Winter's First Love ❄❄ {Compl...

By Phoebe_SugaLips

51.8K 4.7K 934

The first snow is like the first love. Do you remember your first snow?! More

❄(1)🍁
❄(2)🍁
❄(3)🍁
❄(4)🍁
❄(5)🍁
❄(6)🍁
❄(7)🍁
❄(8)🍁
❄(9)🍁
❄(10)🍁
❄(11)🍁
❄(12)🍁
❄(13)🍁
❄(14)🍁
❄Epilogue🍁
Helloooo!!

❄(15)🍁

3.1K 255 64
By Phoebe_SugaLips

❄❄

အခန္းတံခါးရဲ႕အျပင္ဘက္က လူနွစ္ေယာက္နွင့္ မ်က္နွာခ်င္းဆိုင္မိသည့္အခိုက္ ေစ့ထားသည့္ ႏႈတ္ခမ္းတို႔က အေဟာင္းသား ပြင့္၏။

ေမေမ . . . .

"မင္ယြန္းဂီ ရွိလား "

ေမေမက သူေမြးထားတဲ့ သမီးကို ရွိေလသည္ဟုပင္ အသိအမွတ္မျပဳသလိုပံုနွင့္ သူမပခုံးေပၚက ေက်ာ္ရင္း အခန္းအတြင္းထဲသုိ႔ လွမ္းၾကည့္သည္။ ထိုအၾကည့္ရယ္ အေနာက္ဘက္က ေထးေယာင္ရဲ႕ မအီမသာရယ္ျပေနတဲ့ မ်က္နွာရယ္က သူမေျခေထာက္ေတြကို ဂ်ယ္လီတုံးေတြလိုမ်ိဳး ေပ်ာ့အိသြားေစ၏။
ျမဲျမဲေထာက္ထားဖို႔ မတတ္နိုင္ေတာ့ . .  .

ဘယ္လိုသိျပီးေရာက္လာၾကတာလဲ ?
ဘာလုပ္ဖို႔လာၾကတာလဲ . . . ျပန္လာေခၚတာကေတာ့သူမအေမစိတ္ကို သိျပီးသားမို႔ ဘယ္နည္းနဲ႔မွမျဖစ္နိုင္မွန္းသိ၏။ ဒါေပမယ့္ လာျပန္ေခၚတာမဟုတ္ရင္ ေမေမက ဒီလိုအိမ္အထိလံုးဝ(လံုးဝ) လိုက္လာစရာအေၾကာင္းကလည္း မရွိျပန္။

ေမးခြန္းေတြ တျပံဳတစ္မၾကီးထြက္လာတဲ့ ဦးေနွာက္က အေျဖကိုစဥ္းစားဖို႔က် သံေခ်းတက္ေနသည့္အလား ။

တံခါးလွည့္ဖြင့္သည့္ လက္ကိုင္ကို ခပ္တင္းတင္းဆုပ္ထားရင္း အေပါက္ဝက လူနွစ္ေယာက္ဘယ္အခ်ိန္ သူမကိုဆြဲေခၚသြားမလဲ ေတြးေၾကာက္ျပီး လက္ေတြက ကတုန္ကယင္. . ။
ေနပါဦး. . . .  လက္ထပ္ခြင့္အေတာင္းခံထားရတာ ရက္ပိုင္းပဲရွိေသးတာကို ။

ဖြင့္ခ်င္လ်က္နွင့္ ပြင့္မလာသည့္ႏႈတ္ခမ္းေတြက မ်ဥ္းေျဖာင့္တစ္ေၾကာင္းလို တင္းတင္းေစ့လ်က္။
ဘာလုပ္ရမလဲ . . ဘာလုပ္ရမလဲ ?

စဥ္းစားစမ္း ပတ္အြန္းဟာ!!!!! မဟုတ္ရင္ နင္ဒီအတိုင္းဆြဲေခၚသြားခံရမယ္ေနာ္ဆိုသည့္ ခႏၶာကိုယ္အတြင္းပိုင္းတစ္ေနရာက ေအာ္သံတစ္ခုအဆံုး အသက္ကို အားရပါးရရွဴရႈိက္လိုက္ရင္း
မ်က္လံုးေတြကို ဇြတ္မွိတ္ခ်လိုက္ခါ စကားလံုးတြဲအရွည္ၾကီးတစ္ခုကို မနိမ့္မျမင့္ေသာ အသံျဖင့္ ေျပာလိုက္မိလ်က္သား . . . .

"သမီးဗိုက္ၾကီးေတာ့မွာေမေမ။ သိတယ္မဟုတ္လား တစ္အိမ္ထဲအတူေနတာေလ ခုမွေတာ့ေမတို႔ဘာမွလုပ္လို႔မရေတာ့ဘူး ကေလးကတကယ္ရေတာ့မွာ ေမေမ့ေျမးကိုအေဖေခၚစရာမရွိပဲၾကီးရမွာမလိုခ်င္ရင္သမီးကို ျပန္မေခၚပါနဲ႔"

မ်က္လံုးကို တစ္ဖက္ခ်င္းစီျဖည္းျဖည္းဖြင့္လိုက္တဲ့အခါ အေဟာင္းသားပြင့္ေနသည့္ ကင္ေထးေယာင္းရဲ႕ ႏႈတ္ခမ္းေတြနဲ႔ ့ျပဴးထြက္ေနတဲ့မ်က္လံုးတစ္စံုကို အရင္ျမင္၏။
ေမေမကေတာ့ သက္ျပင္းဖြဖြသာခ်ျပီး အေနာက္ဘက္က အခန္းထဲသို႔သာ လွမ္းၾကည့္ေနသည္။

"ဟာ အန္တီ ေရာက္လာျပီလား . .
အြန္းဟာ ဘာလုပ္ေနတာလဲ . . .
အေမ့ကို အိမ္ထဲေခၚေလ "

ေနာက္ေစ့တည့္တည့္က ျဖတ္ရိုက္လ်င္ေတာင္ ဒီေလာက္နာလိမ့္မည္မဟုတ္။

ဒါက ဘယ္လိုသစၥာေဖာက္ခံရျခင္းလဲ … …။

ေမေမ့ကို ကိုယ္ေလးက်ံဳ႕ျပီးေနရာဖယ္ေပးလိုက္ေတာ့ အေနာက္က ေထးေယာင္က နင္ေတာ့ေသျပီဆိုတဲ့ပံုစံနဲ႔ ႏႈတ္ခမ္းတြန္႔ရင္း လည္ပင္းကို လက္နဲ႔ရြယ္ျပ၏။ သူ႔ကို ေပေစာင္းေစာင္းျပန္ၾကည့္ေပးလိုက္ရင္း ေမေမ့အေနာက္ကို ခပ္ျမန္ျမန္လိုက္သြားလိုက္သည္။

"ေကာ္ဖီျဖစ္ျဖစ္ . . . . ."

"မလိုပါဘူး ေကာ္ဖီက ငါ့အိမ္မွာေသာက္လည္းရတယ္"

"ေမေမ!!"

