Zawgyi
အား ျခင္ကုိက္လုိက္တာ .....
ပုံမွန္ေရာက္ခ်ိန္ထက္ ေတာ္ေတာ္ေနာက္က်ေနသည့္ကိုကို႔ေၾကာင့္ ကြၽန္ေတာ့မွာ ဖုန္းကိုကိုင္ရင္းေသြးလႈုေနရသည့္အျဖစ္။
ျခင္လုံဇကာတတ္ပါ့မယ္ဆုိတာကုိ ဘာျဖစ္တယ္၊
ညာျဖစ္တယ္နဲ႔ဘာမွလည္းသိပ္ကုန္တာမဟုတ္ဘူး
ပဲကုိ။ေခြ်တာတာကေကာင္းေပမယ့္ ကုိကုိ႔ဟာက
ကပ္ေစးနည္းတဲ့ဘက္ကုိေရာက္ေနျပီ။
ကြ်န္ေတာ္တုိ႔နွစ္ေယာက္လုံး ရန္ကုန္မွာ
တုိက္ခန္းတစ္ခန္း၀ယ္ျပီးေနျဖစ္ၾကတယ္ေလ။
ကုိကုိက ကေလာကအိမ္ကုိေရာင္းဖုိ႔ေျပာလာတဲ့ေန႕က ကြ်န္ေတာ္တုိ႔ရန္ျဖစ္ၾကတာမွတ္မိေသးသည္။
ေနာက္ဆုံးေတာ့ကေလာအိမ္ကုိလည္းမေရာင္း
ကြ်န္ေတာ္အရင္ေနခဲ့တဲ့တုိက္ခန္းကုိလည္းမေနဖုိ႔
အျပန္အလွန္ဆုံးျဖတ္ျပီးမွ အခုလက္ရွိတုိက္ခန္းကုိ
ဘဏ္နွင့္ခ်ိတ္ျပီး အရစ္က်၀ယ္ထားတာျဖစ္သည္။
ကုိကုိက Private School တစ္ခုသုိ႔ Transfer
လုပ္လုိက္သလုိ ကြ်န္ေတာ္က ဟုိမွာလုပ္လက္စ Company ရဲ႕ေထာက္ခံမႈျဖင့္ ဒီဘက္ကရုံးခြဲတစ္ခုမွာအလုပ္ရခဲ့ျခင္းျဖစ္သည္။ ခင္ဗ်ားတုိ႔ကေတာ့
လြယ္ကူေခ်ာေမြ႔လုိက္တာလုိ႔ ထင္ေကာင္းထင္နုိင္
ေပမယ့္ တုိက္ခန္းအတြက္လစဥ္အရစ္က်ေငြေရာ၊ အစစအရာရာ အသစ္ကစတင္ရသူမ်ားျဖစ္ျပီး ေယာက်ာ္းေလးလည္းျဖစ္ေတာ့ တုိလီမုတ္စကအစ
အကုန္၀ယ္ျခမ္းရတာပင္။
ဒီၾကားထဲ အေကာင္းၾကိဳက္တဲ့ကြ်န္ေတာ္က
ေခတ္ေပၚပစၥည္းေတြကုိမ်က္စိက်တတ္ေသးျပန္၊
အိမ္ခန္းဆုိလည္း အလွဆင္ခ်င္ရတာနဲ႔ပဲ
ကြ်န္ေတာ္တုိ႔နွစ္ေယာက္လစာမွာ အမ်ားၾကီးပုိပုိလ်ွံလ်ွံ
မရွိ။
တစ္ေနကုန္အလုပ္သြားေနရသူေတြဆုိေတာ့
ဗုိက္အာဟာရကိုလည္း ၾကဳံသလုိေျဖရွင္းရျပန္ရာ
စရိတ္ကလည္းမေသး။ ကုိကုိကေတာ့ နဂုိကတည္းက
ေရာင့္ရဲတတ္သူမုိ႔ကိစၥမရွိေသာ္လည္း ကြ်န္ေတာ္က
ေတာ့ နည္းနည္းတုိင္ပတ္သည္။
ဟုိနွစ္ေတြကေတာ့ လုိအပ္တာ၊ လုိခ်င္တာမရွိခဲ့။
အလုပ္နဲ႔ေက်ာင္းစာကုိပဲ အာရုံစုိက္ေနခဲ့တာ။
အဲ့တုန္းကေတာ့ အခ်စ္ကေသေနတာကုိး အခုေတာ့
အခ်စ္ကျပန္လည္ေပါက္ဖြားခ်ိန္ဆုိေတာ့လည္း
လုိခ်င္မ်က္စိေတြက ျပန္လည္ၾကီးထြားလာရျပန္သည္။
ကုိကုိနဲ႕အတူတူရွိရရင္ဘာမဆုိျဖစ္ျပီဟုထင္ခဲ့ေသာ
ကြ်န္ေတာ့အေတြးမ်ားမွားယြင္းေၾကာင္း ကြ်န္ေတာ္ Like နွိပ္ထားေသာ Online shop မ်ားက သက္ေသ။
Alibaba နွင့္ Amazon, Aliexpress တို႔ကလည္း
ေလွာင္ေျပာင္ၾကျပန္ရာ နွစ္ကုိယ္တူတဲအုိပ်က္မွာ
ထမင္းရည္မေသာက္နုိင္ဆုိတာ ဒါမ်ိဳးပင္ျဖစ္မည္ဟု
ေတြးမိသည္။ ေအးေလ ခေနာဆန္ျပဳတ္ေလာက္ဆုိ
ဟုတ္ေသး။ အာ မဟုတ္တဲ့အေတြးေတြက
၀င္လာျပန္ျပီ ငါ့နွယ္။အဲ့လုိပဲ အေကာင္းေတြေနျပီဆုိ
ထထေဖာက္ေတာ့တာ။
ကြၽန္ေတာ္တို႔နွစ္ေယာက္အတူေနၾကေတာ့ကြ်န္ေတာ့
ဘက္ကေတာ့ ေကာင္းသည္၊ ဆုိးသည္ ၀င္မစြက္ဖက္
ေတာ့ဘဲ ဥေပကၡာကုိျပဳထားလုိက္ေတာ့သည့္သေဘာမ်ိဳး။ ေမေမကေတာ့ တစ္ခါတေလ ဖုန္းဆက္တတ္သည္။တစ္ခါတုန္းကေတာ့ အိမ္ခန္း၀ယ္ေပးဖုိ႔ တုိးတုိးတိတ္တိတ္ေျပာခဲ့ေပမယ့္ကြ်န္ေတာ္လက္မခံခဲ့။ ကြ်န္ေတာ့အ
သက္ 22 23 ျဖစ္ေနျပီ။ က်န္းမာျပီး လူအင္အားေရာ၊ ဦးေနွာက္အင္အားပါျပည့္၀သူျဖစ္လုိ႔ ကိုယ့္ေျခ
ေထာက္ေပၚကုိယ္ရပ္သင့္သည္ဟုထင္သည္။
အထူးသျဖင့္ သူတုိ႔လက္မခံလုိသည့္ကိစၥရပ္မ်ိဳးကုိ
ေရြးခ်ယ္ထားသူျဖစ္၍ ကုိယ့္ေရြးခ်ယ္မႈကုိယ္တာ၀န္ယူရမည္ေလ။
ပါပါးအေနျဖင့္ ကြ်န္ေတာ့ကုိ ကုိကုိ႔ဆီလႊတ္ခဲ့ျခင္းတြင္
မင္းဘာျဖစ္မလဲ ငါေစာင့္ၾကည့္ေနမယ္ ဟူသည့္
သေဘာမ်ိဳးတစြန္းတစပါ၀င္မည္ဟု သိေသာ္ျငား
ကြ်န္ေတာ္မတုန္႔ျပန္မိ။ မိဘပဲေလ .... သားသမီးကုိ
အေကာင္းဆုံးျဖစ္ေစခ်င္သည့္ အတၱမ်ိဳးကေတာ့ရွိမွာပဲ
မဟုတ္လား။
သူ႔အတြက္မ်က္နွာပ်က္မွာကုိရွက္သည္ကေတာ့
တစ္ေၾကာင္းေပါ့။ ဒါကလည္း ပိုျပီးအရြယ္ေရာက္လာ
သည့္အခါ ပုိျပီးသိလာရသည့္အပုိင္းအစမ်ားသာ။
မိမိသား Gay ျဖစ္သည္ကို ဘယ္မိဘကေတာ့
အျမင္ၾကည္ပါ့မလဲေလ။
မတတ္သာလုိ႔ လႊတ္ခ်ေပးလုိက္ရတာေတာင္
တစ္ေန႔ေန႔ေတာ့သူ႔အရိပ္ျပန္ခုိမွာပဲဟု ထင္ေနတာကုိ
လည္းအျပစ္မတင္လုိေတာ့။ ဘာေတြပဲျဖစ္ေနေန
ေနအလင္းစက္တစ္ေယာက္ ဒီေန႔ဒီအခ်ိန္ ရန္ကုန္လုိ
ေနရာမ်ိဳးမွာ လစာ၀င္ေငြကုိ နုိင္ငံျခားေငြျဖင့္ရရွိျပီး Aircon ခန္းထဲတြင္ ေက်ာ့ေက်ာ့ေလးအလုပ္လုပ္နုိင္
ေအာင္ သူ႔အေဖ ဦးေနလင္းက အကုန္ပံ့ပုိးေပးခဲ့
သည္ကုိေတာ့ ကြ်န္ေတာ္ ၀န္ခံရပါလိမ့္မည္။
ျဖစ္ခဲ့ျပီးသမ်ွ ကိစၥရပ္တိုင္းအတြက္လည္း ကြ်န္ေတာ္ဘး
ဘယ္သူ႔ဘယ္သူကုိမွ တကယ္အျပစ္မတင္လုိေတာ့ပါ။ သုံးနွစ္ေက်ာ္ေလာက္ျဖတ္သန္းျပီးခဲ့ခ်ိန္တြင္ အခ်ိဳ႔အရာမ်ားမွာ ခါးသီးသေလာက္ အမွန္တရားပင္ျဖစ္ေၾကာင္းနွင့္ အခ်ိဳ႔အရာမ်ားမွာ ျဖစ္သင့္ျဖစ္ထုိက္ေသာသေဘာမ်ားဟု အနည္းငယ္ လက္ခံလာမိသည္။
မနာက်င္ဘူးလားဆုိေတာ့လည္းမဟုတ္။ ကြ်န္ေတာ့
အတြက္မဟုတ္ဘဲ ပါပါးအတြက္သီးသန္႔သာၾကီး
လုိက္ေသာ အတၱမ်ားမဟုတ္သည္ကုိ ေတြးမိ၍ျဖစ္
ည္။ ကြ်န္ေတာ္ဒီလုိေတြေျပာေနလုိ႔ ပါပါးကုိ စိတ္ေျပသ
သြားသည္လားဆုိျပန္ေတာ့လည္း မဟုတ္ျပန္။
ပါပါးလုပ္ခဲ့ေသာလုပ္ရပ္တုိင္းသည္ ကြ်န္ေတာ့အတြက္၊ ကုိကုိ႔အတြက္၊ ျမေသာ္ကအတြက္ အိမ္မက္ဆုိးမ်ားသာ
ျဖစ္ျပီး ျပန္လည္မေတြးခ်င္ေသာ အတိတ္ဆုိးမ်ားသာျဖစ္သည္။
သုိ႔ေသာ္ အနည္းဆုံးေတာ့ ပါပါးကတိတည္ခဲ့ပါသည္။ သူအမွန္တကယ္ပင္ကြ်န္ေတာ့ေဘးနားရွိေနရန္၊ ေႏြး
ေထြးေပးရန္ၾကိဳးစားခဲ့သည္ပဲေလ။ ေနထုိင္ရွင္သန္ေန
ရင္းနွင့္ပင္ ကုိယ္လက္မခံနုိင္၍ ဒါဟာအမွားပါလုိ႔
လက္ညိဳးထုိးရန္ခက္ခဲေသာ အေျခအေနတခ်ိဳ႔ကုိ
ကြ်န္ေတာ္တုိ႔အသိအမွတ္ျပဳရမွာပင္ျဖစ္သည္။
ကုိကုိ႔ေမေမကေတာ့ တစ္လတစ္ခါ ဟင္းေတြလာပုိ႔
တတ္ျပီး ဒီဆက္ဆံေရးကုိအမ်ိဳးအမည္တပ္ရန္ရႈိးတိုး
ရွန္႔တန္႔ျဖစ္ေနသည္တုိင္ ကြ်န္ေတာ့ကုိမ်က္နွာလႊဲခဲ
ပစ္ေတာ့မလုပ္။
အေကာင္းဆုံးကေတာ့ အစ္မပန္းလကာၤပင္။
ကြ်န္ေတာ့ကုိေမာင္ေလးတစ္ေယာက္လုိလက္ခံ
ခ်စ္ခင္ေပးျပီးမိသားစု၀င္တစ္ေယာက္အျဖစ္ အသိ
အမွတ္ျပဳေပးခဲ့သူ။ သူမေျပာသည္က ရုိးရုိးွရွင္းရွင္းပင္။
" ကုိကို႔ကုိခ်စ္တယ္ ... အဲ့ဒီေတာ့ ကုိကုိခ်စ္တဲ့
သူတုိင္းကုိ အစ္မခ်စ္မယ္။ကုိကုိေရြးခ်ယ္တဲ့သူဟာ
ဘယ္သူပဲျဖစ္ပါေစ။ ကုိကုိေရြးခ်ယ္တာျဖစ္တဲ့အတြက္
သူ႔ေရြးခ်ယ္မႈကုိ အစ္မေလးစားတယ္။ ေယာက်ာ္း၊
