မပြိုသောကောင်းကင်၊မကြွေသောကြယ်

By SilverQueen947

5.3M 452K 28.9K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... More

About Story
နေအလင်းစက်
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၈
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၀
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၃
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra
Extra ii
Extra iii
Extra iv
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

ဇာတ်လမ်း - ၄၉

71.6K 6.5K 477
By SilverQueen947

Zawgyi

အေမွာင္ခ်ထားတဲ့အခန္းထဲမွာ ရက္ေပါင္းမ်ားစြာကြၽန္ေတာ္ေနတယ္။

စိတ္ပူေနတဲ့အေမ့ကို ကြၽန္ေတာ္လုံလုံေလာက္ေလာက္နာက်င္ပစ္ဖို႔လိုအပ္ေၾကာင္းေျပာေတာ့ အေမကငိုၿပီးအေဖကရယ္တယ္။ သိပ္ေတာ့လည္းမဆန္းပါဘူး ဒါဟာ ကြၽန္ေတာ့ကိုယ္ကြၽန္ေတာ္ျပန္ေရးျဖစ္တဲ့ကဗ်ာေတြလိုပါပဲ။

နိမ့္တဲ့ေနရာမွာသိပ္နိမ့္ၿပီး ျမင့္တဲ့ေနရာမွာသိပ္ျမင့္တာေနရင္း

ကြၽန္ေတာ္မႀကိဳက္တဲ့ Drama ေတြမဆိုစေလာက္႐ိုက္မိတာကလြဲလို႔ အမွန္တရားအေၾကာင္းေတြပဲကြၽန္ေတာ္ ခ်ခင္းျဖစ္မိပါတယ္။

ကိုကို .......

ဒီစကားလုံး...
ဒီအေခၚအေဝၚ.....
ဒီအသုံးအႏႈန္းမ်ိဳးကို လုံးဝေမ့ေဖ်ာက္ပစ္လိုက္ဖို႔
ေလာေလာဆယ္ကြၽန္ေတာ္အႀကိမ္ေရမ်ားမ်ားေခၚထားမွ
ျဖစ္မယ္။ ေမေမ့ကိုကြၽန္ေတာ္ေျပာပါတယ္ ကြၽန္ေတာ္ နာက်င္ေနဖို႔ လုံလုံေလာက္ေလာက္ပစ္ထားေပးပါလို႔။

ကိုကိုေရ .......

ပါပါးကေမးတယ္

" မင္း အရက္ေသာက္ခ်င္လား" တဲ့

ကြၽန္ေတာ္ၿပဳံးျပၿပီးျငင္းေတာ့ ပါပါးကထပ္ရယ္တယ္။

ပါပါးရယ္တာမျမင္ရတာသိပ္ၾကာေနၿပီကိုကို။ အဲ့ဒီအတြက္ကိုကို႔ကို သြယ္ဝိုက္ၿပီးေတာ့ေက်းဇူးတင္ပါတယ္။ အရက္ေသာက္လို႔ေမ့သြားမယ္ဆိုရင္ ကြၽန္ေတာ္
အရက္ခ်က္စက္႐ုံေထာင္မယ္ကိုကို။ မမူးမခ်င္းေသာက္မယ္။ မူးၿပီးအိပ္ေပ်ာ္သြားတဲ့အထိေသာက္မယ္။ ဒါေပမယ့္ ကိုကိုကအိမ္မက္ထဲထိလိုက္လာတာေတာ့သိပ္ခက္တာပဲ။

ကြၽန္ေတာ့မွၿပိဳလဲခြင့္ေတာ့ရွိတယ္မဟုတ္လားကိုကို.....။
အတုန္းအ႐ုံးၿပိဳလဲတာမ်ိဳးေပါ့။

ဘဝမယ္ဘာဆိုဘာမွ ေမွ်ာ္လင့္စရာလက္က်န္မရွိေတာ့တဲ့လူတစ္ေယာက္ရဲ႕ လက္လြတ္စပါယ္စိတ္မ်ိဳးနဲ႔ ကြၽန္ေတာ္ၿပိဳလဲခ်လိုက္တယ္။ ေပြ႕ဖက္သူကင္းတဲ့ အထီးက်န္က်န္ညေနေတြဟာ တကိုယ္ရည္စာ အကန႔္အသတ္မဲ့ လြမ္းပစ္လိုက္ဖို႔ေတာ့သင့္ေတာ္ပါရဲ႕ေနာ္။

ကိုယ္ရည္ေတြေသြးျဖစ္ေနတယ္ကိုကို။ ပထမဆုံးေတာ့ကြၽန္ေတာ္နာက်င္ေၾကကြဲရတာေပါ့။

ဒီေလာက္ခ်စ္ရဲ႕သားနဲ႔ ကြၽန္ေတာ္ ဒီေလာက္နက္ရႈိင္းနင့္နဲျပခဲ့ရဲ႕နဲ႔ ထားခဲ့ရက္တယ္ေပါ့။ လုပ္ရက္ေလျခင္းလို႔ ကိုယ့္ကိုယ္ကိုအႀကိမ္ႀကိမ္သနားရင္းနဲ႔ အႀကိမ္ႀကိမ္ဂုဏ္
ေတြေဖာ္ရင္းနဲ႔ေပါ့ ကိုကိုရယ္။

ဂစ္တာေတြတီးျဖစ္တယ္ကိုကို...... ။

" ဒီေလာက္နဲ႔ပဲေက်နပ္ပါတယ္ " ဆိုတဲ့သီခ်င္းကို

ဘာလို႔ခဏခဏဆိုျဖစ္လဲ ကိုယ့္ကိုယ္ကိုျပန္ေမးေနမိတယ္။

" ကမာၻေပၚမွာအခ်စ္ဆုံးလို႔ေျပာေျပာၿပီးထားခဲ့တာပဲ" ဆိုတဲ့နားေရာက္ရင္

ကြၽန္ေတာ္ငိုေတာ့တာပဲ။တကယ္ေတာ့ ကိုကိုကကြၽန္ေတာ့ကိုအခ်စ္ဆုံးလို႔မွ
မေျပာခဲ့ပဲေလ။ ေျပာမ်ားေျပာခဲ့ေသးလား မဟုတ္ဘူးလို႔ေတာ့ကြၽန္ေတာ္ထင္တာပဲ။

လူရဲ႕ေသြးက သုံးလကိုတစ္ႀကိမ္လဲတယ္ဆိုလားအစ္မတစ္ေယာက္ ကေတာ့ေျပာတယ္။  ဒါဆိုကြၽန္ေတာ့ကိုယ္ထဲ ကိုကို႔ေသြးေတြမရွိေတာ့ဘူးေပါ့ေနာ္။

ဘာထူးလဲ ကိုကိုလဲ မရွိေတာ့ဘူးပဲဟာ။ ဒါေပမယ့္ ကိုကိုနမ္းသြားတဲ့ အက်ီကႋုကြၽန္ေတာ္အခုထိမေလွ်ာ္ျဖစ္ေသးတာ ဘယ္လိုလုပ္ရ မလဲကိုကိုရဲ႕။

တစ္ခုခုေတာ့ေျပာပါ .... ဒီေကာင္က ကိုကိုစိတ္နဲ႔ေသြး႐ူးတန္း႐ူးရွင္သန္ေနေသးတာ
ကိုကိုအျပစ္တင္ရင္ ကြၽန္ေတာ္ဘယ္လိုခုခံရပါ့။

မေသပါဘူး .......။ ေသစရာလား သတ္ေသလိုက္လို႔ မကြၽတ္လြတ္ရင္ေတာ့အဟုတ္ ေနာင္တစ္ဘဝခ်က္ခ်င္းကူးသြားလို႔ ကိုကို႔ကိုမလြမ္းရရင္ဒါဟာႀကီးက်ယ္တဲ့ ဝဋ္ဒုကၡ။

ကြၽန္ေတာ္႐ူးေနၿပီထင္တယ္ကိုကိုရယ္ ....

အေတြးေတြကေတာင္စဥ္ေရမရျဖစ္ေနတယ္ ဒါေပမယ့္ ထမင္းေတာ့မွန္မွန္စားျဖစ္ပါတယ္။

ဆက္ဆက္ရွင္သန္ဖို႔ကိုကိုကမွာလိုက္တာကိုး။
ကြၽန္ေတာ္ နားေထာင္မွာပါ ကိုကိုစိတ္ခ်ေနာ္။ ကြၽန္ေတာ္ဟာကိုကို႔အတြက္ဝန္ထုတ္ဝန္ပိုးတစ္ခု
ဘယ္တုန္းကမွမျဖစ္ခ်င္ခဲ့ပါဘူး။ ကိုကိုလႊတ္ခ်ခဲ့တယ္ဆိုရင္ေတာင္ အေႏွာင္အဖြဲ႕ကင္းကင္း ေနာင္တရွင္းရွင္းျဖစ္ေစခ်င္တာ မွန္ေသာစကားပါကိုကိုရယ္။

ရက္ေတြၾကာလာၿပီး ကြၽန္ေတာ္နာက်င္ပါးဝလာတဲ့အခါ ဒီအျဖစ္အပ်က္မွာ ကြၽန္ေတာ္ဘယ္သူ႔ကိုမွအျပစ္
တင္စရာမလိုေၾကာင္းသိလာတယ္။ လူတိုင္းဟာ အေၾကာင္းျပခ်က္ကိုယ္စီနဲ႔ရွင္သန္ၾကရတာပါပဲ။
ေသာ္ကကိုအျပစ္တင္ရေအာင္လည္း သူကမွပိုင္ရွင္အစစ္။ ကိုကို႔ကိုလည္း ကြၽန္ေတာ္သာအတင္းဆြဲထားခဲ့တာေလ။ အျပစ္ရွိမယ့္ရွိ ဒီေကာင့္အျပစ္ပဲရွိမွာပါလို႔
ကြၽန္ေတာ္ေျဖေတြးပါတယ္။ ေျဖမေတြးလည္း ကြၽန္ေတာ္ အ႐ူးလက္မွတ္ရဖို႔ပဲရွိေတာ့တာကိုး။

စာအုပ္ေတြဖတ္တယ္ကိုကို။ မတတ္သာလို႔ သူမ်ားရည္းစားကိုႀကိဳက္ခဲ့မိတယ္ဆိုေပမယ့္

ဒုႆနေသာကို ေသေအာင္ေၾကာက္တဲ့ ဒီေကာင္က ခ်စ္ေသာ Emily ကိုပဲအေခါက္ေခါက္အခါခါ ဖတ္ေနမိတယ္။ ကြၽန္ေတာ္ဖတ္တိုင္းငိုမိတဲ့ စာသားေလးခ်ေရးလိုက္ဦးမယ္။ ဘယ္တုန္းကအငိုသန္သြားလည္းသတိမထားမိေသးခင္ အခုတေလာေတာ့ ေလခပ္ျပင္းျပင္းတိုက္ရင္
ေတာင္ငိုေနမိတယ္။ သိပ္ကို အူေၾကာင္ၾကားႏိုင္တာပဲ ကိုကိုရယ္။

