ညား၍ချစ်ခဲ့သည်။ ( Uni + Zaw )...
By _shinloonngal_
244K 14.3K 368
အချစ်နဲ့ပတ်သက်လာခဲ့ရင် လူတော်တော်များများ ပြောကျရတဲ့စကား ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်တဲ့..ထိုစကားလေး... More
ညား၍ချစ်ခဲ့သည်။ ( Intro Z+U )
ညား၍ချစ်ခဲ့သည်။ ( ၁ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၂ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၃ ) ( Z+U)
ညား၍ချစ်ခဲ့သည်။( ၄ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၅ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၆ ) ( Z+U )
ညား၍ချစ်ခဲ့သည်။ ( ၇ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၈ ) (Z+U)
ညား၍ချစ်ခဲ့သည်။ ( ၉ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၀ ) (Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၁ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၃ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၄ )(Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၅ )(Z+U)
ညား၍ချစ်ခဲ့သည်။ ( Final ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( Extra )(Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၂ ) ( Z+U)
10.7K 680 9
By _shinloonngal_
Uni..
အချစ်ကို ဘယ်လောက်ပဲဖုံးကွယ်ထားနိုင်ပါစေ
သဝန်တိုခြင်းကတော့ ရှောင်ပုန်းလို့မရ။
**//**
" မင်း တစ်ကယ်သွားတော့မယ်ပေါ့၊ ငါ့ကို ထားခဲ့တော့မယ်ပေါ့"
" အော် မင်းက အလွမ်းသည်တက်သေးတယ်လား"
" ဟျောင့် ငါက မင်းသူငယ်ချင်းပါကွ၊ အရင်အခေါက်တွေတုန်းက မင်းဘာသာအလည်အပတ်ပြန်တာ အခုကပြန်မလာတော့ဘူးဆိုတော့ ငါ သတိရနေတော့မှာပေါ့"
" သိပါတယ်ကွာ မင်းကလည်း"
" ဟင့် ငိုချင်သွားပြီ"
" မင်းဘာသာ ငိုချင်တစ်ခြားနေရာသွားငိုလိုက်၊ ငါက ကလေးပဲချော့တက်တာ"
" ငါ သိလိုက်ပါပြီ၊ မင်း ငါ့ကို သံဃောဇဉ်မရှိပါဘူးကွာ"
" အပိုတွေမလုပ်ပါနဲ့ကွာ မင်းကလည်း"
" မင်း နောက်ဆုံးအနေနဲ့ ငါတို့ ဆာကေးသွားသောက်ရအောင်"
