By JM_NiL
129K 8K 515
ကိုယ့်​အတွက်​ မင်းရဲ့ဖြစ်​တည်​မှုက အချစ်​ဆိုတာ ​သေချာကတည်းက ကိုယ်​ဟာမင်းနဲ့ပတ်​သက်​သမျှ ကိစ္စတိုင်းမှာ ရ... More
***
1
2
3
4
5
6
7
8
9
(10)
10
11
12
sorry
14
15
16
17
18
19
20
21
22
23
24
25 (Final)
Let's call memory
13
3.1K 232 26
By JM_NiL
မှောင်​မိုက်​​နေပြီး အနံ့အသက်​မ​ကောင်း​သော
အချုပ်​ခန်းတွင်း၏ အလယ်​ ..
အပြစ်​သားများစစ်​​မေးရာ ​နေရာတွင်
သွေးသံရဲရဲနဲ့ မိန်းက​လေးကို ​တွေ့ရမည်
သွေး​တွေ ကြာပွတ်​ရာ​တွေ နဲ့ မကြည့်​ရက်​စရာ..
"​ဖြေစမ်း...ဘယ်​သူခိုင်းတာလဲ ! "
ရွှမ်း ! ​ဖြန်း..!
နာကျင်​စွာ ​အော်​ညည်းသံ​တွေက စိတ်​မချမ်း​မြေ့ဖွယ်​..​နောက်​ကွယ်​က ချုပ်​ကိုင်​သူက
မည်​သည့်​အရာများပုံ​အောပြီး ဆွဲ​ဆောင်​ထား မှန်း
မသိ​သော်​လည်း ​ကောင်း​ကောင်း
ချုပ်​ကိုင်​နိုင်​ပုံရသည်
နေ့ရက်​ဆက်​ နှိပ်​စက်​ပြီး​မေး​သော်​လည်း
တင်းခံ​နေဆဲ..
အမှုကား
တော်​ဝင်​​နေ့လည်​စာ စား​တော်​ပွဲ တွင်​ မင်းကြီး၏
စား​တော်​ပွဲကို စမ်းသပ်​​တဲ့ အထိန်း​တော်​ကြီး
အဆိပ်​မိ ​သေဆုံးရာမှစ​သောအမှု
တစ်​နည်း ဘုရင်​ကို အဆိပ်​ခတ်​လုပ်​ကြံမှု..
သံသယဖြစ်​စရာအ​ကောင်းဆုံး စားဖို​ဆောင်​ကို
ရဲမက်​​တွေ ဝင်​​ရောက်​ရှာ​ဖွေချိန်​တွင်​ ထိုအပျို​တော်​၏
အခန်းတွင်းမှ အဆိပ်​ထုပ်​ကို ​တွေ့ရှိခဲ့သည်
နောက်​ကွယ်​က ချုပ်​ကိုင်​သူနဲ့ စာအ​ပေးအယူ
လုပ်​ထားသည်​ကို​ သက်​​သေအဖြစ်​ ​တွေ့ရှိခဲ့သည်
"​​ရေနဲ့ပတ်​လိုက်​"
ရေ​အေး​အေး​ကြောင့်​ ​မေ့​နေ​သော အပျို​တော်​သည်
အသိပြန်​လည်​လာသည်​..
မပွင့်​တပွင့်​မျက်​လုံးများက ရဲမက်​တစ်​ဦး ယူလာ​သော မီး​သွေးဖိုမှ သံပူပြားကိုမြင်​​သောအခါ
ထိတ်​လန့်​မှုက ဖုံးဖိမရ​အောင်​ ...
"ကပ်​လိုက်​ "
မျက်​နှာအနား တဖြည်းဖြည်းနီးကပ်​လာ​သော
သံပူပြား..
အထစ်​အထစ်​ နဲ့ ပွင့်​ထွက်​လာ​သော အပျို​တော်​ရဲ့
ခံဝန်​ချက်​..
" ကြင်​..ယာ..​တော်​..jong ..."
