"ဘယ်လိုလဲ သွန်း! ငါတို့သူဋ္ဌေးလေးအကြောင်းသိ
သွားပြီမလား!"
"တော်တော့ မိယွန်း! ငါ့ကိုအဲ့တစ်ယောက်အ
ကြောင်းလာမပြောနဲ့!
ရုပ်လေးနဲ့မှမလိုက် တကယ့်ကို ပစိပစပ်များတဲ့ဟာ
ကြီး!"
ညနေက အားလုံးရှေ့မှာ အရှက်ကွဲခဲ့ရသည်မို့
'သွန်းခ' အဲ့တစ်ယောက်ကို တော်တော်လေး
မကျေမနပ်ဖြစ်မိသည်~~~
"သွန်းရယ် ချစ်ခြင်းအစ မုန်းခြင်းကတဲ့!
နင်ကသာ ပြောနေတာ! သူနင့်ကိုကြည့်သွားတဲ့အ
ကြည့်တွေက ဟီးဟီး~~တကယ့်ကို အလန်းကြီး
ပါအေ!"😝😝😝
" မိ ပေါက် မ "
သူ့အသံ ဘယ်လောက်ကျယ်သွားမှန်းမသိ~~
ကောင်တာမှာထိုင်နေတဲ့ ဂျာကြီးတောင် ကြားသွား
သည်~~~
"ဟိတ်! ဟိုသုံးယောက် စကားကြီးပဲပြောမနေကျနဲ့!
လုပ်စရာရှိတာသွားလုပ်ကြ!"
သူတို့သုံးယောက် ဂျာကြီးအသံကြားမှပဲ ထိုင်နေရာမှခပ်သုတ်သုတ် ထကာ ကိုယ့်နေရာကိုယ် ပြန်သွားလိုက်ကြသည်~~
*************
"ကိုဇွဲ! အိမ်ကိုပဲမောင်းရမှာလား!"
"ကိုဇွဲ!!!"
"ဟမ်"
ရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့် သူ ယောင်ယမ်းပြီး ထူးလိုက်မိသည်~~~
သူ့အာရုံတွေက ထွေရာလေးပါးရှုပ်ထွေးလျက်~~
"ဘာပြောလိုက်တာလဲ သူရ!"
"အိမ်ကိုပဲ မောင်းရတော့မလားလို့မေးလိုက်တာ
ကိုဇွဲ!"
"အင်း! အိမ်ပဲမောင်းတော့! ငါနားချင်နေပြီ!"
"ဟုတ် ကိုဇွဲ"
'ဇွဲထက်သန့်' ဆိုတဲ့ သူက ပါပါးရဲ့ တစ်ဦးတည်းသော သား~~~
မာမားကတော့ သူငယ်ငယ်ထဲက ဆုံးသွားသည်မို့
ပါးပါးကပဲ သူ့ကိုပြုစုစောင့်ရှောက်ခဲ့ရသည်~~
အဖေတစ်ခု သားတစ်ခုမို့ ပါပါးရဲ့ အစွမ်းကုန်အလို
လိုက်ခြင်းကိုခံခဲ့ရတဲ့ သူဆိုရင်လဲမမှား~~~
အခုလဲ သူ စိတ်ကူးထားတဲ့အတိုင်း coffee ဆိုင်
လေးဖွင့်ချင်တယ်ဆိုလို့ သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးခဲ့တဲ့ပါပါး~~~
"ရတီ့အကြောင်း ဘာကြားသေးလဲ သူရ"
သူရဆိုတာက သူ့ရဲ့ driver ဆိုလဲဟုတ်~~သူငယ်ချင်းဆိုလဲဟုတ်တဲ့ သူအခင်ရဆုံးလူသား~~~
သူ့ရဲ့ secretary လို့ပြောရင်ပိုမှန်လိမ့်မည်~~~
"နောက်အပတ်ထဲမှာ မြန်မာပြည်ကို ပြန်လာတော့
မယ်လို့တော့ကြားတယ်"
'ရတီမိုးမြတ်' ဆိုတာက သူနဲ့လူကြီးချင်းသဘောတူထားပြီး စေ့စပ်ထားတဲ့ကောင်မလေး~~~
အစတုန်းကတော့ ပါပါးရဲ့ဆန္ဒမို့လို့ ဘာမှမပြောဘဲ
လက်ခံခဲ့သည်~~အဲ့တုန်းက ငယ်သေးတော့ ဘာမှ
သေချာမသိသေးတာလဲ ပါမှာပေါ့လေ~~~
အခုတော့သူ လွတ်လွတ်လပ်လပ်ပဲ နေချင်သေး
