''လျှမ်းဆက်အစုတ်ပလုတ် မင်းလာခဲ့စမ်း''
အတန်းထဲဝင်လာလာချင်း
ဒီရေ့အသံ စူးခနဲ...
''တိုးတိုးလုပ်ပါကွာ မင်းမခေါ်လည်း ငါလာမှာပါ''
''စပ်ဖြဲဖြဲလုပ်မနေနဲ့ ပြောမနေ့က ကိစ္စ''
''ဘယ်ကိစ္စလဲ ''
လျှမ်းဆက် စပ်ဖြီးဖြီးလုပ်ကောင်းဆဲ
ဟိုက ရေနွေးအိုးလိုပွက်ပွက်ဆူနေတာ မသိလေသလား လျှမ်းဆက်ခ ရေ
''ငါမနေ့ထဲက မေးမလို့ အိပ်ပျော်သွားလို့ ခုပြောကွာ
မင်းနေ့ချင်းညချင်းရည်းစားရသွားတဲ့အကြောင်း''
''awww ဒါလား ဒါကလွယ်ပါတယ်''
''ဘာလွယ်တာလဲ လျှမ်းဆက်ခ ငါစိတ်မရှည်ဘူးနော်''
''ဒီလို &*%*%&*%&..."
လျှမ်းဆက်ဖြစ်မျှကို ဒီရေ့အားပြောပြတော့မှ
''အန် အဲ့လိုလဲရလား မင်းဟာလွယ်လှချည်လား
သူကမာနကြီးမဲ့ပုံကြီးကွ''
''အင်းး ငါလဲ မထင်ဘူးအစက နောက်မှ တကယ်ကြီးသူဖြစ်နေတာ ''
''အဲ့ဒါကြောင့် ငါ့ကိုတောင်ပစ်ထားထားတာ အစုတ်ပလုတ်ကောင်''
''မဟုတ်ပါဘူး အစပိုင်းဘဲ မင်းငါ့အကြောင်းသိသားနဲ့
ဆယ်တန်းတုံးကလို ခိုးတွဲရတာမှမဟုတ်တာ ခုမှလွတ်လွတ်လပ်လပ်တွဲရတာ
ခဏလောက်တော့ ရည်းစားရှိခြင်းအရသာခံစားလိုက်ဦးမယ် စိတ်ချပါ ငါနိုင်မှာပါ''
ဒီရေစိတ်ဆိုးပြေသွားပြီး လျှမ်းဆက်နှင့်ခေါင်းချင်းဆိုင်ကာအတင်းပြောနေကြသည်။
''ကို နေ့လည်ကျရင် အပြင်မှာထမင်းသွားစားရအောင်''
လျှမ်းဆက်ထိုင်နေရာ ယောက်ျားလေးroleသို
့အကြောက်အလန့်မရှိလာရဲသည့် လူဆိုးမကြီးအသံ
ဒီရေအတွက်တော့ သူကလူဆိုးမကြီးဘဲ
ရုပ်ကြီးကိုကလူကို ကြည့်တာ အစွယ်မထွက်နေလို့ မဟုတ်ရင် ကြောက်စရာကြီး......
ဒီရေ စိတ်ထဲမှတွေးရင်းရယ်နေတော့သည်။
လျှမ်းဆက်ခေါင်းကိုကုတ်ရင်း
''ကန်တင်းမှာစားမယ်လေ ရှင်း''
''ဟင့်အင်း......... ရှင်း ဒီမှာမစားချင်ဘူး
ဘုရားလမ်းထဲမှာသွားစားမယ်......''
လျှမ်းဆက်လက်မောင်းကိုဆွဲခါလျက် ချွဲနွှဲ့စွာပြောနေသော ဖြူစင်ရှင်းသန့်
လျှမ်းဆက် သက်ပြင်းကိုချကာ....