______________
ကြင်​ယာ​တော်​ jong ​အ​ဆောင်​:
အ​ဆောင်​ဝင်းအတွင်း ဝင်​​ရောက်​လာ​သော
ရဲမက်​များ..
်​ အပျို​တော်​ အ​စောင့်​​တွေအားလုံးကို
ဖမ်းချုပ်​ထားပြီး အခန်းတွင်းဝင်​လာကြ​သော
ရဲမက်​​​တွေကကြင်​ယာ​တော်​ jongကို
ို အတင်းဖမ်းဖို့လုပ်​ကြသည်
ကြင်​ယာ​တော်​ jong​ရှေ့တွင်​ ပိတ်​ကာကွယ်​ထား
သောမင်းသားsehun..
"ရာဇဝတ်​သားကို
ဖမ်းကြ..မလွတ်​​စေနဲ့"
"ဒါဘာလုပ်​တာလဲ"
"အရှင့်​သား​ဘေးဖယ်​​နေ​ပေးပါ မင်းကြီးကို
အဆိပ်​ခတ်​လုပ်​ကြံမှုနဲ့ ဖမ်းဆီးဖို့
အမိန့်​ကျလာတာပါ"
"ဘာ "
"ဒီ​နေ့ တရားခံ အပျို​တော်​က ​ဖြောင့်​ချက်​​ပေးလိုက်​တာပါ ဘုရား ..ကျ​နော်​မျိုးတို့ ကြင်​ယာ​တော်​ jongကို ​ခေါ်​ဆောင်​သွားရပါမယ်​"
"ထွက်​သွား "
"အရှင့်​သား "
"ထွက်​သွားလို့​ပြော​နေတယ်​ "
"မလုပ်​နိုင်​ပါဘူးဘုရား အမိန့်​ကို ဆန့်​ကျင်​သူက
အိမ်​​ရှေ့စံမင်းသား ဖြစ်​​နေရင်​​တောင်​ ကျ​နော်​မျိုးတို့
ရိုင်းပြရပါလိမ့်​မယ်​"
"​ဟက်​ "
Jongလက်​ကိုတစ်​ဖက်
ဓားရှည်​ကို တစ်​ဖက်​ တင်းကြပ်​​နေ​အောင်
ဆုတ်​ကိုင်​ထားတဲ့ မင်းသားဟာ အဆုံးစွန်​ထိ
ပြတ်​သား​နေဆဲ...
ရဲမက်​​တွေသည်​လည်း မတတ်​သာစွာ
ဓားထုတ်​ကြရ​တော့သည်
သိပ်​သိသာလွန်းတယ်
niniကို တစ်​​ယောက်​​ယောက်​က ​ချောက်​ချတယ်
ဆိုတာ...
ကျ​နော်​ ထင်​​နေတဲ့ လူ​တော့ မဖြစ်​ပါ​စေနဲ့
ဆု​တောင်းရဲ့...
ဖြစ်​​နေခဲ့မယ်​ဆို ဘာမှမငဲ့ကွက်​ဘဲ ထိပ်​တိုက်​​တွေ့
ရ​တော့မ​ပေါ့..
အချစ်​ရူးလို့သတ်​မှတ်​ကြမလား..
အချစ်​ကို ကိုးကွယ်​လွန်းပြီး လူ့​လောကတာဝန်
မထမ်း​ဆောင်​တဲ့ လူ့အမှိုက်​လို့ ​ပြောကြမလား
ကျေးဇူးကန်းတဲ့လူလို့​ပြောကြမလား
ပြောကြစမ်းပါ​လေ
ကျ​နော်​ ရဲ့ အသက်​ရှင်​​ဆေး​လေးက
ကျ​နော့်​​ဘေးနားရှိပြီး ချစ်​​နေ​ပေးရင်​ ခံနိုင်​ရည်​ရှိပါ
သည်​..
မောင်​ အဲ့​လောက်​ထိချစ်​ရပါတယ်​ nini
မောင်​ကို ယုံလိုက်​..
