Let Me Hug And Sleep!

Da Candy_bee820

403K 36K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... Altro

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)

10.8K 1.2K 77
Da Candy_bee820

"မမႀကီး(Tao Jie)... ဒီေန႔ ေတာ္ေတာ္ေနာက္က်ေနတာေတာင္ Xiaoအိမ္ေတာ္ထိန္းက ကၽြန္မတို႔ကို ဘာလို႔အနားမေပးေသးတာလဲမသိဘူး။?" Chu Zhu Yuအပ်င္းဆန္႔လိုက္ကာ သူမႏွင့္အတူ မီးဖိုကို ၾကည့္ေနေသာ မမႀကီးအားေမးလိုက္သည္။

"ဒီေန႔ စစ္သူႀကီးက အိမ္ျပန္လာမွာေလ။ အိမ္ေတာ္ထိန္းနဲ႔ တျခားသူေတြက စစ္သူႀကီးကို ႀကိဳဆိိုဖို႔ အလုပ္မ်ားေနၾကတာ။ " မမႀကီးက မီးဖိုအားမီးမေသသြားေအာင္ ေစာင့္ၾကည့္ေနရင္းေျဖလိုက္သည္။ သူတို႔ႏွစ္ေယာက္မွာ ငွွက္သိုက္ေပါင္း(Yan Wo)ခ်က္ေနၾကျခင္းျဖစ္သည္။ ငွက္သိုက္ေပါင္းခ်က္ရာတြင္ မီးေသမသြားေစဘဲ မီးမွ်င္းမွ်င္းျဖင့္ အဆက္မျပတ္ခ်က္ေနမွသာ အရသာေကာင္းရနိုင္ေပမည္။

Chinese Edible Bird Nest. (The swallow nest soup) [Yan Wo]

အျခားအရာမ်ားထက္ (Yan Wo)ငွက္သိုက္ေပါင္းက အရသာပိုေကာင္းသည္။ ထို႔အျပင္ အျခားေသာ စားဖိုေဆာင္ဝန္ထမ္းမ်ားမွာလည္း စစ္သူႀကီးေရာက္လာမည့္အခ်ိန္တြင္ အားလံုးအဆင္သင့္ျဖစ္ေစရန္ ျပင္ဆင္ရင္းအလုပ္မ်ားေနၾကသည္။

ဤေနရာတြင္ Chu Zhu Yu၏အလုပ္မွာ မီးဖိုအားမီးမေသသြားေစရန္ ေစာင့္ၾကည့္ေနရံုမွ်သာျဖစ္သည္။

ရုတ္တရက္ အိမ္ေရွ႕ျခံဝန္းတြင္း ရုတ္ရုတ္သဲသဲအသံမ်ား ထြက္ေပၚလာသည္။ မမႀကီးေခါင္းေထာင္ၾကည့္လိုက္ေသာအခါ အေစခံတစ္ဦးက အေလတႀကီးေျပးလာသည္ကို ေတြ႕လိုက္ရသည္။

"ဘာျဖစ္တာလဲ?" မမႀကီးက ထိုအေစခံကို လွမး္ဆြဲကာ ေမးလိုက္သည္။

"စစ္သူႀကီးက ျပန္ေရာက္လာျပီး ခ်က္ခ်င္းေပ်ာက္သြားလို႔။ ."

"ေရာက္လာၿပီး ေပ်ာက္သြားတယ္။?" သူမ သိခ်င္လာသည္။.

အေစခံေလးက အသက္ဝဝရႈလိုက္ျပီးေနာက္ ရွင္းျပလိုက္သည္။ : "Xiao အိမ္ေတာ္ထိန္္းက အိမ္ေတာ္ေရွ႕က ျမင္းေစာင္းထဲမွာ ရွိေနတုန္း ျမင္းေစာင္းေရွ႕ကိုေရာက္လာတဲ့  စစ္သူႀကီးရဲ႕အသံကို ၾကားလိုက္ရတယ္။ ဒါေပမဲ့ သူျမင္းေစာင္းရဲ႕ ျပတင္းေပါက္ကိုဖြင့္ၾကည့္လိုက္ေတာ့ စစ္သူႀကီးကို မေတြ႔ေတာ့တဲ့အျပင္ စစ္သူႀကီးဘယ္ေရာက္သြားလဲကိုလည္း မသိလိုက္ရဘူး။  အဲ့ဒါေၾကာင့္ သူက စိတ္ပုူလို႔ အေစခံေတြအားလံုးကို စစ္သူႀကီးကို လိုက္ရွာခိုင္းေနတာ။"

ထိုအေၾကာင္းကိုၾကားျပီးေနာက္ မမႀကီးက ခဏမွ်စဥ္းစားလိုက္ျပီး ထမင္းခ်က္အခိ်ဳ႕အား စစ္သူႀကီးကို လိုက္ရွာေစလိုက္ရာ Chu Zhu Yuတစ္ေယာက္သာ မီးဖိုေစာင့္ရန္က်န္ေနခဲ့သည္။

လူအကုန္လံုးထြက္သြားျပီးေနာက္ စားဖိုေဆာင္မွာ တိတ္ဆိတ္သြားေလေတာ့သည္။ Chu Zhu Yu မ်က္လံုးထဲတြင္ေတာ့ အမ်ိဳးအစားစံုလင္ေသာ အစားအေသာက္မ်ားကိုသာ ျမင္ေနေလေတာ့သည္။ သူမသက္ျပင္းတစ္ခ်က္သာခ်နိုင္ေတာ့သည္။ လူခ်င္းတူတာေတာင္ ကံခ်င္းမတူပါ့လားးးး။

သို႕ေသာ္လည္း စစ္သူႀကီးဘယ္ေရာက္သြားသလဲကိုေတာ့ သူမတကယ္သိခ်င္သည္။ သူျမင္းေစာင္းတြင္ရွိေနတုန္္း ျပန္ေပးဆြဲခံလိုက္ရသည္လား.။ မျဖစ္နိုင္ေပ။ သူမၾကားဖူးသေလာက္ေတာ့ စစ္သူႀကီးXiaoသည္ ျမင့္မားေသာ သိုင္းပညာကို ပိုင္ဆိုင္သူျဖစ္သည္။ သိုင္းေလာကထဲတြင္ေတာင္ သူႏွင့္ျပိဳင္ဖက္မရွိနိုင္ဟု သူမၾကားဖူသည္။

 သူမအေတြးမ်ားေနတုန္းမွာပင္ ႀကီးမားေသာလက္တစ္စံုက သူမအားရုတ္တရက္သိုင္းဖက္လာသည္။ စကၠန္႔ပိုင္းအတြင္းမွာပင္ သူမက်ယ္ျပန္႔ေသာ ရင္ခြင္ထဲသို႔ က်ေရာက္သြားသည္။ သူမႏွင္႔ ရင္းနွီးျပီးျဖစ္ေသာ ရနံ႔တစ္ခုက သူမလည္ပင္းအားရိုက္ခတ္္လာသည္။

"Jue Qing," သူမေအာ္လိုက္မိသည္။ သူမ မျမင္ရသည့္တိုင္ေအာင္ သူမထိုလူ၏ အျပဳအမူအားလံုးကို မွတ္မိေနသည္။

