Uni..
" မေမေရေ သားတို့ သွားတော့မယ်နော်"
" ဟုတ်ပါပြီ မဟော်ရေ သားငယ်ကို ကောင်းကောင်းခေါ်သွားနော်..သူက"
" အာ မေမေ.. လာ လာ ကိုမဟော် ကျွန်တော်တို့သွားမယ်"
အမေ့ရဲ့စကားကို အပြောမခံပဲ လက်ကိုဆွဲကာ ကားပေါ်ကိုအတင်းဆွဲခေါ်တဲ့ကလေး၊ သူ့ရဲ့ပြုံးနေတဲ့ပုံစံလေးကြောင့် ကလေးငယ် သူ့သူငယ်ချင်းတွေနဲ့တွေ့ရမှာ သည်လောက်တောင်ပျော်နေသည်လား။ ထားပါလေ သဝန်တိုလို့ကောင်းသည့်အနေအထားတော့မဟုတ်။
ကားပေါ်ရောက်တော့ အပြင်ကိုပဲကြည့်နေသော ကလေးကြောင့် ပျင်းနေမှာစိုးလို့ သီချင်းဖွင့်လိုက်တော့..
ကလေးလေးလေး သိပ့်ချစ်တယ်
ကို ဒါလေးပဲ ပြောတက်တယ်နော်
ဘယ်အချိန် ဘယ်လိုအစက
ကိုယ်ချစ်သွားမှန်းမသိခဲ့ပေမယ့်
ကိုယ့်အသက်ရှင်သန်နေသ၍ ဆက်ချစ်သွားမယ်
ကလေးလေး မပြောတက်ရင် ဘာမှမင်းပြောဖို့မလိုဘူး
ကိုယ်မြင်နေပါတယ် အချစ်တွေ မျက်ဝန်းနက်နက်လေးထဲမှာစွဲ
စကားလုံးတွေဟာ တစ်ကယ်တော့ တို့အတွက်သိပ့်မလိုဘူး
သီချင်းကို အသံထွက်ညည်းလိုက်မိတော့ ကိုယ့်ကိုယ် တစ်ချက်သာကြည့်ပြီး..
" ဟီး ဒီနေ့ကားနည်းနည်းကြပ်တယ်နော်"
ကလေးလေး လောကအလယ်
အတူတူတို့နှစ်ယောက် သွားကြမယ်နော်
ရင်မှာဘဝအမောတွေ
ကြုံတွေ့ကြလည်း တွဲလက်မဖြုတ်တမ်း
တို့ အချစ်တွေဟာ အင်အားများဖြစ်မယ်
" အာ ရပြီ ကိုမဟော် ဟိုက လမ်းချိုးထဲကွေ့လိုက်နော်..ပြီးရင် ၃အိမ်ကျော်မှာရပ်ပေးနော်"
တီ...တီ..တီ....
ကလေးရဲ့စကားကို မတုန့်ပြန်ပဲ သီချင်းကိုသာ အသံကျယ်ကျယ်လေးနဲ့ထပ်ဆိုပြလိုက်တော့ ကားရပ်လိုက်တာနဲ့ ဟွန်းကိုအသံကိုယ်သာဖိတီးနေတော့သည်။
" ဟ လာပါပြီကွ ဘာလို့များ ဒီလောက်တောင်တီးနေရတာလဲ"
" ဟဲ ကိုမဟော် နေကောင်းလား"
" အင်း ညီလေးတို့"
" ဒါနဲ့ ငါတို့ ဘယ်သွားကျမလဲ"
" ငါတို့တွေ ရုပ်ရှင်မကြည့်တာ ကြာပြီလေကွာ သွားရအောင် နော်"
" မင်းတို့ သဘော"
" အော် ဒါနဲ့ မင်း ကိုမဟော့်ကို လက်တွဲထားနော် တော်ကြာ ပျောက်သွားမှပြန်မလာတက်ပဲဖြစ်နေမယ်"
" မင်းတို့တွေ အဲ့အကြောင်းက အခုချိန်ထိ ပြောလို့မဝသေးဘူးလား"
" မဝသေးပါဘူး"
" ဟုတ်တယ် သားကြီး မင်း ငိုပြီးပြန်လာတယ်လို့ မင်း အမေပြောထဲက ငါတို့တွေရယ်ချင်နေတာ ဟားဟား"
" အဟမ်း.."
