CAN I............(Completed!)

Da K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 Altro

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

PART-10

1.9K 78 8
Da K-hyunee

၉နာရီထိုးခါနီး၍ အတန်းထဲတွင်​လူစုံ​နေပြီဖြစ်​​သော်​လည်းဆရာမ မ၀င်​​သေး​သော​ကြောင့်​ GAME​ဆော့သူက​ဆော့ ၊ K-Popအ​ကြောင်း​ပြောသူက​ပြော ၊ Cosmetic​တွေအ​ကြောင်း​ပြောသူက​ပြောနှင့်​ ကိုယ်​စီအလုပ်​ရှုပ်​ကာ တစ်​​ယောက်​တစ်​​ပေါက်​နှင့်​ဆူညံ​နေ​လေသည်​။

ထိုအထဲအများနှင့်​မတူ .စကားလည်းမ​ပြော ၊ gameလည်းမ​ဆော့နှင့်​ ငြိမ်​​နေ​သော၂​ယောက်​က​တော့ ဒီ​ရေလှိုင်း နှင့်​ လျှမ်းဆက်​ခ...

ဒီ​ရေ က​ ​တော့မ​နေ့ကဆရာမသင်​လိုက်​တဲ့Short Story​မေးခွန်းရှည်​ကိုပြန်​ကျက်​​နေ​သော​ကြောင့်​ပင်​...
ဒီ​ရေ့​ဘေးက အ​မောင်​လျှမ်းဆက်​ တစ်​​ယောက်​က​တော့ မနက်​​ကျောင်းလာတည်းကအိပ်​​ရေးမ၀ဘူးဆိုပြီးခုံ​ပေါ်မှာ​မှောက်​အိပ်​​နေခြင်း​ကြောင့်​ငြိမ်​​နေခြင်းဖြစ်​သည်​...
ထိုစဉ်​..

"ဟယ်​..Oppa King​လေး"

"​အေးဟယ်​..So Handsomeပဲ..လုံးဝကိုငါ့type​လေး"

"OMo..​ချောလိုက်တာ''

အခန်းထဲမှ မိန်းက​လေးများ၏တစ်​​ယောက်​တစ်​​ပေါက်​ထွက်​လာ​သောအသံများ....

ဒီ​ရေတစ်​​ယောက်​စာကျက်​ရင်းနဂိုထက်​ပိုဆူတဲ့အသံ​တွေမိန်းက​လေးများဘက်​မှကြား၍ သူတို့ကြည့်​​နေရာဘက်​ကိုလှည့်​ကြည့်​လိုက်​​တော့
မြင်ဖူးသလိုလိုရှိသောသူတစ်ယောက်…

ထိုသူက ဒီ​ရေတို့အခန်းECနဲ့စကား​ပြော​နေ​လေသည်​...
အတန်းထဲမှမိန်းက​လေးများကလည်း ဂနာမငြိမ်​...ပါးစပ်​မှလည်း Oppa... Oppa..နှင့်​..

"သူတို့ကို ဟိုကရှိတယ်​လို့​တောင်​မထင်​ဘဲနဲ့.."
ဒီ​ရေစိတ်​​ပေါက်​​ပေါက်​နှင့်​​​ရေရွတ်​မိသည်​...

ထိုသူသည် Final year မှKing ဖြစ်သည်။
Final Kingမှာ ရုပ်​ရည်​​ချော​မောကာ စာ​တော်​၍ ဆရာမတိုင်းကအားကိုးရ​သော တပည့်​လည်းဖြစ်​သည့်​အပြင်​ ​ငွေ​ကြေးချမ်းသာ​သောအသိုင်းအ၀ိုင်းမှဖြစ်​​သော​ကြောင့်​ တက္ကသိုလ်​တွင်​ ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်​အကြီးကြီးပင်ဖြစ်လေသည်။

