"Dilemma"

By HunnieMon

71.2K 8.7K 726

Dilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါ​​ပြီနော်... More

🌸1🌸
🌸2🌸
🌸3🌸
🌸4🌸
🌸5🌸
🌸6🌸
🌸7🌸
🌸8🌸
🌸9🌸
🌸10🌸
🌸11🌸
🌸12🌸
🌸13🌸
🌸15🌸
🌸16🌸
🌸17🌸
🌸18🌸
🌸19🌸
🌸20🌸
🌸21🌸
🌸22🌸
🌸23🌸
🌸24🌸
🌸25🌸
Attention please
🌸26🌸
🌸27🌸
🌸28🌸
🌸Final-1🌸
🌸Final-2🌸
Letter to my readers
Promotion 😆😅😘
Zawgyi 1🌸
Zawgyi 2🌸
Zawgyi 3🌸
Zawgyi 4🌸
Zawgyi 5🌸
Zawgyi 6🌸
Zawgyi 7🌸
Zawgyi 8🌸
Zawgyi 9🌸
Zawgyi 10🌸

🌸14🌸

1.9K 281 27
By HunnieMon

သူမျက်လုံးစုံမှိတ်ထားပစ်လိုက်ချိန် လက်မောင်းရင်းကဆွဲဆောင့်ခံလိုက်ရပြီးအရှိန်မထိန်းနိုင်စွာ လမ်းမပေါ်ပစ်လဲသွားတယ်။

"သား Sehunnie"

ကျောထဲတချက်အောင့်သွားပေမယ့် တခြားဘာမှထိခိုက်တာမရှိလိုက်တာကြောင့် သူလဲနေရာက ထထိုင်လိုက်တယ်။
အခုသူ့ရှေ့မှာဒူးထောက်ထိုင်လျက် သူ့ကိုစိုးရိမ်တကြီးကြည့်ကာ တဖွဖွခေါ်နေသော လူကြီးတယောက်။မှိုင်းညှို့ညှို့မျက်ဝန်းတွေကို သူတခါထဲနှင့်ပင်သေချာမှတ်မိနေပါသေးသည်

"အဆင်ပြေရဲ့လား Sehunnah ဘာလို့အခုလိုပြေးထွက်လာရတာလဲကွာ"

"ကိုကို ဒဏ်ရာရသွားသေးလားဟင်"

အခုမှအနားရောက်လာသော Han ငယ်က ထိုလူကြီးကို ဘေးတွန်းဖယ်ရင်းက သူ့တကိုယ်လုံးကို ထိခိုက်သွားသလားသေချာကြည့်နေတယ်

"Han ငယ်တောင်းပန်ပါတယ် ကိုကို့နောက်အမှီလိုက်ခဲ့ရမှာကို "

ပြောနေရင်းမှ တရှုံ့ရှုံ့ငိုလာသော Han

"မင်းတို့ ငါသားကိုဘာတွေပြောလိုက်လို့ အခုလိုပုံစံဖြစ်နေရတာလဲ ဟင်"

သူ့ရှေ့က Han ငယ့်ပခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်မေးနေသော လူကြီးရယ် တဖက်လူကိုအရေးမစိုက်သလို သူ့ကိုသာ ကြည့်နေသော Han ငယ်ရယ် ကြားထဲမှာ သူ့စိတ်တွေပိုပင်ပန်းလာတယ်

"ကျေးဇူးပြု ပြီး ကျွန်တော့်ကိုလွှတ်ထားပေးကြပါ"

သူမတ်တပ်ထရပ်တော့ ခြေထောက်တဖက်ကအနည်းငယ်နာနေတာ သတိထားမိတယ် ဘာမှမဖြစ်သလို သူဟန်ဆောင်ရင်း ခြေလှမ်းဖို့ပြင်တော့

"အရမ်းနောက်ကျနေပြီ ကိုကိုရဲ့ အိမ်ကိုပဲပြန်လိုက်ခဲ့ပါ နော်"

သူ့လက်ဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်လာတဲ့ Han ငယ့်လက်တွေကို သူအားလျော့စွာဖယ်ချမိတယ် ကိုကိုဘယ်လိုမျက်နှာနဲ့ အိမ်ကိုပြန်လိုက်ရမှာလဲ Han ရယ်

"ပြန်တော့ ကို့နောက်ဆက်လိုက်မလာနဲ့"

"ဟင့်အင်း ကိုကို အိမ်မပြန်ရင် Han ငယ်လဲမပြန်ဘူး"

"မဆိုးချင်စမ်းနဲ့ Han "

"ဘာလဲ ငါက အခုမင်းအကိုမဟုတ်လို့စကားနားမထောင်တော့ဘူးဆိုတဲ့သဘောလား"

