မပြိုသောကောင်းကင်၊မကြွေသောကြယ်

SilverQueen947 द्वारा

5.3M 453K 29K

မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှ... अधिक

About Story
နေအလင်းစက်
မြသော်က
ဘုန်းလင်္ကာ
ဇာတ်လမ်း - ၁
ဇာတ်လမ်း - ၂
ဇာတ်လမ်း - ၃
ဇာတ်လမ်း - ၄
ဇာတ်လမ်း- ၅
ဇာတ်လမ်း - ၆
ဇာတ်လမ်း - ၇
ဇာတ်လမ်း - ၈
ဇာတ်လမ်း - ၉
ဇာတ်လမ်း - ၁၀
ဇာတ်လမ်း - ၁၁
ဇာတ်လမ်း - ၁၂
ဇာတ်လမ်း - ၁၃
ဇာတ်လမ်း - ၁၄
ဇာတ်လမ်း - ၁၅
ဇာတ်လမ်း - ၁၆
ဇာတ်လမ်း - ၁၇
ဇာတ်လမ်း - ၁၈
ဇာတ်လမ်း - ၁၉
ဇာတ်လမ်း - ၂၀
ဇာတ်လမ်း - ၂၁
ဇာတ်လမ်း - ၂၂
ဇာတ်လမ်း - ၂၃
ဇာတ်လမ်း - ၂၄
ဇာတ်လမ်း - ၂၅
ဇာတ်လမ်း - ၂၆
ဇာတ်လမ်း - ၂၇
ဇာတ်လမ်း - ၂၈
ဇာတ်လမ်း - ၂၉
ဇာတ်လမ်း - ၃၀
ဇာတ်လမ်း - ၃၁
ဇာတ်လမ်း - ၃၂
ဇာတ်လမ်း - ၃၃
ဇာတ်လမ်း - ၃၄
ဇာတ်လမ်း - ၃၅
ဇာတ်လမ်း - ၃၆
ဇာတ်လမ်း - ၃၇
ဇာတ်လမ်း - ၃၈
ဇာတ်လမ်း - ၃၉
ဇာတ်လမ်း - ၄၀
ဇာတ်လမ်း - ၄၁
ဇာတ်လမ်း - ၄၂
ဇာတ်လမ်း - ၄၄
ဇာတ်လမ်း - ၄၅
ဇာတ်လမ်း - ၄၆
ဇာတ်လမ်း - ၄၇
ဇာတ်လမ်း - ၄၈
ဇာတ်လမ်း - ၄၉
ဇာတ်လမ်း - ၅၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်ရှိခြင်း
Extra - 0
Extra
Extra 2
Extra 3
Extra 4
Extra - 5
Extra 6 ( V day Special)
V Day Special Extra (Part II)
Extra 7
Order
Extra
Extra ii
Extra iii
Extra iv
အခန်းပို (၁၀)
အခန်းပို (၁၁)
Extra V
Extra VI

ဇာတ်လမ်း - ၄၃

62.4K 6.4K 553
SilverQueen947 द्वारा

Zawgyi

ထုိင္ခုံေပၚသုိ႕အရုပ္ၾကိဳးျပတ္ျပန္ထုိင္က်သြားသည့္
လင္းစက္ကုိၾကည့္ရင္းကြ်န္မရင္မွာေအာင့္ခနဲ။

မဟုတ္ဘူးေလ ...။ နင္အဲ့လုိျဖစ္ေနရမွာမဟုတ္ဘူး ...။
ျငင္းလုိက္ ... ျငင္းလုိက္လင္းစက္...။

" ဘာေတြလာေမးေနတာလဲ အူေၾကာင္ေၾကာင္နဲ႕" လုိ႕ရယ္ျပီးေျပာတာျဖစ္ျဖစ္...။ မဟုတ္ရင္လည္း
" နင့္ေကာင္နဲ႕ငါကဘာပတ္သတ္ရမွာလဲ" လုိ႕
​ေဒါသတၾကီးျပန္ေျဖတာျဖစ္ျဖစ္...။ လုပ္ပါ လင္းစက္..။

နင္ တစ္ခုခုလုပ္လုိက္စမ္းပါ...။ အဲ့လုိၾကီး သူခုိးလူမိ
သလုိေသြးမရွိေတာ့တဲ့မ်က္နွာမ်ိဳးနဲ႕ ငါ့ကုိစုိက္ၾကည့္မေနစမ္းနဲ႕ ... တစ္ခုခုေျပာလုိက္စမ္းပါ .... လင္းစက္
လုပ္စမ္းပါဟာ ...။

ခႏၶာကုိယ္မွာရွိသမ်ွအင္အားအကုန္လုံးကုိဇြန္းေပၚသုိ႕
ဖိနွစ္ထားလုိက္ရင္းမ်က္စိေရွ႕မွ ေကာင္ေလးရဲ႕လႈပ္ရွားမႈကုိ မ်က္ေတာင္မခတ္တမ္းေစာင့္ၾကည့္ေနမိသည္။

ဗုံးမိျပီးေသသြားသည့္အေမျဖစ္သူ၏ရုပ္အေလာင္းေရွ႕
မငုိနုိင္မျပဳနုိင္ျဖစ္ေနေသာကေလးငယ္ကုိ
ငုိခ်လုိက္ဖုိ႕ဖိအားေပးခဲ့ရသည့္အေတြ႕အၾကဳံမ်ားနွင့္
ရင္းကာအေရွ႕တည့္တည့္မွသူငယ္ခ်င္း တနည္းအား
ျဖင့္ေသြးမေနွာသည့္ေမာင္ငယ္ေလး၏ တုန္လႈပ္မႈကုိ
တည္တည္ျငိမ္ျငိမ္ထုိင္ၾကည့္နုိင္ဖုိ႕ရာခံနုိင္ရည္စြမ္း
အကုန္သုံးထားေသာ္လည္း ကြ်န္မျပိဳလဲခ်င္ေနျပီ။

ဟန္ေဆာင္လုိက္စမ္း လင္းစက္...။

ငါေတာင္းပန္ပါတယ္ နင္ ဟန္ေဆာင္လုိက္စမ္းပါ .....။

အနည္းဆုံး နင္ညာလုိက္တာပဲျဖစ္ျဖစ္ ....။

အခုခ်က္ခ်င္းမ်က္နွာကုိျပန္ျပင္လုိက္တာျဖစ္ျဖစ္.....
ငါ့အနားကေနထထြက္ျပီး အေျခအေနကုိေရွာင္
ထြက္လုိက္တာျဖစ္ျဖစ္
နင္တစ္ခုခုလုပ္လုိက္စမ္းပါဟာ .........

Pls လင္းစက္ Pls....။

ထုိေကာင္ေလး၏ဟန္ေဆာင္ျခင္းအတတ္ပညာတြင္
မကြ်မ္းက်င္မႈ၊အထူးသျဖင့္ကြ်န္မနွင့္ဆုိလ်င္
မကြယ္မ၀ွက္တတ္ေသာ ပကတိစိတ္ရင္း ...
ထုိအခ်က္မ်ားကုိမ်က္ကြယ္ျပဳလ်က္ ကြ်န္မကုိ
လိမ္ညာလုိက္ဖုိ႕ရာေမ်ွာ္လင့္ေနမိသည္..။

ကြ်န္မအလိမ္ခံခ်င္ပါသည္ .... ။ သူကြ်န္မကုိျငင္းဆန္ျပီးလိမ္ညာလုိက္ျခင္းအားျဖင့္သူေရာကြ်န္မပါ အသက္ရႈ
နုိင္မည္ဆုိလ်င္ ကြ်န္မထာ၀ရ တုံးအသူသာျဖစ္လုိက္
ခ်င္ေတာ့သည္....။

ကြ်န္မဆုိနင့္ေၾကမြေနတာထက္လင္းစက္ရဲ႕
အတုန္​တုန္အလႈပ္လႈပ္အေျခအေနကကြ်န္မကုိပုိလုိ႕
​ေသြးပ်က္ ေစသည္။

အေနေအးသည္ဟုလူေျပာမ်ား​ေသာကြ်န္မသည္
အမွန္တကယ္ေတာ့ငတုံးတစ္ေယာက္မဟုတ္ပါ။

လင္းစက္ပုိ႕ေသာ Email အသြားအလာအရ
သူမိတ္ဆက္ေပးမည္လူသည္သူ႕အတြက္
အင္မတန္အေရးပါေသာလူတစ္ေယာက္မွန္း
ကြ်န္မအတပ္သိသည္မုိ႕ဒီနုိင္ငံကုိကြ်န္မျပန္ေရာက္လာ
ခဲ့ျခင္းျဖစ္သည္။ ကြ်န္မ၏အခ်စ္ေရးကုိနႈိင္းယွဥ္ျပီးေျပာထားျခင္းက ထုိလူသည္သူ႕အခ်စ္ေရးနွင့္ပတ္သတ္ရ
မည္မွာမလြဲဧကန္။

ကြ်န္မခ်စ္ေသာေကာင္ေလး၏ေရြးခ်ယ္မႈကုိ ကြ်န္မ
မ်က္၀ါးထင္ထင္အသိအမွတ္ျပဳခ်င္သည္။ပ်က္ကြက္
ခဲ့ရေသာကြ်န္မေမတၱာမ်ားအစား သူ႕ကုိေပ်ာ္ရႊင္ေစ
ခဲ့ေသာထုိလူကုိကြ်န္မအျပည့္အ၀ေက်းဇူးတင္
ခ်င္မိသည္။

ေလဆိပ္မွလာၾကိဳကတည္းကအရင္ကထက္ပုိျပည့္လာ
ျပီးစိတ္ခ်မ္းသာေနေသာအရိပ္အေယာင္အျပည့္လႊမ္းေနသည့္ လင္းစက္၏ဟန္ပန္ေလးကုိၾကည့္ကာ ကြ်န္မမွာအထပ္ထပ္ၾကည္နူးမဆုံး...။

ယခင္ကမျမင္ခဲ့ဖူးေသာ၊ သူ႕ထံတြင္ေပ်ာက္ဆုံးေနခဲ့
သည္မွာၾကာျပီျဖစ္ေသာလႈိက္လိႈက္လွဲလွဲေပ်ာ္ရႊင္
တက္ၾကြမႈကုိ ကြ်န္မၾကက္သီးထရသည္အထိခံစားမိ
ရေသာအခါ သူ႕အားေျပာင္းလဲေစခဲ့ေသာ
ထုိတစုံတေယာက္အားခ်က္ခ်င္းပင္ေျပး၍ေပြ႕ဖက္ခ်င္မိသည္အထိပင္....။

​ေကာင္မေလးတစ္ေယာက္ဟု ထင္ခဲ့သည္ကုိး...။

သူ႕ထက္အသက္ၾကီးသည့္အမ်ိဳးသမီးမ်ိဳးကုိသေဘာက်တတ္သူမုိ႕အရြယ္ကြာဟေနလ်င္ေတာင္ အမ်ိဳးသမီး
တစ္ေယာက္ဟုသာယူဆထင္ျမင္ခဲ့မိသည္မုိ႕...။

ဆုိင္ထဲအေရာက္မေမ်ွာ္လင့္ထားသူျဖစ္ေနသည့္တုိင္
စိတ္ထဲအနည္းငယ္ေတြေ၀သြားသည္မ်ွအပ စုိးစဥ္းမ်ွ
သံယမ၀င္ခဲ့ေသး..။

ကြ်န္မယုံၾကည္ခဲ့ပါသည္။ ခ်က္ခ်င္းပ်က္ယြင္းသြားသည့္
မ်က္နွာနွင့္လင္းစက္ကုိေသာ္လည္းေကာင္း
မျဖစ္မေနဟန္မပ်က္ထိန္းထားလုိက္ရသည့္ ေမာင့္
အသြင္ကုိလည္းေကာင္းကြ်န္မအထူးအေထြမေတြးမိခဲ့။

သန္႕စင္ခန္းမွျပန္လာျပီးမုိ႕အစ္ေနသည့္မ်က္၀န္းမ်ား
သည္ေသခ်ာေပါက္ငုိလာျခင္းျဖစ္ေၾကာင္းသူနဲ႕အတူ
ၾကီးျပင္းခဲ့သည့္ကြ်န္မသိေနမည္မွန္း မေတြးမိသည့္လင္းစက္၏အေတြးတိမ္ပုံကုိပင္အျပစ္တင္ရမည္လား။

အက္ေၾကာင္းထပ္ေနေသာ ျမန္မာဇာတ္၀င္ခန္းမ်ားနွင့္ဆင္တူေနသည့္ကြ်န္မတုိ႕၏တိတ္တဆိတ္စကား၀ုိင္းကုိ
မဟုတ္နုိင္ပါဘူးဟူေသာစကားလုံးအားစိတ္တြင္း
အထပ္ထပ္ေရရြတ္ရင္းဟုိဟုိသည္သည္ေလ်ွာက္
​ေျပာေနျခင္း ကိုလည္း ထုိသူနွစ္ေယာက္သတိထားမိပုံ
မေပၚ...။

​ေမာင္မၾကိဳက္ေသာအစားအစာကုိအလြတ္ရေနခဲ့ေသာ လင္းစက္သည္ ကြ်န္မ မစားေသာမုန္လာဥနီကုိကြ်န္မ
ပန္းကန္ထဲမွ အရင္လုိဖယ္ယူေရြးထုတ္မေပးေတာ့...။

ေခါင္းငုံ႕ေနေသာေမာင္နွင့္ အလာကနွင့္မတူ
​ေငးငုိင္သြားေသာလင္းစက္အား မိတ္ဆက္စကားဆုိေပးရန္ပုံမွန္အတုိင္းဆုိေျပာသင့္ေပမယ့္ ဘာမွန္းမသိသည့္တစုံတရာေၾကာင့္ကြ်န္မနႈတ္တုိ႕ဆိတ္ဆိတ္ျငိမ္
​ေနခဲ့မိသည္။

လင္းစက္လက္တစ္ဖက္ကုိအုပ္ကုိင္ရင္း အားေပးေနဟန္ျဖင့္ေမာင္ေရာထိတ္လန္႕ေျခာက္ျခားေနသည့္မ်က္နွာမ်ိဳးျဖင့္အရိႈက္တငင္သက္ျပင္းေမာခ်ေနသည့္
လင္းစက္ေရာမွန္အျပင္ဘက္မွာဖုန္းကုိကုိင္ရင္း
အရွင္လတ္လတ္ငရဲက်ေနခဲ့ရသည့္ကြ်န္မကုိသတိမျပဳမိခဲ့ၾကပါ။

ဟန္ေဆာင္ျခင္းျဖင့္ ကြ်န္မ၀ဋ္ေၾကြးၾကီးခဲ့ရသည့္
တဒၤဂမ်ားပါေပ..။

ဟင့္အင္း ... မျဖစ္နုိင္ပါဘူး။
ကြ်န္မအျမင္မွားတာပါ .... ကြ်န္မတစ္ခုခုမွားသိေနတာ
​ေနမွာပါ..... ဒီေလာက္ေလးနဲ႕ဆက္ဆံေရးတစ္ခုကုိ
အလြယ္တကူေကာက္ခ်က္ခ်လုိက္ရင္
တစ္ဖက္သားရဲ႕သိကၡာကုိမဆင္မျခင္စြက္ဖက္သလုိ
ျဖစ္ေနမွာေပါ့။

နွစ္ေယာက္လုံးကကြ်န္မေလးစားတန္ဖုိးထားရသည့္
အမ်ိဳးသားေတြေလ။ထုိသူနွစ္ဦးသည္ ဘာမဟုတ္သည့္ထင္ျမင္ခ်က္တစ္ခုျဖင့္ မေနာကံကုိက်ဴးလြန္ေစရန္
ကြ်န္မအတြက္ေသးေသးမႊားမႊားလူတန္းစားမ်ိဳးမဟုတ္။

တန္ဖိုးထားရလြန္းသျဖင့္ ယူဆခ်က္တခုတေလျဖင့္
ပင္သူတုိ႕ကုိထိခိုက္ေအာင္ ကြ်န္မကုိယ္တုိင္ေတာင္
ခြင့္မျပဳ၀ံ့ေသာလူသားမ်ား။

ေၾကာက္စရာသံသယအမ်ွင္တန္းမ်ားကုိဖုံးကြယ္သိမ္း
ဆည္းရင္းအေျခအေနတစ္ခုကုိကြ်န္မ ေစာင့္ၾကည့္ေန
ျဖစ္သည္။အမွန္ဆုိရလ်င္ကြ်န္မမည္သည့္အရာကုိမ်ွ
မရိပ္မိေစရန္ မ်က္စိပိတ္နားပိတ္ေနေနခဲ့ျခင္းသာ
ျဖစ္သည္။

ျပသနာတစ္ခုကုိေရွာင္ဖယ္ေကြ႕ပတ္ေနသည္မွာကြ်န္မပုံစံအစစ္အမွန္မဟုတ္ေသာ္လည္း အမွန္တကယ္အားျဖင့္ကြ်န္မထိတ္လန္႕တုန္လႈပ္ေနပါသည္။မိန္းကေလး
တစ္ေယာက္၏ အလုိအေလ်ာက္သိစိတ္တစ္ခုကုိလည္း
ထုိအခ်ိန္တြင္မွ ကြ်န္မမုန္းတီးမိပါေတာ့သည္။

ေမာင့္ဘက္ကုိကြ်န္မအရင္ဆုံးေတြးသည္ ....။
ကြ်န္မတုိ႕ခ်စ္သူသက္တမ္းတစ္ေလ်ွာက္
ကာလံေဒသံေၾကာင့္ေသာ္လည္းေကာင္း ေမာင့္သိကၡာအေနအထားရေသာ္လည္းေကာင္း
ကြ်န္မတုိ႕နွစ္ေယာက္၏ေနထုိင္မႈပုံစံေၾကာင့္
​ေသာ္လည္ေကာင္းနီးစပ္မႈဟူသည္ သာမာန္သမီးရည္းစားမ်ားနွင့္စာလ်င္ အခ်ိဳးအစားနည္းပါးလွသည္။

သည္ၾကားထဲမွာ နွစ္နဲ႕ခ်ီ၍ျပတ္ေတာက္ခဲ့ရေသာအဆက္အသြယ္အကြာအေ၀းေၾကာင့္ေမာင့္အေနျဖင့္တစုံတေယာက္ကုိစိတ္အေျပာင္းအလဲေလးျဖစ္ခဲ့လ်င္ပင္
ဒါဟာကြ်န္မအသုံးမက်မႈေၾကာင့္ဟုသာ ကုိယ့္ကုိယ္ကုိအျပစ္တင္ျပီး ခြင့္လႊတ္နားလည္ေပးနုိင္ပါသည္။

ေမာင္သိကၡာတရားကုိအၾကြင္းမဲ့ယုံၾကည္ခဲ့ေသာ္ျငာ
းေမာင္သည္လည္းလူထဲမွလူ၊ ေယာက်ာ္းထဲမွေယာက္်ား
တစ္ေယာက္။ အာသေ၀ါကုန္ခမ္းေနသည့္
ရဟႏၱာမဟုတ္။

မည္မ်ွေလာက္ျပီးျပည့္စုံသည့္လူျဖစ္ပါေစခြ်တ္ေခ်ာ္ခ်ိဳ႕ယြင္းနုိင္သည္ကုိကြ်န္မအေနနွင့္ လက္ခံသေဘာေပါက္ျပီး
ျဖစ္သည္။

ေမာင့္ဘက္ကသာစာရြက္ေပၚမွအခ်ဳပ္အေနွာင္ကင္
းေသာ္လည္းအသုိင္းအ၀ုိင္းမွေတာ္ေတာ္မ်ားမ်ားသိ
ၾကေသာ ကြ်န္မတုိ႕နွစ္ေယာက္၏လူသိထင္ရွားဆက္ဆံေရးတစ္ခုကုိမေျပာင္းလဲ၊မျပတ္ေတာက္ခ်င္ပါလ်င္ ကြ်န္မအေနျဖင့္မည္သည့္အရာကုိမဆုိ အဆက္
အသြယ္စျဖတ္ခဲ့သည့္ကြ်န္မအျပစ္နွင့္စပ္လ်င္းျပီး
ထုိၾကိဳးအားဆက္လက္ေနွာင္တြယ္ေပးဖုိ႕အသင့္ပင္..။

မရွက္မေၾကာက္၀န္ခံရလ်င္ ကြ်န္မေမာင့္ကုိခ်စ္သည္။

တာ၀န္နွင့္၀တၱရားမ်ားၾကား ကုိယ္လက္မလွည့္နုိင္သည့္တုိင္ ေမာင့္အေပၚထားေသာခ်စ္ျခင္းေမတၱာသည္
စီးေနသည့္ေရကဲ့သုိ႕အလ်င္ျပတ္ျခင္းမရွိအစဥ္ျမတ္နုိး
​ေနဆဲျဖစ္သည္။ဘ၀တြင္ဦးဆုံးခ်စ္ရသူမုိ႕ စိတ္၀ိညာဥ္​
နွင့္နွလုံးသားအား မတြန္႕မတုိေပးအပ္ျပီးသားျဖစ္ရာ
အခ်ိန္ကာလအပုိင္းအျခားက ကြ်န္မ၏
ေမတၱာတရားကုိပုိင္းကန္႕ျဖတ္ေတာက္ျခင္းငွာ
မစြမ္းနုိင္....။

ဘယ္ေလာက္ပဲထက္ျမက္ျပီးအသိညဏ္နွင့္ ပညာညဏ္ျမင့္မားသည့္မိန္းမျဖစ္ပါေစ အခ်စ္တြင္တစ္ၾကိမ္
တစ္ခါ ဒူးေထာက္အရႈံးေပးရသည္ကုိ
ကြ်န္မလက္ခံပါသည္။

ကြ်န္မအေနျဖင့္ေမာင့္ဆုံးျဖတ္ခ်က္ကုိသာလုိက္နာျပီးေမာင္ကသာ စိတ္အလွည့္အေျပာင္းတစ္ခုပါဟု
မကြယ္မ၀ွက္ဆုိလာလ်င္ အရာရာျပည္ဖုံးကားခ်ျပီး
​ေမ့ပစ္လုိက္ဖုိ႕၀န္မေလး။