"ng." သူတိုးညင္းစြာ အသံျပဳလိုက္သည္.။ သူ႔ဦးေခါင္းကို သူမပုခံုးေပၚတြင္အပ္ထားသည္။ သူမကို သူအရမ္းလြမ္းေနခဲ့ျပီး သူမအေၾကာင္းကို မစဥ္းစားဘဲသူလံုးဝမေနနိုင္ခဲ့ေပ.။ သူမကို ျမင္လိုက္ရသည္နွင့္ သူဘာကိုမွမစဥ္းစားနိုင္ေတာ့ဘဲ သူမကိုဖက္ထားမိသည္.။ သူမကိုဖက္ထားလိုက္သည့္ တစ္ခဏတြင္ သူမ၏ကုိယ္သင္းရနံ႔ေလးကို ခံစားမိလိုက္သည္ႏွင့္ သူတစ္ကိုယ္လံုး ျင္ိမ္းခ်မ္းသြြားရသည္။

"ဒီရက္ပိုင္းေတြမွာ ရွင္ စစ္သူႀကီးနဲ႔ အတူ နန္းတြင္းကို လိုက္သြားတာလား။?" သူမ သူ႔အားေမးလိုက္သည္။ စစ္သူႀကီးနန္းတြင္းဝင္သြားသည့္ရက္မ်ားတြင္ သူ႔ကို သူမအခန္းထဲတြင္ မျမင္ရေသးေပ။

"အရမ္းပင္ပန္းတာပဲ။" သူခပ္တိုးတုိးေျပာလိုက္ရင္း သူမကို တင္းတင္းဖက္လိုက္သည္။

သူမ သူမအားဖက္ထားသည္ကို အသာရုန္းလိုက္ေသာ္လည္း သူကလႊတ္မေပးေပ။ ထို႔ေၾကာင့္သုူ႔ကိုေျပာလိုက္သည္။ : "ကၽြန္မကို အရင္လႊတ္ပါဦး။ ကၽြန္မရွင့္ကို ေကာင္းေကာင္းၾကည့္ပါရေစ။ "

ေနာက္ဆံုးတြင္ေတာ့ ႀကီးမားေသာ လက္တစ္စံုက သူမကိုလႊတ္ေပးလိုက္ၿပီး က်ယ္ျပန္႔ေသာ ရင္ခြင္မွ သူမကို ထုတ္ေပးလိုက္သည္။ သူမ ထိုလူအားျမင္နုုိင္ရန္ ေခါင္းကိုေမာ့လိုက္သည္။ လွပျပီး က်က္သေရရွိေသာမ်က္ႏွာက အလြန္ပင္ပန္းနြမ္းနယ္ေနပံုေပၚေနသည္။ သူ႔မ်က္လံုးေထာင့္တြင္ ညိဳမည္းေနျပီး မ်က္တြင္းမ်ားပါ ခ်ိဳင့္ဝင္ေနသည္။

သူမလက္ကို ေျမွာက္လိုက္ျပီး သူ႔နဖူးအား အသာအယာကိုင္လိုက္သည္။  "ဒီရက္ေတြမွာ ရွင္အိပ္မေပ်ာ္ဘူးလား။?"

"ငါအိပ္ေပ်ာ္ဖို႔ အရမ္းခက္ခဲတယ္။ ငါေရာက္တာနဲ႔ မင္းကို ေျပးလာရွာတာ။" သူ သူမအခနး္သို႔ သြားခဲ့ေသာ္လည္း သူမအားမေတြ႔ရသည္ႏွင့္ သူ႔ကိုယ္သူပင္မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ သူမအခန္းတစ္ခုလံုးကိုပင္ ေျမလွန္ပစ္ခ်င္သြားခဲ့သည္။

"အဲ့ေတာ့.. ရွင္ကၽြန္မကို ဘယ္လိုလုပ္ရွာေတြ႔တာလဲ။?" သူမသိခ်င္သည္ကို မေအာင့္နိုင္ေတာ့ဘဲ ေမးလိုက္သည္။

"မင္းရဲ႕ အနံ႔။ "

"အနံ႔...?"

"မင္းရဲ႕ အနံ႕ေနာက္ကိုလိုက္လာရင္း မင္းကို ရွာေတြ႕တာပဲ။" ကံေကာင္းစြာပင္ သူမက အိမ္ေတာ္တြင္းတြင္သာ ရွိေနခဲ့သည္။ မဟုတ္လွ်င္ သူ႔တြင္ မည္မွ်ေကာင္းေသာ အနံ႕ခံအာရံုရွိေနပါေစ သူမအားရွာေတြ႕နိုင္မည္ မဟုတ္ေပ။  ထိုအေၾကာင္းကို ေတြးလိုက္မိသည္ႏွင့္ သူမအား ေနာက္တစ္ႀကိမ္ထပ္ေျပာလိုက္သည္။  : "Zhu Yu ငါ့ကို ဘယ္ေတာ့မွ ထားမသြားပါဘူးလုိ႔ ေနာက္တစ္ခါထပ္ေျပာစမ္းပါ။"

Chu Zhu Yu သက္ျပင္ခ်လုိက္မိသည္။ သူမထိုစကားမ်ားကို သူ႔ထံတြင္ အၾကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ၿပီးျဖစ္သည္။

"ေကာင္းျပီ.။ ကၽြန္မရွင့္ကို ဘယ္ေတာ့မွ ထားမသြားပါဘူး။" ထိုအရာက သက္ေတာ့သက္သာမျဖစ္ေသာ္လည္း သူ႔မ်က္လံုးမ်ားကို ၾကည့္လိုက္မိတိုင္း သူမ အျဖစ္မွန္အား ထုတ္မေျပာရက္ေတာ့ေပ။ သူမေခါင္းကို ငံု႔လိုက္ကာ သူ႔မ်က္လံုးမ်ားကို ေရွာင္လႊဲရန္ႀကိဳးပမ္းလိုက္ျပီး စကားလမ္းေၾကာင္းလႊဲလိုက္သည္။ : "ရွင္က စစ္သူႀကီးေဘးမွာ အျမဲေနရတာလား။?"

"ဘာလို႔လဲ။?"

"ဒီအတိုင္း သိခ်င္လို႔ပါ။ စစ္သူႀကီးက တကယ္ပဲ သူမ်ားေတြေျပာသလို အရမ္းေခ်ာတဲ့လူတစ္ေယာက္လား။"

"မင္းက သူ႔ကို ေတြ႕ခ်င္လို႔လား။ ?"

Chu Zhu Yu သူမႏွာေခါင္းကို ပြတ္လိုက္ရင္း "သိခ်င္တာေပါ့။ ကၽြန္မ စစ္သူႀကီးအိမ္ေတာ္မွာ အေစခံလုပ္ေနတာ နွစ္လေလာက္ရွိျပီ။ ကၽြန္မၾကားဖူးတာက စစ္သူႀကီးက လက္ဖက္ရည္ေသာက္ရတာကို သေဘာက်လို႔ ဘုရင္မင္းျမတ္က ေရႊေလးစတန္တဲ့ Jun Shan Yin Zhen လက္ဖက္ေျခာက္ကို ခ်ိီးျမွင့္ထားတယ္တဲ့။ " ၄င္းမွာ ေစ်းကြက္တြင္းရွိ Jun Shan Yin Zhen အမ်ိဳးအစားမ်ားႏွင့္ ယွဥ္လိုုက္လွ်င္ အေကာင္းဆံုးျဖစ္သည္။

Chu Zhu Yuမနာလိုျဖစ္လာသည္။ ထိုလက္ဖက္ေျခာက္မ်ိဳးဆိုလွ်င္ ထိပ္တန္းအဆင့္ျဖစ္ေသာေၾကာင့္ သူမတစ္သက္လံုးႀကိဳးစားလွ်င္ေတာင္ ထိုလက္ဖက္ေျခာက္ကို ျမည္းစမ္းခြင့္ရပါ့မလား။

"မင္း ေသာက္ၾကည့္ခ်င္လို႔လား.။?" Xiao Zhiက Chu Zhu Yu.အားစိုက္ၾကည့္ရင္းေမးလိုက္သည္။

