"ဟဲ့သွန်း! နင့် customer လေးကအဆင်လေးနော်!
ဟီးဟီး"
ဘယ်ကဘယ်လို သူ့နားရောက်လာမှန်းမသိတဲ့
မိပေါက်~~~
"ဟုတ်ပဟယ်! ဒါပေမဲ့ သူ့ပုံက uke လေးနဲ့ပိုလိုက်
တယ်ဟ!"
ဟော~~လာပြန်ပြီနောက်တစ်ယောက်~~
"မိယွန်း နဲ့ မိပေါက် နင်တို့ဘယ်လိုဖြစ်နေကြတာလဲ!
ဂျာကြီးတွေ့ရင် အဆူခံနေရအုံးမယ်! မြန်မြန်သွား
တော့!"
"သွားမှာပါနော်!
ဒါနဲ့ ငါတို့ သွန်းလေး လိုအပ်တာရှိရင်ပြောနော်!
မားတို့က သားနောက်မှာ အဆင်သင့်ရှိနေမယ်!
ဟုတ်ပြီလား!"💪💪
"တယ်~~~ငါပစ်ထဲ့လိုက်ရ~~~"
သူ့လက်ထဲက ကိုင်ထားတဲ့ လင်ဗန်းနဲ့ ရွယ်လိုက်
တော့မှ သူ့ရှေ့က ခပ်သုတ်သုတ်ထွက်သွားတဲ့
အဲ့နှစ်ယောက်~~~~
'ဟူး~~~'
အဲ့နှစ်ကောင် သူ့ကို ဘာများထင်နေကြမှန်းမသိ~~
အဲ့နှစ်ယောက်ထွက်သွားပြီးမှ သူ့ဆီရောက်လာတဲ့
ဂျာကြီး~~~
"သွန်းခ ငါနဲ့လိုက်ခဲ့ဦး"
"ဟို~~ဟို~~ကျနော့် customer ရှိသေးတယ်"
"ရှည်မနေနဲ့! မြန်မြန်လိုက်ခဲ့~~~တစ်ခြားတစ်
ယောက်ကို လွှဲခဲ့လိုက်"
~~ဂျာကြီး ဘာဖြစ်နေတာလဲဟ!~~
ပြောပြီး သူ့လက်ကို အတင်းဆွဲခေါ်သွားတဲ့ဂျာကြီး~
ဘုမသိ ဘမသိနဲ့ နောက်ကနေ 'သွန်းခ'တစ်
ယောက်ပါသွားခဲ့သည်~~~
**************
"ကိုဇွဲထက်သန့် ဖျော်ခိုင်းထားတဲ့ coffee ရပါပြီ"
'သွန်းခ' ဂျာကြီးပြောတဲ့ အခန်းထဲဝင်သွားတော့
ခြေထောက်ကိုချိတ်ပြီး ဆိုဖာပေါ်မှာ မိန့်မိန့်ကြီး
ထိုင်နေတဲ့ အဲ့တစ်ယောက်~~~
'ဇွဲထက်သန့်'ကတော့ သူ့နာမည်အပြည့်အစုံကို
ခေါ်လိုက်တာကြောင့် ခနတော့ကြောင်သွားသည်~
'သွန်းခ' ကော်ဖီခွက်ကို စားပွဲပေါ်တင်ပေးပြီး
ပြန်ထွက်လာဖို့ပြင်လိုက်သည်~~~
"နေဦး! မင်းကိုဘယ်သူကသွားခိုင်းသေးလို့လဲ!
ထိုင်ဦး!"
~~ကျစ်! ငါ့ကို ဘာတွေရစ်ဦးမလို့လဲ မသိဘူး~~
အစထဲက ရစ်မှာကြောက်လို့ မြန်မြန်ပြန်ထွက်လာ
ပါတယ်ဆိုမှ သူ့အဖြစ်က သူခိုးလူမိတဲ့အတိုင်း~~
အခုမှတော့လဲမထူးတော့~~~
'သွန်းခ' အဲ့တစ်ယောက်နဲ့အဝေးဆုံးဖြစ်တဲ့ အစွန်ဆုံးဆိုဖာပေါ်မှာ ၀င်ထိုင်လိုက်သည်~~~
အတန်ကြာအောင် သူ့ကိုစိုက်ကြည့်နေတဲ့
ကိုဇွဲထက်သန့်~~~
'သွန်းခ' သူ့ကိုကြည့်နေတဲ့ အဲ့တစ်ယောက်ရဲ့စူးရှတဲ့မျက်လုံးတွေနဲ့ အကြည့်တွေကို မခံနိုင်တဲ့ဆုံး~~~
"ကိုဇွဲထက်သန့် ကျနော့်ကို ဘာပြောစရာရှိလို့လဲ!
မြန်မြန်ပြောပါ! ကျနော့် duty ရှိသေးတယ်"
"................"
"ကိုဇွဲထက်သန့် ဘာမှပြောစရာမရှိရင်လဲ ကျနော်သွားတော့မယ်!"
