေလးေတြကိုျမင္တိုင္းသူလည္းေမေမနဲ႕အဲ့လိုသြားခ်င္မိသည္။
ေမေမ့ကိုသူဘယ္လိုမွေမ့ေပ်ာက္၍မရနိုင္။မိခင္ရဲ႕နာမည္ကိုသူျဖည့္လိုက္သည္။သတိရတယ္ေမေမ အခုခ်ိန္သာေမေမရွိရင္သားဘယ္ေလာက္ေတာင္ေပ်ာ္ေနရမလဲေမေမ။အေမမရွိတဲ့ခံစားခ်က္ကို သူေကာင္းေကာင္းသိသည္။
"ဟို ဒီကညီေလးနဲ႕ညီမေလး ထိုင္လို႔ရမလားမသိဘူး"
"ရပါတယ္ ရပါတယ္ ထိုင္ပါ"
"ေက်းဇူးေနာ္"
အရပ္ခပ္ျမင့္ျမင့္ေကာင္ေလးတစ္ေယာက္ကဟိဏ္းဆက္တို႔ခုံတန္းေလးတြင္ထိုင္ရန္ခြင့္ေတာင္းလာသည္။
"အကို႔နာမည္က ပိုင္ေဇပါ တတိယႏွစ္က"
"ဟုတ္ အကို ညီမတို႔က ပထမႏွစ္ပါ"
"ဪ ဂ်ဴနီယာေလးေတြပဲ အကိုဘာကူညီေပးရမလဲ"
ဟိဏ္းဆက္နဲ႕ေကသြယ္အတြက္ ေကာင္းေသာအခြင့္အေရးျဖစ္သြားသည္။ဟိဏ္းဆက္နဲ႕ေကသြယ္တို႔minorဘာသာရပ္ကိုဘာယူရမွန္းမသိျဖစ္ေနၾကသည္။
"ဒါဆို အကို minorဘာသာရပ္ေတြကဘာေတြဘယ္လိုသင္တာလဲ ၊ ကြၽန္ေတာ္တို႔ကိုေျပာျပပါလား"
"ရတာေပါ့ငါ့ညီရာ အကိုေျပာျပမယ္ ၊ Minorကသုံးခုရွိတယ္ OSရယ္Philoရယ္Historyရယ္ ၊ OSကအေရွ႕တိုင္းဘာသာရပ္ ပါဠိေတြသင္ရတာ ၊ Philoကဒႆနိကအေတြးအေခၚဘာသာရပ္ ၊ Historyကေတာ့သမိုင္းေပါ့ငါ့ညီရာ ငါ့ညီတို႔ႀကိဳက္တာတစ္ခုပဲေ႐ြးယူလိုက္"
"ဒါဆို အကို ညီမတို႔ဘာယူရမလဲ လြယ္တဲ့ဘာသာရပ္ေလးလင္းပါအကိုရယ္"
"လြယ္တာဆိုရင္ေတာ့ Philoေပါ့ညီမရယ္ ၊ အကိုဆိုအဲ့တာပဲယူခဲ့တာ လြယ္မွလြယ္"
"အဲ့တာဆိုရၿပီအကို philoပဲယူလိုက္ေတာ့မယ္ ၊ ေက်းဇူးေနာ္အကို"
"ရပါတယ္ငါ့ညီရာ ဒါကအကိုတို႔စီစီေတြရဲ႕တာဝန္ပါ"
အကိုပိုင္ေဇကိုၾကည့္ရင္းဟိဏ္းဆက္ေတြးမိသည့္တစ္ခုရွိသည္။ခုဏကေရခဲတုံးႀကီးနဲ႕အရမ္းကြာပါလား။
"ျဖည့္ၾက ျဖည့္ၾက အကိုလည္းျဖည့္လိုက္ဦးမယ္"
"ဟုတ္"
ေဖာင္ေတြကိုဆက္ျဖည့္လိုက္ၾကသည္။ဒီႏွစ္ကံေကာင္းသည္ဟုဆိုရမည္။ဌာနမႉးဆီသြားစရာမလိုေတာ့တာေလးတစ္ခုေပါ့။ေက်ာင္းအပ္တာ ေန႕လယ္၁၂ေလာက္မွၿပီးသည္။
ေက်ာ္စြာ - ဟူးးးေမာတယ္ကြာ ငါေတာ့ဗိုက္ဆာေနၿပီ ၊ တစ္ခုခုသြားစားရေအာင္
ေက်ာ္စြာက စကားစလိုက္ေတာ့ အကုန္လုံးကေထာက္ခံၾကသည္။နီးစပ္ရာကန္တင္းမွာပဲထိုင္လိုက္ၾကသည္။စားေသာက္ေနတုန္းေကသြယ္မကထေဖာက္သည္။
"အိုးမိုင္ေဂါ့!!!All Blackႀကီး ငါ့ရဲ႕ကေလးနဲ႕ဆိုလိုက္မွာ ၊ အဆက္ နင္နဲ႕ဆိုလိုက္မွာ ဟိုမွာၾကည့္စမ္း အေသေခ်ာတာ"
ေကသြယ္မေျပာတာၾကည့္လိုက္မွခုဏကေရခဲတုံးျဖစ္ေန
သည္။ေတြ႕ျပန္ၿပီ ဒီေရခဲတုံး။ဒါေပမဲ့ေခ်ာတာေတာ့အမွန္ပဲ။
"ေဟ့ေကာင္ အဆက္ မ်က္ေတာင္ေလးခက္ဦးေလကြာ"
ျမင့္ျမတ္က မ်က္ႏွာေရွ႕လက္ကေလးလာေဝွ႕ယမ္းမွပဲသတိျပန္ဝင္လာသည္။
"ဟမ္!အင္းအင္း စားၾကေလ စားစား"
ဟိဏ္းဆက္ကေယာင္ကတမ္းနဲ႕ေျပာမိေျပာရာပဲေျပာလိုက္သည္။
ငါလည္းသူ႕လိုေခ်ာခ်င္လိုက္တာ။ဟိန္းသူသည္ တကယ္တမ္းေတာ့ေခ်ာသည္မဟုတ္။အသားကျဖဴသည္။အရပ္ကရွည္သည္။ကိုယ္နဲ႕လိုက္ဖက္ေအာင္ဝတ္တတ္စားတတ္သူျဖစ္
ေသာေၾကာင့္ေခ်ာသည္ဟုထင္ရသည္။တစ္နည္းေျပာရရင္မိန္းကေလးတိုင္းေႂကြသည့္သူမ်ိဳးျဖစ္သည္။ဟိန္းသူမုန႔္စားေနရင္းခုဏကသူနဲ႕ေတြ႕ခဲ့တဲ့ေကာင္ေလးကိုေတြ႕လိုက္ရျပန္သည္။
သူပဲလား။ထပ္ၿပီးေတာ့ေတြ႕ျပန္ၿပီ။ဟိန္းသူမ်က္လုံးထဲတြင္ ထိုေကာင္ေလးကိုသေဘာက်ေနမိသည္။သူသေဘာက်တယ္ဆိုတာကထိုေကာင္ေလးကအၿမဲတမ္းၿပဳံးရယ္ေနသည္ကိုၾကည့္ရင္းသူအားက်မိျခင္းသည္။သူေကာင္ေလးကိုေငးၾကည့္ေနမိစဥ္ဖုန္းျမည္လာသည္။ခုံေပၚတြင္တင္ထားေသာဖုန္းကို ေကာက္ကိုင္လိုက္ၿပီးContact nameကိုၾကည့္လိုက္သည္။
"ဟယ္လို"
"ေဟ့ေကာင္ မင္းဘယ္မွာလဲ ငါကဘယ္ကိုလာရမွာလဲ"
"Lucky starမွာရွိတယ္လာခဲ့"
"ေအးေအး ၿပီးတာပဲ"
ပိုင္ေဇကန္တင္းထဲသို႔ဝင္လာသည္။ဟိန္းသူကိုရွာမေတြ႕ခင္ေကသြယ္တို႔နဲ႕အရင္သြားေတြ႕သည္။
"ဟာ အကို ကန္တင္းလာတာလား ထိုင္ေလ ဒီမွာ"
ေကသြယ္ကပိုင္ေဇ့ကိုျမင္ေတာ့ခင္ခင္မင္မင္နဲ႕စကားလွမ္း
ေျပာလိုက္သည္။
"ဟိုညီမရယ္ အားေတာ့နာတယ္အကို႔သူငယ္ခ်င္းေစာင့္ေနလို႔"
"ေခၚလိုက္ေပါ့အကိုကလည္း မိတ္ေဆြေလးဘာေလးရတာေပါ့"
ေကသြယ္ကသြက္လက္သည္။စကားေျပာအရမ္းေကာင္းသည္။