ယြန္းဂီကို သေဘာမက်ရင္လည္း အိမ္အထိလာျပီးေျပာစရာမလုိဘူးလို႔ ေျပာခ်င္တဲ့စကားက သူမလက္တစ္ဘက္ကို ဆုပ္ကိုင္ရင္းဖြဖြေလးဖ်စ္ညွစ္လိုက္တဲ့ ယြန္းဂီေၾကာင့္ ရပ္တန္႔ကုန္၏။ သူ႔ဘက္ကလိုက္ျပီး ေမေမ့ကိုေျပာေပးတာကသပ္သပ္ သစၥာေဖာက္ခံရတာကသပ္သပ္ျဖစ္၍ ယြန္းဂီလက္ကို ခါခ်လိုက္ျပီး လက္နွစ္ဘက္ကိုပိုက္ထားလိုက္သည္။
ေမေမျပန္မွေတြ႔ဦးမယ္ မင္ယြန္းဂီ . . .။

"ထိုင္ေလ ငါကစကားကုိေမာ့ၾကည့့္ျပီး
ေျပာရမွာလား "

"ဟုတ္ကဲ့ "

လက္ပိုက္လ်က္အတုိင္း ေမေမ့အေရွ႕တည့္တည့္ခံုေပၚကို ယြန္းဂီနဲ႕အတူ သူမပါ ဝင္လိုက္လိုက္သည့္အခ်ိန္ စူးကနဲ ထြက္လာသည့္ အသံ. . 

"ဟဲ့ နင္က ဘာလို႔ထိုင္တာလဲ !!! သား ေထးေယာင္ ဒီေကာင္မေလးကို ငါ့မ်က္စိေရွ႕ကလြတ္တဲ့တစ္ေနရာကို ေခၚသြားစမ္း "

"ဟုတ္ အေမ "

ဘယ္အခ်ိန္ထဲက ေစာင့္ေနသည့္အကြက္မွန္းမသိ ေမေမ့စကားၾကားသည္နွင့္တျပိဳင္နက္ သူမ လက္ေမာင္းေပၚေရာက္လာသည့္ ကင္ေထးရဲ႕ လက္ေတြမွာ  အျငိဳးေတြပါ ထည့္ထားသလားပင္ထင္ရေလာက္ေအာင္ အားျပင္းလွသည္။
ဒီေကာင္ေတာ့ !!.

"လႊတ္ေနာ္ မဆြဲနဲ႔ေလ ဟာ  . . . .ဟဲ့ ျဖည္းျဖည္းဟ . . . "

တရြတ္မတိုက္ရံုတမယ္ ယက္ကန္ယက္ကန္နဲ႔ပါသြားသည့္ သူမအခန္းထဲက မထြက္ခင္ေနာက္ဆံုးျမင္ရသည့္ ျမင္ကြင္းက သနားစရာေကာင္းလြန္းလွ၏။ တစ္မိုးေအာက္ မင္ယြန္းဂီတစ္ေယာက္ သူမေမေမေရွ႕မွာ က်ိဳးက်ိဳးႏြံႏြံေလးထိုင္ရင္း ေခါင္းေလးပါ ငံု႔လ်က္ . . ။

"နင္ ဘာမွဝင္မေျပာနဲ႔ေနာ္ . . . နင္ဝင္ေျပာရင္မရွိတဲ့ ျပသနာေတြပါတက္ကုန္မယ္။ အစ္ကုိက မေန႔ကတည္းက နင့္မိဘေတြဆီလာေတြ႔သြားျပီးျပီ သူ႔မွာ အစီအစဥ္ရွိမွာေပါ့ ျငိမ္ျငိမ္ေလးေနလိုက္ ဟုတ္ျပီလား "

". . . .  "

အခန္းထဲ ေနာက္ထပ္တစ္ၾကိမ္လွည့္ၾကည့္ေတာ့ ေခါင္းတညိတ္ညိတ္နွင့္ ေမေမေျပာသမ်ွနားေထာင္ေနတဲ့ ယြန္းဂီနဲ႕ မျပီးမဆံုးနိုင္ေအာင္မွာတမ္းေျခြေနသည့္ ေမေမ. . .

မင္ယြန္းဂီကို ယံုျပီး ေစာင့္ၾကည့္ေနလိုက္ဖို႔အျပင္ ဘာမွမတက္နိုင္ေတာ့တာမို႔ . . . နွစ္ေယာက္သား အခန္းဝမွာ ေခါင္းေလးျပဴရင္း မတ္တပ္ရပ္ေနလိုက္သည္။

"ေကာင္းေကာင္း သြားပါ ခင္ဗ် "

တာထြက္ဝီစီသံကို ေစာင့္ေနသည့္ အေျပးသမားလိုအျမန္ႏႈန္းမ်ိဳးနဲ႕ ေမေမတို႔နားကို ေျပးသြားမိသည္။ယြန္းဂီက မပီမျပင္တစ္ခ်က္ျပံဳးျပရင္း ေမေမမျမင္ေအာင္ မ်က္စိတစ္ဖက္မွိတ္ျပသည္မို႔ သူမ ျပံဳးမိေသးသည္။ မ်က္စိလ်င္တဲ့ေမေမကေတာ့ ေတြ႔ျဖစ္ေအာင္ေတြ႔လိုက္သည္ထင္ . . . လုပ္ေခ်ာင္းတစ္ခုကို ဖန္တီး၏။

"ကဲ အစ္မ က်ြန္မနဲ႔ အိမ္ျပန္ၾကမယ္ ျပန္လိုက္ခဲ့ "

"ဘာ ဘာလို႔လဲ . . မလိုက္ခ်င္ဘူး ေမေမ . သမီး ယြန္းဂီကိုတကယ္မခြဲနိုင္ဘူး . . ။အဲ့လိုမလုပ္ပါနဲ႔ေမေမရယ္ေနာ္ သမီးတကယ္ . . တကယ္အႏူးအညြတ္ေတာင္းပန္ပါတယ္
သမီးကမင္ယြန္းဂီေဘးမွာပဲေနခ်င္တာ
ေနာ္လို႔ ေမေမေနာ္ . . "

လက္အုပ္ခ်ီထားတဲ့ လက္နွစ္ဘက္ကို ပူးကပ္ပြတ္ဆြဲျပီး အသနားခံသည့္အခါ ေမေမက သက္ျပင္းအရွည္ၾကီး ဆြဲခ်ရင္း ယြန္းဂီဘက္ကို အကူအညီေတာင္းသလိုလွည့္ၾကည့္၏။

"လိုက္သြားလိုက္ေနာ္ အြန္းဟာ . .    "

ရုတ္တရက္ အာေခါင္ေတြေျခာက္ကုန္သည္။
သူ႔လက္ကို အေပၚကထပ္အုပ္ကိုင္လာသည့္ ယြန္းဂီရဲ႕ေအးစက္စက္လက္ေတြကို အဓိပၸါယ္မဲ့ေငးၾကည့္မိ၏. . . …။
တစ္ရက္ထဲမွာ ဒုတိယအၾကိမ္ေျမာက္ သစၥာေဖာက္ခံရတာေပါ့။
မင္ယြန္းဂီ . . .ဒီေလာက္အခက္အခဲေလးေတာင္ ရင္မဆိုင္နိုင္ဘူးလား .။ မီးပင္လယ္ျဖတ္ရတာလည္းမဟုတ္ အသက္ေပးခိုင္းတာလည္းမဟုတ္ရပါပဲ မိဘေတြေရွ႕မွာေတာင္ သူမဘက္က မရွိေပးနိုင္တာလား ။

အဲ့ေလာက္ပဲ အျဖစ္ရွိတဲ့ လူလား မင္ယြန္းဂီ။
ေျပာေတာ့ တန္ဖိုးအရွိဆံုးလူပါဆို ေနာက္ဆံုးထြက္သက္အထိခ်စ္မွာဆို . . ဘာေတြလဲ အလိမ္အညာစကားေတြလား . . . ။

"သန္ဘက္ခါ ကိုယ္တို႔မဂၤလာဝတ္စံုသြားၾကည့္ဖို႔ လာေခၚမယ္ေနာ္  လွလွေလးျပင္ျပီးေစာင့္ေန ဟုတ္ျပီလား "