"အင္းေပါ့။ ဒါေပမဲ့ ကၽြန္မက စိတ္ဝင္စားရံုေလးတင္ပါ။" သူမတံေတြးၿမိဳခ်လိုက္သည္။  "အဲ့လိုထိပ္တန္းလက္ဖက္ရည္မ်ိဳးက လူတိုင္းေသာက္လို႔မရဘူး..။ အက်ိဳးဆက္အေနနဲ႔ ေခါင္းေတာင္အျဖတ္ခံရနိုင္တယ္။"

"မင္းေခါင္းကို ဘယ္သူမွ မျဖတ္ပါဘူး။" သူက သူမကို အတည္ေပါက္ေျပာလာသည္။

သူမ သူစကားေျပာသည္ကို နားစိုက္ေထာင္မေနေသာ္လညး္ သူဘာေျပာေနသည္ကိုေတာ့သိပါသည္။ ထိုအခ်ိန္တြင္ သူ႕အစာအိမ္မွ အသံတစ္ခုထြက္လာသည္ကို ရုတ္တရက္ၾကားလိုက္ရသည္။ "ku ku"  "ရွင္ဗိုက္ဆာေနတာလား။?" သူမေမးလိုက္သည္။

"ေန႔လည္ကတညး္က ငါဘာမွ မစားရေသးဘူူး။" Xiao Zhi ေခါင္းညိတ္ရင္းေျပာလိုက္သည္။ အကယ္၍ သူ႔ဗိုက္ကသာ အသံထြက္မလာခဲ့လွ်င္ သူတစ္ခုခုစားဖို႔ကိုပင္ ေမ့ေလ်ာ႔ေနေလာက္သည္။ သူအိမ္ေတာ္ေရာက္ေရာက္ခ်င္း သူမထံသြားဖို႔သာ စိတ္ေစာေနခဲ့သည္။

"ရွင္ဘာလို႔ ေစာေစာကမေျပာတာလဲ။! ဒီလိုမ်ိဳး ခဏခဏအဆာခံရင္ ရွင့္ခႏၶာကိုယ္က ၾကာၾကာခံနိုင္မွာ မဟုတ္ဘူး။ " သူမ Xiao Zhiကို ၾကည့္ရင္းေျပာလိုက္သည္။ ထို႔ေနာက္ အျခား ထမင္းခ်က္မ်ား စားဖိုေဆာင္တြင္း ဝင္လာျခင္းရွိမရွိကို အကဲခတ္လိုက္သည္။

တစ္ခဏမွ် တံု႔ဆိုင္းေနၿပီးေနာက္ သူမ မုန္႔တစ္ခုကို ယူၿပီး သူ႔ထံေပးလိုက္သည္.။  "ေရာ႕ ..ဒါစားထား။" သူမ မုန္႔တစ္ခုေလ်ာ့ေနျခင္းအား မည္သူူမွ မရိပ္မိပါေစနွင့္ဟု ဆုေတာင္းလိုက္သည္။

Xiao Zhi လက္ျဖင့္မယူဘဲ ပါးစပ္သာဟေပးလိုက္သည္။ ဆိုလိုသည္က သူ႔ကို "ခြံ႕ေကၽြးပါ.."ေပါ့။

သူမ သက္ျပင္းတစ္ခ်က္သာ ခပ္ေလးေလးခ်လိုက္ကာ ထိုလူအား မုန္႔ခြံ႕ေကၽြးရန္စာ ျပဳလုပ္လိုက္ရသည္။

Xiao Zhi မုန္႔ကုို သူေဖ်ာ႔ေတာ့ေသာ ႏႈတ္ခမ္းမ်ားျဖင့္ ကိုက္ယူလိုက္ေသာအခါ သူ႔ႏႈတ္ခမ္းမ်ားတြင္ မုန္႔မွ အေရာင္တခ်ိဳ႕စြဲက်န္သြားသည္။ ထိုျမင္ကြင္းက ေျပာမျပနိုင္ေလာက္ေအာင္ပင္ ဆြဲေဆာင္မႈရွိေနသည္။

Chu Zhu Yu ေရငတ္သလိုျဖစ္လာျပီး ေလထုက ပိုပူလာသလိုပင္။

မုန္႔တစ္ခုကုန္သြားသည္ႏွင့္  Xiao Zhiက မုန္႔ေနာက္တစ္ခုကိုယူကာ Chu Zhu Yuလက္ထဲကို ထည့္ေပးလိုက္သည္။ "ခြံ႔ေကၽြး။..."

ဘုရားေရ.. ဒီလူက လံုးဝကို အေၾကာက္အလန္႔မရွိတာပဲ။ သူက တိတ္တိတ္ေလးစားရမွာကို ေပၚေပၚတင္တင္ကိုစားေနတာ။ သူ႔အိမ္သူ႔ယာလိုပဲ။....!

စဥ္းစားရင္း စဥ္းစားရင္းနွင့္ပင္ သူမ သူ႔အား ဒုတိယေျမာက္မုန္႔ကို ခြံ႕ေကၽြးေနမိသည္။  "ဒါေနာက္ဆံုးပဲေနာ္။ ရွင္ေနာက္ထပ္ ဒီက မုန္႔ေတြကို ထပ္ယူစားလို႔မရဘူး။"

ထိုသို႔ေျပာထားေသာ္လည္း.. တခဏၾကာၿပီးေနာက္ စားဖိုေဆာင္သို႔လာေနေသာ မိန္းမတစ္ေယာက္အသံကို ၾကားလိုက္ရသည္.။ —-

"နင္ Su Juan (roll up short bread)ကို ဘယ္လိုလုပ္တာလဲ။?"

".............."

"ေဟ့..ေဟ့..ဒီငွက္သိုက္ေပါင္းကို ခ်က္ဖို႔ အခ်ိန္ေတာ္ေတာ္ယူရတာ.။ ရွင္ ဒီလို မဆင္မျခင္ယူစားလို႔မရဘူး။!"

".............."

"ဘုရား..ဘုရား..စစ္သူႀကီးသိသြားရင္ ကၽြန္မေခါင္း အျဖတ္ခံရမွာ။"

"သူက မင္းေခါင္းကို မျဖတ္ပါဘူး။"

"ရွင္က မျဖတ္ဘူးဆိုတာနဲ႔ သူက မျဖတ္္ေတာ့ဘူးေပါ့။?" Chu Zhu Yu ေဒါသထြက္ထြက္ျဖင့္ Xiao Zhiအား ၾကည့္လိုက္ရင္း သူမကိုယ္သူမေျပာလိုက္သည္။ သူ႕ကုိသနားလို႔မရဘူး။ စိတ္ေပ်ာ့သြားလို႔ လံုးဝကို မျဖစ္ဘူး။ သူမသာ သူ႕ကို ဤကဲ့သို႔ ဆက္တိုက္စားခြင့္ျပဳေနလွ်င္ မနက္ျဖန္ေရာက္သည္ႏွင့္ သူမေခါင္းတျခား ကိုယ္တျခားျဖစ္ေနလိမ့္မည္။

"ရွင္ သြားသင့္ျပီ။ ခဏေနရင္ မမႀကီးနဲ႔ တျခားသူေတြျပန္လာေတာ့မွာ။ ကၽြန္မျပသနာတက္လိမ့္မယ္။" အေရးအႀကီးဆံုးက သူမသည္ သူ႕ကို စားေသာက္ခြင့္ျပဳခဲ့သူျဖစ္သည္။ သူတိတ္တိတ္ေလးယူထားေသာ စားစရာမ်ားကို အစားထိုး၍မရနိုင္ရာ သူမဖံုးကြယ္ရန္ တတ္နိုင္သေလာက္ ႀကိဳးစားရဦးမည္။