ကိုကိုကေရာ လြတ္သြားတဲ့ရထားတစ္စင္းလား
ဒါမွမဟုတ္ ကြၽန္ေတာ့ဘူတာမွာအေယာင္ျပဆိုက္ေရာက္သြားတဲ့ရထားလား။ ဒါမွမဟုတ္ရင္ ကြၽန္ေတာ့ဆီကိုဘယ္တုန္းကမွ မရပ္တန႔္ခဲ့တာမ်ားလား။ ဒီလိုနဲ႔ စီးကရက္ေတြတစ္လိပ္ၿပီးတစ္လိပ္ကုန္သြားေတာ့တာပဲ။ ကြၽန္ေတာ့စဥ္းစားခန္းကေတာ့မရပ္ဘူး တရစပ္ပဲ။ ေတြးေနတာပဲေကာင္းတယ္ ကိုကို။

ေတြးတာရပ္လိုက္ရင္ ကြၽန္ေတာ္ကိုကို႔ကိုလြမ္းျပန္ေရာ။

ဘယ္ဘက္ရင္ဘတ္ကနာတယ္ကိုကိုရဲ႕။

ကိုကို ကြၽန္ေတာ့ကိုထားခဲ့တာထက္ ကြၽန္ေတာ္ကိုကို႔ကို
ထပ္ၿပီးခ်စ္ခြင့္မရွိေတာ့ဘူးဆိုတာကအုံလိုက္က်င္းလိုက္ေသြးပ်က္ေစတယ္ေလ။

အိမ္ေထာင္သည္ႀကီး ကိုကို႔ကိုကြၽန္ေတာ္ေတြ႕ခ်င္ေနမွျဖင့္နဂိုမရွိတဲ့
ကုသိုလ္ထဲ ငရဲကိုလီတာနဲ႔ျဖည့္ေနရမွ သံသရာတစ္ေကြ႕ေတာင္ ျပန္မေတြ႕ျဖစ္ေနပါ့မယ္။

ဒါေပမယ့္ကိုကိုရယ္ သတိရျခင္းဟာမီးခိုးႂကြက္ေလွ်ာက္ႏိုင္ပါတယ္..... ဘာျမင္ျမင္သတိရေနတာေတာ့ကြၽန္ေတာ္လည္းမတတ္ႏိုင္ဘူးမဟုတ္လား။

ဒါျဖင့္ဘာလို႔ကိုကိုအမွတ္တရေတြဖန္တီးခဲ့ေသးလဲ။
အခုေတာ့ကြၽန္ေတာ့မွာ ျမင္သမွ်၊ ၾကားသမွ်သတိရရ
တယ္။ အဲ့ဒါ ဝဋ္ေႂကြးပဲဆိုရင္ေတာင္ သၾကားျဖဴးထားတဲ့ဝဋ္ေႂကြးေတာ္ေလးေပါ့။ အမွန္တရားကိုမေတြးမခ်င္းခ်ိဳပါတယ္ ကိုကို။

အသည္းကြဲရင္ေသၾကသလား ကိုကို။ ကြၽန္ေတာ္လည္းကိုကိုမရွိရင္ေသမယ္ထင္ထားတာပဲ။ ဒါေပမယ့္မေသပါဘူး။ မေသ႐ုံတမယ္ေတာ့ လူးလွိမ့္ေနရတာကေတာ့ တပိုင္းေပါ့ေလ။ ကိုကိုကြၽန္ေတာ့အနားမရွိဘူး ၊ ကြၽန္ေတာ္လည္းမေသဘူး။ လူတိုင္းကတတ္အားသမွ်
ရွင္သန္ေနရတာပါပဲ။ ကိုကိုကမွာလိုက္တယ္

"ကိုယ္မရွိလည္း ရွင္သန္ပါ " တဲ့။ ဒါေပါ့ကိုကိုရယ္

ကြၽန္ေတာ္ရွင္သန္ရမွာေပါ့။ ကြၽန္ေတာ္စိတ္ထင္တိုင္းလဲ ၿပိဳက်လို႔မရေသးဘူး အခ်ိန္တန္ရင္ျပန္ထရမွာပဲ။
လုပ္စရာေတြအမ်ားႀကီးရွိေသးတယ္ေလ။ ကြၽန္ေတာ္  ဆန္ကုန္ေျမေလးေတာ့မျဖစ္ေစရဘူး။ ဒါေတာ့ ကိုကိုယုံ........။

" အေမွာင္ထဲကိုျပန္မသြားပါနဲ႔" တဲ့။

ဟုတ္ကဲ့ပါ ကိုကို။ ကြၽန္ေတာ့ကို ကိုကိုကအေမွာင္ထဲကေနဆြဲထုတ္လာခဲ့ၿပီးၿပီပဲ။

ခ်စ္ျခင္းေမတၱာက ဘယ္လိုဆိုတာ၊ ကိုယ္ခ်င္းစာတရားကဘာဆိုတာ၊ လူသားဆန္တဲ့အျပဳအမူဆိုတာဘာ၊ ေႏြးေထြးမႈဆိုတာဘယ္လိုမ်ိဳးတာ ......။ အစစအရာရာ ကြၽန္ေတာ္ကိုယ္တိုင္ေတြ႕ျမင္ခံစားတတ္ေအာင္ ျပသေပးခဲ့တယ္။ ဦးေႏွာက္နဲ႔စိတ္ခံစားခ်က္ဟာ တခါတေလထပ္တူမက်ႏိုင္မွန္းလည္း ဟိုးအေစာကတည္းက ကိုကိုသင္ေပးခဲ့တာပဲေလ။ ၿပဳံးတတ္ေအာင္၊ ရယ္တတ္ေအာင္၊ အေကာင္းျမင္
တတ္ေအာင္ ရန္လိုစိတ္နည္းေအာင္ ကြၽန္ေတာ့အသိညဏ္ထဲ ညင္ညင္သာသာထည့္သြင္းေပးခဲ့တယ္။

ကိုကိုကြၽန္ေတာ့ကိုအလင္းေတြေပးခဲ့တာပဲ
ကိုကိုကြၽန္ေတာ့အနားမွာ ရွိသည္ျဖစ္ေစ၊ မရွိဘူးျဖစ္ေစ

ကြၽန္ေတာ္ဘယ္ေတာ့မွ ျပန္မေမွာင္ေတာ့ပါဘူး။

အခုတဒဂၤေလးေတာ့ ကြၽန္ေတာ့ကိုခ်င့္ခ်ိန္ႏိုင္စြမ္းကင္းလြတ္ခြင့္ေပးပါ။

ကြၽန္ေတာ္ အတိုင္းအတာတစ္ခုထိလြမ္းဆြတ္ၿပီးတဲ့အခါ အဲ့ဒီအတိတ္တစ္ခုကို ရင္ဘတ္ထဲမွာျမဳပ္ႏွံၿပီး သက္တမ္းေစ့ရွင္သန္သြားမွာပါ .... ကိုကိုမၾကားေပမယ့္ ကြၽန္ေတာ္ကတိေပးပါတယ္။

ကိုကိုေရာ ေပ်ာ္ေနပါ့မလား ..... ။ ကြၽန္ေတာ္ထည့္မေတြးေတာ့ရင္ျဖစ္တယ္မဟုတ္လားကိုကို။

လူကေတာ့ ကိုယ့္စိတ္ခ်မ္းသာမႈကိုအနည္းနဲ႔အမ်ားေတာ့ရွာရတာပါပဲ။ ဒီလိုပဲေနထိုင္ေနရင္းနဲ႔ပဲ
အဆင္ေျပမယ့္နည္းလမ္းကို အဆင္သင့္သလိုသုံးစြဲရတာမဟုတ္လား။

ကြၽန္ေတာ္လည္းရင့္က်က္တဲ့တစ္ေယာက္ေတာ့မဟုတ္ေပမယ့္ ကိုယ့္စိတ္ေျဖသာရာေလးကိုပဲ ရွာႀကံေတြးရပါတယ္။မဟုတ္ရင္လည္း အဲ့ဒီျပတ္သြားတဲ့ႀကိဳးတစ္ေခ်ာင္းကိုအေကာင္းအတိုင္းျဖစ္ေအာင္ လုပ္လို႔မွမရဘဲေလ။ ကြၽန္ေတာ္ကိုကိုနဲ႔ဟိုးအေဝးႀကီးကိုေရာက္တဲ့အခါ
စြန္လႊတ္မယ္။ အေရာင္မ်ိဳးစုံနဲ႔စြန္ေလးေတြကို  ေလေပၚေရာက္ေအာင္တင္ၿပီးတဲ့အခါ ျဖတ္ခ်လိုက္မယ္။

တခ်ိဳ႕ေမွ်ာ္လင့္ျခင္းေတြဟာ ကိုယ္မပိုင္ဆိုင္ႏိုင္တဲ့အခါ ကိုယ္တိုင္႐ိုက္ခ်ိဳးရတာမ်ိဳးပါကိုကို။

႐ိုး႐ိုးသားသားစိတ္အဆိပ္သင့္လိုက္ရျခင္းကိုပဲကြၽန္ေတာ္လက္ခံ လိုက္မွာပါ။

ေပ်ာ္မွာပါ ကိုကို။ တစ္ေန႔မဟုတ္တစ္ေန႔ ကြၽန္ေတာ့ေပ်ာ္႐ႊင္ရျခင္းအစစ္အမွန္ကိုရွာေတြ႕မွာပါ။
ကြၽန္ေတာ္စြန္ကေလးလိုပဲ ေဝးေဝးေျပးေနခ်င္တယ္။ ကိုကိုနဲ႔ေဝးရာလားဆိုေတာ့ ကြၽန္ေတာ္တို႔ကနဂိုကတည္းကမွ မနီးခဲ့တာလို႔ ရင္နာနာပဲေျဖပါ့မယ္။
ကြၽန္ေတာ္တို႔အေၾကာင္းျပခ်က္ကိုယ္စီနဲ႔အနီးအနားမွာတင္ေဝးခဲ့ၾကပါတယ္။ အတိုင္းအတာတစ္ခုအထိနီးစပ္ခဲ့တယ္ဆိုရင္ေတာင္ ကိုကို႔အခက္အခဲေတြကို
ကြၽန္ေတာ့ကိုဖြင့္ဟေျပာျပဖို႔အထိ မနီးခဲ့ဘူးထင္ပါရဲ႕။
ဒါဟာလည္း သူ႔စီရင္ရာစီမံရာပါပဲ။ ကြၽန္ေတာ္ကဘာမ်ားေျပာခြင့္ရွိဦးမလဲ။

