" papaရေ babyဆီသွားမယ်လေ
သားကိုလိုက်ပို့ပေး "
" အင်း ခနလေးသားငယ်
Paအလုပ်တွေလက်စသတ်ရအုံးမယ် "
ဖြူ တုတ်တုတ် ခန္ဓာကိုယ်သေးလေးဟာ
Sofaခုံပေါ် အင့်ခနဲပစ်ထိုင်ချရင်း
Gameဆော့ကာ စောင့်နေလေတယ်။
အလုပ်မပြတ်သေးသည့် လူကြီးကတော့
ကွန်ပြူ တာကို တချောက်ချောက်အနှိပ်မပျက်..
တော်တော်ကြာသည်ထိ ဘာလှုပ်ရှားမှုမှ
မရှိတဲ့အခန်းထဲ ထိုလူကြီး၏ ကွန်ပြူ တာ
စာရိုက်သံနဲ့ကလေးငယ်၏ gameသံကသာ
အခန်းထဲနေရာယူထားလေ၏။
ထို့နောက်တော့ လွန်စွာပျင်းရိသွားသည့်နှယ်
ကောင်သေးလေးမှာ ပျင်းကြောဆန့်ရင်း
သူ့အဖေရှိရာပြေးကပ်သွားပြန်၏။
" papaရေ ထတော့ဗျာ
Babyဆီသွားဖို့နောက်ကျနေပြီ
Babyတော့ သားကို
စိတ်ကောက်နေတော့မှာဘဲ "
" Paရေ ထတော့ ထတော့လို့ ပြန်လာမှလုပ် "
ပြောလဲပြော အဖေဖြစ်သူကိုအတင်းဆွဲထူ
နေသည်ကြောင့် ဖခင်မှာခေါင်းတခါခါဖြင့်
ရယ်လျက်မှ ထပေးလိုက်ရသည်။
" တကယ်မလွယ်တဲ့ကောင်စုတ်လေး
သူ့babyကောက်မှာကျ သိပ်ကြောက်နေ
ကိုယ့်papaအလုပ်မပြီးသေးပါဘူးဆိုတောင်
မရဘူး "
ပြောရင်းမှ အသဲယားသလို သားဖြစ်သူ၏
ဆံပင်ပျော့ပျော့လေးတွေကို ဆွဲဖွလိုက်တော့..
စိတ်ရှုပ်သလို လက်ကိုဆွဲဖယ်ရင်း
ဆံပင်တွေကို အသာပြန်သပ်တင်သည်။
ဒါ့ထက်ဘာတဲ့...
" babyဘဲကိုင်ခွင့်ရှိတာမို့ မထိနဲ့.." ဆိုလား..
တယ် ဒီကလေးနှယ် ဒီbabyဘဲ
ဦးစားပေးနေ စိတ်မရှည်ရင်
အဲ့ဒီbabyနဲ့ဘဲ ပေးစားထည့်လိုက်ရ...
ကိုယ့်သားဟာယောကျာင်္းဖြစ်နေလို့...
Babyဆိုတာကလဲ ယောကျာင်္းလေးဘဲမို့်..
အင်း စိတ်ကိုလျှော့ရတယ်။
" paရာ သွားပါ့မယ်ဆို
ဘာတွေးနေပြန်တာတုန်း
အင်းနော် babyစိတ်ကောက်ရင်
Paကို မခေါ်တော့ဘဲနေမှာ "
" အေးပါကွာ အေးပါ ခုသွားမယ် ဟုတ်ပြီလား
တကယ်ပါဘဲ လူကဖြင့် လက်တောက်လောက်
ရှိသေးတယ် အဖေကို ခြိမ်းလားခြောက်လားနဲ့ "
" hummpဒါကတော့ လုပ်သင့်ရင်လုပ်ရမှာဘဲ"
မထိတထိပြောကာ ပြေးထွက်သွားလေသော
လုံးတုံးတုံးကိုယ်လေး...
လှုပ်စိစိအဲ့တင်ပါးသေးသေးလေးကို
ခပ်ဆတ်ဆတ်သာရိုက်ပစ်ချင်သည်။
သူ့babyဘဲအသက်ရှိတယ်မှတ်ရ..
ဘယ်သူမှ ဂရုမစိုက်တဲ့do kyung sooပါလေ။
ခုမှ အလယ်တန်းနှစ်တွေလောက်ရှိကြသေးလို့
ဒီ့ထက်များအတန်းကြီးရင်း ပိုဆိုးမယ်
ထင်ရတယ်။
တစ်ယောက်ကလဲ babyကိုပါးစပ်ကမချ
တစ်ယောက်ကျပြန်တော့လဲ
kokoကို ဂါထာရွတ်သလို ရွတ်နေတတ်တာနဲ့...