''ဒီရေ ဒီနေ့လဲ မင်းဘာသာဘဲစားနှင့်လိုက်တော့နော်
ရော့ ထမင်းချိုင့် ''
လူဆိုးမကြီးကအောင်နိုင်သူအပြုံးနှင့်
သူခံရမှာမသိဘဲရယ်နေ နောက်မှဒူးနဲ့မျက်ရည်တောင်မသုတ်နိုင်ဘဲရှိလိမ့်မယ်
ဒီရေ ရှင်းကိုကြည့်ကာ
သနားမိသည်ကလွဲပြီးဘာမှမဖြစ် တစ်ယောက်ထဲစားရတော့လဲ......
လျှမ်းဆက်ပေးသောထမင်းချိုင့်ကိုယူပြီး
''It's Okပါကွာ ငါပိုစားရတာပေါ့''
''မင်းကတော့လေ ငါပြန်လာရင်မုန့်ဝယ်လာမယ်နော်''
လျှမ်းဆက် ဒီရေဆံပင်တို့ကိုဖွလျက် ပြောသည်။
''တောက်...''
လူဆိုးမကြီး၏ရင်ဘတ်ထဲမှအသံ
မျက်လုံးတို့က ဒီရေအားဝါးမျိုတော့မတတ်ကြည့်ကာ
သူမအတန်းရှိရာပြန်ထွက်သွားသည်။
ဒီရေကိုမနာလိုဖြစ်နေတာမှန်း လျှမ်းဆက်ရောဒီရေပါ နားလည်သည်။
ဒီရေ့နေရာကို ဘယ်သူ့ကိုမှမပေးနိုင်...
အမြဲတမ်းအတွက်ဒီရေ ဆိုတာ ဒီရေဘဲ...
*****************
ဖြူ စင်ရှင်းသန့် Pov
ငယ်စဉ်ထဲက မြေကြီးပင်မနင်း
နေရောင်ပင်မခသောအသားအရည်က
ဖြူ နုလွန်းသည်။
ကြည့်ရုံဖြင့်သိနိုင်သည်က
သူမဟာမင်းသမီးတစ်ပါးကဲ့သို့စောင့်ရှောက်ခံလာရသူ
နူးညံ့သောလှုပ်ရှားဟန်နှင့်
ရဲတင်းသောအပြောအဆိုတို့သည်
သူဋ္ဌေးသမီးဆိုတာသေချာစေသည်။
နူးညံ့မှုသည် အထက်တန်းဆန်သည်။
ရဲတင်းမှုသည်လည်း အလိုလိုက်ခံထားရ၍သာဖြစ်သည်။
လိုချင်တာကိုရအောင်ယူတတ်ခြင်းသည်
ချစ်ခြင်းကိုမှားယွင်းစွာပုံသွင်းခဲ့သောမိဘတွေကြောင့်သာဖြစ်သည်။
ဖြူစင်ရှင်းသန့်၏အဖေသည် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည်။
စီးပွားရေးအကွက်ကျရာ ပဲခူးမြို့သို့ပြောင်းလာခဲ့ရာ
သူမပါ လိုက်ပါလာရသည်။
ပဲခူးတွင်အဆင်ပြေသော majorတစ်ခုကိုယူရင်းတဖက်မှ
ဝါသနာပါသော designဆွဲခြင်းကိုသင်ယူသည်။
အဝေးသင်တက်မည်ဟုဆုံးဖြတ်ထားသော်လည်း
ကျောင်းအပ်သည့်နေက မြင်လိုက်ရသောသူကြောင့်ဆုံးဖြတ်ချက်ကိုပြင်ခဲ့သည်
ဤသည်မှာ လျှမ်းဆက်ခပင်...
သူမ လျှမ်းဆက်ခကို မြင်မြင်ချင်းသဘောကျမိခဲ့သည်။
ထို့ကြောင့် မိန်းကလေးတန်မဲ့
Game ဆော့ရန်အကြောင်းပြကာ ချစ်သူဖြစ်ခွင့်တောင်းခံခဲ့သည်။
အစထဲကရှုံးနေတာသိသော်လည်းရှေ့ဆက်တိုးနေမိသည်။
တစ်လအတွင်းလျှမ်းဆက်ချစ်လာအောင်သူမလုပ်ယူမည်။လုပ်နိုင်မည်ဟုလည်းယုံကြည်နေပြီးသား...
