[ အိုဆယ်ဟွန်းနှင့်ခေါက်ဆွဲပြုတ်တို့တိုက်ပွဲ😉]
✌ ✌
မျက်စိရှေ့က ဟင်းရွက်တွေ အသားတွေကို ကြည့်ပြီး
ဆယ်ဟွန်း မသက်သာ ခါးထောက်လိုက်တယ်။ဘယ်
ကစလို့ဘာလုပ်ရမှန်းမသိတဲ့ ဗလာကျင်းသောအတွေး
တွေနဲ့ ဟင်းရွက်တွေကိုတွေတွေကြီးရပ်ကြည့်နေမိ
သည်။အဖြူရောင်ရှပ်အင်္ကျီလက်ကိုဖြစ်သလိုခေါက်
တင်ထားပြီး ဓားကိုကိုင်ပြီး ဟင်းရွက်တွေကိုစလှီးဖြတ်
ဖို့် ကြံလိုက်တယ်။သို့ပေမဲ့လဲ သူ ဘာချက်ရမှာလဲ။
ဘာချက်ရမှာလဲမသိသလို ဘာမှလဲမလုပ်တတ်။
လူတယောက်ကိုတိုက်ခိုက်ရတာကမှ သူ့အတွက်လွယ်
ကူနေသေးသည်။ ဟင်းရွက်တွေနဲ့အသားတွေကိုဓား
နဲ့တိုက်ခိုက်ဖို့ကမလွယ်ကူလှ။
ခင်ဗျားသာ အကြည့်စူးတတ်တဲ့မိန်းကလေးတယောက် ဆိုရင် မီးဖိုချောင်ဝင်နေတဲ့ ခပ်သန့်သန့်ကောင်လေး
ရဲ့ကျောပြင်ကိုငေးကြည့်ပြီး ၃၂ချောင်းသောသွားတွေ
အအေးပတ်နေလောက်ပြီပေါ့။
သို့ပေမဲ့လဲ တကယ်လမ်းလက်တွေ့မှာ အိုဆယ်ဟွန်း
မှာ ခင်ဗျားတို့ထင်နေသလို ချက်တတ်သူတော့မဟုတ်။
ဓားတလက်ကိုင်လို့ နဖူးကချွေးပင်ပျံနေလေပြီ။
မင်ဆော့က သူ့အတွက်တခုခုချက်ကျွေးဖို့ မားကတ်
ကိုသွားပြီးဝယ်စရာရှိတာတွေကိုဝယ်ခဲ့တယ်လို့
ဂျယ်ဟိုပြောပြထားတယ်။ ဒါပေမဲ့ လီဂျွန်အင်နဲ့
ခါးပိုက်နှိုက်ကောင်ကြောင့် သူ့ညစာကပျက်စီးသွား
ခဲ့ပြီ။ ဆယ်ဟွန်းစိတ်ထဲကနေ ကောင်းကောင်းကြီး
မေတ္တာပို့လိုက်တယ်။ လက်ရှိမှာ သူဟာ စိတ်ကောက်
နေတဲ့အချစ်ကိုချော့ဖို့ ဟင်းရွက်တွေနဲ့စတင်မိတ်ဆက်
နေတယ်။
" ဒုက္ခပါပဲ !! တခုခုတော့ချက်လိုက်စမ်းပါဟ"
သူ့ကိုယ်သူမကျေမနပ် ညည်းတွားပစ်လိုက်တယ်။
ကိုယ့်ကိုကိုယ်လဲ တော်တော်မသုံးကျကြောင်းကို
ကွက်ကွက်ကွင်းကွင်းသိလိုက်ရတယ်။ စိတ်မရှည်စွာနဲ့
ရေခဲသေတ္တာကိုဆွဲဖွင့်လိုက်တော့ နှစ်ထုပ်တည်းသော
ပူးပူးကပ်ကပ်ရှိနေတဲ့ခေါက်ဆွဲထုပ်ကလေးတွေက
သူ့ကိုရယ်ပြနေသလိုလို။ "အပိုအလုပ်တွေလုပ်ဖို့
ဦးနှောက်ဗလာနဲ့စဉ်းစားနေမဲ့အစား ငါတို့ကိုသာပြုတ်
သောက်ပစ်လိုက်ပါတော့"ဆိုတဲ့ ခေါက်ဆွဲခြောက်ထုပ်
တွေရဲ့ လှောင်ပြောင်မူ။ဆတ်ခနဲ ခေါက်ဆွဲခြောက်ထုပ်
နှစ်ထုပ်ကိုဆွဲယူလိုက်ပြီးရေခဲသေတ္တာကိုပြန်ပိတ်လိုက်
တယ်။
"ဟုတ်ပြီ!! မင်းတို့ကို ရေနွေးပူပူထဲပစ်ထည့်ပေးရ
မယ်ဆိုတာတော့ ငါသိတယ် "
သူ ခေါက်ဆွဲခြောက်ထုပ်တွေကိုခြိမ်းခြောက်ပစ်လိုက်
တယ်။ ရေအေးအေးကို ရေပူပူအဖြစ်ပြောင်းလဲဖ်ို့
စတင်လိုက်တယ်။ဒါပေမဲ့သူမသိတာက လုံလောက်
သည်ထိပိုသာလွန်းသောရေတွေထည့်လိုက်မိထား
တယ်ဆိုတာကိုပေါ့။ ဆူပွက်လာမဲ့အချိန်ကိုစောင့်ရင်း
သူ ဆာလောင်နေတဲ့ဗိုက်ကို နှစ်သိမ့်နေရသည်။
အချစ်က ဆိုးလိုက်တာ။ဗိုက်ဆာတဲ့အချိန်ထိကိုပစ်
ထားတယ်။ နဖူးပြင်က နာနေတဲ့ဒဏ်ရာကလဲ ဒီအတိုင်း
ဆေးဆိုတာမတို့မထိရသေး။ ပုခုံးစွန်းက သွေးစတချို့
ကိုတော့ဆေးပစ်ပြီးသွားပြီ။ခါးပိုက်နှိုက်ကောင်ကိုနံရံ
ကိုဆွဲတွန်းကပ်လိုက်ချိန်က သူ့ပုခုံးလဲနံရံနဲ့ရိုက်မိသွား
ခဲ့တာ။ ရှပ်အဖြူမို့သွေးတို့ကိုသူအမြန်ဆေးပစ်ခဲ့တာ။
သူ လက်ပိုက်ပြီး ရေဆူလာမဲ့အချိန်ကိုစောင့်နေရတယ်။
နောက်ဆုံးတော့ခေါက်ဆွဲထုပ်နဲ့ပဲနှစ်ပါးသွားရမဲ့အဖြစ်
မျိုးပေါ့။မင်ဆော့လဲဘာမှမစားရသေးဘူးလို့သူသိပြီးပြီ။
"ပူပြီလား !! ထည့်ရတော့မလား အ့ !!!"
အဖုံးကိုလက်ဗလာနဲ့သွားကိုင်မိချိန် သူအော်ဟစ်ပြီး
အဖုံးကိုပစ်ချမိလိုက်တော့ အသံပေါင်းစုံနဲ့ပွဲစည်သွား
တော့သည်။ သူစိတ်တိုတိုနဲ့ အကုန်ရိုက်ခွဲပစ်လိုက်ရ။
"သေတော့မှာပဲ ! ငါ !!"
[ စာရေးသူအတိုင်းပဲ😂ကိုယ့်ဘာသာ စားပွဲခုံပဲဖြစ်
ဖြစ်ဝင်တိုက်မိရင်း လက်သီးနဲ့ပြန်ရွယ်လိုက်ရမှ😂]
ရေပွက်ပွက်ဆူနေတဲ့ အိုးကို လက်သီးနဲ့ ဒေါသထွက်
ထွက်ရွယ်လိုက်တဲ့အချိန် မင်ဆော့ကအခန်းထဲကနေ
ထွက်လာတာမို့ သူ လက်ကိုအသာကိုပြန်ရုတ်လိုက်
ကာ လည်ကုတ်ကိုပြန်ပွတ်လိုက်တယ်။
" ကိုယ် ခေါက်ဆွဲပြုတ်နေတာ !!"
သူ မင်ဆော့နဲ့ စကားပြောရဖို့ အရင်ဆုံးအစချီလိုက်
တယ်။ ဟင်းရွက်တွေ အသားထုပ် ခေါက်ဆွဲခြောက်
ထုပ်တွေကိုမင်ဆော့မျက်လုံးဝေ့ကြည့်လိုက်တယ်။
ရှုပ်ပွနေတာပဲ။
" ရေသွားချိုးတော့ !! ပြုတ်ထားလိုက်မယ် "
" မဟုတ်ဘူး ကိုယ်ပဲလုပ်လိုက် ဂွီ !!"
သေတာပဲ။ ဒီအချိန်ကျမှ အချက်ပြရတယ်လို့။
အိုဆယ်ဟွန်းရဲ့မျက်နှာအမ်းတမ်းတမ်းတောင်ဖြစ်
သွားရတယ်။ဘာဆက်ပြောလို့ပြောရမှန်းတောင်
မသိတော့ဘူး။ မင်ဆော့မျက်နှာလေးက ပြုံးစိစိဖြစ်
သွားတာကြောင့်သူစိတ်အေးသွားရတော့တယ်။
"သွား ရေသွားချိုးတော့ !! အဆင်သင့်လုပ်ထားလိုက်
မယ် .!မဟုတ်ရင် မင်းဗိုက်ထဲကသံစုံတီးဝိုင်းတွေစ
တီးလာတော့မှာ "
ဆယ်ဟွန်း ရယ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
မင်ဆော့က ခေါက်ဆွဲထုပ်တွေကိုဖောက်နေတာကို
သူ ကြည့်ပြီးမှ သူ ရေချိုးခန်းထဲဝင်သွားလိုက်တယ်။
" ထည့်ထားတဲ့ရေတွေက လူပါ ဒိုင်ဗင်ထိုးဆင်းလို့
ရနေပြီ !! ဒီအတိုင်းသာ ထည့်ပြုတ်လိုက်ရင် ဘာအရသာမှကိုရှိလာမှာမဟုတ်ဘူး"
မင်ဆော့ရဲ့ပွစိပွစိအသံတွေကြောင့် ဆယ်ဟွန်းရယ်
လိုက်တယ်။ ဘယ်လောက် ချစ်ဖို့ကောင်းသလဲ။
စိတ်ဆိုးနေတဲ့ အချစ်ဆီက ပွစိပွစိပြောနေသံလေး။
နူတ်ခမ်းကြီးဆူထွက်လို့ မျက်နှာကြီးသုန်မှုန်နေမှာ။
သူ ရေချိုးခြင်းလုပ်ငန်းကိုခပ်မြန်မြန်လုပ်လိုက်တယ်။
ပုံမှန်ထက် မကြာတဲ့သူ့ရဲ့ရေချိုးချိန်က သိပ်ကိုမြန်ဆန်
လွန်းသွားတယ်။သူရေချိုးခန်းထဲကထွက်လာချိန်မှာ
တောင်ခေါက်ဆွဲထုပ်က လုံလုံလောက်လောက်စားလို့
ရတဲ့အဆင့်ထိမရောက်သေး။ သူ ပေါ့ပေါ့ပါးပါးအဝတ်
အစားကိုရွေးဝတ်လိုက်တယ်။ ည ၁၁နာရီလောက်ကျော်
မှရေချိုးတာကြောင့် အေးတော့အေးနေတယ်။ဒါပေမဲ့လဲ
ခေါက်ဆွဲပြုတ်ပူပူလေးစားလိုက်ရင်အအေးဓာက်က
သက်သာသွားမှာပါ။
"စားလို့ရပြီ !! "
မင်ဆော့ရဲ့အသံကြောင့် သူအမြန်ပြေးထွက်လိုက်တယ်
ကံကောင်းစွာနဲ့နှစ်ယောက်အတူမျက်နှာချင်းဆိုင်ပြီး
စားရတယ်။ ပူပူနွေးနွေးခေါက်ဆွဲပြုတ်ကိုတရှူးရှူး
တရှဲရှဲစားရင်း မင်ဆော့ကိုပါ လိုက်ကြည့်နေရသေး
တယ်။အချစ်ကတော့ ခပ်တည်တည်ပါပဲ။ကံဆိုးလွန်း
စွာ အချစ်ဆီက စကားတခွန်းမှပြောလာခြင်းမရှိ။
စားသောက်ပြီးလို့ အချစ်က ဆေးကြောခြင်းလုပ်ငန်းကို
သူ့ဘာသာအေးအေးလူလူလုပ်နေတယ်။ တိတ်တိတ်
ဆိတ်ဆိတ် ပန်းကန်တွေဆေးကြောနေတဲ့ မင်ဆော့
ကို နောက်ကနေခါးလေးကိုသွားဖက်လိုက်ကာ ဆံပင်
အိအိလေးတွေကြားမျက်နှာအပ်လိုက်တော့ မင်ဆော့
ကိုယ်လေးတုန်သွားတာကိုခံစားလိုက်ရတယ်။လှုပ်ရှား
နေတဲ့လက်တွေက ရပ်တန့်သွားသေးသည်။
"ဇာတ်လမ်းတွဲတွေထဲကလို ခေါက်ဆွဲတမျှင်ကိုတူတူ
စားမိပြီးအနမ်းပေးတဲ့အထိ ကိုယ်တ်ို့နှစ်ယောက်ကျ
တော့ဘာလို့ဖြစ်မလာတာလဲ"
ကတ်သီးကပ်သက် ပြောလာတဲ့ ဆယ်ဟွန်းကြောင့်
မင်ဆော့ အသံတိတ်ကြိတ်ရယ်လိုက်တယ်။ ခေါက်ဆွဲ
ခြောက်ထုပ်တွေကိုကြေမွနေအောင်ဘယ်သူကများ
ထုထောင်းထားပါလိမ့်။ စိတ်ဆိုးနေလို့အခန်းထဲတမင်
အောင်းနေလိုက်တာ။ သို့ပေမဲ့လဲအပြင်က ဆယ်ဟွန်း
ရဲ့အခြေအနေကိုသူနားစွင့်နေခဲ့တာ။ အိုးအဖုံးကြီး
လွှတ်ကျသံကြားတော့မနေနိုင်တာနဲ့ထွက်လာလိုက်တာ။ ဒါတောင်ခေါက်ဆွဲလေးပြုတ်နေလို့။တခုခုသာချက်
ကြည့်ပါလား။တိုက်ခန်းတခုလုံးမီးလောင်သွားမလားပဲ။
ခါးကိုပိုတိုးလို့ဖက်လာတဲ့ ဆယ်ဟွန်းရဲ့လက်တွေ
ကြောင့်အနေရကြပ်လာတယ်။
"ဖယ်ပေး!အနေရကြပ်တယ် ဆယ်ဟွန်း"
"ကိုယ်တော့သဘောကျတယ်.!"
မင်ဆော့သက်ပြင်းရှည်ကြီးချလိုက်ရတယ်။ပန်းကန်
တွေဆေးလို့ပြီးပါ့တော့မလား။အနောက်ကနေအတင်း
ကြီးဖက်ထားတဲ့သူ့ကြောင့်အဆင်မပြေလှ။
"စိတ်မဆိုးပါနဲ့ !!အပြင်လူတယောက်ကြောင့် ကိုယ့်ကို
စိတ်ဆိုးတာမျိုးမလုပ်ပါနဲ့ အဲ့တာက ကိုယ့်ကိုခံစားစေ
ရလို့ ! "
လေသံဖျော့ဖျော့လေးနဲ့ သူ တိုးတိုးလေးဆိုသည်။
ခါးပေါ်က ဆယ်ဟွန်းရဲ့လက်တွေကို မင်ဆော့ဖြုတ်
ပစ်လိုက်ပြီး ဆယ်ဟွန်းနဲ့မျက်နှာချင်းဆ်ိုင်လိုက်တယ်။
"မဟုတ်ဘူးမလား ! မပြောခဲ့ဘူးမလား အစ်ကိုဂျွန်အင်
ကိုအဲ့လိုမလုပ်ခဲ့ဘူးမလား ဟင် ဆယ်ဟွန်း"
ကိုယ်ကိုအသာကိုင်းလိုက်ကာ မင်ဆော့နူတ်ခမ်းလေး
ကိုထိရုံလေးဖိကပ်နမ်းလိုက်တယ်။အနမ်းခံလိုက်ရတဲ့
အချစ်ကလေးကတော့ ကျောက်ရုပ်လေး။ မေးခွန်း
အတွက်ပြန်ရလိုက်တာက အဖြေတခုဖြစ်မနေဘဲ
ကြောင်တောင်တောင်နိုင်စွာအနမ်းတခုဖြစ်နေသည်
လေ။
"ဘယ်လိုထင်လဲ? "
ဆယ်ဟွန်းဘက်က မေးခွန်းပြန်ထုတ်လိုက်တယ်။
အချစ်ဘက်က သူ့အပေါ်ယုံကြည်နှုန်းဘယ်လောက်
ရှိသလဲ သူစမ်းကြည့်ချင်သည်။တယောက်မျက်နှာ
တယောက်ကြည့်လို့ အခြေအနေသည်တိတ်ဆိတ်
သွားသည်။ မင်ဆော့ကလဲ ဝိုင်းဝိုင်းစက်စက်မျက်လုံး
လေးတွေနဲ့ ဆယ်ဟွန်းကိုမော့ကြည့်နေတယ်။
" မင်းမပြောခဲ့ပါဘူး !မလုပ်ခဲ့ဘူးမလား."
မင်ဆော့ဆီက ကြားလိုက်ရတဲ့စကားလေးကြောင့်
ဆယ်ဟွန်းတယောက်ပျော်မြူးသွားတယ်။အချစ်ဆီက
ယုံကြည်မူကိုရလိုက်တာက သူ့အတွက်ရင်တခုလုံး
ဗြောင်းဆန်လို့လှုပ်ရှားကုန်တယ်။
နောက်ထပ်တခါ နူတ်ခမ်းလေးကိုဖိကပ်နမ်းပစ်လိုက်
တယ်။
"တော်တယ် အချစ် "
မင်ဆော့ဆံပင်လေးတွေကို လက်တဖက်နဲ့အသာလေး
ဖိပစ်ကာ သူပြုံးပြလိုက်တော့ အချစ်က နှာခေါင်းရှုံ့ ပြ
လေတယ်။ဆံပင်တွေကိုဖွနေတဲ့သူ့လက်ကိုရိုက်ထုတ်
ပစ်ပြီး ပန်ကန်တွေကိုနေရာတကျပြန်ထားနေတယ်။
" ရော့ အချစ် !"
အသင့်ယူလာတဲ့ ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံ
အိတ်ကိုထုတ်ပေးလိုက်တော့ မင်ဆော့က ဖြတ်ခနဲ
ဆွဲယူသွားပြီးမျက်လုံးလေးတွေတောက်ပသွားတယ်။
သူ့ပိုက်ဆံအိတ်လေးကိုဖွင့်ကြည့်လို့ ဓာက်ပုံလေးကို
ထုတ်ကြည့်နေတယ်။မျက်ရည်ဝဲလို့ အပျော်ကြီးပျော်
သွားတဲ့အချစ်က သူ့ကို ချက်ချင်းပြေးဖက်လာတယ်။
"ကျေးဇူးပဲ ဆယ်ဟွန်း ကျေးဇူးပါပဲ ပြန်မရတော့ဘူး
ထင်ထားတာ "
မကြာသေးခင်အချိန်ကတော့ စိတ်ကောက်နေတဲ့အချစ်
က မာနကြီးစွာသူ့ကိုစကားတလုံးတောင်လာမပြောခဲ့
ဘဲ အခုအချိန်မှာတော့ရင်ခွင်ထဲကိုအတင်းတိုးလို့
ငြိမ်သက်နေပြန်တယ်။အမျိုးမျိုးတတ်နိုင်တဲ့အချစ်။
အချစ်ကို ပြန်လည်သိုင်းဖက်လိုက်ချိန် ပုခုံးစွန်းဆီက
စူးခနဲနာကျင်သွားတယ်။ ဒဏ်ရာကဆေးနဲ့မထိရသေး
တဲ့အပြင် ပတ်တီးတောင်စည်းမထား။ လှုပ်ရှားလိုက်တာနဲ့ နာလာပြီးသွေးတွေပြန်ထွက်လာပြီ
ထင်တယ်။ မသိမသာပုခုံးစွန်းကိုမျက်လုံးအကြည့်
ပို့လိုက်တော့ ထင်တဲ့အတိုင်း အင်္ကျီမှာစွန်းနေပြန်တဲ့
သွေးအကွက်။
မင်ဆော့က သူဖွထားတဲ့ဟင်းရွက်တွေကို ရေခဲသေတ္တာ
ထဲထည့်နေတုန်း သူအခန်းထဲပြန်ဝင်လာပြီး အနက်
ရောင်ရှပ်အင်္ကျီလက်ရှည်တထည်ထပ်ဝတ်လိုက်တယ်။
အနက်ရောင်နဲ့မှသွေးစွန်းလာရင်တောင်မသိသာမှာ
လေ။ လက်ကိုလှုပ်ရှားလိုက်တိုင်း နာကျင်လာသည်
ကိုလစ်လျူရှုရင်း အဝတ်ဗီရိုကိုပြန်ပိတ်လိုက်တယ်။
မင်ဆော့ဝင်လာတာနဲ့ သူ ပြုံးပြရင်း အိပ်ယာခင်းတွေ
ခင်းဖို့ပြင်လိုက်တယ်။ နှစ်ယောက်သား ဘေးချင်းကပ်
လှဲအိပ်နေရင်း အိပ်မရသေးဘဲမျက်လုံးတွေကြောင့်
စကားပြောဖြစ်ကြသည်။
"ဆိုအာက ပြောတယ် !မွေးနေ့လက်ဆောင် မနက်ဖြန်
လိုက်ဝယ်ပေးရမယ်တဲ့ ၊ စိတ်တိုဖို့ကောင်းတယ်နော်
သူများရည်းစားကို သူ့ရည်းစားကျလို့ !ပတ်ဂျင်းဝူ
ကလဲဘာမှဝင်မပြောဘူး "
နူတ်ခမ်းဆူလို့ သဝန်တိုအူတိုနေတဲ့ အချစ်ကို ဆယ်ဟွန်းဘေးစောင်းအနေအထားနဲ့ ငြိမ်ငြိမ်လေး
ကြည့်ကာပြုံးနေရသည်။ ဘေးစောင်းအိပ်လို့မျက်နှာ
ချင်းဆိုင်အနေအထားကြောင့်တယောက်နဲ့တယောက်
နီးနီးကပ်ကပ်။
ဆယ်ဟွန်းက မင်ဆော့ရဲ့နဖူးပြင်ပေါ်ကဆံပင်စလေး
တွေကိုလက်တဖက်နဲ့သပ်တင်ပေးရင်း နဖူးလေးအား
နူးနူးညံ့ညံ့တချက်နမ်းလိုက်လေသည်။
" သွားကြတာပေါ့ !!မနက်ဖြန်ညနေ ကိုယ်တို့ဒိတ်လုပ်
ကြတာပေါ့ ဆိုအာနဲ့ဂျင်ဝူးကတစ်တွဲ၊ကိုယ်တို့ကတစ်တွဲ
ပေါ့ !! "
"အလုပ်အားလို့လား !! ပင်ပန်းနေမှာပေါ့ "
"အားပါတယ် !! ဒီအတိုင်း နှစ်ယောက်အတူအပြင်
ထွက်ချင်လို့ !! အချစ်အနားမှာပဲ အချိန်ပြည့်နေချင်
နေတော့တာ ၊ ခဏလေးတောင်ခွဲမနေချင်ဘူး "
ဆယ်ဟွန်းရဲ့ စကားကိုငြိမ်ငြိမ်သက်သက်နားထောင်
နေတဲ့အချစ်က ရင်ခွင်ထဲတိုးဝင်လို့ ခါးပေါ်လက်တဖက်
ရောက်လာတယ်။ ရင်ခွင်ထဲကနေခေါင်းမော့လို့မေးဖျား
ကိုလှမ်းနမ်းလိုက်တာကြောင့် ဆယ်ဟွန်းမှာ ကျေကျေ
နပ်နပ်ကြီးပြုံးလို့ မင်ဆော့ရဲ့ဆံပင်တွေကြားမျက်နှာ
အပ်လို့တဖွဖွနမ်းလေသည်။
" အိပ်တော့ အချစ် !! "
"အင်း !! မင်းလဲအိပ်တော့ "
မင်ဆော့ဆီကအသက်ရှူသံမှန်မှန်တိုးတိုးလေးကို
နားထောင်ရင်း ဆယ်ဟွန်းလဲမျက်လုံးတွေမှိတ်ထား
လိုက်တယ်။ ဘေးတစောင်းအိပ်တာကြောင့်ဖိထားတဲ့
ပုခုံးတဖက်ဆီက နာကျင်မူကပိုတိုးလို့လာသည်။
အိပ်ယာခင်းကိုပါ သွေးတွေစွန်းမနေဖို့ဘဲ ဆုတောင်း
မိတယ်။
သို့ပေမဲ့လဲ ထိုညက ခဏပြီးခဏ ဒဏ်ရာ၏နာကျင်မူ
ကြောင့်အိပ်ယာကထရပြီး သွေးတွေကိုဆေးကြောနေခဲ့
ရသည်။မင်ဆော့နိုးသွားမှာဆိုတာကြောင့် အင်္ကျီအနက်
ကိုချွတ်ပုခုံးအောက်မှာဖိလို့ ဒီအတိုင်းငြိမ်နေရတယ်။
ထိုညက ဒဏ်ရာကသွေးအရမ်းထွက်နေခဲ့သည်။
____________________________________
ကုမ္ပဏီကိုချက်ချင်းတန်းမသွားဘဲ အိမ်ကိုသာ သူ
တန်းပြန်လိုက်တယ်။ နာကျင်မူက ပြောမရလောက်
အောင်ဆိုးရွားလာတာကြောင့် သူ အိမ်ကိုသာတန်း
ပြန်လာလိုက်တယ်။ အိမ်က ဦးလေးချိုကို ဖုန်းဆက်
မေးကြည့်လိုက်တော့ ဒယ်ဒီနဲ့မာမီကအိမ်မှာမရှိ။
ဘယ်သူမှမရှိတာကြောင့် ဒေါက်တာဂျွန်ကို ခေါ်ထား
ခိုင်းလိုက်တယ်။ အိမ်မှာသာ မာမီတို့ရှိနေရင် သူ
ကိုယ့်ဘာပဲကိုယ်ဆေးထည့်ပြီး နေလိုက်မှာအသေ
အချာ။ လက်ရှိမှာတော့ တညလုံးသွေးထွက်များထား
လို့အခြေအနေမကောင်းချင်။နူတ်ခမ်းတွေပါဖြူလျော့
လာသလိုလို။
သူ အိမ်ရောက်တာနဲ့ ဒေါက်တာဂျွန်က ရောက်မလာ
သေးတာကြောင့် သူအဝတ်အစားလဲဖို့အရင်လုပ်လိုက်
တယ်။ ဘယ်သူမှရှိမနေဘူးလို့ထင်ထားပေမဲ့ အခန်း
ထဲဝင်ခါနီး အစ်မဂျီဟွန်းကိုတွေ့လိုက်ရတာကြောင့်
သူအမြန် တံခါးကိုပိတ်လိုက်တယ်။အခန်းထဲအမြန်
ဝင်လိုက်တာကြောင့် ဒဏ်ရာရထားတဲ့ပုခုံးကထပ်ပြီး
အခန်းနံရံနဲ့တိုက်မိလိုက်သေးသည်။ ကျောရိုးထိစိမ့်
သွားလောက်အောင်နာကျင်မူက ဆိုးလွန်းသွားသည်။
"အား !! အရေးထဲကွာ "
သူ အံကြိတ်ထားကာ ပုခုံးကိုလက်နဲ့ဖိထားရင်း ညည်း
တွားလိုက်တယ်။ကုတင်ပေါ်ထိုင်လိုက်ပြီး ပုခုံးကိုဖိ
ထားတဲ့လက်ကိုပြန်ကြည့်လိုက်တော့ လက်ဖဝါးတခု
လုံးနီရဲနေတဲ့သွေးတွေ။
"ဟာကွာ !! ထပ်ပြီးထွက်လာပြန်ပြီ "
ကုမ္ပဏီသွားမယ်ဆိုပြီး မင်ဆော့ရှေ့ဝတ်ထားတဲ့
အဝတ်အစားကိုချွတ်လိုက်တယ်။အောက်ခံရှပ်အဖြူ
မှာ နီရဲအောင်စွန်းထင်းနေတဲ့သွေးတွေ။ ဘယ်လောက်
တောင်များထိခိုက်သွားလို့လဲ။ တကယ်တမ်း သူလဲ
ဒဏ်ရာကို သေသေချာချာတောင်မကြည့်ရသေး။
မနေ့ညက မင်ဆော့မြင်သွားမှာဆိုးတာနဲ့ အမြန်
သွေးတွေကိုရေနဲ့ဆေးပစ်ပြီး အင်္ကျီကိုလဲရေနဲ့ပဲ
အမြန်ဆေးပစ်ခဲ့တာ။
" အစ်ကိုလေး .!ဒေါက်တာဂျွန် ရောက်နေပါပြီ"
အခန်းအပြင်က ဦးလေးချိုရဲ့အသံကြောင့် ဆယ်ဟွန်း
တံခါးသွားဖွင့်ပေးလိုက်တယ်။ အခန်းထဲဝင်လာတာက
ဒေါက်တာဂျွန် အပြင် အစ်မဂျီဟွန်းပါ ပါနေတာကြောင့်
ဆယ်ဟွန်း အံ့သြသွားရတော့တယ်။
" ဘယ်လိုဖြစ်တာလဲ သွေး သွေးတွေက "
သူပုခုံးတဖက်မှာရွဲရွဲစိုနေတဲ့ သွေးတွေကြောင့်အစ်မ
မှာ မျက်လုံးပြူးကျယ်လို့ အလန့်တကြားတွေထဖြစ်
ကုန်တော့တယ်။ဘယ်သူမှမသိအောင် နေပါတယ်
ဆိုနေမှ အကုန်သိကုန်တော့မည့်အဖြစ်။
အောက်ခံရှပ်အဖြူကိုမှချွတ်ပစ်လိုက်ပြီး ဒေါက်တာဂျွန်
က သူ့ဒဏ်ရာကိုကြည့်သည် ။ နံရံနဲ့ပစ်တိုက်လိုက်တဲ့
အရှိန်က တော်တော်လေးများသွားခဲ့ပုံရတယ်။ဒဏ်ရာ
က နက်ပြီး များသွားခဲ့တယ်။ သွေးတွေကိုအရင်ဆေး
ကြောလိုက်ပြီးမှ ဒဏ်ရာကိုဆေးထည့်ဖို့လုပ်တော့တယ်
်၊ ဒဏ်ရာက နံရံနဲ့တိုက်မိထားပြီးနောက်ထပ်ထိခိုက်မူ
တွေရှိခဲ့သေးသည်ထင်တယ်။ ခါးပိုက်နှိုက်ကောင်နဲ့
ရုန်းရင်းဆန်းခတ်ဖြစ်နေတုန်းက သွေးပူနေလို့
ဒဏ်ရာရလို့ရမှန်းတောင်မသိခဲ့ဘူး။
" သွေးထွက်အရမ်းများထားတယ် "
ပုခုံးကဒဏ်ရာမို့ ပတ်တီးကို နေရခက်အောင် သိုင်းစီး
ရသည်။ကုတင်ဘေးမှာပုံထားတဲ့ သူအင်္ကျီတွေက
သွေးတွေနီရဲလို့။
" ငါ နင့်ကိုသွေးတွေနဲ့မြင်ရတာ နှစ်ခါရှိနေပြီ !
ဘာတွေဖြစ်လာလို့လဲ မင်ဆော့ကောသိလား"
" မသိဘူး သွားမပြောနဲ့နော် အစ်မ !! သူဘာမှ
မသိဘူး ! စိတ်ပူနေဦးမယ်"
မင်ဆော့ကိုကျတော့သိမှာကြောက်လို့ အသည်းအသန်
ငြင်းနေတဲ့မောင်ဖြစ်သူကို ဂျီဟွန်းမျက်စောင်းထိုးလိုက်
တယ်။ဘာတွေများဖြစ်လာလို့ ဒဏ်ရာတွေရလာပါလိမ့်။
တညလုံး သွေးထွက်နေတာကို ဒီအတိုင်းနေနေရတယ်
လို့ ။အခုတော့ ရုပ်ကဖြူဖတ်ပြီး လဲတော့အနေအထား။
"ဒီနေ့တော့ အနားယူလိုက်ပါ ! ဆေးသွင်းပေးထား
ခဲ့ပါ့မယ် "
"အာ မဖြစ်ဘူး ! ကျွန်တော် လှုပ်ရှားနိုင်ပါတယ်
အဲ့လောက်ထိအရမ်းမဆိုးဝါးနေပါဘူး !! ဒေါက်တာဂျွန်"
ဒေါက်တာဂျွန်ရဲ့စကားကို ဆယ်ဟွန်း အသည်းအသန်
ငြင်းဆန်လိုက်တယ်။ သူ တနေ့လုံးနားလို့မဖြစ်။
တော်ကြာနေ သူ ကုမ္ပဏီမလာတဲ့ကိစ္စ မင်ဆော့သာ
သိသွားရင် အရမ်းစိတ်ပူနေတော့မှာ။မဖြစ်ဘူး။
" ဆယ်ဟွန်း !ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့နော်
ဆေးချိတ်ပေးထားခဲ့ပါ ဒေါက်တာ "
အစ်မဂျီဟွန်းရဲ့စကားကြောင့် ဆယ်ဟွန်းမှာ ခေါင်း
ခြောက်သွားရသည်။
"ဒယ်ဒီနဲ့မာမီက နယ်ဘက်က ပရဟိတသွားလုပ်တာ
ညနေပိုင်းမှပြန်လာဖြစ်မှာ အေးအေးဆေးဆေးအနား
ယူနေ !!စိတ်မပူစေချင်ရင်အစထဲကစိတ်မပူရအောင်
နေပါလား ဖြစ်လိုက်ရင်သွေးသံတရဲရဲနဲ့ ငါ့ကိုလန့်သေ
အောင်လို့လုပ်နေတာ "
ပွစိပွစိပြောလွန်းတဲ့အစ်မကြောင့် ဆယ်ဟွန်းတယောက်
အိပ်ယာပေါ်အသာလှဲနေရတယ်။ ဆေးချိတ်ပေးထား
တာမို့ ဒေါက်တာဂျွန်က အေးအေးဆေးဆေးအနားယူ
ပြောထားခဲ့တယ်။ ဘယ်သူမှအခန်းထဲမရှိတော့မှ
သူ လက်ထောက်ယူဆီ ဖုန်းခိုးဆက်လိုက်တယ်။
သူ ကုမ္ပဏီမလာတဲ့သတင်းကို မင်ဆော့ဆီကိုမပြန့်
သွားဖို့အကြောင်းကြားလိုက်ရသည်။ဒီနေ့ညနေ ဒိတ်
လုပ်ဖို့လဲပြောထားသည်လေ ။
ဆေးပုလင်းထဲဆေးကုန်တာနဲ့တပြိုင်ထဲ လက်ကအပ်
ကိုဆတ်ခနဲဆွဲဖြုတ်လိုက်ကာ အဝတ်အစားလဲပြီး
အောက်ထပ်ကိုဆင်းလာလိုက်တယ်။
"အစ်ကိုလေး ဒီနေ့တော့မသွားဖို့ မမလေးပြောထား
တယ်လေ ."
"ကျွန်တော် ဒီနေ့သွားမှဖြစ်မဲ့ကိစ္စလေးရှိနေလို့"
သူ့ကိုလာတားတဲ့ ဦးလေးချိုကို သူ လှည့်ပြောထားခဲ့ပြီး
ထွက်လာခဲ့သည် ။ ဒိတ်လုပ်ကြရအောင် လို့သူပြော
ထားခဲ့တယ်မလား။ပုခုံးကဒဏ်ရာကလှုပ်ရှားတာနဲ့
သွေးထွက်လာမှာကြောက်တာနဲ့ ဂျယ်ဟိုကိုခေါ်ထား
လိုက်တယ်။အိမ်ရှေ့မှာအသင့်စောင့်နေတဲ့ဂျယ်ဟိုက
ခေါင်းငုံ့နူတ်ဆက်လေတယ် ။ ကားနောက်ခန်းမှာသူ
ဝင်ထိုင်လိုက်တာနဲ့ကားကစထွက်လာခဲ့သည်။
နေ့လည် တစ်နာရီကမှစလို့ သူရုံးတက်သည့်ဖြစ်အင်
ကို ဂျယ်ဟို၊လက်ထောက်ယူရယ် အတွင်းရေးမှူးတို့
သာသိထားကြသည်။
ပုခုံးကဒဏ်ရာကြောင့် လှုပ်လှုပ်ရှားရှားသိပ်မလုပ်နိုင်။
လက်ထောက်ယူကိုသာ အလုပ်တွေအကုန်အပ်ထားရ
သည် ။
____________________________________
"ဒီနေရာလား !! ဆိုအာကဒီမှာအလုပ်လုပ်နေတာလား
ဂျင်းဝူ "
သူတို့သုံးယောက်သား Mall်ထဲဝင်လာလိုက်သည်။
ဆိုအာကတော့ ဝင်ဝင်ချင်း သူတို့ကိုလက်တဖက်ဝေ့
ယမ်းလို့လှမ်းခေါ်နေတော့သည်။
" မြန်သားပဲ ရောက်လာကြတာ !ငါလဲအခုတင်အလုပ်
ဆင်းတာ ၊ "
ဆိုအာက ဂျင်းဝူလက်မောင်းကိုချိတ်လို့ ဝင့်ဝင့်ကြွား
ကြွားကြီးပြောနေပုံကြောင့် မင်ဆော့နှာခေါင်းရှုံ့ ပစ်
လိုက်တယ်။ အပိုသက်သက်လုပ်ပြနေသလိုကြီး။
"အချစ်လဲ ကိုယ့်လက်ကိုချိတ်လို့ရတယ်နော်"
ဆယ်ဟွန်းက မင်ဆော့ကိုအရိပ်တကြည့်ကြည့်ကြည့်
နေသူမို့ မင်ဆော့ဘာလုပ်လုပ် သူအကုန်သိနေသူ။
အခုလဲသူ့လက်တဖက်ကို မင်ဆော့ရှေ့မြှောက်ပြရင်း
ပြောလိုက်တော့ ဆိုအာနဲ့ဂျင်ဝူးက ပေါ်တင်ရယ်ကုန်ကြ
သည်။
"လာပါ !! အပိုအလုပ်တွေမလုပ်ချင်ပါဘူး"
မင်ဆော့က ဆယ်ဟွန်းရဲ့လက်ကိုဆောင့်ဆွဲလိုက်တာ
မို့ ဆယ်ဟွန်းရဲ့မျက်နှာ တချက်ကလေး ရှုံ့မဲ့သွားရ
သည်။မင်ဆော့ဆွဲလိုက်တဲ့လက်က သူ့ဒဏ်ရာရထား
တဲ့လက်ဖြစ်နေတာကြောင့် သို့ပေမဲ့လဲ ရုပ်ကိုအပြုံး
မပျက်ပြန်နေလိုက်တယ်။
" ဒါလေးလေ ငါမျက်စိကျနေတာကြာပြီ !! အီး!!!
မယုံနိုင်ဘူး ငါ့လက်ထဲရောက်လာတော့မယ်ပေါ့"
ဆိုအာက ပိုက်ဆံအိတ်အနက်ရောင်လေးကို ကြည့်ပြီး
ပျော်မဆုံးဖြစ်နေတော့တယ်။ သူ့ပိုက်ဆံမကုန်ဘဲ.လိုချင်တာရသွားတော့မြူးထူးနေတော့သည်။
" မင်ဆော့ !!"
ဆိုအာ လိုချင်တဲ့အိတ်အတွက် ဆယ်ဟွန်းပိုက်ဆံရှင်း
ပေးလိုက်ပြီး လှည့်လာလိုက်တော့မင်ဆော့ကိုမတွေ့
ရတော့ ။ ဆိုင်ထဲကနေ ချက်ချင်းပြေးထွက်လိုက်ပြီး
ခေါင်းကိုဘယ်ညာယမ်းလို့ ဆယ်ဟွန်း လိုက်ရှာကြည့်
လိုက်တယ်။
" ဆယ်ဟွန်း ဒီမှာ ဒီမှာ !!"
ရူတ်တရတ်ထွက်လာတဲ့ အသံလေးကြောင့် ဆယ်ဟွန်း
လှမ်းကြည့်လိုက်တော့သူ့ကိုလက်တဖက်ထောင်ပြလို့
လှမ်းခေါ်နေတဲ့ အချစ်။ သူ့ကတော့လန့်ဖြန့်သွားတာ
အချစ်ကတော့ ပြုံးရွှင်လို့ 3D Night Light Lamp လေးတွေကို သွားကြည့်နေတယ်လေ။
ဝေခွဲရခက်နေတဲ့ အချစ်က ဘယ်တခုကိုယူရမလဲ
စဉ်းစားရကြပ်နေပုံရတယ်။ မျက်စိရှေ့က ရွေးထားတဲ့
နှစ်ခုထဲကတခုကိုရွေးယူဖို့အကြပ်အတည်းဖြစ်နေရှာ
တယ်။
"ကဲပါကွာ နှစ်ခုလုံးသာယူလိုက်တော့ ."
"ဟင့်အင်း ဟင့်အင်း တခုပဲယူမယ်လေ ဆယ်ဟွန်းရာ
နှစ်ခုတောင်ဘာလုပ်ဖို့လဲ ဒါလေးယူမယ် ဒါလေး"
သူစိတ်ကြိုက်ရွေးပြီး အရမ်းကိုသဘောကျနေပုံရတယ်။
အရောင်တွေအမျိုးမျိုးလိုက်ပြောင်းကြည့်ပြီး အကြီး
အကျယ်သဘောကိုကျနေတာ။ ဆယ်ဟွန်းကတော့
မင်ဆော့ကိုသာလိုက်ကြည့်ပြီးပြုံးနေတော့သည်။
" အို ! ဟွန်း အဲ ဆယ်ဟွန်း !! တွေကြပြန်ပြီနော်"
လီဂျောင်းဟွန်း !!
လီဂျောင်းဟွန်း ဆိုတဲ့တယောက် အရင်ဆုံးဆယ်ဟွန်း
ကိုသာမြင်တဲ့ပုံ။နောက်မှ ဘေးမှာရှိနေတဲ့မင်ဆော့ကို
သတိထားမိသွားတော့သည်။ မင်ဆော့ကိုမြင်မြင်ချင်း
သူမ ရဲ့မျက်လုံးတွေပြူးကျယ်သွားရတော့သည်။
သူမ သိနေတယ်။
အစ်ကိုဂျွန်အင်ရဲ့ ပန်းချီကားထဲက သူ !!
အိုး !! သူ သူတဲ့လား ။ ဆယ်ဟွန်းရဲ့ကောင်လေးတဲ့
လား ဒါကိုဘယ်လိုလုပ် အစ်ကိုဂျွန်အင်က ပန်းချီဆွဲ
အိုးမိုင်ဂေါ့ !!! သူမ သဘောပေါက်သွားပြီ။
ဒီတယောက်က ဘာမို့ လူနှစ်ယောက်ကအသည်းအ
သန်သဘောတွေကျနေရတာလဲ။
" သွားရအောင် အချစ် !! ခဏ ကိုယ်ရှင်းလိုက်မယ်
နော် !! "
" ရတယ်ဆို ငါဝယ်တာပဲကို ငါရှင်းမယ် "
"ကိုယ်ဝယ်ပေးတာ ကိုယ်ပဲရှင်းလိုက်မယ်ဆို "
ဆယ်ဟွန်း ပိုက်ဆံရှင်းနေတုန်း မင်ဆော့ က
အရောင်းဝန်ထမ်းမလေး အကျအနထုပ်ပိုးပေးလိုက်
တဲ့ သူ့ရဲ့lampကလေးကို ငုံ့ကြည့်ပြီးသဘောတွေ
ကျနေတယ်။သူဒါမျိုးလေးလိုချင်နေခဲ့တာ။သူ့စာကြည့်
စားပွဲခုံမှာတောင်ထားဖို့တောင်သူဆုံးဖြတ်ပြီးသွားပြီ။
ညဘက်ဆိုအရမ်းလှနေမှာ။
သူ ဘေးဘီကို ဂရုမစိုက်မိဘဲ အတွေးများနေမိတယ်။
ဝန်ထမ်းတယောက်က စက္ကူပုံးအထပ်လိုက်ကြီးကို
မနိုင်မနင်း လက်နဲ့ပိုက်ပြီးသယ်လာနေတယ်။
မင်ဆော့ရဲ့အနားမှာ လီဂျောင်းဟွန်းကရှိနေတုန်း။
သူမက မင်ဆော့ကိုစူးစိုက်ကြည့်နေရင်းသူ့အစ်ကို
အကြောင်းကိုအတွေးများနေတယ်။ ရုတ်တရတ်ဘေး
ကဖြတ်သွားတဲ့ ဝန်ထမ်းကို သူမအကောက်ကြံလိုက်
တယ်။သူမ မသိမသာ သူမရဲ့ခြေထောက်ကိုရှေ့ထိုး
ခံလိုက်ရင်း စက္ကူပုံးတွေသယ်လာနေတဲ့ဝန်ထမ်းကို
ဒုက္ခရောက်အောင်လုပ်လိုက်တယ်၊
" အ့ အား !!! "
ဘုန်း !!!!
မနိုင့်တနိုင် သယ်လာတဲ့ စက္ကူပုံးတွေက အကုန်
ပြုတ်ကျကုန်တော့တယ် ။ အနီးအနားက မင်ဆော့
ပေါ်ကိုတည့်တည့်မတ်မတ်ပစ်ကျလာတဲ့စက္ကူပုံး
တွေကြောင့် မင်ဆော့ မျက်လုံးကိုစုံမှိတ်လို့ လက်
ထဲကအထုပ်ကိုရင်ဝယ်ထည့်ပိုက်ထားလိုက်ပြီးကိုယ့်ကို
ကြုံ့ထားပစ်လိုက်တယ်။
ဘုန်း ဘုန်း !!
တလုံးပြီးတလုံ့း ဆင့်ကာပြုတ်ကျလာတဲ့ စက္ကူပုံးတွေက
မင်ဆော့ကိုအုပ်မိုးဖက်ထားတဲ့ ဆယ်ဟွန်းရဲ့အပေါ်ကို
တခုံးပြီးတလုံးပြုတ်ကျလာတော့သည်။ ထိုမြင်ကွင်း
ကြောင့် လီဂျောင်းဟွန်းတယောက် ပါးစပ်ကိုလက်ဖဝါး
နဲ့အုပ်ကာအကြီးအကျယ်လန့်ဖြန့်သွားရတော့သည်။
ဆယ်ဟွန်းက ဘယ်လိုလုပ်ပြီး .!!
ဒဏ်ရာတည့်တည့်ကိုထိခိုက်သွားတာကြောင့်
ဆယ်ဟွန်း အံကိုကြိတ်လို့ သည်းခံလိုက်တယ်။
အရေးကြီးတာက မင်ဆော့ကိုမထိခိုက်ဖို့ဘဲ။
" ဆယ်ဟွန်း !! အဆင် ပြေရဲ့လားဟင်"
သူ့ကို စိတိပူနေတဲ့မင်ဆော့ကို စိတိသက်သာရာရ
အောင်သူအတတ်နိုင်ဆုံးအပြုံးကိုဖန်တီးလိုက်ရင်း
ခေါင်းညိတ်ပြလိုက်တယ်။တကယ်တမ်းက သူ
ပါးစပ်ဟလိုက်တာနဲ့ ညည်းတွားသံထွက်လာမိမှာ
ဆိုးတာကြောင့်။ တော်တော်ကိုထိခိုက်သွားခဲ့တာ။
အသည်းခိုက်အောင်ကို နာကျင်မူက။
" ရား !! နင်လုပ်တာ ငါမြင်တယ် ဟုတ်တယ်မလား
နင်လုပ်တာ "
သူတို့အဖြစ်အပျက်ကိုမြင်လိုက်တဲ့ ဆိုအာက ထသောင်း
ကြမ်းတော့သည် ။ လီဂျောင်းဟွန်းကို ဆံပင်ဆွဲမယ်
တကဲကဲလုပ်နေတာကြောင့် ဂျင်ဝူးကပဲအတင်းခေါ်
ထုတ်သွားရတော့သည်။ပြသာနကိုမီးထွန်းရှာနေသ
လိုမျိုးဖြစ်ကုန်တော့မှာလေ၊
" တောင်း တောင်းပန်ပါတယ် ကျွန်တော်ကြောင့်"
ဝန်ထမ်းကောင်လေးက ခါးကိုညွှတ်လို့အသည်းအသန်
တောင်းပန်ရှာသည်။ဆယ်ဟွန်းကတော့ဝန်ထမ်း
ကောင်လေးကိုလက်ကာပြလိုက်ရင်း လီဂျောင်းဟွန်း
ဆီအကြည့်စူးစူးတချက်ပို့လိုက်သည်။
"အချစ်ကို မထိသွားဘူးမလား "
" ဟင့်အင်း ငါဘာမှမဖြစ်ဘူး မင်းပဲ"
:" ကိုယ်ကဘာမှမဖြစ်ဘူး သွားရအောင်အချစ်"
ဆယ်ဟွန်းက မင်ဆော့လက်ကိုဆွဲလို့ ထိုနေရာကနေ
ကျေခိုင်းထွက်သွားတော့သည်။လီဂျောင်းဟွန်းနဲ့
ဝန်ထမ်းကောင်လေးကတော့ ဆယ်ဟွန်းရဲ့ကျောပြင်
ကိုမျက်လူံးအပြူးသားနဲ့ငေးကြည့်နေကြရင်း
" သွေး သွေးတွေ !!"
___________________________________
Hello💙
မတွေ့တာကြာပြီနော်😂လေးရက်လောက်
ကျေးဇူးပြုပြီး မရိုမအီပဲ စောင့်ဆိုင်းနေတယ်
ဆိုတာလေး ပြောပြပြီး ဒီစာရေးသူ
ထိုင်မငိုအောင် ချော့ခဲ့ကြပါလား😣
❤❤