A Love That's Impossible [ Ch...
By Poe_Poe_Pouk_Pouk
95.9K 7.1K 718
တစ်​​ယောက်​​သောသူကိုသာ တစ်​ဘ၀လုံးစာအတွက်​ ပုံ​အောချစ်​မိသွား​သော်​ညား........ Chanyeol × Sehun Yaoi Romance More
💗 1. 💗
💗 2. 💗
💗 3. 💗
💗 4. 💗
💗 5. 💗
💗 6. 💗
💗 7. 💗
💗 8. 💗
💗 9. 💗
💗 10. 💗
💗 11. 💗
💗 13. 💗
💗 14. 💗
💗 15. 💗
💗 16. 💗
💗 17. 💗
💗 18. 💗
💗 19. 💗
💗 20. 💗
💗 21. 💗
💗 22. 💗 Warning
💗 23. 💗
💗 24. 💗
💗 25. 💗
💗 26. 💗
💗 27. 💗
💗 28. 💗
💗 29. 💗
💗 30. 💗
💗 31. 💗
💗 32. 💗
😁ပလုံမိုးရှင်း😁
💗 33. 💗
💗 34. 💗 Final
ကျေးဇူးတင်​လွှာ
💗 12. 💗
2.1K 193 13
By Poe_Poe_Pouk_Pouk
လေးလရှိ​နေပြီဖြစ်​သည်​။
အရမ်းဂရုစိုက်​သည်​။ ချစ်​သည်​။
ဘာမှ​တော့မ​ပြောကြ။
Chan ကလည်း ကတိတည်​သည်​။
မပတ်​သက်​ခဲ့​ပေ။
" Hun​လေး...... Morning!!!! "
" ဟင်​....Hun! ငို​နေတာလား။
ဘာဖြစ်​တာလဲ။ ဘယ်​သူဘာလုပ်​လို့လဲ။
ကိုယ်​စိတ်​ပူလာပြီ။ "
" ဟင့်​.....ဘယ်​သူမှ.....ဟင့်​....
Hunကိုပစ်​ထားတယ်​။ ဖုန်းလည်းမဆက်​ဘူး။
Hunအရမ်းလွမ်း​နေပြီ။ "
Hunပင်​ပန်း​နေမယ်​။ ​ကျောင်းမှာပဲ
အမြင်​ကပ်​စရာ....
" Hun​လေး ဆင်းလာပြီလား။ လာထိုင်​... "
Suho hyung သည်​ ကိုငယ်​၏
ငါ​လေးစိတ်​ညစ်​လာပါပြီ။ လွမ်း​နေပါတယ်​ဆိုမှ.....
အကဲပိုလွန်းတယ်​။
အချဉ်​မဟုတ်​ပါ။
Hunရဲ့။ "
" ဘာ!!! Wu Yixing!!!
မတက်​နိုင်​ရတာလဲ။ @#@#* "
မိမိ​​ပြောစရာမလို​ပေ။ ကိုငယ့်​ချစ်​ချစ်
စတင်​လာပြီဖြစ်​သည်​။
" ခဏ...ခဏ....Hyung ခဏနားဦး။
ငါ​ပြောမယ်​။ ဒီလို Suho ​ရေ....
Dinner ​ခေါ်သွားမလို့။ ရပြီလား။
အိမ်​မှာရှိ​နေမှာ​ပေါ့။ ပျင်းစရာကြီး။ "
အိမ်​မှာ​အေး​ဆေး​နေကြ။ အဓိက က
Hunရယ်​...Baek ရယ်​...Sooရယ်​...
