Zawgyi
ပေးပါ။
ပစွာ ဖြတ်သန်းနေကြသည်။ကုတင်ထက်
သည်။
သည်။
____
"လှတယ်မဟုတ်လား jun....အစက
ကိုယ် ခေါ်လာပြတာ...."
လိုက်တယ်။
တွေလေ....သူ့အောက်က အပင်
လား...."
Hawthorn
Lily of the valley
ခွင့်ရှိတယ် မဟုတ်လား။
_____
ထွက်ခဲ့သည်။
ငါကျေနပ်ပါတယ်။
______
ခင်ဗျားသိလား...
ခဲ့ဖူးတာ....
____
____
To be________________________continue
😁😁😁😁
Unicode
ဆေးနံ့တို့ ထုံမွှမ်းနေတဲ့ အခန်းကျယ်ကြီး
ထဲ မောပန်းစွာ အိပ်မောကျနေတဲ့ ကောင်
လေးတစ်ယောက်ရဲ့ ဦးခေါင်းကို ခပ်ဖွဖွ ထိ
ကိုင်ထားသော လက်တစ်စုံ။ပကတိ ဖြူစွတ်
နေတဲ့ နှုတ်ခမ်းပါးတွေက တုန်ရီလျက် မျက်
ဝန်းဖျော့ဖျော့မှ မျက်ရည်စက်များစီးကျနေ
သော လှဲလှောင်းနေသည့် ကောင်ငယ်လေး။
Junmyeon ကို မဟုတ်ပဲ....ကျွန်တော့်ကို
ချစ်ပေးပါ။Junmyeon မဟုတ်ပဲ...ခင်ဗျား
နှလုံးသားထဲမှာ....ကျွန်တော့်ကို နားခိုခွင့်
ပေးပါ။
ကုတင်ပေါ်ခေါင်းတင်ထားတဲ့ yixingရဲ့
လှုပ်ရှားမှုကြောင့် Junmyeon မျက်လုံး
တွေကို ပြန်မှိတ်ထားလိုက်သည်။yixing
မျက်လုံးတွေကို ပွတ်ဆွဲလိုက်ပြီး ကုတင်နား
ကလျှောက်သွားကာ တိုးဝင်ချင်နေသည့်
နေရောင်ခြည်တို့အား ဖုံးကွယ်ထားသည့်
လိုက်ကာစ အဖြူကြီးအား စွဲဖယ်လိုက်သည်။
နှလုံးခုန်နှုန်းပြနေသည့် စက်ကလေးပေါ်က
မျဉ်းကြောင်းလေးတွေက ရေလှိုင်းပမာ လှ
ပစွာ ဖြတ်သန်းနေကြသည်။ကုတင်ထက်
လှဲလှောင်းနေသည့် Junmyeon နားကို
Yixing ပြန်လျှောက်သွားလိုက်ပြီး နဖူး
စပ်က ဆံစလေးတွေကို သပ်တင်ပေးလိုက်
သည်။yixing လွန်ခဲ့တဲ့ နှစ်ရက်မြောက် ည
ကအကြောင်းကို ပြန်တွေးမိတိုင်း နာကျင်ရ
တုန်းပင်။
"တောင်းပန်ပါတယ် yixing...."
နှလုံးခုန်စက်မှ တစ်ကြောင်းထဲ ဖြစ်သွား
ခဲ့သော နှလုံးခုန်နှုန်းလေးကို ကြည့်ပြီး
ပြောလာသည့် Chaemin စကားကြောင့်
Yixing ကြမ်းပြင်ထက် အရုပ်ကြိုးပျက်
ထိုင်ချလိုက်ပြီး မျက်ရည်စက်တို့ ကျလာခဲ့
သည်။
တီတီ....