သူ့စကားအဆုံးမှာ နှုတ်ခမ်းပေါ်ကျလာတဲ့ လက်သီးသေးသေးပြင်းပြင်းတချက် ညီကသူ့ကိုထိုးလိုက်တာ

"တော်တော့ ကိုကို မင်းစကားတွေရပ်လိုက်တော့ မင်းက အမြဲတမ်း ငါ့အတွက် "

"ငါ့အတွက် အဖိုးမဖြတ်နိုင်တဲ့လူတယောက် ကိုကို ဒါကြောင့် အဲ့လိုစကားလုံးတွေနဲ့ ငါ့ရင်ဘက်ကို ဓားနဲ့မမွှန်းပါနဲ့"

သူ့နာကျင်နေမှုတွေနဲ့ထပ်တူ Han ငယ့် မျက်နှာမှာလဲနာကျင်မှုတွေအတိုင်းသား။စကားတခွန်းတခွန်းပြောဖို့တောင် Han ငယ် သိပ်အားမွေးပြောနေရမှန်းသူရိပ်မိသည်။ဘယ်လိုစကားလုံးတွေနဲ့ အခုသူတို့ငြိမ်းချမ်းမှုယူရမှာတဲ့လဲ အရာအားလုံးဟာ နွေခေါင်ခေါင်မိုးကြိုးပစ်ချသလို ရုတ်တရက်ဆန်လွန်းလှတယ်။

ခနတာ ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားပြီးနောက်မှာ တချိန်လုံးသူ့ဘေးနားရပ်နေတဲ့လူကြီးဆီက စကားသံထွက်လာတယ်။

"ညသန်းခေါင်ကျော်နေပြီ ကောင်လေး မင်းအိမ်ပြန်လိုက်တော့ Sehunnie က အခု အဖေ အဲ ဦးနဲ့လိုက်ခဲ့"

အဖေ?

အဲ့စကားလုံးကိုသူကအခုလွယ်လွယ်နဲ့လက်ခံလိုက်ရမှာလား

သူဘာစကားမှဆက်မပြောနိုင်စွာ ခေါင်းသာတွင်တွင်ခါနေမိတယ် သူတော့ရူးတော့မယ်ထင်ပါတယ်

"သား ဦးနဲ့မလိုက်ခဲ့ချင်ဘူးလားဟင်"

သူ့လောက်နီးနီးအရပ်မြင့်သော လူကြီးက သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် စမ်းကိုင်ရင်း စကားဆိုတော့ မကုန်ခမ်းနိုင်သော မျက်ရည်တွေကအကြောင်းမဲ့ထပ်ကျတယ်

"ဟင့်အင်း"

"သားသဘောပါ အတင်းအကြပ်မတောင်းဆိုဘူး အခုကအရမ်းမှောင်နေပြီသားရဲ့ ဦးနဲ့မလိုက်ချင်ဘူးဆိုလဲ အိမ်ပြန်လိုက်နော် ဦး စိတ်ပူလို့ပါသားရယ်"

စကားအဆုံးမှာ ခပ်တိုးတိုးဖြစ်သွားတဲ့ လူကြီးအသံကို သူသေချာသတိထားမိလိုက်ပါသေးသည်။တောက်လျောက်ပူလောင်လာတဲ့သူ့စိတ်တွေ ထိုလူကြီးနဲ့မျက်လုံးချင်းဆုံစကားနားထောင်ပြီးနောက်မှာ အနည်းငယ်တည်ငြိမ်လာသလို ခံစားရပြန်သည်။

"အိမ်ပြန်လိုက်နော် အိပ်ရေးဝအောင်အိပ်လိုက် သားပင်ပန်းနေပြီ"

သူအခုအိမ်လုံးဝမပြန်ချင်ပေမယ့် ထိုလူကြီးနဲ့လဲလိုက်မသွားနိုင် စိတ်ရှိတိုင်းသာဆို ခြေဦးတည့်ရာလျှောက်သွားချင်ပေမယ့် တကောက်ကောက် လိုက်နေမည့် Han ငယ်ကလဲရှိသည်။
စိတ်က အနည်းငယ်တည်ငြိမ်လာတော့ ခန္ဓာကိုယ်က အားနည်းလာသည်။ရိပ်ကနဲဖြစ်ဖြစ်လာသော ဦးခေါင်းရယ် ပြာတတ်လာသော မျက်ဝန်းတွေရယ်ကြောင့် သူခေါင်းကိုတချက်ကိုင်ပြီး မျက်လုံးတွေကိုကြည်သွားမလားပွတ်သတ်မိတယ်။

"လာတော့ကိုကို မင်းနေမကောင်းဖြစ်နေပြီ ငါသိတယ်"