ကြၽန္ေတာ္တို႔ဒီႏိုင္ငံကေနထြက္သြားမယ္လို႔ေမေမကေျပာတယ္။ အမ်ားဆုံးတစ္လေပါ့။ အဲ့ဒီတစ္လ
အတြင္း ကိုကို႔ကိုအၿပီးသတ္သိမ္းဆည္းထားႏိုင္ဖို႔ကြၽန္ေတာ္ႀကိဳးစားပါ့မယ္။ ဒဏ္ရာရင့္ေတာ့ အနာက်က္ႏႈန္းလည္းေႏွးသလို အမာ႐ြတ္လည္းႀကီးတာေပါ့ဗ်ာ ။ ဒါေပမယ့္ ကြၽန္ေတာ္တတ္စြမ္းသမွ်ႀကိဳးစားပါ့မယ္။ ကြၽန္ေတာ့ႀကိဳးပမ္းမႈမွာ ကြၽန္ေတာ္ကိုယ္တိုင္မေပ်ာ္ရရင္
ေတာင္ ကြၽန္ေတာ့ကိုေပ်ာ္ေစခ်င္တဲ့သူေတြ ေပ်ာ္႐ႊင္ရပါေစေပါ့ .......။ ။

ေလးနာရီထိုးၿပီးကိုကို ..... ။ ဒီအခ်ိန္ကကားပိတ္တယ္။ ကြၽန္ေတာ္လည္းကိုကိုကို႔လြမ္းတယ္။
အဲ့ဒီဘာမွမသက္ဆိုင္ျခင္းေတြမွာေတာင္ ကိုကိုကကြၽန္ေတာ့အေပၚသက္ေရာက္ေနေတာ့တာလည္း
ျပသနာ။

ေဆးကခါးသေလာက္ Side Effect လည္းျပင္းတယ္ကိုကို။

ကြၽန္ေတာ္မငိုျဖစ္ေအာင္ အားတင္းရင္း သီခ်င္းေတြပဲဆိုေနျဖစ္ေတာ့တယ္ေလ။ ဒီအခ်ိန္ဆိုကိုကိုအိမ္ျပန္ေနမလား။

ကြၽန္ေတာ္ကေတာ့ အိမ္မွာေနရင္းပဲ ဘယ္ေတာ့မွအိမ္ျပန္မေရာက္ျဖစ္ဘူး။

ကြၽန္ေတာ္အခန္းေအာင္းေနကတည္းက ပါပါးဟိုဘက္အိမ္ကေနျပန္သယ္လာေပးတဲ့ ပီယာႏိုကို
တစ္ခ်က္ပြတ္သပ္ၾကည့္ေတာ့ သီခ်င္းတစ္ပုဒ္ကို ေျပးသတိရတယ္။ ကြၽန္ေတာ္ဒီသီခ်င္းကိုဆိုတဲ့အခါ
အရင္ကမသိေသးေပမယ့္ ေမေမ မငိုဘူးလို႔ကတိေပးပါ။

~ ငါ့အခန္းထဲမွာလည္း နင္ေပးထားခဲ့ဖူးတဲ့ အမွတ္တရေလးေတြ အခုထိရွိေသးတယ္ ~

ကြၽန္ေတာ့အိမ္ခန္းတစ္ခုလုံးမွာ အခန္းေပါက္ဝကစလို႔
ေနာက္ေဖးအထိကိုကိုနဲ႔မပတ္သတ္ဖူးတဲ့ေနရာဆိုတာ မရွိဘူး။

" ညီက ႂကြက္ေပါက္စေလးပါကြာ ..... "

" ဟုတ္တယ္ေလ ကြၽန္ေတာ္အင္ဂ်င္နီယာလုပ္တာ
ႂကြက္သိုက္ေဆာက္ဖို႔ေပါ့ ကိုကိုရ"

အေတာမသတ္ရယ္ေမာေနတဲ့ကိုကို႔အသြင္ဟာ
အခုကြၽန္ေတာ့ရင္ဘတ္မွာစိုက္တဲ့ဆူး .....

~ ငါ့ႏွလုံးသားမွာလည္း နင္ေပးထားခဲ့ဖူးတဲ့အခ်စ္ေတြ၊ အနမ္းေတြအခုထိရွိေသးတယ္ ~

" ကိုကို႔ႏႈတ္ခမ္းေတြကခ်ိဳတယ္"

ကြၽန္ေတာ္ၿပဳံးစိစိေျပာေတာ့ ကားေမာင္းေနရင္းမို႔ဘရိတ္ေဆာင့္အုပ္လိုက္တာ
အေရွ႕ကကားကိုထိသြားလို႔ ေလ်ာ္ခဲ့ရဖူးတယ္။ သူ႔ဘဝမွာပထမဆုံးယာဥ္တိုက္မႈလို႔ေျပာေတာ့
" ကိုကို႔ကိုခ်စ္လိုက္တာဗ်ာ" လို႔ နားနားကပ္ေျပာတဲ့အခါ " မနိင္ဘူး" ဆိုတာေနာက္တစ္ေခါက္ေလာက္
ေတာင္ ၾကားခြင့္မရွိေတာ့တာ ကြၽန္ေတာ္ရင္နာလိုက္တာ။ ကြၽန္ေတာ့မွာ ကိုကိုေပးခဲ့သမွ် ခ်စ္ျခင္း
ေမတၱာေတြဟာ အခ်ိဳကုန္သြားတဲ့ေရခဲေခ်ာင္းလို ေအးစက္စက္ပဲက်န္ခဲ့ရ။

~ ဘယ္သူ႔မွမသိတဲ့တို႔ရဲ႕အေၾကာင္းေတြ ... ဘယ္သူ႔မွ မသိတဲ့ျပသနာေလးေတြ .... ဘယ္သူ႔မွမသိခင္တို႔ေတြအဆင္ေျပခဲ့ဖူးတယ္ ~ အားလုံးၿပီးမွတို႔ေတြေဝးကြာ .... အားလုံးၿပီးမွျပသနာမ်ားစြာ .... အားလုံးေရွ႕မွာမင္းကိုမုန္းဟန္ေဆာင္ခဲ့လဲ ~

ကိုကို႔နားေကာင္မေလးေတြဝိုင္းေနတဲ့အခါ ကြၽန္ေတာ္ရွာတဲ့ျပသနာဟာ ကိုကို႔အတြက္ေတာ့
ေပ်ာ္စရာတစ္ခုလို။ မုန႔္ဆိုင္ထိုင္တိုင္း ကိုကို႔ကိုေထာင့္ဘက္ပဲပို႔ခဲ့တာေတြ။ ကိုယ့္ကားကိုေက်ာ္တက္တာမခံတတ္တဲ့ကြၽန္ေတာ္ရယ္ စိတ္ရွည္သည္းခံလမ္းေၾကာင္း
မွန္ ေဆာင္ပုဒ္ကိုအလြတ္က်က္ထားတဲ့ကိုကိုရယ္..... အသက္ကြာဟခ်က္ေၾကာင့္မၾကာခဏျပသနာေသးေသးေလးေတြတတ္ခဲ့ေပမယ့္ အဲ့ဒီအေသးအမႊားျပသနာေတြဟာ အခုေန ဘာလို႔လြမ္းစရာေတြခ်ည္းျဖစ္ေနရတာမ်ားလဲ .......

~ နင္ထြက္သြားပါေတာ့ကြာ .... ငါနဲ႔ေဝးရာအရပ္မွာ
အလွဆုံးေန႔ေတြမင္းဖန္တီးလိုက္ပါ .... တစ္ခ်ိန္မွာ
နင္သိလိမ့္မယ္ဘဝဟာ ဆုေတာင္းသမွ်ေတြမ
ျဖစ္တာ .... တစ္သက္လုံးၿပဳံးႏိုင္ဖို႔ နင္... ငိုလိုက္ပါ ~

ျပင္းျပင္းထန္ထန္ရႈိက္မိေတာ့ အသံေတြပါတုန္လာရတယ္။

ေဝးဖို႔အျပင္ကြၽန္ေတာ္တို႔ဘာမ်ား တတ္ႏိုင္ပါေသးလဲ။ အရာရာဟာ ေရခိုးေငြ႕႐ိုက္ေနတဲ့မွန္တစ္ခ်ပ္လိုမႈန္ရီေ၀ဝါးဆဲ.... ။

~ ငါသတိရေနလည္း ..... ငါ ႐ူးမတတ္ကိုလြမ္းလည္း .....

ငါဖုန္းမဆက္မိသြားေအာင္ ငါထိန္းမယ္ ~

~ ငါေသြးေအးသလိုမ်ိဳးနဲ႔အေပၚယံဟန္ေဆာင္ၿပဳံးထားလည္း

ဘယ္သူမွမသိေအာင္ႀကိတ္ငိုေနတုန္းပဲ ~

စိတ္ေတြကေယာင္ေျခာက္ျခားဆန္လာတဲ့တစ္ေန႔မွာ သတိလက္လြတ္ဆက္မိမွာစိုးလို႔

Power Off ထားရတဲ့ကြၽန္ေတာ့ဖုန္းေလးကို ကိုကိုမ်ားဆက္လိမ့္မလားလို႔ တစ္ေန႔ကိုတစ္ခါဖြင့္ၾကည့္မိမွန္း ကြၽန္ေတာ္ဝန္ခံရင္ကိုကိုစိတ္ဆိုးမွာလား။

မညာခ်င္ဘူးကိုကိုရယ္ ...အခ်ိန္တန္ရင္ေတာ့ ကြၽန္ေတာ္ငိုတာပါပဲ။
ကြၽန္ေတာ့တိမ္ေလး ဟိုး ေဝးေဝးကိုေျပးတဲ့အခါ
ကြၽန္ေတာ့မွာလည္း မုန္တိုင္းေတြခ်ည္းပါပဲ။ အဆင္ေျပမွာပါလို႔ေတာ့ တစ္ေန႔ႏွစ္ခါ ကိုယ့္ကိုယ္ကိုညာပါတယ္။ ဒါမွလည္းကြၽန္ေတာ္အသက္ရႈႏိုင္မွာေလ။

~ မင္းေၾကာင့္ငါ့မွာအေမာေျပရတယ္ ... မင္းေၾကာင့္
အခ်စ္ကိုေတြ႕ရွိဖူးတယ္...  မင္းေၾကာင့္အထီးက်န္ျခင္း
ေတြ ဘဝမွာလြန္ေျမာက္ဖူးတယ္ ~~~ ငါ့ေၾကာင့္မင္းမွာအျပစ္ေတြျဖစ္တယ္ ... ငါ့ေၾကာင့္မင္းကိုလက္ညိဳးေတြထိုးတယ္ .... ငါ့ေၾကာင့္မင္းမွာ တစ္ရက္ေတာင္စိတ္ခ်မ္းသာစရာမရွိခဲ့ ~

ကိုကိုေပၚေပါက္လာျခင္းဟာကြၽန္ေတာ့ဘက္ကံတရားမွာအေပါင္းလကၡဏာအႀကိမ္ႀကိမ္ေဆာင္ခဲ့ေပမယ့္
ကိုကို႔ရာသီခြင္မွာေတာ့ ကြၽန္ေတာ္ဟာ ထာဝရကြၽန္းခံ ေနခဲ့တယ္။ ကိုကို႔ကို ကြၽန္ေတာ္

ျမတ္ႏိုးျခင္းႀကီးစြာခ်စ္ရျခင္းမွာ ခ်စ္သူတစ္ေယာက္ဆိုတဲ့အရာထက္ပိုတာေတြရွိပါတယ္။ ကိုကိုဟာ ေလာကႀကီးကိုမေကာင္းျမင္တတ္ဘဲ ထင္ရာစိုင္းတတ္တဲ့ေကာင္ေလးကို လမ္းေပၚေရာက္ေအာင္ဆြဲတင္ေပးခဲ့တယ္။ ဘဝမွာ နာက်င္မႈေတြပဲရွိပါတယ္လို႔ ကိုယ့္ကံတရားကိုယ္ယိုးမယ္ေတြဖြဲ႕ အျပစ္ေတြလႊဲခ်ၿပီး ကိုယ္မွားခ်င္တိုင္းမွားေနတာေတာင္ ကိုယ့္ကိုယ္ကိုသနားေနဆဲကြၽန္ေတာ့ကို ေႏြးေထြးမႈကဘယ္လိုအေၾကာင္းအရာမ်ိဳးဆိုတာျပသေပးခဲ့တာ။

အစ္ကိုတစ္ေယာက္လို ေဆြမ်ိဳးသားခ်င္းလို အေဖတစ္ေယာက္လို သူစိမ္းတစ္ေယာက္က ၾကင္နာေပးႏိုင္တယ္ဆိုတာ ကြၽန္ေတာ္သိေအာင္ျပသေပးခဲ့တာ။ ကြၽန္ေတာ့မွာရွိတဲ့ပိုက္ဆံေတြဟာ သူတပါးေပ်ာ္႐ႊင္ေအာင္ ပီတိနဲ႔လဲလွယ္လို႔ရေၾကာင္းသိေအာင္လုပ္ေပးခဲ့တာ။

ဒီေကာင့္ရင္ဘတ္ထဲက မေကာင္းျမင္မႈအစိုင္အခဲေတြကို ႏွစ္သိမ့္ေျခဖ်က္ေပးခဲ့တာ။

ကြၽန္ေတာ္ကိုကို႔အနားမွာရွိေနခ်င္ရတဲ့အေၾကာင္းအရာေတြဟာ ခ်စ္သူရည္းစားပတ္သတ္မႈမ်ိဳးထက္ကိုပိုခဲ့တယ္။ယုံၾကည္အားကိုးျခင္း၊ ခ်စ္ျခင္းေမတၱာ ေႏြးေထြးလုံျခင္းမႈေတြ စသျဖင့္ ကြၽန္ေတာ့စိတ္အတြင္းပိုင္းတစ္ေနရာထိနက္နက္ရႈိင္းရႈိင္းကိန္းေအာင္းေနခဲ့တာ။

မိဘေတြအေပၚအမွတ္အေတးႀကီးခဲ့ေပမယ့္ အခုေနအခ်ိန္မွာ ဘာဆိုဘာကိုမွ အရမ္းႀကီးအျပစ္မတင္မိေအာင္ ကိုကိုဆိုတဲ့အလင္းတန္းက ျပေပးခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္က် ကိုကို႔အေပၚဘာေတြမ်ား အင္အားျဖစ္ေစခဲ့ပါသလဲ။ကြၽန္ေတာ့ေၾကာင့္ ဂုဏ္သိကၡာႀကီးတဲ့ကိုကိုဟာ လူပုံအလယ္မွာ တရားခံလိုအစစ္ခံရတယ္။ အေနေအးေဆးလြန္းတဲ့ကိုကိုဟာ ကြၽန္ေတာ့ေၾကာင့္ပဲ ဝရမ္းေျပးဖမ္းသလိုခ်ဳပ္ခံရေသးတယ္။ အထက္စီးကေနေျပာတာကိုလည္းေခါင္းငုံ႔ခံရတယ္။ ကြၽန္ေတာ့ေၾကာင့္ ကြၽန္ေတာ္ခ်စ္ရတဲ့ကိုကိုဟာ သူ႔အိမ္ေထာင္ဘက္ရဲ႕စိတ္ထဲ ငါ့ကိုသစၥာေဖာက္ခဲ့တဲ့သူရယ္လို႔တစ္သက္လုံး ေတြးခံရေတာ့မွာ။

ကြၽန္ေတာ္ဘာေကာင္းတာရွိလဲ ..... ကြၽန္ေတာ္ကိုကို႔အေပၚဘာေတြမ်ား ေပးဆပ္ခဲ့ဖူးလည္း.... ဒါနဲ႔ေတာင္အသုံးမက်တဲ့ကြၽန္ေတာ္ဟာ နာက်င္ျပေနလိုက္တာ ..... ႐ြံစရာ ...... ။

အားးးးးးးးးးးးး !!!!!!!!!!

အက်ယ္ႀကီးေအာ္ပစ္လိုက္ေပမယ့္ ရင္ထဲကနာက်င္မႈကေပ်ာက္လို႔မသြားပါ။ ထြက္သြားတာပဲေကာင္းပါတယ္။ကြၽန္ေတာ္က ကိုကို႔ကိုဘာမွေကာင္းက်ိဳးမေပးတဲ့ေကာင္မို႔ အနည္းဆုံးေတာ့ ကိုကိုေပ်ာ္ေအာင္ေနပါဗ်ာ .... ေပ်ာ္လိုက္စမ္းပါ ......။

ေ၀ဝါးလာတဲ့မ်က္လုံးအိမ္ဟာ ပီယာႏိုခလုတ္ေတြကိုေကာင္းေကာင္းမျမင္ရေတာ့။

နာတယ္........ အဲ့ဒီရင္ဘတ္ထဲက ဆတ္ဆတ္ခါေနေအာင္နာတယ္ ...... ေအာင့္တတ္လာတဲ့ခံစားမႈဟာ လူတစ္ကိုယ္လုံးကိုကိုင္႐ိုက္ထားသလို နည္းနည္းေလးေတာင္မလႈပ္ရွားခ်င္ေတာ့။ မြန္းၾကပ္ျပည့္သိပ္မႈဟာမီးခိုးေတြလို႔အေငြ႕ပ်ံလြင့္ျပယ္သြားရင္ေကာင္းမယ္။ အခု ကြၽန္ေတာ္နည္းနည္းေလးမွ မသက္သာပါလားကိုကိုရယ္။

~ တို႔ႏွစ္ေယာက္တကယ့္ကိုခ်စ္ခဲ့ဖူးတယ္ .....

တို႔ႏွစ္ေယာက္အခ်စ္ကို႐ူးသြပ္ဖူးတယ္ .....

တို႔ႏွစ္ေယာက္ .....

စိတ္ ကူး ယဥ္ ၿပီး ေလ ထဲ မွာ အိမ္ ေဆာက္ ဖူး တယ္~

ကြၽန္ေတာ္တို႔ .......
ဘယ္ေတာ့မွ ျပန္ မ ေတြ႕ ၾက ေတာ့ ဘူး ... ကိုကို ...
ဘယ္ေတာ့မွ.......။

စိတ္ကူးေတြဆိုတာလည္း
စကၠဴနဲ႔ေခါက္တဲ့အိမ္ေတြပါပဲ
အိမ္မက္ကႏိုးလာတဲ့အခါ
ေလထဲမွာေဆာက္တဲ့အိမ္ေတြလို .....
ကြၽန္ေတာ္တို႔ေဝးသြားၾကတဲ့အခါ
ေပ်ာ္ခဲ့ဖူးတယ္ဆိုတာလည္း
အတိတ္ တစ္ခု သက္သက္ သာ ...... ။ ။
ေနအလင္းစက္

ဒီအပိုင္းထဲမွာပါတဲ့စိတ္ကူးစိတ္သန္းနဲ႔ စကားလုံးအခ်ိဳ႕ဟာ အိေလးစားရတဲ့၊ ခ်စ္ရတဲ့ေမာင္ေလးတစ္ေယာက္ရဲ႕ အေတြးအေခၚေလးေတြကို
ယူထားတာပါ။ အမွန္အတိုင္းဝန္ခံရရင္ ေနအလင္း
စက္ကိုႀကံ့ခိုင္ေစႏိုင္တာဟာ သူ႔ေၾကာင့္ပါပဲ။
အိေမာင္ေလးဟာ အိကိုပိုၿပီးႀကံံံခိုင္ေစခ်င္ခဲ့တယ္။
ျပသနာတစ္ခုျဖစ္တဲ့အခါ ကိုယ္တိုင္ရင္ဆိုင္ေျဖရွင္း
ေစခ်င္ခဲ့တယ္ ( အခုထိမရင့္က်က္ေသးေပမယ့္ေပါ့)
အဲ့ဒီ အယူအဆေလးေတြဟာ ေနအလင္းစက္ေပၚ
ကို တိုက္႐ိုက္သက္ေရာက္ခဲ့ပါတယ္။
သူနဲ႔အိနဲ႔ၾကား ယူဆပုံေတြနဲ႔အေတြးအျမင္ေတြ
မတူညီေပမယ့္၊ ဒီစကားလုံးေတြဟာ သူယူဆထားတဲ့
လမ္းေၾကာင္းအတိုင္းသြားတာျဖစ္ခ်င္မွ ျဖစ္ႏိုင္ေပမယ့္ အိကေတာ့ အိေတြးျမင္တဲ့ဘက္ကေန ယူသုံးလိုက္ပါတယ္။ ကေလးေရမမအိထပ္လြဲတဲ့အခါ ခြင့္လႊတ္ပါကြယ္။ အစစအရာရာအတြက္ေက်းဇူးတင္ပါတယ္။
" စိတ္ရင္းျဖစ္ေနရင္ပဲရၿပီ" လို႔ကေလးအၿမဲေျပာခဲ့သလိုပါပဲ စိတ္ရင္းနဲ႔ပဲခ်စ္တယ္ေနာ္ 😍

ေနာက္တစ္ခု .......
ေနာက္တစ္ပိုင္းဆို ဇာတ္သိမ္းပါၿပီ။ ဇာတ္သိမ္းပိုင္းၿပီးတဲ့အခါ အိကိုစြန႔္ခြာမယ့္သူေတြေရာ၊ ထိုးႏွက္မယ့္သူေတြေရာ အနားမွာရွိေနေပမယ့္သူေတြကိုပါ အိကခ်စ္ပါတယ္။ တခါတခါ စိတ္မေကာင္းျဖစ္တာကိုထုတ္ေဖာ္ျပျပသမိတဲ့အခါ စိတ္မဆိုးၾကဖို႔လည္းေမတၱာရပ္ခံခ်င္ပါ
တယ္။ ဒါေလးၿပီးသြားတဲ့အခါ ေနာက္အသစ္ေရးႏိုင္ဖို႔ဆိုတာ အိအတြက္အရမ္းခက္တာမို႔ ေမ့သြား
ရင္လည္းခံပါ့မယ္။ မေမ့ေသးရင္လည္းေပ်ာ္ပါ့မယ္။ ဒါေလးကိုလည္း ႏိုဝင္ဘာလ (တစ္ႏွစ္ျပည့္အမွီ)
ထုတ္ႏိုင္ဖို႔ႀကိဳးစားသြားမွာပါ။ သိတဲ့အတိုင္း ဒီ ဝတၱဳရဲ႕ဒုတိယပိုင္ရွင္ ေဒၚဝတ္ရည္က
သူအိမ္မျပန္ခင္ထုတ္ခ်င္လို႔ပါတဲ့။ မဆုငယ္ရဲ႕ ႏိုးႏိုးေလးကိုေမြးထုတ္ေပးထားတဲ့ မမေ႐ႊဖူးကပဲ ထုတ္ေပးမွာပါ။ အေရအတြက္ကေတာ့ သုံးရာေလာက္ေရာင္းရခ်င္တယ္ ( 100 ကေနတက္သြားတာေနာ္ မယ္ေလာဘေလးပဲ) ဘာလို႔ဆို 300 ေလာက္မွ ခရင္မီအသားနဲ႔ရမွာမို႔လို႔ရယ္။ ဝယ္ၾကမွာလားဟင္???? အိလဲလွလွေလးလိုခ်င္တာ မသိဘူး ဝယ္ၾကကြာ 🙄

ကဲကဲ ေျပာခ်င္တာေတြလည္းၿပီးၿပီဆိုေတာ့ကာ .......
ေနာက္တစ္ပါတ္ထဲမွာျဖစ္ျဖစ္ ဇာတ္သိမ္းနဲ႔အတူျပန္
ေတြ႕ၾကပါမယ္။

ေလွ်ာ့မတြက္ပါနဲ႔လို႔ မမ မေျပာခဲ့ဘူးလား
ဟမ္ .....
ငိုရတဲ့အပိုင္းဆိုတာ သက္သက္ရွိပါတယ္လို႔
မမ ဖြဘုတ္ေပၚမွာေျပာခဲ့တာကို
ခေလးတို႔မသိရင္ေတာ့ .......

ခ်စ္တဲ့အိ


Unicode

အမှောင်ချထားတဲ့အခန်းထဲမှာ ရက်ပေါင်းများစွာကျွန်တော်နေတယ်။

စိတ်ပူနေတဲ့အမေ့ကို ကျွန်တော်လုံလုံလောက်လောက်နာကျင်ပစ်ဖို့လိုအပ်ကြောင်းပြောတော့ အမေကငိုပြီးအဖေကရယ်တယ်။ သိပ်တော့လည်းမဆန်းပါဘူး ဒါဟာ ကျွန်တော့ကိုယ်ကျွန်တော်ပြန်ရေးဖြစ်တဲ့ကဗျာတွေလိုပါပဲ။

နိမ့်တဲ့နေရာမှာသိပ်နိမ့်ပြီး မြင့်တဲ့နေရာမှာသိပ်မြင့်တာနေရင်း

ကျွန်တော်မကြိုက်တဲ့ Drama တွေမဆိုစလောက်ရိုက်မိတာကလွဲလို့ အမှန်တရားအကြောင်းတွေပဲကျွန်တော် ချခင်းဖြစ်မိပါတယ်။

ကိုကို .......

ဒီစကားလုံး...
ဒီအခေါ်အဝေါ်.....
ဒီအသုံးအနှုန်းမျိုးကို လုံးဝမေ့ဖျောက်ပစ်လိုက်ဖို့
လောလောဆယ်ကျွန်တော်အကြိမ်ရေများများခေါ်ထားမှ
ဖြစ်မယ်။ မေမေ့ကိုကျွန်တော်ပြောပါတယ် ကျွန်တော် နာကျင်နေဖို့ လုံလုံလောက်လောက်ပစ်ထားပေးပါလို့။

ကိုကိုရေ .......

ပါပါးကမေးတယ်

" မင်း အရက်သောက်ချင်လား" တဲ့

ကျွန်တော်ပြုံးပြပြီးငြင်းတော့ ပါပါးကထပ်ရယ်တယ်။

ပါပါးရယ်တာမမြင်ရတာသိပ်ကြာနေပြီကိုကို။ အဲ့ဒီအတွက်ကိုကို့ကို သွယ်ဝိုက်ပြီးတော့ကျေးဇူးတင်ပါတယ်။ အရက်သောက်လို့မေ့သွားမယ်ဆိုရင် ကျွန်တော်
အရက်ချက်စက်ရုံထောင်မယ်ကိုကို။ မမူးမချင်းသောက်မယ်။ မူးပြီးအိပ်ပျော်သွားတဲ့အထိသောက်မယ်။ ဒါပေမယ့် ကိုကိုကအိမ်မက်ထဲထိလိုက်လာတာတော့သိပ်ခက်တာပဲ။

ကျွန်တော့မှပြိုလဲခွင့်တော့ရှိတယ်မဟုတ်လားကိုကို.....။
အတုန်းအရုံးပြိုလဲတာမျိုးပေါ့။

ဘဝမယ်ဘာဆိုဘာမှ မျှော်လင့်စရာလက်ကျန်မရှိတော့တဲ့လူတစ်ယောက်ရဲ့ လက်လွတ်စပါယ်စိတ်မျိုးနဲ့ ကျွန်တော်ပြိုလဲချလိုက်တယ်။ ပွေ့ဖက်သူကင်းတဲ့ အထီးကျန်ကျန်ညနေတွေဟာ တကိုယ်ရည်စာ အကန့်အသတ်မဲ့ လွမ်းပစ်လိုက်ဖို့တော့သင့်တော်ပါရဲ့နော်။

ကိုယ်ရည်တွေသွေးဖြစ်နေတယ်ကိုကို။ ပထမဆုံးတော့ကျွန်တော်နာကျင်ကြေကွဲရတာပေါ့။

ဒီလောက်ချစ်ရဲ့သားနဲ့ ကျွန်တော် ဒီလောက်နက်ရှိုင်းနင့်နဲပြခဲ့ရဲ့နဲ့ ထားခဲ့ရက်တယ်ပေါ့။ လုပ်ရက်လေခြင်းလို့ ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်သနားရင်းနဲ့ အကြိမ်ကြိမ်ဂုဏ်
တွေဖော်ရင်းနဲ့ပေါ့ ကိုကိုရယ်။

ဂစ်တာတွေတီးဖြစ်တယ်ကိုကို...... ။

" ဒီလောက်နဲ့ပဲကျေနပ်ပါတယ် " ဆိုတဲ့သီချင်းကို

ဘာလို့ခဏခဏဆိုဖြစ်လဲ ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ်။

" ကမ္ဘာပေါ်မှာအချစ်ဆုံးလို့ပြောပြောပြီးထားခဲ့တာပဲ" ဆိုတဲ့နားရောက်ရင်

ကျွန်တော်ငိုတော့တာပဲ။တကယ်တော့ ကိုကိုကကျွန်တော့ကိုအချစ်ဆုံးလို့မှ
မပြောခဲ့ပဲလေ။ ပြောများပြောခဲ့သေးလား မဟုတ်ဘူးလို့တော့ကျွန်တော်ထင်တာပဲ။

လူရဲ့သွေးက သုံးလကိုတစ်ကြိမ်လဲတယ်ဆိုလားအစ်မတစ်ယောက် ကတော့ပြောတယ်။  ဒါဆိုကျွန်တော့ကိုယ်ထဲ ကိုကို့သွေးတွေမရှိတော့ဘူးပေါ့နော်။

ဘာထူးလဲ ကိုကိုလဲ မရှိတော့ဘူးပဲဟာ။ ဒါပေမယ့် ကိုကိုနမ်းသွားတဲ့ အကျီၤကိုကျွန်တော်အခုထိမလျှော်ဖြစ်သေးတာ ဘယ်လိုလုပ်ရ မလဲကိုကိုရဲ့။

တစ်ခုခုတော့ပြောပါ .... ဒီကောင်က ကိုကိုစိတ်နဲ့သွေးရူးတန်းရူးရှင်သန်နေသေးတာ
ကိုကိုအပြစ်တင်ရင် ကျွန်တော်ဘယ်လိုခုခံရပါ့။

မသေပါဘူး .......။ သေစရာလား သတ်သေလိုက်လို့ မကျွတ်လွတ်ရင်တော့အဟုတ် နောင်တစ်ဘဝချက်ချင်းကူးသွားလို့ ကိုကို့ကိုမလွမ်းရရင်ဒါဟာကြီးကျယ်တဲ့ ဝဋ်ဒုက္ခ။

ကျွန်တော်ရူးနေပြီထင်တယ်ကိုကိုရယ် ....

အတွေးတွေကတောင်စဉ်ရေမရဖြစ်နေတယ် ဒါပေမယ့် ထမင်းတော့မှန်မှန်စားဖြစ်ပါတယ်။

ဆက်ဆက်ရှင်သန်ဖို့ကိုကိုကမှာလိုက်တာကိုး။
ကျွန်တော် နားထောင်မှာပါ ကိုကိုစိတ်ချနော်။ ကျွန်တော်ဟာကိုကို့အတွက်ဝန်ထုတ်ဝန်ပိုးတစ်ခု
ဘယ်တုန်းကမှမဖြစ်ချင်ခဲ့ပါဘူး။ ကိုကိုလွှတ်ချခဲ့တယ်ဆိုရင်တောင် အနှောင်အဖွဲ့ကင်းကင်း နောင်တရှင်းရှင်းဖြစ်စေချင်တာ မှန်သောစကားပါကိုကိုရယ်။

ရက်တွေကြာလာပြီး ကျွန်တော်နာကျင်ပါးဝလာတဲ့အခါ ဒီအဖြစ်အပျက်မှာ ကျွန်တော်ဘယ်သူ့ကိုမှအပြစ်
တင်စရာမလိုကြောင်းသိလာတယ်။ လူတိုင်းဟာ အကြောင်းပြချက်ကိုယ်စီနဲ့ရှင်သန်ကြရတာပါပဲ။
သော်ကကိုအပြစ်တင်ရအောင်လည်း သူကမှပိုင်ရှင်အစစ်။ ကိုကို့ကိုလည်း ကျွန်တော်သာအတင်းဆွဲထားခဲ့တာလေ။ အပြစ်ရှိမယ့်ရှိ ဒီကောင့်အပြစ်ပဲရှိမှာပါလို့
ကျွန်တော်ဖြေတွေးပါတယ်။ ဖြေမတွေးလည်း ကျွန်တော် အရူးလက်မှတ်ရဖို့ပဲရှိတော့တာကိုး။

