"အ့"
အော်သံတခုနဲ့တပြိုင်နက်လဲကျသွားတဲ့ကိုကို့ ကို Han ငယ် ထိတ်လန့်စွာ သိမ်းဖက်ထားတဲ့ ကိုကို့လက်မောင်းတွေထဲမှရုန်းထွက် ထထိုင်ရင်းကြည့်တော့
"သွေးတွေ ကိုကို ရရဲ့လား ဒုက္ခပါပဲ"
နောက်စေ့မှ တစိမ့်စိမ့်ထွက်နေသော သွေးတွေကြောင့် Han ငယ့်ဒေါသတို့က အရှေ့မှကြောင်ရပ်နေသော သတ္တဝါဆီ
"မင်း မင်းဘာကောင်လဲ ဘာလို့လုပ်ရတာလဲ"
အင်္ကျီကော်လာကို ဆွဲကိုင်ရင်း မျက်နှာကိုသေချာကြည့်တော့ ဆိုင်ကယ်ပြိုင်မောင်းတဲ့တယောက်မဟုတ်မှန်းသတိထားမိတယ်
"မင်းဘယ်သူလဲ ကိုကိုနဲ့ ဘာရန်ညှိုးရှိလို့လဲ ဟင် ပြောလေ"
"စိတ်လျော့ပါ ကောင်လေးရ သူကငါ့သူငယ်ချင်းပါ John မင်းလူမှားရိုက်ပြီထင်တာ ခံသင့်တဲ့လူက သူ့ဘာသာဝင်ခံသားပဲ "
အခုမှဆိုင်ကယ်ရပ်ပြီးဆင်းလာတဲ့ တယောက်ဆီက စကားသံ
"မင်းတို့ကွာ တောက်!"
အရှေ့မှာ သူလက်လွန်သွားလား အတွေးတွေနဲ့ သွေးပျက်နေတဲ့တယောက်လက်ထဲက တုတ်ကိုဆွဲယူပြီး မျက်စိရှေ့မြင်သမျှအကုန်ပတ်ရိုက်မယ်ပြင်တော့
"ညီ~~ ကိုကို့ဆီလာ"
အားတင်းယူပြီးပြောနေတဲ့ ကိုကို့အသံကြားမှ သတိပြန်ကပ်ကာ စိတ်ကိုဖြေးဖြေးလျော့ချရင်း လက်ထဲကတုတ်ကို လွှတ်ချကာ ကိုကို့ကိုပြေးထူမိတယ်
"ဆေးခန်းသွားရအောင်နော် သွေးထွက်လွန်မှကိုကိုရာ"
"ဟားဟား မင်းတို့က ညီအကိုရောဟုတ်ရဲ့လား အကြည့်တွေ အပြောတွေက ချိုတယ်နော် အဟက်"
မကျေနပ်နိုင်သေးတဲ့ တယောက်ကို ကိုကိုကစူးကနဲနေအောင်စိုက်ကြည့်ရင်း
"ဒီလောက်နဲ့မင်းပြန်ရင် ငါမင်းကိုခွင့်လွှတ်ပေးမယ် Jack မင်းသွားလိုက်တော့"
"ဘယ်လို Oh Hun ကငါ့ကိုခွင့်လွှတ်မယ် ဟုတ်လား မင်းကိုငါကတောင်းပန်ပါတယ်လို့ပြောနေလို့လား"
Han ငယ့်ကိုတွဲရင်း မက်တပ်ထရပ်နေပြီဖြစ်တဲ့ ကိုကို က လျှင်မြန်စွာပင် အရှေ့ကတယောက်ကို ခပ်ပြင်းပြင်းတချက်ထိုးလိုက်ပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ချိန်
"ဟေ့ ကျောင်းသားတွေရပ်လိုက်စမ်း"
ကင်းလှည့်ရဲသားတွေရောက်လာပြီးနောက်မှာ Oh ညီအကိုနဲ့ ကျန်နှစ်ယောက်လဲ ရဲစခန်းသို့အခေါ်ခံရလေတယ်။
****
ဒဏ်ရာရထားတဲ့ကိုကို ခေါင်းမာမှုကြောင့် ဆေးရုံဆေးခန်းမသွားဘဲ ရဲစခန်းက ဆေးပတ်တီးပဲ စည်းပေးထားပြီးနောက် မှာ အိမ် ပြန်ရောက်ရောက်ချင်း ရဲစခန်းလိုက်ရှင်းရ၍ ဒေါသအကြီးအကျယ်ထွက်နေသော ဖေဖေ ရှေ့နှစ်ယောက်လုံးဒူးထောက်ရင်း အပြစ်ပေးခံရတယ်။
"တော်ပါတော့ အကိုရယ် ကလေးတွေ ဒူးထောက်နေရတာကြာလှပြီ"
ဘေးမှာထိုင်နေတဲ့ မေမေက ကြားဝင်ဖျောင်းဖျနေပေမယ့် Oh ညီအကိုက တုပ်တုပ်မလှုပ် စကားတခွန်းမှမဟ။
