ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)

5.8K 722 32
                                    

အားလုံးရဲ့မကြည်အကြည့်တွေကို Suhoမမြင်
ချင်ယောင်ဆောင်ပလိုက်သည်။
ဟုတ်တယ်...ကိုယ်တွေက ချေချေပဲလေ...။
ဘယ်သူ့မှဂရုမစိုက်ဘူးကွ...။
ထိုသို့ထိုသို့ အတွေးအဖုံဖုံနဲ့ အရှေ့က ကလေး
တွေဆီသာ ပြုံးကြည့်လိုက်ရင်း....

"ဘေဘီလေးတို့ရေ....
ကလေးလေးတို့...
သားတို့သမီးတို့....ရင်သွေးငယ်လေးတို့...
ညီညီမလေးတို့ရေ..."

"အင်း...နာမည်လေးခေါ်တာကိုက
စာမေးပွဲတစ်ချိန်ဖြေစာ ကြာနေပြီ...။
ပုံပြင်သာပြောရင် ဒီအခန်းထဲကထွက်
ဘိုးဘွားရိပ်သာတန်းသွားရုံပဲ..."

ဘေးကနေတီးတိုးပြောလိုက်သော Kaiစကား
ကြောင့်...Suho မျက်စောင်းလှမ်းထိုးသည်။
ထိုအခိုက်...

"ကျွန်တော် စာမကျက်ခဲ့ရလို့ပါ ဆရာမ...
စာမေးပွဲကို နောက်နှစ်မှစစ်ပေးပါလားဟင်..."

ရုတ်တရက် အိပ်ချင်မူးတူးအသံကြီးဖြင့်
လက်မြောက်ကာ ထအော်လိုက်သူက Lay...။
တယ်...စာမေးပွဲအသံကြားတိုင်း ယောင်တောင်
တောင်လုပ်နေတယ်...။
သူကများ စာမကျက်ခဲ့ရလို့တဲ့ ဆရာမကို
စာမေးပွဲပြောင်းစစ်ခိုင်းနေသေး...။
ပြီးတော့...နောက်နှစ်တဲ့..
ပြင်ဆင်ချိန်ယူတာက တော်တော်နည်းပါတယ်.။
အတွေးတွေပလုံစီကာ ခေါင်းထဲဝင်လာပေမဲ့
အပြင်မှာတော့ Xiuminဘာမှမပြောဖြစ်...။
မျက်လုံးထောင့်ကနေစွေကြည့်လိုက်ရုံလေးနဲ့
လဲ လုံလောက်ပါတယ်လေ...။

ကမူးရှူးထိုးအသံနဲ့ ထအော်လိုက်တဲ့ Layကို
ဘယ်ဘက်က Sehunက တစ်လှည့်တွန်း...
ညာဘက်က Chanyeolက တစ်လှည့်တွန်း
လိုက်တော့...
မျက်လုံးမပွင့်ဘဲ ဘယ်သူဘယ်ဝါမှန်းမသိ
မျက်စောင်းလှိမ့်ပိတ်ထိုးကာ Layနေရာမှ
ထွက်သွားသည်...။

ပွက်လောရိုက်စွာဖြစ်ပျက်နေပီးမှ ငြိမ်သက်သွား
သော ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်
ကြည့်လိုက်ရင်း...
Suho ပုံပြင်စ၏...။

"Hyungပြောပြမယ့်ပုံပြင်က...
ယုန်ကလေးနဲ့ပူးလေးတို့ရဲ့ အပြေးပြိုင်ပွဲ
အကြောင်းပေါ့ကွယ်..."

Suhoပုံပြင်ကြောင့် ကျောင်းအုပ်ကြီးသာမက
သူ့ဘေးက 12ယောက်ပါအံ့အားတသင့်ဖြစ်သွား
ကြသည်...။
ဟုတ်တယ်လေ...ကြားဖူးတာက ယုန်နဲ့လိပ်
အပြေးပြိုင်ပွဲပဲကြားဖူးတာ...
အခုဟာက ယုန်နဲ့ပူးတဲ့...
ဘယ်လိုကြီးပါလိမ့်...။

ဂျင်​ကလည်​ Twelve [ZG + UN]Hikayelerin yaşadığı yer. Şimdi keşfedin