PRO ||Season 2||
De HsuChiKo365
1.5M 165K 7.6K
Boy Love Story Romance , Drama & other age limited feelings (unicode & zawgyi) Mais
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပို်င်း ၂၆
အပိုင်း ၂၇-၁
အပိုင်း ၂၇-၂
အပိုင်း ၂၈ -၁
အပိုင်း ၂၈-၂
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
Ending Part One
Ending
ကျေးဇူးတင်လွှာ
Extra
Geisha
အပိုင်း ၎
38.2K 4.5K 278
De HsuChiKo365
်အမှန်မပြောတာလဲ?"
"ညီ ရှက်နေတယ်လေဗျ။ ကိုယ် အမှန်အတိုင်း
ကိုတော့ ချန်ခဲ့မယ်။ အဲ့လိုဆို အဆင်ပြေလား
ညီ"
"အသည်းတွေယားတယ်။ ဒါဆိုမပြောပဲထားတဲ့
ဟာက ဘာလဲ Rain"
မလား ခုက"
"ပြောရဲ ပြောကြည့်လေ"
ညီ တမင် လုပ်နေတာလား။ တကယ်ပဲ မပြော
စေချင်၍ ရှက်နေတာလား။ ညီ မရှက်တတ်တာ
ပြောပြမယ်"
၏။
"ဟာဗျာ..."
အောင်"
ခင်ဗျ"
လဲ ဆိုရင် ကိုစက် ပါ။ ကိုစက်က နောက်ပြောင်
ကိုစက် Wu Ai Ni"
the sceneတွေ။ ဟုတ်တော့လည်း ဟုတ်ပါ
အမှန်ပင်။
လား?"
"ဟား ဟား တကယ်လား Rain"
"ဟုတ်တယ်ခင်ဗျ။ ကိုယ် တကယ်လည်း
ဘူးလေ"
နော်"
တော့..."
လား?"
"ဖြစ်စရာလား?"
ဖြစ်တဲ့ အချိန်ပါ။ Nong Rainက ရန်ကုန်က
"ဟုတ်ကဲ့ ခင်ဗျ"
အားပေးလာပြန်၏။
အောင်"
"သားသား"
ထွက်လာသော အသံ။ ကိုယ် တကယ်Shock
Interviewထားတာလား။
လူတွေထဲ မေ မပါဘူး။ မေ့သား ဘယ်လောက်
ကြတော့မှာပါ။ အပြင်လောကမှာလည်း
ထားတယ်။ အဲ့ဒါ တကယ်လား"
"ဟုတ်တယ် ခင်ဗျ။ Series Scriptထွက်
"ရေစက်ဆိုတာနော်။ တကယ် မယုံလို့မရဘူး။
ကာ
စာနာတဲ့ စိတ်ပဲလိုတာ။ အန်တီ့ကလေးမှာ အဲ့လို
တွေထက် ပိုနာတယ်။ အန်တီဒီအနုပညာအလုပ်
ရှိတာ ဂုဏ်ယူပါတယ်။ အနုပညာနဲ့ ပတ်သတ်
ထရယ်မိတော့သည်။ အစကတော့အားပေးသလို
ဖြတ်ခနဲ လွှတ်ချတော့၏။ တော်ပါပေတယ်ညီရေ
မတွေးရဲဘူး။
"သား...တီငယ်ပါ။ Camera Onပြီလား။
ကဲ့ ဟုတ်ကဲ့"
ပဲ။ တီ တို့ သားကို ယုံတယ်။ သားဘယ်လိုပဲ
ပါစေ"
ပေးလိုက်နိုင်တယ်။ အရင်က နေခဲ့တဲ့ အခန်း
Thnk You All
ကိုယ်ရင်ခုန်နေပါတယ်။ Activityတစ်ခုတောင်
(Unicode version)
/
/
/
Camera များသည် ဘက်ပေါင်းစုံမှ Focus
ဆွဲထားကြ၏။ ညီ့ကို ငဲ့ကြည့်တော့ ခေါင်းငုံ့ထား
ဆဲ။ ခပ်ရဲရဲဖြစ်နေသော ညီ့နားသယ်စပ်ကြောင့် ကိုယ်ဇဝေဇဝါပင်ဖြစ်သွားရသည်။ ညီတကယ်ရှက်နေတာလား။ ဒါဆို ကိုယ် အမှန်
ပြောပြလို့ဖြစ်ပါ့မလား?
"အဲ...အဲ့ ပုံ အဲ့ဒါက...ညီက...ခဏ ကိုယ်အမှန်
ရဲ့ သုံးပုံနှစ်ပုံကို ပြောပြမယ်"
"ဘယ်လို...ဟားဟားဒီလောက် ပွင့်လင်းတဲ့
အဖြေမျိုး ခုမှပဲတွေ့ဖူးတယ်။ ဘာလို့ အကုန်
်အမှန်မပြောတာလဲ?"