" ဟုတ်​ကဲ့!!!! "
Chanကလည်းမရှိ။ လွမ်းလိုက်​တာ။
" Hun....ဘာဖြစ်​​နေတာလဲ။ ငူငူငိုင်​ငိုင်​နဲ့။ "
" ဘာဖြစ်​ရမလဲ။ သူ့ရဲ့ chanကို
ပြန်​​ရောက်​မယ်​တဲ့လဲ။ "
ငါ့chan သနားပါတယ်​။ "
မုန့်​သွားစားရ​အောင်​။ မသွားတာလဲကြာ​နေပြီ။ "
ချိန်းလိုက်​မယ်​။ "
" ဆရာဝင်​ပြီ။ စာလုပ်​ကြ​မယ်​။ "
.
.
.
.
" မန်​​နေဂျာမင်​!!! "
ပြင်​​ပေးပါ​နော်​။ "
" ဟုတ်​ကဲ့။ "
လာစစ်​သွား​သေးတယ်​။ "
" ဘာ!!! အဲ့တာတကယ်​လား။ "
လိမ်​​နေပုံမရ။
ဖုန်းလဲမဆက်​ဘူး။
" ဟုတ်​တယ်​...ငါ​ရောပဲ။ "
တစ်​ခါ​ခေါ်သည်​။ မကိုင်​....
Tong#
အရမ်းချစ်​တယ်​ :*
ဘုန်း!!!
စဉ်းစားကြည့်​ကြစမ်း။ ဒီ​နေ့သူတို့အားလုံး
" ခဏ!! Hyung ​ပြောမယ်​။ Jongin က
ပြန်​၀င်​လာသည်​။
ကျွန်​​တော်​ Hun​လေးပါ။ ကိုကြီး​ရော။ "
" ............ "
" ............. "
" အပို​တွေမ​ပြောနဲ့။ အမှန်​အတိုင်း​ပြော။ "
" ............. "
တောက်​!!!
ပေါက်​ကွဲထွက်​ကုန်​ပြီ။
" Hun ဘာတဲ့လဲ။ "
" ဘာကမလဲ.....မင်း Fan Fan....
Soo ရဲ့ Jong Jong....
ယွ​နေကြတယ်​တဲ့။ "
ထွက်​လာခဲ့သည်​။
ကျန်​ခဲ့ပြီဖြစ်​သည်​။
" Cheer!!!! "
လွမ်း​နေပြီဗျာ!!! "
" ဟုတ်​တယ်​....ဟား ဟား ဟား "
###############################
နားလည်​​ပေးကြပါလို့။
Love u all😍😘
Unicode
နွေးထွေးလွန်းသော နေရောင်ခြည်ကြောင့်
Hun မျက်လုံးများပွင့်လာသည်။
အိပ်ရာနိုးနေပြီဖြစ်သော်လည်း မထချင်သေး။
အိပ်ရာဘေးမှဖုန်းလေးကိုယူကြည့်မိသည်။
ဖုန်းခေါ်ထားသည်မရှိသောကြောင့်
စိတ်ထဲတစ်မျိုးဖြစ်သွားသည်။
ယခုဆိုလျှင် chan နှင့်သူနှင့်ချစ်သူသက်တမ်း
လေးလရှိနေပြီဖြစ်သည်။
ထိုလေးလအတွင်း chanကသူ့ကို
အရမ်းဂရုစိုက်သည်။ ချစ်သည်။
ကိုကြီးတို့သည် chanနှင့်
မပတ်သက်စေချင်သေးသော်လည်း
ဘာမှတော့မပြောကြ။
ကိုကြီးတို့စိတ်ပူနေသည်မှာ
chanအဖေရဲ့လုပ်ငန်းများကြောင့်ဖြစ်သည်။
Chanကိုလည်း ထိုလုပ်ငန်းထဲ
ပါဝင်သွားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
Chan ကလည်း ကတိတည်သည်။
တရားမဝင်လုပ်ငန်းများတွင် နည်းနည်းလေးတောင်
မပတ်သက်ခဲ့ပေ။
ခုလည်းအလုပ်ကိစ္စနဲ့ ခရီးထွက်နေခြင်းဖြစ်သည်။
US ဘက်ဖြစ်၍ အချိန်အပြောင်းအလဲကြောင့်
Chanနှင့်ဖုန်းပြောရတာသိပ်အဆင်မပြေ။
အလုပ်ကိစ္စသွားနေရသူဖြစ်၍ အပူလဲမကပ်ချင်။
ကိုယ်ဖုန်းစခေါ်မည်ဆိုတော့လည်း
Chan အိပ်ရေးပျက်မည်ကိုစိုးရိမ်၍မခေါ်ဖြစ်။
လွမ်းသည်။ ပြောမပြတတ်အောင်ကိုလွမ်းသည်။
ထိုစဉ် မြည်လာသောဖုန်းသံ....
အမြန်ကြည့်မိတော့ ❤Chan❤ဟူသော
စာလုံးလေးသည်အထင်းသား....
Answer call ကိုအမြန်နှိပ်မိသည်။
" Hunလေး...... Morning!!!! "
အသံကြားလိုက်ရသည်နှင့် ကျဆင်းလာသော
မျက်ရည်တို့သည် ထိန်းချုပ်မရ။
ရှိုက်သံသဲ့သဲ့ ထွက်သွားသည်။
" ဟင်....Hun! ငိုနေတာလား။
ဘာဖြစ်တာလဲ။ ဘယ်သူဘာလုပ်လို့လဲ။
မြန်မြန်ပြောပါ Hunရယ်.....
ကိုယ်စိတ်ပူလာပြီ။ "
" ဟင့်.....ဘယ်သူမှ.....ဟင့်....
ဘာမှမလုပ်ဘူး....ဟင့်.....Chanကြောင့်....
ဟင့်....Chan ကိုလွမ်းလို့....အီး...ဟီး......
Hunကိုပစ်ထားတယ်။ ဖုန်းလည်းမဆက်ဘူး။
စိတ်ပုပ်ကြီး.....နေနိုင်လိုက်တာ....ကိုငယ်ရေ...
ကိုငယ့်သူငယ်ချင်းကHunကို
မချစ်တော့ဘူးနဲ့တူပါတယ်....အီး....ဟီး "
လွမ်းလို့ ဆိုသောစကားတစ်ခွန်းကြောင့်
Chanyeolခမျာ ခြေမကိုင်မိ လက်မကိုင်မိ....
သူ့အစ်ကို ကိုတိုင်ကာ ငိုနေပုံလေးကို
မြင်ချင်မိသည်။ အနားမှာသာဆို ငိုထားရလို့
နီရဲနေသော နှာတံချွန်ချွန်လေးကို
အသည်ယားကာ ကိုက်ဆွဲမိမှာ အသေအချာ။
" Hun ကလည်းကွာ....တိတ်ပါနော်။
Chanဖုန်းမခေါ်ဖြစ်တာ အလုပ်တွေ
အရမ်းရှုပ်နေလို့ပါ။ မြန်မြန်ပြီးမှ မြန်မြန်ပြန်လာရမှာမို့
အလုပ်တွေကိုမြန်မြန်လက်စသတ်နေရလို့ပါ။
ကိုယ်အလုပ်အားတဲ့အချိန်က ကိုရီးယားမှာအိပ်ချိန်မို့
Hunအိပ်ရေးပျက်မှာစိုးလို့ ဖုန်းမခေါ်တာပါ။
Hun ကို ကိုယ်ကဘာကိစ္စနဲ့မချစ်ရမှာလဲ....
ဒီမှာ ချစ်လို့တောင်မဝသေးတဲ့ဟာကို....ကဲ...
မငိုနဲ့တော့နော်....တိတ် တိတ်!! "
" တကယ်လား။ chanဘယ်နေ့ပြန်လာမှာလဲဟင်။
Hunအရမ်းလွမ်းနေပြီ။ "
" အင်း.....ကိုယ်လည်းအရမ်းလွမ်းနေတာ...
အဲ့တာမို့အလုပ်တွေကိုမြန်မြန်လုပ်နေတာ။
မနက်ဖြန်ဆို ပြန်လာတော့မှာ... "
" တကယ်!! ဘယ်အချိန် ပြန်ရောက်မှာလဲဟင်။
Hun လေဆိပ်မှာလာကြိုမယ်လေ။ "
"အမ်.....ရပါတယ်....မလာပါနဲ့ Hunရဲ့....
Hunပင်ပန်းနေမယ်။ ကျောင်းမှာပဲ
အတန်းတက်ရင်းစောင့်နေ။ နေ့လည်ပိုင်းလောက်ပြန်ရောက်မှာမို့ ကိုယ်ကျောင်းကိုပဲ လာခေါ်လိုက်မယ်နော်။ "
" Hunကလာကြိုချင်တာကို....အင်းပါ....
အဲ့တာဆို Hunစောင့်နေမယ်နော်။ "
" အင်း.....Hunကလိမ္မာလိုက်တာ။
အဲ့တာဆို ကိုယ်ဖုန်းချလိုက်တော့မယ်နော်။
အလုပ်ရှိသေးလို့....အရမ်းချစ်တယ်။ "
" အင်း....hunလည်းchanကိုအရမ်းချစ်တယ်။ "
ဖုန်းချပြီးသည်နှင့် ကျောင်းသွားဖို့ပြင်ဆင်ကာ
အောက်ထပ်သို့ဆင်းလာခဲ့သည်။
ထမင်းစားခန်းထဲတွင် ကြိုရောက်နေကြသောrsများ...
အမြင်ကပ်စရာ....
" Hunလေး ဆင်းလာပြီလား။ လာထိုင်... "
ယုန်ပေါက်အားထမင်းခွံကျွေးနေရင်းမေးလာသူ ကိုငယ်...
Suho hyung သည် ကိုငယ်၏
ပူဆာမှုကြောင့် အိမ်တွင်လာနေတာဖြစ်သည်။
ဒါတင်ပဲမဟုတ်.....ဟို baek နှင့် sooတို့လည်း
အိမ်တွင်လာနေကြပြီဖြစ်သည်။
Chan ကိုတော့ ဘွဲ့ရပြီး tigerနှင့်မပတ်သက်တော့မှ
လာနေရမည်ဟု ကိုကြီးကပြောထားသည်။
အိမ်ကိုတော့ တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ပြုထားသည်။
ထမင်းဝိုင်းတွင် မျက်နှာငယ်နေရသည်မှာ မိမိဖြစ်သည်။
ဘေးမှအတွဲများ၏ မိုးမမြင် လေမမြင်
ထမင်းခွံကျွေးသူနှင့် ဟင်းထည့်ပေးသူနှင့်
မဟားတရားကို roနေကြသည်။
ငါလေးစိတ်ညစ်လာပါပြီ။ လွမ်းနေပါတယ်ဆိုမှ.....
" Xing!!! မင်းကျောင်းသွားရင်းနဲ့
သုံးယောက်လုံးကိုကျောင်းခေါ်သွားလိုက်နော်။
ကိုကြီး ဒီနေ့အရေးကြီးတဲ့အလုပ်ကိစ္စရှိလို့။
Jongin ကဆေးရုံမှာ အရေးကြီးတဲ့လူနာရှိလို့တဲ့...
Baekလေး ဒီနေ့ Xingနဲ့ပဲလိုက်သွားလိုက်နော်။ "
" အင်း....လိုက်သွားလိုက်မယ်လေ။
အပြန်ကျရင် လာခေါ်မှာမလား။ "
" အဲ့တာက....အပြန်လည်း လာမခေါ်နိုင်လောက်ဘူး
Baek ရဲ့။ ဒီနေ့တစ်ရက်ထဲပါကွာ....နော်။
ကိုယ့်အလုပ်ကိစ္စ အရမ်းအရေးကြီးနေလို့ပါ။ "
နှုတ်ခမ်းကြီး တစ်တောင်ဆူနေတဲ့ငဘတ်ကို
ချော့နေလိုက်တာများ....ဒါလား....
