ဂျင်​ကလည်​ Twelve [ZG + UN]

By Exo12wolves88

320K 32.1K 1.4K

Why we call them JinGaLel. More

မိတ်​ဆက်​.
ဂျင်​ကလည်​....1[ZG+UN]
Chicken for Kai [ZG + UN]
မွှေပါ​ပေ့ Chen...[ZG+UN]
ဆင့်​​ခေါ်မှု[ZG+UN]
ဂျင်​ကလည်​ဖန်​တဲ့အမှု...
ဆိုင်​ရာ​အောင့်​အီးချက်​ 1
ဆိုင်​ရာ​အောင့်​အီးချက်​ (2)
Final​အောင့်​အီးချက်​....
သူတို့ပဲ....
ကျွနု​ပ်​တို့အတွက်​...စာ​မေးပွဲဟူသည်​...
Modification
ပလွန်​...
သင်​ရိုး
ဆုပွဲ...
ကျေးဂျူးပြု၍...
Vacation For 12
လျှာမည်သည်...???
စက္ကန့်နဲ့အမျှ ချစ်ရသူ...
ဂျင်ကလည့်တာဝန်...
Cry For You
မောင်ညီမလေးတို့ရေ...
ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(2)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)
Housekeeping
ယူသာယူပါ​လေ...
သက်​ဆိုင်​သူတို့သိကြ​စေ...
Give Up
ကျွန်​​တော့်​အမှား...
ဘာသာပြန်​သူ
3rd Anniversary Ls
Warmly Welcome
မေးမယ်​...​ဖြေမယ်​...
လာနှုတ်​ဆက်​ပါ၏...
ဆိုပါ​ပေ့ ​မောင်​...
ရိုးရိုးလေးပါပဲ...

တို့ဂုဏ်အင်...

3.6K 522 94
By Exo12wolves88

ရှေ့က စာသင်​​နေ​သော Lee Teuk ကျောပြင်ကို
ငေးကြည့်နေရင်းမှ Oh Sehun ယောင်ဝါးဝါးညည်း
သည်။

" ဘာတွေသင်နေသလဲလို့ ထမေးလိုက်ရင်လဲ
တစ်တန်းလုံးက ဝိုင်းကြည့်ကုန်မှာစိုးလို့ငြိမ်နေရတယ်၊
ဘယ်စာမျက်နှာလှန်ထားရမလဲမသိဘူး… "

စာအုပ်ကို ဟိုဖက်ဒီဖက်လှန်နေသော Sehunကို
Baekhyun မကြည်ကြည့်လှမ်းကြည့်လိုက်မိ၏။
ဆရာတွေကမှ သူတို့ဆိုရင်ကြောက်လွန်းလို့ အကြည့်
ချင်းတောင်မဆုံတာကို သူက ထမေးချင်နေသေးတယ်
လို့… … …။
စာမျက်နှာသိတော့လဲ စာလိုက်မှတ်တာမဟုတ်…
ဆွေးငေးနေသောသူတစ်ယောက်လို ပြတင်းပေါက်
အပြင်ဘက်ကို တမေ့တမောငေးကြည့်နေရင်း…
ကမ္ဘာကြီးမှာ အဆွေးတွေနဲ့ချည်းပြည့်နေသောသူတစ်
ယောက်လိုနေနေတာကိုများ… … …။

" ဟေး… ဘယ်စာမျက်နှာလဲ သိလား… "

Kaiကိုလှမ်းမေးလေသည်။
စာသင်ချိန်တစ်ချိန်ပြီးကာနီးမှ စာမျက်နှာလှမ်းမေးနေ
သော အနှီဂျင်ကလည်အား Chanyeol မျက်စောင်း
သာ လှမ်းထိုးလိုက်သည်။ အနည်းဆုံးတော့…ကိုယ်က
ဘယ်စာမျက်နှာလဲဆိုတာသိနေသေးသည်လေ…။

Kaiက သူ့အားလှမ်းမေးလာသော Sehunကို
ခပ်စွေစွေစောင်းကြည့်၏…။
ခေါင်းကုတ်ချင်တာလား…ရုံးခန်းသွားချင်တာလားမသိ
သော အမူအရာတို့ကို Kai ပြုလုပ်လာပြီး စက္ကန့်
အတော်ကြာမှ ဝါးတားဝါးတားဖြင့် ပြန်ပြောသည်။