သြားေသးေသးေတြေပၚသည္အထိ ရယ္ျပီးေျပာေနတဲ့ ယြန္းဂီမ်က္နွာကို အၾကာၾကီးစိုက္ၾကည့္ျပီးမွ လြတ္ေနတဲ့ပေဟဠိတစ္ခုရဲ႕အေျဖကို ခ်က္ကနဲ သိလိုက္သလို . . . . .
ဘုရားေရ . . .။

"ဟင္ ! အင္ . .  အင္း  အင္းအင္း
ေမေမ!!!!!!!!! ခ်စ္တယ္ ခ်စ္တယ္ အရမ္းခ်စ္တယ္ ေလာကၾကီးမွာေမေမ့ကိုအခ်စ္ဆံုးပဲသိလား"

ေမေမ့ပါးေတြကို တရႈံ႕ရံႈ႕နမ္းရင္း ရင္ခြင္ထဲဝင္တိုးေတာ့ ေမေမကတြန္းထုတ္၏။

"ဖယ္စမ္း ေစာေစာကေတာ့ျဖင့္ သူ႔အေကာင္နဲ႕ခြဲရင္ပဲ ေသေတာ့မယ့္အတိုင္းေတြေျပာေနျပီးေတာ့ "

"ဟာ ေမေမ ဘာအေကာင္လဲ . .
ဒါေမ့သားမက္ေလ ေခၚၾကည့္ေခၚၾကည့္ . . .
သမက္မင္လို႔ေခၚၾကည့္ ဒါမွမဟုတ္ရင္လည္း
သားလို႔ေခၚ။ အေကာင္က ဘာလည္းအေကာင္က ေခြးေတြေၾကာင္ေတြလည္းမဟုတ္ပဲနဲ႔ "

အေနာက္ဘက္ကေန ႏႈတ္ခမ္းေပၚလက္ညွိဳးတင္ရင္း တားေနခဲ့တဲ့ ကင္ေထးေယာင္တို႔ေနာက္က်သြားခဲ့ေခ်ျပီ။ ေမေမ့လက္ဆစ္နဲ႔သူမေခါင္း မိတ္ဆက္သြားခဲ့ျပီျဖစ္သည္။

"အား! "

"ကဲဟယ္ ! ညည္းဟာေလ ေျပာေလကဲေလပါလား။ ေမြးေပးထားတဲ့ေက်းဇူးကိုမေထာက္ သူ႔အေကာင္ကိုထိေတာ့ နာေနတာ .နာေနတာ ဟန္ေတာင္မေဆာင္နိုင္ဘူး နင္ငါ့ကိုအေမလို႔ေရာ မွတ္ေသးရဲ႕လား။ ငါေနာ္ ! . . . .

ယြန္းဂီေရ အေမသြားျပီေနာ္ ေျပာထားတာေတြ မေမ့နဲ႕ၾကားလား "

"ဟုတ္ကဲ့ အေ. . မ "

"ဟီးး အ. . အ ေ  . မတဲ့ ေခၚလိုက္တာကလည္း ခ်စ္စရာၾကီး "

ကင္ေထးကေတာ့ ခပ္က်ိတ္က်ိတ္ဆဲသံတစ္ခုနဲ႔ ေထာပနာျပဳ၏။

အိမ္ျပန္ေရာက္ေတာ့ နွစ္ေတြအၾကာၾကီးေပ်ာက္ေနတဲ့ ကေလးကို ျပန္ရွာေတြ႔သလို ပံုမ်ိဳးနွင့္ ေဖေဖငို၏။ ပြင့္ပြင့္လင္းလင္းေျပာပါေတာ့လား သမီးရယ္လို႔ တုိးတုိးေလးညည္းေတာ့ ထိန္းထားသမ်ွ မ်က္ရည္ေတြက တာက်ိဳးသည့္နွယ္။

သူမကေတာ့ ခ်စ္တဲ့သူနဲ႔အတူဆိုေတာ့ ေန႔ေတြရက္ေတြေတာင္ မတြက္မခ်က္နိုင္ မိုးမျမင္ေလမျမင္ေတြ ျဖစ္ေနခဲ့ေပမယ့္ ေမတို႔အတြက္ေတာ့ သူမ မေျပာမဆုိပဲ ထြက္သြားသည့္ေန႔ရက္ေတြက အင္မတန္ပူေလာင္ခဲ့လိမ့္မည္ျဖစ္သည္။

"ေတာင္းပန္ပါတယ္ ေဖေဖ"

သူမ စကားကုိၾကားေတာ့ ေဖေဖက နားလည္သလိုေခါင္းညိတ္ျပသည္။ ေမကေတာ့ မ်က္ေစာင္းထိုးျပီး တစ္ဘက္လွည့္ကာ မ်က္ရည္ေတြၾကိတ္သုတ္ေန၏။

❄🍁🍁

နာရီလက္တံေတြက ည၁၁နာရီကို ေဖာ္ျပေနသည္။ ဟိုဘက္လွိမ့္လိုက္ ဒီဘက္လွိမ့္လိုက္ ထထိုင္လိုက္ ျပန္လွဲအိပ္လိုက္နွင့္ ဂဏာမျငိမ္ျဖစ္ေနတာ ေတာ္ေတာ္ေလးၾကာေနျပီျဖစ္သည္။

တစ္ေန႔ထဲမွာ ျမန္ျမန္ဆန္ဆန္ျဖစ္ပ်က္သြားၾကသည့္ အေၾကာင္းအရာေတြအျပင္
ကုိယ္ပိုင္အခန္းထဲေရာက္တာေတာင္ ဧည့္သည္တစ္ေယာက္လိုခံစားခ်က္မ်ိဳးျဖင့္ ဟိုၾကည့္ဒီၾကည့္ေယာင္ေတာင္ေတာင္ . . .

မင္ယြန္းဂီ ရင္ခြင္ထဲေခါင္းတိုးဝင္္ျပီး စည္းခ်က္ညီညီခပ္မွန္မွန္ရင္ခုန္သံကို နားေထာင္ျပီးအိပ္ရတာ ေန႔စဥ္အလုပ္ၾကီးတစ္ခုအသားက်သြားတာေၾကာင့္မ်ားလား ဒါမွမဟုတ္ . . .
အိပ္ေပ်ာ္ခါနီးဆဲဆဲဆို ဆံပင္ေတြထဲနစ္ဝင္ေနေအာင္ နမ္းရင္းေျပာေလ့ရွိတဲ့'Good Night bae'ဆုိတဲ့ အသံေလးကို မၾကားရတာေၾကာင့္လား  ဘာေၾကာင့္မွန္းမသိ အိပ္လို႔မရ။

"aish !!! မဆက္နဲ႔ မဆက္နဲ႕ ငါပဲ အရင္ဆက္မယ္ အိပ္ေပ်ာ္ေနတာ တစ္ခါတည္းနိုးသြားေအာင္ ႏႈိးျပမယ္ၾကည့္ေန !"