မိန္းမကအေရးမၾကီးဘူး င့ါေမာင္ရဲ႔... အစ္မအစ္ကုိခ်စ္တဲ့သူျဖစ္ရင္ ရျပီ"
ထပ္မက်ေတာ့ဘူးဟု ဆုံးျဖတ္ထားေသာမ်က္ရည္
တစ္စဟာ ကြ်န္ေတာ့မ်က္နွာေပၚမွ ျပဳံးလ်က္ပင္ခုန္ဆင္းသြားေသာအခါ ကြ်န္ေတာ္ေရာသူမပါ ရယ္ျဖစ္ခဲ့ၾကပါသည္။
အား!!! အေတြးလြန္ေနတာနဲ႔ လက္ဖ်ံေပၚက ျခင္
တစ္ေကာင္က အစာ၀၍သြားေခ်ျပီ။ဗိုက္၀ျပီးသည္နွင့္ဘ၀တစ္ပါးသုိ႔ကူးေျပာင္းရေတာ့မည္ကုိ မသိေသာ
ထိုျခင္အတြက္ ကြ်န္ေတာ္စိတ္မေကာင္းေသာ္လည္း သူ႔ဗိုက္ထဲကကြ်န္ေတာ့ေသြးမ်ားကုိ ေနာင္ဘ၀အထိ
သယ္မသြားနုိင္ျခင္းအတြက္ ကြ်န္ေတာ္ငါးခူျပဳံးျပဳံး
လိုက္မိသည္။
" R.I.P ပါ ေညးေရ"
တံခါးဖြင့္သံနဲ႔အတူ ကိုကိုဝင္လာသည္။
" ကိုကို ေနာက္က်လိုက္တာဗ်ာ။ ဖုန္းလည္းမဆက္ဘူး
Meeting လား"
ေယာက်ာ္းနွစ္ေယာက္ၾကား Relationship မွာက်
အခ်ိန္တစ္ခုကန္႔သတ္၍မရစေကာင္း။ အထူးသျဖင့္
ကိုယ္စီကလုပ္ငန္းခြင္ဝင္ေနေသာ အ႐ြယ္ေရာက္ၿပီး
သူမ်ားျဖစ္၍ နားလည္မႈဆိုတာ အလိုအေလ်ာက္
တတ္ေျမာက္ျခင္းအႏုပညာ။
" Sorry ညီ .... ကို ငယ္သူငယ္ခ်င္းေတြနဲ႔ေတြ႕ေနလို႔။
ဖုန္းဆက္ဖို႔လည္း အဆင္မေျပတာနဲ႔ "
" It's OK ကြၽန္ေတာ္ကစိတ္ပူသြားတာမို႔"
ျပန္မတုန္႔ျပန္ဘဲ အခန္းထဲတန္းဝင္သြားေတာ့ ကြၽန္ေတာ့မွာေရအိုးထဲကေရတစ္ခြက္ခပ္ၿပီး လိုက္ေပးရသည္။
ကိုကို႔ေမေမေပါ့ အိမ္တစ္လုံးျဖစ္လာရင္ အိုးနဲ႔အိမ္နဲ႔ျဖစ္မွ
ျပည့္စုံတယ္ဆိုၿပီး ပဲခူးကေရအိုးဆိုလား ဝယ္ပို႔လာသည္။ ဆိုးေတာ့မဆိုး ေရခဲေရေသာက္ရန္မသင့္သည့္အခ်ိန္မ်ိဳးတြင္ ေအာက္တြင္ေရစိုဝတ္ခံထားသည့္ ေျမအိုးက
ေအးစိမ့္သည့္အရသာကိုေပးသည္။
" ကိုကို ေရေသာက္ၿပီးမွခ်ိဳးေနာ္"
" အင္း ကေလး"
ကိုကိုေရခ်ိဳးခန္းထဲဝင္သြားမွ ေမြ့ယာေပၚပစ္လွဲခ်မိသည္။
ကိုကိုျပန္လာမွ ျပည့္စုံသြားတဲ့အခါ အိမ္ေထာင္ေရးဆိုတာဒါလားဟု ေတြးမိျပန္ေတာ့ ေခါင္းကုတ္မိသည္။
ေအးေလ တရားဝင္လက္မထပ္ထားေပမယ့္ အတူတူ
ေနရတာဆိုေတာ့ အိမ္ေထာင္ပဲေပါ့။
" အာ မသိဘူးကြာ ဘာျဖစ္ျဖစ္"
စားပြဲေပၚက ဖုန္းကျမည္လာတာမို႔ၾကည့္မိေတာ့
ဝတ္ရည္ ...။ Site ထဲမွ အလုပ္သင္ အင္ဂ်င္နီယာ
Dream မွာတုန္းက အခန္းေဖာ္တစ္ေယာက္ရဲ႕ညီမ။
ကြၽန္ေတာ္တို႔နွစ္ေယာက္အေၾကာင္းအကုန္သိၿပီး
ဖူဂ်ဳိဆိုလား ဖူဂ်ီဆိုလား သူ႔ဘာသူေတာ့ေျပာတာပဲ။
ကြၽန္ေတာ္တို႔ကို ဝန္းရံပါရေစဆိုၿပီး ဘယ္ေလာက္မ်က္နွာတည္တည္၊ ဘယ္လိုဆဲဆဲ မမႈ။ ၾကာေတ့ကိုယ္က
ပင္အားနာလာၿပီး ခင္လာရသည္အထိ။
ဒီေကာင္မေလး ဘာျဖစ္တာ။
" ေအး ေျပာ "
" အစ္ကို႔ .... အခုတင္ ဦးကိုေတြ႕လိုက္တယ္။
အဲ့ဒါလွမ္းေျပာတာ"
" ေအး အိမ္ျပန္လာတာေလ .... "
" ဟုတ္လား ဟီဟိ ... သမီးက မိုးခ်ဳပ္ေနေတာ့
အစ္ကို႔ကိုအသိေပးတာေလ "
" နင္ကတမ်ိဳး ... သြားသြား ငါအိပ္ေတာ့မို႔"
" ဟယ္ အိပ္ေတာ့မလို႔လား ... ဟုတ္ မေနွာင့္ယွက္ေတာ့ဘူး အဟိ"
ဖုန္းခ်ၿပီးေတာ့ သူ႔ရယ္သံကိုကိုယ္ပါရယ္ခ်င္လာရသည္။
တကယ္ကို လက္ေရာေျခပါေျမႇာက္သည္အထိပင္။
ကုတင္နားမွာရပ္ေနသည့္ကိုကို႔ကိုေမာ့ၾကည့္မိေတာ့
အေပၚပိုင္းဗလာနွင့္ ေအာက္ကပုဆိုးက ေရအနည္းငယ္စိုေနသည္။ ေရမသုတ္ရေသးသည့္ ဗိုက္သားမ်ားနားမွ
စီးက်ေနသည့္ေရမ်ားကိုၾကည့္ရင္း တံေတြးတစ္ခ်က္ၿမိဳခ်မိသည္။ ေရေတြျမင္ေတာ့ ေရဆာတယ္ထင္ပါရဲ႕။
ခုံေပၚကေရဘူးကုိယူကာ တရွိန္ထိုးေမာ့ခ်ပစ္ရသည္။
" ဒီအခ်ိန္ႀကီး ဘယ္သူလဲ ကေလး"
ေရဘူးကိုျပန္ခ်ၿပီး ဒီဘက္လွည့္ခ်ိန္ စြပ္က်ယ္တစ္ထည္ေကာက္စြပ္ရင္း လွမ္းေမးသည့္ကိုကို။
" အာ ဟိုေကာင္မေလး ဝတ္ရည္ေပါ့ "
" အခုတေလာ သူခဏ ခဏ ဆက္တယ္ေနာ္"
" အလကားပါကိုကိုရာ ဒီေကာင္မေလးကခ်ီးထုပ္"
ဘာမွျပန္မေျပာေတာ့ဘဲ အခန္းမီးကိုပိတ္ၿပီး ကုတင္ေပၚတက္ေနသည္မို႔ ကိုကိုပင္ပန္းလာသည္ဟုေတြးၿပီး
ကိုယ့္ေနရာကိုယ္ဝင္လွဲမိသည္။
msg ဝင္သံေၾကာင့္ ဖုန္းဖြင့္ၾကည့္ေတာ့
" ဘရားသားေရ Good Night ပါေနာ္ 😎 "
ခပ္တိုးတိုးဆဲေရးရင္းရယ္မိေတာ့ ေဘးကကိုကိုက လွည့္ၾကည့္လာသည္။
ဖုန္းကိုေထာင္ျပရင္း
" ဒီမွာေလ စ ေနလို႔"
စာျပန္ရိုက္မယ္ျပင္စဥ္ ကြၽန္ေတာ့လက္ထဲမွဖုန္းကိုဆြဲယူ
ၿပီး သူ႔ဘက္နားထားလိုက္သည့္ကိုကို။
" ကိုကို ျပန္ေပးဦး ကြၽန္ေတာ္မအိပ္ခ်င္ေသးဘူး
line သုံးဦးမယ္"
ဘာသံမွမၾကား။
ဒါနဲ႔ သူ႔ကိုေက်ာ္ၿပီးယူရန္ျပင္ခိုက္
ဝုန္းဆို ထထိုင္လိုက္တာမို႔ လန္႔ေတာင္သြားသည္။
" ကိုကို"
" မသုံးနဲ႔ေတာ့ အိပ္ေတာ့"
" ကိုကို ဘာျဖစ္ေနတာလဲ"
" ဘာမွမျဖစ္ဘူး ညီ အိပ္ေတာ့"
" တစ္ခုခုျဖစ္ေနတယ္ မဟုတ္လား။ ခုနျပန္လာ
ကတည္းက တမ်ိဳးပဲ"
ေျပာေနရင္း ဖုန္းကလင္းလာျပန္ရာ ကိုကိုက ေတာက္တစ္ခ်က္ေခါက္လိုက္သည္။ အဲ့လိုပုံစံကို မျမင္ဖူးခဲ့သည္မို႔ ကြၽန္ေတာ္ဆတ္ခနဲပင္ျဖစ္သြားရသည္။
ထို႔ေနာက္ ကိုကိုက ကြၽန္ေတာ့ကိုေက်ာခိုင္းကာထိုင္
လိုက္သည္။ ေခါင္းထဲလက္ထိုးထည့္ကာ ဆြဲဖြေန
သည္ကကိုကိုစိတ္ရႈပ္ရင္ လုပ္ေနက်အျပဳအမူ။
အနားသို႔အသာကပ္ရင္း
" ကိုကို ဘာျဖစ္ေနတာလဲ"
ေခါင္းသာယမ္းျပသည္။
"တစ္ခုခုျဖစ္ေနပါတယ္။ ကြၽန္ေတာ္သိတယ္
အလုပ္မွာအဆင္မေျပလို႔လား ကြၽန္ေတာ့ကိုေျပာျပေလ"
အေနာက္နားမွာထိုင္ရင္း ေက်ာကိုလွမ္းဖက္မိေတာ့
ကြၽန္ေတာ့လက္ေတြကိုဖယ္ခ်ပစ္သည္မို႔ အံ့ၾသသြားရသည္။
" ကိုကို "
မက္ေဆ့ခ်္သံေနာက္တစ္ခ်က္
ကိုကို႔ေတာက္ေခါက္သံေနာက္တစ္ခ်က္
" ကိုကို မဟုတ္မွ ကြၽန္ေတာ့ကိုသဝန္တိုေနတာလား"
ျပန္မေျဖ။
" ဟုတ္လားလို႔ "
မ်က္နွာကိုငုံ႔ထားဆဲ။
" ကိုကို ..... "
ရုတ္တရက္ ကြၽန္ေတာ့ဘက္သို႔လွည့္လာၿပီးဆြဲလွဲလိုက္တာမို႔ကြၽန္ေတာ္က ပက္လက္၊ ကိုကိုကကြၽန္ေတာ့အေပၚအုပ္မိုးလ်က္။ ျပတင္းေပါက္ဖြင့္ထားသည္မို႔ လမ္းမီး
တိုင္မ်ားမွ အလင္းျဖင့္ျမင္ေနရသည့္ ရဲေနေသာ
ကိုကို႔မ်က္နွာကိုကြၽန္ေတာ္မခန္႔မွန္းနိုင္ခဲ့။ ခပ္သင္းသင္း
ရေနသည့္ ေယာက်ာ္းေလးသုံးမ်က္နွာသစ္ေဆးနဲ႔ၾကားမွ
ခ်ိဳအီအီအနံ႔တစ္ခု။ ကြၽန္ေတာ္နွင့္မစိမ္းသက္ေသာအရာ။
" ကိုကိုေသာက္လာတာလား"
နား႐ြက္ဖ်ားေတြနွင့္ မ်က္နွာျပင္မွအစိတ္အပိုင္းတခ်ိဳ႕က
ရဲလို႔။ မ်က္မွန္ခြၽတ္ထားသည့္ မ်က္ဝန္းမ်ားက ခပ္မိႈင္းမိႈင္း။
" မႀကိဳက္ဘူး"
" ဘာႀကီး "
" အရမ္းႀကီးရင္းနွီးမေနနဲ႔ ကိုယ္မႀကိဳက္ဘူး"