" အခုသင်နေတာ ဘာဘာသာလဲ "

" ဘုရားသခင်! "

အကျယ်ကြီးထအော်လိုက်သော Taoအသံကြောင့်
Lee Teuk နောက်တန်းကိုလှည့်ကြည့်လာသည်။
ဂျင်ကလည်တွေမှန်းလည်းသိရော နာရီကိုတစ်ချက်လှမ်းရှိုး၏…။ ဟင့်အင်း… အချိန်က
သူ့ဘက်တွင်ရှိမနေပါ။ အခုချိန် ဂျင်ကလည်တွေကို
ဆူနေရင် သူ့ကိုပြန်မွှေဖို့အချိန်အနည်းငယ်တော့
ကျန်နေသေးသည်ကြောင့်…ချက်ချင်းပင် နားအူသွား
သောပုံစံနှင့် Taoအသံကို မကြားချင်ယောင်ဆောင်
ပစ်လိုက်ရသည်… … …။

စာမျက်နှာမေးလိုက်တာကို ဘာသာပြန်လာမေးနေ
သော Kaiထက်တော့ သူကမှသာပါသေးသည်ဟု
Sehun ခပ်ချီချီတွေးပစ်လိုက်ကာ ခေါင်းသာခါပြပြီး
နေတော့နေတော့ဟုသာ ချေတေတေပြောပစ်လိုက်
သည်…။

သိပ်မကြာသောမိနစ်ပိုင်းအတွင်းတွင် အချိန်ပြောင်း
ခေါင်းလောင်းသံကိုကြားလိုက်ရလေ၏။
စာသင်ချိန်ကတည်းက တစ်ခုခုမေးချင်နေသောပုံနှင့်
ပါးစပ်တပြင်ပြင်ဖြစ်နေသော Chenအမူအရာကြောင့်
အတန်းလည်းပြောင်းရော… Sam Lee Teuk
တို့ အတန်းထဲကထွက်ချသွားသည်မှာ လှစ်ခနဲပဲ…။

ဆရာလည်းထွက်… Sehunလည်း အတန်းရှေ့
ချက်ချင်းပြေးတော့တာ…။
ဟုတ်တယ်လေ…သူ ဒီစာတွေကို မျက်စိထဲ တစ်စက္ကန့်
လေးတောင် ထပ်မထားချင်တော့ပါ…။
ဘယ်စာမျက်နှာမှန်းမသိဘဲ စာသင်နေရသောအဖြစ်
ကြီးကို ခံစားဖူးမှ နားလည်ပါမည်…။
(" အမယ် " ~~~
ဂျင်ကလည်ယပ်တောင်လေးတွေ၏ တအံ့တသြတသံ)

ကျောက်သင်ပုန်းပေါ်က စာတွေကို အားကြိုးမာန်တက်
ဖျက်နေသောOh Sehunအား အတန်းရှေ့တန်းက
ကျောင်းသူကျောင်းသားတွေ နားမလည်နိုင်သလို
ကြည့်နေကြသည်။ လက်ထဲက dusterလေးကို
သွားတော့မလုရဲပါဘူး… … …။
တရှူးရှူးတရှဲရှဲဖြစ်နေသော Sehunက ဘာကို
အခဲမကြေလို့မကြေနေမှန်းမသိ။

" မေ့ဆေးတွေ…မေ့ဆေးတွေ…
စာတွေက ငါ့အတွက်တော့ မေ့ဆေးတွေပဲ…၊
လောကကြီးနဲ့ တိခနဲခဏတာအဆက်အသွယ်ပြတ်သွား စေနိုင်တဲ့အရာတွေ… "

Sehun နှုတ်ခမ်းထက်မှနေလည်း စိတ်ဆိုးမာန်ဆိုး
ရေရွတ်နေသေးသည်။

" Samကလည်း ဘာလို့အဲ့သလောက်တောင်ရေး
ထားသလဲမသိဘူး… စာသင်တာလား… ကျောက်သင်
ပုန်းဆေးခြယ်ထားတာလားကို မသဲကွဲဘူး…
ရေးလည်းရေးနိုင်လိုက်တာနော်… "