စဥ္းစားၾကည့္ရင္ ယြန္းဂီနဲ႔သူမ ဖုန္းတစ္ခါမွ မေျပာျဖစ္ခဲ့ဖူးမွန္း အခုမွ ေသခ်ာသိ၏။စေတြ႔ကတည္းက တစ္ေယာက္က တစ္ေယာက္ရဲ႕ေဘးမွာ နီးနီးေလးရွိေနခဲ့ၾကသလို အေဝးၾကီးကိုေရာက္ေတာ့လည္း ဖုန္းေခၚဖို႔ ေဝးစြ . . တစ္သက္လံုးျပန္မေတြ႕ၾကေတာ့မယ့္ သူေတြအတုိင္းကို အဆက္အသြယ္ျဖတ္ခဲ့ၾကတာေလ။

call ခလုတ္ကိုဖိလိုက္ျပီးမွ တစ္ဖက္သတ္ၾကိဳက္ေနတဲ့လူဆီဖုန္းေခၚမိတဲ့ ခံစားခ်က္ေလးအတိုင္း သူမ ရင္ေတြခုန္လာသည္။ ေလလႈိင္းကတဆင့္ၾကားရမယ့္ အသံက အျပင္က အသံလိုနိမ့္နိမ့္ေလးနဲ႔ တည္ျငိမ္ေနမလား . . .  အနည္းငယ္ေျပာင္းလဲသြားေလမလား . .  ။

တူ . . တူဆိုျပီး ဒုတိယအၾကိမ္ျမည္သံေတြေတာင္မဆံုးခင္ တစ္ဖက္က တည္တည္ျငိမ္ျငိမ္အေႏြးဓာတ္ေတြျပည့္ေနတဲ့ အသံတစ္ခုက ဆီးၾကိဳ၏။

"မအိပ္ေသးဘူးလား အြန္းဟာ "

"အိပ္မေပ်ာ္လို႔. . .  "

"ဟားဟား ေပ်ာ္ေအာင္အိပ္ေလကြာ "

ေပ်ာ္ေအာင္အိပ္ေလဆိုတဲ့ အသံရဲ႕ေနာက္ ဗလံုးဗေထြးၾကားလိုက္သည့္ TVသံေၾကာင့္ ရယ္ခ်င္စိတ္ကို ၾကိတ္မွိတ္ျပီး သည္းခံလိုက္ရေသးသည္။
သူက်ေတာ့ အိပ္မရလို႔ TVထိုင္ၾကည့္ေနျပီးေတာ့မ်ား . . . .

" ယြန္းဂီ "

"humm .. .  "

"လြမ္းတယ္ "

". . . "

". . . ."

"ကိုယ္ အခုလာခဲ့မယ္ မအိပ္ေသးဘဲ
ခဏေလးေစာင့္ေနေနာ္  "

နာရီဝက္အတြင္း အိမ္ေရွ႕လမ္းကို အေရာက္လာခဲ့သည့္ ကားကို ျပတင္းေပါက္လိုက္ကာေတြၾကားက ေခ်ာင္းၾကည့္ရင္း ေသခ်ာျပီဆိုမွ ေလွကားကိုေျခသံဖြဖြေလ်ွာက္ျပီး အိမ္အျပင္ကို ေျပးထြက္လာလိုက္သည္။

ညည့္နက္ေနျပီမို႔ လမ္းမေပၚမွာ ကားအသြားအလာပင္မရွိေတာ့. . .
လမ္းမီးေတြရယ္ လမ္းမၾကီးထိပ္က ေၾကာ္ျငာဆိုင္းဘုတ္ေတြရယ္သာမရွိခဲ့ရင္ ပတ္ဝန္းက်င္တစ္ခုလံုး ေမွာင္မဲေနမည္ျဖစ္သည္။ ဖုန္းကိုနားမွာကပ္ရင္း သူမအခန္းရွိရာကို လွမ္းၾကည့္ေနတဲ့ ယြန္းဂီရဲ႕အေနာက္ကေနျပီး ခါးကိုလွမ္းဖက္ ေက်ာေနာက္ကို ေခါင္းေလးမွီလိုက္ေတာ့ နွစ္လိုဖြယ္ရယ္သံေလးကို ၾကားရ၏။

"ယြန္းဂီ !!"

"ကိုယ္လွမ္းေခၚမွာေပါ့ တစ္ေယာက္ထဲ ဘာလို႔ အျပင္ထြက္ေနတာလဲ "

ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲထိုးသြင္းရင္း ေနာက္လက္တစ္ဘက္က သူမပခံုးကေနသိုင္းဖက္လိုက္တာမို႔ ရင္းႏွီးေနၾက ေႏြးေထြးမႈထဲေနာက္တစ္ခါျပန္လည္ ခိုလႈံမိသည္။

"ျမန္ျမန္ ေတြ႔ခ်င္လို႔ေပါ့ "

"ညဘက္က ဘယ္ေလာက္အႏၲရာယ္မ်ားလဲ
မသိဘူးလား "

ခါးကို တစ္ဘက္တစ္ခ်က္စီက ထိန္းကိုင္ရင္း ကားအေရွ႕ဖံုးဆီသို႔ မ' ခ်ီျပီး သူမကို ထိုင္ေစ၏။
မဆိုစေလာက္ေလး ပိုျမင့္သြားတာေၾကာင့္ ယြန္းဂီနဖူးက သူမႏႈတ္ခမ္းေတြနဲ႕ တစ္တန္းထဲမွာ ရွိေနသည္။

"ဟင့္အင္း  . . "

သူမသိပ္မနာလိုသည့္ ယြန္းဂီရဲ႕ ပန္းေသြးေရာင္ေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းလႊာပါးပါးနွစ္ခုရဲ႕ဆံုရာေနရာက အေပၚဘက္ကို မသိမသာေလးေကာ့တက္သြားသည္။ စင္တီမီတာတစ္စိတ္စာသာ ေဝးကြာေတာ့၍ ဝင္သက္ထြက္သက္ေငြ႕ေငြ႕က ပါးျပင္ေပၚလ်ွက္ေျပးေနသည့္အခါ ေႏြးကနဲျဖစ္သြားသည့္ မ်က္နွာ . . . .

"အေမ့ေရွ႕မွာ ေျပာတာ တကယ္လား ။ တကယ္ ကိုယ္နဲ႕ဒီေလာက္ေတာင္ မခြဲနိုင္ဘူးလား "

ဂေယာင္းဆန္းစကားသံဝဲဝဲေလးနဲ႔ ေမးလိုက္တာမို႔ ခ်က္ခ်င္းအေျဖမေပးဘဲ ပုခံုးနွစ္ဘက္ကို လက္တင္လိုက္ရင္း လည္ပင္းမွတဆင့္ သိုင္းဖက္လိုက္သည့္အခါ ခါးေအာက္ဘက္ကိုအနည္းငယ္ေလ်ာခ်ရင္း ျပန္ဖက္လာသည့္ လက္တစ္စံု နွင့္ . . . . .

"ဘယ္လိုထင္လဲ "

နဖူးခ်င္းထိမိသည့္အခိုက္ ျဗဳန္းစားၾကီးဆိုသလို
ေျပာင္းလဲသြားသည့္ ပတ္ဝန္းက်င္အေျခအေန . .

တြဲက်ေနသည့္ သူမေျခေထာက္ေတြက မတ္တပ္ရပ္ေနတဲ့ သူ႔ကိုယ္ေလးမွာ ယွက္ျပီးခ်ိတ္လုိက္သည့္အခါ ခႏၶာကို္ယ္နွစ္ခုက ေလတိုးစရာပင္မရွိေလာက္သည္အထိ နီးကပ္သြားခဲ့၏။ ဆံုထားေသာ မ်က္ဝန္းေတြကုိ မလႊဲဖယ္ဘဲ ဖိကပ္လိုက္သည့္ ႏႈတ္ခမ္းေတြက ဘယ္အခ်ိန္ျဖစ္ျဖစ္ ဘယ္နွၾကိမ္ေျမာက္ျဖစ္ျဖစ္ ဘယ္လိုေနရာမ်ိဳးမွာပဲျဖစ္ျဖစ္ ထပ္တူညီေသာ ရင္ခုန္မႈမ်ိဳးကိုေပး၏။

စိုစြတ္စြတ္ႏႈတ္ခမ္းေတြက ပါးနုနုေတြရယ္ ေမးရိုးတစ္ေလ်ွာက္ရယ္ ေနရာမလပ္ အနမ္းေျခြေတာ့ ပင့္သက္ရႈိက္သံတိုးတိုး ပြင့္အံထြက္၏။