ထို့ကြောင့်လည်း ဤဇာတ်ကိုသူမကိုယ်တိုင်ရေး၍သူမကိုယ်တိုင်ကဖြစ်ခဲ့သည်။
လျှမ်းဆက်ခ အလွယ်တကူလက်ခံခဲ့သည်။
သူမအရမ်းပျော်သွားခဲ့သည်။
သို့သော် သူမ ဒီရေလှိုင်းဆိုသူကိုကြည့်မရ...
(A/N ငါ့ခလေးသုဘာသာသူနေတာကို)
စစတွေ့ချင်းထဲက လျှမ်းဆက်ခဘေးတွင် ဒီရေလှိုင်းရှိနေသည်။
သွားအတူလာအတူ ထမင်းစားသည်ကိုပင်ထမင်းချိုင့်တစ်ခုထဲ အတူစားသည်တဲ့
ဒီရေလှိုင်းဆိုသူကိုတကယ်တော့မနာလိုဖြစ်မိသည်။
ထို့ကြောင့် လျှမ်းဆက်ခနှင့်တွဲလျှင်အရင်ဆုံး
ဒီရေလှိုင်းနှင့်ခွဲထားရမည်ဟူ၍ ...
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
"ကို~~~..ကို~~လို့.."
လျှမ်းဆက် တပတ်ပင်မရှိသေးသောRelationshipကိုအတော်ပင်စိတ်ပျက်နေလေပြီ။
အရွဲ့တိုက်ခြင်းဆိုတာကိုယ်တိုင်ဘဲစိတ်ညစ်ရပါလား......
သေချာသည်ကတော့ ဒီGameမှာ လျှမ်းဆက် Game Overဘယ်တော့မှဖြစ်မည်မဟုတ်... Phoneထဲမှာဆော့တဲ့Gameတွေလိုမျိုး နိုင်ရင်လည်းနောက်Levelတစ်ဆင့်ထပ်တက်မှာမဟုတ်...လျှမ်းဆက် ဒီပွဲမှာနိုင်ရင်လည်း Gameကိုအဲ့မှာတင်ရပ်ပြီးဒီလိုကောင်မလေးမျိုးနှင့်ထပ်မပတ်သက်ဖို့စဉ်းစားထားပြီးသား...၁လဆိုတဲ့အချိန်ကလည်းအခုမှကြာနေသလို…
သူမနှင့်တွဲဖို့လက်ခံလိုက်ပြီးတည်းက လျှမ်းဆက် ဒီရေ့ကိုခါတိုင်းတုန်းကလိုအချိန်မပေးနိုင်တော့...အတန်းချိန်တွေပျက်ရတာလည်းများလာပြီ..ခုလည်း ဘုရားလမ်းမှာမုန့်စားပြီးရုပ်ရှင်ကြည့်ချင်သည်ဆို၍သာလိုက်လာရသည်..စိတ်ကတော့မပါ...
"ကို..ကို.."..
ခေါ်ပြန်ပြီ...ပတ်ကျိတွေခရုတွေအကောင်လိုက်မြိုထားတဲ့အသံနဲ့......
လျှမ်းဆက် မျက်ခုံးကိုအစွမ်းကုန်တွန့်ချိုးလျက်…
"ပြော..ဘာလို့ခဏခဏခေါ်နေတာလဲ.."
"အောာ်..ဘာရယ်မဟုတ်ပါဘူး..ဟိုတစ်ပတ်က ကို ရန်ဖြစ်တုန်းကရထားတဲ့ဒဏ်ရာတွေသက်သာနေပြီလား.."