သုိ႕ေသာ္..........ထုိတစုံတေယာက္သည္ကြ်န္မဘ၀ထဲမွတစိတ္တပုိင္းျဖစ္ေနေသာအခါ ကြ်န္မဘာကုိ
ဆုံးျဖတ္ရမည္နည္း။ ေသခ်ာေရရာေသာ တုိင္ပင္
​ေဆြးေႏြးမႈတစ္ခုမျပဳလုပ္ရေသးခင္ပင္

" ကိုယ္အခု အေရးတၾကီးနယ္ဆင္းစရာရွိတယ္တစ္
ပါတ္ေလာက္ပဲၾကာမွာပါ ျပန္လာရင္
ကုိယ့္မွာေျပာစရာစကားေတြအမ်ားၾကီးရွိတယ္
ကုိယ္တုိ႕ ....... ေသခ်ာစကားေျပာဖုိ႕လုိတယ္"

ဟုမွာရင္းခရီးထြက္ခြာသူကိုေနာက္ဆံမတင္းေစခ်င္
​ေသာစိတ္ရင္းေစတနာျဖင့္ကြ်န္မဟန္ေဆာင္ျပဳံးျပ
ခဲ့ပါသည္။

​ေမာင္မွသည္ကုိယ္ဟုေျပာင္းလဲခဲ့ေသာ
နာမ္စားသည္ကြ်န္မစိတ္မွတ္မွားခဲ့ျခင္းမဟုတ္ေၾကာင္း အသိအမွတ္ျပဳရသည့္အခါထင္ထားသည္ထက္
ပိုနာက်င္ခဲ့ရပါသည္။

စကားငါးခြန္းေျပာလ်င္ လင္းစက္အေၾကာင္း သုံးခြန္းပါလာသည္ကိုလည္း ကြ်န္မနာနာက်င္က်င္ပင္ျပဳံးေနခဲ့မိ သည္။

ကြ်န္မခ်စ္ေသာသူထံမွ ကြ်န္မမသိရွိခဲ့သည့္ခ်စ္ေသာတစုံတေယာက္အေၾကာင္း ျပန္ၾကားရျခင္းကသံသယမ်ားစြန္းထင္းေနေသာကြ်န္မအတြက္ ရင္ဘတ္ေပၚတြင္ဖေယာင္းတုိင္တင္ထားသကဲ့သုိ႕ပင္​ အၾကိမ္ၾကိမ္ေလာင္ကြ်မ္းျပာက်ရသည္နွင့္အတူ အဖန္ဖန္က်ေသာဖေယာင္းရည္မ်ားကလည္း ပူေလာင္လ်က္။

ေမာင့္ဖုန္းတြင္မွတ္ထားေသာကေလးဟူေသာအမည္​
နာမေအာက္မွနံပတ္တစ္ခုကုိEmailတြင္ ျမင္ခဲ့ရရုံနွင့္
အလြတ္ရသည္အထိကြ်န္မမမွတ္မိခ့ဲသင့္။ထုိနံပတ္တြင္ေပၚေနသည့္ လြတ္လြတ္လပ္လပ္ျပဳံးေနေသာ မ်က္နွာနုနုမွာ တျမတ္တနုိးရုိက္ယူထားသည့္ပုံမွန္းကြ်န္မ
မခန္႕မွန္းမိသင့္။

သူတုိ႕နွစ္ေယာက္၏ရင္းနွီးမႈအတုိင္းအတာကုိ Ship
သည္ဟူေသာ ကြ်န္မမကြ်မ္း၀င္သည့္စကားလုံးမ်ဳိးျဖင့္
မိတ္ဆက္ေပးလာသူမွာ ကြ်န္မသူငယ္ခ်င္း ထုိထက္ပုိဆုိရလ်င္ လင္းစက္၏အတန္းေဖာ္မျဖစ္ခဲ့သင့္။

တအုံ႕ေႏြးေႏြးခံစားခ်က္မ်ားကုိကြ်န္မေဖာက္ထုတ္
ပစ္ခ်င္ခဲ့သည္။ ေမာင္ဟာကြ်န္မအတြက္အေလးထားရသူမွန္ေပမယ့္ လင္းစက္နွင့္ယွဥ္လ်င္ေတာ့ေမာင္ဟာ သူစိမ္း ...။

လင္းစက္ကုိယ္တုိင္ေျပာျပသည္ကုိကြ်န္မၾကားခ်င္
သည္ .... ဟင့္အင္း အတိအက်ေျပာရရင္ လင္းစက္က
ျငင္းလုိက္သည္ကိုကြ်န္မလက္ခံခ်င္သည္ ...။
ဟုတ္တယ္ ....... လင္းစက္ကေသခ်ာေပါက္ျငင္းမွာပါ ...။

ဒါဟာမျဖစ္နုိင္တဲ့ပတ္သတ္မႈတစ္ခုပဲေလ .....။
လင္းစက္ကေကာင္မေလးေတြကုိပဲၾကိဳက္တတ္တာပါ ....။ေမာင္ကလည္း.....ေမာင္ကလည္း....။
ထုိခဏတြင္ LGBTစကားစုမွ B ၏ Definition ကုိ
ကြ်န္မလုံး၀ေမ့ထားခဲ့သည္ကုိေတာ့မျဖစ္မေန ၀န္ခံရပါလိမ့္မည္။

လင္းစက္ၾကိဳက္တတ္ေသာမုန္႕မ်ားကုိအခ်ိန္ယူ
လုပ္ကုိင္ကာသူၾကိဳက္တတ္သည္မ်ားကုိခ်က္ျပဳတ္ျပီး
​ေနာက္သူ႕တုိက္ခန္းကိုဦးတည္မိသည္။

မဟုတ္ပါဘူး ငါသံသယလြန္ေနတာပါလုိ႕ဂါထာရြတ္သလုိၾကိမ္ဖန္မ်ားစြာ ေရရြတ္ရင္း ကြ်န္မနွင့္မတူညီစြာ
မျငိမ္မသက္ျဖစ္ေနသည္ကုိလည္း မၾကိဳက္...။

တကယ္မွမဟုတ္တာပဲေလ ကြ်န္မဘာလို႕ေၾကာက္ေနရတာပါလိမ့္။

သူနွင့္ကြ်န္မၾကားအရာရာအရင္အတုိင္းျဖစ္သြား
မည္ဟုေမ်ွာ္လင့္ေတြးမ်ားသည္သူ႕ေရခဲေသတၱာေဘးမွာ ကပ္ထားေသာ Sticky Noteေပၚမွ

" ညီ......ထမင္းမွန္မွန္စားေနာ္ကေလး"

ဟူသည့္လက္ေရး၀ုိင္းမ်ားကုိမွတ္မိေနရာမွ
စတင္ျပိဳပ်က္သည္။ ထုိ႕ေနာက္
လူတစ္ေယာက္၏ပခုံးေပၚေခါင္းမွီတင္ထားေသာ
လူငယ္တစ္ေယာက္နွင့္ထုိလူငယ္ကုိငုံ႕ၾကည့္ေနသည့္
မ်က္၀န္းမ်ားတြင္ျမတ္နုိးမႈမ်ားျပည့္လ်ွံေနသည့္မ်က္မွန္နွင့္လူတစ္ေယာက္တုိ႔၏ Selfie ပုံတစ္ပုံ TV စင္ေနာက္နားမွာေထာင္ထားသည္ကုိ မွတ္မွတ္ထင္ထင္လွမ္းျမင္မိ
သည့္အခါ ဒီေလာက္ၾကည္လင္ျပတ္ထင္ေနရေကာင္းလားဟု မ်က္မွန္ဆုိင္ကုိအျပစ္တင္မိျပန္သည္။

စစ္ေျမျပင္တြင္ေနသားက်ခဲ့သည့္အက်ိဳးဆက္အျဖစ္မိမိကုိယ္ကုိယ္ထိန္းခ်ဳပ္နုိင္မႈစြမ္းရည္ျမင့္တက္လာသည္ကုိလည္းမုန္းတီးမိသည္။ မရည္ရြယ္ပါဟုမိမိဘာသာလိပ္ျပာလုံေစရန္ဆင္ေျခတင္ျပီး လင္းစက္တစ္ခုခုေျပာလာ
​ေစရန္ကြ်န္မအတင္းအၾကပ္ၾကိဳးစားသည္။

အပ်က္ပ်က္အယြင္းယြင္းေသာပုံစံကုိတျဖည္းျဖည္းေတြ႕လာရသည့္အခါကြ်န္မကူကယ္ရာမဲ့ပါေတာ့သည္။

ထုိေကာင္ေလး၏မပုိင္နုိင္ေသာထိန္းခ်ဳပ္မႈကုိနင္းခ်ကာ
​ေခ်ာင္ပိတ္ခဲ့မိသည္။  ကြ်န္မယုတ္မာမိသည္ဟုပင္ လက္ညိဳးထုိးပါေစ
​ေတာ့ ..... သူ႕ဘက္ကမရႈနုိင္မကယ္နုိင္
အရိပ္အေယာင္မ်ားျမင္ရေလေလျဖစ္ရပ္မွန္ကုိ ကြ်န္မမသိစိတ္မွလက္ခံလုိက္ရေလေလ.......ကြ်န္မရင္ေတြသည္လည္း ေပါက္ကြဲထြက္တတ္မတတ္ပ်က္စီးယုိယြင္း လာေလေလပင္....။

​ေခ်ာင္ပိတ္ေမးခြန္းမ်ားေမးသည္မွာ ကြ်န္မျဖစ္ေပမယ့္ တကယ္တမ္းထြက္မရေအာင္ေခ်ာင္ပိတ္မိေန
သည္မွာ ကြ်န္မပင္ျဖစ္ပါသည္။

သူ႕ဆီကအတိအက်ေသာအေျဖကုိေစာင့္ေမ်ွာ္ေနပါလ်က္ တစုံတခုထြက္မလာဖုိ႕ကုိလည္း အဆူဆူေသာဘုရားတုိ႕ထံ အလြဲလြဲအေခ်ာ္ေခ်ာ္ေတာင္းဆုျပဳမိသည္။

ေမာင္ၾကိဳက္တတ္သည္မ်ားကုိ တရစပ္ေျပာေနခ်ိန္တြင္ လင္းစက္နႈတ္ခမ္းေထာင့္တြင္တြဲလဲခုိေနေသာ
အျပဳံးမ်ားက ကြ်န္မကုိနုပ္နုပ္စဥ္းေနသလုိခံစားရသည္။

ဟင့္အင္း ....... လင္းစက္ရယ္

မသိလုိက္ပါနဲ႕လား .....

" ဟ .... သူ႕အၾကိဳက္ေတြအကုန္သိရေအာင္
ငါကအားေနလုိ႕လား"

မ်ားေျဖလုိက္ေလမလား.....ကြ်န္မၾကိတ္ေမ်ွာ္လင့္ေနခဲ့တာပါ..။ဘာမွမသက္ဆုိင္ပါဘူးဟူေသာအေျဖတစ္ခုကုိ ေအာင္စာရင္းေစာင့္သလုိရင္တခုန္ခုန္ေစာင့္ေနခဲ့တာ ..။

"ငါ......ေမာင့္ကိုခ်စ္တယ္လင္းစက္"ဟူေသာစကား
သည္နွလုံးသားအားဖိနွိပ္ေျခမြျပီးမွ လည္ေခ်ာင္းသုိ႕
​ေရာက္လာခဲ့သည့့္အခိုက္ ကြ်န္မကုိယ္ကြ်န္မ ရြံရွာမုန္းတီးမိပါသည္။

" ငါပုိင္တယ္" ဟူေသာ မ႑ာပ္တုိင္ကုိတက္ျပရန္
ဘုရားေဘးကျငမ္းကုိရက္ရက္စက္စက္ခြာခ်ရသူမွာလည္း
မ်က္ရည္လည္ရြဲ.... တရားက်စရာပင္ေကာင္းလွ၏...။

" ေျပာပါ ...... နင္နဲ႕ေမာင့္ရဲ႕ပတ္သတ္မႈအစစ္အမွန္ကလြဲျပီး တျခားဘာမဆုိငါ့ကုိေျပာပါ"

မေျပာလုိက္နဲ႕..........မေျပာနဲ႕ေနာ္.......လင္းစက္...
​ေၾကာက္စရာေကာင္းေလာက္ေအာင္ပင္ အသက္ရႈသံ
မ်ားသာၾကီးစုိးေနေသာရပ္၀န္းငယ္တြင္နွလုံးသားနွစ္ခုအျပိဳင္အဆုိင္ေၾကြက်သည္ကုိ မည္သူသိမည္နည္း။

တည့္တည့္ၾကည့္ေနေသာမ်က္၀န္းနွစ္စုံလုံးသည္အပူအေအးဒဏ္ကုိ တလွည့္စီခံလုိက္ရေသာဖန္ခြက္က
​ေလးကဲ့နွယ္​ဖိ်ဳးခနဲဖ်တ္ခနဲကြဲအက္ေနၾကသည္။
လက္နဲ႕ထိလိုက္ရုံနွင့္ေၾကြက်လုမတတ္ပင္..။

" နင္ ..... သိ ... ေန ... ခဲ့တာလား ေသာ္က.."

တင္းတင္းဆုပ္ကုိင္ထားေသာဇြန္းေလးပန္းကန္ေပၚသုိ႕
ျပဳတ္က်သံကပင္အင္မတန္က်ယ္ေလာင္လြန္းလွ သည္...။

သြားျပီ ...

တုန္ရီေသာနႈတ္ခမ္းပါးမွျဖစ္ေသာ္လည္း ဟုိး အတြင္းပုိင္းကဖ်စ္ညွစ္ထားသလုိထြက္ေပၚလာ
​ေသာ ေလသံသည္အမွန္တရားကုိအသိေပးလုိက္ပုံ။

" ငါက .. ဘာကုိ ... ဘာကုိသိရမွာလဲ"

၀ုိင္းစက္ေသာမ်က္၀န္းငယ္သည္ ရဲေသာအေရာင္သုိ႕ ​ေျပာင္းလုျပီ။

" နင္နဲ႕ ... ေမာင္နဲ႕ ....... ဘာမွ ... မ ပတ္ သတ္ ..." အဆုံးထိမထြက္လာ၊ မထြက္၀ံ့ေသာစကားလုံးတုိ႕က တုိးတိတ္တိမ္၀င္သြားသည္နွင့္ တခ်ိန္လုံးတင္းထား
​ေသာ မ်က္ရည္တစ္ေပါက္လက္ခုံေပၚသုိ႕က်သည္။

" ငါ .... ငါ ေတာင္းပန္ပါတယ္ ... ေတာင္းပန္ပါတယ္ "

လက္ဖ၀ါးနွစ္ဖက္ကုိ လက္အုပ္ခ်ီသလုိပြတ္တုိက္ရင္းေရရြတ္သူထံ ေပါက္ကြဲမႈအားကလြင့္စဥ္ေတာ့သည္။

" ဘာလုိ႕ေတာင္းပန္တာလဲ ဘာလုိ႕လဲ ..... နင္က
ဘာလုိ႕ေတာင္းပန္ေနရတာလဲ ဟမ္ ..... ငါ့ကိုေျပာစမ္း
နင္ကဘာလုပ္ထားလုိ႕လဲ ......"

တစ္ၾကိမ္တစ္ခါမွ သုံးနႈန္းခဲ့ျခင္းမရွိေသာေလသံမာျဖင့္ အံၾကိတ္ရင္း​ေမးမိသည္။

နႈတ္ခမ္းပါးလ်လ်ကုိ သြားျဖင့္အားကုန္ဖိၾကိတ္လ်က္ က်လုလုမ်က္ရည္စကုိ တင္းခံထားပုံက ကြ်န္မရင္ကို
တူတစ္ေခ်ာင္းျဖင့္ထုနွက္သကဲ့သုိ႕တင္းၾကပ္က်ိဳးပဲ့ ​ေစပါသည္။

" ငါေတာင္းပန္ပါတယ္ ..... ငါ ... တကယ္ .... ေတာင္း ပန္ .... အင့္ .... ေသာ္ကရယ္ ငါေလ ..."

ျပတ္ေတာင္းေသာစကားသံတုိ႕ကုိကြ်န္မအားစုိက္နားမေထာင္နုိင္ေတာ့ .... တကယ္တမ္း
ကြ်န္မခံနုိင္ရည္မရွိ။

ရည္းကုိကိုလူလုလ်င္အူနုကုိကြ်ဲခတ္သည္လားေတာ့မသိ ကြ်န္မအတြင္းကလီစာမ်ားကေတာ့စိတ္မွန္းနွင့္ပင္
အပုိင္းပုိင္းျပတ္လုိ႕ေနျပီ။

အကယ္၍မိန္းကေလးတစ္ေယာက္သာျဖစ္ေနခဲ့လ်င္....ကြ်န္မခ်စ္သူကလည္း ကြ်န္မဘက္မွာရွိေနခဲ့ပါလ်င္
ဒီကိစၥရပ္မ်ိဳးကုိအျပဳံးေလးနွင့္သာေျဖရွင္းနုိင္မည္ ျဖစ္ေသာ္လည္း မိန္းမတစ္ေယာက္မဟုတ္သည္သာမက ေယာက်ာ္းမွ တယုတယခ်စ္ခင္ရပါေသာ ​ေမာင္ေလး။

ကြ်န္မအျဖစ္ကေယာက်ာ္းတစ္ေယာက္နွင့္မွ လြဲမွားရေလျခင္းဟု ခ်စ္သူကုိေရာသူငယ္ခ်င္းကုိပါ
အျပစ္တင္ရမလား။ ဒါမွမဟုတ္ သစၥာေဖာက္ျခင္းကုိ ပင္ ရင္နာရမလား။

ဒါမွမဟုတ္ ... ဟင့္အင္းမသိေတာ့ဘူး ေခါင္းတခုလုံး
အုံခဲေနခဲ့ပါျပီ...။ ေတာ္သင့္ျပီေပါ့ ....။

အနႈတ္လကၡဏာျပေနေသာ ခံနုိင္ရည္စြမ္းေၾကာင့္
မတ္တပ္ရပ္လုိက္ေပမယ့္ယိုင္နဲ႕လုိ႕သြားသည္။

အသံမထြက္ဘဲၾကိတ္ငုိေနသူကိုေက်ာခုိင္းရန္ျပင္ခုိက္
မထင္မွတ္ထားေသာလုပ္ရပ္တစ္ခုေၾကာင့္
လက္သီးနွစ္ဖက္ကိုတင္းတင္းဆုပ္မိရေတာ့သည္။

ခုံေပၚမွာထုိင္ေနရာက မတ္တပ္ရပ္ေနေသာကြ်န္မေရွ႔
ဒူးေထာက္ခ်လုိက္သည့္လင္းစက္...။
တစ္သက္နွင့္တစ္ကုိယ္ တစ္ၾကိမ္တစ္ခါသာျမင္ဖူးေသာ
သူ႕မ်က္နွာမွ ေၾကာက္လန္႕တုန္လႈပ္ျခင္းက
ကြ်န္မကိုအၾကိမ္ၾကိမ္လိပ္ျပာလြင့္ေစသည္။

" ငါေတာင္းပန္ပါတယ္ ...... ငါ ... ကုိကုိ မရွိရင္ ...
မျဖစ္ ... ဘူး "

" လင္းစက္ နင္ အဲ့လုိမလုပ္နဲ႕ေလ ငါနင့္ကုိအကုန္လုံးေပးခဲ့တယ္.... အရာရာ .... အား .. လုံး"

" ငါသိတယ္ .... နင္ငါ့ကိုအျမဲဦးစားေပးခဲ့တယ္ .... ဒါ ရြံ႕စရာေကာင္းတယ္ဆုိတာ ငါ ... သိပါတယ္...

ဒါေပမယ့္... ဒါေပမယ့္ ငါ့နားက ကုိကုိ႕ကုိ... ကုိကုိ႕ကို .. ျပန္ေခၚ .. မသြား .. ပါနဲ႕"

" အား .......... နင္ရူးေနျပီ နင္ရူးသြားျပီပဲေနအလင္းစက္ ..... နင္တကယ္ရူးေနျပီ"

" ဟုတ္တယ္ ... ငါ တကယ္ရူးသြပ္ေနျပီ နင္ၾကိဳက္တာေျပာပါ.... ငါ့ကုိေသေအာင္သတ္ခ်င္လည္း ရတယ္ ငါ့အနားကေတာ့ ကုိကုိ႕ကိုဆြဲမထုတ္ .. သြားပါနဲ႕.... အင့္ .. ငါနင့္ကုိ.. ေတာင္း .. ေတာင္းပန္ပါတယ္ဟာ"

ဒူးေထာက္ရင္းကကြ်န္မလက္နွစ္ဖက္ကုိဆြဲကုိင္ရင္းမ်က္ရည္လည္ရႊဲေျပာေနသူေၾကာင့္ကြ်န္မပါ ရူးသြပ္ခ်င္လာ သည္။အဲ့ဒီေလာက္ေတာင္လား.....နင္အဲ့ဒီေလာက္
​ေတာင္ခ်စ္တာလား....... ငါ့ရင္ေတြနာလုိက္တာ။

" ငါ ငယ္ငယ္ကတည္းက နင့္ကုိအကုန္ေပးခဲ့တယ္ ....
နင္လုိခ်င္တာမွန္သမွ် အားလုံး ....
ငါ့အရုပ္ကေလးကအစ ..... ငါ့လြယ္အိတ္ကေလးအဆုံး ...... နင္လုိခ်င္တာမွန္သမွ်

ငါမတြန္႕တုိခဲ့ဘူး .......... ဒါေပမယ့္လင္းစက္ရယ္ ...... နင္အခုေတာင္းေနတာ ငါ့နွလုံးသားေလဟာ

နင္ .... ငါ့နွလုံးသားနဲ႕ ငါ့ဘ၀တစ္ခုလုံးကုိေတာ့ ..... ဟင့္ .... မေတာင္း .... ပါ နဲ႕ လား ..."

ကြ်န္မပါဒူးေထာက္ျပိဳလဲမိေတာ့ သူပုိပုိျပီးရိႈက္ငုိပါသည္။ သူငုိေလ .... ကြ်န္မ ပုိပုိျပီးနာက်င္ေလေလ ...။

ရႈိက္သံမ်ားအၾကား ေတာင္းပန္ပါတယ္ ဆုိသည့္စကားကုိအထပ္ထပ္ေရရြတ္ေနျပန္ေတာ့
စိတ္နွင့္ပင္မရုိက္ရက္ခဲ့ေသာ အသားတုိ႕ကုိ
ထုရုိက္ပစ္လုိက္သည္...။ အသားနာသြားလ်င္
သူပုံမွန္အသိစိတ္ျပန္ရနုိင္မလား ..... ။ ေယာက်ာ္း
တစ္ေယာက္အတြက္ မိန္းမတစ္ေယာက္ထံ
ဒူးေထာက္ေတာင္းပန္ေနတာ သူ႕ပင္ကုိယ္စိတ္
မျဖစ္နုိင္ဘူး ...။ သူရူးသြားတာေနမွာ ...။

ဟုတ္တယ္ ..... သူအသိစိတ္လြတ္ေနတာ ....
နာေအာင္ရုိက္မွရမယ္.... ဒါမွအသိ၀င္မွာ....။

" နင္ရူးေနျပီ ... နင္တကယ္သြက္သြက္ခါေနျပီ ... ဟမ္ ... ငါမဟုတ္တဲ့တျခားမိန္းကေလးဆုိ
နင္ ... ဘယ္လုိလုပ္မလဲ .... နင္ အခုလုိ ...
ေအာက္က်ခံမလုိ႕လား... ေျပာစမ္း....."

ေသြးရူးေသြးတန္းရုိက္ခ်က္မ်ားမုိ႕မျပင္းထန္လွသည့္တုိင္ ျဖဴနုေသာအသားအရည္တြင္အရာထင္က်န္သည္အထိ တုတ္တုတ္မလႈပ္ဘဲျငိမ္ခံေနေသာအခါ အရုိက္ခံရသူထက္နမခ်ိမဆံ့နာက်င္ရသူမွာကြ်န္မကုိယ္တုိင္ပင္ျဖစ္ပါေတာ့သည္။

မိမိလက္ထပ္မည့္သူကုိလုယူခံရျခင္းနွင့္အတူ
အခ်စ္ဆုံးသူငယ္ခ်င္းက မိန္းမတစ္ေယာက္ကို
​ေအာက္က်ခံရျခင္းအတြက္မခံခ်ိမခံသာျဖစ္ျခင္း၊
သူေတာင္းဆုိေသာအရာကုိမေပးအပ္နုိင္သည့္အတြက္ ကုိယ့္ကုိယ္ကုိေဒါသထြက္ျခင္း၊စသည့္ခံစားခ်က္ေပါင္းစုံက ကြ်န္မအရႈိက္ကုိခပ္ျပင္းျပင္းရုိက္ခ်သလုိ ေအာင့္ခနဲ၊ လိႈက္ခနဲ။

နွစ္နွစ္ဆယ္တုိင္တစ္ၾကိမ္ေလးေတာင္မသုံးနႈန္းခဲ့ေသာစကားတစ္ခြန္းကုိအၾကိမ္ၾကိမ္ေရရြတ္ရင္း ကြ်န္မေျပးသည္။ကားေပၚေရာက္ျပီးေမာင္းထြက္လုိက္သည့္တုိင္
မည္သည့္ေနရာကုိ ဦးတည္ေနမွန္းကြ်န္မမသိ..။

" Shit ... ေစာက္ရူးပဲ ..... ေစာက္ရူးပဲဟာ
....... အားးးးးးးးးးးးး "


ေသလြန္တဲ့အခါ

တိမ္ကေလးပဲျဖစ္ခ်င္တယ္

ကုိယ္ငုိခ်ခ်င္ရင္

အခ်ိန္အခါမေရြး

မုိးေတြသည္းပစ္လုိက္ခ်င္တာ .......။ ။

ျမေသာ္က

Unicode

ထိုင်ခုံပေါ်သို့အရုပ်ကြိုးပြတ်ပြန်ထိုင်ကျသွားသည့်
လင်းစက်ကိုကြည့်ရင်းကျွန်မရင်မှာအောင့်ခနဲ။

မဟုတ်ဘူးလေ ...။ နင်အဲ့လိုဖြစ်နေရမှာမဟုတ်ဘူး ...။
ငြင်းလိုက် ... ငြင်းလိုက်လင်းစက်...။

" ဘာတွေလာမေးနေတာလဲ အူကြောင်ကြောင်နဲ့" လို့ရယ်ပြီးပြောတာဖြစ်ဖြစ်...။ မဟုတ်ရင်လည်း
" နင့်ကောင်နဲ့ငါကဘာပတ်သတ်ရမှာလဲ" လို့
ဒေါသတကြီးပြန်ဖြေတာဖြစ်ဖြစ်...။ လုပ်ပါ လင်းစက်..။

နင် တစ်ခုခုလုပ်လိုက်စမ်းပါ...။ အဲ့လိုကြီး သူခိုးလူမိ
သလိုသွေးမရှိတော့တဲ့မျက်နှာမျိုးနဲ့ ငါ့ကိုစိုက်ကြည့်မနေစမ်းနဲ့ ... တစ်ခုခုပြောလိုက်စမ်းပါ .... လင်းစက်
လုပ်စမ်းပါဟာ ...။

ခန္ဓာကိုယ်မှာရှိသမျှအင်အားအကုန်လုံးကိုဇွန်းပေါ်သို့
ဖိနှစ်ထားလိုက်ရင်းမျက်စိရှေ့မှ ကောင်လေးရဲ့လှုပ်ရှားမှုကို မျက်တောင်မခတ်တမ်းစောင့်ကြည့်နေမိသည်။

ဗုံးမိပြီးသေသွားသည့်အမေဖြစ်သူ၏ရုပ်အလောင်းရှေ့
မငိုနိုင်မပြုနိုင်ဖြစ်နေသောကလေးငယ်ကို
ငိုချလိုက်ဖို့ဖိအားပေးခဲ့ရသည့်အတွေ့အကြုံများနှင့်
ရင်းကာအရှေ့တည့်တည့်မှသူငယ်ချင်း တနည်းအား
ဖြင့်သွေးမနှောသည့်မောင်ငယ်လေး၏ တုန်လှုပ်မှုကို
တည်တည်ငြိမ်ငြိမ်ထိုင်ကြည့်နိုင်ဖို့ရာခံနိုင်ရည်စွမ်း
အကုန်သုံးထားသော်လည်း ကျွန်မပြိုလဲချင်နေပြီ။

ဟန်ဆောင်လိုက်စမ်း လင်းစက်...။

ငါတောင်းပန်ပါတယ် နင် ဟန်ဆောင်လိုက်စမ်းပါ .....။

အနည်းဆုံး နင်ညာလိုက်တာပဲဖြစ်ဖြစ် ....။

အခုချက်ချင်းမျက်နှာကိုပြန်ပြင်လိုက်တာဖြစ်ဖြစ်.....
ငါ့အနားကနေထထွက်ပြီး အခြေအနေကိုရှောင်
ထွက်လိုက်တာဖြစ်ဖြစ်
နင်တစ်ခုခုလုပ်လိုက်စမ်းပါဟာ .........

Pls လင်းစက် Pls....။

ထိုကောင်လေး၏ဟန်ဆောင်ခြင်းအတတ်ပညာတွင်
မကျွမ်းကျင်မှု၊အထူးသဖြင့်ကျွန်မနှင့်ဆိုလျင်
မကွယ်မဝှက်တတ်သော ပကတိစိတ်ရင်း ...
ထိုအချက်များကိုမျက်ကွယ်ပြုလျက် ကျွန်မကို
လိမ်ညာလိုက်ဖို့ရာမျှော်လင့်နေမိသည်..။

ကျွန်မအလိမ်ခံချင်ပါသည် .... ။ သူကျွန်မကိုငြင်းဆန်ပြီးလိမ်ညာလိုက်ခြင်းအားဖြင့်သူရောကျွန်မပါ အသက်ရှု
နိုင်မည်ဆိုလျင် ကျွန်မထာဝရ တုံးအသူသာဖြစ်လိုက်
ချင်တော့သည်....။

ကျွန်မဆိုနင့်ကြေမွနေတာထက်လင်းစက်ရဲ့
အတုန်တုန်အလှုပ်လှုပ်အခြေအနေကကျွန်မကိုပိုလို့
သွေးပျက် စေသည်။

အနေအေးသည်ဟုလူပြောများသောကျွန်မသည်
အမှန်တကယ်တော့ငတုံးတစ်ယောက်မဟုတ်ပါ။

လင်းစက်ပို့သော Email အသွားအလာအရ
သူမိတ်ဆက်ပေးမည်လူသည်သူ့အတွက်
အင်မတန်အရေးပါသောလူတစ်ယောက်မှန်း
ကျွန်မအတပ်သိသည်မို့ဒီနိုင်ငံကိုကျွန်မပြန်ရောက်လာ
ခဲ့ခြင်းဖြစ်သည်။ ကျွန်မ၏အချစ်ရေးကိုနှိုင်းယှဉ်ပြီးပြောထားခြင်းက ထိုလူသည်သူ့အချစ်ရေးနှင့်ပတ်သတ်ရ
မည်မှာမလွဲဧကန်။

ကျွန်မချစ်သောကောင်လေး၏ရွေးချယ်မှုကို ကျွန်မ
မျက်ဝါးထင်ထင်အသိအမှတ်ပြုချင်သည်။ပျက်ကွက်
ခဲ့ရသောကျွန်မမေတ္တာများအစား သူ့ကိုပျော်ရွှင်စေ
ခဲ့သောထိုလူကိုကျွန်မအပြည့်အဝကျေးဇူးတင်
ချင်မိသည်။

လေဆိပ်မှလာကြိုကတည်းကအရင်ကထက်ပိုပြည့်လာ
ပြီးစိတ်ချမ်းသာနေသောအရိပ်အယောင်အပြည့်လွှမ်းနေသည့် လင်းစက်၏ဟန်ပန်လေးကိုကြည့်ကာ ကျွန်မမှာအထပ်ထပ်ကြည်နူးမဆုံး...။

ယခင်ကမမြင်ခဲ့ဖူးသော၊ သူ့ထံတွင်ပျောက်ဆုံးနေခဲ့
သည်မှာကြာပြီဖြစ်သောလှိုက်လှိုက်လှဲလှဲပျော်ရွှင်
တက်ကြွမှုကို ကျွန်မကြက်သီးထရသည်အထိခံစားမိ
ရသောအခါ သူ့အားပြောင်းလဲစေခဲ့သော
ထိုတစုံတယောက်အားချက်ချင်းပင်ပြေး၍ပွေ့ဖက်ချင်မိသည်အထိပင်....။

ကောင်မလေးတစ်ယောက်ဟု ထင်ခဲ့သည်ကိုး...။

သူ့ထက်အသက်ကြီးသည့်အမျိုးသမီးမျိုးကိုသဘောကျတတ်သူမို့အရွယ်ကွာဟနေလျင်တောင် အမျိုးသမီး
တစ်ယောက်ဟုသာယူဆထင်မြင်ခဲ့မိသည်မို့...။

ဆိုင်ထဲအရောက်မမျှော်လင့်ထားသူဖြစ်နေသည့်တိုင်
စိတ်ထဲအနည်းငယ်တွေဝေသွားသည်မျှအပ စိုးစဉ်းမျှ
သံယမဝင်ခဲ့သေး..။

ကျွန်မယုံကြည်ခဲ့ပါသည်။ ချက်ချင်းပျက်ယွင်းသွားသည့်
မျက်နှာနှင့်လင်းစက်ကိုသော်လည်းကောင်း
မဖြစ်မနေဟန်မပျက်ထိန်းထားလိုက်ရသည့် မောင့်
အသွင်ကိုလည်းကောင်းကျွန်မအထူးအထွေမတွေးမိခဲ့။

သန့်စင်ခန်းမှပြန်လာပြီးမို့အစ်နေသည့်မျက်ဝန်းများ
သည်သေချာပေါက်ငိုလာခြင်းဖြစ်ကြောင်းသူနဲ့အတူ
ကြီးပြင်းခဲ့သည့်ကျွန်မသိနေမည်မှန်း မတွေးမိသည့်လင်းစက်၏အတွေးတိမ်ပုံကိုပင်အပြစ်တင်ရမည်လား။

အက်ကြောင်းထပ်နေသော မြန်မာဇာတ်ဝင်ခန်းများနှင့်ဆင်တူနေသည့်ကျွန်မတို့၏တိတ်တဆိတ်စကားဝိုင်းကို
မဟုတ်နိုင်ပါဘူးဟူသောစကားလုံးအားစိတ်တွင်း
အထပ်ထပ်ရေရွတ်ရင်းဟိုဟိုသည်သည်လျှောက်
ပြောနေခြင်း ကိုလည်း ထိုသူနှစ်ယောက်သတိထားမိပုံ
မပေါ်...။

မောင်မကြိုက်သောအစားအစာကိုအလွတ်ရနေခဲ့သော လင်းစက်သည် ကျွန်မ မစားသောမုန်လာဥနီကိုကျွန်မ
ပန်းကန်ထဲမှ အရင်လိုဖယ်ယူရွေးထုတ်မပေးတော့...။

ခေါင်းငုံ့နေသောမောင်နှင့် အလာကနှင့်မတူ
ငေးငိုင်သွားသောလင်းစက်အား မိတ်ဆက်စကားဆိုပေးရန်ပုံမှန်အတိုင်းဆိုပြောသင့်ပေမယ့် ဘာမှန်းမသိသည့်တစုံတရာကြောင့်ကျွန်မနှုတ်တို့ဆိတ်ဆိတ်ငြိမ်
နေခဲ့မိသည်။

လင်းစက်လက်တစ်ဖက်ကိုအုပ်ကိုင်ရင်း အားပေးနေဟန်ဖြင့်မောင်ရောထိတ်လန့်ခြောက်ခြားနေသည့်မျက်နှာမျိုးဖြင့်အရှိုက်တငင်သက်ပြင်းမောချနေသည့်
လင်းစက်ရောမှန်အပြင်ဘက်မှာဖုန်းကိုကိုင်ရင်း
အရှင်လတ်လတ်ငရဲကျနေခဲ့ရသည့်ကျွန်မကိုသတိမပြုမိခဲ့ကြပါ။

ဟန်ဆောင်ခြင်းဖြင့် ကျွန်မဝဋ်ကြွေးကြီးခဲ့ရသည့်
တင်္ဒဂများပါပေ..။

ဟင့်အင်း ... မဖြစ်နိုင်ပါဘူး။
ကျွန်မအမြင်မှားတာပါ .... ကျွန်မတစ်ခုခုမှားသိနေတာ
နေမှာပါ..... ဒီလောက်လေးနဲ့ဆက်ဆံရေးတစ်ခုကို
အလွယ်တကူကောက်ချက်ချလိုက်ရင်
တစ်ဖက်သားရဲ့သိက္ခာကိုမဆင်မခြင်စွက်ဖက်သလို
ဖြစ်နေမှာပေါ့။

နှစ်ယောက်လုံးကကျွန်မလေးစားတန်ဖိုးထားရသည့်
အမျိုးသားတွေလေ။ထိုသူနှစ်ဦးသည် ဘာမဟုတ်သည့်ထင်မြင်ချက်တစ်ခုဖြင့် မနောကံကိုကျူးလွန်စေရန်
ကျွန်မအတွက်သေးသေးမွှားမွှားလူတန်းစားမျိုးမဟုတ်။

တန်ဖိုးထားရလွန်းသဖြင့် ယူဆချက်တခုတလေဖြင့်
ပင်သူတို့ကိုထိခိုက်အောင် ကျွန်မကိုယ်တိုင်တောင်
ခွင့်မပြုဝံ့သောလူသားများ။

ကြောက်စရာသံသယအမျှင်တန်းများကိုဖုံးကွယ်သိမ်း
ဆည်းရင်းအခြေအနေတစ်ခုကိုကျွန်မ စောင့်ကြည့်နေ
ဖြစ်သည်။အမှန်ဆိုရလျင်ကျွန်မမည်သည့်အရာကိုမျှ
မရိပ်မိစေရန် မျက်စိပိတ်နားပိတ်နေနေခဲ့ခြင်းသာ
ဖြစ်သည်။

ပြသနာတစ်ခုကိုရှောင်ဖယ်ကွေ့ပတ်နေသည်မှာကျွန်မပုံစံအစစ်အမှန်မဟုတ်သော်လည်း အမှန်တကယ်အားဖြင့်ကျွန်မထိတ်လန့်တုန်လှုပ်နေပါသည်။မိန်းကလေး
တစ်ယောက်၏ အလိုအလျောက်သိစိတ်တစ်ခုကိုလည်း
ထိုအချိန်တွင်မှ ကျွန်မမုန်းတီးမိပါတော့သည်။

မောင့်ဘက်ကိုကျွန်မအရင်ဆုံးတွေးသည် ....။
ကျွန်မတို့ချစ်သူသက်တမ်းတစ်လျှောက်
ကာလံဒေသံကြောင့်သော်လည်းကောင်း မောင့်သိက္ခာအနေအထားရသော်လည်းကောင်း
ကျွန်မတို့နှစ်ယောက်၏နေထိုင်မှုပုံစံကြောင့်
သော်လည်ကောင်းနီးစပ်မှုဟူသည် သာမာန်သမီးရည်းစားများနှင့်စာလျင် အချိုးအစားနည်းပါးလှသည်။

သည်ကြားထဲမှာ နှစ်နဲ့ချီ၍ပြတ်တောက်ခဲ့ရသောအဆက်အသွယ်အကွာအဝေးကြောင့်မောင့်အနေဖြင့်တစုံတယောက်ကိုစိတ်အပြောင်းအလဲလေးဖြစ်ခဲ့လျင်ပင်
ဒါဟာကျွန်မအသုံးမကျမှုကြောင့်ဟုသာ ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး ခွင့်လွှတ်နားလည်ပေးနိုင်ပါသည်။

မောင်သိက္ခာတရားကိုအကြွင်းမဲ့ယုံကြည်ခဲ့သော်ငြာ
းမောင်သည်လည်းလူထဲမှလူ၊ ယောကျာ်းထဲမှယောက်ျား
တစ်ယောက်။ အာသဝေါကုန်ခမ်းနေသည့်
ရဟန္တာမဟုတ်။

မည်မျှလောက်ပြီးပြည့်စုံသည့်လူဖြစ်ပါစေချွတ်ချော်ချို့ယွင်းနိုင်သည်ကိုကျွန်မအနေနှင့် လက်ခံသဘောပေါက်ပြီး
ဖြစ်သည်။

မောင့်ဘက်ကသာစာရွက်ပေါ်မှအချုပ်အနှောင်ကင်
းသော်လည်းအသိုင်းအဝိုင်းမှတော်တော်များများသိ
ကြသော ကျွန်မတို့နှစ်ယောက်၏လူသိထင်ရှားဆက်ဆံရေးတစ်ခုကိုမပြောင်းလဲ၊မပြတ်တောက်ချင်ပါလျင် ကျွန်မအနေဖြင့်မည်သည့်အရာကိုမဆို အဆက်
အသွယ်စဖြတ်ခဲ့သည့်ကျွန်မအပြစ်နှင့်စပ်လျင်းပြီး
ထိုကြိုးအားဆက်လက်နှောင်တွယ်ပေးဖို့အသင့်ပင်..။

မရှက်မကြောက်ဝန်ခံရလျင် ကျွန်မမောင့်ကိုချစ်သည်။

တာဝန်နှင့်ဝတ္တရားများကြား ကိုယ်လက်မလှည့်နိုင်သည့်တိုင် မောင့်အပေါ်ထားသောချစ်ခြင်းမေတ္တာသည်
စီးနေသည့်ရေကဲ့သို့အလျင်ပြတ်ခြင်းမရှိအစဉ်မြတ်နိုး
နေဆဲဖြစ်သည်။ဘဝတွင်ဦးဆုံးချစ်ရသူမို့ စိတ်ဝိညာဉ်
နှင့်နှလုံးသားအား မတွန့်မတိုပေးအပ်ပြီးသားဖြစ်ရာ
အချိန်ကာလအပိုင်းအခြားက ကျွန်မ၏
မေတ္တာတရားကိုပိုင်းကန့်ဖြတ်တောက်ခြင်းငှာ
မစွမ်းနိုင်....။

ဘယ်လောက်ပဲထက်မြက်ပြီးအသိညဏ်နှင့် ပညာညဏ်မြင့်မားသည့်မိန်းမဖြစ်ပါစေ အချစ်တွင်တစ်ကြိမ်
တစ်ခါ ဒူးထောက်အရှုံးပေးရသည်ကို
ကျွန်မလက်ခံပါသည်။

ကျွန်မအနေဖြင့်မောင့်ဆုံးဖြတ်ချက်ကိုသာလိုက်နာပြီးမောင်ကသာ စိတ်အလှည့်အပြောင်းတစ်ခုပါဟု
မကွယ်မဝှက်ဆိုလာလျင် အရာရာပြည်ဖုံးကားချပြီး
မေ့ပစ်လိုက်ဖို့ဝန်မလေး။

သို့သော်..........ထိုတစုံတယောက်သည်ကျွန်မဘဝထဲမှတစိတ်တပိုင်းဖြစ်နေသောအခါ ကျွန်မဘာကို
ဆုံးဖြတ်ရမည်နည်း။ သေချာရေရာသော တိုင်ပင်
ဆွေးနွေးမှုတစ်ခုမပြုလုပ်ရသေးခင်ပင်

" ကိုယ်အခု အရေးတကြီးနယ်ဆင်းစရာရှိတယ်တစ်
ပါတ်လောက်ပဲကြာမှာပါ ပြန်လာရင်
ကိုယ့်မှာပြောစရာစကားတွေအများကြီးရှိတယ်
ကိုယ်တို့ ....... သေချာစကားပြောဖို့လိုတယ်"

ဟုမှာရင်းခရီးထွက်ခွာသူကိုနောက်ဆံမတင်းစေချင်
သောစိတ်ရင်းစေတနာဖြင့်ကျွန်မဟန်ဆောင်ပြုံးပြ
ခဲ့ပါသည်။

မောင်မှသည်ကိုယ်ဟုပြောင်းလဲခဲ့သော
နာမ်စားသည်ကျွန်မစိတ်မှတ်မှားခဲ့ခြင်းမဟုတ်ကြောင်း အသိအမှတ်ပြုရသည့်အခါထင်ထားသည်ထက်
ပိုနာကျင်ခဲ့ရပါသည်။

စကားငါးခွန်းပြောလျင် လင်းစက်အကြောင်း သုံးခွန်းပါလာသည်ကိုလည်း ကျွန်မနာနာကျင်ကျင်ပင်ပြုံးနေခဲ့မိ သည်။

ကျွန်မချစ်သောသူထံမှ ကျွန်မမသိရှိခဲ့သည့်ချစ်သောတစုံတယောက်အကြောင်း ပြန်ကြားရခြင်းကသံသယများစွန်းထင်းနေသောကျွန်မအတွက် ရင်ဘတ်ပေါ်တွင်ဖယောင်းတိုင်တင်ထားသကဲ့သို့ပင် အကြိမ်ကြိမ်လောင်ကျွမ်းပြာကျရသည်နှင့်အတူ အဖန်ဖန်ကျသောဖယောင်းရည်များကလည်း ပူလောင်လျက်။

မောင့်ဖုန်းတွင်မှတ်ထားသောကလေးဟူသောအမည်
နာမအောက်မှနံပတ်တစ်ခုကိုEmailတွင် မြင်ခဲ့ရရုံနှင့်
အလွတ်ရသည်အထိကျွန်မမမှတ်မိခဲ့သင့်။ထိုနံပတ်တွင်ပေါ်နေသည့် လွတ်လွတ်လပ်လပ်ပြုံးနေသော မျက်နှာနုနုမှာ တမြတ်တနိုးရိုက်ယူထားသည့်ပုံမှန်းကျွန်မ
မခန့်မှန်းမိသင့်။

သူတို့နှစ်ယောက်၏ရင်းနှီးမှုအတိုင်းအတာကို Ship
သည်ဟူသော ကျွန်မမကျွမ်းဝင်သည့်စကားလုံးမျိုးဖြင့်
မိတ်ဆက်ပေးလာသူမှာ ကျွန်မသူငယ်ချင်း ထိုထက်ပိုဆိုရလျင် လင်းစက်၏အတန်းဖော်မဖြစ်ခဲ့သင့်။

တအုံ့နွေးနွေးခံစားချက်များကိုကျွန်မဖောက်ထုတ်
ပစ်ချင်ခဲ့သည်။ မောင်ဟာကျွန်မအတွက်အလေးထားရသူမှန်ပေမယ့် လင်းစက်နှင့်ယှဉ်လျင်တော့မောင်ဟာ သူစိမ်း ...။

လင်းစက်ကိုယ်တိုင်ပြောပြသည်ကိုကျွန်မကြားချင်
သည် .... ဟင့်အင်း အတိအကျပြောရရင် လင်းစက်က
ငြင်းလိုက်သည်ကိုကျွန်မလက်ခံချင်သည် ...။
ဟုတ်တယ် ....... လင်းစက်ကသေချာပေါက်ငြင်းမှာပါ ...။

ဒါဟာမဖြစ်နိုင်တဲ့ပတ်သတ်မှုတစ်ခုပဲလေ .....။
လင်းစက်ကကောင်မလေးတွေကိုပဲကြိုက်တတ်တာပါ ....။မောင်ကလည်း.....မောင်ကလည်း....။
ထိုခဏတွင် LGBTစကားစုမှ B ၏ Definition ကို
ကျွန်မလုံးဝမေ့ထားခဲ့သည်ကိုတော့မဖြစ်မနေ ဝန်ခံရပါလိမ့်မည်။

လင်းစက်ကြိုက်တတ်သောမုန့်များကိုအချိန်ယူ
လုပ်ကိုင်ကာသူကြိုက်တတ်သည်များကိုချက်ပြုတ်ပြီး
နောက်သူ့တိုက်ခန်းကိုဦးတည်မိသည်။

မဟုတ်ပါဘူး ငါသံသယလွန်နေတာပါလို့ဂါထာရွတ်သလိုကြိမ်ဖန်များစွာ ရေရွတ်ရင်း ကျွန်မနှင့်မတူညီစွာ
မငြိမ်မသက်ဖြစ်နေသည်ကိုလည်း မကြိုက်...။

တကယ်မှမဟုတ်တာပဲလေ ကျွန်မဘာလို့ကြောက်နေရတာပါလိမ့်။

သူနှင့်ကျွန်မကြားအရာရာအရင်အတိုင်းဖြစ်သွား
မည်ဟုမျှော်လင့်တွေးများသည်သူ့ရေခဲသေတ္တာဘေးမှာ ကပ်ထားသော Sticky Noteပေါ်မှ

" ညီ......ထမင်းမှန်မှန်စားနော်ကလေး"

ဟူသည့်လက်ရေးဝိုင်းများကိုမှတ်မိနေရာမှ
စတင်ပြိုပျက်သည်။ ထို့နောက်
လူတစ်ယောက်၏ပခုံးပေါ်ခေါင်းမှီတင်ထားသော
လူငယ်တစ်ယောက်နှင့်ထိုလူငယ်ကိုငုံ့ကြည့်နေသည့်
မျက်ဝန်းများတွင်မြတ်နိုးမှုများပြည့်လျှံနေသည့်မျက်မှန်နှင့်လူတစ်ယောက်တို့၏ Selfie ပုံတစ်ပုံ TV စင်နောက်နားမှာထောင်ထားသည်ကို မှတ်မှတ်ထင်ထင်လှမ်းမြင်မိ
သည့်အခါ ဒီလောက်ကြည်လင်ပြတ်ထင်နေရကောင်းလားဟု မျက်မှန်ဆိုင်ကိုအပြစ်တင်မိပြန်သည်။

စစ်မြေပြင်တွင်နေသားကျခဲ့သည့်အကျိုးဆက်အဖြစ်မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုစွမ်းရည်မြင့်တက်လာသည်ကိုလည်းမုန်းတီးမိသည်။ မရည်ရွယ်ပါဟုမိမိဘာသာလိပ်ပြာလုံစေရန်ဆင်ခြေတင်ပြီး လင်းစက်တစ်ခုခုပြောလာ
စေရန်ကျွန်မအတင်းအကြပ်ကြိုးစားသည်။

အပျက်ပျက်အယွင်းယွင်းသောပုံစံကိုတဖြည်းဖြည်းတွေ့လာရသည့်အခါကျွန်မကူကယ်ရာမဲ့ပါတော့သည်။

ထိုကောင်လေး၏မပိုင်နိုင်သောထိန်းချုပ်မှုကိုနင်းချကာ
ချောင်ပိတ်ခဲ့မိသည်။  ကျွန်မယုတ်မာမိသည်ဟုပင် လက်ညိုးထိုးပါစေ
တော့ ..... သူ့ဘက်ကမရှုနိုင်မကယ်နိုင်
အရိပ်အယောင်များမြင်ရလေလေဖြစ်ရပ်မှန်ကို ကျွန်မမသိစိတ်မှလက်ခံလိုက်ရလေလေ.......ကျွန်မရင်တွေသည်လည်း ပေါက်ကွဲထွက်တတ်မတတ်ပျက်စီးယိုယွင်း လာလေလေပင်....။

ချောင်ပိတ်မေးခွန်းများမေးသည်မှာ ကျွန်မဖြစ်ပေမယ့် တကယ်တမ်းထွက်မရအောင်ချောင်ပိတ်မိနေ
သည်မှာ ကျွန်မပင်ဖြစ်ပါသည်။

သူ့ဆီကအတိအကျသောအဖြေကိုစောင့်မျှော်နေပါလျက် တစုံတခုထွက်မလာဖို့ကိုလည်း အဆူဆူသောဘုရားတို့ထံ အလွဲလွဲအချော်ချော်တောင်းဆုပြုမိသည်။

မောင်ကြိုက်တတ်သည်များကို တရစပ်ပြောနေချိန်တွင် လင်းစက်နှုတ်ခမ်းထောင့်တွင်တွဲလဲခိုနေသော
အပြုံးများက ကျွန်မကိုနုပ်နုပ်စဉ်းနေသလိုခံစားရသည်။

ဟင့်အင်း ....... လင်းစက်ရယ်

မသိလိုက်ပါနဲ့လား .....

" ဟ .... သူ့အကြိုက်တွေအကုန်သိရအောင်
ငါကအားနေလို့လား"

များဖြေလိုက်လေမလား.....ကျွန်မကြိတ်မျှော်လင့်နေခဲ့တာပါ..။ဘာမှမသက်ဆိုင်ပါဘူးဟူသောအဖြေတစ်ခုကို အောင်စာရင်းစောင့်သလိုရင်တခုန်ခုန်စောင့်နေခဲ့တာ ..။

"ငါ......မောင့်ကိုချစ်တယ်လင်းစက်"ဟူသောစကား
သည်နှလုံးသားအားဖိနှိပ်ခြေမွပြီးမှ လည်ချောင်းသို့
ရောက်လာခဲ့သည့်အခိုက် ကျွန်မကိုယ်ကျွန်မ ရွံရှာမုန်းတီးမိပါသည်။

" ငါပိုင်တယ်" ဟူသော မဏ္ဍာပ်တိုင်ကိုတက်ပြရန်
ဘုရားဘေးကငြမ်းကိုရက်ရက်စက်စက်ခွာချရသူမှာလည်း
မျက်ရည်လည်ရွဲ.... တရားကျစရာပင်ကောင်းလှ၏...။

" ပြောပါ ...... နင်နဲ့မောင့်ရဲ့ပတ်သတ်မှုအစစ်အမှန်ကလွဲပြီး တခြားဘာမဆိုငါ့ကိုပြောပါ"

မပြောလိုက်နဲ့..........မပြောနဲ့နော်.......လင်းစက်...
ကြောက်စရာကောင်းလောက်အောင်ပင် အသက်ရှုသံ
များသာကြီးစိုးနေသောရပ်ဝန်းငယ်တွင်နှလုံးသားနှစ်ခုအပြိုင်အဆိုင်ကြွေကျသည်ကို မည်သူသိမည်နည်း။

တည့်တည့်ကြည့်နေသောမျက်ဝန်းနှစ်စုံလုံးသည်အပူအအေးဒဏ်ကို တလှည့်စီခံလိုက်ရသောဖန်ခွက်က
လေးကဲ့နှယ်ဖျိုးခနဲဖျတ်ခနဲကွဲအက်နေကြသည်။
လက်နဲ့ထိလိုက်ရုံနှင့်ကြွေကျလုမတတ်ပင်..။

" နင် ..... သိ ... နေ ... ခဲ့တာလား သော်က.."

တင်းတင်းဆုပ်ကိုင်ထားသောဇွန်းလေးပန်းကန်ပေါ်သို့
ပြုတ်ကျသံကပင်အင်မတန်ကျယ်လောင်လွန်းလှ သည်...။

သွားပြီ ...

