ဇာတ်လမ်း - ၄၆

62.7K 6.4K 565
                                    

Zawgyi

တစ်ပါတ့့် ။ လျင်လျင်မြန်မြန်ကုန်ဆုံးသွားသည်
တော့မဟုတ်။ စက္ကန့်တိုင်း၊ မိနစ်တိုင်းကနာကျင်ကြေမွစွာ၊ အသက်ရှုရန်ခက်ခဲစွာဖြင့်ပင်တရွေ့ရွေ့။

ကျောင်းကပုံမှန်သွားရသော်လည်း site ထဲမှာပင်​အချိန်​ကုန်​ဆုံးပစ်​လိုက်​သည်​။ ညီတို့ကျပြန်​​တော့လည်း အ​ဝေးသင်​တက်​ရန်​​ကျောင်းပိတ်​ထားချိန်​ဖြစ်​၍ ကံ​ကောင်း သည်​ဟုဆိုရမလား။ ညီအ​နေရခက်​​နေမှာပူရန်​မလိုသဖြင့်​​တော်​ပါ​သေး၏။

အခုချိန်​ထိကျွန်​​တော်​ညီ့ကိုမဆက်​သွယ်​သလို ညီ့ဘက်​ကလည်းကျွန်​​တော့ကိုမဆက်​သွယ်​လာခဲ့။ ဖုန်းသံကြားတိုင်းကျွန်​​တော့မှာ ဘာပြန်​​ဖြေလိုက်​ရမလဲရင်​တထိတ်​ထိတ်​။ ဘာလို့မဆက်​သွယ်​​ကြောင်းကိုလည်းကျွန်​​တော်​မသိ မမှန်းတတ်သည်ထက် မမှန်းချင်ခဲ့သည်ဆိုလျင် ပိုမှန်လေမလား။

သည်​​နေ့​တော့​ကျောင်းမှပြန်​လာပြီး ညီတို့တိုက်​ခန်းဘက်​မှတမင်​ပတ်​​မောင်းလာခဲ့သည်​။

ပန်း​လေးအိမ်​​ရောက်​​နေသည်​မှာဟို​နေ့ကတည်းက။ အိမ်​မှာသုံး​ယောက်​သားမျက်​နှာချင်းဆိုင်​တိုင်း စကားဝိုင်းထဲမည်​သည့်​အ​ကြောင်းမျှပါမလာ​စေရန်​​ရှောင်​ရှား​နေရသည်​မှာ မွန်းမွန်းကြပ်​ကြပ်​​အ​ခြေအ​နေ။ ဒီနေ့တော့ပန်း​လေးစားချင်​သည့်​ဘဲကင်​ကို ပုလဲကွန်​ဒို​ဘေးရှိ ​ရွှေဘဲမှတမင်​လာဝယ်​ခြင်း။

ညီ့ကိုလွမ်းလှသည်​။

ခရီးသွားချိန်​ကလွမ်းသည်​ဟုဆို​သော်​လည်း အခုက​တော့ ဘယ်​​သောအခါမှပြန်​မဆုံနိုင်မည့်​လူတစ်​​ယောက်​လို နင့်​နင့်​နဲနဲလွမ်းမိခြင်း။

ညီဘာ​တွေလုပ်​​နေမလဲ့ ကျွန်​​တော့ကိုစိတ်​ဆိုး​နေမလား၊ စိတ်​နာ​နေမလား။ ထမင်း​ရောစားရဲ့လား။

အ​ဝေးသင်​အတွက်​ကျူရှင်​​ရောမှန်​မှန်​တက်​ရဲ့လား။ ဘာလို့ကျွန်​​တော့ကိုတစ်​ခွန်းမှမ​မေးမြန်းတာလဲ။

စိတ်​များကုန်​သွားတာလား ဒါမှမဟုတ်​ ကျွန်​​တော်​လာ​ချော့မှာကို​စောင့်​​နေတာလား။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now