သည်~~~
အဲ့တော့ သူဒီကိစ္စကိုလဲ ပါပါးနဲ့ပြန်တိုင်ပင်ရဦးမည်~
'ဟူး~~~~'
မှုတ်ထုတ်လိုက်တဲ့ လေပူတွေထဲမှာ ခေါင်းထဲရှုပ်ထွေးနေတာတွေ ပါသွားရင်လဲကောင်းသား~~~
************
'ဇွဲထက်သန့်' တစ်ယောက် ပျော့ပျောင်းအိစက်နေတဲ့ ဒန်းလော့မွေ့ရာပေါ်ကြီးမှာ လဲလျောင်းနေရင်း
အာရုံထဲရောက်နေတာက ညနေကဟိုတစ်ယောက်
အကြောင်း~~~
ဖြူ ဖွေးနုနေတဲ့ အသားအရေက အသားဖြူ ပါတယ်
ဆိုတဲ့ မိန်းကလေးတွေတောင် အရှုံးပေးရလောက်သည်~~~
အရပ်က ပုတယ်မဟုတ်ပေမဲ့လဲ သူနဲ့ယှဉ်လိုက်ရင်
တော့ ပုသွားတာအမှန်~~~
(ဟိုကအရပ်ကအတော်ပဲ!သူ့အရပ်သာဂလန်ဂလား😎😎)
ရှက်လို့ နီရဲသွားတဲ့မျက်နှာလေးက ဘယ်လိုလေး
မှန်းကိုမသိ~~~
အဲ့တုန်းက ကြယ်သီး တပ်ထားတာတွေကလွဲနေတာမို့ သူကိုယ်တိုင် အင်္ကျီကြယ်သီးတွေကို ဆွဲဖြုတ်ပစ်လိုက်တဲ့ တစ်ခဏ~~~
ဖြူ လျွနေတဲ့ ရင်သားတွေနဲ့ six pack မပြောနဲ့
one pick တောင်မရှိတဲ့ ၀မ်းဗိုက်ဖောင်းဖောင်းလေး😋😋😋
အဲ့အချိန် ကစုန်ပေါက်ပြေးသလိုဖြစ်နေတဲ့ သူ့ရင်
ခုန်သံတွေကို ဘယ်လိုမှထိန်းလို့မရခဲ့~~~
ထူးဆန်းတယ်~~~တော်တော့်ကိုထူးဆန်းတာ~~
'ဇွဲထက်သန့်'ဆိုတဲ့ သူကိုယ်တိုင်တောင်
ဘာခံစားချက်ကြီးမှန်းမသိခဲ့~~~
သေချာတာကတော့ အခုချိန်ထိတည်ငြိမ်ခဲ့တဲ့
သူ့နှလုံးသားတစ်စုံ အဲ့အဖြူ ကောင်လေးကြောင့်
လှုပ်ခတ်သွားခဲ့တယ် ဆိုတာပဲ~~~
**'ဇွဲထက်သန့်' အဲ့အဖြူ ကောင်က ယောက်ျားလေးနော်**
**********
"Hello! မမ"
"အင်း! မောင်လေးပြော! ဘာလဲ ဘိုင်ပြတ်နေပြန်ပြီ
လား!"
သူ့အသံကြားတာနဲ့ ဘာဖြစ်တာလဲဆိုတာ တန်းသိတဲ့ မမရဲ့ skill ကိုတော့ သူလေးစားမိသည်~~
"ဟီးဟီး! မမက တန်းသိတာပဲ! သားတောင်ဘာ
မှမပြောရသေးဘူး!"
"ကဲပါ! အပိုတွေပြောမနေနဲ့! ခနနေရင် မောင်လေး
bank acc ထဲ မမလွှဲပေးထားလိုက်မယ်!
အခုတော့ အလုပ်ထဲမှာမို့ ph ချလိုက်တော့မယ်!
Ok!"
"Ok မမ! အဲ့ကြောင့်ချစ်တာ ဟီးဟီး!"
'သွန်းခ' ဆိုတဲ့ကျနော် ဘာပြောပြော မမကလိုက်လုပ်ပေးမယ်ဆိုတာ သိပြီးသား~~
ဒါကြောင်မို့လဲ ဖေဖေ နဲ့ မေမေထက် မမကို ပိုချစ်တာ~
**********
"ဟမ် သူဋ္ဌေးလေး! ဒီနေ့လဲ ဘယ်လိုလုပ်.....!"
"ကျနော့်ကို coffee တစ်ခွက်ဖျော်ပြီး အခန်းထဲလာပို့
ခိုင်းလိုက်ပါ!
အော်! လာပို့ရင်ဟိုအဖြူ ကောင်ကို လာပို့ခိုင်းလိုက်!
မနေ့က ဟို~~ကြယ်သီးတပ်တာလွဲခဲ့တဲ့တစ်
ယောက်လေ~~အင်း!"
ပြောပြီး အခန်းထဲဝင်သွားတဲ့ သူတို့သူဋ္ဌေးလေး
'ဇွဲထက်သန့်'~~~
သူ ဂျာကြီးလုပ်နေတဲ့ သက်တမ်းတစ်လျောက်
တည်ငြိမ်လှတဲ့ သူတို့သူဋ္ဌေးလေး ဒီလောက်ရေးကြီးသုတ်ပြာဖြစ်နေတာမျိုး တစ်ခါမှ မတွေ့ဖူး~~~
**ဒီနေ့ နေနှစ်စင်းများထွက်လို့လား**😦😦
************
ကျောင်းပိတ်ရက်မို့ 'ရဲရင့်သွေး' တစ်ယောက်
နာမည်ကြီးလှတဲ့ 'feel' ကော်ဖီဆိုင်လေးကို
ခြေဦးလှည့်ခဲ့မိသည်~~~
ဆယ်တန်းဆိုတဲ့အတိုင်း ကျောင်းသွားလိုက် ကျူ ရှင်
သွားလိုက်နဲ့ စာတွေနဲ့ပဲ လုံးပန်းနေရသူမို့ တစ်ခါ
တစ်လေတော့လဲ စိတ်ထွက်ပေါက်ရှာမိသည်~~
ဒီရောက်တော့ ဆိုင်အပြင်အဆင်လေးကလဲ မဆိုးသား~~
မီးရောင်စုံလေးတွေ ဆင်ထားတာကလဲ တကယ့်ကို
Romantic ဆန်ဆန်~~~
ဆိုင်ထဲကို ၀င်လိုက်တာနဲ့ အေးစိမ့်နေတဲ့ပတ်ဝန်း
ကျင်က သူ့ကိုကြိုဆိုလိုက်သည်~~~
coffee ဆိုင်ဆိုတဲ့အတိုင်း ဆိုင်ထဲရောက်တာနဲ့
မွှေးပျံလှတဲ့ coffee ရနံ့လေးတွေက နှားခေါင်းထဲကို တိုးဝင်လာကြသည်~~~
"ဟုတ်ကဲ့ မင်္ဂလာပါ! ဘာများအလိုရှိပါသလဲခင်ဗျ !"
သူ စားပွဲတစ်ခုမှာဝင်ထိုင်လိုက်တာနဲ့ သူ့ဆီလျှောက်လာတဲ့ waiter လေးတစ်ယောက်~~~
"ကျနော့်ကို Capachino တစ်ခွက်ပေးပါ!
ဒါနဲ့ ဘာဂါကော ရလားဗျ "
"ဟုတ် ရပါတယ်"
သူ့ကို ပြန်ဖြေနေတဲ့ ဖြူ နုနု waiter လေး~~
ဝတ်ထားတဲ့ ရှပ်အင်္ကျီအရှည်အဖြူ လေးနဲ့ ဖြူ ဖတ်နေတဲ့အသားအရောင်က လိုက်ဖက်ညီလွန်းနေသည်~
သူ့ကို ပြုံးပြပြီး ပြန်ဖြေလိုက်တဲ့ အဲ့တစ်ယောက်ရဲ့
အပြုံးလေးတွေက စာတွေနဲ့ လုံးပန်းနေခဲ့ရတဲ့
သူ့အတွက် လုံးဝအမောပြေသွားစေသည်~~
"ဟုတ်ကဲ့ ဘာဂါယူမှာလား ခင်ဗျ"
"Aww, ဟုတ်! ဘာဂါ ပါ နှစ်လုံးပေးပါ"
သူ ကြောင်ကြည့်နေရာမှ ရုတ်တရက်အသိပြန်ဝင်
ကာပြန် ဖြေလိုက်သည်~~
"ဟုတ်ကဲ့ပါ ခဏကြာရင် လာပို့ပေးပါမယ်ခင်ဗျ"
ပြောပြီး သူ့အနားကထွက်သွားတဲ့ waiterလေး~~~
လူကသာထွက်သွားပေမဲ့ သူ့နှာခေါင်းထဲမှာစွဲကျန်နေခဲ့တဲ့ အဲ့အကို waiter ဆီက သင်းပျံ့ပျံ့ရနံ့လေး~~~
အဲ့အနံ့လေးက ခုနက ကော်ဖီရနံ့တွေလို မွှေးကြိုင်
နေတာမျိုးလဲမဟုတ်~~~
သင်းသင်းလေးနဲ့ စွဲကျန်ခဲ့ပြီး လူကိုရစ်မူးစေတဲ့ရနံ့မျိုး~~~
**ယောက်ျားလေးဖြစ်ပြီး အဲ့လောက် မိန်းမချော
ချောတဲ့သူကော ရှိသေးတာလားကွာ**😦😦
**********