"ညီ ရှက်နေတယ်လေဗျ။ ကိုယ် အမှန်အတိုင်း
ပြောပြမှာပါ။ ဒါပေမယ့် တကယ့် တစ်ခုလောက်
ကိုတော့ ချန်ခဲ့မယ်။ အဲ့လိုဆို အဆင်ပြေလား
ညီ"
ကိုယ်ပြန်မေးတော့ ချက်ချင်းကို ပြန်ပြောသည်က
"ပြောချင်သလိုသာ ပြောကွာ" တဲ့။
"အဲ့နေ့က ညီ Shampoo ပြောင်းသုံးထား
ရတယ်။ ဘာလို့လဲဆိုတော့ သူ့ ဆံပင်တွေကို
Treatmentပြန်လုပ်ထားရတော့ Shampooကို ဂျင်ဆင်းပါတဲ့ ဟာ ပြောင်းသုံး
ထားရတယ် ခင်ဗျ။ အဲ့အနံ့ကို ညီ မခံနိုင်ဘူး
ဖြစ်နေလို့ ကိုယ်က သူစိတ်သာရာရအောင်
မွှေးပါတယ် ညီရ လို့ပြောဖို့ နမ်းပေးကြည့်နေ
တာ။ နောက်တစ်ခုက ကိုယ်နမ်းတာများပြီး အနံ့များပြယ်မလား လို့ ။ ဟုတ်ကဲ့ ဒါအဖြစ်မှန်
ရဲ့ သုံးပုံနှစ်ပုံ အမှန်တရားပါ"
"အသည်းတွေယားတယ်။ ဒါဆိုမပြောပဲထားတဲ့
ဟာက ဘာလဲ Rain"
"ညီ ကိုယ်ပြောပြလို့ဖြစ်လား? ညီ ရှက်နေတာ
မလား ခုက"
သေချာကြည့်ပြီးမေးသော်လည်း ညီစေအံ့၏ တည်ကြည်မှုကို ပြန်ရှာမတွေ့သေးပေ။ ညီရာ...
ဟူ၍ သာ အော်ပစ်လိုက်ချင်တော့သည်။
"ပြောရဲ ပြောကြည့်လေ"
ညီ တမင် လုပ်နေတာလား။ တကယ်ပဲ မပြော
စေချင်၍ ရှက်နေတာလား။ ညီ မရှက်တတ်တာ
အသိဆုံးပေမယ့်...အခု ညီ့အမူအရာတွေက တကယ်ကို ဝိရောဓိဖြစ်စေသည်။
"P ကိုတော့ ပြောပြလိုက်မယ်။ P ကို တိုးတိုး
ပြောပြမယ်"
MC သည် စိတ်ဝင်တစား ကိုယ်ကို ကိုင်းညွတ်
ပေးလာသည်။ ဒီနေရာမှာ ကိုယ့်ရဲ့ ထိုင်း language level အစစ်ကို ထုတ်သုံးရတော့
၏။
ကိုယ်ခပ်တိုးတိုးကပ်ပြောပြီးသည်နှင့် MCသည်
Hoy ဆိုသည့် အသံကို သံရှည်ဆွဲတော့၏။
"ဒါကြောင့် ရှက်နေတာကိုး။ ဟားဟား Rain
ကတော့ တကယ့် Boyfriend Materialပဲ"
"ဟာဗျာ..."
ညီ နားရွက်ဖျားတွေကို ကုတ်နေတော့၏။
"ကဲ နောက်တစ်ခု ဆက်သွားရအောင် ဒီတစ်ခါ
ပြောထားတဲ့ ကလေးက Nong:The Series
မှာ အငယ်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ LOYလေးပါ
LOY လေးက Offical Teaserထွက်လာ
တည်းက ထိုင်းက Y Girlတွေရဲ့ အချစ်ကို သိမ်းကျုံးယူထားသူလေးပေါ့။ အားလုံးရဲ့
စိတ်ဝင်စားခြင်းခံနေရတဲ့ကလေးလေး ကNong
တို့ အကြောင်းဘာတွေပြောထားလဲ ကြည့်ရ
အောင်"
"Sa Wa De Ka, Nong: The Series
မှာOo အဖြစ်ပါဝင်ထားတဲ့ LOYဖြစ်ပါတယ်
ခင်ဗျ"
LOY ပါသည့် အခန်းသိပ်များများစားစားမရှိပေ
မယ့် အကုန်လုံးက LOYကို စိတ်ဝင်စားနေကြ
ပြီး နောက်ထပ်ရိုက်မည့်Thai BL Seriesမှာ
Side Couple အနေနဲ့ ပါဝင်ခွင့်ရထားသော
LOYက အနာဂတ်ကောင်းမည့် ကလေးပင်။
မေးခွန်းကတော့ အတူတူပင်ဖြစ်သည်။
"P တို့နှစ်ယောက်မှာ ဘယ်သူက သည်းခံတတ်
လဲ ဆိုရင် ကိုစက် ပါ။ ကိုစက်က နောက်ပြောင်
နေတတ်ပေမယ့် သူတစ်ပါးကို ဂရုစိုက်တတ်တယ်
သူက ပါးစပ်နဲ့ပဲ နောက်ပြောင်ပေမယ့် တစ်ဖက်
လူက လက်ပါလာတတ်လည်း ကိုစက်က ရယ်ပဲ
နေတတ်တာ။ အားလုံးထဲမှာ သူ သည်းခံဆုံးက P'Nineပဲ။ သူက P'Nineနား တစ်ချိန်ကုန်
ကပ်နေ ပြီးရင် နှစ်ယောက်တည်းတိုးတိုး
တိုးတိုးနဲ့...သူတို့နှစ်ယောက်အတူတူ တွဲနေ
တိုင်း P'Nineက သူ့ဗိုက်ကို ထိုးနေတတ်တယ်။
ဒါ P'Nine အကျင့်ဖြစ်နေတာလား မသိပေမယ့်
ဘယ်လောက်ထိုးထိုး ကိုစက်က ပြုံးနေတာပဲ။
ဒါကြောင့် ကိုစက်က ပိုပြီးသည်းခံတတ်တယ်...