"အဲ့တာဆိုရင္ေတာ့ ခဏေလး အကိုသြားေခၚလိုက္ဦးမယ္"
"ဟုတ္အကို"
ေကသြယ္တို႔ကေတာ့သြက္သည္။ေက်ာင္းေတာင္မတက္ရေသးဘူးမိတ္ေဆြဖြဲ႕နိုင္သည္။ခဏၾကာေတာ့ ပိုင္ေဇျပန္လာသည္။ပိုင္ေဇရဲ႕အေနာက္မွာဟိန္းသူပါလာသည္။ဟိန္းသူကိုျမင္ျမင္ခ်င္းဟိဏ္းဆက္ပါးစပ္ကလႊတ္ခနဲထြက္သြားသည္။
"ဟာ ေရခဲတုံး"
ဟိန္းသူကဟိဏ္းဆက္ကိုမ်က္ေမွာင္ႀကဳံ႕ၿပီးၾကည့္လိုက္သည္။ဟိဏ္းဆက္ခ်က္ခ်င္းအၾကည့္ေတြလႊဲသြားၿပီးဘာမွမရွိေတာ့သည့္အေအးဘူးအခြံကိုေသာက္ေနမိသည္။
"ကဲ အကုန္လုံးနဲ႕မိတ္ဆက္ေပးမယ္ ဒါက အကို႔သူငယ္ခ်င္း ဟိန္းသူတဲ့"
"ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ် ၊ ကြၽန္ေတာ္က ^$&$(%)%%!&$£/₩/*#"
အသီးသီးမိတ္ဆက္ၾကၿပီးဟိန္းသူကေခါင္းေလးပဲျပန္ညိမ့္ျပတာဆိုေတာ့ အကုန္လုံးနင္သြားသည္။အဆက္ကေလးကဟိန္းသူနဲ႕ပိုင္ေဇ့ကိုၾကည့္ၿပီးတစ္ခုေတြးမိလိုက္သည္။ဘယ္လိုလူလဲဟ မၿပဳံးမရယ္နဲ႕ ေက်ာက္႐ုပ္ႀကီးအတိုင္းပဲ ဘယ္လိုမ်ားသူငယ္ခ်င္းအျဖစ္ေပါင္းမိၾကလဲမသိဘူး။
"အကို႔သူငယ္ခ်င္းကအဲ့လိုပဲ နားလည္ေပးၾကပါ ၊ သူကစိတ္....."
"ပိုင္ေဇ!!!"
"ေဆာရီး ငါေမ့သြားလို႔"
ဟိန္းသူဆီကထြက္လာတဲ့အသံဩရွရွ။ဟိန္းသူ၏အသံကိုအဆက္ကေလးသေဘာက်သြားသည္။ဩဇာရွိေနတဲ့အသံပိုင္ရွင္ဟိန္းသူကိုအဆက္ကေလးခဏတာေငးၾကည့္ေနမိျပန္ပါသည္။စားပြဲဝိုင္းေလးကေခတၱခဏတိတ္ဆိတ္သြားသည္။ထိုေအးစက္ေနတဲ့အေျခအေနကိုၿဖိဳခြင္းလိုက္သည္ကဟိဏ္းဆက္။
"အကိုတို႔ကဘာေမဂ်ာလဲ ၊ ကြၽန္ေတာ္ကအဂၤလိပ္စာ ၊ ေကသြယ္လည္အတူတူပဲ ၊ ျမင့္ျမတ္နဲ႕ေက်ာ္စြာကYUကIRပဲ
မင္းလြင္ကYUFLကဂ်ပန္ေမဂ်ာ"
"အကိုက ဥပေဒကတတိယႏွစ္"
"အဂၤလိပ္"
ဟိန္းသူက လိုရင္းတိုရွင္းသာေျဖသည္။
"ဒါဆို ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြျဖစ္သြားၾကၿပီေနာ္ ၊
Facebook accountေတြအပ္ၾကမယ္ေလ"
ကိုယ္စီဖုန္းထုတ္လိုက္ၿပီးacc addလိုက္ၾကသည္။ဟိန္းသူကေတာ့ ေအးတိေအးစက္သာေနသည္။
"အကိုဟိန္းသူကဓာတ္ပုံစားသားပဲေနာ္"