နှုတ်ခမ်းတထော်ထော်နှင့် မျက်မှောင်ကြီးကြုတ်ကာ
ပြောနေသော Sehun အမူအရာကြောင့်…
အတန်းပေါက်ဝတွင်ရပ်ကာ အတန်းထဲဝင်ရန်ပြင်နေ
သော Siwon ခဏကြောင်အသွားသည်။
အဲ့ဒါမှ ပြဿနာ… သူက ဒီနေ့မှ လက်ချာအရှည်ကြီး
ရေးပေးရန်ရှိနေသည်… … …။

ကိုယ့်ဟာကိုယ်ရေးပြီး ကိုယ့်ဟာကိုယ်ဖျက်နိုင်တောင်
ဂျင်ကလည်တွေ၏ ပါးစပ်က ကြောက်ရသည်။
အခုတောင် Lee Teukကို ကျောက်သင်ပုန်းဆေး
ခြယ်သူအဖြစ် သတ်မှတ်ပေးလိုက်ပြီ။ သူသာ အများ
ကြီးရေးလျှင် နံရံဆေးခြယ်သူအဖြစ် ရာထူးများမြှင့်ပေး
လိုက်ကြလေမည်လား… … …။

အတွေးပူတစ်ချက်နှင့် နဖူးထိပ်တွင် ချွေးစို့လာသည်။

အော်… သနားစရာSiwonလေးပါတကား…
စာသင်ရမှာတောင် ရင်ထဲသိမ့်ခနဲလှုပ်ရှားနေရသည်ဟု
Siwon မိမိအဖြစ်ကိုယ်မိမိ သနားစွာခေါင်းခါယမ်းမိ
သွားသည်။
ထိုအခိုက်…အတန်းပေါက်ဝတွင် ရပ်နေသော သူ့ကို
Sehunက သတိထားမိသွားဟန်နှင့် ခေါင်းလေး
တစ်ချက်ညွတ်ပြလာပြီး…

" ဝင်မှာလား sam "

" အော်… အင်းအင်း… ဝင်ရမှာပေါ့…
မဝင်လို့မှမရတာနော့… "

ကယောင်ခြောက်ခြားပြောချင်တာပြောကာ Siwon
အတန်းထဲဝင်လိုက်ရသည်…။
နောက်တန်းက ဂျင်ကလည်ငါးယောက်ကတော့
သူ့ကို ပြုံးစိစိလေးတွေနှင့်ကြည့်နေလေ၏…။

ကံတရားကြီး…ကျွန်တော့်ကိုစောင့်ရှောက်ပေးပါ…။

~°•~°• JGL Twelve °•~°•~

Kris ဦးဆောင်သော အခန်းတွင်တော့ ဂျင်ကလည်ခြောက်ယောက် လွတ်လပ်ရေးရနေသည်။
အကြောင်းက… ကျောင်းအုပ်ကြီးကောင်းမှုနှင့်
အတန်းဝင်ရမည့် သင်္ချာဆရာမက ကျောင်းတွင်းပြိုင်ပွဲကိစ္စတွေစီစဉ်နေရသည်ကြောင့်…အလုပ်ရှုပ် မအားလပ်ကာ
အားကစားဆရာကပဲ တာဝန်ယူနေရသည်…။

ကြည့်စရာရှိတာကြည့်ထားဟူသော ခိုင်းစေမှုအောက်
တွင် ကျောင်းသူကျောင်းသားတစ်ချို့ စာအုပ်အသီးသီး
ကို ဖွင့်ဖတ်၍ ကြည့်နေကြသည်။
ဂျင်ကလည်ခြောက်ယောက်ကတော့ စားပွဲခုံပေါ်က
ရှိသမျှစာအုပ်တွေကိုသိမ်းဆည်းကာ… တစ်ယောက်
မျက်နှာတစ်ယောက်ထိုင်ကြည့်နေကြသည်…။
မှန်၏… ဂျင်ကလည်တွေအတွက် ကြည့်စရာရှိတာဆို
သည်မှာ အချင်းချင်း၏မျက်နှာလေးတွေပဲဖြစ်သည်။