"လိမၼာစမ္းပါ.. ျမန္ျမန္ထြက္သြားျပီး ကၽြန္မအခန္းက ေစာင့္ခ်င္ေစာင့္ေန။ ကၽြန္မခဏေနလာခဲ့မယ္။" သူမေျပာရင္းနွင့္ သူကို စားဖိိုေဆာင္တြင္းမွ တြန္းထုတ္ေနသည္။

သူကေတာ့ လႈပ္ေတာင္မလႈပ္ေပ။ သူမလူပ္ခ်င္ဘူးဟူသည့္ သေဘာပင္ျဖစ္သည္။

စားဖိုေဆာင္အျပင္မွ ေျခသံအခ်ိဳ႕အား ၾကားလိုက္ရသည္။  Chu Zhu Yu စိတ္ပူသြားသည္။ ဘုရားသခင္.. မမၾကီးနဲ႔ တျခားသူေတြျပန္လာတာမျဖစ္ပါေစနဲ႔။

Chu Zhu Yu စိုးရိမ္စြာပင္ေျပာလိုက္သည္။: " ရွင္္ အခု ဒီစားဖိုေဆာင္ထဲမွာ ေနရာတစ္ေနရာရွာျပီး ပုန္းေန။ အခြင့္အေရးရတာနဲ႔ ေျပးေတာ့။ ရွင့္သိုင္းပညာက အဆင့္ျမင့္တာပဲ။ ရွင္ဒီေလာက္ေတာ့ လုပ္နိုင္တယ္မဟုတ္လား။?"

"မင္း ငါ့ကို စိုးရိမ္ေနတာလား။?" သူ႔ မ်က္လံုးမ်ားက ေတာက္ပလာသည္။

"ရွင္က မုန္႔ေတြအမ်ားႀကီးစားထားတာေလ။ ကၽြန္မက ရွင့္အတြက္ ဖံုးထားေပးမလို႔။ ဒါေပမဲ့ အခုကေတာ့ မမွီေတာ့ဘူး။ ဒါေပမဲ့ မမႀကီးက ကၽြန္မအေပၚေကာင္းပါတယ္။ ေနာက္မွ ကၽြန္မသူ႔ကို ေတာင္းပန္လိုက္လို႔ရတယ္။ ဘယ္လိုျဖစ္ျဖစ္ သူတို႔ ရွင့္ကိုဖမ္းမမိေစရဘူး။" သူမေျပာလိုက္ျပီး စားဖိုေဆာင္အျပင္ကိုထြက္ကာ တံခါးမႀကီးကို တမင္ဖြင့္ထားလိုက္သည္။

"aiya, Zhu Yu နင္ ဘာလို႔အျပင္ေရာက္ေနတာလဲ။?" သူမထင္ထားသလိုပင္ မမႀကီးနွင့္ အျခားသူမ်ားက တံခါးေရွ႕သို႔ ေရာက္လာၾကသည္။ Chu Zhu Yu အလုပ္ရႈပ္ေနသည္ကို ၾကည္႔ရင္း : "နင့္ကို ငါမီးဖိုကို ၾကည့္ထားဖို႔ မေျပာခဲ့ဘူးလား။ နင္ကအျပင္ထြက္ေနေတာ့ မီးေသသြားရင္ ဘယ္လိုလုပ္မလဲ။"

"မမႀကီး အထဲမွာေလ...." Chu Zhu Yu သင့္ေတာ္မည့္အေၾကာင္းျပခ်က္တစ္ခုအား အသည္းအသန္စဥ္းစားလိုက္ျပီး  "အခု စားဖိုေဆာင္ထဲမွာ ႀကြက္ေတြ အမ်ားႀကီးပဲ.။"

"ဘာ...ၾကြက္...?" မမၾကီးနွင့္ အျခားသူမ်ား အလန္႔တၾကားျဖစ္သြားျပီး အထဲသို အလ်င္အျမန္ဝင္ၾကည့္ရန္ျပင္ေနၾကသည္။

Chu Zhu Yu ခဏရပ္လိုက္ျပီး Xiao Zhiအတြက္ အခ်ိန္အနည္းငယ္ပိုရေစမည့္ နည္းလမး္ကို စဥ္းစားလိုက္သည္။ "အထဲမွာက အရမ္းရႈပ္ပြေနတာ။ ကၽြန္မစိုးရိမ္တာက အထဲမွာ ႀကြက္ေတြရွိေနတုန္းဆိုရင္ လူအမ်ားၾကီးဝင္သြားမွ ၾကြက္က ေၾကာက္ျပီး ေလွ်ာက္ေျပးေနရင္ဘယ္လိုလုပ္မလဲ။ ကၽြန္မတို႔ ခဏေနမွ ဝင္ၾကရေအာင္။"

"Zhu Yu ငါ့ေရွ႕က ျမန္ျမန္ဖယ္စမ္း။ !" မမႀကီးက ေျပာလိုက္ရင္း Chu Zhu Yu အား ေဘးသို႕တြန္းပု႔လိုက္သည္။

"ဟုတ္တယ္! တကယ္လို႔ ၾကြက္ေတြရွိေနေသးရင္ ငါတို႔ ျမန္ျမန္ဝင္သြားရမယ္။ !"

"အထဲက စားစရာေတြက စစ္သူႀကီးအတြက္ ျပင္ဆင္ထားတာ။ အခုဘယ္လို လုပ္ၾကမလဲ။!"

ထမင္းခ်က္အခ်ိဳ႕ စိုးရိမ္တႀကီးျဖစ္သြားၾကျပီး မမၾကီးေနာက္မွ လိုက္ကာ စားဖိုေဆာင္ထဲ ဝင္သြားၾကသည္။

သို႔ေသာ္ စားဖိုေဆာင္တြင္းမွ ထြက္သြားသင့္သည့္ လူသားက စားဖိုေဆာင္တြင္းမွာပင္ ရွိေနေသးသည္။ ထို႔အျပင္ လူအားလံုးေရွ႕မွာပင္ အေၾကာက္အလန္႔မရွိ ေအးေအးေဆးေဆးရက္ေနျပီး သူလက္ထဲတြင္ ငွက္သိုက္ေပါင္းပန္းကန္ကိုကိုင္ထားသည္။

Chu Zhu Yu ငိုခ်င္လာသည္။ သူမအားလံုးကို လိမ္ရန္ႀကိဳးစားထားသမွ် အခုေတာ့ အလကားျဖစ္သြားျပီ။

Xiao Zhiက တည့္တည့္မတ္မတ္ပင္ Chu Zhu Yuေရွ႕သို႔ ေလွ်ာက္လာၿပီး ငွက္သိုက္ပန္းကန္ကို သူမလက္ထဲသို႔ထည့္ေပးလိုက္သည္။  "ခြံ႕ေကၽြး။.."

ဒီအခ်ိန္က ငွက္သိုက္ေပါင္းခြံ႕ေကၽြးရမယ့္အခ်ိန္လား။..? သူမတစ္ကိုယ္လံုး အားမရွိေတာ့သလိုပင္။ သူမ မမႀကီးကို ႀကိဳးစားရယ္ျပလိုက္ျပီး : "မမႀကီး .. သူ.. သူက ဗိုက္ဆာေနလို႔ မုန္႔နည္းနညး္စားလိုက္တာပါ.. ဒါက....."