" အဟိ"
ကားပေါ် သူငယ်ချင်းတွေရောက်ထဲက အပြန်အလှန်စနေကျတော့ ခုနက ရှက်နေတဲ့ ကလေးက သူမဟုတ်သလိုပင်။ သူငယ်ချင်းတွေရဲ့ စနောက်မှုက ကလေးငယ်ရဲ့မျက်နှာတင်းလာသည်မို့ ချောင်းသံပေးလိုက်တော့ ကိုယ့်ကိုယ်ကြည့်ကာ ငြိမ်ကျသွားတဲ့ သူ့ သူငယ်ချင်းတွေကိုကြည့်ပြီး လျှာထုတ်ပြလိုက်သေးသည်။
ဟွန်း ယောကျာ်းအားကိုးနဲ့ ငါတို့ကို..
Back မှန်ကနေတစ်ဆင့် မြင်လိုက်ရတဲ့ မျက်လုံးရိုင်းကြီးတစ်စုံကြောင့် နှစ်ယောက်သား အချိန်မှီအပေါက်ပိတ်ရသည်။ မပိတ်ရရိုးလား ဒီနေ့က ကိုယ်တွေက ကုန်းဆင်းဘဝမို့၊ တစ်ချို့တွေလိုမျိုး ယောကျာ်းလုပ်စာမရှိ၊ ကိုယ်ရှိကိုယ်စားဘဝသည်သာမို့။
**//**
ကလေးတွေရဲ့ သဘောအတိုင်း ရုပ်ရှင်ကြည့်မယ်ဆိုတာကြောင့် လွှတ်တဲ့နေရာ ကားဝင်ထိုးကာ တစ်ခြားအတွဲတွေလိုလက်တွဲကာ လျှောက်မယ်ကြံလို့ကြည့်လိုက်တော့ သူငယ်ချင်းနှစ်ယောက်ခြံရံကာဖြင့် ရယ်မောကာသွားနေတဲ့ ကလေး။
စတိုင်ဘောင်းဘီနဲ့တင်းထွက်နေသော ပေါက်စီနှစ်လုံးက မြင်သူတကာရိုက်ချင်စရာ။ ဟင်းဟင်း။
၁၂ပွဲမို့ အချိန်အနည်းငယ်စောသေးတာကြောင့် လွှတ်ရာနေရာတစ်ခုသာဝင်ထိုင်လိုက်ကြသည်။ ထိုအချိန်ထိ ကလေးက သူ့သူငယ်ချင်းနှစ်ယောက်ကြားထဲမှာ၊ ထားပါလေ ကလေးပျော်ရင် ကိုယ်လည်းပျော်သည်မို့။
"ဒါနဲ့ ညီတို့ ဘာကားကြည့်မလဲ"
" အာ ကျွန်တော်တို့က ရတယ် ကိုမဟော် ကြည်သာ့ကိုသားမေး"
" ကျွန်တော်လည်း ဘာကြည့်ကြည့်ရတယ်ဆိုတော့ ခင်ဗျား ကြည့်ချင်တဲ့ကားသာ ရွေးပါ"
" ဟုတ်ပြီ ဒါဆို ကိုကို ကောင်းမယ်ထင်တဲ့ကားလေး ရွေးခဲ့မယ်နော်"
" ဟုတ်ကဲ့ ကိုမဟော်"
" ကို ကြည်သာ့ကို ခဏအပ်ခဲ့မယ်နော်"
" ဗျာ"
မျက်စိရှေ့တင်မြင်နေရတဲ့ လက်မှတ်ကောင်တာလေး သွားသည်ကို အပ်ခဲ့မယ်နော် ဆိုတဲ့စကားကြောင့် သူငယ်ချင်းနှစ်ယောက် ဗျာ တစ်လုံးနဲ့သာကျန်ခဲ့ရှာသည်။
" အော် တစ်ချို့တစ်ချို့များတော့ ကံကောင်းချက်ကွာ"
" အမယ် ဘာကို"
" ပိုင်ရှင်ရှိလူတန်းစားအချို့က စိတ်မချလို့ အပ်ခြင်းခံလိုက်ရတာလေ"
လူကိုယ်မျက်စိရှေ့ထားပြီး အတင်းပြောနေသော သူငယ်ချင်းနှစ်ယောက်ကြောင့်..