" တော် တော် ငါမလိုက်ဘူး"
" စာနာစိတ်မရှိတဲ့ကောင်၊ ကျေးဇူးကန်းတဲ့ကောင်"
" ဒီကောင်တော့..ငါနော်"
" အိုကေပါ သူငယ်ချင်း ကံကောင်းပါစေ"
" အင်းပါ ငါ ပုံတွေကို Mail နဲ့ပို့ပေးမယ်၊ လိုအပ်ရင်တော့ ပြောပေါ့"
" အေးပါကွာ၊ အပြင်ကသူတွေကော နှုတ်ဆက်ပြီးပြီလား"
" အင်း နှုတ်ဆက်ပြီးပြီ၊ ဒါဆို ငါသွားပြီ"
" အင်း"
//**//
အပြန်လေယာဉ်ပေါ်မှာ ပြုံးပျော်နေတဲ့ ကလေးငယ်က မြန်မာပြည်ပြန်ရောက်လို့ လေဆိပ်ကဆင်းဆင်းခြင်းပင်
" ဝါး အမိမြေကို ပြန်လည်ရောက်ရှိတဲ့ ခံစားချက် ဒီလိုမျိုးပျော်စရာကောင်းတယ်လား"
တစ်ကယ်က ပြန်ရောက်ရင် ကလေးနဲ့နှစ်ယောက်အတူနေဖို့ဆောက်ထားတဲ့ အိမ်ကိုခေါ်သွားမယ်ကြံသော်လည်း အိမ်ကပြီးဖို့လိုသေးသလို၊ အိမ်တွင်းပြင်ဆင်မှုကို ကိုယ်တိုင်လုပ်ချင်သည်မို့ ၃ရက်လောက်တော့လိုသေးသည်မို့ ယောက္ခမအိမ်သို့သာ အခြေချဖြစ်သည်။
" သားတို့ပြန်ရောက်ပြီလား"
" မေမေ...ဟင့် လွမ်းနေတာ"
အိမ်ရှေ့ကားရပ်တာနဲ့ထွက်ကြိုနေသော ယောက္ခကို အလွမ်းသည်နေသော ကလေးကိုကြည့်ရင်းတွေးလိုက်မိသည်က...ကလေးနဲ့ခွဲရအုန်းမည်။
" ဘယ်လိုလဲ သား ဟိုမှာအဆင်ပြေလား၊ သားငယ်လေးကော လိမ်မာရဲ့လား"
" ကလေးက လိမ်မာပြီးသား မာမီရ"
" မေမေနော် သားက အရင်ထဲက လိမ်မာပြီးသားနော်"
" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အော် ဒါနဲ့ သားကြီးရေ မနက်ဖြန်ကျရင် သား မာမီလာမယ်တဲ့"
" ဗျာာ"
ကံကြမ္မာက ရက်စက်သည်၊ ပိုင်ဆိုင်နေပေမယ့်လည်း အဝေးကလှမ်းကြည့်ရမယ့်အဖြစ်ရယ်သာ။
//**//
ကလေးရယ် မာမီနဲ့ ယောက္ခမတို့သုံးယောက်ဆုံလျှင် ပြေးကြည့်တာထက် တွေးကြည့်တာမြန်သလို၊ ဗေဒင်သာမေးရင် ဆန်ကုန်မည်။ မနက်ခင်း မိုးလင်းတာနဲ့ အမေနှစ်ယောက်ကြားထဲမှာ ညနေမိုးချုပ်လည်းတော်တော်နဲ့မအိပ်တော့။ အခုလည်း အမေနှစ်ယောက်ကြားထဲ tablet ကြီးဖွင့်ကာ ပြုံးဖြီးနေသည်။
" မေမေတို့ ဒီမှာ ကြည့်ကြည့် လှလား"
" ဟယ် ဟုတ်ပ လှလိုက်တာ ပန်းလေးတွေက နီရဲနေရော"
" အဲ့ပန်းလေးတွေကို Kochia ပန်းလေးတွေလို့ခေါ်တယ်တဲ့"
" ဟယ် သားလေးက သိတယ်ပေါ့"
" ဟီး ကိုမဟော် ပြောပြထားတာ"
" ဟယ် ဒီပုံလေးက.."