လည္တိုင္နွင့္ပခံုးဆံုသည့္ ေနရာကို အနမ္းရွည္တစ္ခုက ျခယ္လွယ္သည့္အခိ်န္ တစ္စြန္းတစ္စခံစားမိစည့္ လွ်ာဖ်ားေလးရယ္ ခဲလိုက္သည့္ သြားရာဖြဖြေတြရယ္က ညေလေအးေအးေလးကြန္႔ျမဴးေနခ်ိန္မွာေတာင္ ခႏၶာကိုယ္တစ္ခုလံုးကို ပူေႏြးသြားေစသည္။

ႏႈတ္ခမ္းေပၚတစ္ဖန္က်ဴးေက်ာ္လာေသာ အနမ္းေတြက 'ကိုလည္း မင္းနဲ႔မခြဲနိုင္ဘူး'ဆိုသည့္ စကားသံတို႔ျပီးသည့္ေနာက္ တစ္ခါ 'အရမ္းခ်စ္တယ္ အြန္းဟာ'ဆိုတဲ့ စကားသံေတြေနာက္မွာ တစ္ခါ ထပ္ခါထပ္ခါအသက္ဝင္၏။

ဒီေန႕ညမွ ေကာင္းကင္ေပၚက လမင္းၾကီးက ပိုလွေနသလို    . . . . . ။ ။

❄🍁🍁❄
💫💫💫💫

(Unicode)

❄❄

အခန်းတံခါးရဲ့အပြင်ဘက်က လူနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိသည့်အခိုက် စေ့ထားသည့် နှုတ်ခမ်းတို့က အဟောင်းသား ပွင့်၏။

မေမေ . . . .

"မင်ယွန်းဂီ ရှိလား "

မေမေက သူမွေးထားတဲ့ သမီးကို ရှိလေသည်ဟုပင် အသိအမှတ်မပြုသလိုပုံနှင့် သူမပခုံးပေါ်က ကျော်ရင်း အခန်းအတွင်းထဲသို့ လှမ်းကြည့်သည်။ ထိုအကြည့်ရယ် အနောက်ဘက်က ထေးယောင်ရဲ့ မအီမသာရယ်ပြနေတဲ့ မျက်နှာရယ်က သူမခြေထောက်တွေကို ဂျယ်လီတုံးတွေလိုမျိုး ပျော့အိသွားစေ၏။
မြဲမြဲထောက်ထားဖို့ မတတ်နိုင်တော့ . .  .

ဘယ်လိုသိပြီးရောက်လာကြတာလဲ ?
ဘာလုပ်ဖို့လာကြတာလဲ . . . ပြန်လာခေါ်တာကတော့သူမအမေစိတ်ကို သိပြီးသားမို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်မှန်းသိ၏။ ဒါပေမယ့် လာပြန်ခေါ်တာမဟုတ်ရင် မေမေက ဒီလိုအိမ်အထိလုံးဝ(လုံးဝ) လိုက်လာစရာအကြောင်းကလည်း မရှိပြန်။

မေးခွန်းတွေ တပြုံတစ်မကြီးထွက်လာတဲ့ ဦးနှောက်က အဖြေကိုစဉ်းစားဖို့ကျ သံချေးတက်နေသည့်အလား ။

တံခါးလှည့်ဖွင့်သည့် လက်ကိုင်ကို ခပ်တင်းတင်းဆုပ်ထားရင်း အပေါက်ဝက လူနှစ်ယောက်ဘယ်အချိန် သူမကိုဆွဲခေါ်သွားမလဲ တွေးကြောက်ပြီး လက်တွေက ကတုန်ကယင်. . ။
နေပါဦး. . . .  လက်ထပ်ခွင့်အတောင်းခံထားရတာ ရက်ပိုင်းပဲရှိသေးတာကို ။

ဖွင့်ချင်လျက်နှင့် ပွင့်မလာသည့်နှုတ်ခမ်းတွေက မျဉ်းဖြောင့်တစ်ကြောင်းလို တင်းတင်းစေ့လျက်။
ဘာလုပ်ရမလဲ . . ဘာလုပ်ရမလဲ ?

စဉ်းစားစမ်း ပတ်အွန်းဟာ!!!!! မဟုတ်ရင် နင်ဒီအတိုင်းဆွဲခေါ်သွားခံရမယ်နော်ဆိုသည့် ခန္ဓာကိုယ်အတွင်းပိုင်းတစ်နေရာက အော်သံတစ်ခုအဆုံး အသက်ကို အားရပါးရရှူရှိုက်လိုက်ရင်း
မျက်လုံးတွေကို ဇွတ်မှိတ်ချလိုက်ခါ စကားလုံးတွဲအရှည်ကြီးတစ်ခုကို မနိမ့်မမြင့်သော အသံဖြင့် ပြောလိုက်မိလျက်သား . . . .

"သမီးဗိုက်ကြီးတော့မှာမေမေ။ သိတယ်မဟုတ်လား တစ်အိမ်ထဲအတူနေတာလေ ခုမှတော့မေတို့ဘာမှလုပ်လို့မရတော့ဘူး ကလေးကတကယ်ရတော့မှာ မေမေ့မြေးကိုအဖေခေါ်စရာမရှိပဲကြီးရမှာမလိုချင်ရင်သမီးကို ပြန်မခေါ်ပါနဲ့"

မျက်လုံးကို တစ်ဖက်ချင်းစီဖြည်းဖြည်းဖွင့်လိုက်တဲ့အခါ အဟောင်းသားပွင့်နေသည့် ကင်ထေးယောင်းရဲ့ နှုတ်ခမ်းတွေနဲ့ပြူးထွက်နေတဲ့မျက်လုံးတစ်စုံကို အရင်မြင်၏။
မေမေကတော့ သက်ပြင်းဖွဖွသာချပြီး အနောက်ဘက်က အခန်းထဲသို့သာ လှမ်းကြည့်နေသည်။

"ဟာ အန်တီ ရောက်လာပြီလား . .
အွန်းဟာ ဘာလုပ်နေတာလဲ . . .
အမေ့ကို အိမ်ထဲခေါ်လေ "

နောက်စေ့တည့်တည့်က ဖြတ်ရိုက်လျင်တောင် ဒီလောက်နာလိမ့်မည်မဟုတ်။

ဒါက ဘယ်လိုသစ္စာဖောက်ခံရခြင်းလဲ … …။

မေမေ့ကို ကိုယ်လေးကျုံ့ပြီးနေရာဖယ်ပေးလိုက်တော့ အနောက်က ထေးယောင်က နင်တော့သေပြီဆိုတဲ့ပုံစံနဲ့ နှုတ်ခမ်းတွန့်ရင်း လည်ပင်းကို လက်နဲ့ရွယ်ပြ၏။ သူ့ကို ပေစောင်းစောင်းပြန်ကြည့်ပေးလိုက်ရင်း မေမေ့အနောက်ကို ခပ်မြန်မြန်လိုက်သွားလိုက်သည်။

"ကော်ဖီဖြစ်ဖြစ် . . . . ."

"မလိုပါဘူး ကော်ဖီက ငါ့အိမ်မှာသောက်လည်းရတယ်"

"မေမေ!!"