"မင်းသား ကြင်​ယာ​တော်​ jongကို
ကျ​နော်​မျိုးတို့လက်​အပ်​လိုက်​ပါဘုရား"
"ဆံချည်​တစ်​မျှင်​ထိတာနဲ့ မင်းတို့ အသက်​​သေ
စေရမယ်​လို့ ကျိန်​ဆိုတယ်​"
"မင်းသား...စိုးရွံမိပါတယ်
ရဲမက်​တို့ တိုက်​ကြ ! "
ရဲမက်​အင်​အား သုံးဆယ်​နဲ့ မင်းသားsehunရဲ့
တိုက်​ပွဲ...
ပထမတွင်​ မင်းသားsehun က
အသာစီးရ​နေ​ခဲ့ပြီး ရဲမက်​​တွေ အထိနာတယ်
"Nini ဒီကို မလာနဲ့ "
မင်းသားကို ကူပြီးတိုက်​ခိုက်​​ပေး​နေ​သော
Jong...
အ !
"hun "
ရဲမက်​ နှစ်​​ယောက်​နဲ့ တိုက်​​နေ​သော မင်းသား
က. Jongကို လှမ်း​ပြောရာ..
အလစ်​တွင်​ လက်​​မောင်းကို ရှပ်​ထိသွား​သော
ဓားဒဏ်​ရာ..
သွေးများက ချင်းချင်းနီလို့..
မ​ပြောင်းလဲ​သော မျက်​နှာ သွင်​ပြင်​သည်
့်​ နာကျင်​မှုဒဏ်​ကို
ခံစား​နေရပုံ​တောင်​ မ​ပေါ်​ပေ
တိုက်​ခိုက်​​နေ​သော jongကို ဆွဲ​ခေါ်ပြီး
သူ့​နောက်​​ကျောဘက်​ပို့လိုက်​သည်
"မင်းသား လက်​​လျှော့လိုက်​ပါ​တော့ "
သွေးထွက်​လွန်​ပြီး မူး​မေ့ချင်​လာသည်​ကို
တောင့်​ခံလိုက်​တယ်
မင်းသားပုံစံဟာ သိပ်​မဟန်​ချင်​​တော့..
တင်းထား​သော စိတ်​​​ကြောင့်​ မျက်​နှာက​တော့
မာန်​မ​လျှော့​သေး
ကြင်​ယာ​တော်​ jongရဲ့ ​​နောက်​​ကျော ဘက်​အနား
အသာချဉ်းကပ်​လာ​သော ရဲမက်​ တစ်​ဦး..
ရား..!
ရမ်းသမ်းပြီး ခုတ်​လိုက်​တဲ့ ဓားချက်​က
ကြင်​ယာ​တော်​ jongအနား ကပ်​သီ​လေးလွတ်​သွားခဲ့တယ်​ ...
မင့်းသားsehunက ထိုရဲမက်​ကို လက်​ဦးပြီး
သတ်​လိုက်​နိုင်​၍...
"hun ! "
Jongအ​ပေါ်ပြိုလဲကျလာ​သော မင်းသား..
ခုနက ရဲမက်​ရဲ့ ဓားက jongကိုလွတ်​သွား​ပေမယ့်
မင်းသားကို ထိမှန်​ခဲ့​လေသည်​..
"Hun !"
"မငို..ရ.ဘူး​လေ.."
"Hun...ကျ​နော်​​လေ."
"ရှူး..
Nini​ပြောမှာကို ​သိ...​နေ..လို့...တစ်​ခုပဲ
မောင့်​ကို ယုံ​...​စေ.ချင်​...တယ်​"
ယိုင်​​နေတဲ့ ​ခြေ​ထောက်​​တွေကို
အ​သေချာ ရပ်​လိုက်​တယ်​..
ရဲမက်​​တွေကို ခုခံရအုန်းမယ်​..
ကျ​နော့်​niniကို ကာကွယ်​ဖို့ အားတင်းစမ်း
Oohsehun..