" အာ မေမေ အဲ့ဒါ မကြည့်နဲ့ မကြည့်နဲ့"
" သားကလည်း မေမေတို့ ကြည့်ချင်လို့ဟာကို"
" ဟင့်အင်း ကြည့် ကြည့်လို့မရဘူး၊"
" ကလေး ဘာဖြစ်လို့လဲ၊ မေမေတို့ ဘာသွားစပြန်တာလဲ"
" အမယ်လေးတော် ဖြစ်ရတယ်"
" ဟို ဒါဆို သား သားဂိမ်းသွားဆော့လိုက်အုန်းမယ်နော်"
" ဟားဟား ရှက်သွားပြီ"
" ဒါကတော့ကွာ..သားငယ်ရှက်တာ ချစ်ဖို့ကောင်းတာကိုးကွ"
" ကဲ ဘယ်လိုလဲ သားကြီး ဂျပန်မှာ အခြေအနေကောင်းခဲ့တယ်ပေါ့"
" ဟီး နည်းနည်းပါ"
" နည်းလားမနည်းလားတော့မသိ၊ ပန်းပွင့်တွေကြားထဲမှာ ကောင်လေးနှစ်ယောက် နမ်းနေတဲ့ပုံတော့တွေ့လိုက်တာပဲ"
" ဟာ မာမီတို့ကလည်း ကလေးရှက်သွားတော့မှာပဲ၊ မေမေတို့ကိုရှက်တာအကြောင်းမဟုတ်ဘူး နေရင်းထိုင်ရင်း ကျွန်တော့်ကိုပါ ရှောင်နေရင် ရင်ကွဲရအုန်းမယ်ဗျာ"
" မေမေ့သားလေးက နည်းနည်းရှက်တော့ သည်းခံပေးပေါ့ သားရယ်"
" ဟီး ဟုတ် မေမေ၊ ဒါနဲ့ အိမ်ကော ပြီးပြီးလား"
" ပြီးတော့မှာ မနက်ဖြန်တစ်ရက် ကျွန်တော်ကိုယ်တိုင် သွားပြင်မှာ အဲ့ဒါပြီးရင် ပြီးပြီ"
" ဟုတ်ပြီ မာမီ့သားလေး ကံကောင်းပါစေ"
" ကဲ သွားသွား ကလေးကို လိုက်ချော့လိုက်ဦး ရှက်သွားတယ်"
" ဟီး ဟုတ်"
ဒေါက် ဒေါက်
" ကလေး ကိုကို ဝင်လာမယ်နော်"
အခန်းတံခါးခေါက်ကာ အသိပေးရင် ဝင်သွားလိုက်တော့ ကုတင်ပေါ်မှာ ဂိမ်းဆော့နေတဲ့ ကလေး။
" ဟုတ် ကိုမဟော် ပြောစရာရှိလို့လားဗျ"
" အာ ဟို ကို"
ဟုတ်လည်းဟုတ်သည်၊ မာမီတို့က လိုက်သွားဆိုလို့သာ လိုက်သွားတာ အခုလိုကျတော့လည်း ဘာပြောရမလဲမသိ။
တင်းတင်း...
" အာ ခဏနော် ကလေး ကိုကိုဖုန်းပြောလိုက်ဦးမယ်"
အခန်းထဲဝင်လာကာ မိမိအနားထိုင်ရင်း ဖုန်းလာတဲ့ ကိုမဟော်ရဲ့ ဖုန်းကိုကြည့်လိုက်တော့ Yati တဲ့။ ဘယ်က Yati လဲ၊ နောက်ပြီး ဘာလို့များ အပြင်ထွက်ပြောရတာလဲ။
သူဖုန်းပြောရာနေရာကိုသွားကာ နားထောင်လိုက်တော့..
/ အေးပါဟ ငါ လာခဲ့ပါမယ်/
/လာမယ် လာမယ် အခုပဲလာခဲ့မယ်/
" ကလေး ကိုကို အပြင်ခဏသွားလိုက်အုန်းမယ် ပြန်လာခဲ့မယ်နော်"
" ဟို အရေးကြီးလို့လား ဟင်"
" အင်း ဟုတ်တယ် အရေးကြီးလို့ ကလေး ကိုကို စောစောပြန်လာမယ်နော်"
တစ်ခြားဘက်ကခေါ်လိုက်တာနဲ့ ချက်ချင်းတောင်ပြေးထွက်သွားရအောင် ဘာတွေများအရေးကြီးနေတာလဲ ကိုမဟော်ရယ်။
တင်းတင်း..
