ညား၍ချစ်ခဲ့သည်။ ( Uni + Zaw )...

By _shinloonngal_

243K 14.3K 368

အချစ်နဲ့ပတ်သက်လာခဲ့ရင် လူတော်တော်များများ ပြောကျရတဲ့စကား ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်တဲ့..ထိုစကားလေး... More

ညား၍ချစ်ခဲ့သည်။ ( Intro Z+U )
ညား၍ချစ်ခဲ့သည်။ ( ၂ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၃ ) ( Z+U)
ညား၍ချစ်ခဲ့သည်။( ၄ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၅ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၆ ) ( Z+U )
ညား၍ချစ်ခဲ့သည်။ ( ၇ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၈ ) (Z+U)
ညား၍ချစ်ခဲ့သည်။ ( ၉ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၀ ) (Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၁ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၂ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၃ ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၄ )(Z+U)
ညား၍ချစ်ခဲ့သည်။ ( ၁၅ )(Z+U)
ညား၍ချစ်ခဲ့သည်။ ( Final ) ( Z+U)
ညား၍ချစ်ခဲ့သည်။ ( Extra )(Z+U)

ညား၍ချစ်ခဲ့သည်။ ( ၁ ) ( Z+U)

20K 1.1K 42
By _shinloonngal_

Uni...

" သား မင်း ဒီတစ်ပတ်နေရင် လက်ထပ်ရမယ်"

ဖူး..အဟွတ်..အဟွတ်..

" အို သားရယ် ဖြေးဖြေးစားပါကွယ် ဒီသတင်းသာကြားရင် ငါ့သားပျော်သွားမယ်ဆိုတာ မေမေသိသားပဲ ဟင်း ဟင်း.."

ငင့် ပြောထွက်လိုက်လေခြင်း။

မာတာမိခင်ရဲ့နှုတ်ထွက်စကားကြောင့် သောက်လက်စ ပဲနို့လေးနဲ့ပေါင်မုန့်လေးတောင် နင်သွားရသည်။

" မေမေရာ သား ထိုင်စားနေတာကို ဒီအတိုင်းမကြည့်ချင်လို့လား ဟင်. ဒါဆိုရင် သား အလုပ်လေးရှာ"

" တိတ်စမ်း ငါ့သားနုနုအုအုထွဋ်ထွဋ်လေးကို မေမေက အလုပ်ခိုင်းပါ့မလား သားရယ် ဟင်းဟင်း"

ပြောလို့ပြောသည်မဟုတ် မေမေ့ရဲ့စကားနောက်ကွယ် အဲ့ ဟင်းဟင်းဆိုတာကြီးကြောက်လှသည်။ တစ်ခါတစ်လေ ဖုန်းကြည့်ပြီး အဟိ အဟိတို့ ဟွင်းဟွင်းတို့ဆိုတာ ဘာကိုဆိုလိုချင်မှန်းကိုမသိတာအမှန်။ အမှန်ဆို တစ်ချို့မိဘတွေလို ဘွဲ့ရပြီး ထိုင်စားနေတာကိုမကြည့်ချင်လို့ အလုပ်ရှာပေးတာပဲကြားဖူးတယ်၊ အခုတော့။

" မေမေရာ သား လက်မထပ်ချင်ဘူး ဒီအတိုင်းလေးပဲနေမယ်လေ နော်"

" မရတော့ဘူး မေမေက အားလုံးကို ဖိတ်စာတွေဝေပြီးပြီ"

" ဗျာ မေမေ လုပ်ရက်လိုက်တာဗျာ သားကိုလည်း ဘာမှမပြောပဲနဲ့"

" ငါ့သားလေးက ငယ်သေးတော့ မေမေစိတ်ပူလို့ပါကွယ်"

" ဟင့် မေမေကလည်း စိတ်ပူတယ်လည်းပြောသေးတယ် သားကိုသူများလက်ထဲအပ်ရက်တယ်ပေါ့"

" ဒါပေ့ါ..ဟင်း ဟင်း"

" မေမေ သားပြောမယ်နော် မေမေ အတင်းအကြပ်လုပ်ရင် သား အိမ်ပေါ်မှဆင်းသွားလိုက်ရမလား"