ဒီက​နေထွက်​ရင်​အားလုံးကိုစွန့်​လွှ​တ်ပြီး
်​ niniကို​ခေါ်..
တောရွာ​လေးမှာ ​အေး​အေးချမ်းချမ်း​နေမယ်
က​လေး​တွေကို စာသင်​​ပေး..ဓား​ရေးကျင့်​​ပေး..
ကျ​နော့်​အိမ်​သား​လေးကို ထမင်းဟင်းချက်
ကူညီ​ပေး...
မနက်​က​နေ ညထိ အနမ်း​တွေ ကို ရာချီ​အောင်
ပေးပစ်​မယ်​...ကိုယ်​​တော်​​လေးက
စိတ်​ဆိုးသွားရင်​ လိုက်​​ချော့မယ်​...
ကိုယ်​​တော်​​လေး ကကျ​နော်​ကို ​ချော့တတ်​​အောင်​လည်း သင်​​ပေးရအုန်းမယ်​..
မနက်​​စော​စော အိပ်​ပုတ်​က နိုးပါ့မလား..
ရပါတယ်​​လေ..
အိမ်​သူထီး​လေးအတွက်​ ကိုယ်​ကိုယ်​တိုင်
မနက်​စာပြင်​​ပေးရုံ​ပေါ့
နေ့လည်​​နေ့ခင်း ​မောင့်​ကို ​စောင်းတီးပြရမယ်​​နော်
Nini​စောင်းတီးသံကို မကြားဖူးဘူး
ည​ရောက်​ရင်​ ​မောင့်​ရင်​ခွင်​ထဲမှာ
ချော့သိပ်​မယ်​...ဘယ်​လို​အိပ်​ရာဝင်​ ​တေး
အမျိုးအစား​တွေများကြိုက်​လဲ..
က​လေး​လေးအိပ်​​ပျော်​သွားရင်
နဖူး​လေးကို နမ်းမယ်​...
ပါး​လေး​ရော..
ကိုယ့်​ရဲ့
တစ်​​နေ့တာ
နေ့ရက်​တိုင်း..
ရာစုနှစ်​နဲ့ ချီပြီး
ဘဝဆက်​တိုင်း မင်းနဲ့အတူ..ရှိမယ်
မောင်​တို့အနာဂတ်​က သိပ်​လှတာပဲ..
မ​ဝေး​တော့ဘူးကွယ်​..
.
.
_
_
"​တောင်းပန်​ပါတယ်​ hun ချစ်​တယ်​ "
"ဟင်​"
မင်းသားရဲ့ဇတ်​ပိုးကို ကြင်​ယာ​တော်​jongက
ရိုက်​ပစ်​လိုက်​​တော့ မင်းသားဟာ
မေ့​မျောသွားသည်​..ဒါ​တောင်
Jongကို တင်း​နေ​အောင်​ ဖက်​ထားတုန်း..
သိပ်​ချစ်​တတ်​တဲ့ သူ..
ကျ​နော့်​hun...
အရမ်းကြီး အားတင်းထားတဲ့ သူ့ပုံစံက
နာကျင်​​နေတာ​တောင်​ မမှုဘူး
ဘာ​ကြောင့်​များ..
ကျ​နော့်​ကို အဲ့​လောက်​ထိ ချစ်​ရတာလဲ..
အရမ်းပင်​ပန်းလွန်းပါတယ်​ hunရယ်
ကျ​နော့်​ကို မချစ်​ပါနဲ့​တော့လား..
"ကြင်​ယာ​တော်​ jong"
"သွားကြတာ​ပေါ့..ခဏ​လေး အထိန်း​တော်​မင်​ "
"..."
"မငိုပါနဲ့ဗျာ ..hunကို​လေ
သေချာ​စောင့်​​ရှောက်​​ပေးပါ​နော်
အခုချိန်​ထိ ကျ​​နော့်​အနားမှာ ရှိ​နေ​ပေးခဲ့တာ
ကျေးဇူးတင်​ပါတယ်​အထိန်း​တော်​မင်​..