အမာရွတ်ပင်မကျန်တော့သောဒဏ်ရာကိုအခုမှ
ဂရုစိုက်ပြနေတယ်။စိတ်ကုန်လိုက်တာ…ဟုတွေးရင်းပါးစပ်ကတော့
''အင်း…''
"ရှင်း ကအဲ့တုန်းကလည်းစိတ်ပူနေတာ.."
"....."
"ရှင်းတို့ရုပ်ရှင်ကြည့်ပြီးရင်ဘုရားသွားရအောင်လေ.."
လာပြန်ပြီ..ခုဏကဘဲဘုရားလမ်းကပြန်လာတယ်
ခုတခါဘုရားပြန်သွားမယ်
ဘုန်းကြီးကျောင်းပို့ပြီး သီလရှင်ဘဲဝတ်ပေးချင်လိုက်တာ..
လျှမ်းဆက် စိတ်ရှုပ်စွာကြည့်လျက်..
"တော်ပြီ..ငါချိန်းထားတာရှိတယ်..ရုပ်ရှင်ကြည့်ပြီးရင်ပြန်ရမယ်.."
လျှမ်းဆက် Basketballပွဲအတွက်Trainingဆင်းနေတုန်းကလည်း တီလေးဆိုင်ကိုမသွားဖြစ်..ပွဲပြီးတော့ရန်ဖြစ်လို့ဒဏ်ရာရထားတုန်းကလည်းမသွားဖြစ်...ဒီနေ့တော့ဆိုင်သွားမှဖြစ်တော့မည်...
"ကိုကလည်း..~~"
လျှမ်းဆက် ကိုဘေးနားမှတဂျီဂျီပူဆာနေသော်လည်း လျှမ်းဆက် အဖတ်လုပ်ပြီးဘာမှပြန်မပြောဖြစ်...
ရုပ်ရှင်ကြည့်မပြီးခင်ပင် ထွက်လာခဲ့လိုက်သည်...
လျှမ်းဆက် စိတ်ကုန်လာပြီ..
သေချာတာကတော့ လျှမ်းဆက်နိုင်မည်ဆိုတာ
သက်သေပြစရာမလိုအောင်သိသာနေခြင်းပင်...
သိုပေမဲ့ တစ်လ ဆိုတာကမပြည့်သေး......
လျှမ်းဆက် Cafeဆိုင်ရောက်တော့ waiterကောင်လေးက လှမ်းနှုတ်ဆက်သည်..
"ဟာာ..အကို လာပြီလား..မတွေ့ရတာတောင်ကြာပြီ…အကို့ကိုတောင်မေးမေးနေကြတယ်''
"အွန်း.ဟုတ်လား တီလေးရော''
''ဒီနေ့ သူဌေးမလာဘူးတဲ့''
"Awww..အေးပါကွာ..မင်းလည်းလုပ်စရာရှိတာဆက်လုပ်တော့လေ..."
လျှမ်းဆက် ပြောပြီး ဆိုင်ရဲ့အလယ်ကStageအသေးလေးပေါ်ကိုတက်ကာခုံမှာဝင်ထိုင်ပြီးGuitarကြိုးညှိလိုက်သည်..ခဏာကြာတော့ SILENT CAFEထဲတွင် ချိုမြိန်လှသောအသံနှင့်သာယာငြိမ့်ညောင်းသောGuitarသံလေးကပြန့်လွင့်လျက်...
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ကျောင်းဆင်းတော့ ဒီရေတစ်ယောက်လိုင်းကားဖြင့်သာပြန်ရသည်..
ခါတိုင်းရက်များတွင် လျှမ်းလေးကလိုက်ပို့ပေးသော်လည်း ဒီနေ့ဟိုစုန်းမကြီးခေါ်သွား၍ ဒီရေ့အား နေ့လည်ထဲကထမင်းချိုင့်ပေးကာထွက်သွားလေသည်...
