"Dilemma"

De HunnieMon

71.2K 8.7K 726

Dilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါ​​ပြီနော်... Mai multe

🌸1🌸
🌸3🌸
🌸4🌸
🌸5🌸
🌸6🌸
🌸7🌸
🌸8🌸
🌸9🌸
🌸10🌸
🌸11🌸
🌸12🌸
🌸13🌸
🌸14🌸
🌸15🌸
🌸16🌸
🌸17🌸
🌸18🌸
🌸19🌸
🌸20🌸
🌸21🌸
🌸22🌸
🌸23🌸
🌸24🌸
🌸25🌸
Attention please
🌸26🌸
🌸27🌸
🌸28🌸
🌸Final-1🌸
🌸Final-2🌸
Letter to my readers
Promotion 😆😅😘
Zawgyi 1🌸
Zawgyi 2🌸
Zawgyi 3🌸
Zawgyi 4🌸
Zawgyi 5🌸
Zawgyi 6🌸
Zawgyi 7🌸
Zawgyi 8🌸
Zawgyi 9🌸
Zawgyi 10🌸

🌸2🌸

3.8K 395 21
De HunnieMon

အတန်းချိန် တစ်ခုနဲ့တစ်ခုအပြောင်း break နားချိန်ရောက်တော့ လှစ်ကနဲ အတန်းထဲကပြေးထွက်သွားတဲ့ Han ငယ်ကို ဘာလဲဟဆိုတဲ့ အကြည့်မျိုးနဲ့ ကိုကို Hun တစ်ယောက် မျက်စိတဆုံးလိုက်ကြည့်မိတယ်။

အတန်းရှေ့မှာ သူမမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ မျက်လုံးချင်းဆုံပြီး တပြုံးပြုံးစကားတွေပြောနေတဲ့ Han ငယ်ကို ရုတ်တရက်မြင်ပြင်းကပ်စွာ မျက်မှောင်ကျုံ့မိတယ်။

သူတခါမှမမြင်ဖူးပေမယ့် Han ငယ်နဲ့တော့ တော်တော်ရင်းနှီးနေပုံရတဲ့မိန်းကလေးကြောင့် သူမဘယ်သူလဲ သိချင်စိတ်တွေကပြင်းပြစွာ ရှေ့ဆုံးတန်းက အတန်းခေါင်းဆောင်ကိုလှမ်းခေါ်လိုက်တယ်

"Kim Suho!"

နောက်ဆုံးကနေလှမ်းခေါ်ရတာကြောင့် အသံအတော်လေးကျယ်သွားတော့ တတန်းလုံးကငြိမ်ကျသွားသလို Kim Suho ပခုံးတချက်တွန့်သွားတာ မြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်

စာကြည့်မျက်မှန်ကြီးကို ပင့်ကာပင့်ကာနဲ့လှည့်ကြည့်ပြီး လက်ပြခေါ်နေတဲ့ Hun ကိုမြင်တော့ မျက်နှာတခုလုံးမဲ့ရွဲ့သွားအောင် ရှုံ့တွပြပြီး

"Oh Hun! လခွမ်းမို့အော်ခေါ်ရလား ဘယ်ကဆရာဆူမလို့လဲဆိုပြီးလန့်သွားတာပဲ"

Kim Suho စကားကို တတန်းလုံးအသံထွက်အောင်ရီလိုက်ကြပေမယ့် Hun ကတော့ မရီနိုင်သေး မျက်လုံးက အတန်းရှေ့က သူ့ညီဆီကမလွှဲနိုင်ဖြစ်နေတာကိုးး

"ဘာလဲ ခေါ်ပြီးတော့"

ကလေးလိုခြေကိုဆောင့်ကာ ဆောင့်ကာ လျှောက်ရင်း Hun ဘေးရောက်လာတဲ့ Suho

"ဟိုကိုကြည့်စမ်းပါ သိလားအဲ့တယောက်ကို"

သူခေါ်တာကို Suho ခမျာ စာဖတ်နေရင်းတန်းလန်းကြီးကိုဖြတ်ပြီးလဲလာရသေးသည် အခုပြောတဲ့လေသံကလဲ အထက်စီးကမို့ဖြတ်ရိုက်ပစ်ချင်စရာ

"သိတယ်လေ ဟိုဘက်အတန်းက"

Suho သည်းခံထားရတာကြောင့် ပြန်ဖြေသံကသိပ်တော့ မချောမွေ့နိုင်

"သူက ညီနဲ့ဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားတာလဲ မင်းသိလား"

"မင်းငါ့ကိုအဲဒါမေးဖို့ခေါ်တာလား"

"အေး"

သူများတကာကိုအားနာရမှန်းမသိတတ်တဲ့ Oh Hun ကိုစိတ်တိုမိပေမယ့် သူတကယ်သိချင်စိတ်ပြင်းပြနေပုံရတာကြောင့် Suho စိတ်လျော့လိုက်ပြီး အရှေ့ကလွတ်နေတဲ့ Han ငယ်ခုံမှာဝင်ထိုင်လိုက်တယ်

"သူ့နာမည်က Sora တဲ့ Han နဲ့က extra class မှာခင်သွားပုံရတယ် မင်းသိတဲ့အတိုင်းပဲ မင်းညီက နဂိုထဲကသဘောကကောင်းကောင်း အပြောကချိုချိုဆိုတော့ မိန်းကလေးသဘာဝ ရောတာပေါ့ကွာ"

"ကျွတ် ငါ extra class မတတ်လိုက်တာနဲ့ ညီတို့ကလွတ်လပ်နေတာ"

သူကိုယ်တိုင်ဘယ်မိန်းကလေးနဲ့မှ မရောတတ်တာကြောင့် Han ငယ် အခုလိုနေနေတာ Hun လုံးဝသဘောမကျပါ

"ငါသွားဦးမယ်"

ကြည့်ရင်းကြည့်ရင်းက အလိုလိုဒေါသထွက်လာတာကြောင့် ပြောပြောဆိုဆို ထထွက်မေးမယ်လုပ်တော့

"ဟာ ကိုယ့်ဟာကိုယ်နေစမ်းပါ Hun ရာ မင်းညီကလေးမှမဟုတ်တာ"

အတင်းလက်ကဆွဲပြီးပြန်ထိုင်ခိုင်းတဲ့ Suho ကြောင့် ဒေါသက Kim Suho ဆီဦးတည်သွားတယ်

"မဟုတ်မှ မင်းငါ့ညီကို မဟုတ်တာတွေမြှောက်ပေးထားတယ်မှတ်လား ပြောစမ်း Kim Suho"

"f^k မင်းအရူးပဲ ငါ့တို့အရွယ် ဆယ်ကျော်သက်တွေ ရင်ခုန်တာတွေဘာတွေရှိလာပြီ ရှင်းရှင်းပြောရရင် ရည်းစားတွေဘာတွေ ထားချင်ကြပြီ ဒါလူငယ်သဘာဝပဲ Han ငယ်ကိုလွှတ်ထားလိုက်စမ်းပါ မင်းညီဆိုပြီး အဲ့လောက်မထိန်းချုပ်ချင်စမ်းပါနဲ့"

ရှည်ရှည်ဝေးဝေးစကားတွေပြောသွားတဲ့ Kim Suho က သူပြောချင်တာပြောပြီး သူ့နေရာပြန်လျှောက်သွားပေမယ့် Hun ကတော့စဉ်းစားစရာတွေနဲ့ကျန်ခဲ့တယ်

Suho ပြောသလိုဆို Han ငယ်က ရင်တောင်ခုန်တတ်နေပြီလား?
ရည်းစားတောင်ထားချင်နေပြီလား?
သူ့ကတော့ အမြဲညီ့ကို သူ့နားပဲရှိနေမှာ သူ့အတွက်တယောက်ထဲရှိနေမှာလို့ တချိန်လုံးခေါင်းထဲထည့်ထားခဲ့တာ
အဲဒါတွေက အခုပြောင်းလဲသွားတော့မှာလား?

အတွေးတွေနဲ့ရင်မောလာတာကြောင့် သက်ပြင်းကိုသာ မသိမသာချလိုက်မိတယ်

အတန်းချိန်စတော့မှာဖြစ်တာကြောင့် အပြင်က Han ငယ် အတန်းထဲပြန်ဝင်လာတယ် ဘာတွေများ ဘယ်လောက်ပျော်လာလဲမသိ တယောက်ထဲပြုံးစိစိနဲ့ ရိုက်ပစ်ချင်စရာ

ဝုန်းး

ဒေါနဲ့မောနဲ့ထလိုက်တာကြောင့် ဖင်ထိုင်ခုံက ပက်လက်လန်လဲကျသွားတော့ အလန့်တကြား Han ငယ် လှည့်ကြည့်တယ်

"ကိုကို ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ဘူး!!"