" အေးပြော"
" အမယ် လေသံက ဘာတွေဖြစ်"
" မသိဘူးကွာ"
" ဘာလဲ ဂျပန်ပြည်က ပြန်လာပြီး မပျော်ဘူးလား"
" မဟုတ်ပါဘူး"
" ဒါနဲ့ မင်းက ပြန်လာတာ ငါတို့ဆီတောင် မလာဘူးလား"
" အင်း လာပါမယ်ကွ မင်းကလည်း"
"အေးပါကွာ၊ မသိရင် လေသံက ယောကျာ်းပစ်သွားလို့ ဘူနေတဲ့အသံနဲ့"
" ဘာ မင်းနော်"
" အေးအေး တော်ပြီတော်ပြီ မပြောတော့ဘူး ဒါပဲ"
ရမ်းပြောသမျှမှန်နေတဲ့ကောင် ဒင်း ဗေဒင်ဟောစားရမှာ ဟွန်း။
//**//
မနေ့က စောစောပြန်လာမယ်လို့ပြောတဲ့သူက ည ၇နာရီလောက်မှပြန်လာသည်မို့ စကားမပြောကာရှောင်နေတာကို အနောက်ကလိုက်နေသည်မို့
" ခင်ဗျား ကျွန်တော့်ကို ပြောစရာရှိလို့လား"
" ကိုကိုနဲ့ တစ်နေရာကိုလိုက်ခဲ့ပါလား ကလေး"
" ကျွန်တော် ဒီနေ့"
" လိုက်သွားလိုက်ပါ သားရယ်၊ မဟုတ်ရင် မင်းကိုကြီးမဟော် မျက်နှာကာလာပြောင်းတော့မယ်"
" ဟာ မာမီကလည်း"
ဒီလိုနဲ့ မေမေတို့ရဲ့ ဆေးထိုးမှုနဲ့အတူ မျက်နှာလေးဆူပုတ်ကာ လိုက်လာသော ကလေးငယ်။ မနေ့က စောစောပြန်လာမယ်ဆိုက နောက်ကျသွားထဲက မျက်နှာလေးဆူပုတ်နေသော ကလေးငယ် ချော့ဖို့ကြံသော်လည်း အနားရောက်တာနဲ့ ရှောင်ဖယ်သွားသော ကိုယ့်ရဲ့ဖြစ်အင်ကို မာမီတို့မြင်သည်မို့ ထိုသို့ပြောခြင်းဖြစ်သည်။
ကလေးနဲ့နှစ်ယောက်အတူတူနေရဖို့ တစ်ရက်လေးတောင်မစောင့်နိုင်တော့ မာမီတို့နဲ့ကလေးငယ်နဲ့သာ အတူတူထားလိုက်လျှင် ကြာရင်ကိုယ်သာဘုံပျောက်မည်။ ထိုသို့အဖြစ်မျိုးလုံးဝလက်မခံနိုင်တော့ ဒါကြောင့်လည်း မြန်မြန်စာရင်းဖြတ်ရသည်။
ခြံဝရောက်တာနဲ့ခြံထောင့်လေးမှာ ကျောက်တုံးလေးတွေရေတံခွန်ပုံစံသေးသေးလေးလုပ်ထားသည်။ နောက်ပြီးထိုခြံလေးမှာပဲ ကြာကန်သေးသေးလေးနဲ့ အနားယူရန်လေသာဆောင်လေးတစ်ခု။
" ကိုမဟော် ဒါက"
" ကလေးနဲ့ကိုကိုတို့ရဲ့အိမ်လေး"
" ဗျာ"
" ကလေး မကြိုက်လို့လား ဒါဆို ကလေးကြိုက်တာ တစ်ခုခုပြောင်း"
" ဟင့်အင်း ကြိုက်တယ် ကြိုက်တယ် ကျွန်တော် သဘောကျတယ်"
" တော်သေးတာပေါ့၊ ကိုကိုက ကလေးများ သဘောမကျဘူးလားလို့၊ အိမ်ထဲမှာ ကလေးသဘောကျလောက်မယ့်ဟာတွေရှိသေးတယ်"
" ဟီး ကျွန်တော် ကြည့်ချင်နေပြီ"
" ကလေးသဘောပါဗျ"
တံခါးဘောင်နဲ့အပြင်ဝင်ပေါက်မှာ တွဲလောင်းချိတ်ထားတဲ့အလှပန်းလေးအိုးလေးတွေ၊ အထဲမှာတော့ လှပသော မီးဆိုင်းလေးတွေနဲ့ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးကို အလှဆင်ထားသည်။