" ဟား..ဟား"

" မေ.မေမေ ဘာရီတာလဲလို့"

" အမယ်လေး ကြည်သာဦးရယ် ငါ့က နင့်အမေပါ..နင့်အကြောင်း ငါအကုန်သိ၊ ဘာ အိမ်ကထွက်သွားမယ် ဟုတ်လား၊ နေပါဦး ထွက်သွားမယ်ပြောရအောင် နင်ကဘယ်ကိုသွားမှာ ရန်ကုန်မှာနေပြီး နေရာစုံတောင်နှံ့လို့လား ဟမ်း ကျောင်းတောင်ငါပဲလိုက်အပ်ပေးရတယ်လေ"

" မေမေ."

" ဟား ဘာလဲ ထပ်ပြောရဦးမလား မြို့ထဲတောင် နင် ကားမှားစီးလို့ရောက်ဖူးတာလေ မှတ်မိသေးလား ဟမ် အဲ့နေ့က အိမ်ပြန်ရောက်တော့ ငါ့ကို မေမေလို့ခေါ်ပြီးငိုခဲ့တာလေ မှတ်မိပြီလား"

" မေမေလို့"

" မေမေ မနေနဲ့ ငါနင့်ရဲ့ နှစ်ယောက်တစ်ပိုင်းသာသာရှိတဲ့ သူငယ်ချင်းအိမ်တွေလည်းငါသိတယ်၊ ဘယ်မှမသွားတက်တာလည်း ငါသိတယ်၊ ကဲ ဘာပြောဦးမလဲ ကြည်သာ ငါက ပြောရင်ပြောတဲ့အတိုင်းလုပ်တက်တာ သိတယ်နော် သဘောပေါက်"

ဟုတ်သည်၊ ထိုနေ့က နှစ်ယောက်ထဲသာရှိတဲ့ သူငယ်ချင်းနှစ်ကောင်က ကျောင်းမတက်တာမို့ တစ်ယောက်ထဲပြန်လာရင်းက ကားမှားစီးမိတာ၊ ကြောက်ကြောက်နဲ့မှားတဲ့ကားကိုသာ အရင်နေရာရောက်အောင်ပြန်စီးလာတာ၊ အဲ့တော့မှ နောက်တစ်ကြိမ်အိမ်ပြန်ရောက်မယ့်ကားကိုပြန်စီးရတယ်။

ပထမဆုံးအကြိမ်မို့ ပြန်ပြန်ရောက်ရောက်ချင်း အမေ့ဆီမှာ ငိုကြွေးမိတာ၊ မထင်ထားဘူး အမေက ဒီလိုဒဏ်ရာဟောင်းကိုလာဆွမယ်လို့၊ အမေတို့က သားအမိချင်းတောင် စိတ်ဓာတ်ပဲ။

" ဟွန့်"

" အဲ့ဒါက ဘာဖြစ်သွားတာ ကောက်သွားတာလား"

" ကောက်စရာလား မေမေကလည်း"

" ကောက်လည်း ဂရုမစိုက်ပါဘူး သေချာတာက နင် ငြင်းလို့မရဘူးဆိုတာပဲ"

" နေပေါ့ အဖက်တင်တယ်"

" ဟင်း ဟင်း လိမ်မာစမ်းပါ မေ့သားရယ် ဟုတ်ပြီလား ၊ ငါ့သားလေး ဘယ်မှမသွားတက်လည်း ကိစ္စမရှိဘူး သူက သားကို."

" ဟာဗျာ မေမေကလည်း တစ်စိတ်ရှိ အဲ့ဘယ်မှမသွားတက်မလာတက်တာကိုပဲ အပြစ်တင်နေတယ်၊ ဒီလို ဘယ်မှမသွားတက်မလာတက်တဲ့ သားလေးတစ်ယောက်ရထားတာ မေမေ ကံကောင်းတယ်မှတ်ပါ၊ တစ်ချို့ သားသိတဲ့သူတွေဆိုရင် ဆေးလိပ်သောက်ဖဲရိုက်နဲ့ ရည်းစားဆိုတာလည်းသက်စေ့နဲ့ ပျက်ဆီးနေကြတာ မေမေ့သားလေးက အရိုးခံလေး"