ကြၽန္ေတာ္ ခပ္ဖြဖြရယ္မိေတာ့ ကိုကိုကမ်က္ေမွာင္က်ဳံရင္း
" ရယ္စရာမဟုတ္ဘူးေနာ္ ညီ "
" မရယ္ပါဘူး သေဘာက်လို႔
ဘယ့္နွယ္ေၾကာင့္ ထ သဝန္တိုေနတာလဲ"
" မတိုပါဘူး "
" အခုတိုေနတာမဟုတ္ဘူးလား"
" ---"
သိပ္မကြာေတာ့ေသာအကြာအေဝးမွာ ကိုကို႔နႈတ္ခမ္းမ်ားက မက္ေမာခ်င္စရာ။ လက္မနွင့္ျဖည္းျဖည္းခ်င္းထိပြတ္မိေတာ့ ရင္ခုန္လာရသည္။
" မူးရင္ သဝန္တိုတတ္တာလား ဘဲႀကီး"
နႈတ္ခမ္းနွစ္ခု ထိသည္ဆိုရုံေလးဖိကပ္နမ္းပစ္လိုက္
ေတာ့ မသိမသာျပဳံးသည္။ နမ္းရင္းနဲ႔မရယ္ဖို႔ ဘယ္လို
သင္ေပးရပါ့။
ထို႔ေနာက္ကြၽန္ေတာ္လႊတ္ေပးလိုက္သည့္တိုင္ ကိုကို႔ဘက္ကမလႊတ္ေတာ့။ ေသာက္ေလေလ
ငတ္မေျပသည့္ပင္လယ္ေရကဲ့သို႔ ကိုကို႔နႈတ္ခမ္း
မ်ားက နမ္းမဝခ်င္စရာအတိ။
ကြၽန္ေတာ္မွန္းထားသည္ထက္ ပိုမိုၾကာျမင့္သလုိ ပိုမို
နက္ရိႈင္းလာေသာ အနမ္းတို႔က ထုနဲ႔ထည္။
မဆိုစေလာက္ၾကမ္းတမ္းလာသည့္အခါ ကြၽန္ေတာ့မွာ တအ့ံတၾသ။ လေပါင္းမ်ားစြာ တကုတင္ထဲအတူအိပ္ခဲ့
ေပမယ့္ ကြၽန္ေတာ္တို႔ဟာ အဆင့္တက္ဖို႔ေဝးစြ
မနမ္းေတာင္မနမ္းျဖစ္ခဲ့။ ပင္ပန္းတာေရာ
ရွိးတိုးရွန္႔တန္႔ျဖစ္ေနတာေရာေၾကာင့္ျဖစ္မည္ထင္။
" အင့္ ... ကိုကို "
အနည္းငယ္မြန္းလာသည္မို႔ မသိမသာရုန္းမိေတာ့
လက္ကိုဖိထားၿပီး ပိုၾကမ္းေအာင္နမ္းသည္။ ကိုကို႔
နႈတ္ခမ္းဖ်ားမွ ခ်ိဳၿမိန္မႈနွင့္ ယမကာလက္က်န္၏
ခါးသက္မႈက ကြၽန္ေတာ့ကို အလိုလိုရီေဝေဝျဖစ္လာေ
စသည္။ အသိညဏ္မဲ့သူလို ကိုကို႔ပခုံးသားတို႔ကို
ကိုင္ရင္း မိန္းေမာေနမိသည္။
ကြၽန္ေတာ္အသိျပန္ဝင္လာေတာ့ ကိုကိုက ကြၽန္ေတာ့ ညဝတ္အက်ီၤၾကယ္သီးမ်ားကိုျဖဳတ္ေနသည္မွာ ၃လုံးျပဳတ္သြားခဲ့ၿပီ။ ခုနကၿငိမ္ေနေသာ ရင္က ဖုတ္လိႈက္၊ ဖုတ္
လိႈက္။
" ကုိကို .... "
" ကေလးက သူမ်ားနဲ႔ရင္းနွီးေနတာကိုး
အျပစ္ေပးရမွာေပါ့ မဟုတ္ဘူးလား"
ကို႔ကို႔နႈတ္ခမ္းတြင္တြဲလဲခိုေနသည့္အျပဳံးက တခုခုပင္။
ၾကယ္သီးအကုန္ျပဳတ္သြားသည္နွင့္ အက်ီၤကို ဆြဲခြာလိုက္သည္မွာ ေျပာင္းဖူးျပဳတ္အခြံခြာသကဲ့သို႔။
အဝတ္မကပ္ေသာအသားတို႔ကို လက္ေခ်ာင္းသြယ္
မ်ားျဖင့္ ဖြဖြပြတ္တိုက္ေနေတာ့ ေအးစက္ေသာကိုကို႔
လက္ဖ်ားမ်ား ထိေတြ႕သြားရာတစ္ေလ်ွာက္ ကြၽန္ေတာ့
အသက္ရႈသံတို႔ပါကုန္သည္။ ထြက္သက္ႏွင့္ဝင္သက္တို႔က မကြဲခ်င္ေတာ့။
လည္ပင္းေပၚသို႔က်လာသည့္ နႈတ္ခမ္းမ်ား။
ကိုကို ကြၽန္ေတာ္အသက္ဆက္ရွင္ခ်င္ပါေသးတယ္ေနာ္။
ေမးရိုးကိုခပ္ဖြဖြစုပ္ယူလိုက္ၿပီး လည္ပင္းတစ္ေလ်ွာက္
အနည္းငယ္ေသာျပင္းအားျဖင့္ နမ္းေတာ့ နႈတ္ခမ္းေတြကုိက္ထားသည့္ၾကားမွ အသံတစ္ခုထြက္ျဖစ္ေအာင္ထြက္သြားၿပီး ခါးနွင့္ေမြ့ယာ စင္တီမီတာအနည္းငယ္ လြတ္သြားသည္။
ႂကြသြားေသာခါးအၾကား ကိုကို႔လက္ကဖ်တ္ခနဲဝင္လာၿပီးခပ္တင္းတင္းဆြဲေပြ႕လိုက္ေတာ့ ရင္ဘတ္နွစ္ခုၾကား ၾကားခံနယ္မရွိ။ ကြၽန္ေတာ္ေခါင္းကိုေမာ့ရင္း အံ့ကိုတင္းတင္းႀကိတ္ထားမိရသည္။ ကိုကိုနႈတ္ခမ္းမ်ား ကြၽန္ေတာ့ရင္ဘတ္တစ္ေလ်ွာက္ ကူးလူးျဖတ္သန္းခ်ိန္ ေခါင္းအုံးစကိုလက္ျပန္ဆုပ္ကိုင္ထားရသည္။
" အ !! ကို .. ကို "
တစ္ေနရာထဲကိုဖိစုပ္နမ္းေနေတာ့ ဒီကေကာင္ကအသက္ရႈရပ္ေတာ့မယ္။ တဆိတ္ ကိုကို႔နႈတ္ခမ္းမ်ားက အသက္ငင္စရာ ျပင္းရွလြန္း၏။ အိပ္ယာခင္းနဲ႔ေက်ာနဲ႔လြတ္ေလေလ ကိုကို႔ရင္ခြင္ထဲပိုေရာက္ေလေလ ကြၽန္ေတာ္ေသြးပ်က္ျခင္းကလည္း မ်ားလာေလေလ။
ႏူးညံ့ျခင္းေရာထားေသာၾကမ္းတမ္းျခင္းက ကြၽန္ေတာ့ကိုယ္ထဲမွေသြးမ်ားကို ပြက္ပြက္ဆူေစသည္။ ဗိုက္သားနားအထိဆင္းေလ်ွာက္လာေသာ ကိုကိုအနမ္းမ်ားေၾကာင့္ ေမာဟိုက္လို႔လာရသည္။
" ကေလး ..."
ကြၽန္ေတာ္ငုံ႔ၾကည့္မိေတာ့ နံရိုးနားသို႔လက္ျဖင့္ဖြဖြပြတ္သပ္ရင္း ရီေဝေဝေမာ့ၾကည့္ေနတဲ့သူ။
" ကိုယ္ .... ဒီည ...
ကေလးကို ပိုင္ခ်င္တယ္"
Shitttttt
ေသစမ္း .....
မ်က္လုံးမ်ားကို ေယာင္ရမ္းမွိတ္ပိတ္လိုက္ေတာ့
တိတ္ဆိတ္ေသာအခန္းငယ္အတြင္း ကိုကို႔ရယ္သံက
ကြၽန္ေတာ့ကို ရူးသြပ္တပ္မက္ေစလာသည္။
ကိုကိုကကြၽန္ေတာ့ကို ဆြဲထူလိုက္ၿပီး ရင္ခြင္ထဲသို႔ထည့္
လိုက္သည္။ အင္အားမရွိေတာ့သလို ကိုကိုရွိရာျပဳိဆင္း
သြားေတာ့ ကိုကုိကေက်ာ္ျပင္မ်ားကို ပုတ္ေပးသည္။
ကိုကို႔အထိအေတြ႕တိုင္းက ကြၽန္ေတာ့ေသြးရိုင္းမ်ားကို
ပုိမိုနက္ခ်ိတ္ေစလာသည္ကို ကိုကိုမသိေလသလား။
ပခုံးနားသို႔မ်က္နွာအပ္ခ်ၿပီး
" ကိုယ္ ဒီစိတ္ထားမိလို႔ ကေလးစိတ္မဆိုးဘူးမလားဟင္"
ခင္ဗ်ားက လူမဟုတ္တာက်။လူပဲ ဒီစိတ္ရွိမွာေပါ့။
အရင္ကမရွိေပမယ့္ အခုရွိခ်င္ရွိမွာေပါ့ဗ်ာ။
ပါးစပ္ကမေျပာျဖစ္ေတာ့ဘဲ ကိုကို႔နႈတ္ခမ္းမ်ားကို
ငုံေထြးနမ္းမိေတာ့ ကိုကိုျပန္နမ္းသည္မွာ တရိႈက္မက္မက္။
" အမွန္ကေတာ့ ဒါကိုႀကိဳတင္ျပင္ဆင္ရတယ္ေျပာတယ္
ဒါေပမယ့္ ကိုယ္ ရည္႐ြယ္ထားတာ မဟုတ္ဘူး
အရက္ကလည္းဝင္ၿပီး ဘာစိတ္ေတြေပါက္ေနမွန္းမသိတာ"
အရက္တိုက္လိုက္တဲ့သူေတြကို ကြၽန္ေတာ့မွာေက်းဇူးအထပ္ထပ္။
" အဲ့ေတာ့"
" အဲ့ေတာ့ .... ေရနဲ႔ပဲ ...ဟို Pressure နဲ႔ပဲ "
သူေျပာၿပီးသူရွက္ေနျပန္ေတာ့ ကြၽန္ေတာ္ရယ္မိသည္။
" ဒီအေျခအေနကသူ႔ဘာသာသူျဖစ္လာတာေလ
ႀကိဳသိတာမွမဟုတ္ဘဲ ဒီလိုပဲ ျဖစ္တတ္တာကို
ဘယ္လိုထိန္းခ်ဳပ္မလဲ ကိုကိုရာ။ ေသြးထဲက
ေတာင္းတာကို"
ကြၽန္ေတာ္ထၿပီး ေရခ်ိဳးခန္းထဲဝင္မယ္ျပင္ရင္း သတိတရ
နွင့္ျပန္လွည့္လာကာ
" ၾသ အေရးႀကီးတာက ဒါ"
ေက်ာပိုးအိတ္ထဲက အႏၲရယ္ကင္း ေရာ္ဘာထုပ္ေလးကို
ထုတ္ေပးေတာ့ မ်က္ေမွာင္က်ဳံ႕ၾကည့္သည္။
" No ေနာ္ တေန႔က ပီတာ့ Wedding မွာ ရုံးကလူေတြ
စၿပီးလက္ဖြဲ႕ေပးတာ။ အဲ့ဒါပီတာက ႐ြတ္ၿပီး တစ္ေယာက္ငါးခုလိုက္ေဝလို႔ ဒီထဲေရာက္ေနတာ"
ရွက္၍နီေသာ နား႐ြက္ဖ်ားေလးဟာ ကိုက္ခ်င္စရာ။
တတ္နိုင္သေလာက္ သန္႔ရွင္းေရးေဆာင္႐ြက္ၿပီးျပန္ထြက္လာေတာ့ ကိုကိုက ခုတင္ေခါင္းရင္းမွာခပ္ေလ်ွာေလ်ွာမွီလ်က္ ဖုန္းကိုၾကည့္ေနသည္။
" ကေလး ... နာ .. မွာ "
ေရာ္ ခက္ၿပီ။ နာက်င္ျခင္းကေတာ့အနည္းနဲ႔အမ်ားရွိမေပါ့။ဒီဘဲနဲ႔ငါေတာ့ဒုကၡပဲ။
" အဟမ္း အဲ့ဒါက .... ဆီ ရွိတယ္ ကိုကိုရာ"
ေသစမ္း ... ငါကအကုန္ေျပာရမွာလား
သိလွခ်ည္လားဆိုသည့္အၾကည့္ေၾကာင့္ ေခါင္းကုတ္ရင္း
ရယ္ျပရသည္။
" ကိုယ္လည္းသိပါတယ္။ ဒါေပမယ့္ အခုမွ ဘယ္လိုရ"
" သူ႔အတြက္သီးသန္႔မဟုတ္ေပမယ့္ အင္း ...
ဒီေလာက္ဆိုရင္ေပါ့"
ျပတင္းေပါက္ေဘာင္ေပၚမွာရွိတဲ့ သံလြင္ဆီဘူး။
မ်က္နွာေတာင္လိမ္းလို႔ရတာမို႔ ႏူးညံ့သည့္အစိတ္အပိုင္း
အတြက္ အဆင္ေျပမည္ဟုယူဆရတာပဲေလ။
ၾသ ေအးပါကြာ။ ေျပာရတဲ့ကိုယ္ကမရွက္ရဘူး။
သူက ေခါင္းငုံ႔လို႔။ ေသစမ္း ေနအလင္းစက္ရာ။
ထို႔ေနာက္ ကြၽန္ေတာ့ခါးကိုသိမ္းေပြ႕ဆြဲယူလိုက္ရင္း
သူ႔ရင္ခြင္ထဲသို႔ေနာက္ေက်ာမွီေစသည္။
" ခ်စ္တယ္ ကေလး .....
ကိုယ္ ကေလးကိုပိုင္မယ္ေနာ္"
လည္ဂုတ္ကိုဖြဖြနမ္းရင္း ဆံပင္ရွိရာနယ္နိမိတ္အဆုံး
နႈတ္ခမ္းမ်ားျဖင့္ ထိတိုက္ရင္းတိုးဖြဖြေျပာေတာ့
လက္ကိုတင္းတင္းဆုပ္မိသည္။
" ပိုင္သင့္တာ ၾကာၿပီ"
တိုးတိုးေလး ျပန္ေျပာၿပီးေနာက္ ကြၽန္ေတာ့စိတ္နဲ႔ရုပ္ အသိကပ္ခ်ိန္တြင္ ကိုကို႔ခႏၶာကိုယ္အေပၚပိုင္းတြင္
အဝတ္နတၲိ။
ကိုကို႔နႈတ္ခမ္းမ်ားကို ကြၽန္ေတာ္အားမရသလို ဖိကပ္နမ္းရိႈက္ေနမိသည္။ ကိုကိုနွင့္ကြၽန္ေတာ့ၾကား ေလမတိုးနိုင္ေအာင္တင္းၾကပ္လ်က္။
" ညီ"
ကိုကို႔နႈတ္ခမ္းမွရသည့္ ယစ္ေ႐ႊရည္၏အန႔ံသင္းသင္းက
ကြၽန္ေတာ့အာရုံငါးပါးကိုထုံထိုင္းေစသည္။
" Ah ...."
ခႏၶာကိုယ္တြင္း ထိုးေဖာက္ျဖတ္သန္းလာမႈသည္
ကြၽန္ေတာ့မ်က္ဝန္းတို႔ကိုေငြ႕ရည္ၾကည္ဖြဲ႕ေစသည္။
အသံမထြက္ေအာင္ အိပ္ယာခင္းတို႔ကို ဆုပ္ကိုင္မိေတာ့
ကိုကိုက သူ႔လက္ဖ်ံကို ပါးျပင္နားထိုးေပးသည္။
သူ႔ကိုကိုက္ဖို႔။ နာက်င္ျခင္းသည္ သူျဖစ္ေနသည့္အခါ
ခ်ိဳၿမိန္ရပါသည္။ အသည္းခိုက္မတတ္နာက်င္ရေသာ္ျငား
ထိုအစိတ္အပိုင္း၏ပိုင္ရွင္မွာ ခ်စ္ရသူျဖစ္ေသာေၾကာင့္
တပ္မက္ေတာင့္တစိတ္ကသာ ပိုႀကီးစိုး၏။
ေနသားတက်ျဖစ္ၿပီးခါမွ ကြၽန္ေတာ္နွင့္မ်က္နွာျခင္းဆိုင္ရင္းလက္တစ္ဖက္က
လည္တိုင္ကိုဖြဖြပြတ္သပ္ရင္း တစ္ဖက္က နႈတ္ခမ္းတုိ႔ေပၚတြင္ ေျပးလႊားလ်က္။
" ခ်စ္တယ္ ကေလးရာ "
ရူးသြားေတာ့မည္ဟု ထင္မိသည္။
ကိုကို႔အထိအေတြ႕ တစ္ခုခ်င္းတိုင္း ...
အသံတစ္ခ်က္ခ်င္းတိုင္း ..
အနမ္းတစ္ပြင့္တိုင္း ....
ကြၽန္ေတာ္ ဟာလာဟင္းလင္းပြင့္ထြက္သြားေတာ့မတတ္
လည္ပင္းဆီသို႔ ခပ္ျပင္းျပင္းစုပ္ယူရင္း လက္တစ္ဖက္က
ရင္ဘတ္ေပၚတြင္ စုန္ခ်ီဆန္ခ်ီ။ တျဖည္းျဖည္းေအာက္သို႔ဆင္းသြားေသာ အနမ္းမ်ားက ရင္ဘတ္ေပၚမွ
သီးသန္႔ဇုန္ ၂ခုအေပၚသို႔ တစ္လွည့္စီေႂကြက်တဲ့အခါ
ထိန္းထားတဲ့ၾကားမွပင္ ညည္းညဴျခင္းျပဳမိသည္။
ရူးေတာ့မွာ ...
ကြၽန္ေတာ္ရူးသြားတာ ကိုကိုျမင္ခ်င္ေနတာလား။
သူ႔ထံပိုမိုတိုးကပ္ရင္း ကိုယ့္လိုအင္ကိုျပမိတဲ့အခါ
ခုနကေမ့ေနခဲ့ေသာ နာက်င္မႈက ဟိုး အနက္ရိႈင္းဆုံးအထိ။
" Ahhh ကိုကို ... Hm"
" ကေလးရယ္ ..... ကိုယ္ "
ပြတ္တိုက္တြန္းထိုးမႈတစ္ခုတြင္ ကြၽန္ေတာ္နာက်င္လွပါသည္။ သို႔ေသာ္ ထိုနာက်င္မႈကိုပင္ ေသြးေၾကာမ်ားထဲမွေတာင္းခံေနသည္။ ထိုနာက်င္မႈကိုမရပ္တန္႔ေစခ်င္ေသာ စိတ္ဆႏၵကားျပင္းျပင္းထန္ထန္။
ကိုကို႔ နွာဖ်ားထိပ္မွေခြၽးစက္ေလး ကြၽန္ေတာ့မ်က္နွာေပၚ
ေပါက္ခနဲက်လာခ်ိန္ ကိုကို႔လည္ပင္းကိုဖိနွိပ္ၿပီး ကြၽန္ေတာ္ရွိရာ ဆြဲယူရင္း နႈတ္ခမ္းမ်ားကိုအငမ္းမရနမ္းမိသည္။
" ကေလး ... နာလို႔ ... လား
အရမ္းနာရင္ ကိုယ္"
" ဟင့္အင္း .... မရပ္နဲ႔ကိုကို ...
Ahhh shit ကြၽန္ေတာ္ရူးေတာ့မတတ္ပဲ
အာ မရပ္လိုက္နဲ႔ ရတယ္ အင္း မရပ္နဲ႔"
ကေယာင္ကတမ္းေျပာမိေသာစကားမ်ားကုိျပန္လည္ဖုံးဖိဖုိ႔အခ်ိန္မရွိေတာ့။ကြ်န္ေတာ္ေျပာသမ်ွ တုိးတုိးေလးရယ္ေနျပန္ေတာ့ ကြ်န္ေတာ့မွာအရူးလုိပင္။ ကုိကုိသည္ကြ်န္ေတာ့အား Gas မီးဖုိကဲ့သုိ႔ပင္ ကုိကုိ႔အားလုိခ်င္ေနသည့္ ကြ်န္ေတာ္ဆုိသည့္ မီးေတာက္အား လုိတုိးပုိေလ်ွာ့ျဖစ္ေနေစျပန္ပါသည္။
Gym မသြားေသာကိုကုိသည္ ဘယ္အရိုးထဲကသန္မာေနသနည္း။
တျဖည္းျဖည္းနွင့္ေျပာင္းလဲလာေသာ ခံစားမႈအစုစုကလူကိုပိုၿပီးမိန္းေမာေစသည္။
ျဖည္းျဖည္းခ်င္းလႈပ္ရွားေနေသာ ကုိကိုက တခါတခါ ငုံ႔ကာမြတ္မြတ္သိပ္သိပ္နမ္းသည္။
နဖူးျပင္၊ နွာတံ ပါးျပင္နွင့္ နႈတ္ခမ္းမ်ားကေတာ့ ေပါက္ထြက္ေတာ့မည့္အလား။ အၿမဲေရာင့္ရဲတတ္သူကို လိုခ်င္တပ္မက္မႈအျပည့္နွင့္ ျမင္ရသည္ကိုက ကြၽန္ေတာ့အတြက္ ပိုၿပီးထပ္ခါထပ္ခါ ဆာေလာင္ေစသည္။
ကြၽန္ေတာ္ရွိရာတိုးဝင္ရင္း စိတ္အာဟာရကိုေျဖေနသူ၏
ေခြၽးစက္မ်ားက အဝတ္မပါေသာ ရင္ဘတ္ေပၚစီးက်ေနသည္ကို ျမင္ရေသာကြၽန္ေတာ့မွာ အသက္ကိုတြန္းထိုးရႈေနရသည္။ ကြၽန္ေတာ့ခါးနွစ္ဖက္ကို တင္းတင္းဆုပ္ကိုင္ကာနႈတ္ခမ္းေတြကို ဖိကိုက္ရင္း ေခါင္းေမာ့ကာ ခ်ိဳၿမိန္ျခင္းကို အဆက္မျပတ္ ရွာေဖြသူမွာ လွရက္ေလအား။ လည္တိုင္မွ တလႈပ္လႈပ္ျဖစ္ေနသည့္အစိတ္အပိုင္းက ကြၽန္ေတာ့ကို ၾကမ္းတမ္းခ်င္လာေအာင္ ေသြးေဆာင္ျဖားေယာင္းပါ၏။
" ကေလး ...."
" mmm ....."
" ahh ျဖည္းျဖည္း ကေလး နာမယ္"
" ကိုကို .... ahh .... ကြၽန္ .... ေတာ္ အင္း"
အားကစားလုပ္ေၾကာင္းသက္ေသျပခ်င္ခဲ့ေသာ
ကြၽန္ေတာ္ကား မည္မ်ွပင္ေတာင့္ခံထားေသာ္လည္း
" ကေလးရယ္ ..... ကိုယ္ရူးခ်င္ေနၿပီ ...