နှလုံးခုန်စက်က အသံတစ်ချို့ကြောင့်
Yixing ရော chaemin ပါပြိုင်တူ
ကြည့်မိလိုက်သည်။မယုံကြည်နိုင်
လောက်အောင်ပဲ Junmyeon ရဲ့
နှလုံးခုန်နှုန်းတွေက ပုံမှန်အတိုင်း
သွားလာနေပြန်တယ်။chaemin
ကတော့ Junmyeon ဒဏ်ရာကို
ချုတ်သင့်သည်ကိုချုတ်နေသည်။
Yixing ကတော့ ထိုင်နေလျက်ပင်
ငိုကြွေးနေခဲ့မိသည်။
ကျေးဇူးတင်ပါတယ် jun ကိုယ့်ကို
တစ်ယောက်ထဲ မထားခဲ့လို့.....။
Yixing ကျလာတဲ့မျက်ရည်တွေကို
သုတ်လိုက်ပြီး အတွေးတွေထဲက ရုန်း
ထွက်လိုက်သည်။
နိုးမလာသေးတဲ့ Junmyeon ကို
Yixing ခေတ္တထားခဲ့ကာ ဆာကူရာ
ဂိုဏ်းနှင့်ပတ်သက်သည်များ ရှင်းလင်း
ရမည်မို့ အခန်းထဲက ထွက်ခွာခဲ့လိုက်
သည်။
____
အနဲငယ် ခပ်ပြေပြေမြင့်တဲ့ တောင်ကုန်း
လေးရဲ့အစိမ်းရောင် အပင်လေးအရိပ်
အောက်မှာ Junmyeon ထိုင်နေတဲ့
Wheelchair လေးကို လက်တွေနဲ့ခပ်
တင်းတင်းဆုတ်ကိုင်ထားတဲ့ yixingက
တစ်နေရာကို ငေးလို့နေတယ်။
"လှတယ်မဟုတ်လား jun....အစက
တော့ အကုန်ပြီးမှ ပြမလို့ပဲ...ဒါပေ
မဲ့ jun စိတ်ပြေလက်ပျောက် ဖြစ်အောင်
ကိုယ် ခေါ်လာပြတာ...."
စံအိမ်ရဲ့ အနောက်ဘက်၅ဧကလောက်
ကျယ်တဲ့ ကွင်းပြင်ကျယ်ကြီးမှာ အစိမ်း
ရောင် အပင်တစ်ချို့ နေရာယူထားတယ်။
"အဲ့တာ...ဘာပင်တွေလည်း..xing"
ဒဏ်ရာအရှင်းမပျောက်သေးတဲ့ Junmyeon
အသံက တိုးဖျော့လို့နေတယ်။yixing
,Junmyeon ရဲ့ wheelchair လေးရှေ့မှာ
ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး Junmyeon
ကိုအတောက်ပဆုံးပြုံးပြကာ မော့ကြည့်နေ
လိုက်တယ်။
"အပင်ကြီးတွေက Hawthornပင်
တွေလေ....သူ့အောက်က အပင်
လေးတွေက lily of the valley တွေ
နှစ်ပင်လုံးက မေလမှာပဲ ပွင့်ကြတာ..
ကိုယ်ပျိုးထားတာ အတော်ကြာပြီ နောက်
လ jun မွေးနေ့ဆို နှစ်ပင်လုံးပွင့်ကြတော့
မှာ jun လိုပဲ ပန်းလေးတွေက ဖြူဖြူ
လေးတွေ...jun သဘောကျတယ်မဟုတ်
လား...."
အောက်ဘက်က မျက်စိတစ်ဆုံး နေရာယူ
ထားတဲ့ ခပ်စိမ်းစိမ် အပင်တွေကို ကြည့်ရင်း
Yixing က ပြုံးရွှင်စွာပြောနေသည်။yixing
ကို Junmyeon ကိုခေါင်းငြိမ့်ပြလိုက်ပြီး အ
တော်ကြာစိုက်ကြည့်နေမိသည်။
Hawthorn
Lily of the valley
"Hawthorn ပန်းတွေရဲ့အဓိပ္ပါယ်က
မျှော်လင့်ခြင်းနဲ့ အရမ်းပျော်ရွှင်ပါတယ်
တဲ့...lily of the valley လေးတွေက
တစ်စုံတစ်ယောက်ကိုချစ်တယ်၊ဒါမှမဟုတ်
သူ့ရှိမှ ပြည့်စုံတယ်လို့ယူဆတယ်.......jun
သိလား...ကိုယ်မင်းနဲ့တွေ့ဆုံခွင့်ရခဲ့လို့
တစ်ကယ်ပျော်တယ်...နောက်ပြီး မင်းကို
ချစ်တယ်...ကိုယ့်ဘဝက မင်းရှိမှ ပြည့်စုံ
မှာ....အဲ့တာကြောင့် ကိုယ့်အနားမှာ
တစ်သက်လုံးနေပေးနော် jun........."
Junmyeon,Yixing ကိုကြည့်နေရင်း
ကျဆင်းလာတဲ့ မျက်ရည်တွေကို ဖုံးကွယ်
ဖို့ မျက်နှာကို လက်နဲ့အုပ်လိုက်တယ်။တစ်
သိမ့်သိမ့်ငိုကြွေးနေတဲ့ Junmyeon ကိုနှစ်
သိမ့်ဖို့ Yixing,Junmyeon ကိုယ်လေးကို
သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။အဲ့ဒီနေ့က
Jun အကြာကြီး ဝမ်းပန်းတနဲငိုခဲ့တယ်။နောက်
တော့ so June က မရှိတဲ့ yixing အားနည်း
ချက်ကို ဟန်လုပ်ပြီး Junmyeon ကိုခြိမ်းခြောက်ခဲ့ကြောင်း၊ဆာကူရာဂိုဏ်းရဲ့ လက်ချက်
ကြောင့် so June မီးလောင်းကာ အသက်ဆုံးခဲ့ကြောင်း ကိုလည်း Junmyeon နဲ့အပြန်အ
လှန်ပြောဖြစ်ခဲ့ကြတယ်။yixing အနားက
ထွက်မသွားပါဘူးဆိုတဲ့ ဂတိကိုတော့ Junmyeon မပေးခဲ့ဘူး။အဲ့ဒီညမှာပဲ ဒဏ်ရာ အရှင်းမပျောက်သေးတဲ့ Junmyeon ကို ထားခဲ့ပြီး အလုပ်ကိစ္စနဲ့ပဲ yixing ဂျပန် သွားခဲ့ရသည်။
ခွဲခွာခြင်းဆိုတာ ဘယ်အချိန်လည်း အတိအကျ
မသိခင်အထိ ငါမင်းအနားမှာ တစ်ဝကြီးနေ
ခွင့်ရှိတယ် မဟုတ်လား။
_____
လင်းထိန်နေတဲ့ စံအိမ်ကြီးကို ခပ်ဝေးဝေး
ကနေ Junmyeon ကြည့်ရင်း မျက်ရည်
များ ကျနေမိသည်။စံအိမ်ကြီးမှာ အချိန်ကြာ
နေခဲ့ရတဲ့ jun အတွက်တော့ အစောင့်ဘယ်
လောက်များများ လစ်ထွက်ဖို့ဆိုတာ ခက်ခဲ
တဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။
Junmyeon အနက်ရောင် ဦးထုပ်ကို
ပိုငိုက်အောင် ဆောင်းလိုက်သည်။ထို့
နောက် ဆောင်းတွင်းမို့ အနာရှိန်တက်
နေသည့် ဝမ်းဗိုက်က ဒဏ်ရာကို ဘယ်
လက်နဲ့ဖိကာ စံအိမ်ကြီးအား ကျောခိုင်း
ထွက်ခဲ့သည်။
နာကျင်ခဲ့ရသည်ဖြစ်စေ၊ပျော်ရွှင်ခဲ့ရသည်ဖြစ်စေ နင်နဲ့အတူရှိခဲ့တဲ့အမှတ်တရတိုင်းက ငါ့
အတွက်လှပတဲ့အတိတ်တွေပါပဲ။
ပျော်ရွှင်ခြင်းကြောင့်ဖြစ်စေ၊နာကျင်ခြင်းကြောင့်ဖြစ်စေ...မင်းကြောင့်ကျတဲ့ မျက်ရည်တွေပဲ
ငါကျေနပ်ပါတယ်။
ရူးမိုက်မှုမပါဝင်ပါပဲ၊ရယူခြင်းမပါပဲ ပေးဆပ်
ခြင်းနဲ့ ငါချစ်ကြည့်ချင်တယ်...xing။
အတိတ်ကို ပြန်လှည့်ကြည့်လို့ မင်းအတွက်
ရခဲ့တဲ့ နောင်တတွေက ငါ့ကြောင့်ဆိုတာ
မျိုး ငါအဖြစ်မခံနိုင်ဘူး။
______
ခင်ဗျားသိလား...
တစ်ကြိမ်လောက် ဆုံဖူးရုံနဲ့ ကျွန်တော်ခင်ဗျားကို ပိုင်ဆိုင်ခွင့်ရမယ်လို့ ရူးကြောင်ကြောင်တွေး
ခဲ့ဖူးတာ....
ကျွန်တော်တို့ တစ်ကြိမ်တစ်ခါမှ မဆုံခဲ့ရင်အကောင်းသားဗျာ။
____
တိတ်တဆိတ်နဲ့ဖယ်ကျဉ်းခံလိုက်ရတဲ့
ကျွန်တော့်ရဲ့ ခံစားချက်တွေအတွက်
နာကျင်ဖို့အချိန်တောင်မရခဲ့ဘူး....
____
To be________________________continue
😁😁😁😁