နက်​​မှောင်​​သောဆံ​ပင်​များကို​ဂျယ်​အကူအညီဖြင့်​​နောက်​လှန်​ဖြီးထားပြီး မျက်​​တောင်​ရှည်​​လေးများကာရံထား​သောမျက်​၀န်းထဲမှမျက်​စံအညို​ရောင်​​လေး ၊ ၆​ပေ​ကျော်​​ကျော်​ရှိ​သောအရပ်​အ​မောင်း ၊ နို့နှစ်​​ရောင်​အသားအရည်​နှင့်​ ​တောင့်​တင်း​သောBody Structureတို့ကပြီးပြည့်​စုံ​သော​ယောက်ျား​လေးတစ်​​ယောက်​၏ပုံစံလက္ခဏာမျိုးပင်​..

တစ်ကျောင်းလုံးနီးပါး မသိသူမရှိဟုဆိုရလောက်အောင်နာမည်ကြီးလေသည်။ထိုထဲတွင်စာကြမ်းပိုးဒီရေနှင့် ဒီရေကလွဲမသိသောလျှမ်းဆက်တို့မပါချေ ။
ထိုသို့SKBဖြစ်​​သော်​လည်း Final Kingသည် FA ဖြစ်သည်။(ဖောအဲဗားအလွင့်ကိုပြောတာပါနော်)
ရုပ်ချောသလောက်အဖိုးကြီးတစ်ယောက်လိုမျိုး ဇီဇာ​ကြောင်နေခြင်းက FA ဖြစ်လာဖို့အကြောင်းပြချက်ပင်ဖြစ်တော့သည်။

Final Kingပြန်​သွားပြီး အခန်းECကအတန်း​ရှေ့ထွက်​ကာ အတန်း၏ဆူညံ​နေမှုကိုထိန်းရန်​ စားပွဲခုံကိုလက်​ဖဝါးဖြင့်​၂ချက်​​လောက်​ဆင့်​ရိုက်​လိုက်​သည်​...ထိုအခါမှ မီးကို​ရေနှင့်​ငြှိမ်းလိုက်​သကဲ့သို့ တိတ်​ဆိတ်​သွား​လေသည်​...
ထို့​နောက်​ECမှ...

"Basketballကစားမယ့်​သူ​တွေပထမအချိန်​ပြီးရင်​အားကစားရုံကိုလာခဲ့ပါတဲ့.."

ECက​ပြောပြီးပြီးချင်းသူ့စာသင်​ခုံသို့ပြန်​သွားသည်​...
အတန်းထဲတွင်​လည်းစကား​ပြောသံများနှင့်​ပြန်​ဆူညံလာ​လေသည်​..
ဒီအ​ခြေအ​နေများကိုလုံးဝမသိသူက​တော့ လျှမ်းဆက်​...
အိပ်​​နေတာလည်းဆင်​​အော်​လျှင်​​တောင်​နိုးမည့်​ပုံမ​ပေါ်..စာအုပ်​​ပေါ်တွင်​လည်းသ​ရေများကျလျက်​...

ဒီ​ရေတစ်​​ယောက်​ လျှမ်းဆက်​ဘက်​လှည့်​ကာ...

"​ဟျောင့်​..လျှမ်းဆက်​..ထ​တော့"
ပြောလည်း​ပြော လျှမ်းဆက်​ရဲ့ နားရွက်​ကားကား​လေးကိုလည်းဆွဲလိမ်​လိုက်​သည်​..

ထိုအခါမှလျှမ်းဆက်​ ကမူးရှုးထိုးနှင့်​ထကာ..
"ဘာလဲကွာ..ငါအိပ်​​ရေးမ၀လို့အိပ်​​နေပါတယ်​ဆိုမှ.."