ေက်ာ္စြာကၿပဳံးျပကာေျပာလိုက္သည္။
"ဒီေကာင္ကအသားျဖဴလ်က္နဲ႕ဓာတ္ပုံအေသစားေနတာ
အကိုေတာင္မနာလိုဘူး"
"ဟုတ္တယ္ေနာ္ ပုံမွန္ဆိုအသားညိုတဲ့သူေတြကဓာတ္ပုံစားတာေလ"
ဟိဏ္းဆက္ကစကားေထာက္ေပးလိုက္ျပန္သည္။သို႔ေပမဲ့ဟိန္းသူကစကားတစ္လုံးေတာင္ဝင္မေျပာပါ။စားေသာက္ၿပီး ႏႈတ္ဆက္ကာ ကိုယ္စီအသီးသီးျပန္လာၾကသည္။ဟိန္းသူနဲ႕ပိုင္ေဇကေတာ့က်န္ခဲ့သည္။
"ဟိန္း မင္းကလည္း နည္းနည္းပါးပါးေလးၿပဳံးပါကြာ ၊ သူမ်ားေတြကိုအားနာစရာႀကီး"
"ငါစိတ္မပါဘူးေဇ ငါျပန္ေတာ့မယ္ ငါပင္ပန္းေနၿပီ"
စားပြဲေပၚကကားေသာ့နဲ႕ဖိုင္အိတ္ကိုဆြဲကာထြက္ခဲ့သည္။ေက်ာင္းထဲတြင္တျဖည္းျဖည္းလူရွင္းလာသည္။ေက်ာင္းကေန႕လယ္၂နာရီအထိသာေက်ာင္းအပ္လက္ခံသည္။သူတို႔ကန္တင္းထိုင္တာ၃နာရီထိုးသြားသည္။ဟိန္းသူကားေမာင္းကာထြက္လာခဲ့သည္။မွတ္တိုင္ေလးမွာကားထိုင္ေစာင့္ေနတဲ့ဟိဏ္းဆက္ကိုေတြ႕လိုက္သည္။ၾကည့္ရတာဒီေကာင္ေလးကားမရေသးပုံေပၚသည္။သူငယ္ခ်င္းေတြကလည္းျပန္သြားၾကၿပီထင္တယ္။ဟိန္းသူမသိခ်င္ေယာင္ေဆာင္ကာ ကားကိုေရွ႕ဆက္ေမာင္းသြားခဲ့သည္။သို႔ေသာ္ အဝိုင္းနားေရာက္ေတာ့ ကားျပန္ေကြ႕လာသည္။မ်က္ႏွာငယ္ေလးနဲ႕ကားထိုင္ေစာင့္ေနတဲ့ေကာင္ေလးပုံကသူ႕မ်က္လုံးထဲမထြက္ေတာ့ပါ။ေက်ာင္းထဲကအလုပ္ခ်ိန္ေတြၿပီးသြာူတာနဲ႕လူရွင္းေနမွာဆိုတာသူသိေနေေတြၿပီးသြာူတာနဲ႕လူရွင္းေနမွာဆိုတာသူသိေနေတာ့ပထမႏွစ္ေက်ာင္းသားေလးကိုေတာ့သူဒီအတိုင္းမထားခဲ့နိုင္ပါ။လမ္းတစ္ဖက္ျခမ္းမွာကားရပ္လိုက္ၿပီးလမ္းကူးလာခဲ့လိုက္သည္။ဟိဏ္းဆက္ကေလးေခါင္းေလးငုံ႕ထားစဥ္ဟိဏ္းဆက္နားေရာက္လာတဲ့ေျခေထာက္တစ္စုံ။
"ဒီမွာဘာထိုင္လုပ္ေနတာလဲ"
အသံဩရွရွေၾကာင့္ဟိဏ္းဆက္ေမာ့ၾကည့္လိုက္သည္။
"ကား ကားေစာင့္ေနတာ"
ဒီေကာင္ေလးၾကည့္ရတာတစ္ခုခုကိုေၾကာက္ေနပုံရသည္။
"မင္းတစ္ေယာက္တည္းလား"
"ဟုတ္တယ္ အကုန္ျပန္သြားၾကၿပီ"
"မင္းအိမ္ကဘယ္မွာလဲ"
"ကြၽန္ေတာ္ကသံလမ္းမွာေနတာ ၊ 30ကတစ္စီးမွမလာေသးလို႔"
"လာ ငါနဲ႕လိုက္ခဲ့"