Krisက စကားဝိုင်းကို လေသံတိုးတိုးဖြင့် ဦးဆောင်
နေလေ၏…။

" ငါ… မနက်ဖြန်ညနေလောက် အိမ်ကခေါ်တဲ့
မိသားစုထမင်းဝိုင်းကိုသွားတက်ရမယ်… "

" သွားတက်ရအောင် မိသားစုထမင်းဝိုင်းက ကောင်းကင်ပေါ်မှာလုပ်တာလား… "

အတည်မေးတာလား… ရွဲ့မေးလေသလားမသိသော
Layက မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်
လုပ်ရင်း ကောင်းကင်ပေါ်ကိုတောင် လက်ညှိုးလေး
ထောင်ပြထားသေးသည်…။

Kris သက်ပြင်းကို ဆောင့်ကြီးအောင့်ကြီးချ၏။

" ကိုယ့်ဟာကိုယ် အိပ်နေစမ်းပါ…
ငါက ကောင်းကင်ပေါ် ထမင်းတက်စားရအောင်
ဂြိုလ်သားလား… "

ခပ်တည်တည်ငေါက်ငမ်းပစ်လိုက်တော့ ရှိစုမဲ့စုအတွင်း
အားနဲ့ Lay မျက်စောင်းထိုးသည်။

" ဘယ်သိမလဲ…မင်းက galaxyရူး၊ ပြီးတော့… supermanတွေ ဘာတွေအော်ထားတော့…
မင်းမိသားစုက မင်းအလိုများလိုက်ပေးထားကြသလား
လို့ပေါ့… "

" အလိုလိုက်ဖို့နေနေသာသာ… ငါ့ဦးလေးက
ဘာပြောတယ်မှတ်လဲ…
မင်းတို့ဆယ့်နှစ်ယောက် နိုင်ငံခြားကိုပညာတော်သင်
မသွားချင်ကြဘူးလားတဲ့၊ အနီးအနားမှာနေနေတာ
ဘယ်အချိန်ပေါ်လာမလဲဆိုပြီး ရင်ထိတ်နေရလို့ဆိုပဲ "

" အမယ်မယ်… ငါတို့ကိုပါ လူကုန်ကူးပစ်ဖို့ချောင်းနေ
သေးတာ… "

Xiuminက မကျေမနပ် ရန်စကားဆိုသည်။
ကိုယ့်ဟာကိုယ် ကိုယ့်ပါးစပ်လေးတွေနဲ့ကိုယ်လိုက်မွှေ
တာကို ပညာတော်သင်လွှတ်ချင်သေးသည့်သူက
ပေါ်လာသေးတယ်။

" မင်းဦးလေးကိုပြောလိုက်… အဲ့ပညာတော်သင်သွား
ဖို့နေနေ… coffee ဆိုင်မှာ coffeeမှာရင်တောင်
စကားမပြောတတ်တဲ့သူတွေလို လက်ညှိုးသုံးပြီး
တောင်ထိုးပြ မြောက်ထိုးပြနဲ့ မှာတာလို့… … … "

Suho အပြောကို Kris ခေါင်းညိတ်ထောက်ခံသည်။
ထို့နောက်… လိုရင်းကိုပြန်ဆက်၏…။

" ငါဆက်ပြောဦးမယ်…သေချာနားထောင်ပေးဦး
ငါ ထမင်းစားပွဲသွားရမှာဆိုတော့… သေသေသပ်သပ်
ဖြစ်အောင် နက်ကတိုင်တော့တပ်သွားရမှာလေ…
အဲ့ဒါ… ရွေးပေးကြပါဦး… "

သူ့ဂျင်ကလည်တွေ သူယုံကြည်ရှာပါသော Yifanကြီး
ပါတကား။
အားကစားဆရာ မမြင်အောင် သူ့ဖုန်းလေးကိုအသာ
ထုတ်ရင်း ရွေးချယ်ရမည့်နက်ကတိုင်နှစ်ခုကို သူ့လူတွေ
ကိုပြသည်…။

ဦးဆုံး… Lay လက်ထဲရောက်သွား၏။

Lay က ဖုန်းကို အလျားလိုက်ထားလိုက်၊ ထောင်ကြည့်လိုက်နှင့် တစ်ယောက်တည်းအလုပ်ရှုပ်
နေသည်။ နက်ကတိုင်အရောင်ရွေးတာ အဲ့သလောက်
ကြည့်စရာလိုသလားဟု Kris တွေးနေခိုက်…
မပြောမဆို ဖုန်းလေးကို ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်
သည်။

အတန်းထဲ တစ်စုံတစ်ရာကျသွားသံကြောင့်
ရှေ့တန်းမှာထိုင်ကာ စာအုပ်ဖတ်နေသော အားကစား
ဆရာ သူတို့ကို အကဲခတ်ကြည့်လာ၏…။
Kris ဖုန်းလေးကို သတိမထားမိအောင်အမြန်ကောက်
လိုက်ရရင်း မျက်နှာချိုသွေးရယ်ပြလိုက်ရသည်။

Layကို လှမ်းကြည့်လိုက်ပါတော့ သူ မဟုတ်သည့်
အတိုင်း ခုံပေါ်မှောက်အိပ်နေ၏။
ကျန်သောသူတွေလည်း ဘာထူးတာကျ…
Suhoက ဘယ်အချိန်က စာအုပ်တစ်အုပ်ကို
ကောက်ခါငင်ကာ ထုတ်လိုက်သည်မသိ…
ပြောင်းပြန်ကြီးနှင့် စိတ်ပါဝင်စားစွာဖတ်ဟန်ဆောင်နေ
သည်။ Xiuminကတော့ ဖောင်တိန်လေးတစ်ချောင်း
နှင့် တစ်စုံတစ်ရာကို စိတ်ပါဝင်စားစွာဆွဲနေဟန်ပြ၏။
တကယ်က… ခုံပေါ်မှာ ဟိုဒီခြစ်နေခြင်းပင်။
စာအုပ်ကမရှိ… … … ။
Luhanကတော့ text bookတွေကို ခုံပေါ်အကုန်
တင်ကာ ညီအောင် ဟိုဘက်ဒီဘက်ပြောင်းထပ်နေ
သည်…။
နေပါဦး… ဘာလို့အဲ့သလောက် စာအုပ်တွေများနေရ
တာတုန်း။ အသေအချာကြည့်လိုက်မှ… ကိုယ့်စာအုပ်
တွေကိုပါ ဆွဲယူပြီး ထပ်နေခြင်းဖြစ်သည်…။
အော်… သူကျလွတ်စေ၊ကိုယ့်ကျ ကျွတ်စေပေါ့…။

D.O.က အခုမှ အတန်းထဲရောက်လာသော စံပြ
ကျောင်းသားတစ်ယောက်ကဲ့သို့ မသိနားမလည်သည့်
ဟန်လေးနှင့် မျက်ဝန်းများကို မဆိုသလောက်လေး
ပိုပြူးထားကာ… " မင်းလွတ်ကျသွားတာလား " တဲ့။
လေသံတိုးတိုးလေးနဲ့ ရိုးရိုးသားသားလေးမေးလာရှာ
တာ…။ ခုန… Lay…ဖုန်းကို လွှင့်ပစ်လိုက်တုန်းက
သူ့စားပွဲပေါ်အရင်ကျတာကို လက်နဲ့ပုတ်ထုတ်ပစ်လိုက်
တာက ကမ္ဘာ့ချန်ပီယံဂိုးဖမ်းသမားတွေတောင်
သူ့လောက် ပုတ်ထုတ်နိုင်မှာမဟုတ်ဘူး…။
အခုမှ… စာလုပ်ရာက လန့်ဖြန့်နိုးလာတဲ့သူတစ်
ယောက်လို ဟန်ဆောင်ပြနေသေးသည်…။

Kris အားလုံးကို မျက်မှောင်လိုက်ကြုတ်ပြီးကြည့်နေ
ပြီးမှ ဆရာလည်းလွတ်ရော…Lay လက်မောင်းကို
ဆွဲဆိတ်ပစ်လိုက်သည်။
ရိုက်ရင်အသံထွက်မှာဆိုတော့ ဒီလောက်တော့
ကိုယ်လည်း လည်ပါတယ်… … …။
Lay ခမျာလည်း နာကျင်သွားတဲ့ လက်မောင်းလေး
ကို ပွတ်ချေချေနေရင်း ခပ်တိုးတိုးလှမ်းဆဲသည်။

သူ့ကို အစောပိုင်းက အကောင်းမပြောထားသည့်
အတွက် အမြင်ကတ်ပုဒ်မဖြင့် ဖုန်းကိုလွှင့်ပစ်လိုက်ခြင်း
ဖြစ်သည်… … …။

ထိုသို့ Lay နှင့် Kris လေးလေးနက်နက် စစ်တိုက်
နေတုန်း…Luhanက ဖုန်းကိုလှမ်းတောင်းသည်။
ဟုတ်ရောဟုတ်ရဲ့လားမသိ…၊ သို့သော် မပေးမခြင်း
ငှက်တွေ အတောင်ပံခတ်သလို တဖျတ်ဖျတ်ခတ်ပြီး
တောင်းနေသော Luhanကို ကြည့်ရင်း မျက်စိနောက်လာသည်ကြောင့်… Kris ဖုန်းကို
လှမ်းပေးလိုက်ရသည်…။

Luhanက Layတုန်းကလိုတော့ ဖုန်းကို ဒီဂရီတွေ
လှည့်ပြီး ကြည့်မနေပါ။
ရွေးထားသော နက်ကတိုင်နှစ်ခုကို ဟိုပုံကြည့်လိုက်
ဒီပုံကြည့်လိုက်နှင့် ဖုန်းမျက်နှာပြင်ကို လက်မီးထွက်
မတတ်ပွတ်နေသည်…။
အာလာဒင်တောင် သူ့မီးခွက်သူ Luhanလောက်
ပွတ်မှာမဟုတ်ဘူးဟု Kris တွေးမိတွေးရာ
တွေးပစ်လိုက်မိသေးသည်။

ပွတ်လို့ရတာ အားရကျေနပ်ပြီဆိုမှ ဖုန်းကိုလှမ်းပေး
လေ၏။ Luhanမျက်နှာအရိပ်အယောင်ကြည့်ရတာ
သိပ်ကို ကျေနပ်အားရနေသည့်အနေအထားမို့…
Kris မျှော်ကိုးကာ မေးလိုက်မိပါ၏…။

" ဘယ်အရောင်ပိုလိုက်လောက်လဲ Luhan… "

အဖြေတစ်ခုကို သေချာပိုင်နိုင်စွာရှာတွေ့ထားသော
သူတစ်ယောက်လို… Luhan ခပ်ဝံ့ဝံ့ပြုံးသည်။

" ငါကြည့်ရသလောက်တော့ Krisရ… "

" အွန်း… "

" မင်းက ဘာစတိုင်လ်ဝတ်ဝတ် ကြည့်ကောင်းတဲ့သူ
လေ…၊ အဝတ်အစားက မင်းကိုပေါ်လွင်စေတာမဟုတ်
ဘဲ မင်းက အဝတ်အစားကိုပေါ်လွင်စေတဲ့အမျိုးအစား
မလား… "

Luhan ကို အမြင်ရှိတယ်ဆိုသောအကြည့်ဖြင့်
Kris ရက်ရက်ရောရောကို ကြည့်ပစ်လိုက်သည်…။
Luhan ရှေ့ စားပွဲပေါ်တင်ထားသော သူ့စာအုပ်တွေ
ကို Luhanအား ပေးပစ်လိုက်ရမည်လားဟုတွေး
လိုက်မိပေမယ့်… စာအုပ်လက်ဆောင်ပေးလျှင်
သူငယ်ချင်းသံယောဇဉ်တွေကို ဓားနှင့်ကိုဖြတ်တောက်
ခုတ်ပစ်လိုက်ပါမည်ဟု အချင်းချင်းကြေညာသဘောတူ
ချက်လုပ်ထားသော ဂျင်ကလည်စည်းမျဉ်းတွေကြောင့်
Kris ကိုယ့်အတွေးကို ကန့်ကွက်လိုက်ရလေသည်…။

" အဲ့တော့… ဘယ်တစ်ခုပိုမိုက်လဲ… "

" နှစ်ခုလုံးမိုက်တယ်ကွ…
နှစ်ခုလုံးတပ်သွားကွာ… "

" ဟာ!!! နှစ်ခုလုံးတပ်သွားရအောင် အရူးမို့လို့လား၊
နက်ကတိုင်နှစ်ခုတပ်တာ မြင်ဖူးလား… "

Kris စိတ်တိုစွာ ထအော်သည်။ အကောင်းပြောမည်
မှတ်နေတာကို ပေါက်ပေါက်ရှာရှာ နက်ကတိုင်ကို
နှစ်ခုတပ်ပါလားတဲ့… … …။

စိတ်လွတ်စွာအော်လိုက်သောအသံကြောင့် အားကစား
ဆရာက ဒုတိယအကြိမ်လှမ်းကြည့်လာပြန်သည်။
ဒုတိယတစ်ခေါက်တွင်တော့ သတိပေးသလို နာမည်
ခေါ်လိုက်ပြီး အတန်းအပြင်ထွက်ချင်လို့လားဟု
မေးလာလေ၏…။
Luhanက ရုတ်ခြည်း ရှေ့ဘက်ကိုပြန်လှည့်လို့မရ
သောအခါ သူ့နှုတ်ခမ်းပေါ်သူ့လက်ညှိုးလေးတင်ကာ
"Shuu…တိုးတိုးနေလေကွာ" တဲ့။
မသိလျှင် Kris ဆူညံနေလို့ လှည့်အသိပေးနေတဲ့
အထာနဲ့… … …။

တတ်လည်းတတ်နိုင်ကြသည့် သူ့လူတွေကြောင့်
Krisတစ်ယောက် ကြံရာမရဖြစ်ကာ နောက်ဆုံးတော့
ရှေ့တန်းမှ အားကစားဆရာကိုပဲ ရှုတည်တည်ကြည့်ပြီး
မျက်စောင်းထိုးပစ်လိုက်တော့သည်…။

အားကစားဆရာက ကြောင်တောင်တောင်ဖြစ်နေပြီးမှ
မလေးမစားလုပ်ရပါသည်လားဟုဆိုကာ ထအော်တော့
သည်… … …။

" သွား… အခန်းအပြင်ထွက်နေ!!! "

အတန်းထဲက ကျောင်းသူကျောင်းသားတွေအကုန်
လန့်ကုန်ကြသည်…။ ဂျင်ကလည်ငါးယောက်ကလည်း
Krisကို "မင်းတော့သွားပြီ" ဟူသောအကြည့်တွေ
ဖော်ကျူးလာရင်းကြည့်လာကြ၏… … …။

ထွက်ဆိုတော့လည်းထွက်ရတာပေါ့ဟုဆိုကာ
Kris ထွက်ပေးလာလိုက်ပါသည်။ ဆရာပြောစကား
နားထောင်တာ အပြစ်မှမဖြစ်တာလေနော့… ။
သို့ပေမယ့်… Krisစိတ်ထဲတွင်တော့ အရိုးသားခံ
မျက်ဝန်းလေးတွေနှင့် ငြိမ်ကုပ်နေကြသော သူ့လူတွေ
သူ ဂုတ်ချိုးသတ်ပစ်လိုက်ချင်စိတ်က အကြိမ်ကြိမ်ဖြစ်
ပေါ်နေလေသည်…။

သူများတွေကိုမပြောနှင့် အချင်းချင်းကိုပင် ပြဿနာ တစ်ထောကြီးပေးတတ်သော ဂျင်ကလည်ဆယ့်နှစ်
ယောက်အား… အတန်းထဲက ကျောင်းသူကျောင်းသား
တွေ လက်လန်ကုန်ကြသကဲ့သို့… ပို၍လည်းအံ့သြမိ
ကုန်ကြသည်…။

~°•~°• JGL Twelve °•~°•~

~ဆက်ရန်~
---25.5.2018Fri---

Continue Reading

You'll Also Like

7.7K 2K 29
"ඇගිලි තුඩකින් වත් නාල්ලා මගේ අත... මැණික, කොහොම අරන් ආවාද කියාපං මේ තරම් දුරක මගේ හිත......" 23/08/16 start .............. Deshu🥀
11.5K 2.6K 42
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
112K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
16.5K 3.1K 33
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...