" ဟီး အထဲမှာလည်းမိုက်တယ် သဘောကျလိုက်တာ လှတယ်၊ ကျွန်တော် ကြိုက်တယ် ကိုမဟော်"
" ကိုယ့်ကိုယ်လား"
" ဗျာ"
" ကလေး သဘောကျတာ ကိုကို့ကိုယ်လားလို့"
" အိုဗျာ"
" ကလေး သဘောကျအောင်လုပ်ပေးတဲ့ ကိုကို့ကိုယ် ဆုမချချင်ဘူးလား"
အပြောနဲ့အတူတစ်ဖြည်းဖြည်းအနားတိုးသွားတော့ ချက်ချင်းမျက်လုံးပိတ်ကျသွားသော ကလေးငယ်။ ဘယ်တော့များမှ ဒီလိုအထိအတွေ့တွေကို ရင်းနှီးမလဲ ကလေးငယ်။ နဖူးလေးကို ညင်သာစွာနမ်းရှိုက်ပြီးနောက်မှာတော့
" ဟို ကျွန်တော် အပေါ်ထပ်ကိုတက်သွားလိုက်အုန်းမယ်"
ကိုယ့်ရဲ့ ဒီလိုအပြုမှုကြောင့် ကလေးငယ် ကိုယ့်ကိုယ်ထပ်မံမရှောင်ဖယ်ပါစေနဲ့တောင်းဆုပြုလျှက်။
//**//
ကလေးငယ်နဲ့နှစ်ယောက်ထဲသာ နေမယ့်အိမ်လေးမို့ တိုက်ကိုတစ်ထပ်ခွဲလေးသာလုပ်ဖြစ်သည်။ ကိုယ်တိုင်ပါဝင်ကူညီထားတဲ့ အိမ်ငယ်ကို ကလေးငယ်ကြိုက်နှစ်သက်တယ်ဆိုတော့ ဝမ်းသာရပြန်သည်။
ဒီအိမ်လေးရောက်တော့ မာမီတို့မှ အိမ်အကူအဒေါ်ကြီးတစ်ယောက်ကို ခေါ်ထားပေးသည်မို့ ကလေးငယ်တစ်ယောက်ထဲရှိသည်ကို မစိုးရိမ်ရတော့။ ဒီအိမ်ရောက်ပြီးထဲက ကလေးကို တားမရတာတစ်ခုက ဟင်းချက်သည့်အလုပ်ဖြစ်သည်။
စိတ်ပူလို့တားမြစ်သော်လည်း ကျွန်တော် ချက်ကျွေးချင်လို့ပါဆိုသော ကလေးငယ်ရဲ့ စကားသံအောက် နာခံရသူကကိုယ်ရယ်သာ။
အခုတော့ အမေရဲ့လုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးမှာသာ လုပ်ဖြစ်တော့သည်။
*
*
တူ တူ
" မျိုးမင်း မင်း ပြောလို့ရလား"
" ရတယ် ပြော သားကြီး မင်းလည်းနော် ပြန်ရောက်တာပဲ တစ်ပတ်ပြည့်တော့မယ် ငါတို့ဆီတောင်မလာတော့ဘူး"
" အဲ့လိုမဟုတ်ပါဘူးကွာ၊ ငါ ဒီနေ့ လာမလို့ မင်းတို့အားလား"
" အားပ အားပ ငါတို့တောင် မင်းဆီလာမလို့ကွ"
" ငါ အရင်အိမ်မှာမဟုတ်တော့ဘူးကွ၊ ဟီး အိမ်ပြောင်းလာပြီ"
" အမယ် ယောကျာ်းနဲ့နှစ်ယောက်ထဲ တစ်တစ်တူးမလို့ပေါ့လေ ဟုတ်စ"
"ဘာကိစ္စငါက တစ်တစ်တူးရမှာ"
" ဟ ယောက်ျားယူထားပြီး မတူးရင် သူများတူးသွားမယ် ဘာမှတ်လို့"
" ဘာ မင်း"
" မင်း မနေနဲ့ လာခဲ့ကွ တွေ့ရအောင် နောက်ပြီး ဟဲဟဲ လက်ဆောင်လေးမျှော်နေမယ် သူငယ်ချင်း"
" ငါ မလာဘူး၊ မင်း လာခေါ်."