စာအုပ်တွေဖတ်တယ်ကိုကို။ မတတ်သာလို့ သူများရည်းစားကိုကြိုက်ခဲ့မိတယ်ဆိုပေမယ့်

ဒုဿနသောကို သေအောင်ကြောက်တဲ့ ဒီကောင်က ချစ်သော Emily ကိုပဲအခေါက်ခေါက်အခါခါ ဖတ်နေမိတယ်။ ကျွန်တော်ဖတ်တိုင်းငိုမိတဲ့ စာသားလေးချရေးလိုက်ဦးမယ်။ ဘယ်တုန်းကအငိုသန်သွားလည်းသတိမထားမိသေးခင် အခုတလောတော့ လေခပ်ပြင်းပြင်းတိုက်ရင်
တောင်ငိုနေမိတယ်။ သိပ်ကို အူကြောင်ကြားနိုင်တာပဲ ကိုကိုရယ်။

ကိုကိုကရော လွတ်သွားတဲ့ရထားတစ်စင်းလား
ဒါမှမဟုတ် ကျွန်တော့ဘူတာမှာအယောင်ပြဆိုက်ရောက်သွားတဲ့ရထားလား။ ဒါမှမဟုတ်ရင် ကျွန်တော့ဆီကိုဘယ်တုန်းကမှ မရပ်တန့်ခဲ့တာများလား။ ဒီလိုနဲ့ စီးကရက်တွေတစ်လိပ်ပြီးတစ်လိပ်ကုန်သွားတော့တာပဲ။ ကျွန်တော့စဉ်းစားခန်းကတော့မရပ်ဘူး တရစပ်ပဲ။ တွေးနေတာပဲကောင်းတယ် ကိုကို။

တွေးတာရပ်လိုက်ရင် ကျွန်တော်ကိုကို့ကိုလွမ်းပြန်ရော။

ဘယ်ဘက်ရင်ဘတ်ကနာတယ်ကိုကိုရဲ့။

ကိုကို ကျွန်တော့ကိုထားခဲ့တာထက် ကျွန်တော်ကိုကို့ကို
ထပ်ပြီးချစ်ခွင့်မရှိတော့ဘူးဆိုတာကအုံလိုက်ကျင်းလိုက်သွေးပျက်စေတယ်လေ။

အိမ်ထောင်သည်ကြီး ကိုကို့ကိုကျွန်တော်တွေ့ချင်နေမှဖြင့်နဂိုမရှိတဲ့
ကုသိုလ်ထဲ ငရဲကိုလီတာနဲ့ဖြည့်နေရမှ သံသရာတစ်ကွေ့တောင် ပြန်မတွေ့ဖြစ်နေပါ့မယ်။

ဒါပေမယ့်ကိုကိုရယ် သတိရခြင်းဟာမီးခိုးကြွက်လျှောက်နိုင်ပါတယ်..... ဘာမြင်မြင်သတိရနေတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးမဟုတ်လား။

ဒါဖြင့်ဘာလို့ကိုကိုအမှတ်တရတွေဖန်တီးခဲ့သေးလဲ။
အခုတော့ကျွန်တော့မှာ မြင်သမျှ၊ ကြားသမျှသတိရရ
တယ်။ အဲ့ဒါ ဝဋ်ကြွေးပဲဆိုရင်တောင် သကြားဖြူးထားတဲ့ဝဋ်ကြွေးတော်လေးပေါ့။ အမှန်တရားကိုမတွေးမချင်းချိုပါတယ် ကိုကို။

အသည်းကွဲရင်သေကြသလား ကိုကို။ ကျွန်တော်လည်းကိုကိုမရှိရင်သေမယ်ထင်ထားတာပဲ။ ဒါပေမယ့်မသေပါဘူး။ မသေရုံတမယ်တော့ လူးလှိမ့်နေရတာကတော့ တပိုင်းပေါ့လေ။ ကိုကိုကျွန်တော့အနားမရှိဘူး ၊ ကျွန်တော်လည်းမသေဘူး။ လူတိုင်းကတတ်အားသမျှ
ရှင်သန်နေရတာပါပဲ။ ကိုကိုကမှာလိုက်တယ်

"ကိုယ်မရှိလည်း ရှင်သန်ပါ " တဲ့။ ဒါပေါ့ကိုကိုရယ်

ကျွန်တော်ရှင်သန်ရမှာပေါ့။ ကျွန်တော်စိတ်ထင်တိုင်းလဲ ပြိုကျလို့မရသေးဘူး အချိန်တန်ရင်ပြန်ထရမှာပဲ။
လုပ်စရာတွေအများကြီးရှိသေးတယ်လေ။ ကျွန်တော်  ဆန်ကုန်မြေလေးတော့မဖြစ်စေရဘူး။ ဒါတော့ ကိုကိုယုံ........။

" အမှောင်ထဲကိုပြန်မသွားပါနဲ့" တဲ့။

ဟုတ်ကဲ့ပါ ကိုကို။ ကျွန်တော့ကို ကိုကိုကအမှောင်ထဲကနေဆွဲထုတ်လာခဲ့ပြီးပြီပဲ။

ချစ်ခြင်းမေတ္တာက ဘယ်လိုဆိုတာ၊ ကိုယ်ချင်းစာတရားကဘာဆိုတာ၊ လူသားဆန်တဲ့အပြုအမူဆိုတာဘာ၊ နွေးထွေးမှုဆိုတာဘယ်လိုမျိုးတာ ......။ အစစအရာရာ ကျွန်တော်ကိုယ်တိုင်တွေ့မြင်ခံစားတတ်အောင် ပြသပေးခဲ့တယ်။ ဦးနှောက်နဲ့စိတ်ခံစားချက်ဟာ တခါတလေထပ်တူမကျနိုင်မှန်းလည်း ဟိုးအစောကတည်းက ကိုကိုသင်ပေးခဲ့တာပဲလေ။ ပြုံးတတ်အောင်၊ ရယ်တတ်အောင်၊ အကောင်းမြင်
တတ်အောင် ရန်လိုစိတ်နည်းအောင် ကျွန်တော့အသိညဏ်ထဲ ညင်ညင်သာသာထည့်သွင်းပေးခဲ့တယ်။

ကိုကိုကျွန်တော့ကိုအလင်းတွေပေးခဲ့တာပဲ
ကိုကိုကျွန်တော့အနားမှာ ရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ်စေ

ကျွန်တော်ဘယ်တော့မှ ပြန်မမှောင်တော့ပါဘူး။

အခုတဒင်္ဂလေးတော့ ကျွန်တော့ကိုချင့်ချိန်နိုင်စွမ်းကင်းလွတ်ခွင့်ပေးပါ။

ကျွန်တော် အတိုင်းအတာတစ်ခုထိလွမ်းဆွတ်ပြီးတဲ့အခါ အဲ့ဒီအတိတ်တစ်ခုကို ရင်ဘတ်ထဲမှာမြုပ်နှံပြီး သက်တမ်းစေ့ရှင်သန်သွားမှာပါ .... ကိုကိုမကြားပေမယ့် ကျွန်တော်ကတိပေးပါတယ်။

ကိုကိုရော ပျော်နေပါ့မလား ..... ။ ကျွန်တော်ထည့်မတွေးတော့ရင်ဖြစ်တယ်မဟုတ်လားကိုကို။

လူကတော့ ကိုယ့်စိတ်ချမ်းသာမှုကိုအနည်းနဲ့အများတော့ရှာရတာပါပဲ။ ဒီလိုပဲနေထိုင်နေရင်းနဲ့ပဲ
အဆင်ပြေမယ့်နည်းလမ်းကို အဆင်သင့်သလိုသုံးစွဲရတာမဟုတ်လား။

ကျွန်တော်လည်းရင့်ကျက်တဲ့တစ်ယောက်တော့မဟုတ်ပေမယ့် ကိုယ့်စိတ်ဖြေသာရာလေးကိုပဲ ရှာကြံတွေးရပါတယ်။မဟုတ်ရင်လည်း အဲ့ဒီပြတ်သွားတဲ့ကြိုးတစ်ချောင်းကိုအကောင်းအတိုင်းဖြစ်အောင် လုပ်လို့မှမရဘဲလေ။ ကျွန်တော်ကိုကိုနဲ့ဟိုးအဝေးကြီးကိုရောက်တဲ့အခါ
စွန်လွှတ်မယ်။ အရောင်မျိုးစုံနဲ့စွန်လေးတွေကို  လေပေါ်ရောက်အောင်တင်ပြီးတဲ့အခါ ဖြတ်ချလိုက်မယ်။

တချို့မျှော်လင့်ခြင်းတွေဟာ ကိုယ်မပိုင်ဆိုင်နိုင်တဲ့အခါ ကိုယ်တိုင်ရိုက်ချိုးရတာမျိုးပါကိုကို။

ရိုးရိုးသားသားစိတ်အဆိပ်သင့်လိုက်ရခြင်းကိုပဲကျွန်တော်လက်ခံ လိုက်မှာပါ။

ပျော်မှာပါ ကိုကို။ တစ်နေ့မဟုတ်တစ်နေ့ ကျွန်တော့ပျော်ရွှင်ရခြင်းအစစ်အမှန်ကိုရှာတွေ့မှာပါ။
ကျွန်တော်စွန်ကလေးလိုပဲ ဝေးဝေးပြေးနေချင်တယ်။ ကိုကိုနဲ့ဝေးရာလားဆိုတော့ ကျွန်တော်တို့ကနဂိုကတည်းကမှ မနီးခဲ့တာလို့ ရင်နာနာပဲဖြေပါ့မယ်။
ကျွန်တော်တို့အကြောင်းပြချက်ကိုယ်စီနဲ့အနီးအနားမှာတင်ဝေးခဲ့ကြပါတယ်။ အတိုင်းအတာတစ်ခုအထိနီးစပ်ခဲ့တယ်ဆိုရင်တောင် ကိုကို့အခက်အခဲတွေကို
ကျွန်တော့ကိုဖွင့်ဟပြောပြဖို့အထိ မနီးခဲ့ဘူးထင်ပါရဲ့။
ဒါဟာလည်း သူ့စီရင်ရာစီမံရာပါပဲ။ ကျွန်တော်ကဘာများပြောခွင့်ရှိဦးမလဲ။

ကျွန်တော်တို့ဒီနိုင်ငံကနေထွက်သွားမယ်လို့မေမေကပြောတယ်။ အများဆုံးတစ်လပေါ့။ အဲ့ဒီတစ်လ
အတွင်း ကိုကို့ကိုအပြီးသတ်သိမ်းဆည်းထားနိုင်ဖို့ကျွန်တော်ကြိုးစားပါ့မယ်။ ဒဏ်ရာရင့်တော့ အနာကျက်နှုန်းလည်းနှေးသလို အမာရွတ်လည်းကြီးတာပေါ့ဗျာ ။ ဒါပေမယ့် ကျွန်တော်တတ်စွမ်းသမျှကြိုးစားပါ့မယ်။ ကျွန်တော့ကြိုးပမ်းမှုမှာ ကျွန်တော်ကိုယ်တိုင်မပျော်ရရင်
တောင် ကျွန်တော့ကိုပျော်စေချင်တဲ့သူတွေ ပျော်ရွှင်ရပါစေပေါ့ .......။ ။

လေးနာရီထိုးပြီးကိုကို ..... ။ ဒီအချိန်ကကားပိတ်တယ်။ ကျွန်တော်လည်းကိုကိုကို့လွမ်းတယ်။
အဲ့ဒီဘာမှမသက်ဆိုင်ခြင်းတွေမှာတောင် ကိုကိုကကျွန်တော့အပေါ်သက်ရောက်နေတော့တာလည်း
ပြသနာ။

ဆေးကခါးသလောက် Side Effect လည်းပြင်းတယ်ကိုကို။

ကျွန်တော်မငိုဖြစ်အောင် အားတင်းရင်း သီချင်းတွေပဲဆိုနေဖြစ်တော့တယ်လေ။ ဒီအချိန်ဆိုကိုကိုအိမ်ပြန်နေမလား။

ကျွန်တော်ကတော့ အိမ်မှာနေရင်းပဲ ဘယ်တော့မှအိမ်ပြန်မရောက်ဖြစ်ဘူး။

ကျွန်တော်အခန်းအောင်းနေကတည်းက ပါပါးဟိုဘက်အိမ်ကနေပြန်သယ်လာပေးတဲ့ ပီယာနိုကို
တစ်ချက်ပွတ်သပ်ကြည့်တော့ သီချင်းတစ်ပုဒ်ကို ပြေးသတိရတယ်။ ကျွန်တော်ဒီသီချင်းကိုဆိုတဲ့အခါ
အရင်ကမသိသေးပေမယ့် မေမေ မငိုဘူးလို့ကတိပေးပါ။

~ ငါ့အခန်းထဲမှာလည်း နင်ပေးထားခဲ့ဖူးတဲ့ အမှတ်တရလေးတွေ အခုထိရှိသေးတယ် ~

ကျွန်တော့အိမ်ခန်းတစ်ခုလုံးမှာ အခန်းပေါက်ဝကစလို့
နောက်ဖေးအထိကိုကိုနဲ့မပတ်သတ်ဖူးတဲ့နေရာဆိုတာ မရှိဘူး။

" ညီက ကြွက်ပေါက်စလေးပါကွာ ..... "

" ဟုတ်တယ်လေ ကျွန်တော်အင်ဂျင်နီယာလုပ်တာ
ကြွက်သိုက်ဆောက်ဖို့ပေါ့ ကိုကိုရ"

အတောမသတ်ရယ်မောနေတဲ့ကိုကို့အသွင်ဟာ
အခုကျွန်တော့ရင်ဘတ်မှာစိုက်တဲ့ဆူး .....

~ ငါ့နှလုံးသားမှာလည်း နင်ပေးထားခဲ့ဖူးတဲ့အချစ်တွေ၊ အနမ်းတွေအခုထိရှိသေးတယ် ~

" ကိုကို့နှုတ်ခမ်းတွေကချိုတယ်"

ကျွန်တော်ပြုံးစိစိပြောတော့ ကားမောင်းနေရင်းမို့ဘရိတ်ဆောင့်အုပ်လိုက်တာ
အရှေ့ကကားကိုထိသွားလို့ လျော်ခဲ့ရဖူးတယ်။ သူ့ဘဝမှာပထမဆုံးယာဉ်တိုက်မှုလို့ပြောတော့
" ကိုကို့ကိုချစ်လိုက်တာဗျာ" လို့ နားနားကပ်ပြောတဲ့အခါ " မနိင်ဘူး" ဆိုတာနောက်တစ်ခေါက်လောက်
တောင် ကြားခွင့်မရှိတော့တာ ကျွန်တော်ရင်နာလိုက်တာ။ ကျွန်တော့မှာ ကိုကိုပေးခဲ့သမျှ ချစ်ခြင်း
မေတ္တာတွေဟာ အချိုကုန်သွားတဲ့ရေခဲချောင်းလို အေးစက်စက်ပဲကျန်ခဲ့ရ။

~ ဘယ်သူ့မှမသိတဲ့တို့ရဲ့အကြောင်းတွေ ... ဘယ်သူ့မှ မသိတဲ့ပြသနာလေးတွေ .... ဘယ်သူ့မှမသိခင်တို့တွေအဆင်ပြေခဲ့ဖူးတယ် ~ အားလုံးပြီးမှတို့တွေဝေးကွာ .... အားလုံးပြီးမှပြသနာများစွာ .... အားလုံးရှေ့မှာမင်းကိုမုန်းဟန်ဆောင်ခဲ့လဲ ~

ကိုကို့နားကောင်မလေးတွေဝိုင်းနေတဲ့အခါ ကျွန်တော်ရှာတဲ့ပြသနာဟာ ကိုကို့အတွက်တော့
ပျော်စရာတစ်ခုလို။ မုန့်ဆိုင်ထိုင်တိုင်း ကိုကို့ကိုထောင့်ဘက်ပဲပို့ခဲ့တာတွေ။ ကိုယ့်ကားကိုကျော်တက်တာမခံတတ်တဲ့ကျွန်တော်ရယ် စိတ်ရှည်သည်းခံလမ်းကြောင်း
မှန် ဆောင်ပုဒ်ကိုအလွတ်ကျက်ထားတဲ့ကိုကိုရယ်..... အသက်ကွာဟချက်ကြောင့်မကြာခဏပြသနာသေးသေးလေးတွေတတ်ခဲ့ပေမယ့် အဲ့ဒီအသေးအမွှားပြသနာတွေဟာ အခုနေ ဘာလို့လွမ်းစရာတွေချည်းဖြစ်နေရတာများလဲ .......

~ နင်ထွက်သွားပါတော့ကွာ .... ငါနဲ့ဝေးရာအရပ်မှာ
အလှဆုံးနေ့တွေမင်းဖန်တီးလိုက်ပါ .... တစ်ချိန်မှာ
နင်သိလိမ့်မယ်ဘဝဟာ ဆုတောင်းသမျှတွေမ
ဖြစ်တာ .... တစ်သက်လုံးပြုံးနိုင်ဖို့ နင်... ငိုလိုက်ပါ ~

ပြင်းပြင်းထန်ထန်ရှိုက်မိတော့ အသံတွေပါတုန်လာရတယ်။

ဝေးဖို့အပြင်ကျွန်တော်တို့ဘာများ တတ်နိုင်ပါသေးလဲ။ အရာရာဟာ ရေခိုးငွေ့ရိုက်နေတဲ့မှန်တစ်ချပ်လိုမှုန်ရီေ၀ဝါးဆဲ.... ။

~ ငါသတိရနေလည်း ..... ငါ ရူးမတတ်ကိုလွမ်းလည်း .....

ငါဖုန်းမဆက်မိသွားအောင် ငါထိန်းမယ် ~

~ ငါသွေးအေးသလိုမျိုးနဲ့အပေါ်ယံဟန်ဆောင်ပြုံးထားလည်း

ဘယ်သူမှမသိအောင်ကြိတ်ငိုနေတုန်းပဲ ~

စိတ်တွေကယောင်ခြောက်ခြားဆန်လာတဲ့တစ်နေ့မှာ သတိလက်လွတ်ဆက်မိမှာစိုးလို့

Power Off ထားရတဲ့ကျွန်တော့ဖုန်းလေးကို ကိုကိုများဆက်လိမ့်မလားလို့ တစ်နေ့ကိုတစ်ခါဖွင့်ကြည့်မိမှန်း ကျွန်တော်ဝန်ခံရင်ကိုကိုစိတ်ဆိုးမှာလား။

မညာချင်ဘူးကိုကိုရယ် ...အချိန်တန်ရင်တော့ ကျွန်တော်ငိုတာပါပဲ။
ကျွန်တော့တိမ်လေး ဟိုး ဝေးဝေးကိုပြေးတဲ့အခါ
ကျွန်တော့မှာလည်း မုန်တိုင်းတွေချည်းပါပဲ။ အဆင်ပြေမှာပါလို့တော့ တစ်နေ့နှစ်ခါ ကိုယ့်ကိုယ်ကိုညာပါတယ်။ ဒါမှလည်းကျွန်တော်အသက်ရှုနိုင်မှာလေ။

~ မင်းကြောင့်ငါ့မှာအမောပြေရတယ် ... မင်းကြောင့်
အချစ်ကိုတွေ့ရှိဖူးတယ်...  မင်းကြောင့်အထီးကျန်ခြင်း
တွေ ဘဝမှာလွန်မြောက်ဖူးတယ် ~~~ ငါ့ကြောင့်မင်းမှာအပြစ်တွေဖြစ်တယ် ... ငါ့ကြောင့်မင်းကိုလက်ညိုးတွေထိုးတယ် .... ငါ့ကြောင့်မင်းမှာ တစ်ရက်တောင်စိတ်ချမ်းသာစရာမရှိခဲ့ ~

ကိုကိုပေါ်ပေါက်လာခြင်းဟာကျွန်တော့ဘက်ကံတရားမှာအပေါင်းလက္ခဏာအကြိမ်ကြိမ်ဆောင်ခဲ့ပေမယ့်
ကိုကို့ရာသီခွင်မှာတော့ ကျွန်တော်ဟာ ထာဝရကျွန်းခံ နေခဲ့တယ်။ ကိုကို့ကို ကျွန်တော်

မြတ်နိုးခြင်းကြီးစွာချစ်ရခြင်းမှာ ချစ်သူတစ်ယောက်ဆိုတဲ့အရာထက်ပိုတာတွေရှိပါတယ်။ ကိုကိုဟာ လောကကြီးကိုမကောင်းမြင်တတ်ဘဲ ထင်ရာစိုင်းတတ်တဲ့ကောင်လေးကို လမ်းပေါ်ရောက်အောင်ဆွဲတင်ပေးခဲ့တယ်။ ဘဝမှာ နာကျင်မှုတွေပဲရှိပါတယ်လို့ ကိုယ့်ကံတရားကိုယ်ယိုးမယ်တွေဖွဲ့ အပြစ်တွေလွှဲချပြီး ကိုယ်မှားချင်တိုင်းမှားနေတာတောင် ကိုယ့်ကိုယ်ကိုသနားနေဆဲကျွန်တော့ကို နွေးထွေးမှုကဘယ်လိုအကြောင်းအရာမျိုးဆိုတာပြသပေးခဲ့တာ။

အစ်ကိုတစ်ယောက်လို ဆွေမျိုးသားချင်းလို အဖေတစ်ယောက်လို သူစိမ်းတစ်ယောက်က ကြင်နာပေးနိုင်တယ်ဆိုတာ ကျွန်တော်သိအောင်ပြသပေးခဲ့တာ။ ကျွန်တော့မှာရှိတဲ့ပိုက်ဆံတွေဟာ သူတပါးပျော်ရွှင်အောင် ပီတိနဲ့လဲလှယ်လို့ရကြောင်းသိအောင်လုပ်ပေးခဲ့တာ။

ဒီကောင့်ရင်ဘတ်ထဲက မကောင်းမြင်မှုအစိုင်အခဲတွေကို နှစ်သိမ့်ခြေဖျက်ပေးခဲ့တာ။

ကျွန်တော်ကိုကို့အနားမှာရှိနေချင်ရတဲ့အကြောင်းအရာတွေဟာ ချစ်သူရည်းစားပတ်သတ်မှုမျိုးထက်ကိုပိုခဲ့တယ်။ယုံကြည်အားကိုးခြင်း၊ ချစ်ခြင်းမေတ္တာ နွေးထွေးလုံခြင်းမှုတွေ စသဖြင့် ကျွန်တော့စိတ်အတွင်းပိုင်းတစ်နေရာထိနက်နက်ရှိုင်းရှိုင်းကိန်းအောင်းနေခဲ့တာ။

မိဘတွေအပေါ်အမှတ်အတေးကြီးခဲ့ပေမယ့် အခုနေအချိန်မှာ ဘာဆိုဘာကိုမှ အရမ်းကြီးအပြစ်မတင်မိအောင် ကိုကိုဆိုတဲ့အလင်းတန်းက ပြပေးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ကျ ကိုကို့အပေါ်ဘာတွေများ အင်အားဖြစ်စေခဲ့ပါသလဲ။ကျွန်တော့ကြောင့် ဂုဏ်သိက္ခာကြီးတဲ့ကိုကိုဟာ လူပုံအလယ်မှာ တရားခံလိုအစစ်ခံရတယ်။ အနေအေးဆေးလွန်းတဲ့ကိုကိုဟာ ကျွန်တော့ကြောင့်ပဲ ဝရမ်းပြေးဖမ်းသလိုချုပ်ခံရသေးတယ်။ အထက်စီးကနေပြောတာကိုလည်းခေါင်းငုံ့ခံရတယ်။ ကျွန်တော့ကြောင့် ကျွန်တော်ချစ်ရတဲ့ကိုကိုဟာ သူ့အိမ်ထောင်ဘက်ရဲ့စိတ်ထဲ ငါ့ကိုသစ္စာဖောက်ခဲ့တဲ့သူရယ်လို့တစ်သက်လုံး တွေးခံရတော့မှာ။

ကျွန်တော်ဘာကောင်းတာရှိလဲ ..... ကျွန်တော်ကိုကို့အပေါ်ဘာတွေများ ပေးဆပ်ခဲ့ဖူးလည်း.... ဒါနဲ့တောင်အသုံးမကျတဲ့ကျွန်တော်ဟာ နာကျင်ပြနေလိုက်တာ ..... ရွံစရာ ...... ။

အားးးးးးးးးးးးး !!!!!!!!!!

အကျယ်ကြီးအော်ပစ်လိုက်ပေမယ့် ရင်ထဲကနာကျင်မှုကပျောက်လို့မသွားပါ။ ထွက်သွားတာပဲကောင်းပါတယ်။ကျွန်တော်က ကိုကို့ကိုဘာမှကောင်းကျိုးမပေးတဲ့ကောင်မို့ အနည်းဆုံးတော့ ကိုကိုပျော်အောင်နေပါဗျာ .... ပျော်လိုက်စမ်းပါ ......။

ေ၀ဝါးလာတဲ့မျက်လုံးအိမ်ဟာ ပီယာနိုခလုတ်တွေကိုကောင်းကောင်းမမြင်ရတော့။

နာတယ်........ အဲ့ဒီရင်ဘတ်ထဲက ဆတ်ဆတ်ခါနေအောင်နာတယ် ...... အောင့်တတ်လာတဲ့ခံစားမှုဟာ လူတစ်ကိုယ်လုံးကိုကိုင်ရိုက်ထားသလို နည်းနည်းလေးတောင်မလှုပ်ရှားချင်တော့။ မွန်းကြပ်ပြည့်သိပ်မှုဟာမီးခိုးတွေလို့အငွေ့ပျံလွင့်ပြယ်သွားရင်ကောင်းမယ်။ အခု ကျွန်တော်နည်းနည်းလေးမှ မသက်သာပါလားကိုကိုရယ်။

~ တို့နှစ်ယောက်တကယ့်ကိုချစ်ခဲ့ဖူးတယ် .....

တို့နှစ်ယောက်အချစ်ကိုရူးသွပ်ဖူးတယ် .....

တို့နှစ်ယောက် .....

စိတ် ကူး ယဉ် ပြီး လေ ထဲ မှာ အိမ် ဆောက် ဖူး တယ်~

ကျွန်တော်တို့ .......
ဘယ်တော့မှ ပြန် မ တွေ့ ကြ တော့ ဘူး ... ကိုကို ...
ဘယ်တော့မှ.......။

စိတ်ကူးတွေဆိုတာလည်း
စက္ကူနဲ့ခေါက်တဲ့အိမ်တွေပါပဲ
အိမ်မက်ကနိုးလာတဲ့အခါ
လေထဲမှာဆောက်တဲ့အိမ်တွေလို .....
ကျွန်တော်တို့ဝေးသွားကြတဲ့အခါ
ပျော်ခဲ့ဖူးတယ်ဆိုတာလည်း
အတိတ် တစ်ခု သက်သက် သာ ...... ။ ။
နေအလင်းစက်

ဒီအပိုင်းထဲမှာပါတဲ့စိတ်ကူးစိတ်သန်းနဲ့ စကားလုံးအချို့ဟာ အိလေးစားရတဲ့၊ ချစ်ရတဲ့မောင်လေးတစ်ယောက်ရဲ့ အတွေးအခေါ်လေးတွေကို
ယူထားတာပါ။ အမှန်အတိုင်းဝန်ခံရရင် နေအလင်း
စက်ကိုကြံ့ခိုင်စေနိုင်တာဟာ သူ့ကြောင့်ပါပဲ။
အိမောင်လေးဟာ အိကိုပိုပြီးကြံံံခိုင်စေချင်ခဲ့တယ်။
ပြသနာတစ်ခုဖြစ်တဲ့အခါ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်း
စေချင်ခဲ့တယ် ( အခုထိမရင့်ကျက်သေးပေမယ့်ပေါ့)
အဲ့ဒီ အယူအဆလေးတွေဟာ နေအလင်းစက်ပေါ်
ကို တိုက်ရိုက်သက်ရောက်ခဲ့ပါတယ်။
သူနဲ့အိနဲ့ကြား ယူဆပုံတွေနဲ့အတွေးအမြင်တွေ
မတူညီပေမယ့်၊ ဒီစကားလုံးတွေဟာ သူယူဆထားတဲ့
လမ်းကြောင်းအတိုင်းသွားတာဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် အိကတော့ အိတွေးမြင်တဲ့ဘက်ကနေ ယူသုံးလိုက်ပါတယ်။ ကလေးရေမမအိထပ်လွဲတဲ့အခါ ခွင့်လွှတ်ပါကွယ်။ အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်။
" စိတ်ရင်းဖြစ်နေရင်ပဲရပြီ" လို့ကလေးအမြဲပြောခဲ့သလိုပါပဲ စိတ်ရင်းနဲ့ပဲချစ်တယ်နော် 😍

နောက်တစ်ခု .......
နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီ။ ဇာတ်သိမ်းပိုင်းပြီးတဲ့အခါ အိကိုစွန့်ခွာမယ့်သူတွေရော၊ ထိုးနှက်မယ့်သူတွေရော အနားမှာရှိနေပေမယ့်သူတွေကိုပါ အိကချစ်ပါတယ်။ တခါတခါ စိတ်မကောင်းဖြစ်တာကိုထုတ်ဖော်ပြပြသမိတဲ့အခါ စိတ်မဆိုးကြဖို့လည်းမေတ္တာရပ်ခံချင်ပါ
တယ်။ ဒါလေးပြီးသွားတဲ့အခါ နောက်အသစ်ရေးနိုင်ဖို့ဆိုတာ အိအတွက်အရမ်းခက်တာမို့ မေ့သွား
ရင်လည်းခံပါ့မယ်။ မမေ့သေးရင်လည်းပျော်ပါ့မယ်။ ဒါလေးကိုလည်း နိုဝင်ဘာလ (တစ်နှစ်ပြည့်အမှီ)
ထုတ်နိုင်ဖို့ကြိုးစားသွားမှာပါ။ သိတဲ့အတိုင်း ဒီ ဝတ္တုရဲ့ဒုတိယပိုင်ရှင် ဒေါ်ဝတ်ရည်က
သူအိမ်မပြန်ခင်ထုတ်ချင်လို့ပါတဲ့။ မဆုငယ်ရဲ့ နိုးနိုးလေးကိုမွေးထုတ်ပေးထားတဲ့ မမရွှေဖူးကပဲ ထုတ်ပေးမှာပါ။ အရေအတွက်ကတော့ သုံးရာလောက်ရောင်းရချင်တယ် ( 100 ကနေတက်သွားတာနော် မယ်လောဘလေးပဲ) ဘာလို့ဆို 300 လောက်မှ ခရင်မီအသားနဲ့ရမှာမို့လို့ရယ်။ ဝယ်ကြမှာလားဟင်???? အိလဲလှလှလေးလိုချင်တာ မသိဘူး ဝယ်ကြကွာ 🙄

ကဲကဲ ပြောချင်တာတွေလည်းပြီးပြီဆိုတော့ကာ .......
နောက်တစ်ပါတ်ထဲမှာဖြစ်ဖြစ် ဇာတ်သိမ်းနဲ့အတူပြန်
တွေ့ကြပါမယ်။

လျှော့မတွက်ပါနဲ့လို့ မမ မပြောခဲ့ဘူးလား
ဟမ် .....
ငိုရတဲ့အပိုင်းဆိုတာ သက်သက်ရှိပါတယ်လို့
မမ ဖွဘုတ်ပေါ်မှာပြောခဲ့တာကို
ခလေးတို့မသိရင်တော့ .......

ချစ်တဲ့အိ


Continue Reading

You'll Also Like

37.6K 1.1K 40
အချစ်ကို ကဗျာတွေ စာတွေဖွဲ့ရလောက်အောင် ကိုယ်မနုရွ တတ်ဘူး နူးညံ့တတ်မှ အချစ်အရာမြောက်မယ်ဆို ကိုယ်ကျရှုံးဖို့ သေချာနေပြီပဲ ဒါပေမယ့် မင်းကတော့ ကိုယ့်နှလ...
989K 35.6K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
1K 117 7
အချစ်ဆိုတာ ငါတို့ရဲ့ရရှိခြင်းလို့ ငါထင်တယ်၊ မေတ္တာကတော့ မင်းရောငါရောသိတာပဲ.. အပြစ်မယူခြင်း ခွင့်လွှတ်ခြင်း အဖန်တလဲလဲစောင့်ရှောက်ခြင်း ပေးကမ်းခြင်းတ...
182K 13.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...