ကိုစက် Wu Ai Ni"
Screen တွင် ပေါ်လာသော Behind
the sceneတွေ။ ဟုတ်တော့လည်း ဟုတ်ပါ
သည်။ ညီရှေ့ သွားရပ်လိုက်သည်နှင့် ညီသည်
လက်သီးထိုးလေ့ကျင့်နေတတ်၏။ နာတော့
မနာပေမယ့် တစ်ချိန်ကုန် ထိုးနေတတ်တာတော့
အမှန်ပင်။
"Nine က မွေ့ထိုင်းများ ဝါသနာပါနေတာ
လား?"
"အဲ့လိုတော့ မဟုတ်ဘူးခင်ဗျ။Rainက Work out လုပ်ထားရတော့ သူ့မှာ Six Packs ရှိနေပြီလေ အဲ့ဒါကို အမြဲတမ်းလာလာကြွား
နေတတ်လို့...သူ့Muscleတွေ ဘယ်လောက်
Strengthဖြစ်ကြောင်း စမ်းပေးနေတာ"
"ဟား ဟား တကယ်လား Rain"
"ဟုတ်တယ်ခင်ဗျ။ ကိုယ် တကယ်လည်း
မနာပါဘူး။ကိုယ်နာအောင်လည်းညီ မလုပ်ရက်
ဘူးလေ"
အထာပါပါပြော မျက်လုံးတစ်ချက်မှိတ်ပြပြီးမှ
ကိုယ့်စကား ကိုယ် ပြန်ရယ်ချင်မိသည်။ ဘယ်လို
တွေတောင် ပြောရဲဆိုရဲ လာတာလဲ။
"အစပိုင်းမှာ Actorနှစ်ယောက်မတည့်ဘူးဆိုတဲ့
ကောလဟာလတွေ ထွက်လာပေမယ့်လည်း
Nongနှစ်ယောက်ကို အခုလိုတွေ့ရတာ တကယ်
ကြည်နူးစရာကောင်းပါတယ်။ အခုက Team
ထဲက အငယ်ဆုံးနှစ်ယောက်ကို မေးထားတာပေါ့
ကြည့်ရတာ အငယ်ဆုံးနှစ်ယောက်မှာ Nong
Honey က Nong Nine ကို ပိုချစ်ပုံရပြီး
LOYလေးက Nong Rainကို ချစ်သလိုပဲ
နော်"
ထိုအခါ ညီ သည် မူပိုင်စတိုင်တစ်ခုဖြစ်သော နှုတ်
ခမ်းတစ်ဖက်ကို အပေါ်ပင့်ကာ မဲ့ပြရင်း
"သူ့ကို LOYက ပိုချစ်တယ်။ အမှန်က အငယ်
နှစ်ယောက်လုံးက ကျွန်တော်နဲ့ ပိုပြီး အနေနီးတဲ့
Roleကို ယူထားကြပေမယ့် သူတို့နှစ်ယောက်
လုံးက Rainကို ပိုခင်ကြတယ်။ LOY ကတော့
ဟုတ်တယ်။ Rain ကို ပိုပြီး ခင်တွယ်ပြီး ချစ်
တော့..."
"ခဏ ခဏ ညီ အခု ကိုယ့်ကို သဝန်တိုနေတာ
လား?"
"ဖြစ်စရာလား?"
မူရင်းထက် အသံပိုမြင့်ပြီး တောင်ကြည့်မြောက်
ကြည့်နှင့်။ အံမယ် နားရွက်ဖျားလေးကို မနီ နီ
အောင် ကုတ်ခြစ်လိုက်သေး။ တကယ့် Skillတွေ
ပါ ဗျာ ဟူ၍သာ သြချရတော့သည်။
"အဲ အဲ ခဏရပ်ပြီး ကျွန်မကိုပဲ အာရုံစိုက်ပေး
ကြပါဦး။ ကဲ အခု အစီအစဉ်ရဲ့ အထူးအထူး
ဖြစ်တဲ့ အချိန်ပါ။ Nong Rainက ရန်ကုန်က
ထွက်လာတာ အခုဆို ၆ လကျော်ပြီပေါ့နော်"
"ဟုတ်ကဲ့ ခင်ဗျ"
"အိမ်ကိုလွမ်းလား? ရန်ကုန်မှာ ကျန်ခဲ့တဲ့ လူတွေ
ထဲက ဘယ်သူ့ကို အလွမ်းဆုံးလဲ?"