ဟုတ်တော့ ဟုတ်နေပါပြီ။
" Aigoo jong baby "
" kyung koko..
လွမ်းနေတာ "
Kimအိမ်တော်ထဲ ဝင်ဝင်ချင်းမှာဘဲ
နှစ်ယောက်သား ဆယ်စုနှစ်တစ်ခုလောက်
မတွေ့ရသူတွေလို ပြေးဖက်ရင်း
အလွမ်းသယ်နေကြခြင်း..
ဒါတောင်မနက်က babyဆီသွားမယ်ဆိုလို့
လာပို့ခဲ့ပြီးပြီ နေ့ခင်းလေးခနပြန်ခေါ်သွားပြီး
ခုညနေတစ်ခေါက်ပြန်လာတာဖြစ်သည်။
တစ်ခါတစ်လေ Do min johnစဉ်းစားမိသည်။
သားဖြစ်သူနဲ့jong inလေးမှာ ဒီလောက်
သည်းလွန်းလှတာ တစ်သက်လုံး
အတူနေကြဟုဆိုကာ
လွှတ်ထားပေးလိုက်ရမှာပင်။.....
သို့သော်စဉ်းရုံစဉ်းစားမိတဲ့ အကြောင်းမို့
နှုတ်ကထုတ်မပြောဖြစ်ပါ။
တကယ်သာ ပြောဖြစ်ခဲ့ပါက သူ၏
သားဖြစ်သူဟာ ချက်ချင်းအထုပ်ဆွဲပြီး
ဒီအိမ်တက်နေမည်ကို သိသည်ဖြစ်၍...
ခုလဲဘဲ လှေကားပေါ်ကို လှုပ်စိစိ
တက်သွားသည့် ကလေးနှစ်ယောက်ဟာ
အိမ်ရှိလူကြီးတွေကို နှုတ်ဆက်ဖော်ပင်မရရှာပါ။
တစ်ယောက်ပုခုံးကို တစ်ယောက်ဖက်လို့
တခိခိရယ်ရင်း အခန်းထဲဝင်သွားကြလေသည့်
ကလေးနှစ်ယောက်....
မိဘတွေကိုအဖတ်ပင်မလုပ်နိုင်စွာ
နှစ်ယောက်တကမ္ဘာလုပ်နေကြသည်မှာ
ကိုင်ပေါက်ချင်စရာဖြစ်သည်~~~~
Jong inကသားငယ်ထက် တစ်နှစ်ငယ်သည်မို့
သားငယ်က အလျှော့ပေးအလိုလိုက်တတ်သည်
ထို့ပြင် jong inမွေးတုန်းကလဲ သားငယ်က
ခွဲခန်းရှေ့၌ သူ့အမေရင်ခွင်ထဲ နို့ဘူးစို့ရင်း
စောင့်နေခဲ့တာဖြစ်သည်။
ဘာလို့ဆို jong inအမေမီးဖွားသည်ဆို၍
Doမိသားစုလဲ ခွဲခန်းရှေ့ထိ လိုက်စောင့်ပေးရာ
Kyung sooလေးက ငယ်သေးသည်မို့
အိမ်ပြန်နားပါဟု kim dong heeက
အားနာသမှုဖြင့် ပြောလေရာ...
အိမ်ပြန်ရန် ခွဲခန်းရှေ့မှ လှည့်ထွက်သည်နဲ့
တစ်ပြိုင်နက် အသံစူးစူးဖြင့် အာခေါင်ကွဲမတတ်
အော်ငိုခဲ့သည့်kyung sooပင်ဖြစ်သည်။
ထိုသည်မှစ၍ ကလေးနှစ်ယောက်၏
မမြင်ရတဲ့ သံယောဇဉ်ဟာ ခိုင်မြဲခဲ့သည်ပင်။
Jong inလေးကလဲ သားငယ်ကို
ချစ်တာမှ အကဲပိုလွန်းတဲ့ထိပင်။
ဥပမာ-kyung sooမှမဟုတ်ရင် သူ့အိပ်ယာပေါ်
ဝင်အိပ်တာကိုမကြိုက်တာမျိုး...
Kyung sooမှမဟုတ်ရင် သူ့ကြက်ကြော်တွေကို
လုစားလို့မရတာမျိုးပေါ့...
တော်တော့်ကို မွေးရကျိုးနပ်တဲ့
သားလေးတွေပါတကား...
TBC~~~