လူကောင်ကြီးသာကြီးပြီး စိတ်နည်းနည်းပင်ပန်းရင် လူပါ လိုက်လဲတတ်တာ သူ့အကျင့်။ဒါကြောင့်လဲ ငယ်ငယ်ထဲက မေမေတို့က သူ့ကိုဆို တော်ရုံဆူပူမကြိမ်းမောင်းဘဲ အလိုလိုက်ထားတာနေမှာ။

အရင်ကသူအမှတ်မထင် စဉ်းစားမိသော မေးခွန်းတို့အဖြေသည် အခုချိန်မှတခုပြီးတခုပေါ်လာသလိုလို။ဒါဆို Han ငယ်ကသူ့ကိုအမြဲအလျော့ပေးနေတတ်တာကရော?

"ညီ ဘယ်အချိန်ထဲက သိနေခဲ့တာလဲ"

"ညီလဲသိတာမကြာသေးပါဘူးကိုကိုရယ် လျှောက်တွေးမနေနဲ့တော့ ခေါင်းကိုက်မယ်"

"နောက်ထပ်ဘာတွေသိထားသေးလဲ"

"ဘာမှမသိဘူး တော်တော့ကိုကို မင်းငါ့ကိုမယုံဘူးလား"

"ကိုကို ညီ့ကိုယုံကြည်ချင်တယ်"

"သွားရအောင်"

Han ငယ်တွဲခေါ်ရာနောက်လိုက်ခဲ့ပြီးမှ သူသတိတရ အနောက်ကိုလှည့်ကြည့်မိတော့ ခပ်ဝေးဝေးကနေသူ့ကိုပြုံးပြနှုတ်ဆက်နေသော လူကြီး။ဒီလူကြီးပြုံးနေတာလေ သူက ဘာလို့ဝမ်းနည်းနေရတာလဲ။

"ခေါင်းမူးနေတယ်မှတ်လား ဆေးသောက်အိပ်လိုက်နော် ဘာမှမစဉ်းစားနဲ့တော့"

အထွန့်မတတ်နိုင်တော့အောင် သူအားလျော့စွာ ညီ့လက်ထဲကဆေးကိုယူသောက်ပြီး အိပ်ရာထက်လှဲချလိုက်သည်။
သူအခု ပြန်လိုက်လာတာ မှားလား မှန်လား မခွဲခြားတတ်ပေ။
Han ငယ့်မျက်နှာတခုထောက်ပြီး ပြန်လိုက်လာတယ်ဆိုတာတော့ သေချာသည်။ကျန်တာတွေ ခနသူ့မေ့ထားပါရစေ

မျက်လုံးတို့ကိုမှိတ်လို့ စိတ်လျော့ချလိုက်တော့ နွမ်းနယ်နေတဲ့ခန္ဓာကိုယ်ကြောင့် တခနချင်းအိပ်ပျော်မသွားခင် Han ငယ့်ဆီက "မနက်ဖြန်တိုင်းကို အတူတူရင်ဆိုင်ကြမယ်ကိုကို"
ဆိုတဲ့စကားသံလေးကြားမိလိုက်ပါသေးသည်။

၂ ရက်လောက်နေမကောင်းဖြစ်သွားသည့်အတွင်း သူအခန်းထဲကအခန်းပြင်ကိုပင်မထွက် ဖေဖေတို့နှင့်မျက်နှာချင်းမဆိုင်။ထမင်းစားချိန် Han ငယ်ယူလာပေးတာကို စားချင်စိတ်ရှိရင်စားသည် မစားချင်ရင်မသိသလိုအိပ်ချည်းပဲနေသည်။သူ့အခန်းထဲ Han ငယ်တယောက်ထဲကိုသာ ဝင်ခွင့်ပေးထားသည့်အတွက် မေမေလာလျှင်ပင် lock သွားချပစ်သည်။

နောက်ရက်တွေနေကောင်းလာသော်လည်း သူဟာဒီအတိုင်းအခန်းတွင်းအောင်းဆဲ။သူကျောင်းမသွားသည့်အတွက် Han ငယ်လဲမသွား သူအိမ်ကထွက်သွားမှာကို စိုးရိမ်၍ Han ငယ်က သူ့အနားမှာသာကပ်နေခြင်း။

"Suho phone ဆက်တယ် ၂ ယောက်လုံးပျက်တာများလို့ မိဘခေါ်တော့မယ်ပြောနေပြီတဲ့"

မနက်စာ နွားနို့ပူပူလေးလာပို့ရင်းပြောတဲ့ Han ငယ့်စကား

"ညီ သွားတတ်လိုက်လေ ကို ကို တော့မတတ်ချင်ဘူး"