" မင်းတို့ မကြိုက်ရင် ပြန်လို့ရတယ်နော်..ပြန်မလား"
" ဟဲ သူငယ်ချင်းကလည်း ငါတို့ကစတာပါကွ"
" အေးလေ မင်းကလည်း"
"ဟွန့်..မပြောချင်ဘူးနော် မင်းတို့"
" ဒါနဲ့ ကြည်သာ မင်းက ကိုမဟော့်ကို ခင်ဗျားလို့ပြောတာလား၊"
" ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမလဲ၊ ကိုယ့်ယောကျာ်းကိုခေါ်တာကို ခင်ဗျားလို့သုံးစရာလားကွ"
" အေးလေ မသကာ ကိုကို ဆို..တော်သေး"
" ဟာ မင်းတို့ကလည်းကွာ ငါက"
" ရပြီ ကောင်းမယ်ထင်တာလေးရွေးခဲ့တယ်နော်..ဟင် ကလေး ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ"
" ဗျာ ဟို ကျွန်တော်တို့ သူ့ကို ဘာမှမလုပ်ဘူးနော်"
" ဟုတ်တယ်ဗျ ကျွန်တော်တို့ စကားပဲပြောတာပါ"
" ကလေး ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား"
သူငယ်ချင်းတွေရဲ့စနောက်မှုကြောင့် အရှက်သည်းစွာနဲ့ ကြမ်းပြင်ကသိုင်းရှု့သွားသော ကြည်သာ့ကိုကြည့်ရင်း မဟော်တစ်ယောက် အစိုးရိမ်ကြီးစွာဆိုတော့ ဘေးနားကနှစ်ယောက် အသည်းသန်ဖြေရှင်းချက်ထုတ်ရတော့သည်၊ သူတို့ရဲ့စနက်မကင်းသည်ကိုး။
" အာ မ.မဟုတ်ပါဘူး၊ ဒါနဲ့ ခင်ဗျား ဘာကားရွေးလဲ"
" သရဲဖြစ်သွားတယ် ကလေးရဲ့ ကြိုက်ရဲ့လား၊ တစ်ခြားကားတွေက လက်မှတ်မရှိတော့လို့တဲ့"
အခုမှတည့်သွားသော အခြေအနေမှာ ဘေးနားကနှစ်ယောက်လည်း သက်ပြင်းချရတော့သည်။
" အော် သရဲကားလား ဒါဆို ကိုမဟော် သတိထားဗျ"
" ဟင် ဘာဖြစ်လို့လဲ"
" ကြည်သာ သရဲကားကြည့်ရင် အရမ်းအော်တာဗျ ပြီးရင် လက်ထဲရှိတာ ကုန်းကိုက်တာာ"
" မင်းတို့ငါ့ကိုဖဲ့တာ နည်းနည်းများနေပြီနော်"
" ဟီး သူငယ်ချင်းကလည်း ငါတို့က သဘောပြောတာပါကွ"
" အေး ဒါပေမယ့် ငါတော့ သူ့ဘေးနားမှာ မထိုင်ဘူးနော် မျိုးမင်း မင်းထိုင်"
" ဘာ မင်း"
သူငယ်ချင်းတွေနဲ့စနောက်နေသော ကလေးငယ်ကိုကြည့်ကာ မဟော့်အတွေးထဲမှာကတော့.။
ကိစ္စမရှိကလေးငယ်သာ ကိုက်ချင်သပဆို တစ်ကိုယ်လုံးအောင်ပေးဆပ်ရဲသည်။ ဒီလိုမှန်းသာသိရင် မင်္ဂလာဦးညတုန်းက တစ်ညလုံးမီးပိတ်ပြီး ကလေးငယ်ကို သရဲကားတွေထိုင်ပြလိုက်သင့်တာ။
" ကိုတို့တွေဝင်ရတော့မယ်ဆိုတော့ မုန့်တွေအအေးတွေဝယ်ထားတော့မလား"
" အင်း ဝယ်မယ်လေ"
ရုပ်ရှင်ကြည်တဲ့သူတွေရဲ့ထုံးစံအတိုင်း ကိုလာနဲ့ပေါက်ပေါက်ဆုပ်ကတော့မပါမဖြစ်နဲ့တစ်ခြားသော မုန့်ထုတ်လေးတွေ။
ရုံထဲတောင်မရောက်သေး ပေါက်ပေါက်ဆုပ်တစ်ဖက်၊ ကိုလာကိုတစ်ဖက်နဲ့အလုပ်ရှုပ်နေသော ကလေးငယ်ကိုကြည့်ရင်း မဟော်တစ်ယောက် မိစ္ဆာဖြစ်ရပြန်သည်။ အအေးသောက်တိုင်းဆူထွက်နေသော ကလေးငယ်ရဲ့နှုတ်ခမ်းတစ်စုံက နီးသွေးကြွနေသည်ကိုး။ ဖြူစင်လွန်းတဲ့ကလေးငယ်သာမသိသာ၊ ညဘက်ရောက်တိုင်း ရသလောက်ပစ်မှားမိတဲ့ နှုတ်ခမ်းတစ်စုံက ဘယ်လောက်ချိုမြိန်လဲဆိုတာ စားသုံးသူကိုယ်တိုင်သာသိသည်၊ ဒါကြောင့်လည်း လောဘတက်မိသည်သာ။
" ကိုမဟော်..ကိုမဟော်.ဘာတွေတွေးနေတာလဲဗျ.ဟိုမှာဝင်လို့ရပြီတဲ့"
"ဟင်.အင်း အော် ဟုတ်လား ဒါဆို ကိုယ်တို့လည်း ဝင်မယ်နော်"
" ဟုတ်ဗျ.ဟိုနှစ်ကောင်ကတော့ ဝင်သွားတာမှ လစ်ခနဲ့ပဲ စောင့်တောင်မစောင့်"
" အာ ဆောရီး ကလေးရယ် ကိုကို အတွေးများနေလို့"
" သိပါတယ် ခင်ဗျားဘာ ခင်ဗျား ဘယ်သူ့အကြောင်းစဉ်းစားနေလဲမှမသိတာ"
စိတ်ဆိုးကာထွက်သွားသော ကလေးငယ်နောက်အလျှင်အမြန်လိုက်ရင်း ရုံထဲရောက်တော့ ကလေးငယ်ဆီက အသံလေးတစ်ခုထွက်လာသည်။
" ကို ကိုမဟော်..ကျွန်တော့်ကို လက်တွဲထားပေးပါလားဗျ။ မှောင်နေတော့ ကျွန်တေ်ာမမြင်ရလို့"
အမှောင်ကြောင့် ကလေးငယ်ရဲ့မျက်နှာကိုမမြင်ရပေမယ့်လို့ အသံကြောင့် ကလေးငယ်တစ်ယောက် ဘယ်လောက်စိတ်မသက်မသာဖြစ်နေလဲဆိုတာသိသာသည်။ ဒါကြောင့်..
ကလေးငယ်ရဲ့ပေါက်ပေါက်ဘူးနဲ့သူ့ရဲ့ အအေးဘူးကိုလဲလှယ်လိုက်ရင်း ကလေးငယ်ကိုပွေ့ချီလိုက်တော့ အာမေဋ္ဋိတ်အသံလေးထွက်လာသည်။
" အာ့ ကိုမဟော်..ဟို"
" ရှုး..ကလေး.မှောင်နေလို့ ဘယ်သူမှမမြင်တာမို့ ကလေးမရှက်နဲ့နော်၊ ဒီအတိုင်းငြိမ်ငြိမ်လေး ကိုယ့်ရင်ခွင်ထဲမှာအသာတကြည်လိုက်ခဲ့ပေးနော်"
ကိုယ့်စကားဆုံးတာနဲ့ ရင်ခွင်ထဲမှာငြိမ်ကျသွားတဲ့ ကလေးငယ်။ ရင်ဘက်ချင်းနီးတယ်ဆိုတာဒါမျိုးလား။ ခြေတစ်လှမ်းလှမ်လိုက်တိုင်း ထိကပ်နေတဲ့ ကလေးငယ်ရဲ့ရင်ခုန်သံကိုကြားရသည်။
တစ်ကယ်လို့များ ဒီနေအထားမှာ မီးရောင်စုံတွေသာ သေသေချာချာထွန်းလင်းနေခဲ့ရင် မဟော့်ရဲ့မျက်နှာသွင်ပြင်သည် စစ်ပွဲတစ်ရာကို အောင်နိုင်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်ရဲ့သွင်ပြင်နဲ့တူနေမလားပင်မပြောတက်။
လိုအပ်ချက်များစွာဖြင့်။
Zaw..
" ေမေမေရ သားတို႔ သြားေတာ႔မယ္ေနာ္"
" ဟုတ္ပါျပီ မေဟာ္ေရ သားငယ္ကို ေကာင္းေကာင္းေခၚသြားေနာ္..သူက"
" အာ ေမေမ.. လာ လာ ကိုမေဟာ္ ကြ်န္ေတာ္တို႔သြားမယ္"
အေမ႔ရဲ႕စကားကို အေျပာမခံပဲ လက္ကိုဆြဲကာ ကားေပၚကိုအတင္းဆြဲေခၚတဲ႔ကေလး၊ သူ႔ရဲ႕ျပဳံးေနတဲ႔ပုံစံေလးေၾကာင္႔ ကေလးငယ္ သူ႔သူငယ္ခ်င္းေတြနဲ႔ေတြ႔ရမွာ သည္ေလာက္ေတာင္ေပ်ာ္ေနသည္လား။ ထားပါေလ သ၀န္တိုလို႔ေကာင္းသည္႔အေနအထားေတာ႔မဟုတ္။
ကားေပၚေရာက္ေတာ႔ အျပင္ကိုပဲၾကည္႔ေနေသာ ကေလးေၾကာင္႔ ပ်င္းေနမွာစိုးလို႔ သီခ်င္းဖြင္႔လိုက္ေတာ႔..
ကေလးေလးေလး သိပ္႔ခ်စ္တယ္
ကို ဒါေလးပဲ ေျပာတက္တယ္ေနာ္
ဘယ္အခ်ိန္ ဘယ္လိုအစက
ကိုယ္ခ်စ္သြားမွန္းမသိခဲ႔ေပမယ္႔
ကိုယ္႔အသက္ရွင္သန္ေနသ၍ ဆက္ခ်စ္သြားမယ္
ကေလးေလး မေျပာတက္ရင္ ဘာမွမင္းေျပာဖို႔မလိုဘူး
ကိုယ္ျမင္ေနပါတယ္ အခ်စ္ေတြ မ်က္၀န္းနက္နက္ေလးထဲမွာစြဲ
စကားလုံးေတြဟာ တစ္ကယ္ေတာ႔ တို႔အတြက္သိပ္႔မလိုဘူး
သီခ်င္းကို အသံထြက္ညည္းလိုက္မိေတာ႔ ကိုယ္႔ကိုယ္ တစ္ခ်က္သာၾကည္႔ျပီး..
" ဟီး ဒီေန႔ကားနည္းနည္းၾကပ္တယ္ေနာ္"
ကေလးေလး ေလာကအလယ္
အတူတူတို႔ႏွစ္ေယာက္ သြားၾကမယ္ေနာ္
ရင္မွာဘ၀အေမာေတြ
ၾကဳံေတြ႔ၾကလည္း တြဲလက္မျဖဳတ္တမ္း
တို႔ အခ်စ္ေတြဟာ အင္အားမ်ားျဖစ္မယ္
" အာ ရျပီ ကိုမေဟာ္ ဟိုက လမ္းခ်ိဳးထဲေကြ႔လိုက္ေနာ္..ျပီးရင္ ၃အိမ္ေက်ာ္မွာရပ္ေပးေနာ္"
တီ...တီ..တီ....
ကေလးရဲ႕စကားကို မတုန္႔ျပန္ပဲ သီခ်င္းကိုသာ အသံက်ယ္က်ယ္ေလးနဲ႔ထပ္ဆိုျပလိုက္ေတာ႔ ကားရပ္လိုက္တာနဲ႔ ဟြန္းကိုအသံကိုယ္သာဖိတီးေနေတာ႔သည္။
" ဟ လာပါျပီကြ ဘာလို႔မ်ား ဒီေလာက္ေတာင္တီးေနရတာလဲ"
" ဟဲ ကိုမေဟာ္ ေနေကာင္းလား"
" အင္း ညီေလးတို႔"
" ဒါနဲ႔ ငါတို႔ ဘယ္သြားက်မလဲ"
" ငါတို႔ေတြ ရုပ္ရွင္မၾကည္႔တာ ၾကာျပီေလကြာ သြားရေအာင္ ေနာ္"
" မင္းတို႔ သေဘာ"
" ေအာ္ ဒါနဲ႔ မင္း ကိုမေဟာ္႔ကို လက္တြဲထားေနာ္ ေတာ္ၾကာ ေပ်ာက္သြားမွျပန္မလာတက္ပဲျဖစ္ေနမယ္"
" မင္းတို႔ေတြ အဲ႔အေၾကာင္းက အခုခ်ိန္ထိ ေျပာလို႔မ၀ေသးဘူးလား"
" မ၀ေသးပါဘူး"
" ဟုတ္တယ္ သားၾကီး မင္း ငိုျပီးျပန္လာတယ္လို႔ မင္း အေမေျပာထဲက ငါတို႔ေတြရယ္ခ်င္ေနတာ ဟားဟား"
" အဟမ္း.."
" အဟိ"
ကားေပၚ သူငယ္ခ်င္းေတြေရာက္ထဲက အျပန္အလွန္စေနက်ေတာ႔ ခုနက ရွက္ေနတဲ႔ ကေလးက သူမဟုတ္သလိုပင္။ သူငယ္ခ်င္းေတြရဲ႕ စေနာက္မႈက ကေလးငယ္ရဲ႕မ်က္ႏွာတင္းလာသည္မို႔ ေခ်ာင္းသံေပးလိုက္ေတာ႔ ကိုယ္႔ကိုယ္ၾကည္႔ကာ ျငိမ္က်သြားတဲ႔ သူ႔ သူငယ္ခ်င္းေတြကိုၾကည္႔ျပီး လွ်ာထုတ္ျပလိုက္ေသးသည္။
ဟြန္း ေယာက်ာ္းအားကိုးနဲ႔ ငါတို႔ကို..