စိတ်ပူပြီးမေးတဲ့ Han ငယ်ကို သူဘာကြောင့် ဒေါသနဲ့အော်ဖြေမိလဲ သူကိုယ်တိုင်မသိလိုက်ပါ

ချက်ချင်းမျက်နှာငယ်လေးဖြစ်သွားတဲ့ Han ငယ့်ကိုမျက်နှာလွှဲရင်းက

"ကိုကို ဒီအတန်းမတတ်ချင်လို့"

ဟုတခွန်းသာပြောခဲ့ပြီး ကျောင်းခေါင်မိုးထပ်တယောက်ထဲလာထိုင်နေမိတယ်

ရင်ထဲနေလို့မကောင်းတာ သူဖျားများဖျားချင်နေလို့လား?

တနာရီကျော်ကျော် တယောက်ထဲအချိန်ဖြုန်းပြီးတာတောင် စိတ်ထဲနေရ ထိုင်ရ မကောင်းသေးတာကြောင့် Han ငယ့်ကိုတောင်မပြောတော့ဘဲ သူအိမ်ပဲတန်းပြန်လာခဲ့တော့တယ် ကျောပိုးအိတ်တော့ ညီပဲယူလာပါစေတော့

"သား Hun အစောကြီးပြန်လာတယ်"

အရင်ဆို extra class တတ်တဲ့ ညီ့ထက်နောက်ကျပြီးမှပြန်ရောက်တာကြောင့် အံ့သြစွာမေမေဆီးကြိုတယ်

"မျက်နှာမကောင်းသလိုပဲ ဘာဖြစ်လို့လဲသား"

"ဟင့်အင်း ဒီအတိုင်းနေလို့သိပ်မကောင်းလို့ သားအိပ်မလို့ လာမနှိုးနဲ့နော်မေမေ"

မျက်နှာကိုဖတ်ရင်း စိတ်ပူနေတဲ့ မေမေ့ကို အာရုံမနောက်စေရန် မျက်နှာချင်းမဆိုင်တော့ဘဲ သူအိပ်ခန်းထဲသာ အပြေးလေးဝင်ခဲ့လိုက်တယ်

ဟုတ်တယ် သူအိပ်လိုက်ရင် စိတ်ပြန်လန်းသွားမှာပါ။

အတန်းမတတ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခန်းထဲကထွက်သွားတဲ့ကိုကို ကျောင်းဆင်းခါနီးထိပြန်မလာသေးတော့ အလိုလို Han ငယ်စိတ်ပူလာမိတယ်

ဖုန်းဆက်ကြည့်တော့လဲ စက်ပိတ်ထားသည်ချည်းသာဖြေသည်

"ကိုကိုကလဲကွာ ဘယ်ရောက်သွားပြန်လဲမသိဘူး"

"Han မပြန်သေးဘူးလား"

ကျောင်းသားတွေအလျိုလျိုဆင်းသွားတော့ Suho ကလာမေးတယ်

"ကိုကိုလေ လွယ်အိတ်ကြီးထားခဲ့ပြီးဘယ်ရောက်သွားလဲမသိဘူး ဖုန်းကလဲစက်ပိတ်ထားတယ်"

စိတ်ပူရလွန်းလို့ Han ငယ် မျက်ရည်တောင်ဝဲလာမိသည်အထိ

"အိမ်ကိုဆက်ကြည့်လိုက်ပါလား သူနေ့ခင်းကတောင်ငါနဲ့စကားပြောပါသေးတယ်"

"အိမ်ကိုဆက်လို့ ပြန်မရောက်သေးရင်လဲ မေမေစိတ်ပူနေမှာ"

တွေးကာတွေးကာနဲ့ Hanငယ် မျက်ရည်ကျမိလေပြီ

"ဟာ ဘာလို့ငိုတာတုန်း တိတ် တိတ် ငါတို့အရင်လိုက်ရှာကြတာပေါ့"

Suho စကားကိုခေါင်းငြိမ့်ပြီး တကျောင်းလုံးနှံ့အောင်ရှာသော်လဲမတွေ့တာကြောင့် Han ငယ် မောမောနဲ့ လမ်းလယ်ခေါင်ဖင်ထိုင်ချပြီး အော်ငိုမိတယ်

"အီးး ကိုကိုတခုခုဖြစ်နေပြီထင်ပါတယ်"

"Han ငယ်ရယ် မင်းကိုကို ဘာမှမဖြစ်လောက်ပါဘူး ပေးပေး အန်တီ့ဖုန်းနံပါတ် ငါ့တဖက်လှည့်နဲ့ဆက်မေးပေးမယ်"

"ဟင့် အဟင့်"

ရှိုက်ငိုနေရင်းက Suho ကိုဖုန်းနံပတ်ပေးလိုက်တဲ့ Han ငယ်

"Hello အန်တီ ကျွန်တော် Oh ညီအကိုရဲ့သူငယ်ချင်းပါ နှစ်ယောက်လုံးနဲ့ နေ့ခင်းကအားကစားခန်းမဘက်သွားရင်းလူကွဲသွားလို့ Oh Hun ဆီကဖုန်းဆက်မရလို့"

"အော် ဟုတ်ကဲ့"

"ငိုမနေနဲ့တော့ အစောကြီးပြန်ရောက်ပြီးအိပ်နေတယ်တဲ့"

"တကယ်လား"

ချက်ချင်းအငိုတိတ်သွားတဲ့ Han ငယ်က တရှုံ့ရှုံ့လုပ်ရင်းမေးတယ်

"အေးဆို နေမကောင်းလို့လားမသိဘူးတဲ့ နေမကောင်းတာမဟုတ်လောက်ပါဘူး စိတ်ကောက်သွားတာပဲနေမှာ"

"ဟန် ကိုကိုနေမကောင်းဘူးလား"

ရှေ့ကစကားကိုသာကြားပြီး ဖုတ်ဖက်ခါ ပြေးသွားတဲ့ Han ငယ့်ကိုကြည့်ရင်း Suho ခေါင်းသာခါမိတယ်
ကျေးဇူးစကားမပြောတတ်တာတော့ ညီအကိုနှစ်ယောက်လုံးထပ်တူကျအောင်ကိုတူလွန်းပါပေတယ်။

အိမ်ကိုပြန်ရောက်တာနဲ့ မေမေ့ကိုတောင်နှုတ်မဆက်နိုင်ဘဲ ကိုကို့အခန်းကိုတံခါးခေါက်တော့ အထဲကပြန်ဖြေသံမကြား အိပ်ပျော်နေတာလား

ခနနေမှ နှိုးပါမယ်ဆိုပြီး Han ငယ်အဝတ်အစားလဲပြီး မေမေညစာပြင်တာကိုဝိုင်းကူပေးနေလိုက်တယ်

"သားငယ် ကျောင်းမှာ မင်းကိုကိုဘာဖြစ်ခဲ့လဲ"

"ဗျာ ဘာမှမဖြစ်ပါဘူး ဘာလို့လဲမေမေ"

"ပြန်လာတော့ မျက်နှာမကောင်းလို့ မေမေမေးတော့လဲနေမကောင်းလို့ပဲပြောတယ် သားသွားနှိုးလိုက်တော့ အိပ်တာအရမ်းကြာလဲမကောင်းဘူး"

မျက်နှာမကောင်းဘူး? သူသိသလောက်တော့ ကိုကိုဘာမှမဖြစ်ခဲ့ဘူးလားလို့

ဒီတခေါက်တော့ ကိုကို့အခန်းကို တံခါးတချက်သာ ခေါက်ပြီး Han ငယ်ဝင်ခဲ့လိုက်တယ်

"ကိုကို ကိုကို"

အိပ်ပျော်နေတဲ့ ကိုကို့ကို ပခုံးလှုပ်နှိုးလိုက်တော့ မျက်မှောင်တွေတွန့်ချိုးရင်းကနိုးလာတဲ့ ကိုကို

Han ငယ့်ကိုမြင်တော့ ဘာမှမပြောဘဲတော်တော်ကြာအောင်စိုက်ကြည့်နေသေးတယ်

"ကိုကို ဖျားနေလို့လား"

နှဖူးလေးပေါ် လက်နဲ့စမ်းတော့ နှဖူးပေါ်အစမ်းမခံဘဲ Han ငယ့်လက်ကိုဖယ်ထုတ်ပြီး ခပ်စိမ်းစိမ်းစိုက်ကြည့်နေတဲ့ကိုကိုကြောင့် Han ငယ်လန့်ပြီးရင်တွေတောင်တုန်လာတယ်။

"မဖျားဘူး ညီသွားတော့ ကိုကိုခနနေဆင်းလာမယ်"

ဒီလေယူလေသိမ်းနဲ့ ဒီအပြုအမူတွေဟာ ကိုကိုစိတ်ဆိုးနေမှန်း Han ငယ် သေချာပေါက်သိလိုက်ပါပြီလေ။

Continuă lectura

O să-ți placă și

2.6M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
87.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
10.2M 599K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...