လေပြည်မရှိသောအရပ် Season.1 (C...
By LavenderPan-7
1.7M 176K 11.8K
My second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creatio... More
Intro
ကောင်းကင်ပြာသည် ပြိုကျတတ်ပါသလား?
Part.2: ငရဲပြည် မှအတန်းဖော် ..
PART.3:: ခတ်နှင်း ဒဏ်ရာ မပျောက်စေသော်
Part.4း အမှန်တကယ်သေဆုံးနေ ့
Part :5:: လူသတ်ခွင့်ပြုပါ..။
Part.7:: ကျူးလစ်ဖြူ ပွင့်သည့်နေ့။
Part. : 8: တစ်ခဏ ခိုနားခဲ့ဖူးပါသည္ ။
PARt:9: တူညီခြင်း ၏ခြားနားချက်
PART ::10 :: မင်းမသိလည်းဖြစ်တယ် ..
PART ;11:: လှောင်အိမ်ရှင် ၏ ရှာဖွေရာ
PART:12တစ်သက်တာအာမခံ.။
Part.13::ရင်မခုန်တတ်ပါ..။
PART :14 :: ထီးစိမ်းကလေး...
PART:15::မှားယွင်းခဲ့သည်မှာ အစထဲက..
Part.16 ::မင်းမသိခဲ့သော
Part.17::ချန်ရစ်သူ နှင့် ချန်ထားသူ
Part.18::ပိုင်ရှင်ရှိ အရုပ်ငယ်
Part.19::ပြန်ဆုံဖြစ်ခဲ့ကြရင်
Part.20::ထပ်ပြီးချစ်ခွင့်ရမယ်ဆိုရင်
Part.21::ကြင်သူမြင်ပါလှည့်
Part.22::လေပြည်ဆိုသည်မှာ..
Part.23::ငါမဟုတ်တဲ့ငါ
Part.24::ဆွံ့အကလေးငယ်
Part.25::ငါမသိတဲ့ငါ့ဒဏ်ရာ
Part. 26::ဒီနေရာ လေးမှာ..ပဲ..
Part.27:: နာကျင်စေဦးမည် ဆိုပါလျှင်လည်း
Part.28::လူသားတစ်ယောက်၏ အတ္တ
Part.29::အဝေးဆုံးတွေ ဖြစ်ခဲ့ကြမယ်ဆိုရင်(1)
အဝေးဆုံးတွေဖြစ်ခဲ့ကြမယ်ဆိုရင်(2)
Part.30(အတိတ်ဟူသည်)
PART:31:: ကဗျာမဆန် ပန်းချီ မဟန်ခဲ့ပါသော်လည်း
Part 32:ပိုင်ရှင်မဲ့ဂီတာ
Part 33:ပြန်လမ်းမဲ့ခဲ့လေသော
Part.34(1):လွတ်မြောက်စေ
ငြိမ်းချမ်းပါစေ နေကြာပန်းငယ်
Part.35::ကျူးလစ်ဖြူတွေစိုက်တဲ့သူ
Part.36::စောင့်နေသူ
မင်းရှိသောအရပ် (final)
မောင်
လေပြည်မရှိသောအရပ်(Season-2)
Part.6:: လေပြည် ၏ စတင်ကျီစယ်ခြင်း
44.7K 5.4K 342
By LavenderPan-7
Zawgyi...
ဟမ်..။
" ဘာလို့ လဲ "
" မင်းချစ်သူလေ "
" ဘာလဲ မူနေတာလား မင်းက "
.
မောင်
စကားကိုအဆုံးထိမဆိုလိုက်ရ ပတ်တီးစတို့အနည်းငယ်ပေါ်နေသည့် ကျနော့်ရင်ဘတ်ကို ဆောင့်တွန်းလိုက်တာမလို့ ကျက်ကာစဒဏ်ရာမှသွေးအချို့စိမ့်ထွက်လာကာ လူကခွေကနဲ.လဲကျသွားသည့်ကျနော့်ဘေး
မတ်တပ်ရပ်သည်..။
စိုင်းရှန်ဟတ်ကို ကျနော်စိတ်ပျက်လက်ပျက်သာကြည့်နေမိသည်မှာ စိတ်ဆိုးဖို့တောင်အားမရှိတော့
....
...
ဝယ်ကျွေးရသည့်အဖြစ်..။
...