Back မွန္ကေနတစ္ဆင္႔ ျမင္လိုက္ရတဲ႔ မ်က္လုံးရိုင္းၾကီးတစ္စုံေၾကာင္႔ ႏွစ္ေယာက္သား အခ်ိန္မွီအေပါက္ပိတ္ရသည္။ မပိတ္ရရိုးလား ဒီေန႔က ကိုယ္ေတြက ကုန္းဆင္းဘ၀မို႔၊ တစ္ခ်ိဳ႕ေတြလိုမ်ိဳး ေယာက်ာ္းလုပ္စာမရွိ၊ ကိုယ္ရွိကိုယ္စားဘ၀သည္သာမို႔။
**//**
ကေလးေတြရဲ႕ သေဘာအတိုင္း ရုပ္ရွင္ၾကည္႔မယ္ဆိုတာေၾကာင္႔ လႊတ္တဲ႔ေနရာ ကား၀င္ထိုးကာ တစ္ျခားအတြဲေတြလိုလက္တြဲကာ ေလွ်ာက္မယ္ၾကံလို႔ၾကည္႔လိုက္ေတာ႔ သူငယ္ခ်င္းႏွစ္ေယာက္ျခံရံကာျဖင္႔ ရယ္ေမာကာသြားေနတဲ႔ ကေလး။
စတိုင္ေဘာင္းဘီနဲ႔တင္းထြက္ေနေသာ ေပါက္စီႏွစ္လုံးက ျမင္သူတကာရိုက္ခ်င္စရာ။ ဟင္းဟင္း။
၁၂ပြဲမို႔ အခ်ိန္အနည္းငယ္ေစာေသးတာေၾကာင္႔ လႊတ္ရာေနရာတစ္ခုသာ၀င္ထိုင္လိုက္ၾကသည္။ ထိုအခ်ိန္ထိ ကေလးက သူ႔သူငယ္ခ်င္းႏွစ္ေယာက္ၾကားထဲမွာ၊ ထားပါေလ ကေလးေပ်ာ္ရင္ ကိုယ္လည္းေပ်ာ္သည္မို႔။
"ဒါနဲ႔ ညီတို႔ ဘာကားၾကည္႔မလဲ"
" အာ ကြ်န္ေတာ္တို႔က ရတယ္ ကိုမေဟာ္ ၾကည္သာ႔ကိုသားေမး"
" ကြ်န္ေတာ္လည္း ဘာၾကည္႔ၾကည္႔ရတယ္ဆိုေတာ႔ ခင္ဗ်ား ၾကည္႔ခ်င္တဲ႔ကားသာ ေရြးပါ"
" ဟုတ္ျပီ ဒါဆို ကိုကို ေကာင္းမယ္ထင္တဲ႔ကားေလး ေရြးခဲ႔မယ္ေနာ္"
" ဟုတ္ကဲ႔ ကိုမေဟာ္"
" ကို ၾကည္သာ႔ကို ခဏအပ္ခဲ႔မယ္ေနာ္"
" ဗ်ာ"
မ်က္စိေရွ႕တင္ျမင္ေနရတဲ႔ လက္မွတ္ေကာင္တာေလး သြားသည္ကို အပ္ခဲ႔မယ္ေနာ္ ဆိုတဲ႔စကားေၾကာင္႔ သူငယ္ခ်င္းႏွစ္ေယာက္ ဗ်ာ တစ္လုံးနဲ႔သာက်န္ခဲ႔ရွာသည္။
" ေအာ္ တစ္ခ်ိဳ႕တစ္ခ်ိဳ႕မ်ားေတာ႔ ကံေကာင္းခ်က္ကြာ"
" အမယ္ ဘာကို"
" ပိုင္ရွင္ရွိလူတန္းစားအခ်ိဳ႕က စိတ္မခ်လို႔ အပ္ျခင္းခံလိုက္ရတာေလ"
လူကိုယ္မ်က္စိေရွ႕ထားျပီး အတင္းေျပာေနေသာ သူငယ္ခ်င္းႏွစ္ေယာက္ေၾကာင္႔..