ယွန်းဂီကို သဘောမကျရင်လည်း အိမ်အထိလာပြီးပြောစရာမလိုဘူးလို့ ပြောချင်တဲ့စကားက သူမလက်တစ်ဘက်ကို ဆုပ်ကိုင်ရင်းဖွဖွလေးဖျစ်ညှစ်လိုက်တဲ့ ယွန်းဂီကြောင့် ရပ်တန့်ကုန်၏။ သူ့ဘက်ကလိုက်ပြီး မေမေ့ကိုပြောပေးတာကသပ်သပ် သစ္စာဖောက်ခံရတာကသပ်သပ်ဖြစ်၍ ယွန်းဂီလက်ကို ခါချလိုက်ပြီး လက်နှစ်ဘက်ကိုပိုက်ထားလိုက်သည်။
မေမေပြန်မှတွေ့ဦးမယ် မင်ယွန်းဂီ . . .။

"ထိုင်လေ ငါကစကားကိုမော့ကြည့့်ပြီး
ပြောရမှာလား "

"ဟုတ်ကဲ့ "

လက်ပိုက်လျက်အတိုင်း မေမေ့အရှေ့တည့်တည့်ခုံပေါ်ကို ယွန်းဂီနဲ့အတူ သူမပါ ဝင်လိုက်လိုက်သည့်အချိန် စူးကနဲ ထွက်လာသည့် အသံ. . 

"ဟဲ့ နင်က ဘာလို့ထိုင်တာလဲ !!! သား ထေးယောင် ဒီကောင်မလေးကို ငါ့မျက်စိရှေ့ကလွတ်တဲ့တစ်နေရာကို ခေါ်သွားစမ်း "

"ဟုတ် အမေ "

ဘယ်အချိန်ထဲက စောင့်နေသည့်အကွက်မှန်းမသိ မေမေ့စကားကြားသည်နှင့်တပြိုင်နက် သူမ လက်မောင်းပေါ်ရောက်လာသည့် ကင်ထေးရဲ့ လက်တွေမှာ  အငြိုးတွေပါ ထည့်ထားသလားပင်ထင်ရလောက်အောင် အားပြင်းလှသည်။
ဒီကောင်တော့ !!.

"လွှတ်နော် မဆွဲနဲ့လေ ဟာ  . . . .ဟဲ့ ဖြည်းဖြည်းဟ . . . "

တရွတ်မတိုက်ရုံတမယ် ယက်ကန်ယက်ကန်နဲ့ပါသွားသည့် သူမအခန်းထဲက မထွက်ခင်နောက်ဆုံးမြင်ရသည့် မြင်ကွင်းက သနားစရာကောင်းလွန်းလှ၏။ တစ်မိုးအောက် မင်ယွန်းဂီတစ်ယောက် သူမမေမေရှေ့မှာ ကျိုးကျိုးနွံနွံလေးထိုင်ရင်း ခေါင်းလေးပါ ငုံ့လျက် . . ။

"နင် ဘာမှဝင်မပြောနဲ့နော် . . . နင်ဝင်ပြောရင်မရှိတဲ့ ပြသနာတွေပါတက်ကုန်မယ်။ အစ်ကိုက မနေ့ကတည်းက နင့်မိဘတွေဆီလာတွေ့သွားပြီးပြီ သူ့မှာ အစီအစဉ်ရှိမှာပေါ့ ငြိမ်ငြိမ်လေးနေလိုက် ဟုတ်ပြီလား "

". . . .  "

အခန်းထဲ နောက်ထပ်တစ်ကြိမ်လှည့်ကြည့်တော့ ခေါင်းတညိတ်ညိတ်နှင့် မေမေပြောသမျှနားထောင်နေတဲ့ ယွန်းဂီနဲ့ မပြီးမဆုံးနိုင်အောင်မှာတမ်းခြွေနေသည့် မေမေ. . .

မင်ယွန်းဂီကို ယုံပြီး စောင့်ကြည့်နေလိုက်ဖို့အပြင် ဘာမှမတက်နိုင်တော့တာမို့ . . . နှစ်ယောက်သား အခန်းဝမှာ ခေါင်းလေးပြူရင်း မတ်တပ်ရပ်နေလိုက်သည်။

"ကောင်းကောင်း သွားပါ ခင်ဗျ "

တာထွက်ဝီစီသံကို စောင့်နေသည့် အပြေးသမားလိုအမြန်နှုန်းမျိုးနဲ့ မေမေတို့နားကို ပြေးသွားမိသည်။ယွန်းဂီက မပီမပြင်တစ်ချက်ပြုံးပြရင်း မေမေမမြင်အောင် မျက်စိတစ်ဖက်မှိတ်ပြသည်မို့ သူမ ပြုံးမိသေးသည်။ မျက်စိလျင်တဲ့မေမေကတော့ တွေ့ဖြစ်အောင်တွေ့လိုက်သည်ထင် . . . လုပ်ချောင်းတစ်ခုကို ဖန်တီး၏။

"ကဲ အစ်မ ကျွန်မနဲ့ အိမ်ပြန်ကြမယ် ပြန်လိုက်ခဲ့ "

"ဘာ ဘာလို့လဲ . . မလိုက်ချင်ဘူး မေမေ . သမီး ယွန်းဂီကိုတကယ်မခွဲနိုင်ဘူး . . ။အဲ့လိုမလုပ်ပါနဲ့မေမေရယ်နော် သမီးတကယ် . . တကယ်အနူးအညွတ်တောင်းပန်ပါတယ်
သမီးကမင်ယွန်းဂီဘေးမှာပဲနေချင်တာ
နော်လို့ မေမေနော် . . "

လက်အုပ်ချီထားတဲ့ လက်နှစ်ဘက်ကို ပူးကပ်ပွတ်ဆွဲပြီး အသနားခံသည့်အခါ မေမေက သက်ပြင်းအရှည်ကြီး ဆွဲချရင်း ယွန်းဂီဘက်ကို အကူအညီတောင်းသလိုလှည့်ကြည့်၏။

"လိုက်သွားလိုက်နော် အွန်းဟာ . .    "

ရုတ်တရက် အာခေါင်တွေခြောက်ကုန်သည်။
သူ့လက်ကို အပေါ်ကထပ်အုပ်ကိုင်လာသည့် ယွန်းဂီရဲ့အေးစက်စက်လက်တွေကို အဓိပ္ပါယ်မဲ့ငေးကြည့်မိ၏. . . …။
တစ်ရက်ထဲမှာ ဒုတိယအကြိမ်မြောက် သစ္စာဖောက်ခံရတာပေါ့။
မင်ယွန်းဂီ . . .ဒီလောက်အခက်အခဲလေးတောင် ရင်မဆိုင်နိုင်ဘူးလား .။ မီးပင်လယ်ဖြတ်ရတာလည်းမဟုတ် အသက်ပေးခိုင်းတာလည်းမဟုတ်ရပါပဲ မိဘတွေရှေ့မှာတောင် သူမဘက်က မရှိပေးနိုင်တာလား ။

အဲ့လောက်ပဲ အဖြစ်ရှိတဲ့ လူလား မင်ယွန်းဂီ။
ပြောတော့ တန်ဖိုးအရှိဆုံးလူပါဆို နောက်ဆုံးထွက်သက်အထိချစ်မှာဆို . . ဘာတွေလဲ အလိမ်အညာစကားတွေလား . . . ။

"သန်ဘက်ခါ ကိုယ်တို့မင်္ဂလာဝတ်စုံသွားကြည့်ဖို့ လာခေါ်မယ်နော်  လှလှလေးပြင်ပြီးစောင့်နေ ဟုတ်ပြီလား "

သွားသေးသေးတွေပေါ်သည်အထိ ရယ်ပြီးပြောနေတဲ့ ယွန်းဂီမျက်နှာကို အကြာကြီးစိုက်ကြည့်ပြီးမှ လွတ်နေတဲ့ပဟေဠိတစ်ခုရဲ့အဖြေကို ချက်ကနဲ သိလိုက်သလို . . . . .
ဘုရားရေ . . .။

"ဟင် ! အင် . .  အင်း  အင်းအင်း
မေမေ!!!!!!!!! ချစ်တယ် ချစ်တယ် အရမ်းချစ်တယ် လောကကြီးမှာမေမေ့ကိုအချစ်ဆုံးပဲသိလား"