'သွန်းခ' ချက်ချင်းပဲ ဆိုဖာခုံကနေထကာ ထွက်သွားဖို့ပြင်လိုက်သည်~~~
သူထိုင်သာထိုင်နေရတယ်~~~ခံစားချက်ကြီးက
ဘယ်လိုကြီးမှန်းမသိ~~ရှိန်းတိန်းတိန်း
ဖိန်းတိန်းတိန်းကြီး~~~
'ဇွဲထက်သန့်'တစ်ဖြစ်လဲ လာသာလာခဲ့ရတယ်~~ဒီရောက်တော့လဲ ဘာပြောလို့ပြောရမှန်းမသိ~~
သူ့တို့အဖြစ်က ချစ်သူနှစ်ယောက် ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ တစ်ယောက်နဲ့တစ်ယောက် ရှိန်နေကြ
သလိုမျိုး~~~
~~~အာ! ကျစ်! ငါဘာမေးရင်ကောင်းမလဲ~~~
"မင်းနာမည် ဘယ်လိုခေါ်လဲ!"
'သွန်းခ'ထွက်သွားဖို့ပြင်နေရာကနေ ရုတ်တရက်ထမေးလိုက်တဲ့ အဲ့တစ်ယောက်ကြောင့် ခြေလှမ်း
တွေက ရပ်သွားသည်~~
"သွန်းခ"
~~ဟမ်! 'သွန်းခ' ~~~
"မင်းမိဘတွေ နာမည်က~~~"
'သွန်းခ' တစ်ချက်တော့ကြောင်သွားသည်~~~
~~ဘာလုပ်မလို့လဲဟ~~
"ဦးမြတ်သာ နဲ့ ဒေါ်နှင်းပွင့်"
"ဘာအလုပ် လုပ်လဲ"
'ဇွဲထက်သန့်'တစ်ယောက် ပါးစပ်ထဲတွေ့ရာတွေပဲ
လျှောက်မေးနေမိသည်~~~
သူကိုယ်တိုင်လဲ ဘာတွေမေးနေမိမှန်းမသိ~~
'သွန်းခ' အဲ့တစ်ယောက်ကို လုံးဝနားမလည်
တော့~~~
"ကိုဇွဲထက်သန့် ကျနော့်အကြောင်းကို ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ ဂျာကြီးကိုသာ မေးကြည့်
လိုက်ပါ!
ဂျာကြီးဆီမှာ ကျနော်အလုပ်လျှောက်တုန်းက
ကိုယ်ရေးအကျဉ်းရှိတယ်!
အခုတော့ ကျနော် အလုပ်လေးရှိလို့ သွားလိုက်ပါဦးမယ် ခင်ဗျ"
'သွန်းခ' ပြောပြီး အဲ့အခန်းထဲက ခပ်သွက်သွက်ပဲ
ပြန်ထွက်လာခဲ့လိုက်သည်~~~
ဇွဲထက်သန့် ကတော့ သူ့ရှေ့ကထွက်သွားတဲ့
အဲ့အဖြူ ကောင်ကိုသာ ငေးကြည့်ရင်းကျန်ခဲ့သည်~
နောက်မှ သတိရလိုက်တာက~~~
"ဂျာကြီး!!!!!!!!"
************
"ကျနော့်ကိုဘာလို့ ဒါတွေလာမေးနေရတာလဲ သူဋ္ဌေးလေးရယ်! ခုနက 'သွန်းခ'ရှိနေတာပဲ!
သူ့ကို ကိုယ်တိုင်မေးလိုက်ပါလား!"
မောင်ဂျာကြီးတစ်ယောက် စိတ်မရှည်တော့~~~
အခုလဲကြည့်~~~'သွန်းခ' မှာရည်းစားရှိလားတဲ့~
သူကဘယ်သိမတုန်း~~~
"သူက ဂျာကြီးကိုမေးတဲ့"
"အမ်! သူဋ္ဌေးလေးက သူပြောတိုင်းလိုက်လုပ်စရာလား"
'ဇွဲထက်သန့်'ကိုယ့်ကိုကိုယ်တောင် ဘာတွေလုပ်
မိနေမှန်းမသိ~~~
~~ဟုတ်တယ်! တကယ်ဆို သူကသူဋ္ဌေး ဟိုက
ဝန်ထမ်း~ဘာလို့ အဲ့အဖြူ ကောင်စကားကို သူက
လိုက်နားထောင်နေရမှာလဲ~~အာ! ကျစ်!
မသိတော့ဘူးကွာ~~
***********
"မိဝါ! နင့်မောင်ကော ဘယ်လိုနေသေးလဲ"
Breakfast စားနေရင်း သူ့ကိုလှမ်းမေးလိုက်တဲ့
အဖေ~~
"ဘာကိုလဲ အဖေရဲ့! မောင်လေး ဘာဖြစ်လို့လဲ!"
"ဘာကိုဘာဖြစ်ရမှာလဲ! နောက်နှစ်ဆိုရင်ပဲ ဘွဲ့ရ
တော့မယ်! အခုထိမရင့်ကျက်သေးဘူးလား!