ညီအကိုအရင်း မဟုတ်တော့ဘူးဆိုတဲ့အသိက သူစကားပြောရအနည်းငယ်ခက်စေသည် 'ကိုကို' ဟူသော နာမ်စားက ပုံမှန်လိုချောချောမွေ့မွေ့ထွက်မလာ

"ဘယ်မှမသွားမှာ သေချာရင် ဒီတရက်သွားပြီး ခွင့်တိုင်လိုက်မယ် ကိုကိုနေမကောင်းလို့ဆိုပြီး"

"အင်းပါ"

"စောစောပြန်ခဲ့မယ်နော် စိတ်ချချင်တယ်"

ခပ်ပြုံးပြုံးပြောတဲ့ Han ငယ့်စကားကြောင့် သူပါအလိုလိုလိုက်ပြုံးမိတယ်။ညီ့အပြုံးတွေဟာ သူ့အတွက်စိတ်ကြည်ဆေးရည်ပဲ။

တနေကုန်အခန်းထဲနေရတာ ညီလဲမရှိသည်မို့သူအနည်းငယ် ပျင်းခြောက်ခြောက်နိုင်သည်

"စောစောပြန်လာမယ့်လူကလဲ နောက်ကျလိုက်တာ"

ညနေ ၅ နာရီကိုညွှန်ပြနေသော နာရီလက်တံကိုကြည့်ရင်း သူရေရွတ်မိသည် ဘာလို့ဒီလောက်နောက်ကျနေတာလဲ

စိတ်မရှည်တော့တာကြောင့် ကျောင်းကိုသွားကြည့်ရန် သူထွက်အလာ ကားဂိတ်နားက ကော်ဖီဆိုင်မှာ ဖျက်ကနဲမြင်မိလိုက်တာ Han ငယ်နဲ့ ဟိုလူကြီး

"ဘာလို့သူတို့ကအတူရှိနေတာလဲ"

တွေးနေရသည်က အချိန်ပိုကြာသည်မို့ သူထိုဆိုင်ထဲဝင်ခဲ့လိုက်သည်

"ခင်များနောက် ကျွန်တော်တို့အိမ်နားမလာပါနဲ့တော့ ကိုကို့ကို ခင်များမရှိလဲ ကျွန်တော်ပျော်အောင်ထားနိုင်တယ် ဟုတ်တယ် ကိုကိုကလဲ ကျွန်တော်နဲ့သာရှိရင် သူ့အတွက်အားလုံးကပြည့်စုံနေပြီဆိုတဲ့လူမျိုး ဒါကြောင့် အချိန်အကြာကြီး အနားမှာရှိနေပေးနိုင်မှာ မဟုတ်တဲ့ ခင်များကပဲ ထွက်သွားပေးပါ ဘယ်လိုပဲဖြစ်ဖြစ်ဘာသံယောဇဉ်မှလဲရှိခဲ့တာမှမဟုတ်တာ"

ဘုရားရေ သူနားကြားတွေများမှားလေသလား

ီဒီစကားတွေက Han ငယ့်နှုတ်ဖျားကထွက်လာတာ ဒီလောက်ရက်ရက်စက်စက်ပြောထွက်လိုက်တာ သူ့ကို ယုံကြည်ပါဆိုတဲ့လူကလေ

"Oh Han!!မင်း"

သူ့အော်သံကိုကြားမှလန့်ကနဲတုန်တတ်သွားသော Han ငယ်

"မင်းက သိပ်ကြောက်ဖို့ကောင်းတာပဲ Oh Han ထ ကျွန်တော်တို့ ဒီလူတွေနဲ့ဝေးရာသွားကြမယ် အဖေ"

[မငိုကြနဲ့နော် ဒါဇာတ်လမ်းတဝက်ပဲရှိသေးတာ XD စတာပါ နောက်ထပ်တဝက်ကျော်ကျော်ကျန်သေးတာမို့ feeling တွေအမျိုးမျိုးနဲ့ရှည်ရှည်ဖတ်ရမယ်နော် ကိုယ်ရေးနေကြ fic တွေထက် ပိုရှည်မယ်ထင်တယ် စောင့်ပြီးဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ် reply မပြန်တာ ဘာပြောရမှန်းမသိတော့လို့ hee hee]

Continue Reading

You'll Also Like

287K 49.4K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
49.2K 3.9K 33
ခြားနားချက်တွေကိုလိုက်မရှာပါနဲ့။ကြည့်လိုက်ရုံနဲ့တင်မြင်သာပါတယ်။ဒီလူအတွက်မင်းက Essential Oneလေ။
418K 24.4K 78
သံမဏိနှင်း‌ဆီ-Book Announcement
40.8K 2.9K 72
ဖတ်ကြည့်နော်😉😉