" အေး အဲ့လို ရိုးလို့အေးလို့လည်း မေမေက သားလေးအတွက်စီစဉ်လိုက်ရတာပေါ့သားရယ်၊ မဟုတ်ရင် ငါ့သားလေးကို ဘယ်လိုလည်လည်ဝယ်ဝယ်မိန်းကလေးတွေ လက်ထဲရောက်မလဲဆိုပြီး မေမေတွေးမပူချင်ဘူးသားရယ်..ဒီတော့ ငါပြောတာနားထောင် ဒါပဲ ဖိတ်စာကတော့ ကုန်ပြီ မရှိတော့ဘူး ဟင်း ဟင်း"

လာပြန်ပြီ အမေ့ရဲ့ ဟင်းဟင်းကြီးက

" ဟာ မေမေကလည်း အနည်းဆုံးတော့ သားနဲ့ယူမယ့်သူက ဘယ်သူဘယ်ဝါဆိုတာတော့ သား သိရမယ်လေ မေမေရယ်"

" သူ့နာမည်က မဟော် မင်းလက်ထပ်မယ့်ရက်က လာမယ့် တနင်္ဂနွေ သိပြီလား"

မဟော်တဲ့လား ဟိ နန်းဆန်မယ့်ပုံလေ။

" ဒါနဲ့ မေမေ သားက သူနဲ့ ဘယ်အချိန်တွေ့ရမှာလဲ"

" ဘယ်အချိန်မှ မတွေ့ရဘူး"

" ဟင် ဘာလို့လဲ သူက သားနဲ့မတွေ့ချင်ဘူးတဲ့လား ဒါမှမဟုတ် သူ့ကိုလည်း မေမေတို့အတင်းပေးစားတာပဲလား"

" ဒေါက်"

" အာ့ မေမေရ နာတယ်ဗျ.သား ညဏ်မကောင်းတာလေ အလကားနေ မေမေ ခေါင်းခေါက်နေလို့လည်းပါတယ်..သား ဆယ်တန်းတုန်းက All D မထွက်တာ မေမေ့ကြောင့် ဟင့်"

" ကြည်သာ နောက်တစ်ချက်ခံချင်နေပြီလား"

" မေမေကလည်း သားက ပြောပြတာကို"

" မဟော်လေးက မင်းနဲ့ဒီတစ်ပတ်တွေ့မှာမဟုတ်သေးဘူး၊ ဘာလို့လဲဆိုတော့ သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ သူ့သူငယ်ချင်းနဲ့ဖက်စပ်လုပ်ကိုင်နေတာ အဲ့တော့ သူက ဒီရက်အတွင်းအလုပ်တွေပြီးအောင်ဖြတ်မှာမလို့ မင်္ဂလာဆောင်ရက်မတိုင်ခင်တော့ပြန်လာမယ်ပြောတယ်၊ သူက မိဘတွေပေးစားလို့မဟုတ်ဘူး၊ သားရဲ့ပုံကိုတွေ့ပြီး ချစ်လို့လက်ထပ်ချင်ပါတယ်ပြောလို့ မေမေက သဘောတူလိုက်တာ သိပြီလား"

ပြောတော့ သားကို လည်လည်ဝယ်ဝယ်မိန်းမနဲ့တွေ့မှာစိုးလို့တဲ့ ဟင့် အခုကျတော့ မိန်းကလေးဘက်က လက်ထပ်ခွင့်တောင်းတယ်တဲ့လား၊ အမေသိအောင်လို့တော့ အပြင်မှာထုတ်မပြောရဲ။

" ဒါပေမယ့် မေမေကလည်း သူက သားကိုမြင်ဖူးပြီး သားကျတော့ သူ့ကိုမမြင်ဖူးပဲနဲ့"

" ဘာမှ မြင်ဖူးစရာမလိုဘူး၊ မင်္ဂလာဆောင်တဲ့နေ့ သားကို လာတွေ့လိမ့်မယ်၊ သားကို တစ်ခြားသူတွေနဲ့စိတ်မချလို့ မဟော်လေးကို မေမေ လက်ခံလိုက်တာ ဒါဆို သားလည်းလက်ခံရမယ်၊ ကျန်တာဘာမှလာမပြောနဲ့တော့ နောက်တစ်ပတ်ကျရင် လက်ထပ်ရမယ်ဆိုတာ သိထား.အော် နောက်ပြီး သား သူငယ်ချင်းတွေကို ပါးစပ်နဲ့ဖိတ်လိုက်နော်."

ဟင့် မေမေ မကောင်းဘူး။

**//**

မကျေနပ်ချက်တွေကို ရင်ဖွင့်ဖို့အတွက် ကိုယ့်ရဲ့စကွက်လေးထဲ ဝင်လိုက်တော့

" မျိုးမင်း ဟိုကောင်ကြီး လိုင်းမတက်ပါလားကွ"

" အေးလေ ငါတို့မှာ ဒီအချိန်လေးပဲရှိတာကို..ဒါနဲ့ မင်းကော အဆင်ပြေရဲ့လား ကျော်ဇင်"

" ဒီလိုပဲ အလုပ်ဆိုတာက အမြဲတမ်းအဆင်ပြေတယ်လို့မရှိပါဘူးကွာ"

" အေး ငါတို့ တစ်ရက်လောက်တွေ့ကျရအောင်လေ"

" အေး ကြည်သာ တို့များကံကောင်းချက် ဘွဲ့ရပြီးတာတောင် အမေ့လုပ်စာထိုင်စားနေတာ"

" သားကြီးရလည်း ထိုင်မစားလို့ရမလားကွ သူသာအလုပ်လုပ်ကြည့်ပါလား သူ့အမေက အနောက်ကနေလိုက်ပို့ပေးနေရမှာ ဟား"

" ဟားဟား"

" ရား...ဟျောင့်တွေ မင်းတို့နော် အရမ်းဖဲ့တာများနေပြီနော်"

" အော် ရှေးလူကြီးတွေ ဒါကြောင့်ပြောတာ ရှေ့ပြော နောက်ကြည့်တဲ့"

" ဘာမှအပိုတွေ လာမပြောနဲ့ မင်းတို့ ငါသိအောင် ဒီ Gp ထဲမှာ တမင်လာပြောတာမို့လား"

" ဟဲ စတာပါ သယ်ချင်းကလည်း"

" ဒါနဲ့ မင်းကော mamboy လေးက လုံးဝဇိမ်ကြနေမယ်ထင်တယ်ကွ အဆင်ပြေလား"

" ပြေ မပြေတော့မသိ၊ ငါ နောက်တစ်ပတ်မင်္ဂလာဆောင်ရတော့မယ်..အဲ့ဒါ မေမေက မင်းတို့ကို ပါးစပ်နဲ့ဖိတ်လိုက်ဆိုလို့"

" ဘာာ"

" Wtf.."

" အိမ်တွင်းအောင်းပြီး mamaboy လုပ်နေတဲ့သူက ဘယ်ချိန်မှာ ရည်စားရသွားလို့ လက်ထပ်မှာလဲ..ဟျောင့် အကြောင်းသိတွေကို လာဘတ်မနေနဲ့"

" အေးလေကွာ သူသာ တစ်ကယ်ရည်းစားရကြည့် ဘယ်မှာချိန်းတွေ့မလဲ..မဖြစ်နိုင်တာတွေကွာ"

" ရားးး ဟျောင့်တွေ အတည်ပြောနေတာ ယုံတာမယုံတာ မင်းတို့အပိုင်း တစ်ကယ်ညစ်နေတာကွ"

" အာ ကြည်သာ မင်းဟာက တစ်ကယ်ပြောနေတာလားကွ"

" ဟုတ်ပါတယ်ဆို မင်းတို့ကလည်း မေမေစီစဉ်ပေးတာ"

" ဟေ.ဟာ"

" ဟုတ်လား ဘယ်သူလဲ ဘယ်ကလဲ နာမည်က ဘယ်လိုခေါ်လဲ လှလား"