Dragon ရဲ့ခေါင်းဆောင်....
ပါးပါးသာမြင်ကြည့် ပါးစပ်အဟောင်းသားနဲ့ကိုဖြစ်နေမှာ။
တစ်ရက်တစ်လေကို ဖြစ်ပျက်နေကြပုံများ...
အကဲပိုလွန်းတယ်။
Chanသာပြန်လာကြည့် အကုန်လုံးထက်ပိုပြီးကို
Ro ပြလိုက်မယ်....ဟွင့်....Wu Sehunသည်
အချဉ်မဟုတ်ပါ။
" ညနေ Hunတို့ ကိုငယ်နဲ့ အတူပြန်မယ်လေ။
ကိုငယ်အတန်းချိန်အကုန်တက်မှာမလား။ "
" အာ....ကိုငယ်ကညနေပိုင်းမတက်ဖြစ်လောက်ဘူး
Hunရဲ့။ "
" ဘာ!!! Wu Yixing!!!
မင်းကဘာလုပ်မှာမို့လို့ အတန်းချိန်ပြီးအောင်
မတက်နိုင်ရတာလဲ။ @#@#* "
မိမိပြောစရာမလိုပေ။ ကိုငယ့်ချစ်ချစ်
Suho hyungရဲ့ မနက်ချိန်ခါတေးသံသာများ
စတင်လာပြီဖြစ်သည်။
ကိုကြီးနဲ့ကိုလတ်ကိုတောင် မထင်ရင်မထင်သလို
ပြန်ပြောတတ်တဲ့ ကိုငယ်တစ်ယောက်
ချစ်သူဆရာဝန်လေးအိမ်ရောက်လာကတည်းက
နှုတ်ဆိတ်နေရပြီဖြစ်သည်။
" ခဏ...ခဏ....Hyung ခဏနားဦး။
ရော့....ရေသောက်လိုက်အုန်း... "
" ဘာလဲ......မင်းကငါ့ကိုရွဲ့တာလား။ "
ပြောနေရင်း ကိုငယ်ပေးတဲ့ရေခွက်ကို
ခုံပေါ်ပြန်ချလိုက်တာများ ခွက်ကွဲပြီတောင်ထင်ရတယ်။
ရာသီဥတု အခြေအနေသိပ်မကောင်းတော့။
" ကဲ....Xing....မင်းတိတ်လိုက်တော့...
ငါပြောမယ်။ ဒီလို Suho ရေ....
ညနေကျရင် ကိုကြီးတို့လုပ်ငန်းပါတနာကုမ္ပဏီက
Dinner ရှိတယ်။ ကိုကြီးတို့လုပ်ငန်းတွေအားလုံးက
နောက်ဆို Xingဦးစီးရမှာဆိုတော့ အခုထဲက
အချို့လုပ်ငန်းရှင်တွေနဲ့ ကြိုမိတ်ဆက်ပေးထားမလို့
Dinner ခေါ်သွားမလို့။ ရပြီလား။
မင်းတို့နဲ့တော့ငါလည်းမောပါတယ်။ "
" ကိုလတ်လည်း ဒီညအိမ်ပြန်နောက်ကျမယ်။
အရေးကြီးတဲ့ operation ရှိလို့။ "
" အဲ့တာဆို ဒီနေ့ည Hunတို့လေးယောက်ပဲ
အိမ်မှာရှိနေမှာပေါ့။ ပျင်းစရာကြီး။ "
" ကိုကြီး ကြိုပြောထားမယ်နော်။ အကုန်လုံး
အိမ်မှာအေးဆေးနေကြ။ အဓိက က
Hunရယ်...Baek ရယ်...Sooရယ်...
ဒီညဆွဲမယ့်သူမရှိဘူးနော်။
ရန်မဖြစ်ကြနဲ့.....ကြားလား။ "
" ဟုတ်ကဲ့!!!! "
သုံးယောက်လုံးပြိုင်တူပြောလိုက်သည်။
ကိုငယ် ကျောင်းလိုက်ပို့ပြီးသည်နှင့် အတန်းထဲသို့
သုံးယောက်သားဝင်ခဲ့ကြသည်။
Chanကလည်းမရှိ။ လွမ်းလိုက်တာ။
ဖုန်းလေးကိုဖွင့်ကြည့်တော့လည်း ပုံမှန်အတိုင်းရှိနေသည်။
" Hun....ဘာဖြစ်နေတာလဲ။ ငူငူငိုင်ငိုင်နဲ့။ "
" ဘာဖြစ်ရမလဲ။ သူ့ရဲ့ chanကို
လွမ်းနေတာနေမှာပေါ့ Soo ရဲ့ "
" chanyeol hyung ကဘယ်နေ့
ပြန်ရောက်မယ်တဲ့လဲ။ "
" မနက်ဖြန်ပြန်လာမယ်တဲ့။ အလုပ်တွေ
အရမ်းရှုပ်နေတယ်ပြောတယ်။
ငါ့chan သနားပါတယ်။ "
" ပိုပြန်ပြီ။ ညနေကျရင်ငါတို့လေးယောက်
Chanyeol hyung ဆိုင်မှာ
မုန့်သွားစားရအောင်။ မသွားတာလဲကြာနေပြီ။ "
" အေး....ကောင်းတယ်....မင်းပြောသမျှစကားထဲမှာ
ဒီစကား တန်ဖိုးအရှိဆုံးပဲ...ငါ Suho hyung ကို
ချိန်းလိုက်မယ်။ "
" ဆရာဝင်ပြီ။ စာလုပ်ကြမယ်။ "
.
.
.
.
" hyung!! ကြိုရောက်နေတာလား။
Sooတို့ကားလမ်းနဲနဲပိတ်လို့ နောက်ကျနေတာ။
Hyungကမှာတောင် မှာထားပြီးပြီ။ "
" မန်နေဂျာမင်!!! "
" ဟာ!!! အစ်ကိုလေးတို့ မလာတာကြာပြီနော်။ "
" ဟုတ်တယ်။ Hunတို့ကို ပုံမှန်စားနေကျအတိုင်းပဲ
ပြင်ပေးပါနော်။ "
" ဟုတ်ကဲ့။ "
ခဏအကြာ မှာထားသည်များရောက်လာသည်။
" အစ်ကိုလေးတို့ လိုအပ်တာရှိရင်ခေါ်လိုက်ပါနော်။
ဒါနဲ့ Boss ရောလာဦးမှာလား။ "
" Chan က ပြန်မရောက်သေးဘူးလေ။
မန်နေဂျာမင် မေ့နေပြီနဲ့တူတယ်။ "
" Boss ပြန်ရောက်နေပါပြီ အစ်ကိုလေးရဲ့။
မနက်ကတောင် ဆိုင်ကစာရင်းတွေ
လာစစ်သွားသေးတယ်။ "
" ဘာ!!! အဲ့တာတကယ်လား။ "
မန်နေဂျာမင် ကိုကြည့်ရတာလည်း
လိမ်နေပုံမရ။
" ရပါပြီ။ လုပ်စရာရှိတာ သွားလုပ်တော့လေ။
လိုတာရှိရင် Hunခေါ်လိုက်မယ်။ "
မန်နေဂျာမင် တစ်ယောက်အကြပ်ရိုက်သွားပုံရသည်။
Chanကပြန်ရောက်နေပြီ။ ဆိုင်ကိုလည်းလာသွားသည်။
ဒါဆို Hunကိုဘာလို့အသိမပေးတာလဲ။
ဖုန်းလဲမဆက်ဘူး။
တစ်ခုခုတော့....တစ်ခုခုပဲ။
" Hunရေ!!! ငါတော့အနံ့တစ်ခုရနေပြီ။ "
" ဟုတ်တယ်...ငါရောပဲ။ "
ပြိုင်တူပြောလာတဲ့ သူငယ်ချင်းနှစ်ယောက်။
" Hunလေး....chanyeolဆီဖုန်းဆက်ကြည့်လိုက်ပါလား။ စိတ်ထဲရှင်းသွားတာပေါ့။ "
Hyung ပြောသည်နှင့်ဖုန်းခေါ်လိုက်သည်။
တစ်ခါခေါ်သည်။ မကိုင်....