"ဆရာမလာ​တော့မယ်​..ပြီး​တော့basketballကစားမယ့်​သူ​တွေပထမအချိန်​ပြီးရင်​အားကစားရုံကိုလာခဲ့ပါတဲ့ "

"အမ်​..ဒီ​နေ့Trainingကအ​စောကြီးလား.."
အရင်​​နေ့​တွေက​အတန်းချိန်​ပြီးမှ​လေ့ကျင့်​ရ​သော​ကြောင့်​ လျှမ်းဆက်​ ​တွေး​တွေးဆဆနှင့်​​ရေရွတ်​မိသည်​။

"မင်းတို့ပြိုင်​ပွဲကဘယ်​​နေ့လဲ.."

"၂၉ရက်​​နေ့​လေ...Arrr.ဟုတ်​သား..ပြိုင်​ပွဲ​နေ့​ရောက်​ဖို့၃ရက်​ပဲလို​တော့တာကိုး..အာ့​ကြောင့်​​Traing​စော​နေတာ.."
လျှမ်းဆက်​တစ်​​ယောက်​ဒီ​ရေ့အ​မေးကိုပြန်​​ဖြေရင်းမှသတိရကာ ကိုယ့်​နှဖူးကိုယ်​ပြန်​ရိုက်​မိ​တော့သည်​...

ထို့​နောက်​ဆရာမ၀င်​လာကာစာသင်​ပြီးပထမအချိန်​ကုန်​​တော့ လျှမ်းဆက်​တစ်​​ယောက်​ ထမင်းချိုင့်​ကို ဒီ​ရေ့​ရှေ့ချ​ပေးကာ..
"ဒီ​ရေ..ဒီ​နေ့​တော့မင်းပဲစားလိုက်​​တော့ကွာ..ငါက​လေ့ကျင့်​ရဦးမှာဆို​တော့ ​နေ့လည်​ထမင်းစားချိန်​ကနည်းနည်း​နောက်​ကျမှာ.."

ဒီ​ရေတစ်​​ယောက်​မျက်​နှာ​လေးညှိုးသွားကာ..
"မင်း​က​ရော..​နေ့လည်​စာဘယ်​လိုစားမလဲ.."

"ငါကရတယ်​..​​အ​အေးနဲ့​ပေါင်​မုန့်​နဲ့ပဲစားလိုက်​မယ်​.."

"​အေးပါကွာ...ကောင်းကောင်းစားလိုက်ပါ့မယ်''

''သိပ်ဝမ်းနည်းနေရှာတာ မျက်ခွက်လေးကဖြီးလို့
ငါသွားပြီ''

လျှမ်းဆက်​ စာအုပ်​ကိုစားပွံခုံအံဆွဲထဲထိုးထည့်​ရင်းဒီ​ရေ့အား တာတာ့ ပြကာ အားကစားဝတ်​စုံအိတ်​ကိုယူ၍ထွက်​လာခဲ့လိုက်​သည်​... ဒုတိယထပ်​​လှေကားထိပ်​​ရောက်​​တော့ တစ်​ဖက်​မှစာရွက်​စာတမ်း​တွေကိုင်​ကာတက်​လာ​သော leaderနှင့်​ဆုံ​လေသည်​..

"ညီ..Trainingသွား​တော့မလို့လား..​ခြေ​ထောက်​သက်​သာရဲ့လား''

"ဟုတ်​..​ခြေ​ထောက်​ကသက်​သာ​နေပါပြီ..အဆင်​​ပြေပါတယ်​."

"​omm ommm...ကိုယ်​တို့ကဒီဒုတိယအချိန်​presentationရှိလို့ ​နောက်​အချိန်​မှလာလို့ရမှာ...အားကစားရုံမှာနည်းပြ​တော့ရှိတယ်​။"

လျှမ်းဆက်​​ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့သည်။

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ည​နေအတန်းချိန်​ပြီး​တော့ ဒီ​ရေတစ်​​ယောက်​ လျှမ်းဆက်​ထမင်းချိုင့်​ကိုပြန်​​ပေးရန်​ အားကစားရုံဘက်​သို့ထွက်​လာခဲ့​လေသည်​..
အားကစားရုံထဲ​ရောက်​​တော့ လျှမ်းဆက်​ကနည်းပြနှင့်​​လေ့ကျင့်​​နေ​သေး၍ ပွဲကြည့်​စင်​တွင်​ဒီ​ရေထိုင်​​စောင့်​​နေ​လေသည်​..
ထိုစဉ်​ ဒီ​ရေ့​ဘေးသို့လူတစ်​​ယောက်​လာဝင်ထိုင်သည်။

"ညီလေးကFirst Yearကမဟုတ်​လား.."

မနက်ကတွေ့တဲ့အကိုကြီးပဲ...
ဒီရေစိတ်ထဲမှာတွေးရင်း...
"ဟုတ်​ကဲ့..ကျ​နော့်​ကိုသိတယ်​လား."

"Hkhk..သိတာ​ပေါ့..ဟိုတခါEssayပြိုင်​တုန်းကပထမရတယ်​​မဟုတ်​လား....အဲ့တည်းကသိတာ.."

"Awww..ဟုတ်​ကဲ့.."

"ဒီကို​လေ့ကျင့်​တာလာကြည့်​တာလား"

"မဟုတ်​ဘူးဗျ..ကျ​နော့်​သူငယ်​ချင်းကိုလာ​စောင့်​တာ
ကျ​နော့်​နာမည်​က ဒီ​ရေလှိုင်း ပါ.အကို့နာမည်​က.."

"omm.အကို့နာမည်​က..~~~"

ထိုစဉ်​...မိန်းက​လေးအသင်းမှ​ကောင်​မ​လေးတစ်​​ယောက်​က

"Leader..နည်းပြ​ခေါ်​နေတယ်​.."
Kingတစ်​​ယောက်​နာမည်​​တောင်​မ​ပြောရ​သေးဘဲကမန်းကတန်းထွက်​လာခဲ့ရသည်​..

ဒီ​ရေက​တော့ လျှမ်း​လေ့ကျင့်​​နေတာကိုသာဆက်​ပြီးထိုင်​ကြည့်​​နေလိုက်​သည်​...
ခဏအကြာ လျှမ်း ​လေ့ကျင့်​လို့ပြီးသွား၍ ပွဲကြည့်​စင်​ဘက်​က ဒီ​ရေရှိရာဆီသို့​လျှောက်​လာခဲ့သည်​..

"ဒီ​ရေ..​စောင့်​ရတာကြာသွားပြီလား.ငါမင်းဝင်​လာတည်းက​တွေ့တယ်​..နည်းပြtraining​ပေးတာမပြီး​သေးလို့.."

"ရပါတယ်​..ငါထမင်းချိုင့်​ပြန်​လာ​ပေးတာ...ငါအိမ်​ကိုအ​လေးခံပြီးမသယ်​သွားနိုင်​ဘူး​လေ. "
ဒီရေ ထမင်းချိုင့်အား လျှမ်းဆက်ကိုထိုးပေးရင်း
ထုံးစံအတိုင်း စ နောက်နေလေသည်။

လျှမ်းဆက်​ကလည်း..
"​အေးပါ..​နောက်​​နေ့ငါမင်းအတွက်​ထမင်းချိုင့်​မထည့်​လာ​တော့ဘူး"

"အဟီးးး..လျှမ်း​လေးကလည်းစတာကိုကွာ.."

"ထားပါ..မင်း​စော​စောကLeaderနဲ့စကား​ပြော​နေတာငါ​တွေ့လိုက်​တယ်​.ဘာ​တွေ​ပြော​နေတာလဲ"

"ဘာမှ​ထွေ​ထွေထူးထူးမဟုတ်​ပါဘူးကွာ..ဒါနဲ့မင်းleaderနာမည်​သိလား."

"အမ်​..မသိဘူးကွ.
သူ့ကိုKingလို့​ခေါ်ကြတယ်​​လေ...ခုBasketball Teamမှာ​တော့သူ့ကို Leaderလို့ပဲ​ခေါ်​နေကြတာ.."