" နာမည်က မဟော်တဲ့ အခုက နိုင်ငံခြားမှာတဲ့ ငါနဲ့လက်မထပ်ခင်ရက်ပိုင်းအလို ပြန်လာမယ်ပြောတာပဲ"

" ဟင် ဒါဆို မင်း သူ့ကို မြင်ဖူးလား"

" မြင်ဖူးဖို့ နေနေသာသာ ဖြူသလား မဲသလားတောင် မသိဘူးဆို"

" မင်းကလည်း ကိုယ်ယူမယ့် မိန်းမကိုတောင် မတွေ့ဖူးဘူးဆိုတော့ အံ့ဘကွာ"

" ဟင့် မသိဘူး မေမေက သူနဲ့ပဲ စိတ်ချတယ်တဲ့ ငါ့ကို ယူကိုယူရမယ်တဲ့"

" ဟေ အေးပါကွာ ဒါဆိုလည်း အချိန်နဲ့နေရာ ပြောဦးကွ"

" အာ မသိဘူး ငါတောင် နာမည်ပဲသိတာ၊ ဆောင်တဲ့နေ့ကျမှ ငါ ဖုန်းဆက်လိုက်မယ်၊ မင်းတို့နှစ်ယောက်ငါနဲ့လာအိပ်ပေး မနက်ကျ တူတူသွားမယ်နော် နော်"

" အေးပါကွာ"

" စိတ်ချပါကွာ ငါတို့ လာခဲ့ပါမယ်"

" အင်း ပြီးရော အာ့ဆို ငါအောက်တော့မယ်"

" အိုကေ သားကြီး"

" ဘိုင့်"

**//**

Ring..

" အေး ကြည်သာ ပြော"

" မင်းတို့ မနက်ဖြန်ည ငါ့အိမ်လာအိပ်နော် မေမေ့ကို ငါပြောပြီးပြီ။ မင်္ဂလာဆောင်က သဘက်ခါဆိုတော့လေ မင်း ကျော်ဇင်ကိုပါ ခေါ်ပြီး လာခဲ့နော်"

" အေးအေး ငါ အခုအလုပ်မှာဆိုတော့ ညကျသူနဲ့စကားပြောပြီးတော့ မနက်ဖြန်လာခဲ့မယ်နော်"

" အင်း ဒါဆို ငါ ကျော်ဇင့်ကို ဖုန်းထပ်မဆက်တော့ဘူးနော်"

" အေးပါကွာ.ငါပဲ အကျိုးအကြောင်းပြောပြီး ခေါ်လာခဲ့လိုက်မယ်"

ကြည်သာ သူငယ်ချင်းထဲမှာဆိုလျှင် ကိုယ်တွေထက်ဖြူစင်တယ်လို့ ပြောရမည်။ တက္ကသိုလ်ရောက်လို့ မျိုးမင်းနဲ့ကိုယ် ဆေးလိပ် အရက် ဘီယာ စမ်းသောက်ကြည့်ပါသော်လည်း ကြည်သာကတော့ ဟင့်အင်း ငါ မကြိုက်ဘူးနဲ့သာ ပြီးခဲ့သည်။

ဒုတိယနှစ် ကိုယ်တွေ ကောင်မလေးအချို့ကိုကြောင်ပါသော်လည်း ကြည်သာကတော့ မျက်နှာနဲ့စာအုပ်နဲ့သာ မခွာခဲ့။ တစ်သီးတစ်သန့်နဲ့ သန့်ပြန့်နေတက်တဲ့ ကြည့်သာကို မိန်းကလေးတစ်ချို့ လာကပ်သော်လည်း အူအူလည်လည်နဲ့သာ ပြီးဆုံးသွားခဲ့သည်။

အင်း အခုတော့ မိန်းမတစ်ယောက်ရတော့မှာပါလား။

**

" ဟျောင့် ငါပြောလို့ရလား"

" အေး ရတယ်ပြော"

" ငါက ဒီနေ့အလုပ်ဆင်းနေရလို့ မင်းက ပိတ်တယ်မှတ်လား ဒီတော့ ကြည်သာ့အိမ်ကို မင်းသွားနှင့်မလား ကြည်သာခေါ်နေတယ်"