အထိန်း​တော်​ယန်​..
ပြီး​တော့ အိမ်​​ရှေ့စံမင်းသားက
ကျ​နော့်​ကို ​မုန်းနိုင်​ ​မေ့နိုင်​သွား​အောင်
ကူညီ​ပေးပါ "
မုန်းသွား​အောင်​ ကူညီခိုင်း​နေတာလား အရှင်​..
မျက်​လုံးပွင့်​ နိုးထလာတာနဲ့ nini​ရောလို့
တန်း​မေးမယ့်​လူကို မုန်းပစ်​လိုက်​လို့
ဘယ်​လို ​ပြော​ပေးရမလဲ..
သွေး​တွေ နဲ့ ​မေ့​မျော​နေတဲ့ အရှင်​တစ်​ပါး..
ရဲမက်​​တွေရဲ့ ​ခေါ်​ဆောင်​ရာ ပါသွားတဲ့
နောက်​အရှင်​တစ်​ပါး...
ကောင်းကင်​ပြာက တိမ်​မည်း​တွေ ရုတ်​ချည်
လွှမ်းခြုံလို့
ပူပြင်း​နေခဲ့​သော ​နေမင်းကြီးနဲ့ မသက်​ဆိုင်​စွာ
မိုး​ရေစက်​​တွေ ကျဆင်းလာသည်
အ​ဝေးကချစ်​သူကို လွမ်းလို့ အ​ကောင်းဆုံးအချိန်​ပဲ
ဝေးရ​တော့မယ့်​ သူ​တွေအတွက်
ကြိုလွမ်းခိုင်းတဲ့ သ​ဘောလား ?
"​အ​ဝေးက ချစ်​သူ..မဟုတ်​ဘူး
အနီးအနား​လေးမှာပဲရှိတယ်​..
မောင်​ကNiniနှလုံးသားထဲမှာ...
မလွမ်းဘူး​နော်​​မောင်​...
Nini မလွမ်းပါဘူး....~~~"
___________________________________________
"မင်းကြီးက ကျ​နော်​မျိုးမကိုတွေ့ဆုံချင်​​ကြောင်း
အ​ကြောင်းကြားစာ
ရပါတယ်​ "
"ထိုင်​ပါ မိဖုရား​ခေါင်​ကြီး"
အနှစ်​နှစ်​​ဆယ်​ ​ကျော်​တဲ့ အိမ်​​ထောင်​သက်​တမ်းက
အေးစက်​​နေတဲ့ ​ရေခဲတုံးအလား..
အင်း​လေ..အချစ်​မှမပါဘဲ
ချစ်​ခဲ့တယ်​ မုန်းသွားတာ...
အချစ်​က ဒီလိုပါပဲ
"မင်းလုပ်​တာမလား "
"ဘာကို​ပြောချင်​တာပါလဲ"
"ပန်းကြာ အဆိပ်​ "
"ကျ​နော်​ မျိုးမလို့ ဘာ​ကြောင့်​ထင်​ရတာပါလဲ
သက်​​သေ​ရောရှိလို့လား "
"သက်​​သေ ငါကိုယ်​တိုင်​ဖျက်​စီး​ပေးခဲ့တာပဲ
ဘယ်​လို​မေ့ပစ်​လို့ရမလဲ ..လွန်​ခဲ့တဲ့ ၁၄နှစ်​"
"မိဖုရား seyeonကို မ​မေ့နိုင်​တာပါ"
(မိဖုရား seyeon-မင်းသားsehunမယ်​​တော်
အသည်​မျိုးနွယ်​မှ ဆင်းသက်​သူ)
"မင်းပါးစပ်​က အဲ့နာမည်​ကို ​ပြောစရာ
အ​ကြောင်းမရှိဘူး "
အခုထိ​တောင်​ အဲ့မိန်းမကိုထိရင်​ ကာကွယ်
ပေးတုန်းပဲ..
ကျွန်​မရင်​​တွေလည်း နာကျင်​​နေတုန်းပဲ
"ဘာလို့ မ​ပြောရမှာလဲ..ဘာလို့ပါလဲ
ကျ​နော်​မျိုးမ က​လေး..မင်းကြီးရဲ့ ​သွေးသား..
လူ့​လောက ထဲ တစ်​လပြည့်​​အောင်​​တောင်
မ​နေခဲ့ရတဲ့
က​လေး​လေးကို ကြင်​နာယုယ​ပေးခဲ့ပါသလား
က​လေးရှိ​နေခဲ့တယ်​ဆိုတာ​တောင်​ ဂုဏ်ပြု​ပေးဖို့
.​ရောက်​မလာခဲ့ဘူး
အမြဲ seyeon အ​ဆောင်​မှာရှိ​နေခဲ့ပြီး sehun
တစ်​​ယောက်​တည်းကိုသာ သားလို့သတ်​မှတ်​ခဲ့တာပါ"
"........."
အမှန်​​တွေဆို​တော့ ​ပြောစရာစကား​တွေ
စွံအကုန်​ပြီထင်​တယ်​..
ရှင်​​ပေးတဲ့ နာကျင်​မှု​တွေ စိတ်​​သောက​တွေ​ကြောင့်
ကျွန်​မက​လေး​လေးက ထွက်​သွားခဲ့ရတာ..
သောက​တွေရဲ့ မြစ်​ဖျားခံရာက seyeon..
မိခင်​တစ်​​ယောက်​ရဲ့ နာကျင်​မှုက ဘာမဆို
လက်​မရွံဘဲလုပ်​နိုင်​ခဲ့တယ်
"လွန်​ခဲ့တဲ့ ၁၄နှစ်
ကျ​နော်​မျိုးမ လုပ်​ကြံခဲ့တဲ့ ပန်းကြာအဆိပ်​အမှု
မိဖုရားseyeonကို ​ချောက်​တွန်းခဲ့တာက
ကံမ​ကောင်းစွာပဲ
မိဖုရားseyeonကို သတ်​မိန့်​ချတဲ့အချိန်​မှာ
အပြစ်​မရှိတဲ့ ​ဆေးဆရာ ဇနီး​မောင်​နှံက အပြစ်
တွေ လွှဲချ ခံရပြီး အသတ်​ခံခဲ့ရတယ်​..
မင်းကြီးကလည်း လူသတ်​သမားပါပဲ
အပြစ်​မရှိတဲ့ ပြည်​သူကို အချစ်​အတွက်​နဲ့
စ​တေးခဲ့တာ"
"မင်းအစကတည်းကseyeonကို
မလုပ်​ခဲ့သင့်​တာ ငါလည်း ဒီလို အပြစ်​မကင်းတဲ့
ခံစားချက်​ကြီးခံစား​နေခဲ့ရမှာမဟုတ်​ဘူး"
နာကျင်​​စေချင်​လို့...အဲ့လိုခံစား​စေချင်​လို့..
တနုံ့နုံ့နဲ့ ​သေရာပါ​စေချင်​လို့ လုပ်​ခဲ့တာ
"အဲ့​ဆေးဆရာ ဇနီး​မောင်​နှံမှာ တစ်​နှစ်​အရွယ်
သား​လေးတစ်​​ယောက်​ကျန်​ခဲ့တာကို သိပါသလား
အဲ့က​လေးကို
Kim မျိုးနွယ်​ ကုန်​သည်​ မိသားစုက
မွေးစားခဲ့တယ်​"
"ဘာ ! မဟုတ်​မှ.."
"Kim Jongin ...
မင်းသားsehunရဲ့ ကြင်​ယာ​တော်​ "
"....!.."
"အဲ့က​လေးသာ သူ့မိဘ​အရင်း​တွေကိုသတ်​တဲ့
တရားခံကို သိရင်​ ဘယ်​လိုဖြစ်​မလဲ...
သိသွားရင်​ sehunကို​ရော ဒ်ီအတိုင်း
ထားမယ်​ ထင်​ပါသလား ကလဲ့စား​ချေမှာပဲ
အဲ့​ကြောင့်​မြန်​မြန်​ရှင်းပစ်​ရပြီး sehun
အနားက ခွာရမယ်
ဒါ​ကြောင့်​ အမိန့်​ကို မြန်​မြန်​ချလိုက်​ပါ​တော့"
ရှင်​ ဘယ်​လိုမှမငြင်းနိုင်​ပါဘူး..
Sehunကို ဘယ်​​လောက်​ ချစ်​လည်း ကျွန်​မ
သိ​နေလို့ပဲ...
လွန်​ခဲ့တဲ့ ၁၄နှစ်​ကသက်​​သေ​တွေနဲ့ ကျွန်​မကို
သတ်​ပစ်​လို့ ရ​ပေမယ်​ sehun ထီးနန်​ကို
ရှော​ရှောရှူရူဆက်​ခံနိုင်​​အောင်
ကျော​ထောက်​​နောက်​ခံ တစ်​​ယောက်​အဖြစ်
ကျွန်​မကို လိုအပ်​ခဲ့တယ်​..
အပြစ်​မရှိတဲ့သူ​တွေကို သက်​​သေ​တွေဖန်​တီးပြီး
ဖမ်းခဲ့တယ်​...
Sehunက ကျွန်​မရဲ့သား​တော်​ဖြစ်​လာခဲ့သည်
သေချာ ပျိုး​ထောင်​ခဲ့ရတဲ့ လက်​​မွေးသားရတနာ..
အဆင်​​ပြေခဲ့တဲ့ သားအမိဆက်​ဆံ​ရေးက
လူတစ်​​ယောက်​ ဝင်​လာတဲ့အချိန်​မှာ
က​မောက်​ကမ..အဲ့​တော့
မရှိ​အောင်​ရှင်းပစ်​ရုံ​ပေါ့..
နောင်​တစ်​​ခေတ်​မှာ
တိုင်းပြည်​ရဲ့ အထွတ်​အထိပ်
မင်းကြီးရဲ့ မယ်​​တော်​ ကြီး..အ​နေနဲ့ ..
အရာရာဟာ ကိုယ့်​လက်​​အောက်​....
____________________________________________
"ရာဇဝတ်​သား Kim Jonginအား
ကြိုး​ပေးသတ်​​စေ"
"Nini​ရေ...
မ​ပြေးနဲ့​လေ ​ချော်​လဲမယ်​"
အိပ်​မက်​ထဲမှာ ကြင်​ယာ​တော်​ jongက
ပြေး​နေတယ်​ထင်​ပ..မိ​အောင်​ဖမ်း​နော်​ မင်းသား
အ​ဆော့သန်​တဲ့ က​လေးကို အပြစ်​​ပေးလိုက်​ပါ
ဒီတစ်​ခါ ကျ​နော်​က မင်းသားဖက်​က...
"ဘယ်​​မှပုန်း​နေတာလဲ..ထွက်​ခဲ့ကွာ"
ကြင်​ယာ​တော်​jongရယ်​..မင်းသားကို
တစ်​​ယောက်​တည်း ပစ်​မထားနဲ့​လေ
အနားသွားလိုက်​​နော်
"...."
"Nini! "
ဓားဒဏ်​ရာ​တွေက အနာရင်းပြီး
အဖျားကြီး​နေရာက နိုးလာ​တော့ ပထမဦးဆုံး
ပြောတဲ့စကား...
Nini...nini..nini
Nini...nini...nini...nini..nini..
.....
ဖြူ​ဖျော့​နေတဲ့ နှုတ်​ခမ်းသား​တွေ
သွေး​ရောင်​မရှိတဲ့ ခန္ဓာကိုယ်​...
ရေတစ်​စက်​ အစာတစ်​စိမဝင်​​သေးဘဲ
Niniဆိုတာ ရွတ်​ပြီး ကယိမ်းကယိုင်
ထွက်​သွားမလို့လုပ်​​နေတဲ့ မင်းသား..
"မင်းသား"
"​ဖယ်​ "
အားမရှိတာ​တောင်​ ရ​အောင်​တွန်းထုတ်​တုန်း
"ဖယ်​ မဖယ်​ရင်​ သတ်​ပစ်​မယ်​"
လည်​ပင်းကို လာထိတဲ့ ဓားသွား​အေး​စက်​စက်
"သတ်​လိုက်​ပါ..
ကျန်းမာ​ရေးအ​ခြေအ​နေက မ​ကောင်း​သေး​တော့
သွားခိုင်းလို့မရပါဘူး"
ရွမ်
မင်းသားsehunဓားကို ကြားက
ခုခံလိုက်​တဲ့ မင်းသားtaehun...
"မင်းရူး​နေပြီ sehun
မင်းကိုယ်​မင်းပြန်​ကြည့်​စမ်း jonginက
ဒီပုံစံမြင်​ရင်​ စိတ်​ချမ်းသာမယ်​ထင်​လား."
"မထင်​ဘူး"
"သူမကြိုက်​တာ မင်းလုပ်​မလား"
"မလုပ်​ဘူး "
"ဒါဆို ဆန်ပြုတ်​​သောက်​ ​ဆေး​သောက်​"
"....."
"Jonginက..."
"​သောက်​မယ်​"
အသက်​မပါတဲ့ မျက်​လုံး​တွေနဲ့ ဆန်​ပြုတ်​ကို
တစ်​ဇွန်းပြီးတစ်ဇွန်း ဘာအရသာမှမခံဘဲ
သောက်​တယ်​..
ဆန်​ပြုတ်​​သောက်​တယ်​ဆိုတာနဲ့တင်
အချုပ်​ခန်းကို သွား​တွေ့တိုင်း ​မင်းသားsehun
အ​ကြောင်း​တွေပဲ ​မေး​လေ့ရှိတဲ့
ကောင်​​လေးတစ်​​ယောက်​ ​ပျော်​မယ်​လို့
ယူဆပါသည်​..
ချစ်​ရသူရဲ့ အပြုံးကို
ဖန်​ဆင်းခြင်းကလည်း ​ပျော်​ရွှင်​မှုတစ်​ခုမို့..
_______________
"ရာဇဝတ်​သားကို ​ခေါ်ထုတ်​​စေ"
"အမိန့်​​တော်​ နာခံ"
"ကြိုး​ပေးသတ်​​စေ"
__________________________________________
#tbc
ပြေးပြီဗျို့🏃
😘😘😘
love you all 😍
ချောင်း​တော့မရိုက်​ပါဘူး​နော်​😔
#dafBAMA2018EXO ​လေးကို
Voteကြပါအုန်း​နော်​..fighting
EXO-L..we are one💪💪💪
Continue Reading
You'll Also Like
286K 18.3K 25
မ roလိုက်ရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေးသော နေ့စွဲများ ၊၊ BD present for မီးငယ်လေး♥ မ roလိုကျရတဲ့ Anniversaries များနှင့် ရည်းစားမဖြစ်သေ...
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
143K 8.9K 25
No Translation. That is my OC. Completed zawgyi ကိုယ်ပိုင်အတွေးငယ်လေးများနဲ့ ဇာတ်ကောင်တွေ့ရဲ့ဇာတ်အိမ်ငယ်ကိုဖန်တီးထားပါတယ်... မည်သူတစ်ဦးကိုမှထိခ...
30.1K 1.6K 30
အချစ်လား။ ငါ့ရင်ခွင်ကို တံခါးလာခေါက်ပြီး ငါ့နှလုံးသားကို လှုပ်နှိုးသွားတယ်။ ဒါပေမဲ့ ... တိုးတိုးလေး။ ။ • ချစ်တာတွေ၊ မေတ္တာတွေ၊ ဘာတစ်ခုမှ ငါမသိဘူး။ ...