မိဘတွေကို ကလန်ကဆန်လုပ်ပြီး ကြာကြာနေနိုင်
မယ်လို့ထင်လို့လား!"
"မောင်လေးက ဘာကလန်ကဆန်လုပ်နေလို့လဲ
အဖေရယ်! အဖေတို့ကသာ......!"
"တော် တန် တိတ်! မိဝါ! နင်လဲ အတူတူပဲ!
အဲ့ကောင်ကို ကျပ်ကျပ်အလိုလိုက်ထား!ကြာရင် နင့်
ခေါင်းပေါ် ချီးတက်ပါသွားလိမ့်မယ်!"
ဒါကတော့ မောင်လေး အိမ်ကထွက်သွားပြီးနောက်
ပိုင်း သူ့ကို ဆူနေကျ အဖေ့ရဲ့ ဓာတ်ပြားဟောင်းကြီး
~~~~
'သွန်းခ'ရေ နင့်ကြောင့်ငါလဲ အပြောခံရပေါင်းများ
နေပြီ ကောင်စုတ်လေးရေ~~~
**********
လူ့မျက်လုံးက camera တစ်လုံးနဲ့တူတယ်လို့
သိပ္ပံပညာရှင်တွေက ပြောခဲ့ကြတယ်~~~
သေချာတာပေါ့~~~
'ရဲရင့်သွေး' ဆိုတဲ့ သူ့မျက်လုံးကင်မရာလေးထဲမှာလည်း အဲ့အကိုရဲ့ ပုံရိပ်တွေနဲ့ပဲ လွှမ်းမိုးထားလေရဲ့
~~~
စာကျက်ဖို့ စာအုပ်ကောက်ကိုင်လိုက်တိုင်း အဲ့အကိုရဲ့ အပြုံးချိုချိုလေးတွေကိုပဲ မြင်ယောင်လာမိတဲ့ သူ့
အဖြစ်~~~
~~~အာ! ကျစ်! ဘာတွေဖြစ်နေတာလဲကွာ~~~
ကြည်နူးတယ်! ရင်ခုန်တယ်! ပီတိဖြစ်တယ်!
'ရဲရင့်သွေး' ဆိုတဲ့သူ! တစ်ခါမှ ယောက်ျားလေး
တစ်ယောက်အပေါ်မှာ အဲ့လိုခံစားချက်မျိုး မဖြစ်ဖူးခဲ့
သေချာတာကတော့ အဲ့ 'Feel'ကော်ဖီဆိုင်လေးကို နောက်တစ်ခေါက် သွားဖြစ်အောင် သွားဦး
မယ်ဆိုတာပဲ~~~
***********
"ဂျာကြီး ဒီနေ့ ဟိုတစ်ယောက်ကို မတွေ့မိပါလား!"
ဒီနေ့လဲ အဲ့အဖြူ ကောင်မျက်နှာလေးကို မြင်ချင်လို့ဆို
ပြီး ဆိုင်ကိုလာခဲ့တဲ့ 'ဇွဲထက်သန့်'~~~
"ဟို~~~ဟို~~သွန်းခဆိုတဲ့တစ်ယောက်လေ"
"Aww! 'သွန်းခ'ကနေမကောင်းလို့ ဒီနေ့ခွင့်ယူထားတယ်လေ သူဋ္ဌေးလေးရဲ့!"
"Aww~~~"
'ဇွဲထက်သန့်' နဲ့ ဂျာကြီး ပြောနေတာကိုအစအဆုံး
ကြားလိုက်ရတဲ့ အဲ့နှစ်ယောက်ရဲ့ မျက်နှာတွေက
တော့ပြုံးစိစိ~~~
"အဟမ်း~~အဟမ်း~~မိယွန်းရေ~~ငါတို့သူငယ်
ချင်း 'သွန်းခ'လေးက နေမကောင်းတော်တော်
ဖြစ်နေတာတဲ့ဟ~~
အိပ်ရာထဲကတောင် မထနိုင်ဘူးဆိုပဲ!😮😮
ငါတော့ 'သွန်းခ' လေးကိုသနားလိုက်တာဟယ်!😪
ပြီးတော့ သူက တစ်ယောက်ထဲနေတာဆိုတော့~~
အဟင့်~~ဟင့်~~အခုချိန်သူတစ်ယောက်ထဲအား
ငယ်နေရှာမှာဟ!"😭😭
"ဘယ်တတ်နိုင်မလဲ မိပေါက်ရယ်!အိမ်လိပ်စာတော့
သိပါရဲ့!
Duty ချိန်ကရှိနေတော့ ဘယ်လိုသွားလို့ရမှာလဲဟာ!
အဟင့်~~ဟင့်~~ငါတို့ရဲ့ သနားစရာ
'သွန်းခ'လေး"😭😭
သူတို့နှစ်ယောက်ပြောတာကို အလုံးစုံကြားလိုက်ရတဲ့ 'ဇွဲထက်သန့်'~~~
ကြားမှာပေါ့~~~ကြားအောင်ပြောတာပဲဟာကို😜
***********