"Awwww..."

"ဘာဖြစ်လို့ ... အာာာ ပြန်ကြမယ် ငါမင်းအိမ်လိုက်ခဲ့မယ် ဗိုက်ဆာနေပြီ''
လျှမ်းဆက် ကလေးလိုဗိုက်ကိုပွတ်ကာပြောလာသည်။ဒီ​နေ့ ဒီ​ရေလည်းGuideတန်း​တွေမရှိ၍အိမ်​သို့သာတန်းပြန်​ရမည်​...

''သူများအိမ်ကို freeရတဲ့စားသောက်ဆိုင်မှတ်နေလား''
ဒီရေ မကျေမနပ်ပြောလျက် ရှေ့မှထွက်သွားတော့သည်။

့လျှမ်း​ဆက် ရယ်​လျက်နောက်မှလိုက်သွားပြီး
ဒီရေ ပုခုံးကိုဖက်ကာ ဒီရေဆံပင်တွေကိုဖွချေသည်။
ဒီရေတွန်းထုတ်နေသော်လည်းမရ...

''ဖယ်ကွာ ချွေးတွေနဲ့ မင်းက...''

''မဖယ်ဘူးကွာ ဟားဟား...''

ဒီ​ရေ နှင့်​ လျှမ်းဆက်​ရယ်​​မောစွာစ​နောက်​ရင်းအားကစားရုံမှထွက်​လာခဲ့​လေသည်​...

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

Basketballပွဲ​နေ့....

အရင်​ဆုံးယှဉ်​ပြိုင်​ရမည့်​အသင်း၂သင်းမှာ...
English: Vs :Geology
ပွဲကြည့်​စင်​၏တစ်​ဖက်​တစ်​ချက်​တွင်​လည်း ​မေဂျာ၂ခုမှ​ကျောင်းသား​ကျောင်းသူများပြည့်​နှက်​​နေ​လေသည်​..
အားကစားရုံအလယ်​တွင်​​တော့ 2ဖက်​အသင်းမှအားကစားသမားများ​နေရာယူ​နေကြပြီ..

"ဘူမိ..Fighting!!..ဘူမိ..Fighting.!!"
ပွဲကြည့်​စင်​တစ်​ဖက်​မှ ဘူမိ​ဗေဒ​ကျောင်းသားများ၏အား​ပေးသံများ...

English Majorဘက်​ကလည်းအားကျမခံ...
"E-Major Is The Best.!! Unity Is Strength!!'

ဟူ၍တစ်​ဖက်​နှင့်​တစ်​ဖက်​အပြိုင်​အဆိုင်​​အော်​​နေကြသည်​..
ထိုသို့​အော်​သည့်​လူများထဲတွင်​ ဒီ​ရေတစ်​​ယောက်​လည်းပါသည်​..
ပါးစပ်​ထဲမုန့်​ပလုပ်​ပ​လောင်းထိုးထည့်​လိုက်​ ၊ ​အား​ပေးလိုက်​ ၊ ​အော်​ရတာ​မောသွားရင်​​ရေ​သောက်​လိုက်​နှင့်​ ဒီ​ရေတစ်​​ယောက်​တည်းအလုပ်​ရှုပ်​​နေသည်​...

ဒို​င်​လူကြီး၏ အချက်​ပြ၀ီစီသံအဆုံးတွင်​​တော့ အသင်း၂သင်းအကြိတ်​အနယ်​ယှဉ်​ပြိုင်​​နေ​လေပြီ...
လျှမ်း​လေးက​တော့အရံအဖြစ်​ပဲပါဝင်​ထားရ၍ ၀င်​မကစားရဘဲနည်းပြနားတွင်​သာ​နေရသည်​...

