သက်​ဆိုင်​သူတို့သိကြ​စေ...

5.5K 657 58
                                    

"ဘာ...ဘာ​တွေဖြစ်​လာကြတာလဲကွာ..."

Suhoရဲ့ စိတ်​ပူသံ​ရောစွက်​​နေတယ့်​အ​မေး
အဆုံးမှာ...Sehun က သက်​ပြင်းချပြလာသည်​။
သို့​ပေမယ့်​.ဟန်​​ဆောင်​ပန်​​ဆောင်​ချပြတဲ့
သက်​ပြင်းဖြစ်​တဲ့အပြင်​ စကားကလဲသိပ်​မပီ
တော့...ဟူးခနဲမြည်​ရမယ့်​အစား မြည်​သွားတာ က ရှူးခနဲ....၊
အဲ့​တော့ သူ့နံ​ဘေးမှာ စိတ်​ပျက်​လက်​ပျက်​ဖြစ်
နေတဲ့ပုံ​ပေါ်တဲ့ Luhanက...စိတ်​​ပေါက်​လာ
သည်​ထင်​...၊ မ​ပြောမဆို Oh Sehun နှုတ်​ခမ်း
ကို လက်​နဲ့ဆွဲညစ်​သည်​...။

တအအနဲ့ ​အော်​ရင်း...Sehun တို့ ရုန်း​နေ​ပေ
မယ့်​...ပိုးဟပ်​ဖြူတို့လက်​က မြဲမှမြဲ...၊
နှစ်​​ယောက်​သားဖြစ်​ပျက်​​နေတာကို ...စောနက
ဝေလငါး​သေလို့ဝင်​စားထားတဲ့ Chenchen က
ဝမ်းသာအားရ လက်​ခုပ်​လက်​၀ါးထတီးလာ
သည်​...။

အာကျယ်​သလို လက်​ခုပ်​တီးတာလည်းကျယ်
သော Chen လက်​ခုပ်​တီးသံရယ်​...၊
ဟိုနှစ်​​ယောက်​သတ်​​နေ​သော အသံရယ်​...
အောက်​ထပ်​က ဧည့်​ခန်း​လေးမှာ ဆူညံစွာ
ပွက်​​လောရိုက်​​နေ​တော့...
ဆူညံသံများ​ကြောင့်​ထင်​...အ​ပေါ်ထပ်​က​နေ
Krisကြီး ဆင်းလာ၏...။
အိပ်​မှုန်​စုံမွှားနဲ့ Kris ပုံစံ​ကြောင့်​.Suho
အနည်း​ငယ်​​တော့ အံ့အားသင့်​သွားမိသည်​...။

အရင်​ကဆို ဒီလိုအချိန်​ဆို...တိုက်​ကြက်​ကြီး
တစ်​​ကောင်​လို ​ခေါင်းတ​မော့​မော့...
ရင်​တ​ကော့​ကော့နှင့်​...အိမ်​​လေးထဲ ​တောင်
လျှောက်​​မြောက်​​လျှောက်​ ​လျှောက်​​နေတတ်​သူ
က...အခုလို အိပ်​ချင်​မူးတူးပုံစံ​ပေါက်​​နေ​တော့..
Suho အံ့အားသင့်​တာလည်း လွန်​မည်​မထင်​။

"​ဟေး​ကောင်​​တွေ....ဘာဖြစ်​​နေကြတာတုန်း!!"

လှေကားထိပ်​က​နေ ​အော်​​မေးလိုက်​တဲ့...
Kris အသံ​ကြောင့်​...ရန်​ဖြစ်​​နေတဲ့ 2​ယောက်
ရော...ပိုက်​ဆံရမတတ်​ လက်​ခုပ်​လက်​၀ါးထတီး
နေတဲ့သူ​ရော ငြိမ်​ကျသွားကြသည်​...။
ဒါ​တောင်​...Chen က...သံ​ယောဇဉ်​အမျှင်​မပြတ်
သလို...လက်​ခုပ်​တီးသံ​လေး တဖတ်​ဖတ်​ကို
တစ်​ချက်​နှစ်​ချက်​ လိုက်​တီး​နေ​သေးတာ...။

ဂျင်​ကလည်​ Twelve [ZG + UN]Where stories live. Discover now