"ဘွားပါ။ ဘွားက ရှိတော့ မရှိတော့ပါဘူး။ ကိုယ်
ဒီကို မလာခင်ကပဲ ဆုံးသွားခဲ့တာ။ အသက်ရှိနေ
တဲ့ လူတွေထဲမှာတော့ ကိုယ်သတိရဆုံးဆိုရင်
တော့ မေ ပေါ့။ Shootingမှာ အရမ်းပင်ပန်း
လာတဲ့ အခါ Camp ဝင်ထားတာတောင်
Rehearsal တွေ ခဏခဏပြန်လုပ်ရပြီး အရမ်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်လာတဲ့ အချိန်
တွေဆို မေ့ကို ပိုသတိရတယ်။ မေ ရော အခုလို
တွေ ပင်ပန်းခဲ့လားဆိုပြီးတော့ တွေးမိလာတယ်။
အရင်ကဆို အိမ်ပြန်လာတာနဲ့ ကိုယ့်ကို စကားမပြောပဲ အခန်းထဲတန်းဝင်ပြီး အိပ်ခဲ့တဲ့ မေ့ကို စိတ်ဆိုးခဲ့ပေမယ့် အခုတော့ မေ့ကို နားလည်လာတယ်။ ပင်ပန်းနေချိန်ဆို မေ့ ကိုပဲ ပိုသတိရတယ်"
နားကြပ်မှနေတစ်ဆင့် စကားပြန်၏ စကားကို
ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း MCသည်
ပင် မျက်ရည်ဝဲလာသည်ကို မြင်ရ၏။ ဒါကိုယ်ဟန်
ဆောင်နေရတာ မဟုတ်ဘူးဆိုတာကိုလည်း သိ
နေသော ညီ က ကိုယ့်လက်တွေကို ဆုပ်ကိုင်
အားပေးလာပြန်၏။
"ကဲ Nong Rain အတွက် Pတို့ New Star Teamက လက်ဆောင်လေးတစ်ခုစီစဉ်
ထားပါတယ်။ ကဲ လက်ဆောင်လေးကို ကြည့်ရ
အောင်"
"သားသား"
မှောင်ကျနေသော Screenပေါ်မှ ပထမဆုံး
ထွက်လာသော အသံ။ ကိုယ် တကယ်Shock
ရသွားရတော့၏။ ရန်ကုန်မှ မေမေ့ကိုပင် လှမ်း
Interviewထားတာလား။
Screen ပေါ်တွင် ဦးစွာ ပေါ်လာသည်က မေ့
မူပိုင် အပြုံး။ ဘေးနှုတ်ခမ်းသားလေးတွေ ကော့
ညွှတ်သွားအောင် ပြုံးတတ်သော မေသည် နုပျိုနေဆဲပင်။
"သား အတွက် ဘာပြောရမလဲဆို မေ ပြောခဲ့ဖူး
သလိုပေါ့။ သား ဘာလုပ်လုပ် မေက သားဖက်က
ပဲနေမှာ။ အခုလည်း သား ကို ဘယ်သူတွေ ဘယ်လို ဝေဖန် ဝေဖန် ဘယ်သူတွေ မကောင်း
ပြောပြော မေ့သားကို အထင်သေးရှုတ်ချမယ့်
လူတွေထဲ မေ မပါဘူး။ မေ့သား ဘယ်လောက်
အပင်ပန်းခံကြိုးစားနေတယ်ဆိုတာ မေ သိ
တယ်။ မေ ဂုဏ်လည်းယူနေတယ်နော်။ မေ့ ကို
မေးတဲ့ Interviewတိုင်း မဖြေတာ အဖြေက
ရှိပြီးသား မို့လို့ဆိုတာ နောင်မကြာခင် သိလာ
ကြတော့မှာပါ။ အပြင်လောကမှာလည်း
သား ရဲ့ မေမေ ဖြစ်ရတာတင် မကပဲ သားဖန်တီး
မယ့် နောက်ထပ် ကမ္ဘာတစ်ခုမှာလည်း သား
မေမေ ပဲ ဖြစ်နေခွင့်ရလို့ မေ ဝမ်းသာတယ်။
မိဘအကူအညီ တစ်ခုမှ မယူပဲ ကိုယ့်ပင်ကိုယ်စွမ်း
ရည် နဲ့ ဒီနေရာထိ ရောက်လာတဲ့ မေ့သား
ဘေးမှာ မေ က ပါရမီဖြည့်ပေးခွင့်ရလာလို့လည်း မေ့သား ကို ကျေးဇူးတင်တယ်။ မေ တို့ မကြာခင်တွေ့ရတော့မယ်နော်။ မေ သားလေး ကို ချစ်တယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ အားတင်း
ထားနော်။ သားနားမှာ အမြဲမရှိပေးနိုင်ရင်တောင်
နောက်လှည့်ကြည့်လိုက် သားနောက်မှာ မေအမြဲ
ရှိနေမယ် သိလား။ သားကိုချစ်ပြီးအားပေး
နေတာတွေလည်း မေ့သားတွေ့တယ်ဟုတ်။ အဓိက က သားကို အပြစ်ပြောတဲ့ လူတွေကြောင့် သားကိုချစ်နေသူတွေကို မျက်နှာလွှဲလိုက်ရင် သားနှစ်ခါရှုံးမယ်ဆိုတာ သိတယ်နော်။ဒါကြောင့် ဘာအတွက်နဲ့မှ စိတ်ဓာတ်မကျနဲ့ သိလား သား။
See you soon my Sweetheart. Luv you Bae Bae"
အသက်၄၀ကျော် ၅၀နားကပ်နေပေမယ့်လည်း
မေ သည် တက်ကြွနုပျိုနေဆဲပင်။
"N'Rain နဲ့ Mae က ချစ်ဖို့ကောင်းလိုက်တာ
Mae က ဒီ Seriesမှာ N ရဲ့ အမေအဖြစ်ပါ
ဝင်ထားတယ် ဆိုတာ Nongမသိဘူးလို့ကြား
ထားတယ်။ အဲ့ဒါ တကယ်လား"
"ဟုတ်တယ် ခင်ဗျ။ Series Scriptထွက်
ပြီး Auditionတွေ မလုပ်ခင်တည်းက မေ
တို့ ဝါရင့်သရုပ်ဆောင်တွေကို ပါဝင်ဖို့
ကမ်းလှမ်းထားတာ။ မေ အဲ့တုန်းက Seriesတစ်
ခုအတွက် ဆွေးနွေးစရာရှိတယ် ဆိုတာ ကြား
လိုက်ပေမယ့် ကိုယ်က ဒီအတိုင်းပဲ နေခဲ့တာ။ ဒီ
Seriesဆိုတာလည်း တကယ်ကို မသိခဲ့ဘူး။
နောက်တော့ ကိုယ်တို့ Shooting
Scheduleတွေ ထွက်လာပြီးတဲ့နေ့မှ
ကိုယ့် Ent ကနေတစ်ဆင့် မေ ဖုန်းခေါ်လာ
တယ်။ အဲ့နေ့မှ မေ သားကို မကြာခင်လာတွေ့
မယ်နော် ဆိုပြီး ပြောတော့မှ ဒီSeriesမှာ ကိုဇက်ရဲ့အမေနေရာကနေ မေ ပါမယ်ဆိုတာ သိတာ။ကိုယ် တကယ်အဲ့နေ့ကဆို Shockပဲ"
"ရေစက်ဆိုတာနော်။ တကယ် မယုံလို့မရဘူး။
နောက်တစ်ခုက N'Rain ရဲ့ Mae စိတ်ထား
ကလည်းလေးစားဖို့ကောင်းတယ်။ အနုပညာရှင်
ပီသတယ်လို့ ပြောရမလား မိခင်ကောင်းပီသ
တယ်လို့ ပြောရမလားပဲနော်"
"မေ က သူများအမေတွေလို ကိုယ့်အပေါ်နွေးနွေး
ထွေးထွေး မရှိခဲ့လို့ မေ့ အပေါ် ကိုယ်အထင်လွဲ
ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ နောက်ပြီး မေ့
အိမ်ထောင်ရေးအမြင်ကိုရောပေါ့။ အခုတော့ ကိုယ်စပြီး သဘောပေါက်လာတယ်။ မေ ကိုယ့်
အပေါ် လျစ်လျူရှုတာမဟုတ်ပဲ လွတ်လပ်တဲ့
မေတ္တာကိုပေးထားခဲ့တယ်ဆိုတာ ဒီရောက်မှ ပို
သိလာတယ်။ ကိုယ်အစက တွေးခဲ့တာ။ ကိုယ်ဒီလို LGBT ဇာတ်ကားတစ်ခုကို ရိုက်ရင်
ပတ်ဝန်းကျင် အဓိက က ကိုယ်တို့နိုင်ငံက လူ
တွေပေါ့။ အကုန်လုံးမဟုတ်ပေမယ့် လူတစ်ချို့
ရဲ့ ထိုးနှပ်မှုကို မေ ဒဏ်ခံနိုင်မှာ မဟုတ်ဘူး။ မေ
ရှက်လာလိမ့်မယ်။ ဒါဆို ကိုယ့်ကို အရင်လို ပစ်
မထားတော့ပဲ ဂရုပြန်စိုက်လာမယ်လို့ ကိုယ်တွေး
ခဲ့ဖူးတယ်ဗျ။ ဒါပေမယ့် ထင်သလိုမဟုတ်ခဲ့ဘူး
ဟိုလက မေ ပထမဆုံးဖြေခဲ့တဲ့ interview
ကို ကြည့်ပြီး အဲ့နေ့က ကိုယ် မေ့ကို ၆လကြာမှ
ပထမဆုံးအကြိမ် ဖုန်းခေါ်ပြီးတောင်းပန်ခဲ့တယ်"
ကိုယ်ပြောပြနေသည်များကို စိတ်ဝင်တစားနား
ထောင်ရင်းနဲ့မှ MCသည် cameraဖက်လှည့်
ကာ
"Nong'Rain ရဲ့ Mae Nongနဲ့ ပတ်သတ်
ပြီး ပထမဆုံးဖြေခဲ့သော Interviewပိုင်းလေး
ကို ပြန်လည်ထုတ်လွှင့်ပြပါ့မယ်။ အမေတစ်
ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်း
မေတ္တာကို အပြည့်အဝခံစားလိုက်ရတဲ့ Video
လေးပါ။ အားလုံးကို ပြန်မျှဝေပေးလိုက်ပါတယ်"
"အန်တီကတော့ သားက Gayဖြစ်သွားလို့ သမီး
က Lebဖြစ်နေလို့ ကြောင့် ကိုယ့်သားသမီး
ကို စွန့်ပစ်မယ့် မိဘထဲမှာ မပါဘူး။ ရှက်ပြီး သက်သေရအောင်လည်း အန်တီ့သားလေးက ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုကျူးလွန်ထားတဲ့လူမှ
မဟုတ်တာနော်။ LGBTကို နားလည်ဖို့ ကိုယ်တိုင် Gayဖြစ်နေစရာမှ မလိုပဲ။ လူသားချင်း
စာနာတဲ့ စိတ်ပဲလိုတာ။ အန်တီ့ကလေးမှာ အဲ့လို
စိတ်လေးရှိနေတာ။ အန်တီသီးသန့်သွန်သင်စရာ
မလိုပဲ ဒီလို စိတ်ထားဓာတ်ခံလေးရှိနေတာကို
အန်တီက ဂုဏ်တောင်ယူသေးတယ်။ နောက်ပြီး ဒီက သားတွေ သမီးတွေ မေးသလို အန်တီ့သား တကယ်Gayဖြစ်နေရင်တောင် အန်တီက လိမ္မာရေးခြားရှိတဲ့ သမက်တစ်ယောက်လောက် ကူရှာပေးဦးမှာ။ ကျန်းမာရေး အသိပညာပေးပွဲ
တွေ Workshopတွေ ကို အတူတူခေါ်သွား
မှာ။ မမှားသင့်တာ မမှားအောင် ဘေးကနေ လိုက်
စောင့်ရှောက်ပေးမှာ။ ကိုယ့်သားသမီးကိုမှ ကိုယ်
တန်ဖိုးမထားရင် ဒီကလေးစိတ်ထဲ ဘယ်လိုနေ
မလဲ။ ကိုယ့်မွေးထားပေးတဲ့ မိဘကနေတောင်
စွန့်ပစ်ခံရတယ်ဆိုတဲ့ စိတ်က တခြားစိတ်ဒဏ်ရာ
တွေထက် ပိုနာတယ်။ အန်တီဒီအနုပညာအလုပ်
ကို လုပ်ခဲ့တဲ့ အတွက် အန်တီတို့ မိဘတွေက
အန်တီ့ကို ပစ်ပယ်ခဲ့ကြတယ်။ အန်တီ့အဲ့ခံစား
ချက်ကို ကောင်းကောင်းသိတော့ အန်တီ့သား
လေးအပေါ် အဲ့လိုမျိုးဘယ်တော့မှ လုပ်မှာမဟုတ်
ဘူး။ အခု သားက မြန်မာကိုမဟုတ်ပဲ Asia
တစ်ခုလုံးကို ခြေဆန့်ဖို့ ကြိုးစားနေတာ။ သူ
ဘယ်လောက်ပင်ပန်းနေလဲ ဟိုမှာဘယ်လိုတွေ
ကြိုးစားနေရလဲဆိုတာ ဒီက ကလေးတွေအဲ့လို WorkshopတွေCampingတွေ ဝင်ဖူးမှ
သိပါလိမ့်မယ်။ လူပေါင်းများစွာကို ဖြတ်ပြီးနေရာ
တစ်ခုရလာတဲ့ အန်တီ့သားလေးအတွက် အန်တီ
ဂုဏ်ယူတယ်။ နောက်လတွေဆိုလည်း အန်တီ
Bangkokကို လိုက်သွားရတော့မှာပါ။ အဲ့ခါကျ
မှပဲ အန်တီဒီက Interviewတွေ မဖြေဖြစ်ခဲ့
တဲ့ အကြောင်းကို ပြောပြခွင့်ပြုပါနော်။ ကျေးဇူး
ပါနော် သားတို့ သမီးတို့။ အေး...အေး ပြန်ရင် ကားတွေ သတိထားကြနော်...နေလည်းပူနေ
တာ ထီးတွေလည်း ဆောင်ကြ သမီးတွေ...အေးအေး ကျေးဇူးနော် ကလေးတို့"
မေ့၏ Socialကောင်းပုံကို လက်ဖျားခါချရမည်။
နောက်တစ်တန်း၏ Commu တန်းတောင်ဝင်
သင်လို့ ရသည်ဟု ညီ ပင် interviewကြည့်
ပြီး မှတ်ချက်ချခဲ့ဖူးသည်။
"N'Rain အတွက် ဂုဏ်ယူပါတယ်။ တစ်ချို့
တစ်ချို့ အဓိက LGBT ဖြစ်နေတဲ့ ကလေးတွေ
ရဲ့ မိဘတွေလည်း N'Rain မေမေလို နားလည်
ဖေးမပေးရင် ကောင်းမယ်လို့ထင်တယ်"
"ဟုတ်ကဲ့။ ကိုယ့်မှာလည်း မေမေ့ လို အမေမျိုး
