Dark Angel

By akyinnamon

416K 48.6K 2.7K

(Unicode & Zawgyi) Black Angel ရဲ့ Season 2 ဇာတ်လမ်းအဆက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Black Angel ကို အရင်ဖတ်ပြီးမှ ဒ... More

အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13 (U & Z)
Part 14 (U&Z)
Part 15 (U&Z)
Part 16 (U&Z)
Part 17 (U&Z)
Part 18 (U&Z)
Part 19 (U&Z)
Part 20 (U&Z)
Part 21 (U&Z)
Part 22 (U&Z)
Part 23 (U&Z)
Part 24 (U&Z)
Part 25 (U&Z)
Part 26 (U&Z)
Part 27 (U&Z)
Part 28 (U&Z)
Part 29 (U&Z)
Part 30 (U&Z)
Part 31 (U&Z)
Part 32 (U&Z)
Part 33 (U&Z)
Part 34 (U&Z)
ဇာတ်သိမ်းပိုင်း
Thankyou
Teaser
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 1 (Zawgyi)
Extra 2 (Zawgyi)
Extra 3 (Zawgyi)
A/N

Part 6

9.1K 1.2K 14
By akyinnamon

"တစ္ခ်ိန္တုန္းက နတ္ဘုရားအားလံုးရဲ႕ သခင္မျဖစ္တဲ့ နတ္ဘုရားမဟာ နတ္ဆိုးေတြရဲ႕ေခါင္းေဆာင္ ေစတန္နဲ႔ ေမတၱာမ်ွခဲ့တယ္တဲ့။ မယံုႏိုင္စရာပဲေနာ္။ ဒါေပမဲ့ တကယ္ျဖစ္ခဲ့တာ။ သိလား။ သူတို႔ရဲ႕ သားငယ္ ဖရက္ဒီဟာ ဒီတစ္ေလာကလံုးမွာ အင္အားအၾကီးဆံုး နတ္ဘုရားတစ္ပါးျဖစ္ခဲ့တယ္။ ဒါေပမဲ့ မိခင္နတ္ဘုရားမရဲ႕ လုပ္ေဆာင္ခ်က္ေၾကာင့္ ဒီတန္ခိုးစြမ္းအားေတြဟာ ဖရက္ဒီအတြက္ မျဖစ္ခဲ့ဘူး။ ဖရက္ဒီရဲ႕ခ်စ္သူ ဒန္နရယ္ဆိုတဲ့ လူသားေကာင္ေလးအတြက္ ျဖစ္ေနခဲ့တယ္။"

လွမ္းခ်ိတ္ထားသည့္ လက္ဖ၀ါးႏုႏုေလးႏွင့္ ထိေတြ႔ေနရသည့္ လက္ဖ၀ါးေနရာသည္ ေႏြးေနသည္။ စကားသံခ်ိဳခ်ိဳသည္ နားထဲသို႔ စီး၀င္ေနသည္။ လက္ခံႏိုင္စရာ မရွိေပမယ့္ ခ်စ္ရသည့္သူမ ေျပာေနသည္မ်ားကို အားလက္စ္ ျငိမ္သက္စြာ နားေထာင္ေနျဖစ္သည္။

"ဖရက္ဒီေပးခဲ့တဲ့ တန္ခိုးစြမ္းအားေတြနဲ႔ ဒန္နရယ္ဟာ ေစတန္နတ္ဆိုးကို ႏွိမ္နင္းႏိုင္ခဲ့တယ္။ တစ္ေလာကလံုးရဲ႕ အရွင္သခင္ ျဖစ္ခဲ့တယ္။ အခု ဒီဗိမာန္နတ္ဘုရားေက်ာင္းၾကီးက နတ္ဘုရားဒန္နရယ္အတြက္ ရည္ရြယ္ျပီး ေဆာက္ထားခဲ့ၾကတာ။"

"ဗိမာန္.. ဟုတ္လား မမ။ ကၽြန္ေတာ္ျမင္တာေတာ့ အပ်က္အစီးပံုၾကီးပဲ။"

"ဒါကေတာ့ အားလက္စ္ရယ္။ အခ်ိန္ေတြၾကာခဲ့ျပီ။ ႏွစ္ေပါင္း ေထာင္ခ်ီ၊ ေသာင္းခ်ီၾကာမွေတာ့ လူေတြလည္း ေမ့ေနျပီေပါ႔။ ျငိမ္းခ်မ္းတဲ့ကာလက ၾကာခဲ့ေတာ့ ေစာင့္ေရွာက္ေပးေနတဲ့ နတ္ဘုရားေတြကို သတိမရၾကေတာ့တာ မထူးဆန္းပါဘူးေနာ္။ မင္းသိလား။ ဟိုးတုန္းကဆိုရင္ မမတို႔လူသားေတြ ဒီလို ဘယ္ေနရမလဲ။ ဘယ္ေတာ့နတ္ဆိုးေတြရဲ႕ အစာျဖစ္မလဲဆိုျပီး အထိတ္ထိတ္အလန္႔လန္႔နဲ႔ ေနခဲ့ရတာ။"

"နတ္ဆိုးေတြ၊ နတ္ဘုရားေတြ.. ဒါေတြပဲ ေျပာေနတာပဲ မမရာ။ သူတို႔ကို မမ ျမင္ဖူးလို႔လား။"

"ျမင္ေတာ့ ဘယ္ျမင္ဖူးမလဲ။"

"အဲ့ဒါေျပာတာ။ တကယ္ မရွိပါဘူးဗ်ာ။"

"ကိုယ္မျမင္ဖူးတာနဲ႔ မရွိဘူးလို႔ မျငင္းနဲ႔ေလ အားလက္စ္ရာ။ မမကေတာ့ ယံုတယ္။ ဒါနဲ႔ အားလက္စ္။ မင္းအေဖကို သတိထားဖို႔ေျပာဦးေနာ္။"

အားလက္စ္တြင္ မိခင္မရွိ။ ဖခင္တစ္ဦးတည္းရွိသည္ဟု ဖေလာ္ရာသိထားသည္။ အားလက္စ္က သူမတို႔စားေသာက္ဆိုင္တြင္ပင္ ညအိပ္ညေန အလုပ္လုပ္ေသာေၾကာင့္ ဖခင္ျဖစ္သူမွာ ျမိဳ႕ျပင္တြင္တစ္ဦးတည္း သီးသန္႔ေနထိုင္သည္။ အားလက္စ္တို႔သားအဖသည္ ဒီျမိဳ႕ငယ္သို႔ ေရာက္လာကတည္းက ထူးဆန္းေနခဲ့သည္။ ဘယ္ကလာသည္မသိရ။ ေဆြမ်ိဳးသားခ်င္းလည္း မရွိ။ အလုပ္အကိုင္ဟူ၍လည္း မယ္မယ္ရရ မရွိ။ ထို႔အျပင္ လကြယ္ညတိုင္း အိမ္မွာမရွိတတ္သည့္ အားလက္စ္ဖခင္၏ သို၀ွက္မွုမ်ားေၾကာင့္ ျမိဳ႕ငယ္အတြင္း သတင္းတစ္ခုလို ျဖစ္ေနသည္။

"ဘာျဖစ္လို႔လဲ မမ။"

"ဟိုတစ္ေန႔က ဆိုင္ကိုလာတဲ့လူေတြ ေျပာေနၾကတယ္။ မင္းအေဖက နတ္ဆိုးေတြနဲ႔ အဆက္အသြယ္ရွိတယ္တဲ့။"

အေကာင္းဆံုးဟာသတစ္ခုကို ၾကားလိုက္ရသလို အားလက္စ္ ရယ္ျဖစ္သည္။

"အေကာင္းေျပာေနတာကို။ ဘာရယ္ေနတာလဲ။"

"ေဖေဖသာ နတ္ဆိုးေတြနဲ႔ အဆက္အသြယ္ရွိရင္ ကၽြန္ေတာ္ ဆိုင္ရွင္အဘိုးၾကီးကို အရင္ဆံုး သတ္ခိုင္းမယ္။"

"ဟယ္.. ဒီကေလး.."

လက္ေမာင္းကို တဖ်တ္ဖ်တ္ရိုက္ေပမယ့္ အားလက္စ္ မနာပါ။ အရယ္မရပ္ေသးဘဲ အိစက္ေနသည့္ လက္ဖ၀ါးေလးကို ဖမ္းဆုပ္ထားလိုက္သည္။

"မမ.. အခုနက ဘာေတြဆုေတာင္းေနတာလဲ။"

ဖေလာ္ရာ အားလက္စ္ကို ေခါင္းငဲ့ၾကည့္ရင္း ျပံဳးလိုက္သည္။

"ဒီဘ၀ကလြတ္ဖို႔။ ကိုယ္ပိုင္ ယာခင္းေလးတစ္ခု ရႏိုင္ဖို႔။"

အားလက္စ္ အသံတိတ္သြားသည္။ စကားႏွစ္ခြန္းတြင္ ေရွ႕တစ္ခြန္းကိုသာ ၾကားလိုက္သည္။ ဖေလာ္ရာက ခပ္တိုးတိုးသာ ေျပာလိုက္ျခင္းျဖစ္ေပမယ့္ နားထဲမွာ ေပါက္ကြဲသံတစ္ခုလို ျပင္းထန္ေနသည္။

ေတာအုပ္ငယ္၏ အစြန္ဆံုးေနရာေရာက္သည္ႏွင့္ ေတာင္ေစာင္းတစ္ေနရာမွ ျမိဳ႕ငယ္ေလးကို လွမ္းျမင္ေနရသည္။ ေတာင္ေပၚမွာ အလ်ားလိုက္ကပ္ထားသလား ထင္ရသည့္ အိမ္တန္းမ်ားကို ကေလးအရုပ္ငယ္မ်ားသဖြယ္ ျမင္ေနရသည္။ ညေနေစာင္း ေအးခ်မ္းမွုႏွင့္အတူ ျမဴတို႔ဆိုင္းလာျပီျဖစ္သည္။

"မမ.."

"အင္း.."

"ကၽြန္ေတာ္တို႔ ထြက္ေျပးရေအာင္.."

"ဘုရားေရ.."