" မသွားသေးဘူး မင်း အလုပ်ပြန်လာတာကို စောင့်ပြီး အတူတူသွားမယ်လေကွာ"

" အေး သဘောကွာ ဒါဆိုလည်း ငါ အလုပ်ကပြန်ရောက်ပြီး ရေမိုးချိုးပြီးမှ မင်းကိုဝင်ခေါ်လိုက်မယ်"

" အေး ငါစောင့်နေမယ်"

//**//

" ကြည်သာ ရေ ငါတို့လာပြီကွ"

" ဟော သားတို့တောင်လာပြီပဲ..မင်းတို့ သူငယ်ချင်း အခန်းထဲမှာ ဆွေးနေလေရဲ့ သွားပြီးအားပေးလိုက်ဦး"

" ဟုတ်ကဲ့ ဗျ"

" သူက ကလေးလုပ်ချင်တုန်းနေမှာပေါ့ အန်တီရယ်"

" အမယ်လေး အန်တီ့ကို လုပ်ချင် သူခေါင်းခေါက်ခံရမှာ၊ သူယူမယ့်သူကိုသာ ချွဲရင်ဖူးဖူးမှုတ်ခံရမှာ ဟင်း ဟင်း"

" ဗျာ.."

" အာ ဟုတ်..ဟီး ဒါဆို သွားလိုက်ဦးမယ် အန်တီ"

" အေးအေး မင်းတို့ သူငယ်ချင်းကို ပြောပြလိုက်စမ်းပါကွယ် ပျော်ရမှာပါလို့"

" ဟီး ဟုတ်ကဲ့"

//**//

" ငါတို့ လာပြီ ဟျောင့်"

" မင်းတို့ကလည်း နောက်ကျတာ ငါက မျှော်နေတာ"

မျှော်နေတယ်ဆိုတဲ့သူက ပဲနို့ဘူးကိုတစ်ဖက်ကကိုင်ကာ အာလူးကြော်လေးကို ဝါးနေရင် ကုတင်အထက်လှဲကာ သူ့ရဲ့ Candy Crush ကို အမျှင်မပြတ်ဆော့နေသေးသည်။

" အော် ဒီပုံလား ငါတို့ကို မျှော်နေတယ်ဆိုတာ"

" မင်းတို့ကလည်း ငါ တစ်ကယ်မျှော်နေတာပါဆိုမှ"

" အေးပါကွာ အေးပါ"

" အော် ငါတို့ သူငယ်ချင်းလေး မနက်ဖြန်ဆို အိမ်ထောင်သည်ဖြစ်တော့မှာပါလား"

" မစပါနဲ့ကွာ ငါ တစ်ကယ်ညစ်နေတာကွ"

" အေးပါကွာ ညစ်တာလည်း ညစ် မုန့်လေးလည်း ကုန်အောင်စား"

" ဟွန်း"

" မညစ်နဲ့တော့ မင်း အမေက ပြောလိုက်ပါတယ်"

" ဘာလဲ ဖြတ်ပေးတယ်လို့လား"

" သားလေး စိတ်ချမ်းသာရမှာပါတဲ့"

" ဟင့်. မေမေ မကောင်းဘူး"

" နေပါဦး အန်တီက မင်းကို အခုထိ ပုံမပြသေးဘူးလား"

" မပြဘူးတဲ့ အဲ့တော့ ငါလည်း မတောင်းတော့ဘူး"

" တစ်ကယ်လို့ မင်းယူမယ့် မိန်းမက ရုပ်ဆိုးဆိုးကြီးဆိုရင်ကော"

" မယူလို့ရမလား မနက်ဖြန်ပဲ မင်္ဂလာဆောင်ပြီပဲကို နောက်ပြီး မေမေက ပြောဖူးတယ်၊ ယူကိုယူရမယ်တဲ့"

" အော် ငါ့ သူငယ်ချင်းဘဝက အမေကိုယုံလို့ အင်း ကံကောင်းမှာပါကွာ"