နောက်တစ်ခါခေါ်တော့ ဖုန်းကိုချလိုက်သည်။
ဒါ ငါလေးစိတ်ကို စမ်းလိုက်တာ....
Tong#
Message ရောက်သံ ကြည့်မိတော့
Hun ကိုယ်အခုအလုပ်ရှိလို့
ပြီးမှပြန်ခေါ်လိုက်မယ်နော်။
အရမ်းချစ်တယ် :*
Message ဖတ်ပြီး ဒေါသများငယ်ထိပ်ရောက်နေပြီဖြစ်သည်။
ဘုန်း!!!
စားပွဲကို ဘုန်းခနဲနေအောင်ထုချပလိုက်သည်။
" အဲ...ခုမှစဉ်းစားမိတယ်။ ငါတို့တော့ ခံလိုက်ရပြီ။
စဉ်းစားကြည့်ကြစမ်း။ ဒီနေ့သူတို့အားလုံး
တစ်ခုပြီးတစ်ခု အကြောင်းပြပြီးအပြန်မိုးချုပ်မယ်
ပြောကြတယ်နော်။ အစက ငါChanကိုပြန်မလာသေးဘူး
ထင်နေတာဆိုတော့...ခုပြန်ရောက်နေပြီ။
ပြီးတော့.....ငါ့ကိုမရောက်သေးဘူးလို့လိမ်တယ်။
ဒါဘဲကြီးလေးယောက် ငါတို့ကိုပေါင်းပြီး
လိမ်သွားတာမဖြစ်နိုင်ကြဘူးလား။ "
" ဖြစ်နိုင်တယ်!!! အခုငါတို့ဘာဆက်လုပ်ကြမလဲ။ "
" ခဏ!! Hyung ပြောမယ်။ Jongin က
Operationရှိတယ်ပြောတယ်နော်။
Hyungဆေးရုံကိုဖုန်းဆက်မေးကြည့်လိုက်မယ်။ "
Suho hyung နှင့် ကိုလတ်သည်
ဆေးရုံတစ်ခုတည်းတွင်လုပ်သော
သူငယ်ချင်းနှစ်ယောက်ဖြစ်သည်။
Hyung ဖုန်းဆက်ပြီး ဆိုင်ထဲဒေါသတကြီး
ပြန်ဝင်လာသည်။
" Hyung တို့ ဟိုလေးယောက်လိမ်တာ
ခံလိုက်ရပြီ။ ဘာoperation မှမဝင်ရဘူးတဲ့။
ပြီးတော့ နေ့လည်ထဲက duty off တဲ့။
တောက်!!! Yixing မင်းတော့သေပြီသာမှတ်!! "
" ငါ ကိုကြီးရဲ့အတွင်းရေးမှူးဆီဖုန်းဆက်ကြည့်ရမယ်။ "
ဖုန်းကိုင်လိုက်သည်နှင့်....
" ဟဲ့လို...အတွင်းရေးမှူးဂျောင်လား။
ကျွန်တော် Hunလေးပါ။ ကိုကြီးရော။ "
" ............ "
" ကိုကြီးတို့ဘယ်သွားလဲ။ "
" ............. "
" အပိုတွေမပြောနဲ့။ အမှန်အတိုင်းပြော။ "
" ............. "
" သိပြီ။ ငါဖုန်းဆက်တာ ဘယ်သူ့ကိုမှပြန်မပြောနဲ့။ "
တောက်!!!