ညနေအတန်းပြီးခါနီးထိပြန်မလာလို့ Phဆက်ကြည့်တော့ ဒီနေ့ကျောင်းပြန်မလာဘဲ အန်တီလေးဆိုင် တန်းသွားသည်တဲ့လေ..
ကြည့်..လျှမ်းစုတ်..ဘယ်လောက်စိတ်တိုစရာကောင်းလဲ..phတောင်ကိုယ်ကအရင်စဆက်ရတယ်..ရည်းစားရပြီးတည်းက ဒီရေ့ကို လျှမ်းဆက် အရင်ကလောက်ဂရုမစိုက်တော့ချေ...
ဒီရေတွေးရင်း ဟိုစုန်းမကြီးကိုသာမေတ္တာအကြိမ်ကြိမ်အခါခါပို့မိသည်..
"ဟူးးး..နက်ဖြန်မှပဲ လျှမ်းလေး ထမင်းချိုင့်ပြန်ပေးရတော့မှာပေါ့.."
ဒီရေစိတ်ထဲမှရေရွတ်မိသည်..
"မဟာမြိုင်ရောက်ပြီ..ဟေ့ဟိုကလေး မဟာမြိုင်မှာဆင်းမှာဆို"
ဒီရေ ကားပေါ်မှာအတွေးနယ်ချဲ့လာခဲ့တာ မဟာမြိုင်ရောက်မှန်းတောင်သတိမထားမိလိုက်..ကားသမားကြီးလှမ်းအော်မှသာ သတိပြန်ဝင်လေသည်...ကားပေါ်မှာလူများကလည်း ဒီရေ့အား ကွက်ကြည့်ကွက်ကြည့်နှင့်...
ဒီရေတစ်ယောက်လည်းထိုအခါမှ ကားပေါ်မှကမန်းကတန်းဆင်းကာကားသမားကြီးကိုပိုက်ဆံပေးရင်း ထွက်လာခဲ့လိုက်သည်...
"ကလင် ကလင်.."
ဒီရေ Rhymeဆီသွားရင်း အနောက်ကစက်ဘီးBellသံကြား၍ လှည့်ကြည့်လိုက်တော့ ...ဟိုအရှုပ်ကောင်လေးRhyme...လက်ထဲမှာလည်းအထုပ်တွေနဲ့အန်တီနန်း တစ်ခုခုခုဝယ်ခိုင်းလိုက်တာဖြစ်မယ်...
"အဟမ်းး..ဟိုဒင်း ကျနော့်ဆီလာတာမို့လား"
"ommm.."
ဒီရေ မျက်ခုံးကိုအစွမ်းကုန် တွန့်လျက် Rhyme ကို အထူးအဆန်းကြည့်ရင်းဖြေသည်။
"အာ့ဆို ကျနော်နဲ့တစ်ခါတည်းလိုက်ခဲ့လေ..ပြီးတော့ အိမ်ရောက်ရင် ကျနော် ကြွားစရာရှိသေးတယ်"
"အမ်..မင်းငါ့ခန္ဓာကိုယ်ကိုတင်နင်းနိုင်လို့လား"
ဒီရေသူ့ကိုယ်သူလက်ညှိုးလေးထိုးကာမေးလိုက်တော့ Rhyme ရယ်သည်..
"အဟက်..ဟိုဒင်းက ကိုယ့် ခန္ဓာကိုယ်အကြောင်းတော့ သိသားပဲ..ဒါပေမယ့်လည်း ကျနော်က ဟိုဒင်းကိုတင်နင်းနိုင်ပါတယ်ဗျာ....ကျနော့်ကိုအထင်မသေးပါနဲ့.."
Rhymeပြောတော့ ဒီရေမျက်စောင်းတစ်ချက်ထိုးလိုက်ကာ သူတင်နင်းနိုင်တော့လည်းငါခြေထောက်ညောင်းသက်သာတာပေါ့ဟူ၍တွေးကာစက်ဘီးနောက်ခုံပေါ်တက်လိုက်သည်...
ပြဿနာကစပြီ။ ဒီကလေး နဲ့ဘယ်လိုရေစက်လည်းတော့မသိ။ စတွေ့တည်းကကောင်းကျိုးကိုမပေးတာ..ခုလည်းသူတင်နင်းနိုင်တယ်ဆိုလို့ ဒီရေယုံကြည်ပြီးလိုက်လာတာ.. စက်ဘီးကယိုင်ထိုးပြီးဘယ်ယိမ်းလိုက်ညာယိမ်းလိုက်နဲ့ ဓာတ်တိုင်ကိုဝင်ဆောင့်မိလေသည်...
အနောက်ကထိုင်လိုက်ကလာသောဒီရေမှာအမြန်ခုန်ဆင်းလိုက်၍သာ
အခြေအနေအရမ်မဆိုးသွားခဲ့....မဟုတ်ရင်နှစ်ယောက်လုံးလမ်းဘေးမြောင်းထဲပြုတ်ကျမယ့်ကိန်း..
"Yarrr!!!!မင်းပြောတော့တင်နင်းနိုင်တယ်ဆို..."ဒီရေလေးစိတ်တိုကာထအော်တော့သည်...
"အဟဲ...ဟိုဒင်းကလည်းဗျာ..ကျနော်ကလက်ထဲကအထုပ်တွေနဲ့မို့လို့ပါ...ရော့..ဟိုဒင်အထုပ်တွေကိုင်ပေး...ကျနော်ပြန်နင်းမယ်.."
ဒီရေ့မျက်နှာကြီးစူပုပ်ကာပေးသောအထုပ်များကိုဆောင့်အောင့်ယူလျက်...
"ဟိုဒင်းကလည်းဗျာ..စိတ်ချပါ...ဒီတခါမမှောက်စေရဘူး."လဲနေသောစက်ဘီးကိုပြန်ယူရင်းRhymeပြောလေသည်...
"ပြီးတာပဲ.."ဒီရေကတော့ဒုတိယအကြိမ်ယုံကြည်လိုက်ရပြန်ပြီ..
ဒီလိုယုံကြည်မိတာကဒီရေ့အမှားမှန်းနောက်မှသိတော့သည်...
ဒီတစ်ခါလည်း စက်ဘီးကဟိုဘက်ယိမ်းလိုက်ဒီဘက်ယိမ်းလိုက်နှင့်..
လမ်းဘေးကပ်ပြီးအေးဆေးလမ်းလျှောက်နေသောဦးလေးကြီးတစ်ယောက်အားနောက်ကဝင်ကျုံးပြန်သည်...
"ဦးလေးကြီး..ဦးလေးကြီး...ဘေးကိုရှောင်..ဘေးကိုရှောင်"
.ဒီရေအမြန်ဆင်းပြီးစက်ဘီးကိုနောက်ကအတင်းဆွဲထား၍သာ..မဟုတ်ရင်ထိုဦးလေးကြီးအရှေ့ကိုမှောက်ရက်ပစ်လဲမှာ.
"ဟာ..ကလေးတွေ..စက်ဘီးကိုဘယ်လိုလုပ်နင်းနေတာလဲကွ.."
"ဟီး..တောင်းပန်ပါတယ်ဗျာ.."ဒီရေကပဲတောင်းပန်လိုက်ရသည်..
"R.h.y.m.eကောင်...ဂြိုလ်ကောင်..မင်းတော့ဒီနေ့ငါနဲ့တွေ့ပြီ."
Rhymeမှာတော့မျက်နှာငယ်လေးနှင့်..
"ဟိုဒင်းကလည်းဗျာ...တောင်းပန်ပါတယ်နော်..."
"huuuuu..."ဒီရေမှာRhymeပုံကိုကြည့်ပြီးဒေါသတွေကိုလေအဖြစ်သာမှုတ်ထုတ်လိုက်ရသည်...ဒီကလေးစာမေးပွဲကနီးနေပြီ..ထို့ကြောင့်ဒီကလေးနှင့်အဆင်ပြေပြေပဲစာသင်ချင်သည်လေ...
"ထားပါတော့..ရော့..မင်းအထုပ်တွေဆွဲ..ငါတင်နင်းမယ်.."
ထိုအခါRhymeကအံ့သြသလိုကြည့်ကာ...
"ဟင်..ဟိုဒင်းကကျနော့်ကိုမဆူဘူးလား..ဒေါသမထွက်ဘူးလား.."
"အရစ်ရှည်မနေနဲ့..ဒီနေ့မင်းနဲ့ငါ အိမ်ရောက်ဦးမှာလား..တက်မှာသာတက်စမ်းပါ.."
ထိုအခါမှRhymeမှာသူ့ပါးစပ်သူလက်လေးနှင့်ဇစ်ဆွဲသလိုလေးလုပ်ပြကာ..
"ဟုတ်ကဲ့ပါဗျာ...."
ထိုနေ့ကပုလုံးလေးဒီရေ မှာ ဂြိုလ်ကောင်လေးRhymeအားတင်နင်းခဲ့ရသည်ပေါ့....
Unlucky Dayပါလား..ဒီရေလေးရေ.....
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
Rhymeအိမ်ရောက်တော့Rhymeတစ်ယောက် ဒီရေ့အား ကြွားစရာရှိသည်ဟူဆိုကာ အပေါ်ထပ်ကိုအပြေးအလွှားတက်သွားလေသည်..ဒေါ်နန်းသီကတော့ သားတော်မောင်ကိုကြည့်ကာမနိုင်ဘူးဟူသောပုံစံဖြင့် ခေါင်းခါယမ်းလျက်...
ဒီရေလည်းRhymeနောက်လိုက်သွားတော့...
"ဒီမှာ..ကျနော်အရင်လပတ်စာမေးပွဲမှာ အဆင့်5ရတယ်..All Aဖြစ်မှာကို သင်္ချာနဲနဲလျှမ်းသွားလို့.."
ဒီရေ Rhymeလက်ထဲက Report Cardကိုသေချာကြည့်လိုက်ကာ..
*ဒီကလေး ဥာဏ်လေးကမဆိုးပါဘူးလေ..အပျင်းကြီးနေလို့သာ..*
ဒီရေစိတ်ထဲကတွေးရင်း အပြင်မှာတော့ထုတ်မပြောဖြစ်..
"Imm.နောက်Pretestမှာ 1 to 3၀င်ပြီးAll Aရအောင်ကြိုးစား..." ဒီရေပြောတော့ Rhymeက တစ်ချက်မဲ့ကာ..
"ဟက်..ကျနော်1 to 3၀င်ပြီး All Aရရင်ဟိုဒင်းကတစ်ခုခုပြန်ပေးရမယ်..Give And Takeဘဲ''
ဒီရေလည်း ထိုGive and Takeဆိုတာကိုလက်ခံဖို့စဉ်းစားရမည်..သူ့ရဲ့Giveကတော့ဟုတ်ပါပြီ..ကိုယ့်ဆီကဘာပြန်Takeဦးမှာလဲမသိ...
ခုတောင် သူ့နင်းတဲ့စက်ဘီးစီးတာ
ပြန်ပေးလိုက်ရတဲ့အရင်းအနှီးက
ဖင် ဟုတ်တယ်ဖင်ညှောင့်ရိုးတခုခုဖြစ်သွားပြီလားမသိဘူး
ဒီရေ စိတ်ထဲမှရေရွတ်ရင်း
ဖင်လေးကိုလည်ပြန်ကြည့်ကာ...
"မင်းက ငါ့ဆီကဘာပြန်လိုချင်လို့လဲ.."
ဒီရေ မျက်လုံးပင့်ပြီးမေးလိုက်တော့..Rhymeက Devil Smileတစ်ခုပြုံးကာ ဒီရေ့ဆီတစ်ဖြည်းဖြည်းလျှောက်လာလေသည်...
ဒီရေလည်းအယောင်ယောင်အမှားမှားဖြင့် နောက်ဆုတ်မိသည်..
သူကရှေ့တစ်ဖြည်းဖြည်းတိုးလာလိုက် ဒီရေကနောက်ဆုတ်သွားလိုက်နှင့် နောက်ဆုံး ဒီရေ့ကျောနှင့်နံရံနဲ့ကပ်သွားပြီ..ဒီရေလန့်နေရသည်..ဒီကလေးစိတ်ကသိပ်အစိုးရတာမဟုတ်...
Rhyme ဒီရေ့မျက်နှာနားတစ်ဖြည်းဖြည်းတိုးလာတော့ ဒီရေ့မျက်နှာတစ်ခုလုံးနီမြန်းလာသည်...အဟင့် ဒါဘယ်လိုအခြေအနေကြီးလဲ..မားရေ..သားကိုကယ်ပါဦး..
Rhyme ဒီရေ့ပုံစံကိုကြည့်ပြီးတစ်ဖြည်းဖြည်းရယ်ချင်လာသောစိတ်ကိုမထိန်းနိုင်ကာ ဒီရေ့မျက်နှာနားကခွာပြီး ခေါင်းမော့လျက်အော်ရယ်မိသည်...ဒီရေကတော့ စောစောကအဖြစ်အပျက်ကြီးကိုစဉ်းစားကာကျောချမ်းနေမိသည်...
"ဟား ဟားး..ဟိုဒင်းကတအား စ လို့ကောင်းတာပဲ..ဖြစ်သွားတဲ့မျက်နှာကြီးကိုကြည့်ဦး..hahaha"...
"တော်စမ်း..ငါ့ကိုလာ မစနေနဲ့..ကိုယ့်စာကိုယ်သွားကျက်...မင်းရဲ့Give And Takeကိုလည်းစိတ်မ၀င်စားဘူး..All Aရအောင်သာကြိုးစား.."
ဒီရေငေါက်လိုက်တော့မှ Rhymeအရယ်ရပ်ကာ စာကြည့်စားပွဲဆီသွားထိုင်တော့သည်...
ထိုင်ပြီးစာကျက်ရန်သာပြင်ဆင်တော့သည်။
ထိုအခိုက်..Rhymeလွယ်အိတ်ထဲမှ ထုတ်လိုက်သောစာအုပ်လေးတစ်အုပ်ထဲမှ.ဓာတ်ပုံလေးတစ်ပုံ ဒီရေ့ရှေ့လွင့်ကျလာလေသည်..
ဒီရေ ကြည့်လိုက်တော့ ထိုဓာတ်ပုံကပြုံးရယ်နေသောကောင်မလေးတစ်ယောက်ပုံ...ဒီရေအံ့သြရသည်က ထိုဓာတ်ပုံထဲကကောင်မလေးက ဒီရေGuideသင်ပေးနေသော "မေခ"ဆိုသော ကောင်မလေးပင်..
Rhymeလည်းဒီရေ့လက်ထဲမှဓာတ်ပုံကိုမြင်သွားကာ ကပြာကယာပြန်လုလျက် လွယ်အိတ်ထဲပြန်ထည့်လိုက်သည်..ထို့နောက်..
"ဟိုဒင်း အမေ့ကိုသွားမတိုင်နဲ့နော်..အဲဒါကျနော့်Crushဗျ..နာမည်က မေခ တဲ့.."
Rhymeပြုံးရယ်ကာပြောပြပြီး စာပြန်ကျက်နေလေသည်..
"aww..Crushတဲ့လား.."
ဒီရေ စိတ်ထဲမှရေရွတ်ရင်း ရင်ထဲမှခံစားချက်တခုက ရိပ်ခနဲဖြတ်သန်းသွားလေသည်...
___________♥Can I...?♥____________
*TBC~~~