[Unicode]
"မသွားပါနဲ့မေမေ မေမေ သားကိုမထားခဲ့ပါနဲ့"
ဟိန်းသူ မေမေ့အင်္ကျီကိုဆွဲထားသည်။ဟိန်းသူတောင်းပန်ပါသည်။တောင်းပန်နေတာဘယ်နှစ်ကြိမ်မှန်းတောင် သူကိုယ်တိုင်ပင်မသိတော့ပါ။သူ့အတွက်အရေးကြီးဆုံးကမေမေသူ့ကိုထားမသွားဖို့ပါပဲ။သူမေမေနဲ့ပဲအတူတူ နေချင်တယ်။မေမေရှိနေလျက်နဲ့မိထွေးနဲ့ဟိန်းသူမနေချင်ပါဘူး။မေမေနဲ့အတူတူသူလိုက်သွား ချင်မိသည်။သို့သော် မေမေသူ့ကိုထားသွားခဲ့သည်။
"သားလေး လူတိုင်းကိုမယုံကြည်နဲ့နော် မိန်းမတွေအကုန်လုံးကကြောက်ဖို့ကောင်းတယ်သား မေမေအပါအဝင်ပေါ့"
ဒီစကားတစ်ခွန်းပါပဲ။မေမေသူ့ကိုပြောသွားသည်ကဒီစကားလေးတစ်ခွန်းတည်းပါပဲ။ဒီစကားတစ်ခွန်းကဟိန်းသူရဲ့
ရင်ထဲကိုသံမှိုရိုက်သွင်းလိုက်သလိုပင်အမြစ်တွယ်သွားခဲ့သည်။
"သူ့ကိုဆွဲခေါ်ထားလိုက်"
ဖေဖေရဲ့အသံ။ဖေဖေ မေမေ့အပေါ်ရက်စက်တယ်။ဖေဖေဖောက်ပြန်ခဲ့တယ်။အခုမေမေနဲ့ကွာရှင်းပြီးတခြားမိန်းမတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်လာတယ်။အရမ်းမုန်းတယ်ဖေဖေ။ကျွန်တော်အရမ်းမုန်းတယ်။
"မေမေ မေမေ မသွားပါနဲ့ သားလည်းလိုက်မယ်"
မေမေ သူ့ကိုကျောခိုင်းသွားခဲ့ပြီ။ဟိန်းသူလိုက်သွားချင်သည်။သို့သော်ဖေဖေ့လူတွေကအတင်းချုပ်ထားသည်။ဟိန်းသူမရုန်းနိုင်ပါ။ဆယ့်နှစ်နှစ်သားအရွယ်ကောင်လေးရဲ့အင်အားကဒီအားကောင်းလှတဲ့ဖေဖေ့လူတွေကိုမနိုင်ပါ။ထိုနေ့မှစ၍ အရင်ကပြုံးပျော်သွက်လက်နေတဲ့ဟိန်းသူဆိုတဲ့ကောင်လေးရဲ့နှလုံးသားဟာသေဆုံးသွားပြီးဟန်ဆောင်မှုတွေနဲ့ပြည့်နှက်နေသည့်အေးစက်မာကျောတဲ့ဟိန်းသူအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။အချိန်တွေကြာလာသည်နှင့်အမျှဟိန်းသူတစ်ယောက်ဟန်ဆောင်မှုတွေနဲ့ပိုပြီးနေသားတကျဖြစ်လာခဲ့လေသည်။
"သခင်လေး သခင်လေး ဒေါ်ကြီးပါ ဝင်ခဲ့မယ်နော်"
"ဝင်ခဲ့ ဒေါ်ကြီး"
"သခင်လေး မမကြီးက မနက်စာစားဖို့စောင့်နေပါတယ်"
"ဒေါ်ကြီးဒီအတွက်ကျွန်တော့်ကိုလာခေါ်တယ်ဆိုထုံးစံအတိုင်းပဲပြန်ဆင်းသွားလိုက်ပါ"
ဟိန်းသူအသံအေးစက်လွန်းလှသည်။မိခင်ဖြစ်သူဒေါ်လဲ့ကြည်ထွက်သွားပြီးကတည်းက အရယ်အပြုံးမရှိအမြဲတမ်းမာကျောခက်ထန်နေသည်။မနက်တိုင်းမနက်စာအတူစားဖို့လာခေါ်တဲ့ဒေါ်ကြီးကအမြဲတမ်းတစ်ယောက်တည်းပဲပြန်ဆင်းသွားရသည်။ဟိန်းသူယနေ့ထက်ထိ မိထွေးဖြစ်သူဒေါ်မေဦးနဲ့မျက်နှာချင်းဆိုင်ကာ ထမင်းလက်ဆုံမစားပါ။ဒေါ်ကြီးထမင်းစားခန်းထဲသို့ဝင်လာပြီးဒေါ်မေဦးကိုခေါင်းခါပြလိုက်သည်။
"ဒီကောင်လေးကတော့နော် ငါလုပ်တော့မယ်"
ဟိန်းသူ၏အဒေါ်ဖြစ်သူဒေါ်ယမင်းကဒေါသထွက်ပြီးသွားပြောမယ်လုပ်တိုင်းဒေါ်မေဦးကလက်ကလေးကိုဆွဲပြီးဒီစကားလေးကိုအမြဲပြောရှာသည်။
"ထားလိုက်ပါမမရယ် ၊ ဟိန်းလေးစိတ်ချမ်းသာသလိုနေပါစေ"
မနက်ဆိုအပြင်မှာပဲစားသည်။နေ့လယ်ဆိုအိမ်မှာစားသည်။ နေ့လယ်ပိုင်းဒေါ်မေဦးကကုမ္ပဏီသွားသည်။ညဆိုဒေါ်မေဦးစားပြီးသည့်အချိန်မှဆင်းစားသည်။ဒေါ်မေဦးနဲ့မျက်နှာချင်းဆိုင်ခဲ့တာဒီနေ့ဒီအချိန်ထိမရှိခဲ့ပါ။ဟိန်းသူမေမေက ဖေဖေနဲ့ကွာရှင်းပြီး၂နှစ်အကြာမှာဆုံးသွားခဲ့သည်ကိုဟိန်းသူကြားသည်။သူအရမ်းနာကျင်ခံစားခဲ့ရသည်။မေမေ့ရဲ့နောက်ဆုံးအချိန်လေးကိုသူလိုက်မပို့ခဲ့ရပါ။ဟိန်းသူဖေဖေက သူဆယ်တန်းနှစ်မှာဆုံးပါးသွားခဲ့သည်။နောက်ဆုံးကျန်ခဲ့တာ ဟိန်းသူ ၊ ဒေါ်မေဦးနဲ့ဒေါ်ယမင်းသာရှိတော့သည်။ဒေါ်မေဦးက ဖေဖေရဲ့လုပ်ငန်းတွေအားလုံးကိုလွှဲပြောင်း
ယူလိုက်သည်။ဟိန်းသူသည်စီးပွားရေးကိုစိတ်မဝင်စားပါ။သို့ပေမဲ့ မေ့ကိုပထုတ်ပြီးဒီနေရာကိုအရယူခဲ့တယ်လို့မှတ်ယူထားပြီးဟိန်းသူဒေါ်မေဦးကိုအမြင်မကြည်ပါ။ဟိန်းသူစိတ်ဝင်စားသည်ကပန်းချီဆွဲခြင်းပညာရပ်ဖြစ်သည်။အမေတူသားတစ်ယောက်ပေါ့ဟိန်းသူမေမေကပန်းချီဆွဲတာအရမ်းတော်သည်။ဟိန်းသူသည်မေမေ့သွေးအပြည့်ပါသည်။
"သခင်လေး မမကြီးက ......"
"တော်ပါတော့ဒေါ်ကြီး ကျွန်တော်ကျောင်းသွားတော့မယ်"
စားပွဲပေါ်ကကားသော့ကိုဆွဲယူပြီးCamryကားအနက်ရောင်လေးပေါ်တက်ကာအိမ်နဲ့ဝေးရာသို့ထွက်ခဲ့သည်။
"ဦးလေး ဒီပွိုင့်ဖြတ်ပြီးရင်မြန်မြန်လေး မောင်းပေးပါနော်"
ဟိဏ်းဆက် ဒီနေ့သူငယ်ချင်းများနဲ့အတူကျောင်းအပ်ရန်
ကိုးနာရီချိန်းထားသည်။ချိန်းထားသည်ဆိုသည့်နေ့မှကားတွေကပိတ် ၊ ဖြတ်သမျှမီးပွိုင့်တွေကလည်းအကုန်မိနေပါတော့သည်။ဟိဏ်းဆက်နာရီကိုကြည့်လိုက်တော့နာရီထိုးဖို့၁၅မိနစ်သာလိုတော့သည်။နောက်ကျရင် အကုန်သူ့ကိုဝိုင်းဆဲမည်ကိုတွေးမိတိုင်း ကြက်သီးထသည်။ဟိဏ်းဆက်တွေးနေစဉ်ဘောင်းဘီအိတ်ထဲကဖုန်းလေးမြည်လာသည်။ဟိဏ်းဆက် ဘောင်းဘီအိတ်ထဲမှဖုန်းကိုထုတ်ပြီးဖုန်းကိုင်လိုက်သည်။
"ဟယ် ......."
ဟိဏ်းဆက် ဟယ်လိုဆိုတဲ့စကားလေးကိုတောင်အဆုံးမသတ်နိုင်ခဲ့ပါ။
"ခွေးသားလေး ဖေ့သားလေး ဘယ်ရောက်ပြီလဲ ၊ မှန်မှန်လိမ်စမ်း ဂျင်းထည့်စမ်း နောက်ကျရင်အသေပဲနော် သိတယ်မလားငါတို့အကြောင်း"
"ဟင်! အင်း သိတယ် ငါလာနေပြီ ၊ ငါအခုဘယ်မှာလဲ
ဆိုတော့ ....."
ဘေးပတ်ဝန်းကျင်ကြည့်လိုက်ပြီးမှ နည်းနည်းလေးဂျင်းအနည်းငယ်ကျွေးဖို့ဆုံးဖြတ်လိုက်သည်။
"ငါ ဘေလီရောက်နေပြီကွ ရောက်တော့မယ်"
"အေး မင်းကျွေးတဲ့ဂျင်းလေးစားပြီးစောင့်နေမယ်"
"မင်းကလည်းကွာ ငါတကယ်ပြောတာပါကွ"
ဟိဏ်းဆက်ဂျင်းထည့်နေသည်ကိုကြားရတော့ကားသမားဦးလေးကြီးရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။ရယ်လည်းရယ်ချင်စရာပါပဲ။ကျွေးတဲ့ဂျင်းကနည်းတာမှမဟုတ်တာ ဟိဏ်းဆက်ကအခုမှ ကမ္ဘာအေးပင်ရှိသေးသည်။
"မယုံလည်းနေ ဒါပဲကွာ ငါဖုန်းချလိုက်ပြီ"
ဖုန်းမျက်နှာပြင်ပေါ်မှend callကိုနှိပ်ပြီးဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်သည်။ဟိဏ်းဆက်ပြတင်းပေါက်အပြင်ဘက်ကိုပဲကြည့်နေလိုက်သည်။ဘေးနားသို့အနက်ရောင်ကားလေးတစ်စီးတရွေ့ရွေ့ရောက်လာသည်။အူးဝါး
လှလိုက်တာ အနက်ရောင်Camryလေးငါလိုချင်နေတဲ့ကားလေး။ဟိဏ်းဆက် ထိုကားအနက်ရောင်လေးကိုပဲမျက်တောင်မခတ်ငေးကြည့်နေမိပါသည်။ကားထဲကပြန်စိုက်ကြည့်နေတဲ့ဟိန်းသူကိုတော့သူမမြင်နိုင်ပါ။
ဘာလဲဟ ကြောင်တောင်တောင်နဲ့ငါ့ကားကဘာဖြစ်နေလို့ အဲ့လောက်တောင်စိုက်ကြည့်နေရတာလဲ။
ဟိန်းသူခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး မီးပွိုင့်စိမ်းသွားသည့်အတွက် လီဗာနင်းကာရှေ့ဆက်လိုက်သည်။
သွားတော့မလို့လားကားလေး။မသွားပါနဲ့လား။ကားလေးရယ်။ကားအနက်ရောင်လေးထွက်သွားတာကိုလိုက်ကြည့်နေစဉ်ကားသမားဦးလေးကြီး၏အသံကြောင့်ကားအနက်ရောင်လေးကိုမျက်ခြေပျက်သွားခဲ့သည်။
"ကောင်လေး အတွင်းလမ်းထဲကသွားမယ် အဆင်ပြေလား"
"ရတယ်ဦးလေး သွားချင်တဲ့နေရာကသွား ၊ ကျွန်တော်ကျောင်းရောက်ရင်ရပြီ"
ဟိဏ်းဆက်အဆဲခံရတော့မည်။ကိုးနာရီကျော်သွားခဲ့ပြီ။
"မင်းအမေမို့လို့နောက်ကျတာလား ၊ ဟမ် ဟိုမှာကြည့်စမ်း ဖောင်ထုတ်ဖို့တန်းစီရမယ့်အတန်းလေးကိုကြည့် ၊ လမ်းမအထိမရောက်ရုံလေးပဲ တွေ့လား"
ဟိဏ်းဆက်ရောက်လာပြီဆိုတာနဲ့ဝိုင်းပြောကြတော့သည်။
"ဟုတ်ပ ပြောတော့ဘေလီ မင်းအမေဘေလီလား"
"ငဆက် ငါမပြောချင်ဘူးနော် ဟင်းဟင်း"
"သေနာကောင်လေးဂျင်းထည့်ရတာပျော်ရဲ့လား"
ဘေးနားမှာဝိုင်းပြီးနားမဒိန်းကျင့်ကြတော့သည်။
"တော် တော်ပါတော့ဟာ ငါလည်းစောစောလာတာပဲ ၊ ကားကပိတ်နေတာ ဖြတ်သမျှပ်ွိုင့်ကလည်းအကုန်နီတယ် ၊ ငါတော်တော်ကံကောင်းလာတာပါနော်"
အားလုံးကမျက်မှောက်ကြုံ့၍သာ စိုက်ကြည့်နေသည်။
"မင်းတို့ကလည်းကွာ ငါ့အဲ့လိုပဲကြည့်နေမှာလား လာ သွားမယ်"
လွတ်အောင်ရုန်းနိုင်သည့်နည်းလမ်းက မသိမသာရှောင်ထွက်လာခြင်းမှလွဲ၍မရှိ။တော်ပါသေးရဲ့ ဟူး။ဖောင်ထုတ်ရန်တန်းစီနေသည့်အချိန် ဘေးနားတွင်လူတစ်ယောက်လာရပ်သည်။
ဟိဏ်းဆက်ကြည့်လိုက်တော့အင်္ကျီအနက်လက်ရှည်၊ပုဆိုးအနက်ရောင်ဝတ်ထားသောAll blackနဲ့လိုက်ဖက်လွန်းတဲ့သူကိုတွေ့လိုက်ရတော့ ငေးကြည့်နေမိသည်။၁စက္ကန့် ၂စက္ကန့်
၃စက္ကန့် နှစ်ယောက်လုံးအကြည့်ချင်းဆုံသွားကြသည်။ဟိန်းသူကပြန်ကြည့်လိုက်တော့ ရှိသမျှသွားအကုန်ဖြီးပြနေတဲ့ကောင်လေးကြောင့် သူမျက်မှောင်ကြုံ့ပြီးဘာလဲဆိုတဲ့သဘောနဲ့မေးဆက်ပြလိုက်တော့ခေါင်းလေးခါပြပြီးဟိုဘက်လှည့်သွားသည်။ဟိဏ်းဆက်ပြန်လှည့်ကြည့်တော့ ခုဏကလူမရှိတော့ပါ။
"ဘယ်ရောက်သွားတာလဲဟ"
"ဘာတွေပြောနေတာလဲ ဆက်"
ဟိဏ်းဆက်ဆီကအသံတိုးတိုးလေးကြားလိုက်ရသည့်ကေသွယ်ကနောက်လှည့်ပြီးမေးလိုက်သည်။
"ဘာမှဟုတ်ဝူး ရှေ့တိုး ရှေ့တိုး ကြားဖြတ်ကုန်မယ်"
"အမ်! အေးအေး"
ဟိဏ်းဆက်မပြောမိအောင်နေရမည်။မဟုတ်ရင်ကေသွယ်ကလိုက်အောင်သွယ်တော့မည်ဆိုတာသူသိနေသည်။ကေသွယ်ကFujoshiတစ်ယောက်ဖြစ်နေတာကြောင့်ဟိဏ်းဆက်ကို တစ်ယောက်ပြီးတစ်ယောက်နဲ့အောင်သွယ်ပေးဖူးသည်။
ဟိဏ်းဆက်ကတော့ကေသွယ်နဲ့ဆိုအမြဲပတ်ပြေးနေရသည်။
သို့ပေမဲ့လည်း မျက်လုံးချင်းဆုံသွားသည့်အခိုက်အတန့်ခဏလေးတွင်ဟိဏ်းဆက်အသိအမှတ်ပြုလိုက်သည့်အရာတစ်ခုရှိသည်။
"All Blackကြီးကချောလိုက်တာဗျာ"
ဆက်ရန်.......
ဝင့်လွှာရဲ့ficအသစ်ကလေးကိုလည်းအားပေးကြပါဦးနော်။
အစကတော့ အမွှေစိန်ပြီးမှဒိတ်မလို့ပဲ။ဒါပေမဲ့ဝင့်လွှာမနေနိုင်တော့လို့ဒိတ်လိုက်တာ။အားပေးကြဦးနော်။ဝေဖန်ပေးကြပါနော်။ကြယ်လေးကိုလည်းနှိပ်ခဲ့ကြဦးနော်။Saranghae💚
[Zawgyi]
"မသြားပါနဲ႕ေမေမ ေမေမ သားကိုမထားခဲ့ပါနဲ႕"
ဟိန္းသူ ေမေမ့အကၤ်ီကိုဆြဲထားသည္။ဟိန္းသူေတာင္းပန္ပါသည္။ေတာင္းပန္ေနတာဘယ္ႏွစ္ႀကိမ္မွန္းေတာင္ သူကိုယ္တိုင္ပင္မသိေတာ့ပါ။သူ႕အတြက္အေရးႀကီးဆုံးကေမေမသူ႕ကိုထားမသြားဖို႔ပါပဲ။သူေမေမနဲ႕ပဲအတူတူ ေနခ်င္တယ္။ေမေမရွိေနလ်က္နဲ႕မိေထြးနဲ႕ဟိန္းသူမေနခ်င္ပါဘူး။ေမေမနဲ႕အတူတူသူလိုက္သြား ခ်င္မိသည္။သို႔ေသာ္ ေမေမသူ႕ကိုထားသြားခဲ့သည္။
"သားေလး လူတိုင္းကိုမယုံၾကည္နဲ႕ေနာ္ မိန္းမေတြအကုန္လုံးကေၾကာက္ဖို႔ေကာင္းတယ္သား ေမေမအပါအဝင္ေပါ့"
ဒီစကားတစ္ခြန္းပါပဲ။ေမေမသူ႕ကိုေျပာသြားသည္ကဒီစကားေလးတစ္ခြန္းတည္းပါပဲ။ဒီစကားတစ္ခြန္းကဟိန္းသူရဲ႕
ရင္ထဲကိုသံမွိုရိုက္သြင္းလိုက္သလိုပင္အျမစ္တြယ္သြားခဲ့သည္။
"သူ႕ကိုဆြဲေခၚထားလိုက္"
ေဖေဖရဲ႕အသံ။ေဖေဖ ေမေမ့အေပၚရက္စက္တယ္။ေဖေဖေဖာက္ျပန္ခဲ့တယ္။အခုေမေမနဲ႕ကြာရွင္းၿပီးတျခားမိန္းမတစ္ေယာက္ကိုအိမ္ေပၚေခၚတင္လာတယ္။အရမ္းမုန္းတယ္ေဖေဖ။ကြၽန္ေတာ္အရမ္းမုန္းတယ္။
"ေမေမ ေမေမ မသြားပါနဲ႕ သားလည္းလိုက္မယ္"
ေမေမ သူ႕ကိုေက်ာခိုင္းသြားခဲ့ၿပီ။ဟိန္းသူလိုက္သြားခ်င္သည္။သို႔ေသာ္ေဖေဖ့လူေတြကအတင္းခ်ဳပ္ထားသည္။ဟိန္းသူမ႐ုန္းနိုင္ပါ။ဆယ့္ႏွစ္ႏွစ္သားအ႐ြယ္ေကာင္ေလးရဲ႕အင္အားကဒီအားေကာင္းလွတဲ့ေဖေဖ့လူေတြကိုမနိုင္ပါ။ထိုေန႕မွစ၍ အရင္ကၿပဳံးေပ်ာ္သြက္လက္ေနတဲ့ဟိန္းသူဆိုတဲ့ေကာင္ေလးရဲ႕ႏွလုံးသားဟာေသဆုံးသြားၿပီးဟန္ေဆာင္မႈေတြနဲ႕ျပည့္ႏွက္ေနသည့္ေအးစက္မာေက်ာတဲ့ဟိန္းသူအျဖစ္သို႔ေျပာင္းလဲသြားခဲ့သည္။အခ်ိန္ေတြၾကာလာသည္ႏွင့္အမွ်ဟိန္းသူတစ္ေယာက္ဟန္ေဆာင္မႈေတြနဲ႕ပိုၿပီးေနသားတက်ျဖစ္လာခဲ့ေလသည္။
"သခင္ေလး သခင္ေလး ေဒၚႀကီးပါ ဝင္ခဲ့မယ္ေနာ္"
"ဝင္ခဲ့ ေဒၚႀကီး"
"သခင္ေလး မမႀကီးက မနက္စာစားဖို႔ေစာင့္ေနပါတယ္"
"ေဒၚႀကီးဒီအတြက္ကြၽန္ေတာ့္ကိုလာေခၚတယ္ဆိုထုံးစံအတိုင္းပဲျပန္ဆင္းသြားလိုက္ပါ"
ဟိန္းသူအသံေအးစက္လြန္းလွသည္။မိခင္ျဖစ္သူေဒၚလဲ့ၾကည္ထြက္သြားၿပီးကတည္းက အရယ္အၿပဳံးမရွိအၿမဲတမ္းမာေက်ာခက္ထန္ေနသည္။မနက္တိုင္းမနက္စာအတူစားဖို႔လာေခၚတဲ့ေဒၚႀကီးကအၿမဲတမ္းတစ္ေယာက္တည္းပဲျပန္ဆင္းသြားရသည္။ဟိန္းသူယေန႕ထက္ထိ မိေထြးျဖစ္သူေဒၚေမဦးနဲ႕မ်က္ႏွာခ်င္းဆိုင္ကာ ထမင္းလက္ဆုံမစားပါ။ေဒၚႀကီးထမင္းစားခန္းထဲသို႔ဝင္လာၿပီးေဒၚေမဦးကိုေခါင္းခါျပလိုက္သည္။
"ဒီေကာင္ေလးကေတာ့ေနာ္ ငါလုပ္ေတာ့မယ္"
ဟိန္းသူ၏အေဒၚျဖစ္သူေဒၚယမင္းကေဒါသထြက္ၿပီးသြားေျပာမယ္လုပ္တိုင္းေဒၚေမဦးကလက္ကေလးကိုဆြဲၿပီးဒီစကားေလးကိုအၿမဲေျပာရွာသည္။
"ထားလိုက္ပါမမရယ္ ၊ ဟိန္းေလးစိတ္ခ်မ္းသာသလိုေနပါေစ"
မနက္ဆိုအျပင္မွာပဲစားသည္။ေန႕လယ္ဆိုအိမ္မွာစားသည္။ ေန႕လယ္ပိုင္းေဒၚေမဦးကကုမၸဏီသြားသည္။ညဆိုေဒၚေမဦးစားၿပီးသည့္အခ်ိန္မွဆင္းစားသည္။ေဒၚေမဦးနဲ႕မ်က္ႏွာခ်င္းဆိုင္ခဲ့တာဒီေန႕ဒီအခ်ိန္ထိမရွိခဲ့ပါ။ဟိန္းသူေမေမက ေဖေဖနဲ႕ကြာရွင္းၿပီး၂ႏွစ္အၾကာမွာဆုံးသြားခဲ့သည္ကိုဟိန္းသူၾကားသည္။သူအရမ္းနာက်င္ခံစားခဲ့ရသည္။ေမေမ့ရဲ႕ေနာက္ဆုံးအခ်ိန္ေလးကိုသူလိုက္မပို႔ခဲ့ရပါ။ဟိန္းသူေဖေဖက သူဆယ္တန္းႏွစ္မွာဆုံးပါးသြားခဲ့သည္။ေနာက္ဆုံးက်န္ခဲ့တာ ဟိန္းသူ ၊ ေဒၚေမဦးနဲ႕ေဒၚယမင္းသာရွိေတာ့သည္။ေဒၚေမဦးက ေဖေဖရဲ႕လုပ္ငန္းေတြအားလုံးကိုလႊဲေျပာင္း
ယူလိုက္သည္။ဟိန္းသူသည္စီးပြားေရးကိုစိတ္မဝင္စားပါ။သို႔ေပမဲ့ ေမ့ကိုပထုတ္ၿပီးဒီေနရာကိုအရယူခဲ့တယ္လို႔မွတ္ယူထားၿပီးဟိန္းသူေဒၚေမဦးကိုအျမင္မၾကည္ပါ။ဟိန္းသူစိတ္ဝင္စားသည္ကပန္းခ်ီဆြဲျခင္းပညာရပ္ျဖစ္သည္။အေမတူသားတစ္ေယာက္ေပါ့ဟိန္းသူေမေမကပန္းခ်ီဆြဲတာအရမ္းေတာ္သည္။ဟိန္းသူသည္ေမေမ့ေသြးအျပည့္ပါသည္။
"သခင္ေလး မမႀကီးက ......"
"ေတာ္ပါေတာ့ေဒၚႀကီး ကြၽန္ေတာ္ေက်ာင္းသြားေတာ့မယ္"
စားပြဲေပၚကကားေသာ့ကိုဆြဲယူၿပီးCamryကားအနက္ေရာင္ေလးေပၚတက္ကာအိမ္နဲ႕ေဝးရာသို႔ထြက္ခဲ့သည္။
"ဦးေလး ဒီပြိုင့္ျဖတ္ၿပီးရင္ျမန္ျမန္ေလး ေမာင္းေပးပါေနာ္"
ဟိဏ္းဆက္ ဒီေန႕သူငယ္ခ်င္းမ်ားနဲ႕အတူေက်ာင္းအပ္ရန္
ကိုးနာရီခ်ိန္းထားသည္။ခ်ိန္းထားသည္ဆိုသည့္ေန႕မွကားေတြကပိတ္ ၊ ျဖတ္သမွ်မီးပြိုင့္ေတြကလည္းအကုန္မိေနပါေတာ့သည္။ဟိဏ္းဆက္နာရီကိုၾကည့္လိုက္ေတာ့နာရီထိုးဖို႔၁၅မိနစ္သာလိုေတာ့သည္။ေနာက္က်ရင္ အကုန္သူ႕ကိုဝိုင္းဆဲမည္ကိုေတြးမိတိုင္း ၾကက္သီးထသည္။ဟိဏ္းဆက္ေတြးေနစဥ္ေဘာင္းဘီအိတ္ထဲကဖုန္းေလးျမည္လာသည္။ဟိဏ္းဆက္ ေဘာင္းဘီအိတ္ထဲမွဖုန္းကိုထုတ္ၿပီးဖုန္းကိုင္လိုက္သည္။
"ဟယ္ ......."
ဟိဏ္းဆက္ ဟယ္လိုဆိုတဲ့စကားေလးကိုေတာင္အဆုံးမသတ္နိုင္ခဲ့ပါ။
"ေခြးသားေလး ေဖ့သားေလး ဘယ္ေရာက္ၿပီလဲ ၊ မွန္မွန္လိမ္စမ္း ဂ်င္းထည့္စမ္း ေနာက္က်ရင္အေသပဲေနာ္ သိတယ္မလားငါတို႔အေၾကာင္း"
"ဟင္! အင္း သိတယ္ ငါလာေနၿပီ ၊ ငါအခုဘယ္မွာလဲ
ဆိုေတာ့ ....."
ေဘးပတ္ဝန္းက်င္ၾကည့္လိုက္ၿပီးမွ နည္းနည္းေလးဂ်င္းအနည္းငယ္ေကြၽးဖို႔ဆုံးျဖတ္လိုက္သည္။
"ငါ ေဘလီေရာက္ေနၿပီကြ ေရာက္ေတာ့မယ္"
"ေအး မင္းေကြၽးတဲ့ဂ်င္းေလးစားၿပီးေစာင့္ေနမယ္"
"မင္းကလည္းကြာ ငါတကယ္ေျပာတာပါကြ"
ဟိဏ္းဆက္ဂ်င္းထည့္ေနသည္ကိုၾကားရေတာ့ကားသမားဦးေလးႀကီးရယ္ခ်င္စိတ္ကိုမနည္းထိန္းေနရသည္။ရယ္လည္းရယ္ခ်င္စရာပါပဲ။ေကြၽးတဲ့ဂ်င္းကနည္းတာမွမဟုတ္တာ ဟိဏ္းဆက္ကအခုမွ ကမာၻေအးပင္ရွိေသးသည္။
"မယုံလည္းေန ဒါပဲကြာ ငါဖုန္းခ်လိဳက္ၿပီ"
ဖုန္းမ်က္ႏွာျပင္ေပၚမွend callကိုႏွိပ္ၿပီးဖုန္းကိုေဘာင္းဘီအိတ္ထဲျပန္ထည့္လိုက္သည္။ဟိဏ္းဆက္ျပတင္းေပါက္အျပင္ဘက္ကိုပဲၾကည့္ေနလိုက္သည္။ေဘးနားသို႔အနက္ေရာင္ကားေလးတစ္စီးတေ႐ြ႕ေ႐ြ႕ေရာက္လာသည္။အူးဝါး
လွလိုက္တာ အနက္ေရာင္Camryေလးငါလိုခ်င္ေနတဲ့ကားေလး။ဟိဏ္းဆက္ ထိုကားအနက္ေရာင္ေလးကိုပဲမ်က္ေတာင္မခတ္ေငးၾကည့္ေနမိပါသည္။ကားထဲကျပန္စိုက္ၾကည့္ေနတဲ့ဟိန္းသူကိုေတာ့သူမျမင္နိုင္ပါ။
ဘာလဲဟ ေၾကာင္ေတာင္ေတာင္နဲ႕ငါ့ကားကဘာျဖစ္ေနလို႔ အဲ့ေလာက္ေတာင္စိုက္ၾကည့္ေနရတာလဲ။
ဟိန္းသူေခါင္းတစ္ခ်က္ခါရမ္းလိုက္ၿပီး မီးပြိုင့္စိမ္းသြားသည့္အတြက္ လီဗာနင္းကာေရွ႕ဆက္လိုက္သည္။
သြားေတာ့မလို႔လားကားေလး။မသြားပါနဲ႕လား။ကားေလးရယ္။ကားအနက္ေရာင္ေလးထြက္သြားတာကိုလိုက္ၾကည့္ေနစဥ္ကားသမားဦးေလးႀကီး၏အသံေၾကာင့္ကားအနက္ေရာင္ေလးကိုမ်က္ေျခပ်က္သြားခဲ့သည္။
"ေကာင္ေလး အတြင္းလမ္းထဲကသြားမယ္ အဆင္ေျပလား"
"ရတယ္ဦးေလး သြားခ်င္တဲ့ေနရာကသြား ၊ ကြၽန္ေတာ္ေက်ာင္းေရာက္ရင္ရၿပီ"
ဟိဏ္းဆက္အဆဲခံရေတာ့မည္။ကိုးနာရီေက်ာ္သြားခဲ့ၿပီ။
"မင္းအေမမို႔လို႔ေနာက္က်တာလား ၊ ဟမ္ ဟိုမွာၾကည့္စမ္း ေဖာင္ထုတ္ဖို႔တန္းစီရမယ့္အတန္းေလးကိုၾကည့္ ၊ လမ္းမအထိမေရာက္႐ုံေလးပဲ ေတြ႕လား"
ဟိဏ္းဆက္ေရာက္လာၿပီဆိုတာနဲ႕ဝိုင္းေျပာၾကေတာ့သည္။
"ဟုတ္ပ ေျပာေတာ့ေဘလီ မင္းအေမေဘလီလား"
"ငဆက္ ငါမေျပာခ်င္ဘူးေနာ္ ဟင္းဟင္း"
"ေသနာေကာင္ေလးဂ်င္းထည့္ရတာေပ်ာ္ရဲ႕လား"
ေဘးနားမွာဝိုင္းၿပီးနားမဒိန္းက်င့္ၾကေတာ့သည္။
"ေတာ္ ေတာ္ပါေတာ့ဟာ ငါလည္းေစာေစာလာတာပဲ ၊ ကားကပိတ္ေနတာ ျဖတ္သမွ်ပ္ြိုင့္ကလည္းအကုန္နီတယ္ ၊ ငါေတာ္ေတာ္ကံေကာင္းလာတာပါေနာ္"
အားလုံးကမ်က္ေမွာက္ႀကဳံ႕၍သာ စိုက္ၾကည့္ေနသည္။
"မင္းတို႔ကလည္းကြာ ငါ့အဲ့လိုပဲၾကည့္ေနမွာလား လာ သြားမယ္"
လြတ္ေအာင္႐ုန္းနိုင္သည့္နည္းလမ္းက မသိမသာေရွာင္ထြက္လာျခင္းမွလြဲ၍မရွိ။ေတာ္ပါေသးရဲ႕ ဟူး။ေဖာင္ထုတ္ရန္တန္းစီေနသည့္အခ်ိန္ ေဘးနားတြင္လူတစ္ေယာက္လာရပ္သည္။
ဟိဏ္းဆက္ၾကည့္လိုက္ေတာ့အကၤ်ီအနက္လက္ရွည္၊ပုဆိုးအနက္ေရာင္ဝတ္ထားေသာAll blackနဲ႕လိုက္ဖက္လြန္းတဲ့သူကိုေတြ႕လိုက္ရေတာ့ ေငးၾကည့္ေနမိသည္။၁စကၠန႔္ ၂စကၠန႔္
၃စကၠန႔္ ႏွစ္ေယာက္လုံးအၾကည့္ခ်င္းဆုံသြားၾကသည္။ဟိန္းသူကျပန္ၾကည့္လိုက္ေတာ့ ရွိသမွ်သြားအကုန္ၿဖီးျပေနတဲ့ေကာင္ေလးေၾကာင့္ သူမ်က္ေမွာင္ႀကဳံ႕ၿပီးဘာလဲဆိုတဲ့သေဘာနဲ႕ေမးဆက္ျပလိုက္ေတာ့ေခါင္းေလးခါျပၿပီးဟိုဘက္လွည့္သြားသည္။ဟိဏ္းဆက္ျပန္လွည့္ၾကည့္ေတာ့ ခုဏကလူမရွိေတာ့ပါ။
"ဘယ္ေရာက္သြားတာလဲဟ"
"ဘာေတြေျပာေနတာလဲ ဆက္"
ဟိဏ္းဆက္ဆီကအသံတိုးတိုးေလးၾကားလိုက္ရသည့္ေကသြယ္ကေနာက္လွည့္ၿပီးေမးလိုက္သည္။
"ဘာမွဟုတ္ဝူး ေရွ႕တိုး ေရွ႕တိုး ၾကားျဖတ္ကုန္မယ္"
"အမ္! ေအးေအး"
ဟိဏ္းဆက္မေျပာမိေအာင္ေနရမည္။မဟုတ္ရင္ေကသြယ္ကလိုက္ေအာင္သြယ္ေတာ့မည္ဆိုတာသူသိေနသည္။ေကသြယ္ကFujoshiတစ္ေယာက္ျဖစ္ေနတာေၾကာင့္ဟိဏ္းဆက္ကို တစ္ေယာက္ၿပီးတစ္ေယာက္နဲ႕ေအာင္သြယ္ေပးဖူးသည္။
ဟိဏ္းဆက္ကေတာ့ေကသြယ္နဲ႕ဆိုအၿမဲပတ္ေျပးေနရသည္။
သို႔ေပမဲ့လည္း မ်က္လုံးခ်င္းဆုံသြားသည့္အခိုက္အတန႔္ခဏေလးတြင္ဟိဏ္းဆက္အသိအမွတ္ျပဳလိုက္သည့္အရာတစ္ခုရွိသည္။
"All Blackႀကီးကေခ်ာလိုက္တာဗ်ာ"
ဆက္ရန္.......
ဝင့္လႊာရဲ႕ficအသစ္ကေလးကိုလည္းအားေပးၾကပါဦးေနာ္။အစကေတာ့ အေမႊစိန္ၿပီးမွဒိတ္မလို႔ပဲ။ဒါေပမဲ့ဝင့္လႊာမေနနိုင္ေတာ့လို႔ဒိတ္လိုက္တာ။အားေပးၾကဦးေနာ္။ေဝဖန္ေပးၾကပါေနာ္။ၾကယ္ေလးကိုလည္းႏွိပ္ခဲ့ၾကဦးေနာ္။Saranghae💚