မေမေ့ပါးတွေကို တရှုံ့ရှုံ့နမ်းရင်း ရင်ခွင်ထဲဝင်တိုးတော့ မေမေကတွန်းထုတ်၏။

"ဖယ်စမ်း စောစောကတော့ဖြင့် သူ့အကောင်နဲ့ခွဲရင်ပဲ သေတော့မယ့်အတိုင်းတွေပြောနေပြီးတော့ "

"ဟာ မေမေ ဘာအကောင်လဲ . .
ဒါမေ့သားမက်လေ ခေါ်ကြည့်ခေါ်ကြည့် . . .
သမက်မင်လို့ခေါ်ကြည့် ဒါမှမဟုတ်ရင်လည်း
သားလို့ခေါ်။ အကောင်က ဘာလည်းအကောင်က ခွေးတွေကြောင်တွေလည်းမဟုတ်ပဲနဲ့ "

အနောက်ဘက်ကနေ နှုတ်ခမ်းပေါ်လက်ညှိုးတင်ရင်း တားနေခဲ့တဲ့ ကင်ထေးယောင်တို့နောက်ကျသွားခဲ့ချေပြီ။ မေမေ့လက်ဆစ်နဲ့သူမခေါင်း မိတ်ဆက်သွားခဲ့ပြီဖြစ်သည်။

"အား! "

"ကဲဟယ် ! ညည်းဟာလေ ပြောလေကဲလေပါလား။ မွေးပေးထားတဲ့ကျေးဇူးကိုမထောက် သူ့အကောင်ကိုထိတော့ နာနေတာ .နာနေတာ ဟန်တောင်မဆောင်နိုင်ဘူး နင်ငါ့ကိုအမေလို့ရော မှတ်သေးရဲ့လား။ ငါနော် ! . . . .

ယွန်းဂီရေ အမေသွားပြီနော် ပြောထားတာတွေ မမေ့နဲ့ကြားလား "

"ဟုတ်ကဲ့ အေ. . မ "

"ဟီးး အ. . အ ေ  . မတဲ့ ခေါ်လိုက်တာကလည်း ချစ်စရာကြီး "

ကင်ထေးကတော့ ခပ်ကျိတ်ကျိတ်ဆဲသံတစ်ခုနဲ့ ထောပနာပြု၏။

အိမ်ပြန်ရောက်တော့ နှစ်တွေအကြာကြီးပျောက်နေတဲ့ ကလေးကို ပြန်ရှာတွေ့သလို ပုံမျိုးနှင့် ဖေဖေငို၏။ ပွင့်ပွင့်လင်းလင်းပြောပါတော့လား သမီးရယ်လို့ တိုးတိုးလေးညည်းတော့ ထိန်းထားသမျှ မျက်ရည်တွေက တာကျိုးသည့်နှယ်။

သူမကတော့ ချစ်တဲ့သူနဲ့အတူဆိုတော့ နေ့တွေရက်တွေတောင် မတွက်မချက်နိုင် မိုးမမြင်လေမမြင်တွေ ဖြစ်နေခဲ့ပေမယ့် မေတို့အတွက်တော့ သူမ မပြောမဆိုပဲ ထွက်သွားသည့်နေ့ရက်တွေက အင်မတန်ပူလောင်ခဲ့လိမ့်မည်ဖြစ်သည်။

"တောင်းပန်ပါတယ် ဖေဖေ"

သူမ စကားကိုကြားတော့ ဖေဖေက နားလည်သလိုခေါင်းညိတ်ပြသည်။ မေကတော့ မျက်စောင်းထိုးပြီး တစ်ဘက်လှည့်ကာ မျက်ရည်တွေကြိတ်သုတ်နေ၏။

❄🍁🍁

နာရီလက်တံတွေက ည၁၁နာရီကို ဖော်ပြနေသည်။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် ထထိုင်လိုက် ပြန်လှဲအိပ်လိုက်နှင့် ဂဏာမငြိမ်ဖြစ်နေတာ တော်တော်လေးကြာနေပြီဖြစ်သည်။

တစ်နေ့ထဲမှာ မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားကြသည့် အကြောင်းအရာတွေအပြင်
ကိုယ်ပိုင်အခန်းထဲရောက်တာတောင် ဧည့်သည်တစ်ယောက်လိုခံစားချက်မျိုးဖြင့် ဟိုကြည့်ဒီကြည့်ယောင်တောင်တောင် . . .

မင်ယွန်းဂီ ရင်ခွင်ထဲခေါင်းတိုးဝင်ပြီး စည်းချက်ညီညီခပ်မှန်မှန်ရင်ခုန်သံကို နားထောင်ပြီးအိပ်ရတာ နေ့စဉ်အလုပ်ကြီးတစ်ခုအသားကျသွားတာကြောင့်များလား ဒါမှမဟုတ် . . .
အိပ်ပျော်ခါနီးဆဲဆဲဆို ဆံပင်တွေထဲနစ်ဝင်နေအောင် နမ်းရင်းပြောလေ့ရှိတဲ့'Good Night bae'ဆိုတဲ့ အသံလေးကို မကြားရတာကြောင့်လား  ဘာကြောင့်မှန်းမသိ အိပ်လို့မရ။

"aish !!! မဆက်နဲ့ မဆက်နဲ့ ငါပဲ အရင်ဆက်မယ် အိပ်ပျော်နေတာ တစ်ခါတည်းနိုးသွားအောင် နှိုးပြမယ်ကြည့်နေ !"

စဉ်းစားကြည့်ရင် ယွန်းဂီနဲ့သူမ ဖုန်းတစ်ခါမှ မပြောဖြစ်ခဲ့ဖူးမှန်း အခုမှ သေချာသိ၏။စတွေ့ကတည်းက တစ်ယောက်က တစ်ယောက်ရဲ့ဘေးမှာ နီးနီးလေးရှိနေခဲ့ကြသလို အဝေးကြီးကိုရောက်တော့လည်း ဖုန်းခေါ်ဖို့ ဝေးစွ . . တစ်သက်လုံးပြန်မတွေ့ကြတော့မယ့် သူတွေအတိုင်းကို အဆက်အသွယ်ဖြတ်ခဲ့ကြတာလေ။

call ခလုတ်ကိုဖိလိုက်ပြီးမှ တစ်ဖက်သတ်ကြိုက်နေတဲ့လူဆီဖုန်းခေါ်မိတဲ့ ခံစားချက်လေးအတိုင်း သူမ ရင်တွေခုန်လာသည်။ လေလှိုင်းကတဆင့်ကြားရမယ့် အသံက အပြင်က အသံလိုနိမ့်နိမ့်လေးနဲ့ တည်ငြိမ်နေမလား . . .  အနည်းငယ်ပြောင်းလဲသွားလေမလား . .  ။

တူ . . တူဆိုပြီး ဒုတိယအကြိမ်မြည်သံတွေတောင်မဆုံးခင် တစ်ဖက်က တည်တည်ငြိမ်ငြိမ်အနွေးဓာတ်တွေပြည့်နေတဲ့ အသံတစ်ခုက ဆီးကြို၏။

"မအိပ်သေးဘူးလား အွန်းဟာ "

"အိပ်မပျော်လို့. . .  "

"ဟားဟား ပျော်အောင်အိပ်လေကွာ "

ပျော်အောင်အိပ်လေဆိုတဲ့ အသံရဲ့နောက် ဗလုံးဗထွေးကြားလိုက်သည့် TVသံကြောင့် ရယ်ချင်စိတ်ကို ကြိတ်မှိတ်ပြီး သည်းခံလိုက်ရသေးသည်။
သူကျတော့ အိပ်မရလို့ TVထိုင်ကြည့်နေပြီးတော့များ . . . .

" ယွန်းဂီ "

"humm .. .  "

"လွမ်းတယ် "

". . . "

". . . ."

"ကိုယ် အခုလာခဲ့မယ် မအိပ်သေးဘဲ
ခဏလေးစောင့်နေနော်  "

နာရီဝက်အတွင်း အိမ်ရှေ့လမ်းကို အရောက်လာခဲ့သည့် ကားကို ပြတင်းပေါက်လိုက်ကာတွေကြားက ချောင်းကြည့်ရင်း သေချာပြီဆိုမှ လှေကားကိုခြေသံဖွဖွလျှောက်ပြီး အိမ်အပြင်ကို ပြေးထွက်လာလိုက်သည်။

ညည့်နက်နေပြီမို့ လမ်းမပေါ်မှာ ကားအသွားအလာပင်မရှိတော့. . .
လမ်းမီးတွေရယ် လမ်းမကြီးထိပ်က ကြော်ငြာဆိုင်းဘုတ်တွေရယ်သာမရှိခဲ့ရင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေမည်ဖြစ်သည်။ ဖုန်းကိုနားမှာကပ်ရင်း သူမအခန်းရှိရာကို လှမ်းကြည့်နေတဲ့ ယွန်းဂီရဲ့အနောက်ကနေပြီး ခါးကိုလှမ်းဖက် ကျောနောက်ကို ခေါင်းလေးမှီလိုက်တော့ နှစ်လိုဖွယ်ရယ်သံလေးကို ကြားရ၏။

"ယွန်းဂီ !!"

"ကိုယ်လှမ်းခေါ်မှာပေါ့ တစ်ယောက်ထဲ ဘာလို့ အပြင်ထွက်နေတာလဲ "

ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးသွင်းရင်း နောက်လက်တစ်ဘက်က သူမပခုံးကနေသိုင်းဖက်လိုက်တာမို့ ရင်းနှီးနေကြ နွေးထွေးမှုထဲနောက်တစ်ခါပြန်လည် ခိုလှုံမိသည်။

"မြန်မြန် တွေ့ချင်လို့ပေါ့ "

"ညဘက်က ဘယ်လောက်အန္တရာယ်များလဲ
မသိဘူးလား "

ခါးကို တစ်ဘက်တစ်ချက်စီက ထိန်းကိုင်ရင်း ကားအရှေ့ဖုံးဆီသို့ မ' ချီပြီး သူမကို ထိုင်စေ၏။
မဆိုစလောက်လေး ပိုမြင့်သွားတာကြောင့် ယွန်းဂီနဖူးက သူမနှုတ်ခမ်းတွေနဲ့ တစ်တန်းထဲမှာ ရှိနေသည်။

"ဟင့်အင်း  . . "

သူမသိပ်မနာလိုသည့် ယွန်းဂီရဲ့ ပန်းသွေးရောင်ဖျော့ဖျော့ နှုတ်ခမ်းလွှာပါးပါးနှစ်ခုရဲ့ဆုံရာနေရာက အပေါ်ဘက်ကို မသိမသာလေးကော့တက်သွားသည်။ စင်တီမီတာတစ်စိတ်စာသာ ဝေးကွာတော့၍ ဝင်သက်ထွက်သက်ငွေ့ငွေ့က ပါးပြင်ပေါ်လျှက်ပြေးနေသည့်အခါ နွေးကနဲဖြစ်သွားသည့် မျက်နှာ . . . .

"အမေ့ရှေ့မှာ ပြောတာ တကယ်လား ။ တကယ် ကိုယ်နဲ့ဒီလောက်တောင် မခွဲနိုင်ဘူးလား "

ဂယောင်းဆန်းစကားသံဝဲဝဲလေးနဲ့ မေးလိုက်တာမို့ ချက်ချင်းအဖြေမပေးဘဲ ပုခုံးနှစ်ဘက်ကို လက်တင်လိုက်ရင်း လည်ပင်းမှတဆင့် သိုင်းဖက်လိုက်သည့်အခါ ခါးအောက်ဘက်ကိုအနည်းငယ်လျောချရင်း ပြန်ဖက်လာသည့် လက်တစ်စုံ နှင့် . . . . .

"ဘယ်လိုထင်လဲ "

နဖူးချင်းထိမိသည့်အခိုက် ဗြုန်းစားကြီးဆိုသလို
ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်အခြေအနေ . .

တွဲကျနေသည့် သူမခြေထောက်တွေက မတ်တပ်ရပ်နေတဲ့ သူ့ကိုယ်လေးမှာ ယှက်ပြီးချိတ်လိုက်သည့်အခါ ခန္ဓာကိုယ်နှစ်ခုက လေတိုးစရာပင်မရှိလောက်သည်အထိ နီးကပ်သွားခဲ့၏။ ဆုံထားသော မျက်ဝန်းတွေကို မလွှဲဖယ်ဘဲ ဖိကပ်လိုက်သည့် နှုတ်ခမ်းတွေက ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နှကြိမ်မြောက်ဖြစ်ဖြစ် ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ထပ်တူညီသော ရင်ခုန်မှုမျိုးကိုပေး၏။

စိုစွတ်စွတ်နှုတ်ခမ်းတွေက ပါးနုနုတွေရယ် မေးရိုးတစ်လျှောက်ရယ် နေရာမလပ် အနမ်းခြွေတော့ ပင့်သက်ရှိုက်သံတိုးတိုး ပွင့်အံထွက်၏။

လည်တိုင်နှင့်ပခုံးဆုံသည့် နေရာကို အနမ်းရှည်တစ်ခုက ခြယ်လှယ်သည့်အချိန် တစ်စွန်းတစ်စခံစားမိစည့် လျှာဖျားလေးရယ် ခဲလိုက်သည့် သွားရာဖွဖွတွေရယ်က ညလေအေးအေးလေးကွန့်မြူးနေချိန်မှာတောင် ခန္ဓာကိုယ်တစ်ခုလုံးကို ပူနွေးသွားစေသည်။

နှုတ်ခမ်းပေါ်တစ်ဖန်ကျူးကျော်လာသော အနမ်းတွေက 'ကိုလည်း မင်းနဲ့မခွဲနိုင်ဘူး'ဆိုသည့် စကားသံတို့ပြီးသည့်နောက် တစ်ခါ 'အရမ်းချစ်တယ် အွန်းဟာ'ဆိုတဲ့ စကားသံတွေနောက်မှာ တစ်ခါ ထပ်ခါထပ်ခါအသက်ဝင်၏။

ဒီနေ့ညမှ ကောင်းကင်ပေါ်က လမင်းကြီးက ပိုလှနေသလို    . . . . . ။ ။

        ❄🍁🍁❄
💫💫💫💫

Continue Reading

You'll Also Like

11.2K 919 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARSπŸ₯Ή. NEW TO THIS WRITING THING SO BARE WITH MEπŸ™πŸ½οΏ½...
462K 1.5K 47
πŸ”žπŸ”žπŸ”ž warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.πŸ”žπŸ”ž
8.2K 785 11
A story of four brothers whose life revolves around each other. Fate wasn't kind to them, but they were in it together, always have been and always w...
Fate By v xxxiri v

Short Story

20.9K 1.5K 12
"πš†πš‘πšŽπš— πš πš’πš•πš• πšπš‘πšŽπš’ πšœπšπš˜πš™ πš‘πšŠπšπš’πš—πš πš–πšŽ ?" 𝙰 𝟷𝟻 πš’πšŽπšŠπš› πš˜πš•πš, πš…πš’πšœπš‘πš—πšž πšŠπšœπš”πšŽπš πšŒπš›πš’πš’πš—πš πš‘πš’πšœ πš‘πšŽπšŠπš›πš 𝚘𝚞𝚝. "πš†...