ေနပါဦး.. မမႀကီးမ်က္ႏွာက ဘာျဖစ္ေနတာလဲ။ ? Chu Zhu Yu ေတြးလိုက္မိသည္။ မမႀကီးတစ္ေယာက္တညး္မဟုတ္ ထမင္းခ်က္အားလံုးႏွင့္ ေဘးကလုူမ်ား.. သူတို႔ပံုစံမ်ားက ထူးဆန္းေနသည္။ သူတို႔မ်က္ႏွာက တစ္စံုတစ္ခုကို ေၾကာက္ရြံ႕ေနပံုပင္။

သူမစဥ္းစားေနတုန္းမွာပင္.. မမႀကီးႏွင့္ အျခားသူမ်ားက : "စစ္... စစ္သူႀကီးက စားဖိုေဆာင္ကို ဘာအေၾကာင္းေၾကာင့္မ်ား...?"

"ဘာ..? စစ္သူႀကီး?

Chu Zhu Yuေခါင္းကိုက္လာသလို ခံစားလိုက္ရျပီး သတိလစ္ေတာ့မလိုပင္ျဖစ္သြားသည္။

ထို႔ေနာက္ မမႀကီးနွင့္ အျခားသူမ်ားက ငွက္သိုက္ပန္းကန္ကိုင္ထားေသာ သူေရွ႕တြင္ ဒူးေထာက္လိုက္ၾကျပီး တညီတညာတည္းေျပာလိုက္ၾကသည္။ :

"စစ္သူႀကီး အိမ္ေတာ္ျပန္လာတာကို ေလးစားစြာႀကိဳဆိုပါတယ္။!"

19/7/2018

#ကိုယ္ေရးထားတာရႈပ္သြားလား။ updateျမန္ေအာင္ေတာ့ႀကိဳးစားထားတယ္ေနာ္..

Luv ya all..

Unicode
"မမကြီး(Tao Jie)... ဒီနေ့ တော်တော်နောက်ကျနေတာတောင် Xiaoအိမ်တော်ထိန်းက ကျွန်မတို့ကို ဘာလို့အနားမပေးသေးတာလဲမသိဘူး။?" Chu Zhu Yuအပျင်းဆန့်လိုက်ကာ သူမနှင့်အတူ မီးဖိုကို ကြည့်နေသော မမကြီးအားမေးလိုက်သည်။

"ဒီနေ့ စစ်သူကြီးက အိမ်ပြန်လာမှာလေ။ အိမ်တော်ထိန်းနဲ့ တခြားသူတွေက စစ်သူကြီးကို ကြိုဆိုဖို့ အလုပ်များနေကြတာ။ " မမကြီးက မီးဖိုအားမီးမသေသွားအောင် စောင့်ကြည့်နေရင်းဖြေလိုက်သည်။ သူတို့နှစ်ယောက်မှာ ငှက်သိုက်ပေါင်း(Yan Wo)ချက်နေကြခြင်းဖြစ်သည်။ ငှက်သိုက်ပေါင်းချက်ရာတွင် မီးသေမသွားစေဘဲ မီးမျှင်းမျှင်းဖြင့် အဆက်မပြတ်ချက်နေမှသာ အရသာကောင်းရနိုင်ပေမည်။

Chinese Edible Bird Nest. (The swallow nest soup) [Yan Wo]

အခြားအရာများထက် (Yan Wo)ငှက်သိုက်ပေါင်းက အရသာပိုကောင်းသည်။ ထို့အပြင် အခြားသော စားဖိုဆောင်ဝန်ထမ်းများမှာလည်း စစ်သူကြီးရောက်လာမည့်အချိန်တွင် အားလုံးအဆင်သင့်ဖြစ်စေရန် ပြင်ဆင်ရင်းအလုပ်များနေကြသည်။

ဤနေရာတွင် Chu Zhu Yu၏အလုပ်မှာ မီးဖိုအားမီးမသေသွားစေရန် စောင့်ကြည့်နေရုံမျှသာဖြစ်သည်။

ရုတ်တရက် အိမ်ရှေ့ခြံဝန်းတွင်း ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာသည်။ မမကြီးခေါင်းထောင်ကြည့်လိုက်သောအခါ အစေခံတစ်ဦးက အလေတကြီးပြေးလာသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ?" မမကြီးက ထိုအစေခံကို လှမ်းဆွဲကာ မေးလိုက်သည်။

"စစ်သူကြီးက ပြန်ရောက်လာပြီး ချက်ချင်းပျောက်သွားလို့။ ."

"ရောက်လာပြီး ပျောက်သွားတယ်။?" သူမ သိချင်လာသည်။.

အစေခံလေးက အသက်ဝဝရှုလိုက်ပြီးနောက် ရှင်းပြလိုက်သည်။ : "Xiao အိမ်တော်ထိန်းက အိမ်တော်ရှေ့က မြင်းစောင်းထဲမှာ ရှိနေတုန်း မြင်းစောင်းရှေ့ကိုရောက်လာတဲ့  စစ်သူကြီးရဲ့အသံကို ကြားလိုက်ရတယ်။ ဒါပေမဲ့ သူမြင်းစောင်းရဲ့ ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့ စစ်သူကြီးကို မတွေ့တော့တဲ့အပြင် စစ်သူကြီးဘယ်ရောက်သွားလဲကိုလည်း မသိလိုက်ရဘူး။  အဲ့ဒါကြောင့် သူက စိတ်ပုူလို့ အစေခံတွေအားလုံးကို စစ်သူကြီးကို လိုက်ရှာခိုင်းနေတာ။"

ထိုအကြောင်းကိုကြားပြီးနောက် မမကြီးက ခဏမျှစဉ်းစားလိုက်ပြီး ထမင်းချက်အချို့အား စစ်သူကြီးကို လိုက်ရှာစေလိုက်ရာ Chu Zhu Yuတစ်ယောက်သာ မီးဖိုစောင့်ရန်ကျန်နေခဲ့သည်။

လူအကုန်လုံးထွက်သွားပြီးနောက် စားဖိုဆောင်မှာ တိတ်ဆိတ်သွားလေတော့သည်။ Chu Zhu Yu မျက်လုံးထဲတွင်တော့ အမျိုးအစားစုံလင်သော အစားအသောက်များကိုသာ မြင်နေလေတော့သည်။ သူမသက်ပြင်းတစ်ချက်သာချနိုင်တော့သည်။ လူချင်းတူတာတောင် ကံချင်းမတူပါ့လားးးး။

သို့သော်လည်း စစ်သူကြီးဘယ်ရောက်သွားသလဲကိုတော့ သူမတကယ်သိချင်သည်။ သူမြင်းစောင်းတွင်ရှိနေတုန်း ပြန်ပေးဆွဲခံလိုက်ရသည်လား.။ မဖြစ်နိုင်ပေ။ သူမကြားဖူးသလောက်တော့ စစ်သူကြီးXiaoသည် မြင့်မားသော သိုင်းပညာကို ပိုင်ဆိုင်သူဖြစ်သည်။ သိုင်းလောကထဲတွင်တောင် သူနှင့်ပြိုင်ဖက်မရှိနိုင်ဟု သူမကြားဖူသည်။

 သူမအတွေးများနေတုန်းမှာပင် ကြီးမားသောလက်တစ်စုံက သူမအားရုတ်တရက်သိုင်းဖက်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမကျယ်ပြန့်သော ရင်ခွင်ထဲသို့ ကျရောက်သွားသည်။ သူမနှင့် ရင်းနှီးပြီးဖြစ်သော ရနံ့တစ်ခုက သူမလည်ပင်းအားရိုက်ခတ်လာသည်။

"Jue Qing," သူမအော်လိုက်မိသည်။ သူမ မမြင်ရသည့်တိုင်အောင် သူမထိုလူ၏ အပြုအမူအားလုံးကို မှတ်မိနေသည်။