ပွဲစပြီးခဏအကြာတွင်​​တော့Leaderပစ်​လိုက်​သည့်​​ဘောလုံးသည်​ခြင်းအတွင်းသို့တည့်​တည့်​မတ်​မတ်​၀င်​သွား၍ Englishဘက်​က ၁မှတ်​ အသာစီးရ​နေ​လေသည်​..

ထိုအခါ ဘူမိဘက်​မှလူများကမ​ကျေနပ်​ကြ​တော့ဘဲ စတင်​ညစ်​လာကြသည်​...
အား​ပေးသံများကလည်းဆူညံ​နေသည်​...
ပွဲပြီးခါနီး ၅မိနစ်​အလို Eng 15မှတ်​ : Geo 15မှတ်​နှင့်​ အမှတ်​တူ​နေချိန်​တွင်​ ဘူမိ​ဗေဒဘက်​မှကစားသမားတစ်​​ယောက်​သူ့ဘာသာအရှိန်​မထိန်းနိုင်​ဘဲလဲကျသည်​ကို Englishဘက်​မှလူကတွန်းချသည်​ဟူ၍​ခေါင်းစဉ်​တပ်​ကာ ဒိုင်​လူကြီးကPenalty​ပေးလိုက်​​လေသည်​...
ဤသို့ဖြင့်​ English Major​လေး အစဉ်​အလာမပြတ်​ရှုံးရပြန်​သည်​...
နောက်​ထပ်​Chemistryနှင့်​ကစားရမည့်​ပွဲတွင်​နိုင်​မှသာ​နောက်​တစ်​ဆင့်​တက်​လှမ်းခွင့်​ရ​တော့မည်​..

ဒီ​ရေလည်းစိတ်​ပျက်​လက်​ပျက်​နှင့်​သူစားထား​သောမုန့်​ခွံများ​ကောက်​သိမ်းကာအားကစားရုံထဲမှထွက်​လာခဲ့​တော့သည်​...
လျှမ်းဆက်​ကိုမ​တွေ့၍ ကစားသမားတစ်​ဦးကို​မေးကြည့်​​တော့ ပြန်​သွားပြီဟု​ပြော​လေသည်​..

"ဟွန့်​..လျှမ်းစုတ်​ ငါ့​တောင်​မ​စောင့်​ဘူး.."

ဒီ​ရေတစ်​​ယောက်​လျှမ်း​လေးအားကျိန်​ဆဲကာ ​ဆောင့်​​အောင့်​ထွက်​လာခဲ့​လေသည်​...
ဒီ​ရေထွက်​လာ​တော့အားကစားရုံနှင့်​မလှမ်းမကမ်းတွင်​ လူများစုရုံးစုရုံးဖြစ်​​နေသည်​ကိုသတိထားမိသည်​....

သို့​သော်​ကိုယ့်​​မေဂျာရှုံး​သော​ကြောင့်​လူအုပ်​စုထဲဝင်​ပြီးစပ်​စုဖို့လည်းစိတ်​မပါ​တော့​ချေ..​လူအုပ်​စု​ဘေးမှသာ​ခေါင်းငိုက်​စိုက်​ချလျှက်​​လျှောက်​လာခဲ့သည်​..
သို့​သော်​ထိုလူအုပ်​စုထဲမှ အသံတစ်​ခုကြားလိုက်​၍ဒီ​ရေ မျက်​လုံးပြူးသွားရသည်​...

"​ဟျောင့်​​တွေ.ချီးပဲကွာ..မင်းတို့ညစ်​တာအသိသာကြီး..."(စကားလုံးလွန်​သွားရင်​sorryပါ​နော်​😟)

ဒီ​ရေသိလိုက်​ပါပြီ..
အဲဒီအသံ...အသံပိုင်​ရှင်​ကလျှမ်း​လေး....