ရှိတာ ဂုဏ်ယူပါတယ်။ အနုပညာနဲ့ ပတ်သတ်
လို့လည်း သူ့အသိုင်းအဝိုင်းမှာ မေ မျက်နှာ
မငယ်ရအောင် အကောင်းဆုံး ကြိုးစားနေတယ်"
"ကဲ Mae ပြောသွားတာ လိမ္မာရေးခြားရှိတဲ့
သမက်တဲ့နော်။ တွေ့များတွေ့နေပြီလား မသိ"
MC၏ အပြောကြောင့် ကိုယ်မနေနိုင်စွာ
ထရယ်မိတော့သည်။ အစကတော့အားပေးသလို
လာဆုပ်ကိုင်ထားသော ညီသည် ကိုယ်ရယ်သံ
ကြီးကို အမြင်ကတ်ဟန်ဖြင့် ကိုယ့်လက်များကို
ဖြတ်ခနဲ လွှတ်ချတော့၏။ တော်ပါပေတယ်ညီရေ
ညီ နဲ့ မေ ထိပ်တိုက်တွေ့ရင် ထင်ပါတယ်။ ထွက်
လာမယ့် momentsတွေကို ကိုယ်တွေးတောင်
မတွေးရဲဘူး။
"မြန်မာနိုင်ငံက အမေတစ်ယောက်ရဲ့ မေတ္တာကို
မြင်တွေ့ပြီးသွားတဲ့ အချိန်မှာ ငယ်စဉ်တည်းက
ထိုင်းမှာ ကြီးပြင်းခဲ့ရတဲ့ N'Nine အတွက်လည်း
လက်ဆောင်လေးတစ်ခုရှိပါသေးတယ်"
"ကျွန်တော့်အတွက် ပါရှိတယ်လား"
ညီ ပါမက ကိုယ်ပင် အံ့သြသွားရသည်။ ညီ့ အိမ်
က လူတွေ အခုထိ ညီ ဘာလုပ်နေကြတယ်ဆို
တာ မသိသေးဟု ကိုယ်တို့ သိထားတာလေ
ဒီတစ်ခါ ပြန်လည်အားပေးရတာ ကိုယ်ပေါ့။
ညီ့ရဲ့ အေးစက်စက်နှင့် ဖြူဖွေးနေသော လက်နှစ်
ဖက်လုံးကို ကိုယ်ဆုပ်ကိုင်ပေးထားလိုက်သည်။
မရုန်းပါ။ ကိုယ့်လက်ထဲပို၍ပင် ကျုံဝင်ခြင်းဖြင့်
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသေး၏။
"သား...တီငယ်ပါ။ Camera Onပြီလား။
ထိုင်းလို ပြောရမှာလား။ အာ မြန်မာလို...ဟုတ်
ကဲ့ ဟုတ်ကဲ့"
ညီ့လိုပင် ဖြူဖြူဖွေးဖွေး အသားအရည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် Cameraကို
စူးစမ်းနေသော အသက်၃၀အရွယ် မိန်းမပျိုတစ်ဦး။ ညီ တို့က မျိုးနှင့်ရိုးနှင့် ချောကြ
တာပဲဟူသော စကားကို ညီအားတက်အောင်
နောက်မှ သေချာလေးပြောပြပေးရမည်။
"Hiသား...တီ့ကို အခုလိုတွေ့တော့ အံ့သြသွား
မှာပေါ့။ တီ က သားကို ကျေးဇူးတင်ချင်လို့ ဒီ
Interviewကို လက်ခံလိုက်တာပါ။
အမှန်ပြောရင် တီ တားနေတဲ့ ကြားက သားဒီ
လမ်းကို ရွေးခဲ့လို့ သားကို အရမ်းစိတ်တိုခဲ့ဖူး
တယ်။ အခုတော့ သားရဲ့ကြိုးစားမှုတွေ နောက်ပြီး တီ တို့ တစ်ခါမှ မတွေ့ဖူးခဲ့တဲ့ သားရဲ့
အနုပညာ ပါရမီတွေ့ခဲ့ရတဲ့ အတွက် ဝမ်းလည်း
သာတယ်။ သားအတွက် ဂုဏ်လည်းယူပါတယ်။
မပံ့ပိုးပေးခဲ့နိုင်လို့လည်း တီ ရောသားရဲ့Mae
ရောစိတ်မကောင်းဖြစ်ရတယ်။ သားသိလား အခု
သားကြောင့် သား Mae လည်း ကျန်းမာလာပြီ။
တီလည်း အဆင်ပြေလာသလို တီလတ်ဆိုလည်း
အခုဆို အိမ်မှာပဲ အေးအေးဆေးဆေးနေနိုင်နေ
ပြီ။ ဘယ်သူတွေ ဘာတွေပဲပြောပြော တီ တို့
အတွက် သားက တီတို့အိမ်ရဲ့ နတ်သားလေး
ပဲ။ တီ တို့ သားကို ယုံတယ်။ သားဘယ်လိုပဲ
ဆုံးဖြတ် သားဆုံးဖြတ်ချက်တွေကို တီတို့
လေးစားနေတယ်နော် သိလား။ ဒါကြောင့် သားက သားဝါသနာ ပါတာတွေကို စိတ်ဖြောင့်ဖြောင့်နဲ့လုပ်နော်။ မိသားစုအတွက် ကြိုးစားပေးနေတဲ့ယောကျာ်းလေးတစ်ယောက်က ယောကျာ်းကောင်းအပီသဆုံးဆိုတာ သားသိထား
ပြီးသားပါ ဟုတ်တယ်မလား။ ဒါကြောင့် တခြားဘာမှမတွေးနဲ့နော်။ သားအရမ်းပင်ပန်းလာ
လို့ ပြန်လာချင်ရင်လည်း တီ တို့က ကြိုနေပေး
မှာပဲ။ သား Mae ကတော့ မှာလိုက်တယ်။ဘယ်အလုပ် ကို မဆိုလေးလေးစားစားလုပ်ပါတဲ့။
ကျေးဇူးတွေကို မမေ့ပါနဲ့တဲ့။ သား ကျန်းမာရေး
ဂရုစိုက်နော်။ တီ တို့ သားကို လာတွေ့မယ်နော်
တီ တို့ သား ကျန်းမာပါစေ။ လူချစ်လူခင်ပေါ
ပါစေ"
ညီ မျက်တောင်တွေကို အတင်းပုတ်ခတ်ကာနေ
တော့၏။ လူရှေ့ဘယ်တော့မှ မငိုဘူးဟု
တစ်ယောက်ကို တစ်ယောက် ကတိပေးထားတာ
မျိုးမဟုတ်တဲ့ စိမ်ခေါ်မှုတစ်ရပ်အတွက် ညီ အသည်းအသန် မျက်ရည်ထိန်းနေတော့သည်။
ညီ့ပုခုံးကို ခပ်ဖွဖွပုတ်ပေးနေမိသည်။ MCကတော့ အတွေ့အကြုံ ရင့်ကျက်သူပီပီ
Emotional ပိုင်းတွေကို တိတ်တဆိတ်နေပေး
ခြင်းဖြင့် Tempoကို ပိုမြှင့်စေ၏။
"Nong တို့ နှစ်ဖက် မိသားစုရဲ့ နွေးထွေးမှုက
တကယ် အားကျစရာကောင်းပါတယ်။ ပြီးတော့
Nong Nineကိုလည်း တကယ်ကို ချီးကျူး
တယ်။ ဒီလို အသက်ငယ်ငယ်လေးနဲ့ မိသားစု
အပေါ် သိတတ်ပြီး ပံ့ပိုးပေးနေတာ အခုခေတ်
လူငယ်တွေအတွက် စံပြထားလောက်စရာပါ။
Nongရဲ့ ပထမဆုံးလစာကို Mae အတွက်
သုံးခဲ့တယ်လို့ ကြားဖူးတယ်။ ဟုတ်လားNong"
"ဟုတ်ကဲ့။ Mae ခါးရိုးခွဲဖို့ လိုအပ်လို့ ဆေးရုံ
တင်ပေးခဲ့တယ်။ နောက် Seriesအတွက်စာချုပ်
စချုပ်တာတို့ တခြား Activity အတွက် Contract ချုပ်တာတွေကနေရလာတဲ့
အကုန်လုံးကို စုပြီး တိုက်ခန်းသစ်တစ်ခုဝယ်
ပေးလိုက်နိုင်တယ်။ အရင်က နေခဲ့တဲ့ အခန်း
ထက် ပိုကျယ်ပြီး တီငယ် အလုပ်သွားရလွယ်မယ့်
နေရာမှာပါ။ Mae ကျန်းမာရေးအတွက်လည်း
အဆင်ပြေမယ့် အခန်းကျယ်ကျယ်ပေါ့"
"တကယ့်ကို သားကောင်းလေးတွေပါပဲ။ မိဘ
တွေ အတွက် ဂုဏ်ယူစရာ သားတွေကို တွေ့ရလို့
တကယ်ပဲ ဂုဏ်ယူပါတယ်...နောက်ထပ်မေးခွန်း
တွေကိုလည်း ဆက်လက်ထုတ်လွှင့်မှာမို့ ခဏ
လေး Break ချိန် လိုင်း မ changeလိုက်ပါ
နဲ့နော်။ ခဏလေးပါပဲ ချစ်စရာNongလေး
နှစ်ယောက်နဲ့ အတူတူပြန်လာပါ့မယ်"
Thnk You All
ဒီတစ်ပိုင်းက သူတို့ Activity တစ်ခုရဲ့ နောက်
ဆုံးအပိုင်းပါ။ လာမယ့် အပိုင်းတွေ အတွက်လည်း
ကိုယ်ရင်ခုန်နေပါတယ်။ Activityတစ်ခုတောင်
သုံးပိုင်းခွဲရေးလိုက်ရတော့ ဘုရား ဘုရားပဲ
Continue lendo
Você também vai gostar
301K 17.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
55.9K 8.8K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
453K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."