" တော်ပါတော့ ကျော်စွာရယ် မပြောပါနဲ့တော့ကွာ ဒီညတော့ ငါတို့သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ အရင်တုန်းကအကြောင်းတွေပြောမယ်နော့် အန်တီက ကြည့်သာကို တော်တော်ချစ်တာပဲဟာကို ရုပ်ဆိုးဆိုးနဲ့တော့ မပေးစားလောက်ပါဘူးကွာ"

" အင်း ဒါဆို မင်းတို့ပြော ငါ နားထောင်မယ်"

ပြောပြီးတာနဲ့ ဖုန်းလေးကိုဘေးချ နှုတ်တစ်ခမ်းတစ်ဝိုက်အဆီတွေကို လက်ခုံနဲ့ပွတ်သက်ရင်း အိပ်ချလိုက်တဲ့ ကြည်သာတစ်ယောက်ကြောင့်

အော် ငါတို့သူငယ်ချင်း တော်တော်စိတ်ညစ်နေတာပဲဟူ၍ပင်။

" ခွေးကောင် ဘာမှမဖြစ်ရင်လည်း ငါတို့ကို ခေါ်နေသေးတယ်."

" ဟား ဟား ထားလိုက်ပါကွာ ငါတို့လည်း ထုံးစံအတိုင်း ဝင်လုံးကြမယ်.."

" ရားးးးးး..ဝှီး..."

" အား အား ဟျောင့်တွေ..ဟား ဟား တော် တော်တော့လို့ ငါ အိပ်နေတာလို့"

ကုတင်အထက်လုံးထွေးနေသော သူငယ်ချင်းတစ်သိုက် ပျော်ရွှင်နေတာတော့အမှန်။

**//**

တစ်ဖက်မှာတော့ ဖုန်းထဲကပုံလေးကိုကြည့်ကာ ပျော်ရွှင်နေတဲ့ လူတစ်ယောက်။

ကို့ရဲ့ ချစ်ခြင်းတွေကို ပုံလေးတစ်ပုံနဲ့ အစပြုပေမယ့် အဆုံးသတ်ကိုတော့ မင်းအနားမှာ ထာဝရနားခိုခွင့်ဆိုတာနဲ့ပြီးဆုံးစေချင်တယ်။







လိုအပ်ချက်များစွာဖြင့်



Zaw..


ဖူး..အဟွတ်..အဟွတ်..












" ဒါပေါ့..ဟင်း ဟင်း"


" ဟား..ဟား"

" မေ.မေမေ ဘာရီတာလဲလို့"


" မေမေ."


" မေမေလို့"




" ဟွန့်"




" နေပေါ့ အဖက်တင်တယ်"











" ဒေါက်"








ဟင့် မေမေ မကောင်းဘူး။

**//**








" ဟားဟား"







" ဘာာ"

" Wtf.."






" ဟေ.ဟာ"









" အေးပါကွာ"



" အိုကေ သားကြီး"

" ဘိုင့်"

**//**

Ring..

" အေး ကြည်သာ ပြော"








**


" အေး ရတယ်ပြော"




" အေး ငါစောင့်နေမယ်"

//**//



" ဟုတ်ကဲ့ ဗျ"



" ဗျာ.."



" ဟီး ဟုတ်ကဲ့"

//**//

" ငါတို့ လာပြီ ဟျောင့်"





" အေးပါကွာ အေးပါ"




" ဟွန်း"




" ဟင့်. မေမေ မကောင်းဘူး"












" ရားးးးးး..၀ှီး..."



**//**












Continue Reading

You'll Also Like

56.6K 4.1K 8
zaw gyi version Shuu~~~ခင်ဗျားတို့ကို ကျွန်တော့်ရဲ့ချစ်ရသူ ပိစိလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖတ်ပေးကြမယ် ဟုတ်? အခုမှ fic စရေးမှာဆိုတော့ အားပေးကြပါခင်ဗျ...
320K 26.9K 33
"ငါ့မှာ အရှိန်အဝါကြီးလွန်းတဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိတယ်။ သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ သီးသန့်ဆန်ကာသိုဝှက်လွန်းသူ။အမြဲ ခက်ထန်နေတတ်ပြီးတော့ လူကြီး...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
278K 10K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...