ဒီ​ရေလည်း​လူအုပ်​စုထဲအတင်းတိုးဝင်​ပြီးကြည့်​​တော့ လျှမ်း​ဆက်နဲ့ဘူမိဘက်​ကကစားသမားတစ်​​ယောက်​နဲ့ရန်​ဖြစ်​​နေသည်​..
၂​ယောက်​သားကို​ဘေးကလူများက၀ိုင်းဆွဲထားကြရသည်​..
ဘယ်​​လောက်​​တောင်​ထိုးကြိတ်​ထားပြီးသည်​မသိ..လျှမ်း​ဆက်မျက်​ခုံးနားမှာ နီရဲ​နေ​သော​သွေးများကစီးကျလျက်​..နှုတ်​ခမ်း​ထောင့်​မှာလည်း​သွေးစ​တွေ..မျက်​နှာတစ်​ခုလုံးနီရဲ​နေသည်​...
တစ်​ဖက်​ကလူကလည်းသက်​သာမှာမဟုတ်​..လျှမ်းဆက်လက်​သီးပြင်းတာဒီ​ရေအသိဆုံး..တစ်​ဖက်​ကလူကိုကြည့်​လိုက်​​တော့ မျက်​လုံးတစ်​ဖက်​က​ဖူး​ယောင်​​နေပြီ..ပါးစပ်​အတွင်းမှလည်း​သွေးများစီးကျလျက်​..မျက်​နှာတစ်​ခုလုံးလည်းစုတ်​ပြတ်​သတ်​​နေသည်​..

ဒီ​ရေအလျင်​အမြန်​ပင်​ လျှမ်း​ဆက် ဆီ​ပြေးသွားကာ အတင်းဆွဲထားရသည်​..အဲ့ငတိက​ဒေါသကကြီးကြီးနဲ့..သူ​ဒေါသထွက်​ရင်​ဘယ်​သူမှမနိုင်​ဘူး..ဒီ​ရေကချွင်းချက်​...
ဒါ​ကြောင့်​ဒီ​ရေ​မနိုင့်တနိုင်ဆွဲထုတ်လာရသည်...ခဏကြာ​တော့ ဆရာ​တွေ​ရောက်​လာ၍ရန်​ပွဲရပ်​စဲသွား​လေသည်​...

လျှမ်း​ဆက်အား ဒီ​ရေနှင့်​ဆရာ​တွေအတင်းမရမကဆွဲ​ခေါ်ကာ​ဆေးခန်းလိုက်​ပို့ရသည်​..ဒါ​တောင်​ လျှမ်း​လေး ကကြိမ်း​​ခဲ့​သေးသည်​..
"​နောက်​တစ်​ခါမင်းငါနဲ့မ​တွေ့မိ​အောင်​​ရှောင်​​နေ..မဟုတ်​ရင်​မင်းအသက်​ကိုငါအာမ မခံဘူး..​ဟျောင့်​.."

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ပါ​မောက္ခရုံးခန်း ......

ပါ​မောက္ခကြီး​ရှေ့တွင်​ လျှမ်း​ဆက် တစ်​​ယောက်​ မလှုပ်​မယှက်​ငြိမ်​သက်​စွာရပ်ေ​န​လေသည်​...​ဘေးတွင်​​တော့အားကစားဆရာတစ်​​ယောက်​နှင့်​ ဒီ​ရေရှိ​နေသည်​...
လျှမ်း​ဆက် မျက်​ခုံးကွဲသွား၍နှစ်​ချက်​ချုပ်​လိုက်​ရသည်​...

ပါ​မောက္ခမှ..
" လျှမ်းဆက်​ခ..မင်းအပြစ်​မင်းသိလား.."

"................"

"မနေ့ကမင်းလုပ်လိုက်တာ မေဂျာကိုဘယ်လောက်ထိခိုက်စေလဲသိလား''

လျှမ်း​လေး ရပ်​မြဲအတိုင်းသာ...ပါ​မောက္ခ၏​မေးခွန်းကို တစ်​ခွန်းမျှပြန်​မ​ဖြေမိ...