တုန်ရီသောနှုတ်ခမ်းပါးမှဖြစ်သော်လည်း ဟိုး အတွင်းပိုင်းကဖျစ်ညှစ်ထားသလိုထွက်ပေါ်လာ
သော လေသံသည်အမှန်တရားကိုအသိပေးလိုက်ပုံ။

" ငါက .. ဘာကို ... ဘာကိုသိရမှာလဲ"

ဝိုင်းစက်သောမျက်ဝန်းငယ်သည် ရဲသောအရောင်သို့ ပြောင်းလုပြီ။

" နင်နဲ့ ... မောင်နဲ့ ....... ဘာမှ ... မ ပတ် သတ် ..." အဆုံးထိမထွက်လာ၊ မထွက်ဝံ့သောစကားလုံးတို့က တိုးတိတ်တိမ်ဝင်သွားသည်နှင့် တချိန်လုံးတင်းထား
သော မျက်ရည်တစ်ပေါက်လက်ခုံပေါ်သို့ကျသည်။

" ငါ .... ငါ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် "

လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီသလိုပွတ်တိုက်ရင်းရေရွတ်သူထံ ပေါက်ကွဲမှုအားကလွင့်စဉ်တော့သည်။

" ဘာလို့တောင်းပန်တာလဲ ဘာလို့လဲ ..... နင်က
ဘာလို့တောင်းပန်နေရတာလဲ ဟမ် ..... ငါ့ကိုပြောစမ်း
နင်ကဘာလုပ်ထားလို့လဲ ......"

တစ်ကြိမ်တစ်ခါမှ သုံးနှုန်းခဲ့ခြင်းမရှိသောလေသံမာဖြင့် အံကြိတ်ရင်းမေးမိသည်။

နှုတ်ခမ်းပါးလျလျကို သွားဖြင့်အားကုန်ဖိကြိတ်လျက် ကျလုလုမျက်ရည်စကို တင်းခံထားပုံက ကျွန်မရင်ကို
တူတစ်ချောင်းဖြင့်ထုနှက်သကဲ့သို့တင်းကြပ်ကျိုးပဲ့ စေပါသည်။

" ငါတောင်းပန်ပါတယ် ..... ငါ ... တကယ် .... တောင်း ပန် .... အင့် .... သော်ကရယ် ငါလေ ..."

ပြတ်တောင်းသောစကားသံတို့ကိုကျွန်မအားစိုက်နားမထောင်နိုင်တော့ .... တကယ်တမ်း
ကျွန်မခံနိုင်ရည်မရှိ။

ရည်းကိုကိုလူလုလျင်အူနုကိုကျွဲခတ်သည်လားတော့မသိ ကျွန်မအတွင်းကလီစာများကတော့စိတ်မှန်းနှင့်ပင်
အပိုင်းပိုင်းပြတ်လို့နေပြီ။

အကယ်၍မိန်းကလေးတစ်ယောက်သာဖြစ်နေခဲ့လျင်....ကျွန်မချစ်သူကလည်း ကျွန်မဘက်မှာရှိနေခဲ့ပါလျင်
ဒီကိစ္စရပ်မျိုးကိုအပြုံးလေးနှင့်သာဖြေရှင်းနိုင်မည် ဖြစ်သော်လည်း မိန်းမတစ်ယောက်မဟုတ်သည်သာမက ယောကျာ်းမှ တယုတယချစ်ခင်ရပါသော မောင်လေး။

ကျွန်မအဖြစ်ကယောကျာ်းတစ်ယောက်နှင့်မှ လွဲမှားရလေခြင်းဟု ချစ်သူကိုရောသူငယ်ချင်းကိုပါ
အပြစ်တင်ရမလား။ ဒါမှမဟုတ် သစ္စာဖောက်ခြင်းကို ပင် ရင်နာရမလား။

ဒါမှမဟုတ် ... ဟင့်အင်းမသိတော့ဘူး ခေါင်းတခုလုံး
အုံခဲနေခဲ့ပါပြီ...။ တော်သင့်ပြီပေါ့ ....။

အနှုတ်လက္ခဏာပြနေသော ခံနိုင်ရည်စွမ်းကြောင့်
မတ်တပ်ရပ်လိုက်ပေမယ့်ယိုင်နဲ့လို့သွားသည်။

အသံမထွက်ဘဲကြိတ်ငိုနေသူကိုကျောခိုင်းရန်ပြင်ခိုက်
မထင်မှတ်ထားသောလုပ်ရပ်တစ်ခုကြောင့်
လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်မိရတော့သည်။

ခုံပေါ်မှာထိုင်နေရာက မတ်တပ်ရပ်နေသောကျွန်မရှေ့
ဒူးထောက်ချလိုက်သည့်လင်းစက်...။
တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါသာမြင်ဖူးသော
သူ့မျက်နှာမှ ကြောက်လန့်တုန်လှုပ်ခြင်းက
ကျွန်မကိုအကြိမ်ကြိမ်လိပ်ပြာလွင့်စေသည်။

" ငါတောင်းပန်ပါတယ် ...... ငါ ... ကိုကို မရှိရင် ...
မဖြစ် ... ဘူး "

" လင်းစက် နင် အဲ့လိုမလုပ်နဲ့လေ ငါနင့်ကိုအကုန်လုံးပေးခဲ့တယ်.... အရာရာ .... အား .. လုံး"

" ငါသိတယ် .... နင်ငါ့ကိုအမြဲဦးစားပေးခဲ့တယ် .... ဒါ ရွံ့စရာကောင်းတယ်ဆိုတာ ငါ ... သိပါတယ်...

ဒါပေမယ့်... ဒါပေမယ့် ငါ့နားက ကိုကို့ကို... ကိုကို့ကို .. ပြန်ခေါ် .. မသွား .. ပါနဲ့"

" အား .......... နင်ရူးနေပြီ နင်ရူးသွားပြီပဲနေအလင်းစက် ..... နင်တကယ်ရူးနေပြီ"

" ဟုတ်တယ် ... ငါ တကယ်ရူးသွပ်နေပြီ နင်ကြိုက်တာပြောပါ.... ငါ့ကိုသေအောင်သတ်ချင်လည်း ရတယ် ငါ့အနားကတော့ ကိုကို့ကိုဆွဲမထုတ် .. သွားပါနဲ့.... အင့် .. ငါနင့်ကို.. တောင်း .. တောင်းပန်ပါတယ်ဟာ"

ဒူးထောက်ရင်းကကျွန်မလက်နှစ်ဖက်ကိုဆွဲကိုင်ရင်းမျက်ရည်လည်ရွှဲပြောနေသူကြောင့်ကျွန်မပါ ရူးသွပ်ချင်လာ သည်။အဲ့ဒီလောက်တောင်လား.....နင်အဲ့ဒီလောက်
တောင်ချစ်တာလား....... ငါ့ရင်တွေနာလိုက်တာ။

" ငါ ငယ်ငယ်ကတည်းက နင့်ကိုအကုန်ပေးခဲ့တယ် ....
နင်လိုချင်တာမှန်သမျှ အားလုံး ....
ငါ့အရုပ်ကလေးကအစ ..... ငါ့လွယ်အိတ်ကလေးအဆုံး ...... နင်လိုချင်တာမှန်သမျှ

ငါမတွန့်တိုခဲ့ဘူး .......... ဒါပေမယ့်လင်းစက်ရယ် ...... နင်အခုတောင်းနေတာ ငါ့နှလုံးသားလေဟာ

နင် .... ငါ့နှလုံးသားနဲ့ ငါ့ဘဝတစ်ခုလုံးကိုတော့ ..... ဟင့် .... မတောင်း .... ပါ နဲ့ လား ..."

ကျွန်မပါဒူးထောက်ပြိုလဲမိတော့ သူပိုပိုပြီးရှိုက်ငိုပါသည်။ သူငိုလေ .... ကျွန်မ ပိုပိုပြီးနာကျင်လေလေ ...။

ရှိုက်သံများအကြား တောင်းပန်ပါတယ် ဆိုသည့်စကားကိုအထပ်ထပ်ရေရွတ်နေပြန်တော့
စိတ်နှင့်ပင်မရိုက်ရက်ခဲ့သော အသားတို့ကို
ထုရိုက်ပစ်လိုက်သည်...။ အသားနာသွားလျင်
သူပုံမှန်အသိစိတ်ပြန်ရနိုင်မလား ..... ။ ယောကျာ်း
တစ်ယောက်အတွက် မိန်းမတစ်ယောက်ထံ
ဒူးထောက်တောင်းပန်နေတာ သူ့ပင်ကိုယ်စိတ်
မဖြစ်နိုင်ဘူး ...။ သူရူးသွားတာနေမှာ ...။

ဟုတ်တယ် ..... သူအသိစိတ်လွတ်နေတာ ....
နာအောင်ရိုက်မှရမယ်.... ဒါမှအသိဝင်မှာ....။

" နင်ရူးနေပြီ ... နင်တကယ်သွက်သွက်ခါနေပြီ ... ဟမ် ... ငါမဟုတ်တဲ့တခြားမိန်းကလေးဆို
နင် ... ဘယ်လိုလုပ်မလဲ .... နင် အခုလို ...
အောက်ကျခံမလို့လား... ပြောစမ်း....."

သွေးရူးသွေးတန်းရိုက်ချက်များမို့မပြင်းထန်လှသည့်တိုင် ဖြူနုသောအသားအရည်တွင်အရာထင်ကျန်သည်အထိ တုတ်တုတ်မလှုပ်ဘဲငြိမ်ခံနေသောအခါ အရိုက်ခံရသူထက်နမချိမဆံ့နာကျင်ရသူမှာကျွန်မကိုယ်တိုင်ပင်ဖြစ်ပါတော့သည်။

မိမိလက်ထပ်မည့်သူကိုလုယူခံရခြင်းနှင့်အတူ
အချစ်ဆုံးသူငယ်ချင်းက မိန်းမတစ်ယောက်ကို
အောက်ကျခံရခြင်းအတွက်မခံချိမခံသာဖြစ်ခြင်း၊
သူတောင်းဆိုသောအရာကိုမပေးအပ်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုဒေါသထွက်ခြင်း၊စသည့်ခံစားချက်ပေါင်းစုံက ကျွန်မအရှိုက်ကိုခပ်ပြင်းပြင်းရိုက်ချသလို အောင့်ခနဲ၊ လှိုက်ခနဲ။

နှစ်နှစ်ဆယ်တိုင်တစ်ကြိမ်လေးတောင်မသုံးနှုန်းခဲ့သောစကားတစ်ခွန်းကိုအကြိမ်ကြိမ်ရေရွတ်ရင်း ကျွန်မပြေးသည်။ကားပေါ်ရောက်ပြီးမောင်းထွက်လိုက်သည့်တိုင်
မည်သည့်နေရာကို ဦးတည်နေမှန်းကျွန်မမသိ..။

" Shit ... စောက်ရူးပဲ ..... စောက်ရူးပဲဟာ
....... အားးးးးးးးးးးးး "


သေလွန်တဲ့အခါ

တိမ်ကလေးပဲဖြစ်ချင်တယ်

ကိုယ်ငိုချချင်ရင်

အချိန်အခါမရွေး

မိုးတွေသည်းပစ်လိုက်ချင်တာ .......။ ။

မြသော်က

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

152K 8.1K 34
တိမ်ပြာတွေ မရှိတဲ့ ကောင်းကင်ကြီးက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိနိုင်ပါ့မလဲ...။ (ကောင်းကင်သစ်) တိမ်တွေဆို...
26.2K 880 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...
1.3M 56.8K 68
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...