Unicode
PART .6:: လေပြည် ၏ စတင်ကျီစယ်ခြင်း
" ဒုန်း " စားပွဲခုံပေါ် ဆောင့်ချလိုက်တဲ့ လွယ်အိတ်သံက ခုံပေါ် ဘေးစောင်းအိပ်နေတဲ့ ကျနော့်နားအူသွားစေသည် ။ သေချာပေါက် စိုင်းရှန်ဟတ် ပဲ ။ ဘာတွေစိတ်မကြည်နေလည်းမသိပေမယ့် အရေးကြီးတာက ကျနော့် ဘက်လှည့်မလာဖို ့။ ညကလည်း လူနာစောင့်ပေးရလို ့ အခုထိကျနော် အိပ်ရေးမ၀နိုင် ။ ဆရာ မ၀င်သေးတာကြောင့် ပြတင်းပေါက် ဘက်လှည့်ကာ ပြန်ငိုက်နေစဉ်
" ရှန်ဟတ် ညနေ ကျောင်းပြန် ဘတ်စကတ်ဘောသွားကစားရအောင်ကွာ "
အင်း ။ဒီအသံကအတန်းထဲက စိုင်းသီဟ အသံ ။စိုင်းရှန်ဟတ် နဲ ့အတွဲဆုံးဖြစ်ပြီး စိုင်းရှန်ဟတ်ဘာလုပ်လုပ် နောက်မှ ပါတတ်တာကြောင့် ရှန်ဟတ်နောက်လိုက်ခွေး လို ့လည်းခေါ်ကြသလို စိုင်းရှန်ဟတ်ရဲ ့အချစ်ဆုံးသူငယ်ချင်း လို ့လည်းပြောတတ်ကြပြန်တယ်..။ ။ဒါပေမယ့်သူလည်း သူ ့ဟာနဲ ့သူ အတော်ဆိုးပေသည်ပင် ။ ကျနော်မှေးခနဲ ဖြစ်သွားပြန်တဲ့အချိန်
" လူသတ်သမားသားကိုကြည့်မနေနဲ ့ ရှန်ဟတ်ရာ ပြောစမ်းပါ ။ "
ကျနော့်ကိုကြည့်နေပြန်တာလား ။ပြတင်းပေါက်မှ မျက်နှာလွဲ ဘေးခုံကို မသိမသာစောင်းငဲ့တဲ့အခါ စိုင်းရှန်ဟတ်ရဲ့ မျက်၀န်းညို တွေနဲ ့ဆုံ သည်။ တကယ်ကြီး ကျနော့်ကိုကြည့်နေတာလား။ ပြတင်းပေါက်ကို ကြည့်နေတာလဲ ဖြစ်နိုင်တာပဲမလား။
" နောက်မှပေါ့ သီဟ ဒီနေ ့ငါ့မှာ တစ်ခြားပျော်စရာ ရှိနေတယ် ။ "
ကျနော့်ကိုကြည့်ပြီးသာ ပြောနေတဲ့စိုင်းရှန်ဟတ် ရဲ့ စကားအဆုံးမှာ သီဟကျနော့်ကိုစူးစူးးဝါးဝါးကြည့် တောက်တစ်ချက်ခေါက်လှည့်ထွက်သွားသည် ။အခုအခြေအနေက ကျနော် တစ်ယောက် ထဲ နားမလည်ဖြစ်နိုင်တာလား ။စိုင်းရှန််ဟတ်ကတော့ သီဟ အပြုအမူ ကို ဂရုမစိုက်သလ်ု ဒီဘက်လှည့်လာသည်။သူ ကျနော့်ကို ဘာလုပ်တော့မှာလဲ ။ပြတင်းပေါက်ကို အမြန်လွှဲလိုက်သည့် ကျနော့်မျက်နှာကို သူကခပ်တင်းတင်းဆွဲမော့သည်။
" နေ ့လည်ကြရင် ငါနဲ ့အတူ မုန် ့စားချင်လား "
ဟမ်..။
အံံ့သြမိသော်လည်း ကျနော်အမြန်ပင်ငြင်းဖြစ်လိုက်သည်။သူ ့မျက်ခုံးတွေ တွန် ့ကွေးသွားခဲ့သည်။
" ဘာလို ့လဲ "
" အဲဒါ သူငယ်ချင်းတွေလုပ်တဲ့အလုပ်တွေ'
"ဒါဆို ငါနဲ့မင်းသူငယ်ချင်းလုပ်ကြတာပေါ့''
သူဆေးထိုးမှားသွားသည်လား ဟိုတစ်နေ့ကတင်ကျနော့်သွေးအေးအေးနဲ့လှီးဖြတ်ခဲ့သောဒဏ်ရာများ အနာတောင်မကျက်သေးတာသေချာပါသည်..။
"လွန်ခဲ့တဲ့နှစ်တွေက နံစော်တယ်ဆိုပြီးသူငယ်ချင်းလုပ်ဖို့နေနေသာသာ တစ် တန်းတည်းတောင်မထိုင်နိုင်လို့ ပူကျစ်နေတဲ့ဟင်းရည်နဲ့မင်းပတ်ခဲ့တဲ့ ကလေးကိုမင်းမမေ့ဘူးမလား..စိုင်းရှန်ဟတ်''
ကျနော့်စကားအဆုံး သူ့မျက်ဝန်းတွေ..အရင်လိုပြန်အေးစက်သွားကာ အလွန်မုန်းခဲ့ရသောအပြုံးတစက
ပြန်လည်ရောက်ရှိလာသည်..။
"မင်းကငါနဲ့သူငယ်ချင်းဖြစ်ခွင့်ငြင်းတယ်ပေါ့..''
အခုထိဘာတွေပြောချင်နေမှန်းမသိဘဲ ကျနော်စိတ်ရှုပ်လာရသည်...။
ဘာလဲ..ပျင်းနေလို့ကျနော့်ကိုခေါ်ကစားနေတာလား?? အလိုမကျရင်နှိပ်စက်ဖို့လား??
"စိုင်းရှန်ဟတ် မင်းလိုလူမျိုးနဲ့ငါဘယ်တော့မှသူငယ်ချင်း ဖြစ်မလာနိုင်ဘူး မင်းလဲမဖြစ်ချင်ခဲ့ဖူးဘူးမလား''
သူကဟက်ဟက်ပက်ပက်ပြုံးကာ ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ထို ့နောက် ကျနော့်မေးဖျားကိုသူလုပ်နေကြအတိုင်း
ခပ်တင်းတင်းဆုပ်ကိုင်ပြန် သည်..။
"ဒါပေါ့..နောင်လေး မင်းသိသင့်တယ်တကယ်ဆိုငါမင်းကိုအခွင့်ရေးပေးခဲ့တာ...ငါ့သူငယ်ချင်းအဖြစ်နဲ့ပဲမင်းနေဖို့
ဒါပေမဲ့အဲအခွင့်အရေးမင်းဖျက်ဆီးလိုက်ပြီ..အဲတော့မင်းကငါ့ချစ်သူအနေနဲ့နေရတော့မယ်''
ဘယ်လို..!!ကျနော်စိတ်ရှိလက်ရှိသာအော်ချပလိုက်ချင်သည်။
ယောကျာ်းလေးချင်း ။သူကျနော့်ကို ဘယ်လိုများမြင်နေခဲ့တာလဲ ။ဒီအရူးကို တစ်ယောက်ယောက်များမတားပေးနိုင်ဘူးလား
နှိပ်စက်ချင်တိုင်းနှိပ်စက် ။နှိမ့်ချချင်တိုင်းနှိမ့်ချ ၊သူသူငယ်ချင်းဖြစ်ချင်တော့ကျနော်ကဖြစ်ပေး ၊သူပြောသမျှကျနော်ကလုပ်ရအောင် သူကဘာမလို့လဲ? ပြီးတော့ချစ်သူလုပ်ရအောင်ဆိုတဲ့ သူ့ပုံစံကသူလိုသမျှရတော့မလိုပင် ။
တခြားမိန်းကလေးတွေပေါလွန်းလို့ ဘာမလို့ကျနော့်ကိုမှ စိတ်တိုလွန်း၍ရူးတော့မည်ထင်သည်..။
" မင်းဘာဖြစ်ချင်နေတာလဲ စိုင်းရှန်ဟတ် "
" မင်းချစ်သူလေ "
ဘေးကအတန်းထဲကလူတွေ ကြားသွားမှာတောင် ကျနော် သေမလိုရှက်ရွံ ့သည်။ သူ အခြောက်လို ကျနော့်ကိုဆက်ဆံလိုက်တာလား ။လူသတ်သမားသား လို ဆက်ဆံတာ အားမရလို ့ ။ဒီနာမည်ပြောင်ကိုလည်း ငယ်ငယ်ထဲက သူပဲစခေါ်ခဲ့တာ ။သူပဲ ။ကျနော့်ကိုအနှိမ်ခံ အပယ်ခံဖြစ်စေခဲ့တာ ။
"မင်းရူးနေတာလား..စိုင်းရှန်ဟတ် ငါ့ကိုမင်းဒီလောက်နှိပ်စက်လို့မင်းဘာပြန်ရမှာလဲဟမ်
မင်းဘာကြောင့်ငါ့ကိုပဲအမြဲ.လဲ ။မင်းမနှိပ်စက်လဲလူသတ်သမားသားငါ့ဘဝက ပျော်စရာမကောင်းပါဘူး
လူတကာထက်နိမ့်ကျပြီးသားငါ့ဘဝကို ခုလိုနှိပ်စက်ရတာမင်းသိပ်ပျော်လားစိုင်းရှန်ဟတ်
ငါ့ကိုပြောစမ်းပါ..ငါမင်းအပေါ်ဘာများမှားခဲ့မိလို့ မင်းငါ့ကိုဒီလို.''
" ဘာလဲ မူနေတာလား မင်းက "
ဟာ..။ မိမိရရ တစ်ချက်.. ထိုးပလိုက်ဖို့ပြင်တော့ သူကကျနော့်လက်ကိုပြန်ဖမ်းဆွဲထားကာ နောက်ပြန်လိမ်လိုက်သည်မှာ သူကပဲတော်လွန်းနေသည်လား??
"အ..မင်းငါ့ကိုလွှတ်စမ်း..''
နာနေသည့်လက်ကြောင့် အတင်းရုန်းမိပြန်တော့ သူကအသာအယာပင်ပြန်လွှတ်ပေးရင်း အေးအေးလူလူပဲ ကြည့်နေသည်..။
.
"ဟက်..သိပ်ကလန်ကဆန်မလုပ်စမ်းနဲ့..ချစ်သူဖြစ်ပြီဆိုပေမဲ့လည်း မောင်သည်းမခံနိုင်ဘူး..''
မောင်
သူသုံးသွားသည့်အသုံးအနှုန်းကြောင့် နောင်နာနေသည့်လက်ပင်ဂရုစိုက်မအား အံ့သြတကြီးသာကြည့်နေမိသည်..။ သူကတော့ကျနော်ဖြစ်နေသည့်ပုံကို နားလည်ဟန်ခပ်ထေ့ထေ့ပြုံးသည်..။
"ဟုတ်တယ် ချစ်သူတွေဖြစ်သွားပြီ အခုချိန်ကစမောင်လို့မင်းကငါ့ကိုခေါ်ရမယ်ပြီးတော့'
သူကစကားစကိုခဏဖြတ်ကာ ကျနော့်လက်ဖမိုးပေါ်ကဟင်းရည်ပူနဲ့ထိခဲ့သည့်အမာရွတ်ဟောင်းကိုကြည့်နေသည်..။
"လွန်ခဲ့တဲ့နှစ်တွေကိုမမှတ်မိရအောင် မောင် ညဏ်မတုံး သေးဘူး....''
"စိုင်းရှန်ဟတ်..မင်း..အာ့''
"ဘယ်လိုခေါ်ဖို့မင်းကိုပြောထားလဲ''
စကားကိုအဆုံးထိမဆိုလိုက်ရ ပတ်တီးစတို့အနည်းငယ်ပေါ်နေသည့် ကျနော့်ရင်ဘတ်ကို ဆောင့်တွန်းလိုက်တာမလို့ ကျက်ကာစဒဏ်ရာမှသွေးအချိူ့စိမ့်ထွက်လာကာ လူကခွေကနဲ.လဲကျသွားသည့်ကျနော့်ဘေး
ဒူးထောက်ထိုင်ကာ.. ဖရိုဖရဲကျနော့်ဆံပင်တွေသပ်တင်နေပုံကခွေးတစ်ကောင်ကိုချော့မြူနေသလို
သူပြောသည့်ချစ်သူဆိုသည့်အဓိပ္ပါယ်က ဘာကိုဆိုလိုသနည်း
ကျနော်စတင်သဘောပေါက်လာခဲ့သည်..။
"စကားနားမထောင်ရင် ပိုပြီးအပြစ်ပေးရလိမ့်မယ်..မင်းပိုနာကျင်ရလိမ့်မယ်နောင်ချစ်သူတွေဖြစ်သွားတဲ့အတွက်အရင်ကထက်
မင်းကိုချုပ်ကိုင်ခွင့်ရှိလာပြီမလား..
ကဲ နောက်တခါမောင်လို့ပဲခေါ်သံကြားချင်တယ်..''
ကျနော့်ဆံပင်တွေကိုခပ်ဖွဖွသပ်တင်ပေးနေပြီးမှ
မတ်တပ်ရပ်သည်..။
"တစ်ခါလောက်လိမ္မာစမ်းပါ..နောင်လေး''
ပြောချင်ရာတွေပြောပြီး ကျောင်းယူနီဖောင်း ကိုတချက်ဆွဲဆန့်ကာ လှည့်ထွက်သွားသည့်ငွေဖြူရောင်ဆံပင်တွေနဲ့
စိုင်းရှန်ဟတ်ကို ကျေနော်စိတ်ပျက်လက်ပျက်သာကြည့်နေမိသည်မှာ စိတ်ဆိုးဖို့တောင်အားမရှိတော့
ဘုရားသခင်!? ဒီအရူးကိုတကယ်ပဲဆေးမကုပေးနိုင်ကြတော့ဘူးလားလေ
နားလည်ရခက်မှန်းသိပေမဲ့နားလည်ဖို့မကြိုးစားပါနဲ့လား
ဘယ်သူလဲ မင်းသိတဲ့တစ်နေ့..လေပြည်လိုပဲ..
ဟိုးအဝေးကို..မောင်ပျောက်ကွယ်သွားရလိမ့်မယ်
...
အဖွဲ့အတွက်.. လိုအပ်သောစာတမ်းကို.. နောင်...တခေါက်စစ်ပြီးသည်နှင့် အားရပါးရ..အညောင်းဆန့် လိုက်သည်..။ဘာမှ မယ်မယ်ရရ မလုပ်တတ်သောကျနော့်ကို စာစစ်ရုံသာခိုင်းလိုက်တာပေမယ့် တာ၀န်ကြီးတစ်ခုလို ကျေပွန်အောင် သေချာစစ်ပေးမိသည်.။ အဖွဲ ့ကနေသေုံးဖို ့ထည့်ပေးလိုက်သည့် လက်တော့ကိုပိတ်လိုက်ရင်း ကြီးကြီးခုတင် ဘေးအောက်ကကြမ်းပြင်ရှိ ဖျာပေါ်ကျောဆန့်ကာလှဲမိတဲ့အချိန် ဆေးရုံခန်းထဲရှိနာရီကနှစ်နာရီကိုဖော်ပြနေသည်...။
အနည်းငယ်အောင့်လာသောဗိုက်ကြောင့် ညစာမစားရသေးတာကိုအသာလျစ်လျူရှုမိကာ အိပ်စက်ရန်သာပြင်မိသည်..။
ပေါင်မုန့်တစ်လုံးဝယ်ဖို့ကအစကျနော်နှမြောသည် မှန်ပါသော်လည်းစားချင်စိတ်တကယ်မရှိလှ..ကြီးကြီးဆေးဝယ်ဖို့တောင်ပိုက်ဆံက
မလောက်တော့တဲ့ဟာကို..ကြီးကြီးကသာဒိုင်ခံဟင်းချက်ကျွေးနေကြမလို့ ကျနော်ကြီးကြီးစားဖို့ဆန်ပြုတ်တောင်
ဝယ်ကျွေးရသည့်အဖြစ်..။
ကျောင်းကကျွေးသောနေ့လည်စာတစ်နပ်ကိုသာ အားပြုစားဖြစ်ရင်း နဂို အစားနည်းလို့လဲအဆင်ပြေသည်..။ဘေးမှ အနည်းငယ်ပြဲနေသောလွယ်အိတ်လေးက သူ့ကိုပြုံးပြလျက် ကြီးကြီးသာသိလျှင်တော့ မျက်မှန်ဝိုင်းလေးတပ်ကာထိုင်ချုပ်ပေးလိမ့်မည်ထင်သည်..။စကားသာအနည်းငယ်ပြောနိုင်တော့သော ကြီးကြီးပုံစံက သိပ်အားရစရာတော့မကောင်းလှ..။
မျက်လုံးကအနည်းငယ်ကျိန်းစပ်နေလျက် ..ကြီးကြီးစဖြစ်ချိန်ထဲက ဘာလိုလိုနဲ့သူအိပ်ရေးပျက်တဲ့ညတွေလည်း