" မင္းတို႔ မၾကိဳက္ရင္ ျပန္လို႔ရတယ္ေနာ္..ျပန္မလား"
" ဟဲ သူငယ္ခ်င္းကလည္း ငါတို႔ကစတာပါကြ"
" ေအးေလ မင္းကလည္း"
"ဟြန္႔..မေျပာခ်င္ဘူးေနာ္ မင္းတို႔"
" ဒါနဲ႔ ၾကည္သာ မင္းက ကိုမေဟာ္႔ကို ခင္ဗ်ားလို႔ေျပာတာလား၊"
" ဘာျဖစ္လို႔လဲ"
"ဘာျဖစ္ရမလဲ၊ ကိုယ္႔ေယာက်ာ္းကိုေခၚတာကို ခင္ဗ်ားလို႔သုံးစရာလားကြ"
" ေအးေလ မသကာ ကိုကို ဆို..ေတာ္ေသး"
" ဟာ မင္းတို႔ကလည္းကြာ ငါက"
" ရျပီ ေကာင္းမယ္ထင္တာေလးေရြးခဲ႔တယ္ေနာ္..ဟင္ ကေလး ဘာျဖစ္တာလဲ ဘာျဖစ္လို႔လဲ"
" ဗ်ာ ဟို ကြ်န္ေတာ္တို႔ သူ႔ကို ဘာမွမလုပ္ဘူးေနာ္"
" ဟုတ္တယ္ဗ် ကြ်န္ေတာ္တို႔ စကားပဲေျပာတာပါ"
" ကေလး ဘာျဖစ္လို႔လဲ၊ ေနမေကာင္းလို႔လား"
သူငယ္ခ်င္းေတြရဲ႕စေနာက္မႈေၾကာင္႔ အရွက္သည္းစြာနဲ႔ ၾကမ္းျပင္ကသိုင္းရႈ႕သြားေသာ ၾကည္သာ႔ကိုၾကည္႔ရင္း မေဟာ္တစ္ေယာက္ အစိုးရိမ္ၾကီးစြာဆိုေတာ႔ ေဘးနားကႏွစ္ေယာက္ အသည္းသန္ေျဖရွင္းခ်က္ထုတ္ရေတာ႔သည္၊ သူတို႔ရဲ႕စနက္မကင္းသည္ကိုး။
" အာ မ.မဟုတ္ပါဘူး၊ ဒါနဲ႔ ခင္ဗ်ား ဘာကားေရြးလဲ"
" သရဲျဖစ္သြားတယ္ ကေလးရဲ႕ ၾကိဳက္ရဲ႕လား၊ တစ္ျခားကားေတြက လက္မွတ္မရွိေတာ႔လို႔တဲ႔"
အခုမွတည္႔သြားေသာ အေျခအေနမွာ ေဘးနားကႏွစ္ေယာက္လည္း သက္ျပင္းခ်ရေတာ႔သည္။
" ေအာ္ သရဲကားလား ဒါဆို ကိုမေဟာ္ သတိထားဗ်"
" ဟင္ ဘာျဖစ္လို႔လဲ"
" ၾကည္သာ သရဲကားၾကည္႔ရင္ အရမ္းေအာ္တာဗ် ျပီးရင္ လက္ထဲရွိတာ ကုန္းကိုက္တာာ"
" မင္းတို႔ငါ႔ကိုဖဲ႔တာ နည္းနည္းမ်ားေနျပီေနာ္"
" ဟီး သူငယ္ခ်င္းကလည္း ငါတို႔က သေဘာေျပာတာပါကြ"
" ေအး ဒါေပမယ္႔ ငါေတာ႔ သူ႔ေဘးနားမွာ မထိုင္ဘူးေနာ္ မ်ိဳးမင္း မင္းထိုင္"
" ဘာ မင္း"
သူငယ္ခ်င္းေတြနဲ႔စေနာက္ေနေသာ ကေလးငယ္ကိုၾကည္႔ကာ မေဟာ္႔အေတြးထဲမွာကေတာ႔.။
ကိစၥမရွိကေလးငယ္သာ ကိုက္ခ်င္သပဆို တစ္ကိုယ္လုံးေအာင္ေပးဆပ္ရဲသည္။ ဒီလိုမွန္းသာသိရင္ မဂၤလာဦးညတုန္းက တစ္ညလုံးမီးပိတ္ျပီး ကေလးငယ္ကို သရဲကားေတြထိုင္ျပလိုက္သင္႔တာ။
" ကိုတို႔ေတြ၀င္ရေတာ႔မယ္ဆိုေတာ႔ မုန္႔ေတြအေအးေတြ၀ယ္ထားေတာ႔မလား"
" အင္း ၀ယ္မယ္ေလ"
ရုပ္ရွင္ၾကည္တဲ႔သူေတြရဲ႕ထုံးစံအတိုင္း ကိုလာနဲ႔ေပါက္ေပါက္ဆုပ္ကေတာ႔မပါမျဖစ္နဲ႔တစ္ျခားေသာ မုန္႔ထုတ္ေလးေတြ။