ဟိန္းသူ ထိုေကာင္ေလးဆြဲေခၚလာခဲ့သည္။
"အာ့! ေနပါဦးဗ် ကြၽန္ေတာ္ကခင္ဗ်ားနဲ႕ဘာလို႔လိုက္ရမွာလဲ လႊတ္"
ဟိဏ္းဆက္ေျပာေနတာေတြသူဂ႐ုမစိုက္ပါ။
"ဒီမွာ ကြၽန္ေတာ့္လက္နာေနၿပီဗ် ခင္ဗ်ားအားႀကီးနဲ႕"
အဲ့ေတာ့မွဟိန္းသူလွည့္ၾကည့္လာသည္။သူဟိဏ္းဆက္လက္ကိုအတင္းဆုပ္ကိုင္ထားတာေဖြးဥေနတဲ့အသားေလးကနီရဲေနသည္။
"အာ! ေဆာရီး"
ဟိဏ္းဆက္လက္ကိုသူလႊတ္ေပးလိုက္သည္။ဟိဏ္းဆက္သူ႕လက္ကေလးသူျပန္ကိုင္ကာမ်က္ေစာင္းထိုးလာသည္။ဒါေပမဲ့ ဟိန္းသူအေနာက္ကကားေလးကိုျမင္တဲ့အခါမွာေတာ့ အဆက္ကေလးစိတ္နည္းနည္းေျပာင္းသြားသည္။
ငါ့ကားေလး။အဲေလ မွားလို႔ ငါႀကိဳက္တဲကားေလး။ဒါသူ႕ကားလား။
"အဟမ္း! ဒါ ခင္ဗ်ားကားလား"
ဟိန္းသူအေနာက္ကကားကိုျပန္လွည့္ၾကည့္ၿပီးမွင္ေသေသနဲ႕ေခါင္းညိမ့္ျပသည္။
"ကြၽန္ေတာ့္ကိုလိုက္ပို႔ေပးမွာလား"
ဟိန္းသူကေခါင္းညိမ့္ျပသည္။
"အင္းပါေလ လိုက္ပို႔ေပးခ်င္တဲ့သူကရွိေနမွေတာ့လိုက္ရေတာ့မွာေပါ့"
"ဒီမွာ လိုက္မွာလား မလိုက္ဘူးလား"
"လိုက္မွာေပါ့ ဟီးဟီး"
ဟိဏ္းဆက္ကေတာ့ သူႀကိဳက္တဲ့ကားေလးကိုစီးရေတာ့ မိန႔္မိန႔္ႀကီးနဲ႕ၿပဳံးစိစိျဖစ္ေနသည္။ဘယ္လိုဟာေလးကိုေခၚလာမိပါ့လိမ့္။ဒီအတိုင္းထားခဲ့လိုက္တာေကာင္းဦးမယ္။
"ဟိုေရွ႕နားေလးမွာပဲရပ္ေပး"
ကားေလးကိုလမ္းေဘးခ်ရပ္လိုက္သည္။ဟိဏ္းဆက္လည္းကားေပၚမွဆင္းလိုက္သည္။
"ေက်းဇူးတင္ပါတယ္ေနာ္လိုက္ပို႔ေပးလို႔ ေနာက္ ......"
ဟိဏ္းဆက္ေျပာေနတဲ့စကားကိုနားမေထာင္ဘဲကားကိုေမာင္းထြက္သြားသည္။
"ေသနာႀကီး!!!! လူေရာဟုတ္ရဲ႕လားမသိဘူး ၊ ခင္ဗ်ားႀကီးစကားေရာေျပာတတ္ရဲ႕လား ၊ ေတြ႕မယ္ခင္ဗ်ားႀကီး မေက်နပ္ဘူး"
ဟိန္းသူကေတာ့ အေနာက္မွာေအာ္ဟစ္က်န္ခဲ့သည့္ဟိဏ္းဆက္ကို ကားေနာက္ၾကည့္မွန္ကေနတဆင့္ၾကည့္ရင္းဟိန္းသူရဲ႕ႏႈတ္ခမ္းပါးပါးေလးတစ္စုံကေလးကိုင္းသ႑ာန္မသိမသာေလးေျပာင္းသြားသည္။
ဆက္ရန္
----------------------------------------------------------------------------------