ပါ​မောက္ခလည်းစိတ်​မရှည်​​တော့ ဒီ​ရေ့ဘက်​လှည့်​ကာ...

"သား....Final EC​ ​နေ​သွေးခန့်​ကိုသွား​ခေါ်ခဲ့​ချေ.."

"ဟုတ်​ကဲ့..တီချယ်​ကြီး.."
ဒီ​ရေလည်းအခန်းပြင်​ ပြေး​ထွက်​သွားကာFinal yearအတန်းရှိရာဆီသို့...
အခန်းပြတင်း​ပေါက်​ဘက်​မှာထိုင်​​နေ​သောအစ်​ကိုကြီးအားအကျိုးအ​ကြောင်း​ပြောပြကာ​..​Final EC​ကို​ခေါ်ရသည်​.....
ခဏအကြာ အခန်းထဲမှထွက်လာသောသူကိုတွေ့၍

''Ahhh စီနီယာ စီနီယာတို့အတန်းထဲက ECကိုခေါ်ပေးပါ''

''အကိုလေ ''

''အမ်...''

''မအမ်နဲ့ လာသွားကြမယ် တီချယ်ကြီးစောင့်နေရမယ်''

ထိုအချိန်မှ ဒီရေလဲ Final EC, Final king နှင့်
လျှမ်းဆက်တို့ leader ,သူတို့၏ စီနီယာဆိုသူသည်
နေသွေးခန့်ဟုခေါ်ကြောင်းသိတော့သည်။

''ဒီရေ မြန်မြန်​လာပါကွာ''

''ဟုတ် ကိုနေကြီး''
ဒီရေ အားကစားပွဲနေ့ကမသဲမကွဲကြားလိုက်သော
''နေရီ ''ဟုသည့်နာမည်ကိုအခုမှ နေကြီးမှန်းသိပြီး
တရင်းတနှီးသာခေါ်လိုက်သည်။
နေရီ နဲ့ နေကြီးနဲ့များ မှားရတယ်လို့...
ဒီ​ရေကိုယ့်ခေါင်းကိုယ်လက်​သီးဆုပ်​​လေးနှင့်​ထုရင်းခြေလှမ်းကျဲကြီးတွေနှင့်သွားနေသောသူနောက်အပြေးတပိုင်းလိုက်ရသည်
။သူအရပ်​ရှည်​တိုင်း..ငါ့​ကိုမှအားမနာ။ ဒီ​ရေစိတ်​ထဲမှ​ပြေးလိုက်​ရင်း​မ​ကျေနပ်​စွာ​ရေရွတ်​မိ​သေးသည်​...

''ဟေ့ ကိုနေရီရေ...အဲ့    ကိုနေကြီးရေ စောင့်ပါဦး အားးးမောလာပြီ''

လိပ်ပုကလေးဒီရေကတော့ လုံးတုံးတုံးနှင့်ပြေးနေရပါတော့သည်။...

___________♥Can I...?♥____________

*TBC~~~
(A/N..Aheee...​ပေါ်လာပြန်​ပြီ..​နောက်​တစ်​​ယောက်​..😁
ဒီ​ရေလှိုင်း Rhyme လျှမ်းဆက်​ခ ​နေ​သွေးခန့်​..
အဟမ်း..ဘယ်​လိုship​စေချင်​လဲ..အဲ့​၄​ယောက်​ကို😑)

//အားကစားပြိုင်​ပွဲနဲ့ပတ်​သက်​လို့အ​ရေးအသားမ​ပြေပြစ်​ရင်​ Miyanaeyaw😞ပထမဆုံးအ​ရေးသားမို့နားလည်​​ပေးကြပါ​နော်​😁//

Continua a leggere

Ti piacerà anche

1.3M 58.9K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
665K 62.9K 68
Story Name - Signs Of The Fate (ကံကြမ္မာချည်တဲ့ကြိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
568K 36.7K 31
story description>>>>> start-5/10/2021 end-1/1/2022
2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023