"ng." သူတိုးညင်းစွာ အသံပြုလိုက်သည်.။ သူ့ဦးခေါင်းကို သူမပုခုံးပေါ်တွင်အပ်ထားသည်။ သူမကို သူအရမ်းလွမ်းနေခဲ့ပြီး သူမအကြောင်းကို မစဉ်းစားဘဲသူလုံးဝမနေနိုင်ခဲ့ပေ.။ သူမကို မြင်လိုက်ရသည်နှင့် သူဘာကိုမှမစဉ်းစားနိုင်တော့ဘဲ သူမကိုဖက်ထားမိသည်.။ သူမကိုဖက်ထားလိုက်သည့် တစ်ခဏတွင် သူမ၏ကိုယ်သင်းရနံ့လေးကို ခံစားမိလိုက်သည်နှင့် သူတစ်ကိုယ်လုံး ြငိမ်းချမ်းသွားရသည်။

"ဒီရက်ပိုင်းတွေမှာ ရှင် စစ်သူကြီးနဲ့ အတူ နန်းတွင်းကို လိုက်သွားတာလား။?" သူမ သူ့အားမေးလိုက်သည်။ စစ်သူကြီးနန်းတွင်းဝင်သွားသည့်ရက်များတွင် သူ့ကို သူမအခန်းထဲတွင် မမြင်ရသေးပေ။

"အရမ်းပင်ပန်းတာပဲ။" သူခပ်တိုးတိုးပြောလိုက်ရင်း သူမကို တင်းတင်းဖက်လိုက်သည်။

သူမ သူမအားဖက်ထားသည်ကို အသာရုန်းလိုက်သော်လည်း သူကလွှတ်မပေးပေ။ ထို့ကြောင့်သုူ့ကိုပြောလိုက်သည်။ : "ကျွန်မကို အရင်လွှတ်ပါဦး။ ကျွန်မရှင့်ကို ကောင်းကောင်းကြည့်ပါရစေ။ "

နောက်ဆုံးတွင်တော့ ကြီးမားသော လက်တစ်စုံက သူမကိုလွှတ်ပေးလိုက်ပြီး ကျယ်ပြန့်သော ရင်ခွင်မှ သူမကို ထုတ်ပေးလိုက်သည်။ သူမ ထိုလူအားမြင်နိုင်ရန် ခေါင်းကိုမော့လိုက်သည်။ လှပပြီး ကျက်သရေရှိသောမျက်နှာက အလွန်ပင်ပန်းနွမ်းနယ်နေပုံပေါ်နေသည်။ သူ့မျက်လုံးထောင့်တွင် ညိုမည်းနေပြီး မျက်တွင်းများပါ ချိုင့်ဝင်နေသည်။

သူမလက်ကို မြှောက်လိုက်ပြီး သူ့နဖူးအား အသာအယာကိုင်လိုက်သည်။  "ဒီရက်တွေမှာ ရှင်အိပ်မပျော်ဘူးလား။?"

"ငါအိပ်ပျော်ဖို့ အရမ်းခက်ခဲတယ်။ ငါရောက်တာနဲ့ မင်းကို ပြေးလာရှာတာ။" သူ သူမအခန်းသို့ သွားခဲ့သော်လည်း သူမအားမတွေ့ရသည်နှင့် သူ့ကိုယ်သူပင်မထိန်းချုပ်နိုင်တော့ဘဲ သူမအခန်းတစ်ခုလုံးကိုပင် မြေလှန်ပစ်ချင်သွားခဲ့သည်။

"အဲ့တော့.. ရှင်ကျွန်မကို ဘယ်လိုလုပ်ရှာတွေ့တာလဲ။?" သူမသိချင်သည်ကို မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"မင်းရဲ့ အနံ့။ "

"အနံ့...?"

"မင်းရဲ့ အနံ့နောက်ကိုလိုက်လာရင်း မင်းကို ရှာတွေ့တာပဲ။" ကံကောင်းစွာပင် သူမက အိမ်တော်တွင်းတွင်သာ ရှိနေခဲ့သည်။ မဟုတ်လျှင် သူ့တွင် မည်မျှကောင်းသော အနံ့ခံအာရုံရှိနေပါစေ သူမအားရှာတွေ့နိုင်မည် မဟုတ်ပေ။  ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူမအား နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။  : "Zhu Yu ငါ့ကို ဘယ်တော့မှ ထားမသွားပါဘူးလို့ နောက်တစ်ခါထပ်ပြောစမ်းပါ။"

Chu Zhu Yu သက်ပြင်ချလိုက်မိသည်။ သူမထိုစကားများကို သူ့ထံတွင် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးဖြစ်သည်။

"ကောင်းပြီ.။ ကျွန်မရှင့်ကို ဘယ်တော့မှ ထားမသွားပါဘူး။" ထိုအရာက သက်တော့သက်သာမဖြစ်သော်လည်း သူ့မျက်လုံးများကို ကြည့်လိုက်မိတိုင်း သူမ အဖြစ်မှန်အား ထုတ်မပြောရက်တော့ပေ။ သူမခေါင်းကို ငုံ့လိုက်ကာ သူ့မျက်လုံးများကို ရှောင်လွှဲရန်ကြိုးပမ်းလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ : "ရှင်က စစ်သူကြီးဘေးမှာ အမြဲနေရတာလား။?"

"ဘာလို့လဲ။?"

"ဒီအတိုင်း သိချင်လို့ပါ။ စစ်သူကြီးက တကယ်ပဲ သူများတွေပြောသလို အရမ်းချောတဲ့လူတစ်ယောက်လား။"

"မင်းက သူ့ကို တွေ့ချင်လို့လား။ ?"

Chu Zhu Yu သူမနှာခေါင်းကို ပွတ်လိုက်ရင်း "သိချင်တာပေါ့။ ကျွန်မ စစ်သူကြီးအိမ်တော်မှာ အစေခံလုပ်နေတာ နှစ်လလောက်ရှိပြီ။ ကျွန်မကြားဖူးတာက စစ်သူကြီးက လက်ဖက်ရည်သောက်ရတာကို သဘောကျလို့ ဘုရင်မင်းမြတ်က ရွှေလေးစတန်တဲ့ Jun Shan Yin Zhen လက်ဖက်ခြောက်ကို ချီးမြှင့်ထားတယ်တဲ့။ " ၎င်းမှာ ဈေးကွက်တွင်းရှိ Jun Shan Yin Zhen အမျိုးအစားများနှင့် ယှဉ်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။

Chu Zhu Yuမနာလိုဖြစ်လာသည်။ ထိုလက်ဖက်ခြောက်မျိုးဆိုလျှင် ထိပ်တန်းအဆင့်ဖြစ်သောကြောင့် သူမတစ်သက်လုံးကြိုးစားလျှင်တောင် ထိုလက်ဖက်ခြောက်ကို မြည်းစမ်းခွင့်ရပါ့မလား။

"မင်း သောက်ကြည့်ချင်လို့လား.။?" Xiao Zhiက Chu Zhu Yu.အားစိုက်ကြည့်ရင်းမေးလိုက်သည်။

"အင်းပေါ့။ ဒါပေမဲ့ ကျွန်မက စိတ်ဝင်စားရုံလေးတင်ပါ။" သူမတံတွေးမြိုချလိုက်သည်။  "အဲ့လိုထိပ်တန်းလက်ဖက်ရည်မျိုးက လူတိုင်းသောက်လို့မရဘူး..။ အကျိုးဆက်အနေနဲ့ ခေါင်းတောင်အဖြတ်ခံရနိုင်တယ်။"

"မင်းခေါင်းကို ဘယ်သူမှ မဖြတ်ပါဘူး။" သူက သူမကို အတည်ပေါက်ပြောလာသည်။

သူမ သူစကားပြောသည်ကို နားစိုက်ထောင်မနေသော်လည်း သူဘာပြောနေသည်ကိုတော့သိပါသည်။ ထိုအချိန်တွင် သူ့အစာအိမ်မှ အသံတစ်ခုထွက်လာသည်ကို ရုတ်တရက်ကြားလိုက်ရသည်။ "ku ku"  "ရှင်ဗိုက်ဆာနေတာလား။?" သူမမေးလိုက်သည်။

"နေ့လည်ကတည်းက ငါဘာမှ မစားရသေးဘူူး။" Xiao Zhi ခေါင်းညိတ်ရင်းပြောလိုက်သည်။ အကယ်၍ သူ့ဗိုက်ကသာ အသံထွက်မလာခဲ့လျှင် သူတစ်ခုခုစားဖို့ကိုပင် မေ့လျော့နေလောက်သည်။ သူအိမ်တော်ရောက်ရောက်ချင်း သူမထံသွားဖို့သာ စိတ်စောနေခဲ့သည်။

"ရှင်ဘာလို့ စောစောကမပြောတာလဲ။! ဒီလိုမျိုး ခဏခဏအဆာခံရင် ရှင့်ခန္ဓာကိုယ်က ကြာကြာခံနိုင်မှာ မဟုတ်ဘူး။ " သူမ Xiao Zhiကို ကြည့်ရင်းပြောလိုက်သည်။ ထို့နောက် အခြား ထမင်းချက်များ စားဖိုဆောင်တွင်း ဝင်လာခြင်းရှိမရှိကို အကဲခတ်လိုက်သည်။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမ မုန့်တစ်ခုကို ယူပြီး သူ့ထံပေးလိုက်သည်.။  "ရော့ ..ဒါစားထား။" သူမ မုန့်တစ်ခုလျော့နေခြင်းအား မည်သူူမှ မရိပ်မိပါစေနှင့်ဟု ဆုတောင်းလိုက်သည်။

Xiao Zhi လက်ဖြင့်မယူဘဲ ပါးစပ်သာဟပေးလိုက်သည်။ ဆိုလိုသည်က သူ့ကို "ခွံ့ကျွေးပါ.."ပေါ့။

သူမ သက်ပြင်းတစ်ချက်သာ ခပ်လေးလေးချလိုက်ကာ ထိုလူအား မုန့်ခွံ့ကျွေးရန်စာ ပြုလုပ်လိုက်ရသည်။

Xiao Zhi မုန့်ကို သူဖျော့တော့သော နှုတ်ခမ်းများဖြင့် ကိုက်ယူလိုက်သောအခါ သူ့နှုတ်ခမ်းများတွင် မုန့်မှ အရောင်တချို့စွဲကျန်သွားသည်။ ထိုမြင်ကွင်းက ပြောမပြနိုင်လောက်အောင်ပင် ဆွဲဆောင်မှုရှိနေသည်။

Chu Zhu Yu ရေငတ်သလိုဖြစ်လာပြီး လေထုက ပိုပူလာသလိုပင်။

မုန့်တစ်ခုကုန်သွားသည်နှင့်  Xiao Zhiက မုန့်နောက်တစ်ခုကိုယူကာ Chu Zhu Yuလက်ထဲကို ထည့်ပေးလိုက်သည်။ "ခွံ့ကျွေး။..."

ဘုရားရေ.. ဒီလူက လုံးဝကို အကြောက်အလန့်မရှိတာပဲ။ သူက တိတ်တိတ်လေးစားရမှာကို ပေါ်ပေါ်တင်တင်ကိုစားနေတာ။ သူ့အိမ်သူ့ယာလိုပဲ။....!

စဉ်းစားရင်း စဉ်းစားရင်းနှင့်ပင် သူမ သူ့အား ဒုတိယမြောက်မုန့်ကို ခွံ့ကျွေးနေမိသည်။  "ဒါနောက်ဆုံးပဲနော်။ ရှင်နောက်ထပ် ဒီက မုန့်တွေကို ထပ်ယူစားလို့မရဘူး။"

ထိုသို့ပြောထားသော်လည်း.. တခဏကြာပြီးနောက် စားဖိုဆောင်သို့လာနေသော မိန်းမတစ်ယောက်အသံကို ကြားလိုက်ရသည်.။ —-

"နင် Su Juan (roll up short bread)ကို ဘယ်လိုလုပ်တာလဲ။?"

".............."

"ဟေ့..ဟေ့..ဒီငှက်သိုက်ပေါင်းကို ချက်ဖို့ အချိန်တော်တော်ယူရတာ.။ ရှင် ဒီလို မဆင်မခြင်ယူစားလို့မရဘူး။!"

".............."

"ဘုရား..ဘုရား..စစ်သူကြီးသိသွားရင် ကျွန်မခေါင်း အဖြတ်ခံရမှာ။"

"သူက မင်းခေါင်းကို မဖြတ်ပါဘူး။"

"ရှင်က မဖြတ်ဘူးဆိုတာနဲ့ သူက မဖြတ်တော့ဘူးပေါ့။?" Chu Zhu Yu ဒေါသထွက်ထွက်ဖြင့် Xiao Zhiအား ကြည့်လိုက်ရင်း သူမကိုယ်သူမပြောလိုက်သည်။ သူ့ကိုသနားလို့မရဘူး။ စိတ်ပျော့သွားလို့ လုံးဝကို မဖြစ်ဘူး။ သူမသာ သူ့ကို ဤကဲ့သို့ ဆက်တိုက်စားခွင့်ပြုနေလျှင် မနက်ဖြန်ရောက်သည်နှင့် သူမခေါင်းတခြား ကိုယ်တခြားဖြစ်နေလိမ့်မည်။

"ရှင် သွားသင့်ပြီ။ ခဏနေရင် မမကြီးနဲ့ တခြားသူတွေပြန်လာတော့မှာ။ ကျွန်မပြသနာတက်လိမ့်မယ်။" အရေးအကြီးဆုံးက သူမသည် သူ့ကို စားသောက်ခွင့်ပြုခဲ့သူဖြစ်သည်။ သူတိတ်တိတ်လေးယူထားသော စားစရာများကို အစားထိုး၍မရနိုင်ရာ သူမဖုံးကွယ်ရန် တတ်နိုင်သလောက် ကြိုးစားရဦးမည်။

"လိမ္မာစမ်းပါ.. မြန်မြန်ထွက်သွားပြီး ကျွန်မအခန်းက စောင့်ချင်စောင့်နေ။ ကျွန်မခဏနေလာခဲ့မယ်။" သူမပြောရင်းနှင့် သူကို စားဖိုဆောင်တွင်းမှ တွန်းထုတ်နေသည်။

သူကတော့ လှုပ်တောင်မလှုပ်ပေ။ သူမလူပ်ချင်ဘူးဟူသည့် သဘောပင်ဖြစ်သည်။

စားဖိုဆောင်အပြင်မှ ခြေသံအချို့အား ကြားလိုက်ရသည်။  Chu Zhu Yu စိတ်ပူသွားသည်။ ဘုရားသခင်.. မမကြီးနဲ့ တခြားသူတွေပြန်လာတာမဖြစ်ပါစေနဲ့။

Chu Zhu Yu စိုးရိမ်စွာပင်ပြောလိုက်သည်။: " ရှင် အခု ဒီစားဖိုဆောင်ထဲမှာ နေရာတစ်နေရာရှာပြီး ပုန်းနေ။ အခွင့်အရေးရတာနဲ့ ပြေးတော့။ ရှင့်သိုင်းပညာက အဆင့်မြင့်တာပဲ။ ရှင်ဒီလောက်တော့ လုပ်နိုင်တယ်မဟုတ်လား။?"

"မင်း ငါ့ကို စိုးရိမ်နေတာလား။?" သူ့ မျက်လုံးများက တောက်ပလာသည်။

"ရှင်က မုန့်တွေအများကြီးစားထားတာလေ။ ကျွန်မက ရှင့်အတွက် ဖုံးထားပေးမလို့။ ဒါပေမဲ့ အခုကတော့ မမှီတော့ဘူး။ ဒါပေမဲ့ မမကြီးက ကျွန်မအပေါ်ကောင်းပါတယ်။ နောက်မှ ကျွန်မသူ့ကို တောင်းပန်လိုက်လို့ရတယ်။ ဘယ်လိုဖြစ်ဖြစ် သူတို့ ရှင့်ကိုဖမ်းမမိစေရဘူး။" သူမပြောလိုက်ပြီး စားဖိုဆောင်အပြင်ကိုထွက်ကာ တံခါးမကြီးကို တမင်ဖွင့်ထားလိုက်သည်။

"aiya, Zhu Yu နင် ဘာလို့အပြင်ရောက်နေတာလဲ။?" သူမထင်ထားသလိုပင် မမကြီးနှင့် အခြားသူများက တံခါးရှေ့သို့ ရောက်လာကြသည်။ Chu Zhu Yu အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း : "နင့်ကို ငါမီးဖိုကို ကြည့်ထားဖို့ မပြောခဲ့ဘူးလား။ နင်ကအပြင်ထွက်နေတော့ မီးသေသွားရင် ဘယ်လိုလုပ်မလဲ။"

"မမကြီး အထဲမှာလေ...." Chu Zhu Yu သင့်တော်မည့်အကြောင်းပြချက်တစ်ခုအား အသည်းအသန်စဉ်းစားလိုက်ပြီး  "အခု စားဖိုဆောင်ထဲမှာ ကြွက်တွေ အများကြီးပဲ.။"

"ဘာ...ကြွက်...?" မမကြီးနှင့် အခြားသူများ အလန့်တကြားဖြစ်သွားပြီး အထဲသို အလျင်အမြန်ဝင်ကြည့်ရန်ပြင်နေကြသည်။

Chu Zhu Yu ခဏရပ်လိုက်ပြီး Xiao Zhiအတွက် အချိန်အနည်းငယ်ပိုရစေမည့် နည်းလမ်းကို စဉ်းစားလိုက်သည်။ "အထဲမှာက အရမ်းရှုပ်ပွနေတာ။ ကျွန်မစိုးရိမ်တာက အထဲမှာ ကြွက်တွေရှိနေတုန်းဆိုရင် လူအများကြီးဝင်သွားမှ ကြွက်က ကြောက်ပြီး လျှောက်ပြေးနေရင်ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ ခဏနေမှ ဝင်ကြရအောင်။"

"Zhu Yu ငါ့ရှေ့က မြန်မြန်ဖယ်စမ်း။ !" မမကြီးက ပြောလိုက်ရင်း Chu Zhu Yu အား ဘေးသို့တွန်းပု့လိုက်သည်။

"ဟုတ်တယ်! တကယ်လို့ ကြွက်တွေရှိနေသေးရင် ငါတို့ မြန်မြန်ဝင်သွားရမယ်။ !"

"အထဲက စားစရာတွေက စစ်သူကြီးအတွက် ပြင်ဆင်ထားတာ။ အခုဘယ်လို လုပ်ကြမလဲ။!"

ထမင်းချက်အချို့ စိုးရိမ်တကြီးဖြစ်သွားကြပြီး မမကြီးနောက်မှ လိုက်ကာ စားဖိုဆောင်ထဲ ဝင်သွားကြသည်။

သို့သော် စားဖိုဆောင်တွင်းမှ ထွက်သွားသင့်သည့် လူသားက စားဖိုဆောင်တွင်းမှာပင် ရှိနေသေးသည်။ ထို့အပြင် လူအားလုံးရှေ့မှာပင် အကြောက်အလန့်မရှိ အေးအေးဆေးဆေးရက်နေပြီး သူလက်ထဲတွင် ငှက်သိုက်ပေါင်းပန်းကန်ကိုကိုင်ထားသည်။

Chu Zhu Yu ငိုချင်လာသည်။ သူမအားလုံးကို လိမ်ရန်ကြိုးစားထားသမျှ အခုတော့ အလကားဖြစ်သွားပြီ။

Xiao Zhiက တည့်တည့်မတ်မတ်ပင် Chu Zhu Yuရှေ့သို့ လျှောက်လာပြီး ငှက်သိုက်ပန်းကန်ကို သူမလက်ထဲသို့ထည့်ပေးလိုက်သည်။  "ခွံ့ကျွေး။.."

ဒီအချိန်က ငှက်သိုက်ပေါင်းခွံ့ကျွေးရမယ့်အချိန်လား။..? သူမတစ်ကိုယ်လုံး အားမရှိတော့သလိုပင်။ သူမ မမကြီးကို ကြိုးစားရယ်ပြလိုက်ပြီး : "မမကြီး .. သူ.. သူက ဗိုက်ဆာနေလို့ မုန့်နည်းနည်းစားလိုက်တာပါ.. ဒါက....."

နေပါဦး.. မမကြီးမျက်နှာက ဘာဖြစ်နေတာလဲ။ ? Chu Zhu Yu တွေးလိုက်မိသည်။ မမကြီးတစ်ယောက်တည်းမဟုတ် ထမင်းချက်အားလုံးနှင့် ဘေးကလုူများ.. သူတို့ပုံစံများက ထူးဆန်းနေသည်။ သူတို့မျက်နှာက တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံပင်။

သူမစဉ်းစားနေတုန်းမှာပင်.. မမကြီးနှင့် အခြားသူများက : "စစ်... စစ်သူကြီးက စားဖိုဆောင်ကို ဘာအကြောင်းကြောင့်များ...?"

"ဘာ..? စစ်သူကြီး?

Chu Zhu Yuခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး သတိလစ်တော့မလိုပင်ဖြစ်သွားသည်။

ထို့နောက် မမကြီးနှင့် အခြားသူများက ငှက်သိုက်ပန်းကန်ကိုင်ထားသော သူရှေ့တွင် ဒူးထောက်လိုက်ကြပြီး တညီတညာတည်းပြောလိုက်ကြသည်။ :

"စစ်သူကြီး အိမ်တော်ပြန်လာတာကို လေးစားစွာကြိုဆိုပါတယ်။!"

19/7/2018

#ကိုယ်ရေးထားတာရှုပ်သွားလား။ updateမြန်အောင်တော့ကြိုးစားထားတယ်နော်..

Luv ya all..

Continua a leggere

Ti piacerà anche

63.9K 6.7K 94
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
95.2K 8.2K 8
OUR SECOND MASTER - MYANMAR TRANSLATION [ unicode version is also added ✔️] Original Chinese Author - Twentine ENG translator - Onesecondspring I...
16.4K 1.8K 13
သမိုင္​းေၾကာင္​းတစ္​ေလ်ွာက္​ အေလးစား အၾကည္​ညိဳခံရမည္​့ ေတာ္​ဝင္​ေသြးဆိုတာ ဘယ္​လိုမ်ိဳးလဲ။ ယြီးေရွာင္​ေရွာင္​ကေတာ့ ခင္​ပြန္​းလင္​ကို အလိုလိုက္​ ဖူးဖူ...
51.3K 3.3K 8
Author(s) HONG JIU 红九 I'm just a translator and this story isn't belong to me. Full credit goes to author(s) and english translator(s). I also don't...