Zawgyi
TV ကိုတော့ဖွင့်ထားသည်။ သို့သော်အာရုံကမရှိ။
မထချင်မသွားချင် ဘာဆိုဘာမှမလုပ်ချင်..။ သက်ပြင်းကိုသာအကြိမ်ကြိမ်ချနေမိသည်။ဘာလုပ်လို့လုပ်ရမည်ကိုလည်း မစဉ်းစားမဆုံးဖြတ်တတ်တော့။ကျွန်တော်စိတ်ရောကိုယ်ပါ ပင်ပန်းလှပါပြီ။
လွန်ခဲ့သည့်တစ်ပါတ်ကကိုကိုနှင့်စကားပြောခဲ့သည်ကိုအတွေးက ပြန်ရောက်သွားပြန်တော့
ဆိုဖာနောက်ကိုခေါင်းမှီချရင်း အတွေးနောက်
လိုက်မိရတော့သည်။" ကလေးဘာလုပ်ချင်လည်း ကိုယ့်ကိုပြော
ကိုယ်အားလုံးလုပ်ပေးမယ်"လိမ်ညာနေဟန်တစက်မရှိသောကိုကို့စကားတို့တွင်
ကျွန်တော်ပျော်ရမည့်အစားစိတ်ရှုပ်ထွေးလာသည်။
ဘာလုပ်ရမလဲ... ကျွန်တော်ဘာလုပ်သင့်ပါသလဲ။ချစ်သောသူက ကျွန်တော့ဘက်ခြေစုံရပ်ပေးမည်ဟုဆိုလာသော်ငြား တဖက်ကမ်းတွင်ကျန်ရစ်ရမည့်သူက
သူငယ်ချင်းအရင်းခေါက်ခေါက်။ဒီ့ထက်ပိုပြောရလျင် သူငယ်ချင်းထက်ပိုသောမိသားစုဝင်တစ်ယောက်။
ကျွန်တော်စိတ်အလိုကိုလိုက်ခဲ့ပြီးပြီ ...။ တစ်ကြိမ်တစ်ခါအားဖြင့် သူများရည်းစားကိုပစ်မှားကျူးလွန်ခဲ့ပြီးပြီ။
အခုကတော့ ပိုင်ရှင်ကိုမြင်ပါလျက် .. ပိုင်ရှင်က
ကိုယ့်သူငယ်ချင်းဖြစ်နေသည်ကိုတွေ့ပါလျက်
ျကာက်ရသည့်အရုပ်ပြန်မပေးချင်ဖြစ်နေသည်မှာ သဘာဝတော့မကျ။ပြန်မပေးချင်သေးသည်အထိလောဘကြီးခွင့်ရှိသေး
သော်လည်း အရုပ်ကလေးကိုပိုင်ရှင်အမည်ပေါက်
ပြောင်းချင်နေသေးသည်မှာတော့ ဆိုးဝါးလွန်းလှသည်ဟု ထင်သည်။ သို့သော် .... ကျွန်တော်တကယ်လည်း ပိုင်ဆိုင်ချင်ခဲ့သည်လေ ...။တကြိမ်တခါမျှမပိုင်ချင်ခဲ့ဖူး သည့်စိတ်မျိုးဖြင့် ရူးနင့်အောင်ပင်ထိုသူ့အားပိုင်ဆိုင်
ချင်စိတ်ကို မည်ကဲ့သို့ဖျောက်ဖျက်ရမည်နည်း။ကိုကို့မျက်နှာကိုညိုးငယ်စွာမော့ကြည့်မိတော့
ကိုကိုကသက်ပြင်းမောချသည်။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo