ညနေခင်းရောက်တော့ လူစုံတက်စုံ ဧည့်ခန်းထဲ
တွင်ရောက်နေကြပြီ...။
ထိပ်ဆုံးနေရာတွင်ထိုင်နေရင်း.11ယောက်စလုံး
ကို Suho အကဲခတ်ကြည့်လိုက်၏...။
မဆိုး...သူတို့အာရုံတွေ ကိုယ့်ဆီမှာရှိတာကို
မြင်လိုက်ရတော့...ချောင်းတစ်ချက်ဟန့်မည်ပြု
ပြီးမှ.မဟုတ်တဲ့စကားစတွေရှည်နေမှာစိုးရိမ်ရ
တာကြောင့်... Suhoရဲ့ချောင်းက လမ်းတစ်ဝက်
နဲ့တင် အဆုံးသတ်သွားတယ်...။"အခုလို ခေါ်လိုက်ရတာက..."
"ခဏ....Suho..."
လက်ကို အပေါ်မြှောက်ပြကာ...ကျောင်းသား
တွေစာမေးမည့်ပုံလုပ်နေသော Kris၏ အူတူတူ
အပြုအမူကြောင့်...Suho နားမလည်နိုင်ဖြစ်
သွားသော်လည်း ခေါင်းသာညိတ်ပြလိုက်မိ
တယ်...။"ငါ တစ်ခုတောင်းဆိုချင်တယ်..."
"ဘာများတုန်း???"
"အခု.ငါတို့အားလုံး အလိရှိုတာက..."
"အလိုရှိတာပါ.Geရာ..."
လျှာလေဖြတ်နေသယောင် မှားယွင်းသွားသော
Krisစကားကို.နံဘေးက Taoက စကားပြန်
ပြင်ပေးလာတယ်...။"အော်...အင်း ဟုတ်ပြီ....
ငါတို့အားလုံးအလိုရှိတာက...မင်းပြောချင်တဲ့
ဆိုလိုရင်းကို အိပ်ရာမ၀င်ခင် နားလည်နိုင်ဖို့ပဲ...
မင်းကိုယ်တိုင်လဲ နားလည်စေချင်မယ်ထင်
တယ်...""အင်းလေ..."
"အဲ့တော့ Suhoရာ....ဒီလိုလုပ်...
ငါမေးတာပဲ မင်းကပြန်ဖြေပေး....၊
မင်းကိုယ်တိုင်ရှင်းပြနေရင် လိုရင်းတော်ရုံ
ရောက်မှာမဟုတ်တော့..."ကျန်သူတွေက Krisစကားကို ထောက်ခံခေါင်း
ညိတ်လာကြတယ်...။
DO ဆို သူထိုင်နေတဲ့ တင်ပါးလေးကို ရှေ့ကို
တိုးရွှေ့လာပြီိး..."ဟုတ်တယ် Suhoရာ...
ငါနဲ့ Kai နဲ့ အိမ်ကိုပြန်လာတဲ့လမ်းမှာ
မင်းဆီက SMSလဲ ၀င်လာရော...
Kaiဆို သူ့မွေးရပ်မြေပြန်ပါတော့မယ်လုပ်နေလို့
မနည်းဆွဲခေါ်လာရတာ..."