Uni...
အချစ်က သစ်ပင်တစ်ပင်လို့ယူဆခဲ့ရင်
အချစ်နောက်မှာ ပေါက်ဖွားလာတဲ့ ဂရုစိုက်တက်မှုတွေက
အပင်ရဲ့အကိုင်းအခက်လေးတွေပေါ့။
**
ဒီနေ့တစ်နေ့ ကိုယ်တွေကိုဒကာခံပေးတဲ့ ကိုမဟော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အခွင့်အရေးကိုဖန်တီးပေးခဲ့တာ။
အပြင်ရောက်တော့ ကိုမဟော်ရဲ့ကျောပေါ်မှာ တရှုံ့ရှုံ့ငိုကာပါလာသော ကြည်သာကြောင့် သူငယ်ချင်းနှစ်ယောက် တအံ့တသြ။
" ကြည်သာ ဘယ်လိုဖြစ်လာတာလဲ"
" ဟင့် ငါပြောသားပဲ မင်းတို့ကို မဝင်ဘူးလို့ ..ဟင့် ..ရွှတ်"
" ဟုတ် ဟုတ်ပါပြီကွာ၊ ဒါဆိုလည်း ဆင်းတော့လေ"
" မဆင်းပါဘူး။ ဒီတိုင်းသွားမှာ"
အထဲရောက်တော့မှ ကြောက်လန့်ကာထအော်သော ကြည့်သာကိုချော့ကာ ကုန်းပိုးခေါ်လာခဲ့တာ၊ သူ့သူငယ်ချင်းတွေမြင်ရင် ရှက်လို့ဆင်းမယ်ထင်သော်လည်း ထိုသို့မဟုတ်။ နောက်ဆုံး သူ့သူငယ်ချင်းတွေက အောင်နိုင်သူအပြုံးနဲ့ လက်မထောင်ပြသည်မို့ မဟော်လည်း ပြုံးသာပြလိုက်သည်။
" အင်း ဒါဆို မဆင်းနဲ့ ကိုကို ဒီလိုပဲခေါ်ခဲ့မယ်နော်..တိတ် တိတ် ..မငိုနဲ့တော့နော်..."
" ဟင့်..ရွှတ်..."
" ဒါဆို ညီတို့နှစ်ယောက်ကို အစ်ကို အိမ်ပြန်လိုက်ပို့ပေးမယ်နော်..
" ဟုတ် ကျေးဇူးပါ အစ်ကိုမဟော်"
" ကြည်သာ မင်းက ဂျပန်သွားတော့မှာဆိုတော့..ပျော်နေမှာပေါ့..."
" ပျော်တာပေါ့ကွ၊ ငါမှမရောက်ဖူးတာကို....ရွတ်.."
သူငယ်ချင်းတွေနဲ့ စကားပြောတာတောင် ငိုသံမပျောက်။ ငိုထားတာကြောင့် နှာခေါင်းလေးက ရဲနေသေးသည်။
" ဟျောင့် ကြည်သာ မင်းပြန်လာရင် ငါတို့အတွက် ဂျပန်ပြန်လက်ဆောင် ဝယ်လာခဲ့နော်..."
" အေးပါကွာ"
**//**
" ကျွန်တော်တို့ကို အခုလို အိမ်ထိလိုက်ပို့ပေးတာ ကျေးဇူးတင်တယ်နော် ကိုမဟော်"
" ရပါတယ်ကွာ မလိုပါဘူး"
" ဟုတ်အစ်ကို..ကြည်သာ အိပ်နေတာဆိုတော့ ကျွန်တော်တို့ နှုတ်ဆက်တယ်လို့ပြောပေးနော်"
" အင်း..ဒါဆို အစ်ကိုတို့ ပြန်ပြီ"
" ဟုတ် ကျေးဇူးပါဗျ"
ငိုထားလို့မောသွားတယ်ထင်ပါတယ် ကလေးငယ်က နှစ်ခြိုက်စွာအိပ်မောကျနေတာ ဇာတ်တောင်လည်နေလို့။ အညောင်းပြေအောင်ပြင်ပေးလိုက်တော့ အင်း...ဆိုကာ ပြန်လည်အိပ်မောကျသောကလေးရဲ့ နဖူးထက်အနမ်းချွေရင်းဆုတောင်းမိတာ ကလေးရဲ့နှလုံးသားကိုပိုင်ဆိုင်ရပါလို၏။
//**//
အိမ်ပြန်ရောက်သည့်တိုင် အိပ်မောကျနေသော ကလေးကိုပွှေ့ကာ အိမ်ထဲဝင်တော့.။
" ဟော သားတို့တောင် ပြန်လာပြီလား၊ သားငယ်လေးက အိပ်လာတာလား"
" ဟုတ် မေမေ သဘက်ခါ သွားရတော့မှာဆိုတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်တယ်ဆိုလို့လိုက်ပို့ပေးတာ"
" သားတို့ ညနေစာ ထမင်းကော စားပြီးကျပြီလား"
" ကျွန်တော်တို့စားလာသေးတယ် မေမေ၊ ရတယ် ကလေး ဆာမှ ကျွန်တော်လုပ်ပေးလိုက်ပါ့မယ်"
" အင်း..ဒါဆို သားတို့နားကျအုန်းနော်"
" ဟုတ် မေမေ...."
//**//
အိပ်ယာပေါ်တင်ကာ ပါးပြင်ကိုနမ်းလိုက်တော့ ကလေးငယ်တစ်ယောက် နိုးလာပြီ။
"ကလေး နိုးပြီလား။ ဒါဆို ထ ကိုယ်လက်ဆေးပြီး အဝတ်အစားလဲပြီးမှ ဆက်အိပ်နော်"
" ဟင်း..ကျွန်တော် အိပ်ချင်သေးတယ် မလဲတော့ဘူး"
" ဒါဆို ကိုယ်လဲပေးရမလား"
" အိုဗျာ။ ရပြီ ရပြီ။ ကျွန်တော် အိပ်ရေးဝသွားပြီ၊ ရေ ရေ သွားချိုးလိုက်အုန်းမယ်"
အခုတော့ အိပ်ရေးဝသွားပြီထင်ပါတယ်။ ရေချိုးခန်းထဲပြေးသွားတာများ လုံးခနဲ။ ရေချိုးပြီး ကလေးငယ်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားကိုရွေးချယ်ပေးရင် ကိုယ်ပါရေချိုးဖို့ပြင်လိုက်သည်။
" ဟိုလေ ကျွန်တော် ပြီးပြီး ကိုမဟော် ချိုးရင်ချိုးလို့ရပြီနော် "
" အင်း ကလေး.."
မဟော် ရေချိုးနေစဉ်အတွင်းမှာပင် နောက်တစ်ကြိမ် ထပ်မံအိပ်ပျော်သွားတဲ့ ကလေးက ကုတင်ပေါ်မှာ ကွေးကွေးလေး။
"Good Night..ကိုယ့် ကလေးလေး၊ ကိုကိုနဲ့အတူတူ အိပ်မက်လှလှလေးမက်ပါစေ"
ကျွန်တော့ စကားဆုံးလိုက်တာနဲ့ ရင်ခွင်ထဲ တိုးဝင်လာသော ကလေးကိုဖက်ထားလိုက်သည်။
ဒီအတိုင်းသာဆို ကျွန်တေ်ာလည်း ကလေးနဲ့အတူတူ အိမ်မက်လှလှလေး မက်မှာသေချာပါတယ်ဗျာ။
လိုအပ်ချက်များစွာဖြင့်။
Zaw..
အခ်စ္က သစ္ပင္တစ္ပင္လို႔ယူဆခဲ႔ရင္
အခ်စ္ေနာက္မွာ ေပါက္ဖြားလာတဲ႔ ဂရုစိုက္တက္မႈေတြက
အပင္ရဲ႕အကိုင္းအခက္ေလးေတြေပါ႔။
**
ဒီေန႔တစ္ေန႔ ကိုယ္ေတြကိုဒကာခံေပးတဲ႔ ကိုမေဟာ္ကို ေက်းဇူးဆပ္တဲ႔အေနနဲ႔ အခြင္႔အေရးကိုဖန္တီးေပးခဲ႔တာ။
အျပင္ေရာက္ေတာ႔ ကိုမေဟာ္ရဲ႕ေက်ာေပၚမွာ တရႈံ႕ရႈံ႕ငိုကာပါလာေသာ ၾကည္သာေၾကာင္႔ သူငယ္ခ်င္းႏွစ္ေယာက္ တအံ႔တၾသ။
" ၾကည္သာ ဘယ္လိုျဖစ္လာတာလဲ"
" ဟင့္ ငါေျပာသားပဲ မင္းတို႔ကို မ၀င္ဘူးလို႔ ..ဟင႔္ ..ရႊတ္"
" ဟုတ္ ဟုတ္ပါျပီကြာ၊ ဒါဆိုလည္း ဆင္းေတာ့ေလ"
" မဆင္းပါဘူး။ ဒီတိုင္းသြားမွာ"
အထဲေရာက္ေတာ႔မွ ေၾကာက္လန္႔ကာထေအာ္ေသာ ၾကည္႔သာကိုေခ်ာ႔ကာ ကုန္းပိုးေခၚလာခဲ႔တာ၊ သူ႔သူငယ္ခ်င္းေတြျမင္ရင္ ရွက္လို႔႔ဆင္းမယ္ထင္ေသာ္လည္း ထုိသို႔မဟုတ္။ ေနာက္ဆုံး သူ႔သူငယ္ခ်င္းေတြက ေအာင္ႏိုင္သူအျပဳံးနဲ႔ လက္မေထာင္ျပသည္မို႔ မေဟာ္လည္း ျပဳံးသာျပလိုက္သည္။
" အင္း ဒါဆို မဆင္းနဲ႔ ကိုကို ဒီလိုပဲေခၚခဲ့မယ္ေနာ္..တိတ္ တိတ္ ..မငိုနဲ႔ေတာ့ေနာ္..."
" ဟင့္..ရႊတ္..."
" ဒါဆုိ ညီတို႔ႏွစ္ေယာက္ကို အစ္ကို အိမ္ျပန္လိုက္ပို႔ေပးမယ္ေနာ္..
" ဟုတ္ ေက်းဇူးပါ အစ္ကိုမေဟာ္"
" ၾကည္သာ မင္းက ဂ်ပန္္သြားေတာ့မွာဆိုေတာ့..ေပ်ာ္ေနမွာေပါ႔..."
" ေပ်ာ္တာေပါ့ကြ၊ ငါမွမေရာက္ဖူးတာကို....ရြတ္.."
သူငယ္ခ်င္းေတြနဲ႔ စကားေျပာတာေတာင္ ငိုသံမေပ်ာက္။ ငိုထားတာေၾကာင္႔ ႏွာေခါင္းေလးက ရဲေနေသးသည္။
" ေဟ်ာင့္ ၾကည္သာ မင္းျပန္လာရင္ ငါတို႔အတြက္ ဂ်ပန္ျပန္လက္ေဆာင္ ၀ယ္လာခဲ့ေနာ္..."
" ေအးပါကြာ"
**//**
" ကြ်န္ေတာ္တို႔ကို အခုလို အိမ္ထိလိုက္ပို႔ေပးတာ ေက်းဇူးတင္တယ္ေနာ္ ကိုမေဟာ္"
" ရပါတယ္ကြာ မလိုပါဘူး"
" ဟုတ္အစ္ကို..ၾကည္သာ အိပ္ေနတာဆိုေတာ့ ကြ်န္ေတာ္တို႔ ႏႈတ္ဆက္တယ္လို႔ေျပာေပးေနာ္"
" အင္း..ဒါဆို အစ္ကိုတို႔ ျပန္ျပီ"
" ဟုတ္ ေက်းဇူးပါဗ်"
ငိုထားလို႔ေမာသြားတယ္ထင္ပါတယ္ ကေလးငယ္က ႏွစ္ျခိဳက္စြာအိပ္ေမာက်ေနတာ ဇာတ္ေတာင္လည္ေနလို႔။ အေညာင္းေျပေအာင္ျပင္ေပးလိုက္ေတာ႔ အင္း...ဆိုကာ ျပန္လည္အိပ္ေမာက်ေသာကေလးရဲ႕ နဖူးထက္အနမ္းေခြ်ရင္းဆုေတာင္းမိတာ ကေလးရဲ႕ႏွလုံးသားကိုပိုင္ဆိုင္ရပါလို၏။
//**//
အိမ္ျပန္ေရာက္သည္႔တိုင္ အိပ္ေမာက်ေနေသာ ကေလးကိုေပႊ႔ကာ အိမ္ထဲ၀င္ေတာ႔.။
" ေဟာ သားတို႔ေတာင္ ျပန္လာျပီလား၊ သားငယ္ေလးက အိပ္လာတာလား"
" ဟုတ္ ေမေမ သဘက္ခါ သြားရေတာ့မွာဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ခ်င္တယ္ဆိုလို႔လိုက္ပို႔ေပးတာ"
" သားတို႔ ညေနစာ ထမင္းေကာ စားျပီးက်ျပီလား"
" ကြ်န္ေတာ္တို႔စားလာေသးတယ္ ေမေမ၊ ရတယ္ ကေလး ဆာမွ ကြ်န္ေတာ္လုပ္ေပးလိုက္ပါ႔မယ္"
" အင္း..ဒါဆို သားတို႔နားက်အုန္းေနာ္"
" ဟုတ္ ေမေမ...."
//**//
အိပ္ယာေပၚတင္ကာ ပါးျပင္ကိုနမ္းလိုက္ေတာ႔ ကေလးငယ္တစ္ေယာက္ ႏိုးလာျပီ။
"ကေလး ႏိုးျပီလား။ ဒါဆို ထ ကိုယ္လက္ေဆးျပီး အ၀တ္အစားလဲျပီးမွ ဆက္အိပ္ေနာ္"
" ဟင္း..ကြ်န္ေတာ္ အိပ္ခ်င္ေသးတယ္ မလဲေတာ့ဘူး"
" ဒါဆို ကိုယ္လဲေပးရမလား"
" အိုဗ်ာ။ ရျပီ ရျပီ။ ကြ်န္ေတာ္ အိပ္ေရး၀သြားျပီ၊ ေရ ေရ သြားခ်ိဳးလိုက္အုန္းမယ္"
အခုေတာ႔ အိပ္ေရး၀သြားျပီထင္ပါတယ္။ ေရခ်ိဳးခန္းထဲေျပးသြားတာမ်ား လုံးခနဲ။ ေရခ်ိဳးျပီး ကေလးငယ္အတြက္ သက္ေတာင္႔သက္သာျဖစ္ေစမယ္႔ အ၀တ္အစားကိုေရြးခ်ယ္ေပးရင္ ကိုယ္ပါေရခ်ိဳးဖို႔ျပင္လိုက္သည္။
" ဟိုေလ ကြ်န္ေတာ္ ျပီးျပီး ကိုမေဟာ္ ခ်ိဳးရင္ခ်ိဳးလို႔ရျပီေနာ္ "
" အင္း ကေလး.."
မေဟာ္ ေရခ်ိဳးေနစဥ္အတြင္းမွာပင္ ေနာက္တစ္ၾကိမ္ ထပ္မံအိပ္ေပ်ာ္သြားတဲ႔ ကေလးက ကုတင္ေပၚမွာ ေကြးေကြးေလး။
"Good Night..ကိုယ့္ ကေလးေလး၊ ကိုကိုနဲ႔အတူတူ အိပ္မက္လွလွေလးမက္ပါေစ"
ကြ်န္ေတာ႔ စကားဆုံးလိုက္တာနဲ႔ ရင္ခြင္ထဲ တိုး၀င္လာေသာ ကေလးကိုဖက္ထားလိုက္သည္။
ဒီအတိုင္းသာဆို ကြ်န္ေတ္ာလည္း ကေလးနဲ႔အတူတူ အိမ္မက္လွလွေလး မက္မွာေသခ်ာပါတယ္ဗ်ာ။
လိုအပ္ခ်က္မ်ားစြာျဖင္႔။