တဖြည်းဖြည်းများလာပါရော့လား..ကျောင်းသားတစ်ယောက် ဖြစ်သူကျနော့်အတွက် စာကျက်ချိန်ပင်မရှိ.. ကျနော်လည်းစာသိပ်စိတ်မဝင်စားလှတာမလို့ ကြီးကြီးသာလက်ခံ လျှင် ကျနော်စိတ်လိုလက်ရထွက်မိလောက်သည်..။
ကျောင်းဟူသည်ကျနော့်အတွက် အလှောင်ခံစရာနေရာတစ်ခုအဖြစ်မပိုဖူးခဲ့..ဂိုဏ်းအဖွဲ ့ထဲပဲစိတ်အေးလက်အေး
ဝင်ပစ်နေမိမှာအမှန်..။ကျောင်းဟူသောအတွေးနဲ့အတူ မောက်မာလွန်းသောမျက်နှာတစ်ခုက အတွေးထဲပေါ်လာသည်..။
မောင်လို့ခေါ်ရမယ်ဆိုပဲ... ရူးများနေလေသလားနော်.. သိပ်လည်းကျပ်ပြည့်ပုံမရပါလေဟု ခပ်နာနာတွေးမိသည်..။ ဆေးရုံမျက်နှာကြက်ကိုကြည့်ရင်း အတွေးတွေကဟိုရောက်ဒီရောက်ပင်..။
နေ့လည်ကအဖြစ်ကိုစိတ်ရောက်တော့ လူကငိုချင်လာသည်..။ ကြီးကြီးရဲ့အထည်ဆိုင်လေးရောင်းရသောပိုက်ဆံနှင့်
ဆင်ခြေဖုံးအိမ်လေးကိုပေါင်လိုက်တော့ ကြီးကြီးခွဲစိတ်ခတော့ရသည်..။အဖွဲ ့ကပေးလိုက်သည့် လစာပဲဆိုရမလား ။နောက်ဆုံးတစ်ခေါက်စာစစ်တုန်းက ပေးလိုက်သည့် ပိုက်ဆံလေးနှင့် ဖေဖေဝယ်ပေးခဲ့သည့်ကြီးကြီးတစ်ခုထဲသောနားကပ်လေးအား
ပြန်ရွေးပေးရန်သွားခဲ့သော်လည်း
"ဟေ့မင်းတို့ပေါင်တာဒီလောက်ကြာပြီကို အတိုးနဲ့တင်ချေလိုက်တော့''
ဆိုင်ရှေ့မှာကျနော်ရပ်နေခဲ့သည်မှာအတော်ကြာကြာ.။ကျနော်ဂီတာ လိုချင်လွန်းလို့ နားကပ်လေးပေါင်ကာဝယ်ပေးခဲ့သောကြီးကြီး.. ဖေဖေ့ကိုသိပ်ချစ်သောကြီးကြီးသည်ထိုနားကပ်လေးအားတန်ဖိုးထားမှန်းကျနေယ်သိသည်..။
ကျနော်သိပ်ဆိုးလွန်းခဲ့တာလားကြီးကြီး ။ဘယ်လိုနည်းနဲ့ဖြစ်စေ ရအောင်ဆွဲထားမှာမလို့ ကျနော့်အနားဆက်ရှိနေပေးပါဦးနော်..ဆက်ပြီး ရှိနေပေးပါ ။
...
ဆုံးရှုံးရမယ်မှန်းသိကာမှတန်ဖိုးအလွန်ရှိမှန်း
နားလည်လာရသည့်အရာတော်တော်များ
ကျနော်တို့ဘေးတွင်အမှတ်မထင်ရှိနေတတ်ကြသည်..။
Continue Reading
You'll Also Like
323K 25.9K 29
Mini Story Uni Life Style Sweet Romance
1.1M 47.6K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
70.8K 5.4K 39
მოგესალმებით ეს ჩემი პირველი ფიკია გთხოვთ წაიკითხოთ. ----------------------------------------------------------------- ფიკი გოგოზეა რომელსაც ჯონქუქი...
208K 11.6K 52
မထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယေ...