"မင္းဆံုးျဖတ္ခ်က္ကို မျပင္ေတာ့ဘူးလား? ခ်န္းေယာလ္ "
ခ်န္းေယာလ္ အ႐ုပ္ေလးေတြနဲ႔ ထိုင္ေဆာ့ေနတဲ့ ဟြန္းေလးကိုသာေငးၾကည့္ေနမိတယ္။ေဘးပတ္ပတ္လည္မွာ အ႐ုပ္ေပါင္းစံုခ်ထားၿပီး ရီ႐ွင္းမုန္႔ခံြ႔ေနတာကိုလည္း ပါးစပ္ကေလးပလုတ္ပေလာင္းနဲ႔ စားေနသည္။
"ဟြန္းေလးက အရမ္းငယ္ေသးတယ္...ဒီအရြယ္ေလးနဲ႔ သူစိတ္ဒဏ္ရာ ရသြားမွာစိုးလို႔. ငါခက္ခက္ခဲခဲဆံုးျဖတ္လိုက္ရတာဘဲ ရီဖန္ "
"မင္း ကေလး...သူမ်ားေတြလက္ထဲမွာေပ်ာ္မယ္ထင္လား? ဟြန္းေလးက မင္းကိုဒီေလာက္ခ်စ္ေနတာ မင္းနဲ႔ခဲြၿပီး သူေနႏိုင္ပါ့မလား ခ်န္းေယာလ္ရာ..."
"ကေလးဘဲ...ၾကာရင္ေနသားက်သြားမွာပါကြာ "
"မင္းကေရာ...ဟြန္းေလးမ႐ွိဘဲ ေနႏိုင္မွာတဲ့လား.."
ဟြန္းေလးက စက္႐ုပ္ေလးတစ္႐ုပ္ယူကာ...ခ်န္းေယာလ္ဆီေလ်ာက္လာၿပီး။ေပါင္ေပၚတက္ထိုင္ကာ ရင္ခြင္ထဲတိုးဝင္ေနသည္။ကိုယ္ေလးေႏြးေနသလိုဘဲ....
"Daddy ဟြန္းေနလို႔မေကာင္းဘူး.."
ကေလးပုစိ ဝက္ကေလးရဲ႕မ်က္ႏွာေဖာင္းေဖာင္းေလးကိုဆဲြေမာ့လိုက္ေတာ့ မ်က္လံုးေလးေတြရဲေနသည္။
"ဘယ္နားက ေနလို႔မေကာင္းတာလဲ..Daddy ကိုေျပာျပေနာ္! "
"Daddy ဟြန္းကို ခ်ီၿပီး ေခ်ာ့သိပ္..."
ခ်န္းေယာလ္ မတ္တပ္ရပ္ကာ ....ဟြန္းေလးကိုအသာေက်ာေလးပြတ္ေပးရင္ေခ်ာ့သိပ္ေပးေနသည္။
ဟြန္းေလးရယ္ Daddy ကမင္းရဲ႕ေအးျမေသာ အရိပ္တခုအျဖစ္ ဘယ္ေတာ့မွမေပ်ာက္ပ်က္ႏိုင္တဲ့ ေခတၱနားခိုရာေလးတခုပါဘဲ~
တရားဥပေဒအတိုင္းလုပ္မယ္ဆိုရင္...ခ်န္းေယာလ္ဘက္မွာလည္း အခြင့္အေရးရႏိုင္ေပမယ့္။ဟြန္းေလးကို ငဲ့ၿပီး...တရားရင္ဆိုင္တာမ်ိဳးေတြသူမလုပ္ေတာ့ေပ။သူ႔အေဖအရင္းဘဲ...သူစိမ္းမွမဟုတ္တာ ဟြန္းေလးေပ်ာ္ရမွာပါ။
Daddy မင္းကိုခ်စ္တဲ့...အခ်စ္ကိုေတာ့မမွီဘူးေနာ္ ဟြန္းငယ္ေလး~
အိပ္ေပ်ာ္သြားတဲ့ ဝက္ေပါက္စေလးကိုရင္ခြင္ထဲျပန္ေျပာင္းေပြ႔ကာ...မ်က္ႏွာေလးအႏံွ့ နမ္း႐ိႉက္မိသည္။ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးမ႐ွိဘဲ ငါဘယ္လိုလုပ္ေနႏိုင္မွာလဲ ရီဖန္...မင္းမေမးသင့္ဘူး!
"ခဏေန ဟြန္းေလးအေဖ လာေခၚလိမ့္မယ္...မင္းတို႔ေသခ်ာထည့္ေပးလိုက္ေနာ္ ငါ..အလုပ္ကိစၥ႐ွိလို႔အျပင္သြားေတာ့မယ္!! "
ရီဖန္လက္ထဲ ကေလးကိုေျပာင္းခ်ီခိုင္းကာ...ခ်န္းေယာလ္ထြက္သြားသည္။သူတို႔ႏွစ္ေယာက္ကို သနားလြန္းလို႔ ဘယ္လိုလုပ္ေပးရပါ့မလဲ?
"ဒီေကာင္ေနာက္ကို ငါလိုက္သြားမွ...တခုခုလုပ္ေနမွာစိုးရိမ္ရတယ္ "
"ေအး...တခုခုဆို ငါ့ကိုဖုန္းဆက္ဦးရီဖန္ "
ရီ႐ွင္း ဟြန္းေလးကို ခ်ီထားရင္း မ်က္ရည္ေတြေတာင္စီးက်လာသည္။သူေတာင္ဟြန္းေလးနဲ႔ ခဲြရမွ ဒီေလာက္ခံစားေနရရင္ ခ်န္းေယာလ္ရင္ထဲ ဘယ္ေလာက္ေတာင္နာက်င္ခံစားေနရမလဲ?
"႐ွင္း႐ွင္းတို႔ကို ေမ့မသြားရဘူးေနာ္...ဝက္ေပါက္စေလး! "
ရီ႐ွင္း ကေလးေလးကိုပို၍တင္းစြာဖက္ထားလိုက္သည္။.......
ဟြန္းေလး အိပ္ေနတုန္းဘဲ သူ႔အေဖအရင္းဆိုတဲ့သူေရာက္လာသည္။ေတာ္ေတာ္ေလးတူတာကိုေတာ့...သူလည္းဝန္ခံပါသည္။အိပ္ေနတဲ့ ဟြန္းေလးကိုျမင္သြားကာ...
"က်ေနာ့္သားကို ျပန္ေခၚသြားလို႔ရၿပီမလား.."
"ဟြန္းေလးကို...ေသခ်ာဂ႐ုစိုက္ပါ ကေလးကတခါမွ သူ႔Daddy နဲ႔ခဲြဖူးတာမဟုတ္ဘူး "
ရီ႐ွင္းစကားကို မၾကားသလိုလုပ္ကာ အိပ္ေနတဲ့ဟြန္းေလးကို ခ်ီေနသည္။ကားသံေၾကာင့္ ခ်န္းေယာလ္ျပန္လာတာလို႔ ထင္လိုက္ေပမယ့္...ရီဖန္တစ္ေယာက္တည္းသာ ေခါင္းငိုက္စိုက္ခ်ၿပီးဝင္လာသည္။
"ဖန္ဖန္...အင့္ ဟြန္းကိုေခၚ "
သူ႔အေဖပခံုးေပၚကေန ရီဖန္ဝင္လာတာကိုေတြ႕သြားၿပီး ငိုမဲ့မဲ့ေလးေခၚခိုင္းေနသည္။
"ရီဖန္!! "
ခ်ီဖို႔လုပ္ေနတဲ့ ရီဖန္ကို လွမ္းတားလိုက္သည္။ကေလးေလး ဒီထက္ပိုၿပီးမတြယ္တာေအာင္လို႔ပါ။
"႐ွင္း႐ွင္း..Daddy ေရာဟင္ "
"Appa သားေလး သြားရေအာင္ေနာ္.."
"ဟင့္အင္း...မလိုက္ခ်င္ဘူး! Daddy... Daddy ဟြန္းကိုမထည့္လိုက္ပါနဲ႔ "
သူ႔အေဖေပၚကေနအတင္းေျပးဆင္းေနကာ...႐ုန္းေနေတာ့ ဟိုကလည္းေအာက္ခ်ေပးလိုက္ရေတာ့သည္။ရီ႐ွင္းဆီေျပးလာကာ...
"အီးဟီးးး...ဟြန္းမလိုက္ခ်င္ဘူး! Daddy ကိုေခၚေပးပါေနာ္ ဟင့္~"
ရီ႐ွင္းလည္း ဒူးေထာက္ထိုင္ခ်ကာ တသိမ့္သိမ့္တုန္ေနတဲ့ ထိုကေလးေလးကိုဖက္ၿပီးသူပါေရာငိုလိုက္တယ္။
"ဟြန္းေလး...ကဒီဦးဦးနဲ႔အရင္လိုက္သြားေနာ္ ဖန္ဖန္တို႔ေနာက္ကေနလိုက္လာခဲ့မွာေပါ့ ကေလးရဲ႕ "
"ဟင့္~တကယ္လား Daddy ကိုေရာေခၚခဲ့ရမယ္ေနာ္ "
ရီဖန္ လက္သန္းေလးခ်ိတ္ၿပီးကတိေပးေတာ့မွ သူ႔အေဖအရင္းခ်ီရာေနာက္ မ်က္ရည္ေလးေတြေဝ့ၿပီး လိုက္သြားေတာ့သည္။ရီ႐ွင္း...အရမ္းငိုေနတာေၾကာင့္ ရီဖန္သူ႔ရင္ခြင္ထဲထည့္လိုက္ကာ ဆံပင္ေလးေတြကိုသပ္ေပးလိုက္ၿပီး...
"ခ်န္း..ခ်န္းေယာလ္ဘယ္မွာလဲ? "
"သူေသာက္ေနတယ္...ငါလည္းဘယ္လိုမွတားလို႔မရတာနဲ႔ ထားခဲ့လိုက္တယ္ ၿပီးမွ ျပန္သြားေခၚလိုက္မယ္ "
"အင္းး...ရီဖန္ ဟိုမွာ ဟြန္းေလးေဆာ့ေနၾကအ႐ုပ္ေလးက်န္ခဲ့တယ္ လိုက္ေပးရေအာင္!! "
ရီ႐ွင္းကထသြားကာ အ႐ုပ္ေလးကိုင္ၿပီး...အိမ္ျပင္ေျပးထြက္လာေတာ့ ကားေလးကျခံျပင္ကိုေရာက္သြားေခ်ၿပီ။
"ငါတို႔ ဒီအ႐ုပ္ေလး ဟြန္းေလးကို ေပးဖို႔အခြင့္အေရးရဦးမွာပါေနာ္ ရီဖန္ အင့္~"
ရီဖန္လည္း ႏႈတ္ဆိတ္ေနမိေတာ့သည္။.........
...................................................
"ဟြန္းေလး...ဟြန္းေလးေရ~
ဘယ္ႏွစ္ခြက္ေျမာက္မွန္းလဲမသိေတာ့ဘူး...ေခါင္းေတြလည္းခ်ာခ်ာလည္ေနၿပီ။ပါးစပ္ကေနေတာ့ ဟြန္းေလးနာမည္ကိုတဖြဖြေရရြတ္ေနတုန္းဘဲ....
"ခ်န္းေယာလ္...ျပန္ၾကရေအာင္ "
ရီဖန္ဆဲြေခၚတာကို မထတာေၾကာင့္ waiter ေလးေတြအကူအညီနဲ႔ကားေပၚေပြ႔တင္လာရသည္။
"ခ်န္းေယာလ္!!! "
အိမ္ဝမွာ ရပ္ေစာင့္ေနတဲ့ ရီ႐ွင္းက... မူး႐ူးေနတဲ့ခ်န္းေယာလ္ကိုအတင္းထု႐ိုက္ကာႏိုးၿပီး။
"ခ်န္းေယာလ္...ဟြန္းေလးကို ျပန္လာပို႔ေနၿပီတဲ့! "
"အမ္! ရီ႐ွင္း...မင္း မင္းတကယ္ေျပာတာလား? "
"ကေလးက Daddy ဆီျပန္ခ်င္တယ္ဘဲေျပာေနၿပီး အဖ်ားေတြတက္ေနလို႔တဲ့။ၾကည့္ပါလား သူတို႔တစ္ရက္ေတာင္ကေလးဒဏ္မခံႏိုင္ၾကဘူး.."
ခ်န္းေယာလ္ကေတာ့ အေပ်ာ္ေတြပင္လြန္ကာ အမူးေတာင္ေျပသြားသည္။ကားဟြန္းတီးသံေၾကာင့္ သံုးေယာက္သားျခံျပင္ေျပးထြက္လာသည္။
"ငါမဝင္ေတာ့ဘူး...ခ်န္းေယာလ္ သားက မင္းမွမင္းျဖစ္ေနတယ္။ငါမင္းတို႔ကို မခဲြရက္ေတာ့ပါဘူးကြာ ငါသြားၿပီ.."
ကားေနာက္ခန္းက ဟြန္းေလးကိုဆင္းခိုင္းကာ ....
"ေက်းဇူးတင္ပါတယ္...နားလည္ေပးလို႔။မင္းဘယ္အခ်ိန္ျဖစ္ျဖစ္ ဝင္ေတြ႔လို႔ရပါတယ္"
"ေအးပါ...Bye "
သူ႔အေဖက ႏႈတ္ဆက္ၿပီးထြက္သြားေတာ့မွ...ခ်န္းေယာလ္ ဟြန္းေလးကိုခ်ီမယ္လုပ္ေတာ့မ႐ွိေတာ့။ေဟာ...သူတို႔မိသားစုက ငါ့ကိုခ်န္ထားခဲ့တာကို...ဟ ဟ..
"Daddy ဆီလာပါဦး...ဟြန္းေလး"
ခ်န္းေယာလ္ကို မ်က္ေစာင္းေလးထိုးကာ..ႏႈတ္ခမ္းေလးေထာ္ၿပီး ကုတင္အစြန္းကို ပံု႔ပံု႔ေလးသြားထိုင္ေနသည္။ခ်န္းေယာလ္ ဝက္ေပါက္စေလးေလးလွဲအိပ္ကာ...မ်က္ႏွာေျပာင္ျပလည္း မရီဘဲ... ဆူပုတ္ထားသည္။
"Daddy ကိုစိတ္ေကာက္ေနတာလား? အားဂူးး.."
ဗိုက္ေပၚတင္ေပးကာ...ေအာက္ကေနစိုက္ၾကည့္လိုက္ေတာ့ မ်က္ႏွာေလးကညိဳးသြားကာ မ်က္လံုးအိမ္ေလးထဲကေန အရည္ၾကည္ေလးေတြနဲ႔ ၾကည့္လာၿပီး။
"Daddy ဟြန္းကို ညာတယ္...ဘယ္ေတာ့မွထားမသြားဘူးလို႔ ကတိေပးထားရက္နဲ႔ ဟင့္~~
"Daddy ေတာင္းပန္ပါတယ္...ဟြန္းငယ္ေလးရယ္ ေနာက္ဆိုမထားခဲ့ေတာ့ပါဘူးကြာ~
ခ်န္းေယာလ္က ပါးေလးကိုနမ္းဖို႔ ေခါင္းေလးႂကြလိုက္ေပမယ့္ ရင္ဘတ္ကိုလက္တုတ္တုတ္ေလးနဲ႔ ျဖန္းခနဲဘဲ။
"Daddy အရက္ေတြေသာက္ထားတာလား....ဟြန္႔ ဟြန္းနဲ႔လာအိပ္နဲ႔ "
သူ႔ေပၚကဆင္းကာ..ထံုးစံအတိုင္းဖင္ေလးေနာက္ပစ္ၿပီးသြားအိပ္ေနေလရယ့္။
"ေဟာဗ်ာ...Daddy ကဟြန္းေလးကို ဖက္အိပ္ခ်င္တာပါဆို..."
ခ်န္းေယာလ္က သူ႔ကေလးေလးကိုဖက္လိုက္ ဟိုကအတင္းတြန္းလိုက္တဲ့ ရယ္သံခ်ိဳခ်ိဳေလးေတြကအခန္းထဲကထြက္ေပၚေနသည္။
.....................................................
TBC...
"မင်းဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား? ချန်းယောလ် "
ချန်းယောလ် အရုပ်လေးတွေနဲ့ ထိုင်ဆော့နေတဲ့ ဟွန်းလေးကိုသာငေးကြည့်နေမိတယ်။ဘေးပတ်ပတ်လည်မှာ အရုပ်ပေါင်းစုံချထားပြီး ရီရှင်းမုန့်ခွံ့နေတာကိုလည်း ပါးစပ်ကလေးပလုတ်ပလောင်းနဲ့ စားနေသည်။
"ဟွန်းလေးက အရမ်းငယ်သေးတယ်...ဒီအရွယ်လေးနဲ့ သူစိတ်ဒဏ်ရာ ရသွားမှာစိုးလို့. ငါခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတာဘဲ ရီဖန် "
"မင်း ကလေး...သူများတွေလက်ထဲမှာပျော်မယ်ထင်လား? ဟွန်းလေးက မင်းကိုဒီလောက်ချစ်နေတာ မင်းနဲ့ခွဲပြီး သူနေနိုင်ပါ့မလား ချန်းယောလ်ရာ..."
"ကလေးဘဲ...ကြာရင်နေသားကျသွားမှာပါကွာ "
"မင်းကရော...ဟွန်းလေးမရှိဘဲ နေနိုင်မှာတဲ့လား.."
ဟွန်းလေးက စက်ရုပ်လေးတစ်ရုပ်ယူကာ...ချန်းယောလ်ဆီလျောက်လာပြီး။ပေါင်ပေါ်တက်ထိုင်ကာ ရင်ခွင်ထဲတိုးဝင်နေသည်။ကိုယ်လေးနွေးနေသလိုဘဲ....
"Daddy ဟွန်းနေလို့မကောင်းဘူး.."
ကလေးပုစိ ဝက်ကလေးရဲ့မျက်နှာဖောင်းဖောင်းလေးကိုဆွဲမော့လိုက်တော့ မျက်လုံးလေးတွေရဲနေသည်။
"ဘယ်နားက နေလို့မကောင်းတာလဲ..Daddy ကိုပြောပြနော်! "
"Daddy ဟွန်းကို ချီပြီး ချော့သိပ်..."
ချန်းယောလ် မတ်တပ်ရပ်ကာ ....ဟွန်းလေးကိုအသာကျောလေးပွတ်ပေးရင်ချော့သိပ်ပေးနေသည်။
ဟွန်းလေးရယ် Daddy ကမင်းရဲ့အေးမြသော အရိပ်တခုအဖြစ် ဘယ်တော့မှမပျောက်ပျက်နိုင်တဲ့ ခေတ္တနားခိုရာလေးတခုပါဘဲ~
တရားဥပဒေအတိုင်းလုပ်မယ်ဆိုရင်...ချန်းယောလ်ဘက်မှာလည်း အခွင့်အရေးရနိုင်ပေမယ့်။ဟွန်းလေးကို ငဲ့ပြီး...တရားရင်ဆိုင်တာမျိုးတွေသူမလုပ်တော့ပေ။သူ့အဖေအရင်းဘဲ...သူစိမ်းမှမဟုတ်တာ ဟွန်းလေးပျော်ရမှာပါ။
Daddy မင်းကိုချစ်တဲ့...အချစ်ကိုတော့မမှီဘူးနော် ဟွန်းငယ်လေး~
အိပ်ပျော်သွားတဲ့ ဝက်ပေါက်စလေးကိုရင်ခွင်ထဲပြန်ပြောင်းပွေ့ကာ...မျက်နှာလေးအနံှ့ နမ်းရှိူက်မိသည်။ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးမရှိဘဲ ငါဘယ်လိုလုပ်နေနိုင်မှာလဲ ရီဖန်...မင်းမမေးသင့်ဘူး!
"ခဏနေ ဟွန်းလေးအဖေ လာခေါ်လိမ့်မယ်...မင်းတို့သေချာထည့်ပေးလိုက်နော် ငါ..အလုပ်ကိစ္စရှိလို့အပြင်သွားတော့မယ်!! "
ရီဖန်လက်ထဲ ကလေးကိုပြောင်းချီခိုင်းကာ...ချန်းယောလ်ထွက်သွားသည်။သူတို့နှစ်ယောက်ကို သနားလွန်းလို့ ဘယ်လိုလုပ်ပေးရပါ့မလဲ?
"ဒီကောင်နောက်ကို ငါလိုက်သွားမှ...တခုခုလုပ်နေမှာစိုးရိမ်ရတယ် "
"အေး...တခုခုဆို ငါ့ကိုဖုန်းဆက်ဦးရီဖန် "
ရီရှင်း ဟွန်းလေးကို ချီထားရင်း မျက်ရည်တွေတောင်စီးကျလာသည်။သူတောင်ဟွန်းလေးနဲ့ ခွဲရမှ ဒီလောက်ခံစားနေရရင် ချန်းယောလ်ရင်ထဲ ဘယ်လောက်တောင်နာကျင်ခံစားနေရမလဲ?
"ရှင်းရှင်းတို့ကို မေ့မသွားရဘူးနော်...ဝက်ပေါက်စလေး! "
ရီရှင်း ကလေးလေးကိုပို၍တင်းစွာဖက်ထားလိုက်သည်။.......
ဟွန်းလေး အိပ်နေတုန်းဘဲ သူ့အဖေအရင်းဆိုတဲ့သူရောက်လာသည်။တော်တော်လေးတူတာကိုတော့...သူလည်းဝန်ခံပါသည်။အိပ်နေတဲ့ ဟွန်းလေးကိုမြင်သွားကာ...
"ကျနော့်သားကို ပြန်ခေါ်သွားလို့ရပြီမလား.."
"ဟွန်းလေးကို...သေချာဂရုစိုက်ပါ ကလေးကတခါမှ သူ့Daddy နဲ့ခွဲဖူးတာမဟုတ်ဘူး "
ရီရှင်းစကားကို မကြားသလိုလုပ်ကာ အိပ်နေတဲ့ဟွန်းလေးကို ချီနေသည်။ကားသံကြောင့် ချန်းယောလ်ပြန်လာတာလို့ ထင်လိုက်ပေမယ့်...ရီဖန်တစ်ယောက်တည်းသာ ခေါင်းငိုက်စိုက်ချပြီးဝင်လာသည်။
"ဖန်ဖန်...အင့် ဟွန်းကိုခေါ် "
သူ့အဖေပခုံးပေါ်ကနေ ရီဖန်ဝင်လာတာကိုတွေ့သွားပြီး ငိုမဲ့မဲ့လေးခေါ်ခိုင်းနေသည်။
"ရီဖန်!! "
ချီဖို့လုပ်နေတဲ့ ရီဖန်ကို လှမ်းတားလိုက်သည်။ကလေးလေး ဒီထက်ပိုပြီးမတွယ်တာအောင်လို့ပါ။
"ရှင်းရှင်း..Daddy ရောဟင် "
"Appa သားလေး သွားရအောင်နော်.."
"ဟင့်အင်း...မလိုက်ချင်ဘူး! Daddy... Daddy ဟွန်းကိုမထည့်လိုက်ပါနဲ့ "
သူ့အဖေပေါ်ကနေအတင်းပြေးဆင်းနေကာ...ရုန်းနေတော့ ဟိုကလည်းအောက်ချပေးလိုက်ရတော့သည်။ရီရှင်းဆီပြေးလာကာ...
"အီးဟီးးး...ဟွန်းမလိုက်ချင်ဘူး! Daddy ကိုခေါ်ပေးပါနော် ဟင့်~"
ရီရှင်းလည်း ဒူးထောက်ထိုင်ချကာ တသိမ့်သိမ့်တုန်နေတဲ့ ထိုကလေးလေးကိုဖက်ပြီးသူပါရောငိုလိုက်တယ်။
"ဟွန်းလေး...ကဒီဦးဦးနဲ့အရင်လိုက်သွားနော် ဖန်ဖန်တို့နောက်ကနေလိုက်လာခဲ့မှာပေါ့ ကလေးရဲ့ "
"ဟင့်~တကယ်လား Daddy ကိုရောခေါ်ခဲ့ရမယ်နော် "
ရီဖန် လက်သန်းလေးချိတ်ပြီးကတိပေးတော့မှ သူ့အဖေအရင်းချီရာနောက် မျက်ရည်လေးတွေဝေ့ပြီး လိုက်သွားတော့သည်။ရီရှင်း...အရမ်းငိုနေတာကြောင့် ရီဖန်သူ့ရင်ခွင်ထဲထည့်လိုက်ကာ ဆံပင်လေးတွေကိုသပ်ပေးလိုက်ပြီး...
"ချန်း..ချန်းယောလ်ဘယ်မှာလဲ? "
"သူသောက်နေတယ်...ငါလည်းဘယ်လိုမှတားလို့မရတာနဲ့ ထားခဲ့လိုက်တယ် ပြီးမှ ပြန်သွားခေါ်လိုက်မယ် "
"အင်းး...ရီဖန် ဟိုမှာ ဟွန်းလေးဆော့နေကြအရုပ်လေးကျန်ခဲ့တယ် လိုက်ပေးရအောင်!! "
ရီရှင်းကထသွားကာ အရုပ်လေးကိုင်ပြီး...အိမ်ပြင်ပြေးထွက်လာတော့ ကားလေးကခြံပြင်ကိုရောက်သွားချေပြီ။
"ငါတို့ ဒီအရုပ်လေး ဟွန်းလေးကို ပေးဖို့အခွင့်အရေးရဦးမှာပါနော် ရီဖန် အင့်~"
ရီဖန်လည်း နှုတ်ဆိတ်နေမိတော့သည်။.........
...................................................
"ဟွန်းလေး...ဟွန်းလေးရေ~
ဘယ်နှစ်ခွက်မြောက်မှန်းလဲမသိတော့ဘူး...ခေါင်းတွေလည်းချာချာလည်နေပြီ။ပါးစပ်ကနေတော့ ဟွန်းလေးနာမည်ကိုတဖွဖွရေရွတ်နေတုန်းဘဲ....
"ချန်းယောလ်...ပြန်ကြရအောင် "
ရီဖန်ဆွဲခေါ်တာကို မထတာကြောင့် waiter လေးတွေအကူအညီနဲ့ကားပေါ်ပွေ့တင်လာရသည်။
"ချန်းယောလ်!!! "
အိမ်ဝမှာ ရပ်စောင့်နေတဲ့ ရီရှင်းက... မူးရူးနေတဲ့ချန်းယောလ်ကိုအတင်းထုရိုက်ကာနိုးပြီး။
"ချန်းယောလ်...ဟွန်းလေးကို ပြန်လာပို့နေပြီတဲ့! "
"အမ်! ရီရှင်း...မင်း မင်းတကယ်ပြောတာလား? "
"ကလေးက Daddy ဆီပြန်ချင်တယ်ဘဲပြောနေပြီး အဖျားတွေတက်နေလို့တဲ့။ကြည့်ပါလား သူတို့တစ်ရက်တောင်ကလေးဒဏ်မခံနိုင်ကြဘူး.."
ချန်းယောလ်ကတော့ အပျော်တွေပင်လွန်ကာ အမူးတောင်ပြေသွားသည်။ကားဟွန်းတီးသံကြောင့် သုံးယောက်သားခြံပြင်ပြေးထွက်လာသည်။
"ငါမဝင်တော့ဘူး...ချန်းယောလ် သားက မင်းမှမင်းဖြစ်နေတယ်။ငါမင်းတို့ကို မခွဲရက်တော့ပါဘူးကွာ ငါသွားပြီ.."
ကားနောက်ခန်းက ဟွန်းလေးကိုဆင်းခိုင်းကာ ....
"ကျေးဇူးတင်ပါတယ်...နားလည်ပေးလို့။မင်းဘယ်အချိန်ဖြစ်ဖြစ် ဝင်တွေ့လို့ရပါတယ်"
"အေးပါ...Bye "
သူ့အဖေက နှုတ်ဆက်ပြီးထွက်သွားတော့မှ...ချန်းယောလ် ဟွန်းလေးကိုချီမယ်လုပ်တော့မရှိတော့။ဟော...သူတို့မိသားစုက ငါ့ကိုချန်ထားခဲ့တာကို...ဟ ဟ..
"Daddy ဆီလာပါဦး...ဟွန်းလေး"
ချန်းယောလ်ကို မျက်စောင်းလေးထိုးကာ..နှုတ်ခမ်းလေးထော်ပြီး ကုတင်အစွန်းကို ပုံ့ပုံ့လေးသွားထိုင်နေသည်။ချန်းယောလ် ဝက်ပေါက်စလေးလေးလှဲအိပ်ကာ...မျက်နှာပြောင်ပြလည်း မရီဘဲ... ဆူပုတ်ထားသည်။
"Daddy ကိုစိတ်ကောက်နေတာလား? အားဂူးး.."
ဗိုက်ပေါ်တင်ပေးကာ...အောက်ကနေစိုက်ကြည့်လိုက်တော့ မျက်နှာလေးကညိုးသွားကာ မျက်လုံးအိမ်လေးထဲကနေ အရည်ကြည်လေးတွေနဲ့ ကြည့်လာပြီး။
"Daddy ဟွန်းကို ညာတယ်...ဘယ်တော့မှထားမသွားဘူးလို့ ကတိပေးထားရက်နဲ့ ဟင့်~~
"Daddy တောင်းပန်ပါတယ်...ဟွန်းငယ်လေးရယ် နောက်ဆိုမထားခဲ့တော့ပါဘူးကွာ~
ချန်းယောလ်က ပါးလေးကိုနမ်းဖို့ ခေါင်းလေးကြွလိုက်ပေမယ့် ရင်ဘတ်ကိုလက်တုတ်တုတ်လေးနဲ့ ဖြန်းခနဲဘဲ။
"Daddy အရက်တွေသောက်ထားတာလား....ဟွန့် ဟွန်းနဲ့လာအိပ်နဲ့ "
သူ့ပေါ်ကဆင်းကာ..ထုံးစံအတိုင်းဖင်လေးနောက်ပစ်ပြီးသွားအိပ်နေလေရယ့်။
"ဟောဗျာ...Daddy ကဟွန်းလေးကို ဖက်အိပ်ချင်တာပါဆို..."
ချန်းယောလ်က သူ့ကလေးလေးကိုဖက်လိုက် ဟိုကအတင်းတွန်းလိုက်တဲ့ ရယ်သံချိုချိုလေးတွေကအခန်းထဲကထွက်ပေါ်နေသည်။
.....................................................
TBC...