Mistakes!
By yuisdreamyforest
397K 26.6K 183
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘ... More
{ep:1}
{ep:2}
{ep:3}
{ep:4}
{ep:5}
{ep:6}
{ep:7}
{ep:8}
{ep:9}
{ep:10}
{ep:11}
{ep:12}
{ep:13}
{ep:14}
{ep:15}
{ep:16}
{ep:17}
{ep:18}
{ep:19}
{ep:20}
Mistakes!*Final*
PERFECT💙(Special Extra)
{ep:21}
13.6K 799 20
By yuisdreamyforest
'ဟဲ့ ဘယ်လိုဖြစ်လို့ပျာယာခတ်နေတာလဲ'
'ဟာ အစ်မရာ ငြိမ်ငြိမ်နေစမ်းပါညီမလာသေးလို့စိတ်ပူနေရတဲ့အထဲ'
ဘုန်းကြီးကျောင်းမှာလိုအပ်တာလေးတွေအရင်လုပ်ထားရအောင်သူ့ခေါ်လာပါတယ် တစ်လမ်းလုံးတညီထဲကိုညီနေတော့တာပဲ အခုလည်းတိုက်ပုံကြီးတကားကားဝတ်ပြီးဘုန်းကြီးကျောင်းအပေါက်ဝကိုပဲသူ့ခမျာလှမ်းလှမ်းကြည့်နေတာသစ်ကုလားအုတ်ကြီးနဲ့နင်လားငါလားပဲ
'အံမယ်လေးအပိုတွေကလည်းလုပ်တတ်လိုက်တာ မင်္ဂလာဦးဆွမ်းကျွေးပါဆိုမှနင့်သတို့သားကအချိန်တန်တော့လာမှာပေါ့ဟဲ့'
ကိုယ်ချင်းမစာမနာပြောတတ်တဲ့အစ်မဖြစ်သူကိုသူတစ်ချက်ဘုရှိုးရှိုးလိုက်တော့ယောက်ဖနားကိုထသွားလေရဲ့
မင်္ဂလာဆောင်မယ့်သတို့သားကိုအတင်းကာရောအရင်ခေါ်လာပြီးတော့ ဘာမှလည်းလုပ်စရာမရှိကျွေးဖို့မွေးဖို့ကလည်းအဆင်ပြေတာကို အခုတော့မနက်စောစောလေးညီ့ဆီကိုသွားပြီးညီ့မျက်နှာလေးကိုအရင်ကြည့်ပါမယ်ဆိုမှ ညီရယ်အမြန်လာပါတော့ကိုယ်လွမ်းလှပြီ
'သားရေဆရာတော်ကြီးကခဏလာခဲ့ဦးတဲ့'
လှမ်းအော်နေတဲ့အမေ့အသံကြောင့်ဘုန်းကြီးကျောင်းအပေါက်ဝကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးကျောင်းပေါ်သို့အမြန်ပြေးတက်လိုက်လေသည်
'Hello'
'Hello'
'ညီမလာသေးဘူးလား၈နာရီထိုးတော့မယ်'
လက်ကနာရီကိုကြည့်ကာသူရေရွတ်မိတော့ ဖုန်းထဲကနေညီ့ရဲ့ရယ်သံလွင်လွင်လေးကိုကြားလိုက်ရလေသည်
'လာနေပါပြီရောက်တော့မယ်'
'အင်းပါ အင်းပါ ဒါပေမဲ့ကားကိုဖြည်းဖြည်းမောင်းဦးနော်'
'ဟုတ် ကားကမောင်းစရာတောင်မလိုတော့ဘူးအခုဘုန်းကြီးကျောင်းအောက်ရောက်နေပြီ'
ထိုသို့ပြန်ဖြေသံကိုကြားလိုက်ရတဲ့တစ်ပြိုင်နက်အောက်ထပ်သို့ပြေးဆင်းမိသည် သူညီကိုတွေ့ချင်နေပြီလေ အဲ ဘုန်းကြီးကျောင်းပေါ်မှာမပြေးရတာကိုသိပေမဲ့လည်း
လှေကားထစ်တွေကိုအမြန်ပြေးဆင်းရင်းအဆုံးထိမရောက်ခင်လေးမှာကိုယ်နဲ့တစ်ပုံစံတည်းဆင်တူဝတ်ထားတဲ့ထိုဖြူလွလွကောင်လေးကိုမြင်လိုက်ရတော့ရင်ထဲမှာကြည်နူးမှုတွေကအလုံးလိုက်ကိုတိုးဝင်လာတော့သည်
'ညီ!'
ခေါ်ရင်းသူပြေးဆင်းလိုက်တော့ ညီကသူ့ကိုပြုံးကာကြည့်နေလေသည်
'ညီကလည်းကြာလိုက်တာကွာ'
သူစူပုတ်ပုတ်နဲ့ရေရွတ်မိတော့ညီကဖိနပ်ချွတ်နေရင်းကနေခေါင်းလေးခါကာရယ်ပြန်သည် ဒီနေ့ကျွန်တော့်ကောင်လေးရဲ့အပြုံးလေးတွေကအရင်နေ့တွေကထက်အရမ်းတောက်ပပြီးလှနေတာတကယ်ပါ
'ကျွန်တော်လည်းလာချင်တာပေါ့၇နာရီတည်းကထွက်လာမလို့Mommyအလှပြင်တာမပြီးသေးလို့ထိုင်စောင့်နေရလို့'
သာမန်မင်္ဂလာပွဲတွေမှာဆိုသတို့သမီးအလှပြင်တာကိုသတို့သားကထိုင်ကြည့်နေပြီးရင်ဓာတ်ပုံလေးရိုက်တီတီတာတာလေးပြောကြည်နူးကြမှာဖြစ်ပေမဲ့ကျွန်တော်တို့မှာတော့တွေ့ချင်နေတာတောင်ယုတ်စွအဆုံးကိုယ့်မင်္ဂလာဆောင်ဖြစ်နေတာတောင်အိမ်ကလူတွေကိစ္စပြီးမှလာရတဲ့အဖြစ်
'ဟုတ်ပါပြီအန်တီတို့ရော'
'ဟင် သူတို့ခုနကလေးတင်ဘုန်းကြီးကျောင်းပေါ်တက်သွားတယ်လေမတွေ့ခဲ့ဘူးလား'
ဟမ်!အဲ့ဒါဆိုခုနကသူညီလာပြီဆိုလို့ကျောင်းပေါ်ကပြေးဆင်းလာတုန်းကတိုက်မိမလိုဖြစ်ပြီးတဟားဟားအော်ရယ်ကာကျန်နေခဲ့တာညီ့မေမေနဲ့အမျိုးတွေလား
အား ရှက်လိုက်တာ
'ဟီး တွေ့ခဲ့ဘူး'
သူသွားလေးဖြဲကာပြောတော့ညီကသူ့ကိုအသည်းယားသလိုလေးကြည့်လာလေသည် သောက်ကလေးလေးအသည်းယားဖို့ကောင်းနေတာသူဆိုတာသူ့ကိုယ်သူတောင်သိပါ့မလားမသိ
'ကြည့်ပါဦးဘယ်သူ့သတို့သားမို့အဲ့လောက်တောင်ချောနေရတာလဲ'
လူကိုတပြုံးပြုံးနဲ့ကြည့်ကာ တိုက်ပုံကြယ်သီးတွေကိုတပ်ပေးနေတဲ့မျက်စိအရှေ့ကထိုကောင်လေးကိုအသည်းယားလာတာကြောင့် စိတ်မထိန်းနိုင်စွာပါးလေးတစ်ဖက်ကိုခပ်ဖွဖွညှစ်ရင်း
'ဘယ်သူ့သတို့သားဖြစ်ရမလဲ ညီ့ရဲ့သတို့သားပေါ့'
သူပြောလိုက်တော့မျက်လုံးလေးတွေကလခြမ်းကွေးလေးတွေဖြစ်သွားတဲ့အထိရယ်နေပြန်သည် ညီနော်ဘုန်းကြီးကျောင်းကြီးမှာမို့မဟုတ်ရင်ဆွဲနမ်းလိုက်ပြီ
'လာညီကျောင်းပေါ်တက်ရအောင်ဆရာတော်ကြီးကိုလည်းဖူးရအောင်'
'အင်း'
ခေါင်းလေးငြိမ့်ကာပြောလာတဲ့ညီ့ရဲ့လက်လေးကိုကိုင်ရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်ကြပြီးဘုန်းကြီးကျောင်းပေါ်သို့တက်ခဲ့ကြလေသည်