ကေလးက ..... အရမ္း .... ေႏြးလြန္း .... တယ္"
ဟု နား႐ြက္အဖ်ားေလးကို ငုံခဲရင္းေျပာလာသည့္အခါ
ကိုကို႔ေက်ာျပင္အားေပါက္ထြက္မတတ္ သိုင္းဖက္ရင္း
အဆုံးစြန္ေသာခရီးသို႔ေရာက္သည္။
ကြၽန္ေတာ္ နွစ္ႀကိမ္မ်ွ က်ဆုံးၿပိဳဆင္းၿပီးမွ ကိုကိုကကြၽန္ေတာ့ဆံပင္မ်ားအၾကားမ်က္နွာအပ္ရင္း ခ်စ္တယ္ဟူေသာစကားအား တုန္တုန္လိႈက္လိႈက္ေရ႐ြတ္ရင္း ရပ္တန္႔၏။
ေခြၽးမ်ားျဖင့္စို႐ႊဲအပ္ေသာ ကြၽန္ေတာ့ရင္ဘတ္ေပၚ
မ်က္နွာအပ္ထားရာက သူအလွမ္းမွီရာ ကြၽန္ေတာ့ေမးဖ်ားဆီသို႔ အနမ္းတစ္ပြင့္ကမ္းလွမ္းသည္။
ထိုတိုးကပ္လာေသာ နႈတ္ခမ္းမ်ားထံ ကြၽန္ေတာ့နႈတ္ခမ္းမ်ား တိုးေဝွ႔ရင္း
" အရမ္းခ်စ္တယ္ ကိုကို"
နမ္းေနရင္း မျပဳံးဖို႔ထိုလူသားအား
ကြၽန္ေတာာ္မေျပာနိုင္ေတာ့သည့္အားေလ်ာ္စြာ
ေသြးေရာင္တို႔လႊမ္းေနၿပီျဖစ္ေသာ နႈတ္ခမ္းလႊာတို႔ကိုသာ
အဖန္ဖန္အထပ္ထပ္ နမ္းရိႈက္ျခင္းျပဳမိ၏။
ခ်စ္ျခင္းေမတၲာနွင့္ဆက္ႏြယ္ေနသမ်ွ စကားလုံးတိုင္း
ထိုသူ၏အမည္နွင့္သာစာလုံးေပါင္းသည္။
ထိုသူသည္ကား ကြၽန္ေတာ့အတြက္အရာရာ။
ေနအလင္းစက္
( E/N - ေနာက္တစ္ပိုင္းက ကုိဘုန္း POV ပါ။ ေနာက္တစ္ပုိင္းတင္ဖုိ႔ဆုိတာကေတာ့
@ThetTantYoung အေပၚလုံး၀မူတည္ပါတယ္ေနာ္။ ေဒၚတန္႔ ဇာတ္သိမ္းပိုင္းအထိဖတ္ျပီးတာနဲ႔တန္းတင္ေပးမွာပါ။ အခုထိေတာ့ 26 ပဲ ရွိေသးတယ္ ဟိ။
စကားမစပ္ စာအုပ္ထုတ္ျဖစ္ပါတယ္ေနာ္။ ေအာ္ဒါေကာက္တဲ့အခါ ေသခ်ာေလးအသိေပးပါ့မယ္။ စာအုပ္ထဲမွာေတာ့ Extra အပုိင္းေတြမပါေလာက္ပါဘူး။ လုိအပ္တဲ့အပိုင္းေတြကိုေတာ့ထည့္ပါ့မယ္။ ဒီ Adult Scene ေလးေတြဆုိတာကလည္း ဒီလုိ Relationship ေတြမွာ ေသြးသားဆႏၵကိစၥဆုိတာ မျဖစ္မေနမဟုတ္သည့္တုိင္ လုိအပ္တယ္ဆုိတာမ်ိဳးကုိျပေပးခ်င္တာမုိ႔ ထည့္ေပးထားပါ။ အတတ္နုိင္ဆုံး သဘာ၀နဲ႔နီးစပ္ေအာင္ ဖတ္သင့္တာဖတ္၊ေမးသင့္တာေမးျပီး အရမ္းၾကီး ရုိင္းတဲ့ပုံစံလည္းမေပါက္ေအာင္ ေရးေပးထားပါတယ္ေနာ္။ မဖတ္နဲ႔လုိ႔မတားပါဘူး တင္ကတည္းကဖတ္မယ္ဆုိတာသိျပီးသားပါ။ ဒါေၾကာင့္လည္း အမ်ားၾကီးမဟုတ္ေအာင္ၾကိဳးစားေရးထားပါတယ္။ Extra ကေတာ့ ရပ္မွာမဟုတ္ပါဘူး။ အိအိစိတ္ကူးေပါက္တုိင္းေရးျဖစ္ေနမွာပါ။ ခ်စ္တယ္လုိ႔။)
Unicode
အား ခြင်ကိုက်လိုက်တာ .....
ပုံမှန်ရောက်ချိန်ထက် တော်တော်နောက်ကျနေသည့်ကိုကို့ကြောင့် ကျွန်တော့မှာ ဖုန်းကိုကိုင်ရင်းသွေးလှုုနေရသည့်အဖြစ်။
ခြင်လုံဇကာတတ်ပါ့မယ်ဆိုတာကို ဘာဖြစ်တယ်၊
ညာဖြစ်တယ်နဲ့ဘာမှလည်းသိပ်ကုန်တာမဟုတ်ဘူး
ပဲကို။ချွေတာတာကကောင်းပေမယ့် ကိုကို့ဟာက
ကပ်စေးနည်းတဲ့ဘက်ကိုရောက်နေပြီ။
ကျွန်တော်တို့နှစ်ယောက်လုံး ရန်ကုန်မှာ
တိုက်ခန်းတစ်ခန်းဝယ်ပြီးနေဖြစ်ကြတယ်လေ။
ကိုကိုက ကလောကအိမ်ကိုရောင်းဖို့ပြောလာတဲ့နေ့က ကျွန်တော်တို့ရန်ဖြစ်ကြတာမှတ်မိသေးသည်။
နောက်ဆုံးတော့ကလောအိမ်ကိုလည်းမရောင်း
ကျွန်တော်အရင်နေခဲ့တဲ့တိုက်ခန်းကိုလည်းမနေဖို့
အပြန်အလှန်ဆုံးဖြတ်ပြီးမှ အခုလက်ရှိတိုက်ခန်းကို
ဘဏ်နှင့်ချိတ်ပြီး အရစ်ကျဝယ်ထားတာဖြစ်သည်။
ကိုကိုက Private School တစ်ခုသို့ Transfer
လုပ်လိုက်သလို ကျွန်တော်က ဟိုမှာလုပ်လက်စ Company ရဲ့ထောက်ခံမှုဖြင့် ဒီဘက်ကရုံးခွဲတစ်ခုမှာအလုပ်ရခဲ့ခြင်းဖြစ်သည်။ ခင်ဗျားတို့ကတော့
လွယ်ကူချောမွေ့လိုက်တာလို့ ထင်ကောင်းထင်နိုင်
ပေမယ့် တိုက်ခန်းအတွက်လစဉ်အရစ်ကျငွေရော၊ အစစအရာရာ အသစ်ကစတင်ရသူများဖြစ်ပြီး ယောကျာ်းလေးလည်းဖြစ်တော့ တိုလီမုတ်စကအစ
အကုန်ဝယ်ခြမ်းရတာပင်။
ဒီကြားထဲ အကောင်းကြိုက်တဲ့ကျွန်တော်က
ခေတ်ပေါ်ပစ္စည်းတွေကိုမျက်စိကျတတ်သေးပြန်၊
အိမ်ခန်းဆိုလည်း အလှဆင်ချင်ရတာနဲ့ပဲ
ကျွန်တော်တို့နှစ်ယောက်လစာမှာ အများကြီးပိုပိုလျှံလျှံ
မရှိ။
တစ်နေကုန်အလုပ်သွားနေရသူတွေဆိုတော့
ဗိုက်အာဟာရကိုလည်း ကြုံသလိုဖြေရှင်းရပြန်ရာ
စရိတ်ကလည်းမသေး။ ကိုကိုကတော့ နဂိုကတည်းက
ရောင့်ရဲတတ်သူမို့ကိစ္စမရှိသော်လည်း ကျွန်တော်က
တော့ နည်းနည်းတိုင်ပတ်သည်။
ဟိုနှစ်တွေကတော့ လိုအပ်တာ၊ လိုချင်တာမရှိခဲ့။
အလုပ်နဲ့ကျောင်းစာကိုပဲ အာရုံစိုက်နေခဲ့တာ။
အဲ့တုန်းကတော့ အချစ်ကသေနေတာကိုး အခုတော့
အချစ်ကပြန်လည်ပေါက်ဖွားချိန်ဆိုတော့လည်း
လိုချင်မျက်စိတွေက ပြန်လည်ကြီးထွားလာရပြန်သည်။
ကိုကိုနဲ့အတူတူရှိရရင်ဘာမဆိုဖြစ်ပြီဟုထင်ခဲ့သော
ကျွန်တော့အတွေးများမှားယွင်းကြောင်း ကျွန်တော် Like နှိပ်ထားသော Online shop များက သက်သေ။
Alibaba နှင့် Amazon, Aliexpress တို့ကလည်း
လှောင်ပြောင်ကြပြန်ရာ နှစ်ကိုယ်တူတဲအိုပျက်မှာ
ထမင်းရည်မသောက်နိုင်ဆိုတာ ဒါမျိုးပင်ဖြစ်မည်ဟု
တွေးမိသည်။ အေးလေ ခနောဆန်ပြုတ်လောက်ဆို
ဟုတ်သေး။ အာ မဟုတ်တဲ့အတွေးတွေက
ဝင်လာပြန်ပြီ ငါ့နှယ်။အဲ့လိုပဲ အကောင်းတွေနေပြီဆို
ထထဖောက်တော့တာ။
ကျွန်တော်တို့နှစ်ယောက်အတူနေကြတော့ကျွန်တော့
ဘက်ကတော့ ကောင်းသည်၊ ဆိုးသည် ဝင်မစွက်ဖက်
တော့ဘဲ ဥပေက္ခာကိုပြုထားလိုက်တော့သည့်သဘောမျိုး။ မေမေကတော့ တစ်ခါတလေ ဖုန်းဆက်တတ်သည်။တစ်ခါတုန်းကတော့ အိမ်ခန်းဝယ်ပေးဖို့ တိုးတိုးတိတ်တိတ်ပြောခဲ့ပေမယ့်ကျွန်တော်လက်မခံခဲ့။ ကျွန်တော့အ
သက် 22 23 ဖြစ်နေပြီ။ ကျန်းမာပြီး လူအင်အားရော၊ ဦးနှောက်အင်အားပါပြည့်ဝသူဖြစ်လို့ ကိုယ့်ခြေ
ထောက်ပေါ်ကိုယ်ရပ်သင့်သည်ဟုထင်သည်။
အထူးသဖြင့် သူတို့လက်မခံလိုသည့်ကိစ္စရပ်မျိုးကို
ရွေးချယ်ထားသူဖြစ်၍ ကိုယ့်ရွေးချယ်မှုကိုယ်တာဝန်ယူရမည်လေ။
ပါပါးအနေဖြင့် ကျွန်တော့ကို ကိုကို့ဆီလွှတ်ခဲ့ခြင်းတွင်
မင်းဘာဖြစ်မလဲ ငါစောင့်ကြည့်နေမယ် ဟူသည့်
သဘောမျိုးတစွန်းတစပါဝင်မည်ဟု သိသော်ငြား
ကျွန်တော်မတုန့်ပြန်မိ။ မိဘပဲလေ .... သားသမီးကို
အကောင်းဆုံးဖြစ်စေချင်သည့် အတ္တမျိုးကတော့ရှိမှာပဲ
မဟုတ်လား။
သူ့အတွက်မျက်နှာပျက်မှာကိုရှက်သည်ကတော့
တစ်ကြောင်းပေါ့။ ဒါကလည်း ပိုပြီးအရွယ်ရောက်လာ
သည့်အခါ ပိုပြီးသိလာရသည့်အပိုင်းအစများသာ။
မိမိသား Gay ဖြစ်သည်ကို ဘယ်မိဘကတော့
အမြင်ကြည်ပါ့မလဲလေ။
မတတ်သာလို့ လွှတ်ချပေးလိုက်ရတာတောင်
တစ်နေ့နေ့တော့သူ့အရိပ်ပြန်ခိုမှာပဲဟု ထင်နေတာကို
လည်းအပြစ်မတင်လိုတော့။ ဘာတွေပဲဖြစ်နေနေ
နေအလင်းစက်တစ်ယောက် ဒီနေ့ဒီအချိန် ရန်ကုန်လို
နေရာမျိုးမှာ လစာဝင်ငွေကို နိုင်ငံခြားငွေဖြင့်ရရှိပြီး Aircon ခန်းထဲတွင် ကျော့ကျော့လေးအလုပ်လုပ်နိုင်
အောင် သူ့အဖေ ဦးနေလင်းက အကုန်ပံ့ပိုးပေးခဲ့
သည်ကိုတော့ ကျွန်တော် ဝန်ခံရပါလိမ့်မည်။
ဖြစ်ခဲ့ပြီးသမျှ ကိစ္စရပ်တိုင်းအတွက်လည်း ကျွန်တော်ဘး
ဘယ်သူ့ဘယ်သူကိုမှ တကယ်အပြစ်မတင်လိုတော့ပါ။ သုံးနှစ်ကျော်လောက်ဖြတ်သန်းပြီးခဲ့ချိန်တွင် အချို့အရာများမှာ ခါးသီးသလောက် အမှန်တရားပင်ဖြစ်ကြောင်းနှင့် အချို့အရာများမှာ ဖြစ်သင့်ဖြစ်ထိုက်သောသဘောများဟု အနည်းငယ် လက်ခံလာမိသည်။
မနာကျင်ဘူးလားဆိုတော့လည်းမဟုတ်။ ကျွန်တော့
အတွက်မဟုတ်ဘဲ ပါပါးအတွက်သီးသန့်သာကြီး
လိုက်သော အတ္တများမဟုတ်သည်ကို တွေးမိ၍ဖြစ်
ည်။ ကျွန်တော်ဒီလိုတွေပြောနေလို့ ပါပါးကို စိတ်ပြေသ
သွားသည်လားဆိုပြန်တော့လည်း မဟုတ်ပြန်။
ပါပါးလုပ်ခဲ့သောလုပ်ရပ်တိုင်းသည် ကျွန်တော့အတွက်၊ ကိုကို့အတွက်၊ မြသော်ကအတွက် အိမ်မက်ဆိုးများသာ
ဖြစ်ပြီး ပြန်လည်မတွေးချင်သော အတိတ်ဆိုးများသာဖြစ်သည်။
သို့သော် အနည်းဆုံးတော့ ပါပါးကတိတည်ခဲ့ပါသည်။ သူအမှန်တကယ်ပင်ကျွန်တော့ဘေးနားရှိနေရန်၊ နွေး
ထွေးပေးရန်ကြိုးစားခဲ့သည်ပဲလေ။ နေထိုင်ရှင်သန်နေ
ရင်းနှင့်ပင် ကိုယ်လက်မခံနိုင်၍ ဒါဟာအမှားပါလို့
လက်ညိုးထိုးရန်ခက်ခဲသော အခြေအနေတချို့ကို
ကျွန်တော်တို့အသိအမှတ်ပြုရမှာပင်ဖြစ်သည်။
ကိုကို့မေမေကတော့ တစ်လတစ်ခါ ဟင်းတွေလာပို့
တတ်ပြီး ဒီဆက်ဆံရေးကိုအမျိုးအမည်တပ်ရန်ရှိုးတိုး
ရှန့်တန့်ဖြစ်နေသည်တိုင် ကျွန်တော့ကိုမျက်နှာလွှဲခဲ
ပစ်တော့မလုပ်။
အကောင်းဆုံးကတော့ အစ်မပန်းလကာၤပင်။
ကျွန်တော့ကိုမောင်လေးတစ်ယောက်လိုလက်ခံ
ချစ်ခင်ပေးပြီးမိသားစုဝင်တစ်ယောက်အဖြစ် အသိ
အမှတ်ပြုပေးခဲ့သူ။ သူမပြောသည်က ရိုးရိုးှရှင်းရှင်းပင်။
" ကိုကို့ကိုချစ်တယ် ... အဲ့ဒီတော့ ကိုကိုချစ်တဲ့
သူတိုင်းကို အစ်မချစ်မယ်။ကိုကိုရွေးချယ်တဲ့သူဟာ
ဘယ်သူပဲဖြစ်ပါစေ။ ကိုကိုရွေးချယ်တာဖြစ်တဲ့အတွက်
သူ့ရွေးချယ်မှုကို အစ်မလေးစားတယ်။ ယောကျာ်း၊
မိန်းမကအရေးမကြီးဘူး င့ါမောင်ရဲ့... အစ်မအစ်ကိုချစ်တဲ့သူဖြစ်ရင် ရပြီ"
ထပ်မကျတော့ဘူးဟု ဆုံးဖြတ်ထားသောမျက်ရည်
တစ်စဟာ ကျွန်တော့မျက်နှာပေါ်မှ ပြုံးလျက်ပင်ခုန်ဆင်းသွားသောအခါ ကျွန်တော်ရောသူမပါ ရယ်ဖြစ်ခဲ့ကြပါသည်။
အား!!! အတွေးလွန်နေတာနဲ့ လက်ဖျံပေါ်က ခြင်
တစ်ကောင်က အစာဝ၍သွားချေပြီ။ဗိုက်ဝပြီးသည်နှင့်ဘဝတစ်ပါးသို့ကူးပြောင်းရတော့မည်ကို မသိသော
ထိုခြင်အတွက် ကျွန်တော်စိတ်မကောင်းသော်လည်း သူ့ဗိုက်ထဲကကျွန်တော့သွေးများကို နောင်ဘဝအထိ
သယ်မသွားနိုင်ခြင်းအတွက် ကျွန်တော်ငါးခူပြုံးပြုံး
လိုက်မိသည်။
" R.I.P ပါ ညေးရေ"
တံခါးဖွင့်သံနဲ့အတူ ကိုကိုဝင်လာသည်။
" ကိုကို နောက်ကျလိုက်တာဗျာ။ ဖုန်းလည်းမဆက်ဘူး
Meeting လား"
ယောကျာ်းနှစ်ယောက်ကြား Relationship မှာကျ
အချိန်တစ်ခုကန့်သတ်၍မရစကောင်း။ အထူးသဖြင့်
ကိုယ်စီကလုပ်ငန်းခွင်ဝင်နေသော အရွယ်ရောက်ပြီး
သူများဖြစ်၍ နားလည်မှုဆိုတာ အလိုအလျောက်
တတ်မြောက်ခြင်းအနုပညာ။
" Sorry ညီ .... ကို ငယ်သူငယ်ချင်းတွေနဲ့တွေ့နေလို့။
ဖုန်းဆက်ဖို့လည်း အဆင်မပြေတာနဲ့ "
" It's OK ကျွန်တော်ကစိတ်ပူသွားတာမို့"
ပြန်မတုန့်ပြန်ဘဲ အခန်းထဲတန်းဝင်သွားတော့ ကျွန်တော့မှာရေအိုးထဲကရေတစ်ခွက်ခပ်ပြီး လိုက်ပေးရသည်။
ကိုကို့မေမေပေါ့ အိမ်တစ်လုံးဖြစ်လာရင် အိုးနဲ့အိမ်နဲ့ဖြစ်မှ
ပြည့်စုံတယ်ဆိုပြီး ပဲခူးကရေအိုးဆိုလား ဝယ်ပို့လာသည်။ ဆိုးတော့မဆိုး ရေခဲရေသောက်ရန်မသင့်သည့်အချိန်မျိုးတွင် အောက်တွင်ရေစိုဝတ်ခံထားသည့် မြေအိုးက
အေးစိမ့်သည့်အရသာကိုပေးသည်။
" ကိုကို ရေသောက်ပြီးမှချိုးနော်"
" အင်း ကလေး"
ကိုကိုရေချိုးခန်းထဲဝင်သွားမှ မွေ့ယာပေါ်ပစ်လှဲချမိသည်။
ကိုကိုပြန်လာမှ ပြည့်စုံသွားတဲ့အခါ အိမ်ထောင်ရေးဆိုတာဒါလားဟု တွေးမိပြန်တော့ ခေါင်းကုတ်မိသည်။
အေးလေ တရားဝင်လက်မထပ်ထားပေမယ့် အတူတူ
နေရတာဆိုတော့ အိမ်ထောင်ပဲပေါ့။
" အာ မသိဘူးကွာ ဘာဖြစ်ဖြစ်"
စားပွဲပေါ်က ဖုန်းကမြည်လာတာမို့ကြည့်မိတော့
ဝတ်ရည် ...။ Site ထဲမှ အလုပ်သင် အင်ဂျင်နီယာ
Dream မှာတုန်းက အခန်းဖော်တစ်ယောက်ရဲ့ညီမ။
ကျွန်တော်တို့နှစ်ယောက်အကြောင်းအကုန်သိပြီး
ဖူဂျိုဆိုလား ဖူဂျီဆိုလား သူ့ဘာသူတော့ပြောတာပဲ။
ကျွန်တော်တို့ကို ဝန်းရံပါရစေဆိုပြီး ဘယ်လောက်မျက်နှာတည်တည်၊ ဘယ်လိုဆဲဆဲ မမှု။ ကြာတေ့ကိုယ်က
ပင်အားနာလာပြီး ခင်လာရသည်အထိ။
ဒီကောင်မလေး ဘာဖြစ်တာ။
" အေး ပြော "
" အစ်ကို့ .... အခုတင် ဦးကိုတွေ့လိုက်တယ်။
အဲ့ဒါလှမ်းပြောတာ"
" အေး အိမ်ပြန်လာတာလေ .... "
" ဟုတ်လား ဟီဟိ ... သမီးက မိုးချုပ်နေတော့
အစ်ကို့ကိုအသိပေးတာလေ "
" နင်ကတမျိုး ... သွားသွား ငါအိပ်တော့မို့"
" ဟယ် အိပ်တော့မလို့လား ... ဟုတ် မနှောင့်ယှက်တော့ဘူး အဟိ"
ဖုန်းချပြီးတော့ သူ့ရယ်သံကိုကိုယ်ပါရယ်ချင်လာရသည်။
တကယ်ကို လက်ရောခြေပါမြှောက်သည်အထိပင်။
ကုတင်နားမှာရပ်နေသည့်ကိုကို့ကိုမော့ကြည့်မိတော့
အပေါ်ပိုင်းဗလာနှင့် အောက်ကပုဆိုးက ရေအနည်းငယ်စိုနေသည်။ ရေမသုတ်ရသေးသည့် ဗိုက်သားများနားမှ
စီးကျနေသည့်ရေများကိုကြည့်ရင်း တံတွေးတစ်ချက်မြိုချမိသည်။ ရေတွေမြင်တော့ ရေဆာတယ်ထင်ပါရဲ့။
ခုံပေါ်ကရေဘူးကိုယူကာ တရှိန်ထိုးမော့ချပစ်ရသည်။
" ဒီအချိန်ကြီး ဘယ်သူလဲ ကလေး"
ရေဘူးကိုပြန်ချပြီး ဒီဘက်လှည့်ချိန် စွပ်ကျယ်တစ်ထည်ကောက်စွပ်ရင်း လှမ်းမေးသည့်ကိုကို။
" အာ ဟိုကောင်မလေး ဝတ်ရည်ပေါ့ "
" အခုတလော သူခဏ ခဏ ဆက်တယ်နော်"
" အလကားပါကိုကိုရာ ဒီကောင်မလေးကချီးထုပ်"
ဘာမှပြန်မပြောတော့ဘဲ အခန်းမီးကိုပိတ်ပြီး ကုတင်ပေါ်တက်နေသည်မို့ ကိုကိုပင်ပန်းလာသည်ဟုတွေးပြီး
ကိုယ့်နေရာကိုယ်ဝင်လှဲမိသည်။
msg ဝင်သံကြောင့် ဖုန်းဖွင့်ကြည့်တော့
" ဘရားသားရေ Good Night ပါနော် 😎 "
ခပ်တိုးတိုးဆဲရေးရင်းရယ်မိတော့ ဘေးကကိုကိုက လှည့်ကြည့်လာသည်။
ဖုန်းကိုထောင်ပြရင်း
" ဒီမှာလေ စ နေလို့"
စာပြန်ရိုက်မယ်ပြင်စဉ် ကျွန်တော့လက်ထဲမှဖုန်းကိုဆွဲယူ
ပြီး သူ့ဘက်နားထားလိုက်သည့်ကိုကို။
" ကိုကို ပြန်ပေးဦး ကျွန်တော်မအိပ်ချင်သေးဘူး
line သုံးဦးမယ်"
ဘာသံမှမကြား။
ဒါနဲ့ သူ့ကိုကျော်ပြီးယူရန်ပြင်ခိုက်
ဝုန်းဆို ထထိုင်လိုက်တာမို့ လန့်တောင်သွားသည်။
" ကိုကို"
" မသုံးနဲ့တော့ အိပ်တော့"
" ကိုကို ဘာဖြစ်နေတာလဲ"
" ဘာမှမဖြစ်ဘူး ညီ အိပ်တော့"
" တစ်ခုခုဖြစ်နေတယ် မဟုတ်လား။ ခုနပြန်လာ
ကတည်းက တမျိုးပဲ"
ပြောနေရင်း ဖုန်းကလင်းလာပြန်ရာ ကိုကိုက တောက်တစ်ချက်ခေါက်လိုက်သည်။ အဲ့လိုပုံစံကို မမြင်ဖူးခဲ့သည်မို့ ကျွန်တော်ဆတ်ခနဲပင်ဖြစ်သွားရသည်။
ထို့နောက် ကိုကိုက ကျွန်တော့ကိုကျောခိုင်းကာထိုင်
လိုက်သည်။ ခေါင်းထဲလက်ထိုးထည့်ကာ ဆွဲဖွနေ
သည်ကကိုကိုစိတ်ရှုပ်ရင် လုပ်နေကျအပြုအမူ။
အနားသို့အသာကပ်ရင်း
" ကိုကို ဘာဖြစ်နေတာလဲ"
ခေါင်းသာယမ်းပြသည်။
"တစ်ခုခုဖြစ်နေပါတယ်။ ကျွန်တော်သိတယ်
အလုပ်မှာအဆင်မပြေလို့လား ကျွန်တော့ကိုပြောပြလေ"
အနောက်နားမှာထိုင်ရင်း ကျောကိုလှမ်းဖက်မိတော့
ကျွန်တော့လက်တွေကိုဖယ်ချပစ်သည်မို့ အံ့သြသွားရသည်။
" ကိုကို "
မက်ဆေ့ချ်သံနောက်တစ်ချက်
ကိုကို့တောက်ခေါက်သံနောက်တစ်ချက်
" ကိုကို မဟုတ်မှ ကျွန်တော့ကိုသဝန်တိုနေတာလား"
ပြန်မဖြေ။
" ဟုတ်လားလို့ "
မျက်နှာကိုငုံ့ထားဆဲ။
" ကိုကို ..... "
ရုတ်တရက် ကျွန်တော့ဘက်သို့လှည့်လာပြီးဆွဲလှဲလိုက်တာမို့ကျွန်တော်က ပက်လက်၊ ကိုကိုကကျွန်တော့အပေါ်အုပ်မိုးလျက်။ ပြတင်းပေါက်ဖွင့်ထားသည်မို့ လမ်းမီး
တိုင်များမှ အလင်းဖြင့်မြင်နေရသည့် ရဲနေသော
ကိုကို့မျက်နှာကိုကျွန်တော်မခန့်မှန်းနိုင်ခဲ့။ ခပ်သင်းသင်း
ရနေသည့် ယောကျာ်းလေးသုံးမျက်နှာသစ်ဆေးနဲ့ကြားမှ
ချိုအီအီအနံ့တစ်ခု။ ကျွန်တော်နှင့်မစိမ်းသက်သောအရာ။
" ကိုကိုသောက်လာတာလား"
နားရွက်ဖျားတွေနှင့် မျက်နှာပြင်မှအစိတ်အပိုင်းတချို့က
ရဲလို့။ မျက်မှန်ချွတ်ထားသည့် မျက်ဝန်းများက ခပ်မှိုင်းမှိုင်း။
" မကြိုက်ဘူး"
" ဘာကြီး "
" အရမ်းကြီးရင်းနှီးမနေနဲ့ ကိုယ်မကြိုက်ဘူး"
ကျွန်တော် ခပ်ဖွဖွရယ်မိတော့ ကိုကိုကမျက်မှောင်ကျုံရင်း
" ရယ်စရာမဟုတ်ဘူးနော် ညီ "
" မရယ်ပါဘူး သဘောကျလို့
ဘယ့်နှယ်ကြောင့် ထ သဝန်တိုနေတာလဲ"
" မတိုပါဘူး "
" အခုတိုနေတာမဟုတ်ဘူးလား"
" ---"
သိပ်မကွာတော့သောအကွာအဝေးမှာ ကိုကို့နှုတ်ခမ်းများက မက်မောချင်စရာ။ လက်မနှင့်ဖြည်းဖြည်းချင်းထိပွတ်မိတော့ ရင်ခုန်လာရသည်။
" မူးရင် သဝန်တိုတတ်တာလား ဘဲကြီး"
နှုတ်ခမ်းနှစ်ခု ထိသည်ဆိုရုံလေးဖိကပ်နမ်းပစ်လိုက်
တော့ မသိမသာပြုံးသည်။ နမ်းရင်းနဲ့မရယ်ဖို့ ဘယ်လို
သင်ပေးရပါ့။
ထို့နောက်ကျွန်တော်လွှတ်ပေးလိုက်သည့်တိုင် ကိုကို့ဘက်ကမလွှတ်တော့။ သောက်လေလေ
ငတ်မပြေသည့်ပင်လယ်ရေကဲ့သို့ ကိုကို့နှုတ်ခမ်း
များက နမ်းမဝချင်စရာအတိ။
ကျွန်တော်မှန်းထားသည်ထက် ပိုမိုကြာမြင့်သလို ပိုမို
နက်ရှိုင်းလာသော အနမ်းတို့က ထုနဲ့ထည်။
မဆိုစလောက်ကြမ်းတမ်းလာသည့်အခါ ကျွန်တော့မှာ တအံ့တသြ။ လပေါင်းများစွာ တကုတင်ထဲအတူအိပ်ခဲ့
ပေမယ့် ကျွန်တော်တို့ဟာ အဆင့်တက်ဖို့ဝေးစွ
မနမ်းတောင်မနမ်းဖြစ်ခဲ့။ ပင်ပန်းတာရော
ရှိးတိုးရှန့်တန့်ဖြစ်နေတာရောကြောင့်ဖြစ်မည်ထင်။
" အင့် ... ကိုကို "
အနည်းငယ်မွန်းလာသည်မို့ မသိမသာရုန်းမိတော့
လက်ကိုဖိထားပြီး ပိုကြမ်းအောင်နမ်းသည်။ ကိုကို့
နှုတ်ခမ်းဖျားမှ ချိုမြိန်မှုနှင့် ယမကာလက်ကျန်၏
ခါးသက်မှုက ကျွန်တော့ကို အလိုလိုရီဝေဝေဖြစ်လာေ
စသည်။ အသိညဏ်မဲ့သူလို ကိုကို့ပခုံးသားတို့ကို
ကိုင်ရင်း မိန်းမောနေမိသည်။
ကျွန်တော်အသိပြန်ဝင်လာတော့ ကိုကိုက ကျွန်တော့ ညဝတ်အကျီၤကြယ်သီးများကိုဖြုတ်နေသည်မှာ ၃လုံးပြုတ်သွားခဲ့ပြီ။ ခုနကငြိမ်နေသော ရင်က ဖုတ်လှိုက်၊ ဖုတ်
လှိုက်။
" ကိုကို .... "
" ကလေးက သူများနဲ့ရင်းနှီးနေတာကိုး
အပြစ်ပေးရမှာပေါ့ မဟုတ်ဘူးလား"
ကို့ကို့နှုတ်ခမ်းတွင်တွဲလဲခိုနေသည့်အပြုံးက တခုခုပင်။
ကြယ်သီးအကုန်ပြုတ်သွားသည်နှင့် အကျီၤကို ဆွဲခွာလိုက်သည်မှာ ပြောင်းဖူးပြုတ်အခွံခွာသကဲ့သို့။
အဝတ်မကပ်သောအသားတို့ကို လက်ချောင်းသွယ်
များဖြင့် ဖွဖွပွတ်တိုက်နေတော့ အေးစက်သောကိုကို့
လက်ဖျားများ ထိတွေ့သွားရာတစ်လျှောက် ကျွန်တော့
အသက်ရှုသံတို့ပါကုန်သည်။ ထွက်သက်နှင့်ဝင်သက်တို့က မကွဲချင်တော့။
လည်ပင်းပေါ်သို့ကျလာသည့် နှုတ်ခမ်းများ။
ကိုကို ကျွန်တော်အသက်ဆက်ရှင်ချင်ပါသေးတယ်နော်။
မေးရိုးကိုခပ်ဖွဖွစုပ်ယူလိုက်ပြီး လည်ပင်းတစ်လျှောက်
အနည်းငယ်သောပြင်းအားဖြင့် နမ်းတော့ နှုတ်ခမ်းတွေကိုက်ထားသည့်ကြားမှ အသံတစ်ခုထွက်ဖြစ်အောင်ထွက်သွားပြီး ခါးနှင့်မွေ့ယာ စင်တီမီတာအနည်းငယ် လွတ်သွားသည်။
ကြွသွားသောခါးအကြား ကိုကို့လက်ကဖျတ်ခနဲဝင်လာပြီးခပ်တင်းတင်းဆွဲပွေ့လိုက်တော့ ရင်ဘတ်နှစ်ခုကြား ကြားခံနယ်မရှိ။ ကျွန်တော်ခေါင်းကိုမော့ရင်း အံ့ကိုတင်းတင်းကြိတ်ထားမိရသည်။ ကိုကိုနှုတ်ခမ်းများ ကျွန်တော့ရင်ဘတ်တစ်လျှောက် ကူးလူးဖြတ်သန်းချိန် ခေါင်းအုံးစကိုလက်ပြန်ဆုပ်ကိုင်ထားရသည်။
" အ !! ကို .. ကို "
တစ်နေရာထဲကိုဖိစုပ်နမ်းနေတော့ ဒီကကောင်ကအသက်ရှုရပ်တော့မယ်။ တဆိတ် ကိုကို့နှုတ်ခမ်းများက အသက်ငင်စရာ ပြင်းရှလွန်း၏။ အိပ်ယာခင်းနဲ့ကျောနဲ့လွတ်လေလေ ကိုကို့ရင်ခွင်ထဲပိုရောက်လေလေ ကျွန်တော်သွေးပျက်ခြင်းကလည်း များလာလေလေ။
နူးညံ့ခြင်းရောထားသောကြမ်းတမ်းခြင်းက ကျွန်တော့ကိုယ်ထဲမှသွေးများကို ပွက်ပွက်ဆူစေသည်။ ဗိုက်သားနားအထိဆင်းလျှောက်လာသော ကိုကိုအနမ်းများကြောင့် မောဟိုက်လို့လာရသည်။
" ကလေး ..."
ကျွန်တော်ငုံ့ကြည့်မိတော့ နံရိုးနားသို့လက်ဖြင့်ဖွဖွပွတ်သပ်ရင်း ရီဝေဝေမော့ကြည့်နေတဲ့သူ။
" ကိုယ် .... ဒီည ...
ကလေးကို ပိုင်ချင်တယ်"
Shitttttt
သေစမ်း .....
မျက်လုံးများကို ယောင်ရမ်းမှိတ်ပိတ်လိုက်တော့
တိတ်ဆိတ်သောအခန်းငယ်အတွင်း ကိုကို့ရယ်သံက
ကျွန်တော့ကို ရူးသွပ်တပ်မက်စေလာသည်။
ကိုကိုကကျွန်တော့ကို ဆွဲထူလိုက်ပြီး ရင်ခွင်ထဲသို့ထည့်
လိုက်သည်။ အင်အားမရှိတော့သလို ကိုကိုရှိရာပြိုဆင်း
သွားတော့ ကိုကိုကကျော်ပြင်များကို ပုတ်ပေးသည်။
ကိုကို့အထိအတွေ့တိုင်းက ကျွန်တော့သွေးရိုင်းများကို
ပိုမိုနက်ချိတ်စေလာသည်ကို ကိုကိုမသိလေသလား။
ပခုံးနားသို့မျက်နှာအပ်ချပြီး
" ကိုယ် ဒီစိတ်ထားမိလို့ ကလေးစိတ်မဆိုးဘူးမလားဟင်"
ခင်ဗျားက လူမဟုတ်တာကျ။လူပဲ ဒီစိတ်ရှိမှာပေါ့။
အရင်ကမရှိပေမယ့် အခုရှိချင်ရှိမှာပေါ့ဗျာ။
ပါးစပ်ကမပြောဖြစ်တော့ဘဲ ကိုကို့နှုတ်ခမ်းများကို
ငုံထွေးနမ်းမိတော့ ကိုကိုပြန်နမ်းသည်မှာ တရှိုက်မက်မက်။
" အမှန်ကတော့ ဒါကိုကြိုတင်ပြင်ဆင်ရတယ်ပြောတယ်
ဒါပေမယ့် ကိုယ် ရည်ရွယ်ထားတာ မဟုတ်ဘူး
အရက်ကလည်းဝင်ပြီး ဘာစိတ်တွေပေါက်နေမှန်းမသိတာ"
အရက်တိုက်လိုက်တဲ့သူတွေကို ကျွန်တော့မှာကျေးဇူးအထပ်ထပ်။
" အဲ့တော့"
" အဲ့တော့ .... ရေနဲ့ပဲ ...ဟို Pressure နဲ့ပဲ "
သူပြောပြီးသူရှက်နေပြန်တော့ ကျွန်တော်ရယ်မိသည်။
" ဒီအခြေအနေကသူ့ဘာသာသူဖြစ်လာတာလေ
ကြိုသိတာမှမဟုတ်ဘဲ ဒီလိုပဲ ဖြစ်တတ်တာကို
ဘယ်လိုထိန်းချုပ်မလဲ ကိုကိုရာ။ သွေးထဲက
တောင်းတာကို"
ကျွန်တော်ထပြီး ရေချိုးခန်းထဲဝင်မယ်ပြင်ရင်း သတိတရ
နှင့်ပြန်လှည့်လာကာ
" သြ အရေးကြီးတာက ဒါ"
ကျောပိုးအိတ်ထဲက အန္တရယ်ကင်း ရော်ဘာထုပ်လေးကို
ထုတ်ပေးတော့ မျက်မှောင်ကျုံ့ကြည့်သည်။
" No နော် တနေ့က ပီတာ့ Wedding မှာ ရုံးကလူတွေ
စပြီးလက်ဖွဲ့ပေးတာ။ အဲ့ဒါပီတာက ရွတ်ပြီး တစ်ယောက်ငါးခုလိုက်ဝေလို့ ဒီထဲရောက်နေတာ"
ရှက်၍နီသော နားရွက်ဖျားလေးဟာ ကိုက်ချင်စရာ။
တတ်နိုင်သလောက် သန့်ရှင်းရေးဆောင်ရွက်ပြီးပြန်ထွက်လာတော့ ကိုကိုက ခုတင်ခေါင်းရင်းမှာခပ်လျှောလျှောမှီလျက် ဖုန်းကိုကြည့်နေသည်။
" ကလေး ... နာ .. မှာ "
ရော် ခက်ပြီ။ နာကျင်ခြင်းကတော့အနည်းနဲ့အများရှိမပေါ့။ဒီဘဲနဲ့ငါတော့ဒုက္ခပဲ။
" အဟမ်း အဲ့ဒါက .... ဆီ ရှိတယ် ကိုကိုရာ"
သေစမ်း ... ငါကအကုန်ပြောရမှာလား
သိလှချည်လားဆိုသည့်အကြည့်ကြောင့် ခေါင်းကုတ်ရင်း
ရယ်ပြရသည်။
" ကိုယ်လည်းသိပါတယ်။ ဒါပေမယ့် အခုမှ ဘယ်လိုရ"
" သူ့အတွက်သီးသန့်မဟုတ်ပေမယ့် အင်း ...
ဒီလောက်ဆိုရင်ပေါ့"
ပြတင်းပေါက်ဘောင်ပေါ်မှာရှိတဲ့ သံလွင်ဆီဘူး။
မျက်နှာတောင်လိမ်းလို့ရတာမို့ နူးညံ့သည့်အစိတ်အပိုင်း
အတွက် အဆင်ပြေမည်ဟုယူဆရတာပဲလေ။
သြ အေးပါကွာ။ ပြောရတဲ့ကိုယ်ကမရှက်ရဘူး။
သူက ခေါင်းငုံ့လို့။ သေစမ်း နေအလင်းစက်ရာ။
ထို့နောက် ကျွန်တော့ခါးကိုသိမ်းပွေ့ဆွဲယူလိုက်ရင်း
သူ့ရင်ခွင်ထဲသို့နောက်ကျောမှီစေသည်။
" ချစ်တယ် ကလေး .....
ကိုယ် ကလေးကိုပိုင်မယ်နော်"
လည်ဂုတ်ကိုဖွဖွနမ်းရင်း ဆံပင်ရှိရာနယ်နိမိတ်အဆုံး
နှုတ်ခမ်းများဖြင့် ထိတိုက်ရင်းတိုးဖွဖွပြောတော့
လက်ကိုတင်းတင်းဆုပ်မိသည်။
" ပိုင်သင့်တာ ကြာပြီ"
တိုးတိုးလေး ပြန်ပြောပြီးနောက် ကျွန်တော့စိတ်နဲ့ရုပ် အသိကပ်ချိန်တွင် ကိုကို့ခန္ဓာကိုယ်အပေါ်ပိုင်းတွင်
အဝတ်နတ္တိ။
ကိုကို့နှုတ်ခမ်းများကို ကျွန်တော်အားမရသလို ဖိကပ်နမ်းရှိုက်နေမိသည်။ ကိုကိုနှင့်ကျွန်တော့ကြား လေမတိုးနိုင်အောင်တင်းကြပ်လျက်။
" ညီ"
ကိုကို့နှုတ်ခမ်းမှရသည့် ယစ်ရွှေရည်၏အနံ့သင်းသင်းက
ကျွန်တော့အာရုံငါးပါးကိုထုံထိုင်းစေသည်။
" Ah ...."
ခန္ဓာကိုယ်တွင်း ထိုးဖောက်ဖြတ်သန်းလာမှုသည်
ကျွန်တော့မျက်ဝန်းတို့ကိုငွေ့ရည်ကြည်ဖွဲ့စေသည်။
အသံမထွက်အောင် အိပ်ယာခင်းတို့ကို ဆုပ်ကိုင်မိတော့
ကိုကိုက သူ့လက်ဖျံကို ပါးပြင်နားထိုးပေးသည်။
သူ့ကိုကိုက်ဖို့။ နာကျင်ခြင်းသည် သူဖြစ်နေသည့်အခါ
ချိုမြိန်ရပါသည်။ အသည်းခိုက်မတတ်နာကျင်ရသော်ငြား
ထိုအစိတ်အပိုင်း၏ပိုင်ရှင်မှာ ချစ်ရသူဖြစ်သောကြောင့်
တပ်မက်တောင့်တစိတ်ကသာ ပိုကြီးစိုး၏။
နေသားတကျဖြစ်ပြီးခါမှ ကျွန်တော်နှင့်မျက်နှာခြင်းဆိုင်ရင်းလက်တစ်ဖက်က
လည်တိုင်ကိုဖွဖွပွတ်သပ်ရင်း တစ်ဖက်က နှုတ်ခမ်းတို့ပေါ်တွင် ပြေးလွှားလျက်။
" ချစ်တယ် ကလေးရာ "
ရူးသွားတော့မည်ဟု ထင်မိသည်။
ကိုကို့အထိအတွေ့ တစ်ခုချင်းတိုင်း ...
အသံတစ်ချက်ချင်းတိုင်း ..
အနမ်းတစ်ပွင့်တိုင်း ....
ကျွန်တော် ဟာလာဟင်းလင်းပွင့်ထွက်သွားတော့မတတ်
လည်ပင်းဆီသို့ ခပ်ပြင်းပြင်းစုပ်ယူရင်း လက်တစ်ဖက်က
ရင်ဘတ်ပေါ်တွင် စုန်ချီဆန်ချီ။ တဖြည်းဖြည်းအောက်သို့ဆင်းသွားသော အနမ်းများက ရင်ဘတ်ပေါ်မှ
သီးသန့်ဇုန် ၂ခုအပေါ်သို့ တစ်လှည့်စီကြွေကျတဲ့အခါ
ထိန်းထားတဲ့ကြားမှပင် ညည်းညူခြင်းပြုမိသည်။
ရူးတော့မှာ ...
ကျွန်တော်ရူးသွားတာ ကိုကိုမြင်ချင်နေတာလား။
သူ့ထံပိုမိုတိုးကပ်ရင်း ကိုယ့်လိုအင်ကိုပြမိတဲ့အခါ
ခုနကမေ့နေခဲ့သော နာကျင်မှုက ဟိုး အနက်ရှိုင်းဆုံးအထိ။
" Ahhh ကိုကို ... Hm"
" ကလေးရယ် ..... ကိုယ် "
ပွတ်တိုက်တွန်းထိုးမှုတစ်ခုတွင် ကျွန်တော်နာကျင်လှပါသည်။ သို့သော် ထိုနာကျင်မှုကိုပင် သွေးကြောများထဲမှတောင်းခံနေသည်။ ထိုနာကျင်မှုကိုမရပ်တန့်စေချင်သော စိတ်ဆန္ဒကားပြင်းပြင်းထန်ထန်။
ကိုကို့ နှာဖျားထိပ်မှချွေးစက်လေး ကျွန်တော့မျက်နှာပေါ်
ပေါက်ခနဲကျလာချိန် ကိုကို့လည်ပင်းကိုဖိနှိပ်ပြီး ကျွန်တော်ရှိရာ ဆွဲယူရင်း နှုတ်ခမ်းများကိုအငမ်းမရနမ်းမိသည်။
" ကလေး ... နာလို့ ... လား
အရမ်းနာရင် ကိုယ်"
" ဟင့်အင်း .... မရပ်နဲ့ကိုကို ...
Ahhh shit ကျွန်တော်ရူးတော့မတတ်ပဲ
အာ မရပ်လိုက်နဲ့ ရတယ် အင်း မရပ်နဲ့"
ကယောင်ကတမ်းပြောမိသောစကားများကိုပြန်လည်ဖုံးဖိဖို့အချိန်မရှိတော့။ကျွန်တော်ပြောသမျှ တိုးတိုးလေးရယ်နေပြန်တော့ ကျွန်တော့မှာအရူးလိုပင်။ ကိုကိုသည်ကျွန်တော့အား Gas မီးဖိုကဲ့သို့ပင် ကိုကို့အားလိုချင်နေသည့် ကျွန်တော်ဆိုသည့် မီးတောက်အား လိုတိုးပိုလျှော့ဖြစ်နေစေပြန်ပါသည်။
Gym မသွားသောကိုကိုသည် ဘယ်အရိုးထဲကသန်မာနေသနည်း။
တဖြည်းဖြည်းနှင့်ပြောင်းလဲလာသော ခံစားမှုအစုစုကလူကိုပိုပြီးမိန်းမောစေသည်။
ဖြည်းဖြည်းချင်းလှုပ်ရှားနေသော ကိုကိုက တခါတခါ ငုံ့ကာမွတ်မွတ်သိပ်သိပ်နမ်းသည်။
နဖူးပြင်၊ နှာတံ ပါးပြင်နှင့် နှုတ်ခမ်းများကတော့ ပေါက်ထွက်တော့မည့်အလား။ အမြဲရောင့်ရဲတတ်သူကို လိုချင်တပ်မက်မှုအပြည့်နှင့် မြင်ရသည်ကိုက ကျွန်တော့အတွက် ပိုပြီးထပ်ခါထပ်ခါ ဆာလောင်စေသည်။
ကျွန်တော်ရှိရာတိုးဝင်ရင်း စိတ်အာဟာရကိုဖြေနေသူ၏
ချွေးစက်များက အဝတ်မပါသော ရင်ဘတ်ပေါ်စီးကျနေသည်ကို မြင်ရသောကျွန်တော့မှာ အသက်ကိုတွန်းထိုးရှုနေရသည်။ ကျွန်တော့ခါးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာနှုတ်ခမ်းတွေကို ဖိကိုက်ရင်း ခေါင်းမော့ကာ ချိုမြိန်ခြင်းကို အဆက်မပြတ် ရှာဖွေသူမှာ လှရက်လေအား။ လည်တိုင်မှ တလှုပ်လှုပ်ဖြစ်နေသည့်အစိတ်အပိုင်းက ကျွန်တော့ကို ကြမ်းတမ်းချင်လာအောင် သွေးဆောင်ဖြားယောင်းပါ၏။
" ကလေး ...."
" mmm ....."
" ahh ဖြည်းဖြည်း ကလေး နာမယ်"
" ကိုကို .... ahh .... ကျွန် .... တော် အင်း"
အားကစားလုပ်ကြောင်းသက်သေပြချင်ခဲ့သော
ကျွန်တော်ကား မည်မျှပင်တောင့်ခံထားသော်လည်း
" ကလေးရယ် ..... ကိုယ်ရူးချင်နေပြီ ...
ကလေးက ..... အရမ်း .... နွေးလွန်း .... တယ်"
ဟု နားရွက်အဖျားလေးကို ငုံခဲရင်းပြောလာသည့်အခါ
ကိုကို့ကျောပြင်အားပေါက်ထွက်မတတ် သိုင်းဖက်ရင်း
အဆုံးစွန်သောခရီးသို့ရောက်သည်။
ကျွန်တော် နှစ်ကြိမ်မျှ ကျဆုံးပြိုဆင်းပြီးမှ ကိုကိုကကျွန်တော့ဆံပင်များအကြားမျက်နှာအပ်ရင်း ချစ်တယ်ဟူသောစကားအား တုန်တုန်လှိုက်လှိုက်ရေရွတ်ရင်း ရပ်တန့်၏။
ချွေးများဖြင့်စိုရွှဲအပ်သော ကျွန်တော့ရင်ဘတ်ပေါ်
မျက်နှာအပ်ထားရာက သူအလှမ်းမှီရာ ကျွန်တော့မေးဖျားဆီသို့ အနမ်းတစ်ပွင့်ကမ်းလှမ်းသည်။
ထိုတိုးကပ်လာသော နှုတ်ခမ်းများထံ ကျွန်တော့နှုတ်ခမ်းများ တိုးဝှေ့ရင်း
" အရမ်းချစ်တယ် ကိုကို"
နမ်းနေရင်း မပြုံးဖို့ထိုလူသားအား
ကျွန်တောာ်မပြောနိုင်တော့သည့်အားလျော်စွာ
သွေးရောင်တို့လွှမ်းနေပြီဖြစ်သော နှုတ်ခမ်းလွှာတို့ကိုသာ
အဖန်ဖန်အထပ်ထပ် နမ်းရှိုက်ခြင်းပြုမိ၏။
ချစ်ခြင်းမေတ္တာနှင့်ဆက်နွယ်နေသမျှ စကားလုံးတိုင်း
ထိုသူ၏အမည်နှင့်သာစာလုံးပေါင်းသည်။
ထိုသူသည်ကား ကျွန်တော့အတွက်အရာရာ။
နေအလင်းစက်
( E/N - နောက်တစ်ပိုင်းက ကိုဘုန်း POV ပါ။ နောက်တစ်ပိုင်းတင်ဖို့ဆိုတာကတော့
@ThetTantYoung အပေါ်လုံးဝမူတည်ပါတယ်နော်။ ဒေါ်တန့် ဇာတ်သိမ်းပိုင်းအထိဖတ်ပြီးတာနဲ့တန်းတင်ပေးမှာပါ။ အခုထိတော့ 26 ပဲ ရှိသေးတယ် ဟိ။
စကားမစပ် စာအုပ်ထုတ်ဖြစ်ပါတယ်နော်။ အော်ဒါကောက်တဲ့အခါ သေချာလေးအသိပေးပါ့မယ်။ စာအုပ်ထဲမှာတော့ Extra အပိုင်းတွေမပါလောက်ပါဘူး။ လိုအပ်တဲ့အပိုင်းတွေကိုတော့ထည့်ပါ့မယ်။ ဒီ Adult Scene လေးတွေဆိုတာကလည်း ဒီလို Relationship တွေမှာ သွေးသားဆန္ဒကိစ္စဆိုတာ မဖြစ်မနေမဟုတ်သည့်တိုင် လိုအပ်တယ်ဆိုတာမျိုးကိုပြပေးချင်တာမို့ ထည့်ပေးထားပါ။ အတတ်နိုင်ဆုံး သဘာဝနဲ့နီးစပ်အောင် ဖတ်သင့်တာဖတ်၊မေးသင့်တာမေးပြီး အရမ်းကြီး ရိုင်းတဲ့ပုံစံလည်းမပေါက်အောင် ရေးပေးထားပါတယ်နော်။ မဖတ်နဲ့လို့မတားပါဘူး တင်ကတည်းကဖတ်မယ်ဆိုတာသိပြီးသားပါ။ ဒါကြောင့်လည်း အများကြီးမဟုတ်အောင်ကြိုးစားရေးထားပါတယ်။ Extra ကတော့ ရပ်မှာမဟုတ်ပါဘူး။ အိအိစိတ်ကူးပေါက်တိုင်းရေးဖြစ်နေမှာပါ။ ချစ်တယ်လို့။)