ရုံထဲေတာင္မေရာက္ေသး ေပါက္ေပါက္ဆုပ္တစ္ဖက္၊ ကိုလာကိုတစ္ဖက္နဲ႔အလုပ္ရႈပ္ေနေသာ ကေလးငယ္ကိုၾကည္႔ရင္း မေဟာ္တစ္ေယာက္ မိစၦာျဖစ္ရျပန္သည္။ အေအးေသာက္တိုင္းဆူထြက္ေနေသာ ကေလးငယ္ရဲ႕ႏႈတ္ခမ္းတစ္စုံက နီးေသြးၾကြေနသည္ကိုး။ ျဖဴစင္လြန္းတဲ႔ကေလးငယ္သာမသိသာ၊ ညဘက္ေရာက္တိုင္း ရသေလာက္ပစ္မွားမိတဲ႔ ႏႈတ္ခမ္းတစ္စုံက ဘယ္ေလာက္ခ်ိဳျမိန္လဲဆိုတာ စားသုံးသူကိုယ္တိုင္သာသိသည္၊ ဒါေၾကာင္႔လည္း ေလာဘတက္မိသည္သာ။
" ကိုမေဟာ္..ကိုမေဟာ္.ဘာေတြေတြးေနတာလဲဗ်.ဟိုမွာ၀င္လို႔ရျပီတဲ႔"
"ဟင္.အင္း ေအာ္ ဟုတ္လား ဒါဆို ကိုယ္တို႔လည္း ၀င္မယ္ေနာ္"
" ဟုတ္ဗ်.ဟိုႏွစ္ေကာင္ကေတာ႔ ၀င္သြားတာမွ လစ္ခနဲ႔ပဲ ေစာင္႔ေတာင္မေစာင္႔"
" အာ ေဆာရီး ကေလးရယ္ ကိုကို အေတြးမ်ားေနလို႔"
" သိပါတယ္ ခင္ဗ်ားဘာ ခင္ဗ်ား ဘယ္သူ႔အေၾကာင္းစဥ္းစားေနလဲမွမသိတာ"
စိတ္ဆိုးကာထြက္သြားေသာ ကေလးငယ္ေနာက္အလွ်င္အျမန္လိုက္ရင္း ရုံထဲေရာက္ေတာ႔ ကေလးငယ္ဆီက အသံေလးတစ္ခုထြက္လာသည္။
" ကို ကိုမေဟာ္..ကြ်န္ေတာ္႔ကို လက္တြဲထားေပးပါလားဗ်။ ေမွာင္ေနေတာ႔ ကြ်န္ေတ္ာမျမင္ရလို႔"
အေမွာင္ေၾကာင္႔ ကေလးငယ္ရဲ႕မ်က္ႏွာကိုမျမင္ရေပမယ္႔လုိ႔ အသံေၾကာင္႔ ကေလးငယ္တစ္ေယာက္ ဘယ္ေလာက္စိတ္မသက္မသာျဖစ္ေနလဲဆိုတာသိသာသည္။ ဒါေၾကာင္႔..
ကေလးငယ္ရဲ႕ေပါက္ေပါက္ဘူးနဲ႔သူ႔ရဲ႕ အေအးဘူးကိုလဲလွယ္လိုက္ရင္း ကေလးငယ္ကိုေပြ႔ခ်ီလိုက္ေတာ႔ အာေမ႗ိတ္အသံေလးထြက္လာသည္။
" အာ႔ ကိုမေဟာ္..ဟို"
" ရႈး..ကေလး.ေမွာင္ေနလို႔ ဘယ္သူမွမျမင္တာမို႔ ကေလးမရွက္နဲ႔ေနာ္၊ ဒီအတိုင္းျငိမ္ျငိမ္ေလး ကိုယ္႔ရင္ခြင္ထဲမွာအသာတၾကည္လိုက္ခဲ႔ေပးေနာ္"
ကိုယ္႔စကားဆုံးတာနဲ႔ ရင္ခြင္ထဲမွာျငိမ္က်သြားတဲ႔ ကေလးငယ္။ ရင္ဘက္ခ်င္းနီးတယ္ဆိုတာဒါမ်ိဳးလား။ ေျခတစ္လွမ္းလွမ္လိုက္တိုင္း ထိကပ္ေနတဲ႔ ကေလးငယ္ရဲ႕ရင္ခုန္သံကိုၾကားရသည္။
တစ္ကယ္လို႔မ်ား ဒီေနအထားမွာ မီးေရာင္စုံေတြသာ ေသေသခ်ာခ်ာထြန္းလင္းေနခဲ႔ရင္ မေဟာ္႔ရဲ႕မ်က္ႏွာသြင္ျပင္သည္ စစ္ပြဲတစ္ရာကို ေအာင္ႏိုင္ခဲ႔တဲ႔ စစ္သူၾကီးတစ္ေယာက္ရဲ႕သြင္ျပင္နဲ႔တူေနမလားပင္မေျပာတက္။
လိုအပ္ခ်က္မ်ားစြာျဖင္႔။