ဘုန်းဘုန်းပြောတဲ့ကံတရားကြောင့်အခုလိုရေစက်ပါလာရတာမဟုတ်လားဆိုတဲ့စကားအဆုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပြုံးမိလိုက်ကြသည်
ရေစက် ကံတရား ဖူးစာ
ကျွန်တော်ကျေးဇူးတင်မိတယ်ညီ့ကိုကျွန်တော့်ဆီရောက်အောင်ပို့ပေးခဲ့လို့
ထိုကောင်လေးကိုကျွန်တော့်အပိုင်ဖြစ်ခွင့်ရခဲ့လို့
Gay!လူတွေပြောနေကြတဲ့သူများသားမယားကိုပြစ်မှားခဲ့မိလို့ဆိုတဲ့ဝဋ်ကြွေး
ဒါပေမဲ့ကျွန်တော်တို့ကသူတို့သတ်မှတ်နေကြတဲ့အခြောက်ဆိုတဲ့ပညတ်ချက်ထဲမှာပါနေလားတော့ကျွန်တော်ကိုယ်တိုင်တောင်မသိပါ ကျွန်တော်ချစ်ခဲ့ဖူးတာထိုလူသားတစ်ယောက်သာရှိသည်မို့ တကယ်လို့ယောက်ျားတစ်ယောက်ကိုချစ်ခဲ့မိတာနဲ့gayလို့နာမည်တပ်ခံရရင်တောင်ကျွန်တော်ပြုံးနေမိပါလိမ့်မယ် ကျွန်တော့်ဘေးမှာကျွန်တော်ချစ်ရတဲ့သူတစ်ယောက်လုံးရှိနေပြီပဲ ဘယ်သတ်မှတ်ချက်ဘယ်လိုစကားတွေဖြစ်ဖြစ်လက်ခံနိုင်သည်ရင်ဆိုင်ဖြေရှင်းရဲသည် သူ့လက်ကိုတွဲထားရင်းနဲ့ပေါ့
ဘုန်းကြီးကျောင်းမှာနေကြတဲ့မိဘမဲ့ကလေးလေးတွေရဲ့ဆုတောင်းသံအဆုံးမျက်ရည်လေးဝဲကာကလေးလေးတွေကိုကြည့်နေတဲ့ညီ
ဆရာတော်ကြီးကျောင်းမှာလက်ထပ်ဖို့ဖြစ်လာရတာညီ့ရဲ့ဆန္ဒသဘောထားပင် သားသမီးရတနာရဖို့မဖြစ်နိုင်တဲ့ကျွန်တော်တို့၂ယောက်အတွက်သူတို့လေးတွေကိုသာကိုယ့်ကလေးလေးတွေလိုသဘောထားကာစောင့်ရှောက်မယ်ဆိုတဲ့ကျွန်တော့်ရဲ့ညီသည်ဘယ်လောက်တောင်ဖြူစင်ပြီးမြတ်နိုးဖွယ်ကောင်းလိုက်လေသလဲ စိတ်ထားကောင်းတဲ့ကျွန်တော့်ကလေးလေးဟာတစ်ခါတစ်ခါတကယ်လူကြီးလေးလိုပင်
'သားတို့ရေဒီမှာဧည့်သည်တွေကိုလာနှုတ်ဆက်လိုက်ပါဦး'
အမေ့ရဲ့အော်သံအဆုံးညီ့လက်လေးကိုဆွဲရင်းဧည့်သည်တွေကိုလိုက်နှုတ်ဆက်နေမိသည် ခပ်တင်းတင်းဆုပ်ကိုင်လာတဲ့ညီ့လက်ကလေးကိုကိုင်ရင်း လူတွေများနေတာမို့မနေတတ်ဖြစ်နေတဲ့ကောင်လေးကိုပြုံးရင်းကြည့်နေမိသည် မြတ်နိုးစွာဖြင့်
'ဟေ့ သတို့သားကြီး'
ကျောင်းပြီးတည်းကမတွေ့ဖြစ်တာကြာနေတဲ့သူငယ်ချင်းတစ်သိုက်
'ဟာ ဟေ့ရောင်တွေလာကြပြီလား'
ညီ့လက်လေးကိုကိုင်ထားရင်းသူတို့နားလျှောက်သွားလိုက်သည် ညီကတော့သူခေါ်ရာနောက်ကိုဒီအတိုင်းလေးပါလာလေသည်
'မတွေ့တာတောင်ကြာပြီ မင်းတို့ကလည်းအခုမှပေါ်လာတော့တယ်'
'မအားဘူးကွကလေးထိန်းရအလုပ်လုပ်ရနဲ့ဒီနေ့တောင်မင်းမင်္ဂလာဆောင်မို့ငါတို့တွေမရရအောင်လာခဲ့တာပဲကျေးဇူးတင်လိုက်'
'ဖြစ်ရတယ်မိန်းမကြောက်ရင်ကြောက်တယ်ပေါ့ကွာ'
'ကြောက်တာမဟုတ်ဘူးကွ ချစ်တာချစ်တာ'
'ဟားဟား'
သူငယ်ချင်းတွေနဲ့အဖွဲ့ကျနေရင်းညီ့ကိုကြည့်လိုက်တော့ခေါင်းလေးငုံ့ထားလေသည်
'ညီ ခေါင်းလေးမော့ပါဦး ကိုယ့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်'
'ဟင် အင်း'
နွေးထွေးတဲ့အပြုံးနဲ့ကြည့်နေတဲ့သူ့ကြောင့်ညီပြန်ပြုံးပြလိုက်လေသည်
'ဟေ့ရောင်တွေ ဒါငါ့ချစ်သူ အဲ အခုတော့ငါ့လူဖြစ်သွားပြီပေါ့'
သူ့စကားသံအဆုံးသူ့သူငယ်ချင်းတွေကရယ်ရင်းကိုယ့်ကိုကြည့်ကာနှုတ်ဆက်လာကြတာမို့သူအပြုံးလေးနဲ့ပြန်နှုတ်ဆက်လိုက်လေသည်
'မင်းခန့်ညားတို့များယူမယ့်ယူတော့လည်းတကယ့်အကောင်းလေးမှရွေးယူတယ် မင်းခန့်ကတက္ကသိုလ်တက်တုန်းကအရမ်းပွေတာသိလား'
'ဟေ့ရောင်လျှောက်ပြောမနေနဲ့ ညီသူပြောတာမယုံနဲ့'
'တကယ်ပြောတာညီရဲ့အဲ့ကောင်ကငပွေး'
'ဟေ့ရောင် ညီ့ကိုငါပဲညီလို့ခေါ်မှာ လာမခေါ်နဲ့သူများယောက်ျားကို'
'အောင်မယ်လေး တော်တော်သောက်မြင်ကပ်စရာ'
သူတက္ကသိုလ်တက်တုန်းကသူငယ်ချင်းတွေကသူ့ကိုတော်တော်ခင်ကာအစသန်ကြသည်
သူတို့ကိုကြည့်ရင်းညီပြုံးနေမိသည်
'ညီဘုန်းမြတ်'
ခေါ်သံကြောင့်ခပ်လှမ်းလှမ်းမှာသူငယ်ချင်းတွေနဲ့စကားပြောနေတဲ့သူ့ကိုကြည့်နေရင်းကအနောက်ကိုလှည့်ကြည့်လိုက်လေသည်
သူ့ကိုပြုံးကာကြည့်နေတဲ့ ထိုလူကိုမြင်ဖူးသလိုရှိပေမယ့်ဘယ်သူမှန်းသူမသိ မင်းခန့်ညားရဲ့သူငယ်ချင်းဖြစ်မယ်အထင်နဲ့ပြန်ပြုံးပြလိုက်လေသည်
'ငါ့ကိုမမှတ်မိဘူးလား'
'ဗျာ!ကျွန်တော့်ကိုသိလို့လား'
'တကယ်မမှတ်မိဘူးကိုး ငါလင်းပိုင်ဖြိုးလေအထက်တန်းတုန်းကတစ်ခန်းထဲမှတ်မိလား'
လင်းပိုင်ဖြိုး?အတိတ်ကအကြောင်းအရာများကိုပြန်တွေးရင်းဦးနှောက်ထဲတစ်စွန်းတစ်စပြန်ပေါ်လာလေသည်
'အာ မှတ်မိပြီ Sorryနော်ရုတ်တရက်ကြီးမို့လို့ပါ'
'ဟား ရပါတယ်ကွာ မင်္ဂလာပွဲအတွက် Congratulationနော်'
'အင်း ကျေးဇူးပါပဲ'
'မင်းအချစ်တွေကစစ်မှန်ခဲ့တာမို့ထင်တယ် နောက်ဆုံးတော့သူ့အချစ်ကိုမင်းရခဲ့ပြီ'
ညီပြုံးလိုက်ရင်း
'အင်း အဲ့လိုဖြစ်မယ်ထင်တယ်'
'အင်း ငါငယ်ငယ်တုန်းကအနိုင်ကျင့်ခဲ့တာတွေအတွက် တကယ်တောင်းပန်တယ်'
'အာ ရပါတယ် ငါ့အတွေးထဲမှာတောင်မရှိတော့ဘူး'
'အေးပါ မင်းတို့အတွက်တကယ်ဝမ်းသာပါတယ်'
ညီအပြုံးလေးနဲ့ပြန်တုံ့ပြန်ရင်းရယ်မောနေတဲ့မင်းခန့်ညားရဲ့မျက်နှာကိုငေးကြည့်ရင်းပြုံးလိုက်မိသည်
တကယ်ပဲကျွန်တော့်အချစ်တွေက သူ့အပေါ်တကယ်စစ်မှန်ခဲ့လို့ သူ့ကိုပိုင်ဆိုင်ခွင့်ရခဲ့တာလား
ငါတို့၂ယောက်ရဲ့တွေ့ဆုံမှုကမှားယွင်းခြင်းတွေနဲ့စချင်စနေလိမ့်မယ်
ငါတို့၂ယောက်ရဲ့လမ်းခရီးမှာအမှားတွေအများကြီးနဲ့ကတောက်ကဆတွေလည်းဖြစ်နိုင်လိမ့်မယ်
ဒါပေမဲ့ဘာတွေဘယ်လိုပဲဖြစ်နေပါစေ
ငါတို့၂ယောက်ကြားမှာစစ်မှန်တဲ့ချစ်ခြင်းတွေနားလည်မှုတွေရှိနေပြီပဲ ဘယ်လိုအမှားတွေပဲဖြစ်ပါစေခွင့်လွှတ်နားလည်ကြရင်းရှေ့ဆက်ကြမယ်
'ကဲသတို့သားကြီး သတို့သားလေးနားနည်းနည်းလေးတိုးပါဗျ'
'နည်းနည်းပဲလား'
'အယ်!ဒီသတို့သားကြီးကတကယ်မလွယ်တာဘဲ နည်းနည်းမဟုတ်ဘူး ဖက်ပါဖက်လို့ရတယ်'
Cameramanရဲ့စကားသံအဆုံးမှာ တဝါးဝါးဖြစ်သွားတဲ့လူအုပ်ကြီး ၂ဖက်မိဘတွေအပြင်ဆွေမျိုးတွေရှိနေတဲ့ကြားကတကယ်ပဲလူကိုဖက်လာတဲ့သူ့ကြောင့်ညီခေါင်းလေးခါကာရယ်လိုက်မိသည်
'ကဲ ဒီကိုကြည့်ကြပါ 1 2 3 ချလပ်***'
တိုက်ပုံအမည်းရောင်ပုဆိုးနက်ပြာရောင်လေးဆင်တူဝတ်ထားတဲ့ကောင်လေး၂ယောက်ရဲ့မျက်နှာမှာအပြုံးကိုယ်စီဖြင့် ၂ဖက်မိဘတွေမှာလည်းအပြုံးကိုယ်စီနဲ့ သွားတန်းလေးတွေပေါ်ကာမျက်လုံးတွေပင်မှိတ်တဲ့အထိရယ်မောနေတဲ့အရပ်ရှည်ရှည်နဲ့ကောင်လေးဟာသူ့ရင်ခွင်ထဲကကောင်လေးသေးသေးလေးကိုနစ်နေအောင်ကိုဖက်ထားသည် ရင်ခွင်ထဲကကောင်လေးရဲ့မျက်လုံးလှလှလေးတွေမှာကျေနပ်ပျော်ရွှင်နေမှုတွေကအထင်းသား
ဓာတ်ပုံထဲမှာအကုန်လုံးပြုံးရယ်နေကြကာသူတို့၂ယောက်ရဲ့ချစ်ခြင်းကိုဂုဏ်ပြုနေကြလေရဲ့ အယ်!အကုန်လုံးတော့မဟုတ်ဘူး ငိုနေတဲ့သူတစ်ယောက်လည်းရှိတယ် တစ်ခြားသူတော့မဟုတ် ညီ့ရဲ့တူမလေးပင် ကလေးမလေးသည်အားပြဲကြီးနဲ့အော်ငိုနေလေသည် အဘယ့်ကြောင့်ဆိုသော်ဆံပင်ရှည်ရှည်နဲ့သွားကြီးဖြဲကာကြည့်နေတဲ့Cameramanကြီးကိုကြောက်သွားဟန်တူပါရဲ့
နောက်ဆုံးတော့ပြီးဆုံးသွားခဲ့လေပြီ
ငိုကြွေးခြင်းတွေကအတိတ်နေ့ရက်တွေမှာကျန်ခဲ့လေပြီကျွန်တော့်ရဲ့နေ့ရက်တွေကိုအပြုံးတွေနဲ့ပဲဖြတ်သန်းမယ်ကျွန်တော့်ကိုပျော်အောင်ဖန်တီးပေးမယ်ဆိုတဲ့ကျွန်တော့်ရဲ့ကိုယ်ပိုင်လူရွှင်တော်ကြီးနဲ့အတူတူပေါ့
'ညီ ဒီကြက်သားလေးစားမလား'
'အင်း'
တိုက်ပုံကိုချွတ်ကာအောက်ကအင်္ကျီလည်ကတုံးလက်ရှည်ကိုတံတောင်ဆစ်ထိခေါက်ထားပြီးဧည့်သည်တွေရှင်းတုန်းလေးသူ့ကိုထမင်းခွံ့ကျွေးနေတဲ့သူ့ချစ်ချစ်
'အာ'
'အာ'
ပါးစပ်လေးဟကာအစာတောင်းနေတဲ့ပုံလေးကိုကခွေးပေါက်လေးလို ဟိ ချစ်စရာလေး
'ရော့ ချစ်လည်းစားလေ'
ပြောရင်းနဲ့ပါးစပ်ထဲဝင်လာတဲ့ထမင်းတစ်လုတ်
'ညီ ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာ'
'ဟမ် ဘယ်လိုခေါ်လိုက်လို့လဲ'
အံမယ် လူကိုလာပြီးမသိချင်ယောင်ဆောင်နေတယ် အအေးလေးတောင်သောက်လိုက်သေး ဒီကလေးတော့တွေ့မယ် စိတ်ထိန်းထားတယ် ညမှတွေ့မယ် ငှဲငှဲ
'မသိပါဘူး ချစ်ဆိုလားဘာဆိုလား'
'ကျွန်တော်တော့ဘာမှမကြားမိပါဘူးထားပါအဲ့ဒါတွေပါးစပ်ဟ!ကျွန်တော်ထမင်းခွံ့ကျွေးမယ် အာ'
'အာ'
'ကောင်းလား?'
'အင်း ကောင်းတယ်ညီခွံ့ကျွေးလို့'
'ပိုပြီ'
ထမင်းစားပွဲဝိုင်းမှာတစ်ယောက်နဲ့တစ်ယောက် ကလူကျီဆယ်သာယာနေတဲ့ထိုပူပူနွေးနွေးကြင်စဦးစုံတွဲလေးကို ရှုထောင့်မျိုးစုံကနေမလွတ်တမ်းမှတ်တမ်းတင်နေတဲ့Cameraman ကြည့်ပြီးကျေနပ်နေတဲ့အမေ၂ယောက် အားကျနေတဲ့အစ်မတွေ အင်း ဟိုအချစ်ငှက်၂ယောက်ကတော့သိနိုင်မည်မဟုတ် အင်းပေါ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တစ်ယောက်တစ်လုတ်ထမင်းခွံ့ကျွေးလိုက်ကြနဲ့ကြည်နူးနေတာမို့ သတိမထားမိမှာအမှန်ပင်
ကိုယ်အရမ်းကံကောင်းတယ်ညီ မင်းဘေးနားမှာရှိတဲ့အချိန်တိုင်းမှာပေါ့
ကိုယ်ဟာလောကကြီးမှာအပျော်ဆုံးလူသားပဲညီ မင်းပြုံးလိုက်တဲ့အချိန်တိုင်းမှာပေါ့
ကိုယ်သေမလိုကြည်နူးရတယ်ညီ မင်းရဲ့ဂရုစိုက်မှုသေးသေးလေးတွေကိုပိုင်ဆိုင်ရတဲ့အချိန်တိုင်းမှာပေါ့
ကျေးဇူးတင်ပါတယ် ချစ်ပေးတဲ့အတွက်
တောင်းပန်ပါတယ် ကိုယ်ဟာညီ့အတွက်ပြီးပြည့်စုံတဲ့မိသားစုတစ်ခုကိုမဖန်တီးပေးနိုင်လို့
ဒါပေမဲ့ကိုယ့်ကိုယုံကြည်ပေးပါ မဟုတ်ဘူးကိုယ့်အချစ်ကိုယုံကြည်ပေးပါ မင်းအတွက် မင်းတစ်ယောက်တည်းအတွက်ရှင်သန်နေတဲ့ ကိုယ့်အချစ်တွေကိုအကြွင်းမဲ့ယုံကြည်ပေးပါ ကိုယ်ရဲ့မြတ်နိုးရာ...ညီ~~~
Continue Reading
You'll Also Like
3.4M 277K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
66.9K 4K 80
အားလုံးပဲ မင်္ဂလာပါ။ ညီငယ် (ဒုတိယတွဲ) မှာ ပြန်ဆုံခွင့်ရလို့ ဝမ်းသာမိပါတယ်။ဖတ်ရှုပေးသူ စာဖတ်သူချစ်မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်။ Love you all. အား...
1.3M 179K 151