ဒီတခါကိုယ့်ဆီက.....မရတော့ဘူး။
ပေါက်ကွဲထွက်ကုန်ပြီ။
" Hun ဘာတဲ့လဲ။ "
" ဘာကမလဲ.....မင်း Fan Fan....
Soo ရဲ့ Jong Jong....
Hyung ရဲ့ Xing Xing....ပြီးတော့
နားကားကောင်....ဒင်းတို့တစ်သိုက် အခု
Chanရဲ့ကလပ် VIP ခန်းထဲမှာ
ယွနေကြတယ်တဲ့။ "
" ဒါ....ငါတို့ကို သပ်သပ်ကျော်တာ။ "
" လာ....hyung တို့အကုန်အဲ့ကိုလိုက်သွားမယ်။
ဒင်းတို့အားလုံး သေပြီသာမှတ်။ "
ပြောပြီးသည်နှင့် လေးယောက်လုံးဆိုင်ထဲမှ
ထွက်လာခဲ့သည်။
မန်နေဂျာမင်တစ်ယောက် မျက်ခုံးလှုပ်ကာ
ကျန်ခဲ့ပြီဖြစ်သည်။
Moon clubရဲ့ VIPခန်းအတွင်း၌....
" Cheer!!!! "
" ငါတို့လေးယောက် ဘတ်သီးရိုက်တာခံလိုက်ရတဲ့
ငါတို့ရဲ့အသည်းပိစိလေးတွေအတွက်.... "
ခွက်ချင်းတိုက်ကာ ရယ်မောသံများပြည့်နှက်လျက်....
" ကိုကြီးတို့ဗျာ....ကျွန်တော် Hun ကို
ပြန်မရောက်သေးဘူးဆိုပြီး လိမ်ထားရတာ။
ခုနကတောင် ဖုန်းဆက်လို့ မကိုင်ပဲ
msg နဲ့လိမ်လိုက်ရသေးတယ်။
လွမ်းနေပြီဗျာ!!! "
" အပိုတွေမလုပ်နဲ့ chanyeol....
Hunလေးကငါ့ညီ...ငါပေးစားမှ မင်းရမှာ...
ငါခေါ်တာ မလာရင် ငါကတော့ sorryပဲ "
" ခုရောက်နေပြီပဲ ကိုကြီးရာ.....
ဒီလိုကျတော့လည်း နားအေးပါးအေးနဲ့လွတ်လပ်သား "
" ကဲ...ကဲ....စကားမများကြနဲ့တော့....
ငါတို့လေးယောက် ဒီနေ့ညလုံးဝအပြတ်ကဲပစ်မယ်။ "
" ဟုတ်တယ်....ဟား ဟား ဟား "
VIPခန်းအတွင်းမှ ရယ်မောနေကြသူများသည်
သူတို့ဆီအလုံးအရင်းလိုက်ဝင်လာတော့မည့်
စူနာမီလှိုင်းလုံးကြီးအား မမြင်မကြပေ။
###############################
ကိုယ့်ရဲ့ မကောင်းမကမ်း ficလေးကို
ဖတ်ပေးကြတဲ့သုတွေအကုန်လုံးကိုကျေးဇူးပါလို့။
အရေးအသားညံ့ဖျင်းမှုကြောင့် အမှားပါရင်လည်း
နားလည်ပေးကြပါလို့။
Love u all😍😘
Continue Reading
You'll Also Like
224K 6.5K 77
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
6.4K 482 12
"Cybot Test 001 Activate" "Cybot - Test 001- as - per- command - of - Dr.PJM - activated." *** "You-don't-know-anything. I-might-be-a-cybot-but-I-hav...
223K 4.6K 36
I will include the boys: Newt Thomas Gally & Minho I will update every day or at least 7 times a week (maybe in the same day). I take requests just...
71.6K 2.9K 25
One year after the New York 'incident' and Bruce Banner and Tony Stark have just finished putting New York and The Avengers Tower back to rights. Now...