" အေးပေါ့လေ၊ လက်ဆောင်မျက်နှာရှိသေးတာဆိုတော့..လိပ်စာပြော"
"ခဏ ငါ့ကို ရေးပေးထားတာရှိတယ်..ဘယ်မှာပါလိမ့်..အော်..တွေ့ပြီ၊ လိပ်စာက ###"
" ဟ့ မင်းဟာက ကျော်ဇင်တို့နဲ့ နှစ်ရပ်ကွက်ပဲခြားတယ်လား"
" ဟုတ်လား ဟီး ငါထင်တော့ထင်သား ဒီနားကို နည်းနည်းရင်းနှီးတယ်လို့"
" ဒီ..ငါ..နည်းနည်းပါးပါး ပတ်ဝန်းကျင်ကိုလေ့လာအုန်းကွ တစ်ကယ်ထဲမှာပဲ၊ ဒါပဲ ဟျောင့် ငါလာခေါ်မယ် ပြီးမှ ကျော်ဇင်တို့ဆီကို လစ်မယ်"
" OK သူငယ်ချင်း"
*
*
ဒီနေ့ အလုပ်ပိတ်ရက်မို့မသွားပဲ အိမ်မှာနေတဲ့လူကြီး
" ကိုမဟော် ကျွန်တော် ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထား"
တင်းးး..တင်းး...
" အာ ခဏ ကလေး ဖုန်းလာလို့"
" အေး ရတီ ပြော"
လာပြန်ပြီ၊ ရတီ တဲ့ ဟိုတစ်ခါ ဖုန်းဆက်တာနဲ့ ချက်ချင်းပြေးသွားတယ်၊ ဒီတစ်ခါကော
" အော် ခြံရှေ့မှာလား၊ ငါ ထွက်လာမယ် ခဏစောင့်"
" ကလေး ကိုကို သူငယ်ချင်းရောက်နေလို့ ခဏသွားလိုက်အုန်းမယ်နော်"
" ဟို.ကျွန်တော်"
အရင်တုန်းကလည်း ဒီအတိုင်း၊ အခုလည်း ဒီအတိုင်းပင်၊ သူ့ရဲ့ အဆက်ဟောင်းများလား၊ သူငယ်ချင်းဆို အိမ်ထဲခေါ်တွေ့လို့ရတာပဲကို ဘာလို့ခြံရှေ့တွေ့ရတာလဲ။
ကြည်သာ မင်းရှက်နေရင် တစ်ခြားတစ်ယောက်နောက်ပါသွားမယ်နော်။
ရား ဘာလို့များ ဟိုကောင်တွေရဲ့စကားကို ပြန်ကြားနေတာလဲ။ တစ်ကယ်ဖြစ်နေမှာလား။ ဟင့်အင်း မရဘူး။ ကိုမဟော်က ကျွန်တော့်အတွက်ဖြစ်ရမည်။
မသကာၤလို့ခြံပြင်လိုက်ကြည့်တော့ လက်ပုတ် ပခုံးအခြေအနေ၊ ဘာတွေဒီလောက်တောင် ပျော်နေရတာလဲ၊ တစ်ဆိတ် အိမ်ထောင်ရှိလူတစ်ယောက်က နည်းနည်းပါးပါးတော့ အနေအထိုင်ဆင်ခြင်သင့်တယ်မဟုတ်ဘူးလား။
အဲ့ဒါကြောင့်ပြောတာ ယောကျာ်းတွေက နားလည်ပေးရင် ရောင့်တက်တယ်တဲ့၊ တွေ့မယ်။
ဒါပေမယ့် သွားပြောလို့မှ ကိုမဟော် ဒေါသထွက်သွားရင်ကော။
အားမသိဘူး၊ ကိုယ့်ဆိုင်ရာပိုင်ရာကိုယ်တော့ ကာကွယ်ခွင့်ရှိတယ်မှတ်လား၊ သူဒေါသထွက်ရင် မေမေတို့နဲ့တိုင်ပြောမယ်၊ ဟွန်း။
အဟမ်း အဟမ်း..