"နေပါစေ မှားသွားပါတယ် နောက်မဖြစ်စေရဘူးလို့ ကတိမပေးနိုင်သ၍ တညလုံးကုန်ရုံမကလို့ နောက်နေ့ပါကူးသွား နှစ်ယောက်လုံးဒူးဆက်ထောက်နေ"
Han ငယ်က ဖေဖေ့ကိုကြောက်လွန်း၍ စကားတောင်မပြောရဲတာဆိုပေမယ့် ကိုကိုကတော့ သူအမှားမဟုတ်ဆိုကာ တမင်ပေတေနေတာ ကိုကို့ မျက်နှာ ဖြူ ရော်ရော်ဖြစ်လာတာကို ဘေးကအနီးကပ်မြင်နေတဲ့ Han ငယ်မနေနိုင်တော့
"ဖေ ဖေ သား Han ငယ် မှားသွားပါတယ်နော် နောက်လဲမဖြစ်စေရပါဘူး
ဒါ ဒါကြောင့် ကိုကို့ကို နားခိုင်းလိုက်ပါတော့"
Han ငယ့်ဘက်က အသံထွက်လာတော့ တချိန်လုံးငြိမ်နေတဲ့ ကိုကို Han ငယ့်ကိုလှည့်ပြီး သက်ပြင်းတချက်ချကာ
"ညီအမှား တခုမှမပါဘူး ဖေဖေမကြိုက်ဘဲ ဆိုင်ကယ်စီးတာ သားအမှားပါ ဒါပေမယ့်"
"ဆိုင်ကယ်မစီးရဘူးလို့ သတ်မှတ်ထားတာတော့ ဖေဖေ မမှန်ဘူး"
"နောက်ပြီး ရန်ဖြစ်တယ်ဆိုတာကလဲ"
တခွန်းချင်းတခွန်းချင်း ပြောထွက်လာတဲ့ ကိုကို့စကားတွေကို
"Oh Hun! မင်းကိုငါ ဆင်ခြေပေးခိုင်းနေတာမဟုတ်ဘူး"
ဖေဖေ့အော်သံအဆုံး လက်သီးတင်းတင်းဆုပ်လိုက်တဲ့ကိုကို
"တော်ပါတော့ ဖေဖေရယ် ကိုကိုလဲတော်တော့ နေမကောင်းဘူးလေ"
နောက်ဆုံးစကားလေးကို လေသံတိုးလေးနဲ့ Han ငယ်ပြောမိတယ်
"Oh Han မင်းကရောဘာလုပ်နေလဲ ရုံးရောက် ဂတ်ရောက်ထိဖြစ်တာကောင်းလား လိုက်ထိန်းမယ်မရှိဘူး မင်းကပါလိုက်ပြီး--"
ဖေဖေ့ ဒေါသ Han ငယ်ဆီဦးတည်လာပြီမို့ ခေါင်းကိုငုံ့ချရင်းသာ မျက်ရည်ဝဲမိတယ် တခုခုဆို ဖေဖေဒေါသထွက်ရတာ ကိုကို့ကြောင့်ပေမယ့် နောက်ဆုံးအဆူခံရတာ Han ငယ်ပင်။ဟိုးငယ်ငယ်ထဲက ဖြစ်နေကျဆိုတော့မထူးဆန်းတော့
"မှားတာ Hun ပါ ဘာလို့ ညီ့ကိုဆူနေရတာလဲ ဖေဖေအရမ်းလွန်လာပြီ သားကိုပြောလေ သားကိုဆူလေ ဘာလို့ ဘာလို့ အမြဲ ညီ့ကိုပဲ အာ့ ကျွတ် ကျွတ်"
ခေါင်းကို ကိုင်ကာ မျက်လုံးတွေမှိတ်ရင်း ညီးညူ လိုက်တဲ့ ကိုကို့ကြောင့် အားလုံးဒေါသတွေမေ့ကာ ပျာပျာသလဲ ဖြစ်ရင်း
"Hun လေး သတိထားနော်"
"ကိုကို့ကို သားကျောပေါ်တင်ပေး အခုဆေးရုံပို့မှဖြစ်မယ် သူသွေးထွက်လွန်နေပြီထင်တယ်"
ဖေဖေဆူတာကြောင့် ဝဲနေတဲ့မျက်ရည်တွေက ကိုကို့ကြောင့်မှ မျက်ရည်ပေါက်ပေါက်ကျမိပြီ စိတ်ပူအောင်မလုပ်ပါနဲ့ ကိုကိုရယ် Han ငယ်ရူးသွားလိမ့်မယ်
ဆေးရုံကုတင်ပေါ် drip သွင်းပြီး အေးဆေးစွာ အိပ်မောကျနေသော ကိုကို့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပတ်တီးဖြူ ဖြူ စည်းထားရသော ဦးခေါင်းထက်ကို လက်နဲ့ဖွဖွပွတ်သပ်မိတယ်
"ဘာလို့ ငါ့အစား မင်းဝန်ခံလိုက်ရတာလဲ ကိုကို
လွှတ်ထားလိုက်ပါလား ငါဒဏ်ရာရရင်တောင် မင်းကိုအခုလိုကြည့်နေရတာလောက် နာကျင်ရမှာမဟုတ်ဘူး"
ရင်ဘတ်ထဲက ဆိုးဆိုးရွားရွားနာကျင်နေမှုကို သည်းမခံနိုင်စွာ Han ငယ်အသံထွက်ရေရွတ်မိလိုက်တယ်
မျက်လုံးတွေမှိတ်ထားပေမယ့် ကိုကို့နှုတ်ခမ်းပါးတို့ တွန့်ရုံလေးတွန့်ပြုံးသွားတာကိုတော့ ကိုယ့်စကားကို ထူးဆန်းစွာနဲ့ မဝံ့မရဲ အကြည့်လွှဲလိုက်တဲ့ Han ငယ်မမြင်လိုက်ပါပေ။
"ညီ ကိုကို ဆေးရုံဆင်းချင်ပြီ"
မနက်နိုးတာနဲ့ပူဆာတဲ့ ကိုကို့ကြောင့် Han ငယ်ဆေးရုံဆင်းရန် သွားပြင်ဆင်နေချိန် နံရံအကွယ်တခုမှာ စကားရပ်ပြောနေသော ဖေဖေ နဲ့ မေမေ
"အထဲမဝင်သေးဘဲ ဘာလုပ်နေတာပါလိမ့်"
အနီးနားကို တိုးသွားရင်း အလိုလိုနားစွင့်ထားမိတော့
"အထဲရောက်ရင် ကလေးတွေကို ထပ်မဆူနဲ့တော့နော်"
မေမေ့စကားဦးစွာကြားမိတော့ သဘောကျစွာ Han ငယ်ပြုံးမိတယ်
"ပြီးတော့ အမြဲအဲ့လိုခွဲခြားမဆက်ဆံပါနဲ့ တခုခုရိပ်မိသွားရင်ဘယ်လိုလုပ်မလဲ"
"ဟာ ငါကခွဲပြောတာမဟုတ်ဘူးလေ မင်းသားပြန်ပြောနေတာမကြားဘူးလား သူ့ကိုငါဒေါသထွက်ပြန်ရင်လဲ-"
တခုခုကို ကွယ်ဝှက်ထားပြီးပြောနေသလို ဖေဖေ့စကားတွေက ထူးဆန်းနေတယ်
ပြန်ပြောတာက ကိုကို။
ကိုကို့ကို ဒေါသထွက်ရင်ဘာဖြစ်လို့လဲ။
တဒိတ်ဒိတ်ခုန်လာတဲ့ရင်ခုန်သံတွေက လျှို့ဝှက်ချက်တခုကို စူးစမ်းချင်လာချင်သလို
"ကလေးတွေသိသွားလိမ့်မယ် Hun လေးသိသွားလို့မဖြစ်ဘူး သူကအရမ်းဥာဏ်ကောင်းတယ် Han ငယ့်လိုမဟုတ်ဘူး"
ကိုကို သိလို့မဖြစ်ဘူး ဘာဖြစ်လို့လဲ?
"ကိုယ်လဲမသိစေချင်ပါဘူးကွာ သူတို့ကို တသက်လုံးညီအကိုတွေလိုပဲရှိစေချင်တာ"
ဖေဖေ့စကားအဆုံးမှာ လွတ်ကျသွားတဲ့ Han ငယ့်လက်ထဲက ကိုကို့အတွက် ဆေးထုတ်တွေ။
တသက်လုံးညီအကိုတွေလိုပဲရှိစေချင်တယ်?
ဘာအဓိပ္ပာယ်လဲ?
အခုလဲ ကိုကိုနဲ့ Han ငယ်နဲ့က ညီအကိုတွေပဲမဟုတ်ဘူးလား?
ဖေဖေတို့ဘာတွေပြောနေတာလဲ?
ရှုပ်ထွေးလာတဲ့ စိတ်တွေကြောင့် ခြေစုံရပ်နေရာကနေ လေကောင်းလေသန့်ရနိုင်မယ့် ဆေးရုံအပြင်ဘက်ဆီပြေးထွက်ခဲ့တယ်။
ဒါဆိုဘာလဲ ကိုကိုက Han ငယ့်အကိုအရင်းမဟုတ်ဘူးလား
ဒါဆိုဘယ်သူက?
"ဟာ ဘာတွေလဲ!"
အဖြေမရှာနိုင်တဲ့ပြသနာကို ပေါက်ကွဲမိစွာ ခြေထောက်ရှေ့မှာရှိနေတဲ့ အအေးဘူးခွံကို ဒေါသနဲ့လွှတ်ကန်မိတယ်။
ဘောင်းဘီအိပ်ကပ်ထဲက တုန်ခါလာတဲ့ ဖုန်း screen ဆီကြည့်မိတော့ Contact name လေးက 'ကိုကို'
ငါတော့တကယ်ရူးတော့မယ်ထင်တယ် ကိုကိုရယ်။
(Update လဲကြာတယ် အရေးအသားလဲချာတယ် တကယ်အားနာပါတယ် 😥😥 အခုတောင်ရုံးမှာခိုး type ရတာ)