ရယ္သံလြင္လြင္ေလးကို ၾကားလိုက္ရသည္။

"ကၽြန္ေတာ့္ကို မယံုဘူးလား။"

"ဒီေလာက္မလြယ္လို႔ေပါ႔ အားလက္စ္ေလးရာ။ ထြက္ေျပးျပီးမွ ျပန္ဖမ္းမိရင္ ငါတို႔ႏွစ္ေယာက္စလံုး အသတ္ခံရမွာ။"

ေတာင္ေတာင္ရွဳခင္းမ်ာသည္ ျမိဳ႕ငယ္ေလးနားေရာက္သည္ႏွင့္ အံ့ၾသစရာ ေျပာင္းလဲသြားသည္။ သစ္ပင္မ်ား၊ ေတာအုပ္မ်ားေနရာတြင္ ဂ်ံဳစိုက္ခင္းမ်ား၊ ကြင္းျပင္က်ယ္မ်ားကို ေတြ႔ရသည္။ ၎ ကြင္းျပင္က်ယ္မ်ားတြင္ က်က္စားေနေသာ ႏြား၊ သိုး၊ ဆိတ္ တိရစၦာန္မ်ားစြာကိုလည္း ျမင္ရမည္ျဖစ္သည္။ ေတာင္ေစာင္းတစ္ေလ်ွာက္ ေရြ႔လ်ားသြားလာေနၾကေသာ တိရစၦာန္မ်ားမွာ ေတာင္ေပၚပန္းခ်ီကားခ်ပ္တြင္ အစက္အေျပာက္ေလးမ်ား ခ်ထားသလိုပင္။

ျမိဳ႕ငယ္ဟုဆိုရေသာ္လည္း ရြာၾကီးတစ္ခုအရြယ္သာ။ ေအာက္ထပ္တြင္ ေက်ာက္ျပားခ်ပ္မ်ားႏွင့္တည္ေဆာက္ျပီး အေပၚထပ္တြင္ေတာ့ သစ္သားကို အသံုးျပဳတည္ေဆာက္ထားသည့္ ႏွစ္ထပ္အိမ္မ်ားႏွင့္ ျဖစ္သည္။ ျမိဳ႕လယ္လမ္းေဘးတစ္ေလ်ွာက္ရွိ ေစ်းဆိုင္မ်ားရွိသည္။ ျမိဳ႕၀င္ေပါက္ဟူ၍ သီးသန္႔မရွိ။ ခရီးသြားမ်ား၏ ႏြားလွည္း၊ ျမင္းလွည္းမ်ား ရပ္တန္႔ထားရာ ကြင္းျပင္က်ယ္သည္ ျမိဳ႕ေနရာအစဟုပင္ သမုတ္ရမည္။ ျမိဳ႕လယ္ေခါင္တြင္ေတာ့ ေျပးလႊားေဆာ့ကစားေနေသာ ကေလးငယ္မ်ား၊ ေဒသတိရစၦာန္မ်ားကို ေရာင္း၀ယ္ေနၾကသူမ်ား၊ ခရီးတေထာက္အနားယူေနၾကသူမ်ားႏွင့္ အစဥ္မျပတ္ စည္ကားေနသည္။ လမ္းေဘး၀ဲယာမွ စားေသာက္ဆိုင္မ်ားတြင္လည္း စားေသာက္ေနသူမ်ား၊ အပန္းေျဖေနသူမ်ားႏွင့္ ျပည့္ႏွက္ေနသည္။

"အားလက္စ္"

"ဗ်ာ.."

"မမ ပိုက္ဆံစုေနတယ္။ သိလား။ ေနာက္ႏွစ္ေလာက္ဆိုရင္ ျမိဳ႕ျပင္က ယာခင္းေလးတစ္ခုေတာ့ ၀ယ္လို႔ရမွာပဲ။ ငါ အလုပ္ထြက္ရင္ နင္လိုက္ခဲ့မယ္ မဟုတ္လား။ ငါတို႔ေမာင္ႏွမႏွစ္ေယာက္ အတူတူ ေနၾကမယ္။"

အားလက္စ္ေခါင္းကိုငုံ႔ထားသည္။ ဘယ္သူ႔ကိုမွ မျမင္ခ်င္။ ဘယ္သူ႔ကိုမွ မေတြ႔ခ်င္။ သူ႔ေဘးနားမွ ေျခဖ၀ါးမို႔မို႔ေလးတစ္စံုကိုသာ ျမင္ေနရလ်ွင္ ေက်နပ္သည္။ ဒီျမိဳ႕ငယ္ကို သူ မႏွစ္သက္။ ဒီျမိဳ႕သားေတြကို သူ မုန္းသည္။

"ေဟ့ အသည္းေလး.."

မျမင္ခ်င္ေပမယ့္လည္း ၾကားေနရသည္။ မုန္းတီးေပမယ့္လည္း ျမိဳသိပ္ရဦးမည္။ ဖေလာ္ရာ၏ ေျခဖ၀ါးမို႔မို႔ေလးသည္ ရပ္တန္႔သြားသည္။ သူတို႔ေရွ႕မွာေတာ့ ဖုန္တက္ေနေသာ ဖိနပ္ကိုစီးထားသည့္ ေျခဖ၀ါးေဖာင္းေဖာင္းၾကီးတစ္စံု။ အားလက္စ္ရင္ထဲမွာ မသတီစြာ ပ်ိဳ႕အန္ခ်င္လာသည္။ မူးယစ္ရီေ၀ေနပံုရေသာ ဗိုက္ပူပူ၊ ေခါင္းေျပာင္ေျပာင္ လူၾကီးထံမွ ေထာင္းခနဲရလိုက္ေသာ ေခၽြးနံ႔သည္ ရြံ႕ရွာဖြယ္အထိ။ ခ်ိဳင္းႏွစ္ဖက္ေအာက္မွာ အ၀တ္စကို စိုရႊဲေနေစသည္အထိ ေခၽြးမ်ားရႊဲေနသည္။

"ဘယ္ကျပန္လာတာလဲ အခ်စ္ေလးရ။"

"ဒီနားေလးကပါ။"

"လြမ္းေနတာ။ ကိုၾကီး ဒီညလည္း လာခဲ့မယ္။"

လူေတြအမ်ားေရွ႕တြင္ ျဖစ္ေစကာမူ ဖေလာ္ရာ၏ လက္ေကာက္၀တ္ကို လက္တစ္ဖက္မွဖမ္းဆြဲျပီး အျခားလက္တစ္ဖက္က တင္ပါးကို ပြတ္သပ္လိုက္သည္။ တံေတြးမ်ားေပေနေသာ ႏွုတ္ခမ္းထူထူၾကီးျဖင့္ ဖေလာ္ရာ၏ပါးျပင္ကို ကပ္နမ္းလိုက္သည္။

အားလက္စ္၏ ရင္ထဲမွ ခါးသီးမွုသည္ ႏွလံုးသည္းေျခကို မည္းပုပ္ေစသည္အထိ စုပ္ယူေနသလိုပင္။ ထိုလူၾကီးသည္ သူတို႔ေတာင္ေပၚျမိဳ႕ေလးႏွင့္ ေ၀းကြာေသာ ျမိဳ႕ျပၾကီးမွ အရာရွိၾကီးတစ္ဦးျဖစ္သည္။ ေတာင္ေပၚျမိဳ႕ငယ္သို႔ အပန္းေျဖရန္ေရာက္လာခဲ့ခ်ိန္တြင္ အလွထိပ္ေခါင္ ေပ်ာ္ေတာ္ဆက္မယ္ေလးကို သေဘာအက်ၾကီး က်ကာ မျပန္ႏိုင္ျဖစ္ေနသူဆိုလ်ွင္လည္း မွားမည္မဟုတ္ပါ။ ဟုတ္ပါသည္။ ဖေလာ္ရာသည္ ျမိဳ႕ငယ္ေလး၏ အထင္ရွားဆံုး၊ အလွပဆံုး ေပ်ာ္ေတာ္ဆက္မယ္ေလးျဖစ္သည္။ သူမကို ေတာင္းဆိုလာသည့္ ေယာက္်ားတိုင္းကို အားလက္စ္ သတ္ျဖတ္ခ်င္သည္။ သူမႏွင့္ပတ္သက္ျပီး မုန္းတီးမွု၊ ခါးသီးမွုမ်ားကို တစ္ေယာက္တည္း ၾကိတ္မွိတ္ထိန္းခ်ဳပ္ေနရေသာေၾကာင့္ ရင္ခြင္တစ္ခုလံုး ဒဏ္ရာမ်ားႏွင့္ မဆံံ့ႏိုင္ေတာ့။

"ေသခ်ာေပါက္လာခဲ့မယ္။ ကိုၾကီးကိုေစာင့္ေနေနာ္ အခ်စ္ေလး ဟဲ ဟဲ.."

လူၾကီးသည္ ဖေလာ္ရာ၏ တင္ပါးကိုပြတ္သပ္ေနရာမွ ဖိညွစ္လိုက္ကာ ခပ္ဆတ္ဆတ္ တစ္ခ်က္ရိုက္လိုက္သည္။ ဖေလာ္ရာ၏ ရင္ဘတ္ေနရာကို ရမၼက္ခိုးေ၀ေနေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္ေနရင္းမွ ႏွုတ္ခမ္းထူၾကီးကို လ်ွာႏွင့္သပ္လိုက္သည္။

"သြားေတာ့မယ္ေနာ္။"

ဖေလာ္ရာကေတာ့ အရာအားလံုးကို အျပံဳးႏွင့္လက္ခံထားသလိုပင္။ မိမိကိုပိုင္စိုးပိုင္နင္း ကိုင္တြယ္ပြတ္သပ္ေနသည့္ လူၾကီးကို ျပံဳးတုံ႔တုံ႔ႏွင့္ မ်က္ေစာင္းတစ္ခ်က္ထိုးရံုသာ တုံ႔ျပန္ျပီး ေရွ႕ဆက္ေလ်ွာက္သြားသည္။ အားလက္စ္သည္ ႏွုတ္ခမ္းမ်ားကို ျပတ္ထြက္မတတ္ ဖိကိုက္လိုက္သည္။ ျမိဳ႕ငယ္သည္ အညွီအေဟာက္မ်ားစုျပံဳေနရာ အမွိုက္ပံုတစ္ခုလိုပင္။

"ျပည့္တန္ဆာမ.."

"ပိုင္းလံုးမ.."

"ေကာက္ရိုးပံုေစာင့္တဲ့ေခြးပါကြာ။"

"ဟုတ္ပ။ မစားရ အေညွာ္ခံေကာင္။ လူပါးကေတာ့ ၀သလားမေျပာနဲ႔။ ဖာသည္မနား ကပ္ေနရလို႔သာပဲ။ ဒီေလာက္လူပါး၀ေနတာ။"

မသိမသာေရာ၊ သိသိသာသာပါ ဆဲဆိုသံမ်ားကို ၾကားေနရသည္။ သူတို႔ႏွစ္ေယာက္ ျဖတ္သန္းလာရာ လမ္းတစ္ေလ်ွာက္မွာ မိန္းမၾကီးမ်ားက ထီြခနဲ ထြမ္ခနဲလုပ္သည္။ ေယာက္်ားၾကီးမ်ားက ရမၼက္ခိုးေ၀ေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္သည္။ ပ်စ္ပ်စ္ႏွစ္ႏွစ္ ေစာ္ကားသည့္ စကားမ်ားကို ဖေလာ္ရာကေတာ့ မၾကားသလိုပင္။ အားလက္စ္တစ္ေယာက္တည္း ပူေလာင္ေနသည္။ လူသတ္ခ်င္စိတ္ကို ထိန္းမရ။ တစ္ျမိဳ႕လံုးကို မီးဟုန္းဟုန္းေတာက္ေစျပီး ေသြးေခ်ာင္းစီးသည္အထိ လူေတြအားလံုးကို သူ သတ္ျဖတ္ခ်င္ေနသည္။

..................................

..................................

Unicode Ver

"တစ်ချိန်တုန်းက နတ်ဘုရားအားလုံးရဲ့ သခင်မဖြစ်တဲ့ နတ်ဘုရားမဟာ နတ်ဆိုးတွေရဲ့ခေါင်းဆောင် စေတန်နဲ့ မေတ္တာမျှခဲ့တယ်တဲ့။ မယုံနိုင်စရာပဲနော်။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာ။ သိလား။ သူတို့ရဲ့ သားငယ် ဖရက်ဒီဟာ ဒီတစ်လောကလုံးမှာ အင်အားအကြီးဆုံး နတ်ဘုရားတစ်ပါးဖြစ်ခဲ့တယ်။ ဒါပေမဲ့ မိခင်နတ်ဘုရားမရဲ့ လုပ်ဆောင်ချက်ကြောင့် ဒီတန်ခိုးစွမ်းအားတွေဟာ ဖရက်ဒီအတွက် မဖြစ်ခဲ့ဘူး။ ဖရက်ဒီရဲ့ချစ်သူ ဒန်နရယ်ဆိုတဲ့ လူသားကောင်လေးအတွက် ဖြစ်နေခဲ့တယ်။"

လှမ်းချိတ်ထားသည့် လက်ဖဝါးနုနုလေးနှင့် ထိတွေ့နေရသည့် လက်ဖဝါးနေရာသည် နွေးနေသည်။ စကားသံချိုချိုသည် နားထဲသို့ စီးဝင်နေသည်။ လက်ခံနိုင်စရာ မရှိပေမယ့် ချစ်ရသည့်သူမ ပြောနေသည်များကို အားလက်စ် ငြိမ်သက်စွာ နားထောင်နေဖြစ်သည်။

"ဖရက်ဒီပေးခဲ့တဲ့ တန်ခိုးစွမ်းအားတွေနဲ့ ဒန်နရယ်ဟာ စေတန်နတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့တယ်။ တစ်လောကလုံးရဲ့ အရှင်သခင် ဖြစ်ခဲ့တယ်။ အခု ဒီဗိမာန်နတ်ဘုရားကျောင်းကြီးက နတ်ဘုရားဒန်နရယ်အတွက် ရည်ရွယ်ပြီး ဆောက်ထားခဲ့ကြတာ။"

"ဗိမာန်.. ဟုတ်လား မမ။ ကျွန်တော်မြင်တာတော့ အပျက်အစီးပုံကြီးပဲ။"

"ဒါကတော့ အားလက်စ်ရယ်။ အချိန်တွေကြာခဲ့ပြီ။ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီကြာမှတော့ လူတွေလည်း မေ့နေပြီပေါ့။ ငြိမ်းချမ်းတဲ့ကာလက ကြာခဲ့တော့ စောင့်ရှောက်ပေးနေတဲ့ နတ်ဘုရားတွေကို သတိမရကြတော့တာ မထူးဆန်းပါဘူးနော်။ မင်းသိလား။ ဟိုးတုန်းကဆိုရင် မမတို့လူသားတွေ ဒီလို ဘယ်နေရမလဲ။ ဘယ်တော့နတ်ဆိုးတွေရဲ့ အစာဖြစ်မလဲဆိုပြီး အထိတ်ထိတ်အလန့်လန့်နဲ့ နေခဲ့ရတာ။"

"နတ်ဆိုးတွေ၊ နတ်ဘုရားတွေ.. ဒါတွေပဲ ပြောနေတာပဲ မမရာ။ သူတို့ကို မမ မြင်ဖူးလို့လား။"

"မြင်တော့ ဘယ်မြင်ဖူးမလဲ။"

"အဲ့ဒါပြောတာ။ တကယ် မရှိပါဘူးဗျာ။"

"ကိုယ်မမြင်ဖူးတာနဲ့ မရှိဘူးလို့ မငြင်းနဲ့လေ အားလက်စ်ရာ။ မမကတော့ ယုံတယ်။ ဒါနဲ့ အားလက်စ်။ မင်းအဖေကို သတိထားဖို့ပြောဦးနော်။"

အားလက်စ်တွင် မိခင်မရှိ။ ဖခင်တစ်ဦးတည်းရှိသည်ဟု ဖလော်ရာသိထားသည်။ အားလက်စ်က သူမတို့စားသောက်ဆိုင်တွင်ပင် ညအိပ်ညနေ အလုပ်လုပ်သောကြောင့် ဖခင်ဖြစ်သူမှာ မြို့ပြင်တွင်တစ်ဦးတည်း သီးသန့်နေထိုင်သည်။ အားလက်စ်တို့သားအဖသည် ဒီမြို့ငယ်သို့ ရောက်လာကတည်းက ထူးဆန်းနေခဲ့သည်။ ဘယ်ကလာသည်မသိရ။ ဆွေမျိုးသားချင်းလည်း မရှိ။ အလုပ်အကိုင်ဟူ၍လည်း မယ်မယ်ရရ မရှိ။ ထို့အပြင် လကွယ်ညတိုင်း အိမ်မှာမရှိတတ်သည့် အားလက်စ်ဖခင်၏ သိုဝှက်မှုများကြောင့် မြို့ငယ်အတွင်း သတင်းတစ်ခုလို ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ မမ။"

"ဟိုတစ်နေ့က ဆိုင်ကိုလာတဲ့လူတွေ ပြောနေကြတယ်။ မင်းအဖေက နတ်ဆိုးတွေနဲ့ အဆက်အသွယ်ရှိတယ်တဲ့။"

အကောင်းဆုံးဟာသတစ်ခုကို ကြားလိုက်ရသလို အားလက်စ် ရယ်ဖြစ်သည်။

"အကောင်းပြောနေတာကို။ ဘာရယ်နေတာလဲ။"

"ဖေဖေသာ နတ်ဆိုးတွေနဲ့ အဆက်အသွယ်ရှိရင် ကျွန်တော် ဆိုင်ရှင်အဘိုးကြီးကို အရင်ဆုံး သတ်ခိုင်းမယ်။"

"ဟယ်.. ဒီကလေး.."

လက်မောင်းကို တဖျတ်ဖျတ်ရိုက်ပေမယ့် အားလက်စ် မနာပါ။ အရယ်မရပ်သေးဘဲ အိစက်နေသည့် လက်ဖဝါးလေးကို ဖမ်းဆုပ်ထားလိုက်သည်။

"မမ.. အခုနက ဘာတွေဆုတောင်းနေတာလဲ။"

ဖလော်ရာ အားလက်စ်ကို ခေါင်းငဲ့ကြည့်ရင်း ပြုံးလိုက်သည်။

"ဒီဘဝကလွတ်ဖို့။ ကိုယ်ပိုင် ယာခင်းလေးတစ်ခု ရနိုင်ဖို့။"

အားလက်စ် အသံတိတ်သွားသည်။ စကားနှစ်ခွန်းတွင် ရှေ့တစ်ခွန်းကိုသာ ကြားလိုက်သည်။ ဖလော်ရာက ခပ်တိုးတိုးသာ ပြောလိုက်ခြင်းဖြစ်ပေမယ့် နားထဲမှာ ပေါက်ကွဲသံတစ်ခုလို ပြင်းထန်နေသည်။

တောအုပ်ငယ်၏ အစွန်ဆုံးနေရာရောက်သည်နှင့် တောင်စောင်းတစ်နေရာမှ မြို့ငယ်လေးကို လှမ်းမြင်နေရသည်။ တောင်ပေါ်မှာ အလျားလိုက်ကပ်ထားသလား ထင်ရသည့် အိမ်တန်းများကို ကလေးအရုပ်ငယ်များသဖွယ် မြင်နေရသည်။ ညနေစောင်း အေးချမ်းမှုနှင့်အတူ မြူတို့ဆိုင်းလာပြီဖြစ်သည်။

"မမ.."

"အင်း.."

"ကျွန်တော်တို့ ထွက်ပြေးရအောင်.."

"ဘုရားရေ.."

ရယ်သံလွင်လွင်လေးကို ကြားလိုက်ရသည်။

"ကျွန်တော့်ကို မယုံဘူးလား။"

"ဒီလောက်မလွယ်လို့ပေါ့ အားလက်စ်လေးရာ။ ထွက်ပြေးပြီးမှ ပြန်ဖမ်းမိရင် ငါတို့နှစ်ယောက်စလုံး အသတ်ခံရမှာ။"

တောင်တောင်ရှုခင်းမျာသည် မြို့ငယ်လေးနားရောက်သည်နှင့် အံ့သြစရာ ပြောင်းလဲသွားသည်။ သစ်ပင်များ၊ တောအုပ်များနေရာတွင် ဂျုံစိုက်ခင်းများ၊ ကွင်းပြင်ကျယ်များကို တွေ့ရသည်။ ၎င်း ကွင်းပြင်ကျယ်များတွင် ကျက်စားနေသော နွား၊ သိုး၊ ဆိတ် တိရစ္ဆာန်များစွာကိုလည်း မြင်ရမည်ဖြစ်သည်။ တောင်စောင်းတစ်လျှောက် ရွေ့လျားသွားလာနေကြသော တိရစ္ဆာန်များမှာ တောင်ပေါ်ပန်းချီကားချပ်တွင် အစက်အပြောက်လေးများ ချထားသလိုပင်။

မြို့ငယ်ဟုဆိုရသော်လည်း ရွာကြီးတစ်ခုအရွယ်သာ။ အောက်ထပ်တွင် ကျောက်ပြားချပ်များနှင့်တည်ဆောက်ပြီး အပေါ်ထပ်တွင်တော့ သစ်သားကို အသုံးပြုတည်ဆောက်ထားသည့် နှစ်ထပ်အိမ်များနှင့် ဖြစ်သည်။ မြို့လယ်လမ်းဘေးတစ်လျှောက်ရှိ စျေးဆိုင်များရှိသည်။ မြို့ဝင်ပေါက်ဟူ၍ သီးသန့်မရှိ။ ခရီးသွားများ၏ နွားလှည်း၊ မြင်းလှည်းများ ရပ်တန့်ထားရာ ကွင်းပြင်ကျယ်သည် မြို့နေရာအစဟုပင် သမုတ်ရမည်။ မြို့လယ်ခေါင်တွင်တော့ ပြေးလွှားဆော့ကစားနေသော ကလေးငယ်များ၊ ဒေသတိရစ္ဆာန်များကို ရောင်းဝယ်နေကြသူများ၊ ခရီးတထောက်အနားယူနေကြသူများနှင့် အစဉ်မပြတ် စည်ကားနေသည်။ လမ်းဘေးဝဲယာမှ စားသောက်ဆိုင်များတွင်လည်း စားသောက်နေသူများ၊ အပန်းဖြေနေသူများနှင့် ပြည့်နှက်နေသည်။

"အားလက်စ်"

"ဗျာ.."

"မမ ပိုက်ဆံစုနေတယ်။ သိလား။ နောက်နှစ်လောက်ဆိုရင် မြို့ပြင်က ယာခင်းလေးတစ်ခုတော့ ဝယ်လို့ရမှာပဲ။ ငါ အလုပ်ထွက်ရင် နင်လိုက်ခဲ့မယ် မဟုတ်လား။ ငါတို့မောင်နှမနှစ်ယောက် အတူတူ နေကြမယ်။"

အားလက်စ်ခေါင်းကိုငုံ့ထားသည်။ ဘယ်သူ့ကိုမှ မမြင်ချင်။ ဘယ်သူ့ကိုမှ မတွေ့ချင်။ သူ့ဘေးနားမှ ခြေဖဝါးမို့မို့လေးတစ်စုံကိုသာ မြင်နေရလျှင် ကျေနပ်သည်။ ဒီမြို့ငယ်ကို သူ မနှစ်သက်။ ဒီမြို့သားတွေကို သူ မုန်းသည်။

"ဟေ့ အသည်းလေး.."

မမြင်ချင်ပေမယ့်လည်း ကြားနေရသည်။ မုန်းတီးပေမယ့်လည်း မြိုသိပ်ရဦးမည်။ ဖလော်ရာ၏ ခြေဖဝါးမို့မို့လေးသည် ရပ်တန့်သွားသည်။ သူတို့ရှေ့မှာတော့ ဖုန်တက်နေသော ဖိနပ်ကိုစီးထားသည့် ခြေဖဝါးဖောင်းဖောင်းကြီးတစ်စုံ။ အားလက်စ်ရင်ထဲမှာ မသတီစွာ ပျို့အန်ချင်လာသည်။ မူးယစ်ရီဝေနေပုံရသော ဗိုက်ပူပူ၊ ခေါင်းပြောင်ပြောင် လူကြီးထံမှ ထောင်းခနဲရလိုက်သော ချွေးနံ့သည် ရွံ့ရှာဖွယ်အထိ။ ချိုင်းနှစ်ဖက်အောက်မှာ အဝတ်စကို စိုရွှဲနေစေသည်အထိ ချွေးများရွှဲနေသည်။

"ဘယ်ကပြန်လာတာလဲ အချစ်လေးရ။"

"ဒီနားလေးကပါ။"

"လွမ်းနေတာ။ ကိုကြီး ဒီညလည်း လာခဲ့မယ်။"

လူတွေအများရှေ့တွင် ဖြစ်စေကာမူ ဖလော်ရာ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်မှဖမ်းဆွဲပြီး အခြားလက်တစ်ဖက်က တင်ပါးကို ပွတ်သပ်လိုက်သည်။ တံတွေးများပေနေသော နှုတ်ခမ်းထူထူကြီးဖြင့် ဖလော်ရာ၏ပါးပြင်ကို ကပ်နမ်းလိုက်သည်။

အားလက်စ်၏ ရင်ထဲမှ ခါးသီးမှုသည် နှလုံးသည်းခြေကို မည်းပုပ်စေသည်အထိ စုပ်ယူနေသလိုပင်။ ထိုလူကြီးသည် သူတို့တောင်ပေါ်မြို့လေးနှင့် ဝေးကွာသော မြို့ပြကြီးမှ အရာရှိကြီးတစ်ဦးဖြစ်သည်။ တောင်ပေါ်မြို့ငယ်သို့ အပန်းဖြေရန်ရောက်လာခဲ့ချိန်တွင် အလှထိပ်ခေါင် ပျော်တော်ဆက်မယ်လေးကို သဘောအကျကြီး ကျကာ မပြန်နိုင်ဖြစ်နေသူဆိုလျှင်လည်း မှားမည်မဟုတ်ပါ။ ဟုတ်ပါသည်။ ဖလော်ရာသည် မြို့ငယ်လေး၏ အထင်ရှားဆုံး၊ အလှပဆုံး ပျော်တော်ဆက်မယ်လေးဖြစ်သည်။ သူမကို တောင်းဆိုလာသည့် ယောက်ျားတိုင်းကို အားလက်စ် သတ်ဖြတ်ချင်သည်။ သူမနှင့်ပတ်သက်ပြီး မုန်းတီးမှု၊ ခါးသီးမှုများကို တစ်ယောက်တည်း ကြိတ်မှိတ်ထိန်းချုပ်နေရသောကြောင့် ရင်ခွင်တစ်ခုလုံး ဒဏ်ရာများနှင့် မဆံံ့နိုင်တော့။

"သေချာပေါက်လာခဲ့မယ်။ ကိုကြီးကိုစောင့်နေနော် အချစ်လေး ဟဲ ဟဲ.."

လူကြီးသည် ဖလော်ရာ၏ တင်ပါးကိုပွတ်သပ်နေရာမှ ဖိညှစ်လိုက်ကာ ခပ်ဆတ်ဆတ် တစ်ချက်ရိုက်လိုက်သည်။ ဖလော်ရာ၏ ရင်ဘတ်နေရာကို ရမ္မက်ခိုးဝေနေသော မျက်လုံးများဖြင့် ကြည့်နေရင်းမှ နှုတ်ခမ်းထူကြီးကို လျှာနှင့်သပ်လိုက်သည်။

"သွားတော့မယ်နော်။"

ဖလော်ရာကတော့ အရာအားလုံးကို အပြုံးနှင့်လက်ခံထားသလိုပင်။ မိမိကိုပိုင်စိုးပိုင်နင်း ကိုင်တွယ်ပွတ်သပ်နေသည့် လူကြီးကို ပြုံးတုံ့တုံ့နှင့် မျက်စောင်းတစ်ချက်ထိုးရုံသာ တုံ့ပြန်ပြီး ရှေ့ဆက်လျှောက်သွားသည်။ အားလက်စ်သည် နှုတ်ခမ်းများကို ပြတ်ထွက်မတတ် ဖိကိုက်လိုက်သည်။ မြို့ငယ်သည် အညှီအဟောက်များစုပြုံနေရာ အမှိုက်ပုံတစ်ခုလိုပင်။

"ပြည့်တန်ဆာမ.."

"ပိုင်းလုံးမ.."

"ကောက်ရိုးပုံစောင့်တဲ့ခွေးပါကွာ။"

"ဟုတ်ပ။ မစားရ အညှော်ခံကောင်။ လူပါးကတော့ ဝသလားမပြောနဲ့။ ဖာသည်မနား ကပ်နေရလို့သာပဲ။ ဒီလောက်လူပါးဝနေတာ။"

မသိမသာရော၊ သိသိသာသာပါ ဆဲဆိုသံများကို ကြားနေရသည်။ သူတို့နှစ်ယောက် ဖြတ်သန်းလာရာ လမ်းတစ်လျှောက်မှာ မိန်းမကြီးများက ထွီခနဲ ထွမ်ခနဲလုပ်သည်။ ယောက်ျားကြီးများက ရမ္မက်ခိုးဝေသော မျက်လုံးများဖြင့် ကြည့်သည်။ ပျစ်ပျစ်နှစ်နှစ် စော်ကားသည့် စကားများကို ဖလော်ရာကတော့ မကြားသလိုပင်။ အားလက်စ်တစ်ယောက်တည်း ပူလောင်နေသည်။ လူသတ်ချင်စိတ်ကို ထိန်းမရ။ တစ်မြို့လုံးကို မီးဟုန်းဟုန်းတောက်စေပြီး သွေးချောင်းစီးသည်အထိ လူတွေအားလုံးကို သူ သတ်ဖြတ်ချင်နေသည်။

Continue Reading

You'll Also Like

697K 48K 48
တကယ္လုိ႔ ကေလး နဲ႔ သာမဆံုျဖစ္ခဲ့ရင္ ဦး ကံၾကမၼာလဲ ဘာေတြဆက္ျဖစ္မယ္ဆုိတာ ဦးမေတြးဝံ့ႏုိင္ဘူး ဥိီးမင္းေသြးပုိင္ဆုိတဲ့ လူရဲ႕ဘဝမွာလဲ နာမည္နဲ႔လူိက္ေအာင္ လု...
75.5K 5.8K 69
ပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါ...
789K 31.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
220K 10.9K 57
မီလျံနာပေါက်စန့ဲ ဘီလျံနာsemeတို့ကြားကlove story အsweet တစ်လိုင်း [×××] No Translation #cv photo crd #10.12.2021ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့တွင် ပြီးမ...