" ကိုကို ရေ...."
လိုအပ်ချက်များစွာဖြင့်။
Zaw...
**//**
" သိပါတယ်ကွာ မင်းကလည်း"
" ဟင့် ငိုချင်သွားပြီ"
" တော် တော် ငါမလိုက်ဘူး"
" ဒီကောင်တော့..ငါနော်"
" အင်း"
//**//
" မေမေ...ဟင့် လွမ်းနေတာ"
" ဗျာာ"
//**//
" ဟယ် သားလေးက သိတယ်ပေါ့"
" ဟယ် ဒီပုံလေးက.."
" အမယ်လေးတော် ဖြစ်ရတယ်"
" ဟားဟား ရှက်သွားပြီ"
" ဟီး နည်းနည်းပါ"
" ဟီး ဟုတ်"
ဒေါက် ဒေါက်
" အာ ဟို ကို"
တင်းတင်း...
/ အေးပါဟ ငါ လာခဲ့ပါမယ်/
တင်းတင်း..
" အေးပြော"
" အမယ် လေသံက ဘာတွေဖြစ်"
" မသိဘူးကွာ"
" မဟုတ်ပါဘူး"
" ဘာ မင်းနော်"
//**//
" ကျွန်တော် ဒီနေ့"
" ဟာ မာမီကလည်း"
" ကိုမဟော် ဒါက"
" ဗျာ"
" ကလေးသဘောပါဗျ"
" ကိုယ့်ကိုယ်လား"
" ဗျာ"
" အိုဗျာ"
//**//
*
*
တူ တူ
" ဘာ မင်း"
" ငါ မလာဘူး၊ မင်း လာခေါ်."
" OK သူငယ်ချင်း"
*
*
တင်းးး..တင်းး...
" အာ ခဏ ကလေး ဖုန်းလာလို့"
" အေး ရတီ ပြော"
" ဟို.ကျွန်တော်"
မသကာင်္လို့ခြံပြင်လိုက်ကြည့်တော့ လက်ပုတ် ပခုံးအခြေအနေ၊ ဘာတွေဒီလောက်တောင် ပျော်နေရတာလဲ၊ တစ်ဆိတ် အိမ်ထောင်ရှိလူတစ်ယောက်က နည်းနည်းပါးပါးတော့ အနေအထိုင်ဆင်ခြင်သင့်တယ်မဟုတ်ဘူးလား။
အဟမ်း အဟမ်း..
" ကိုကို ရေ...."
Continue Reading
You'll Also Like
10.2K 684 3
FBပေါ်တင်ထားတဲ့ ဝတ္ထုတိုတွေ၊စာစုရှည်တွေကို ဒီမှါအကုန်ပေါင်းတင်ပေးပါမယ် #poe_nyo🐌
1.1M 61.1K 49
406K 9.8K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
227K 34.6K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest