Come And Find Me [ Season_2 ]

By DeerbaoziChenlay997

310K 28K 2.1K

CAFM More

[ O N E ]
[ T W O ]
[ T H R E E ]
[ F O U R ]
[ S I X ]
[ S E V E N ]
Hello !
[ E I G H T ]
[ N I N E ]
[ T E N ]
[ E L E V E N ]
[ T W E L V E ]
S3✌
[ T H I R T E E N ]
[ F O U R T E E N ]
[ F I F T E E N ]
Ficbook!!
Hello !
CAFM Ficbook
[ S I X T E E N ]
[S E V E N T E E N ]
CAFM FICBOOK
[ E I G H T E E N ]
[ N I N E T E E N ]
New Fic
[ T W E N T Y ]
plz read
[ TWENTY-ONE ]
CAFM FicBook
[ TWENTY-TWO ]
No Update ✖
[ TWENTY-THREE ]
[ TWENTY-FOUR ]
[ TWENTY-FIVE]
[ TWENTY-SIX ]
Will you marry me ?
[TWENTY-SEVEN ]
[TWENTY-EIGHT]
[ TWENTY-NINE ]
မ ပြီး ဆုံး ​သေး ​သော ❤
[MARRIAGE's SWEETNESS]
CAFM S2 Ficbook
CAFM S2
Ficbook Order Confirm
❣❣

[ " F I V E " ]

8.6K 1K 54
By DeerbaoziChenlay997

ဆိုအာ​မွေး​နေ့ညက သူတို့နှစ်​​ယောက်​ ဆယ်​ဟွန်းအိမ်
ကိုမပြန်​ဖြစ်​ဘဲ တိုက်​ခန်းမှာပဲအိပ်​ဖြစ်​လိုက်​ကြသည်​။
မွေး​နေ့ပွဲကလဲ တကယ့်​ကိုဆူဆူညံညံနဲ့ပြီးဆုံးသွားခဲ့
သည်​ ။ ဘာလိုဖြစ်​ဖြစ်​ ​ပျော်​စရာ​တော့ ​ကောင်းခဲ့တယ်​။
မနက်​​ရောက်​​တော့မှ ဝရုန်းသုန်းကာအိပ်​ရာထ ပြီး
ကုမ္ပဏီသွားဖို့ပြင်​ဆင်​ရတာ ရယ်​စရာ​တော့​ကောင်း
သွားခဲ့ရတယ်​။နည်းနည်း​နောက်​ကျမှအိပ်​ရာထနိုင်
ပြီး မျက်​နှာသစ်​သွားတိုက်​ဖို့်အတွက်​ ​ရေချိုးခန်းထဲ
နှစ်​​ယောက်​ ဝရုန်းသုန်းကား​ပြေးဝင်​၊မနက်​စာကို
ပေါင်​မုန့်​တချပ်​ပါးစပ်​ထဲထိုးထည့်​ ​ကော်​ဖီနှစ်​ခွက်
အလျင်​စလို​ဖျော်​​သောက်​ပြီး ​တော်​​တော်​​လေးကို
ရှုပ်​ရှက်​ခတ်​သွားခဲ့ရသည်​။

ဋ္ဌာနထဲမှာ အိပ်​​ရေးမဝတဲ့ရုပ်​ဖြစ်​​နေတဲ့ဂျင်​ဝူးနဲ့​ဘေး
ချင်းကပ်​ထိုင်​​နေရတာကလဲ ကိုယ်​ပါမလန်းမဆန်း
တွေကိုဖြစ်​လို့။ ရှုပ်​ပွ​နေတဲ့ဆံပင်​​တွေကို လက်​နဲ့
အတင်းဖိသပ်​ပုံ​ဖော်​ရင်း ဂျင်းဝူမှာလဲ ရုပ်​ပျက်​ဆင်းပျက်
ကိုယ်​​တွေထက်​ပို​နောက်​ကျ​နေသူက တ​ယောက်​ရှိ​သေး
သည်​။ မင်​​ဆော့နဲ့ ဝန်​ထမ်းသစ်​​ဂျောင်​ဟိုကြားလစ်
ဟာ​နေ​သော​နေရာပိုင်​ရှင်​သည်​ ​မြောင်​ယူ။ ကိုယ်​​တွေ
ထက်​ပိုဆိုး​နေတဲ့​မြောင်​ယူတ​ယောက်​ လမ်းမှာပြန်​​ပေး
ဆွဲခံလိုက်​ရပြီလား​တော့မသိ။

" ပြန်​​ပေးဆွဲခံလိုက်​ရပြီလား မသိဘူး !!ဋ္ဌာနမှူးချွဲ
ရောက်​လာ​တော့မှာ ကိုအခုထိ​ပေါ်မလာ​သေးဘူး"

ဋ္ဌာနထဲလူစုံ​ရောက်​လို့ မနက်​ဖြန်​ ထုတ်​ကုန်​အသစ်
ဈေးကွက်​ထဲချပြဖို့အလုပ်​ရှုပ်​​နေကြတာ​ကြောင့်
မြောင်​ယူကိုလဲ ဆက်​ပြီးမ​မျှော်​နိုင်​​တော့။ ထုတ်​ကုန်
အသစ်​အတွက်​ မင်​​ဆော့လဲ ရင်​ခုန်​ရသည်​။ဒီတခါက
ဆယ်​ဟွန်းကိုယ်​တိုင်​ အကျအနစီစဉ်​ထားတဲ့ ထုတ်​ကုန်
သူလဲအလုပ်​များ​နေ​တော့မှာအ​သေအချာ။ အဲ့လိုမှန်း
သိရင်​မ​နေ့ညက သူ့ကို​ခေါ်မ​နေပါဘူး။သူအရမ်းအလုပ်
ရှုပ်​​နေတာ​တောင်​ မငြင်းပဲလာ​ပေးခဲ့​သေးတယ်​။

" ဟယ်​လို!!ငါ နည်းနည်း​နောက်​ကျသွားတယ်
အဆူမခံရ​လောက်​ပါဘူး​နော်​!"

ဘုရား!! ဂျင်းဝူတ​ယောက်​ ​မြောင်​ယူကိုကြည့်​ကာအသာ
တွံ​တွေးမြိုချလိုက်​သည်​၊ ​မင်​​ဆော့မှာလဲ တအံ့တသြ
လေး​မော့ကြည့်​​နေသည်​။ဘေးက ​အေး​အေး​ဆေး​ဆေး
နေတတ်​တဲ့​ဂျောင်​ဟို​တောင်​ မျက်​မှန်​​လေးအသာပင့်
တင်​ပြီးပြူးပြူး​လေး​မော့ကြည့်​​နေသည်​။ကျန်​တဲ့သူ​တွေ
ကလဲ တအံ့တသြ​တွေဟန်​မ​ဆောင်​နိုင်​​အောင်​ဝိုင်း
ကြည့်​ကုန်​ကြသည်​၊ ​မြောင်​ယူက​တော့ အကုန်​လုံးကို
သွားဖြီးပြပြီး သူ့ခုံ​နေရာမှာအကျအနဝင်​ထိုင်​သည်​။

" ဒီရုပ်​ကို​ကြောက်​လို့ ဘယ်​သူမှပြန်​​ပေးဆွဲရဲမှာ
မဟုတ်​ဘူး မင်​​ဆော့!!"

ဂျင်​ဝူးတ​ယောက်​ မရဲတရဲ​လေး​ပြောလာသည်​။
ပြောလဲ​ပြောချင်​စရာရယ်​၊​ကောက်​​ကွေး​နေတဲ့ဆံပင်
အုံကြီးနဲ့ အလှတပ်​ထားတဲ့မျက်​မှန်​ဝိုင်းကြီး၊နီရဲ​နေတဲ့
နူတ်​ခမ်းနီကိုပါဆိုးထား​လေ​တော့ ရုပ်​​ပျောက်​လို့​နေ
သည်​။

" ဘယ်​ လို ​တွေ ဖြစ်​လာတာလဲ!!"

မင်​​ဆော့ ​မေးကြည့်​လိုက်​​တော့ ​မြောင်​ယူက သူ့ရဲ့
ဆံပင်​​ကွေး​ကွေး​ကောက်​​ကောက်​ကြီး​တွေကို ဟန်​ပါပါ
ခါပစ်​လိုက်​ရင်း မျက်​စိ​နောက်​စရာ​ကောင်း​အောင်​လုပ်
ပြ​လေ​တော့သည်​။

" ငါ နည်းနည်း ငါကိုယ့်​ငါ ပြင်​ဆင်​လာတယ်​!!
ငါ့ဆံပင်​​ကို ​​အစမ်း​ကောက်​ကြည့်​ထားတာဟ ၊
ပြီး​တော့ ​ရေ​မွှေးလဲ​ပြောင်းသုံးကြည့်​ထားတယ်​ !
တကယ်​​တော့​လေ ဒီ​ရေ​မွှေးနံက ငါ့အချစ်​ဦးကြီးသုံး
တဲ့​ရေ​မွှေးတဲ့ "

"ဘယ်​သူ​ပြောလဲ??"

မင်​​ဆော့နှာ​ခေါင်းရှုံ့ လိုက်​ကာ နည်းနည်း​ဘောက်​ဆတ်
ဆတ်​​လေသံနဲ့​မေးလိုက်​မိသည်​၊ ​ရေ​မွှေးကအစလိုက်
စုံစမ်း​နေတာကြီးက​တော့လွန်​လွန်​တယ်​မဟုတ်​လား။
တကယ်​လဲ ဆယ်​ဟွန်းဆီကရတဲ့​​ရေ​မွှေးနံ့လဲမဟုတ်
ပါဘူး။ ဒီလိုအနံ့စူးစူးကြီး​တွေကို ဆယ်​ဟွန်းကကြိုက်
တာလဲမဟုတ်​ဘူး။

" တကယ်​​တော့​လေ ငါ  အချစ်​ဦးကြီးရဲ့သတင်း​တွေ
ကို ဝယ်​​နေတာ !! သူ့ဆီက လုံးဝ​ပျော်​စရာသတင်း
တခုကြားခဲ့ရတယ်​ဟ "

"ဘာတဲ့လဲ!!"

မေးလိုက်​သူက ပတ်​ဂျင်​ဝူး။

" သူ သူ့​ကောင်​​လေးနဲ့သိပ်​မကြာခင်​ဇာတ်​လမ်းပြီးလိမ့်
မယ်​တဲ့!! အဟိ သူတို့်နှစ်​​ယောက်​ သိပ်​တွဲသွားတွဲလာ
မလုပ်​ကြ​တော့ဘူးတဲ့.! ​နောက်​ပြီး သူ့​ကောင်​​လေးက
သိပ်​ပြီးချစ်​စရာမ​ကောင်းပါဘူးတဲ့ဟာ !"

ပတ်​ဂျင်​ဝူးတ​ယောက်​ စာရွက်​​တွေကိုကွယ်​ထားပြီး
ရယ်​​​တော့သည်​။ ' ဒီစာရွက်​​တွေကစိတ်​တိုစရာ​ကောင်း
လိုက်​တာ´ဆိုပြီး ဖိုင်​အထပ်​လိုက်​ကြီးကို ဘုန်းခနဲပစ်
ချလိုက်​တဲ့မင်​​ဆော့​ကြောင့်​ဋ္ဌာနထဲကလူ​တွေအကုန်
ဝိုင်းကြည့်​လာ​တော့သည်​။ဒါ​တောင်​မင်​​ဆော့က ဂရု
မစိုက်​ဘဲမျက်​နှာကြီးဆူပုတ်​ပုတ်​လုပ်​​နေတုန်း။
အလိုက်​ကမ်းဆိုးမသိတဲ့ ​မြောင်​ယူက​တော့ သူရခဲ့တဲ့
သတင်းအမှားကြီးကိုအားတက်​သ​ရောဆက်​​ပြော​နေ
ခဲ့သည်​။

'သူ့​ကောင်​​လေးနဲ့တွဲသွားတွဲလားမလုပ်​​တော့​ပေမဲ့
ကုမ္ပဏီတခုထဲမှာအတူရှိ​နေကြတယ်​´ဆိုတာကို​တော့
မြောင်​ယူမသိရင်​​သွေးတတ်​သွားနိုင်​သလား။

" နင်​ ​သွေးပျက်​​သေမဲ့​နေ့ကို ငါ​စောင့်​ကြည့်​မယ်
မြောင်​ယူ​ရေ!!အဲ့​နေ့ကလဲ ငါအူတက်​​သေမဲ​နေ့ဖြစ်
မလား​တောင်​မသိဘူး ...ဟား !!"

ပတ်​ဂျင်​ဝူးက တိုးတိုးတိုးတိုးနဲ့​ပြောရယ်​​နေပြန်​​တော့.မင်​​ဆော့က တံ​တောင်​နဲ့တွတ်​ပြီးအံကြိတ်​ပြသည်​။
မြောင်​ယူမက​တော့ သူ့အချစ်​ဦးကြီး သူ့ကို အမှတ်
မထင်​​တွေ့ခဲ့သွားရင်​​ကြွေသွား​အောင်​အလှဆုံးပြင်
ဆင်​ထားက​တော့ သိပ်​ပျက်​စရာ​ကောင်း​အောင်​လှ
လွန်း​နေခဲ့သည်​။သူ့ရဲ့​ရေ​မွှေးနံ့စူးစူးကြီး​ကြောင့်​လဲ
ဘယ်​သူမှအနံ့မခံနိုင်​။

____________________________________

" လီဂျွန်​အင်​နဲ့ မနက်​ဖြန်​ ချိန်းထားပါတယ်​ သူ​ဋ္ဌေး!
သူကိုယ်​တိုင်​လာ​တွေ့ပါလိမ့်​မယ်​ !! လီဂျွန်​အင်​က
အဲ့တိုက်​ခန်းကို​တော်​​တော်​​လေးလိုချင်​​နေပုံရတယ်
အရင်​ပိုင်​ရှင်​သူ​ဋ္ဌေး​ဂျောင်းအီနမ်​ဆီလဲ သွားစုံစမ်း
ခဲ့ပါ​သေးတယ်​တဲ့ သူ​ဋ္ဌေး!​နောက်​ပြီး OHမှာရှယ်
ယာဝင်​ထားတာက သူ​ဋ္ဌေးလီမဟုတ်​ဘဲ လီဂျွန်​အင်
ဖြစ်​​နေတယ်​ သူ​ဋ္ဌေး!!ရှယ်​ယာဝင်​အစည်းအ​ဝေးမှာ
သူမတက်​ဘဲသူ့ညီမ လီဟွန်​​ဂျောင်းကိုပဲတက်​ခိုင်းခဲ့
တာပါ!!"

လက်​​ထောက်​ယူ စုံစမ်းပြီးပြန်​လည်​တင်​ပြလာတဲ့
လီဂျွန်​အင်​အ​ကြောင်း​တွေက ​တော်​​တော်​​လေး​တော့
စိတ်​ဝင်​စားဖို့​ကောင်းသည်​။လူကိုယ်​တိုင်​ထွက်​မပြဘဲ
နောက်​ကွယ်​က​နေရှယ်​ယာ​တွေကိုထိန်းချုပ်​​နေခဲ့တာ
ပေါ့။

" လက်​ရှိမှာ လီဂျွန်​အင်​က ရှယ်​ယာအများဆုံးထည့်
ဝင်​ထားတာပါ သူ​ဋ္ဌေး!!"

ဒါက ဆယ်​ဟွန်းအတွက်​ ​စဉ်းစားစရာပင်​၊ လက်​ရှိမှာ
လီဂျွန်​အင်​ကပဲရှယ်​ယာအများဆုံးထည့်​ဝင်​ထားတာ
မို့ သူ့ရှယ်​ယာ​တွေကိုပြန်​ထုတ်​ပစ်​လို့လဲမရ။
သည်​တ​ခေါက်​ထုတ်​ကုန်​ကိုလဲသူအ​ကောင်းဆုံးဖြစ်
စေချင်​တာမို့ လီဂျွန်​အင်​နဲ့သိပ်​ပြသာနာဖြစ်​လို့မရ။
ဒါ​ပေမဲ့လဲ သူ မင်​​ဆော့ကို​တော့ လာထိလို့မရ။
သူခွင့်​မပြုမှာမို့၊ငြိမ်​ခံ​နေမှာမဟုတ်​တာမို့ ။

" လက်​​ထောက်​ယူ!! အရင်​တခါ​ပြောထားတဲ့ ကိစ္စ၊
သူ့ကို အလုပ်​ဝင်​ခိုင်းလိုက်​ပါ၊ ဒီ​နေ့ပဲကျွန်​​တော်​နဲ့
လာ​တွေ့ခိုင်းလိုက်​ပါ!!"

" ဟုတ်​ကဲ့ !! ​ကျေးဇူးတင်​ပါတယ်​ သူ​ဋ္ဌေး
နောက်​နာရီဝက်​အတွင်းလာ​တွေ့ခိုင်းလိုက်​ပါ့မယ်​"

လွန်​ခဲ့တဲ့သုံးရက်​​လောက်​က လက်​​ထောက်​ယူ သူ့ကို
အကူအညီ​တောင်းခဲ့ဖူးသည်​။ သူ့အသိလူတ​ယောက်
ကို သူ​ဋ္ဌေးရဲ့ဒရိုင်​ဘာအဖြစ်​ အလုပ်​​ပေး​ပေးပါလား
လက်​​ထောက်​ယူ ကိုယ်​တိုင်​​တောင်းဆိုခဲ့သည်​။

" သူ​ဋ္ဌေး ​နောက်​တနာရီ​​လောက်​ကျရင်​ အစည်းအ​ဝေး
ရှိပါတယ်​!!"

အတွင်း​ရေးမှူးကိုသူ​ခေါင်းညိတ်​ပြလိုက်​ပြီး လုပ်​လက်​စ
အလုပ်​ကိုအာရုံပြန်​စိုက်​လိုက်​သည်​။ မနက်​ဖြန်​ထုတ်
ကုန်​အသစ်​မိတ်​ဆက်​ပွဲလဲရှိ​သေးသည်​။ သူ အလုပ်
တွေရှုပ်​ရဦးမှာပါလား။

မိတ်​ဆက်​ပွဲမှာ ထုတ်​ကုန်​အသစ်​အ​ကြောင်းသူပဲ
ပြောရ​တော့မှာကို​​တွေးမိတိုင်း သူရင်​ထိတ်​မိသည်​။
နောက်​ဆုံး​တော့ ဒီ​နေရာကိုသူ​ရောက်​ခဲ့ပြီ​ပေါ့။
ဒယ်​ဒီ့​နေရာမှာသူ ဝင်​​ရောက်​လာခဲ့ပြီ။

" လက်​​ထောက်​ယူက ​တွေ့ခွင့်​​တောင်း​နေပါတယ်​"

"ဝင်​ခိုင်းလိုက်​!!

နောက်​နာရီဝက်​အတိအကျမှာ သူ့ဆီ​ရောက်​လာတဲ့
လက်​​ထောက်​ယူ​ကြောင့်​ ဆယ်​ဟွန်းပြုံးလိုက်​သည်​။
လက်​​ထောက်​ယူက တကယ့်​ကိုအတိအကျသမားပါပဲ။
ဒါ ​ကြောင့်​လဲ ဒယ်​ဒီ ယုံကြည်​ရတဲ့သူဖြစ်​ခဲ့တာ။
လက်​​ထောက်​ယူနဲ့အတူပါလာတဲ့​ ​ကောင်​​လေးက
အသက်​၂၀​လောက်​သာရှိမည်​။ လက်​ကို​နောက်​ပစ်
ထားကာ​ခေါင်းငုံ့ငြိမ်​​နေတဲ့​ကောင်​​လေးက တခါတရံ.ခိုးခိုးကြည့်​ဖို့​ခေါင်း​မော့လာတဲ့အခိုက်​ဆယ်​ဟွန်းနဲ့တိုး
လေ​တော့ကမန်းကတန်း​ခေါင်းကိုပြန်​ငုံ့ပစ်​လိုက်​တယ်​။

" ဂျယ်​ဟို! သူ​ဋ္ဌေးကို နူတ်​ဆက်​လိုက်​​လေ"

လက်​​ထောက်​ယူက တိုးတိုး​လေးကပ်​ပြီး​ပြောလိုက်
တော့မှပြာပြာသလဲနူတ်​ဆက်​ဖို့်​ပြင်​သည်​။

" ဂူဂျယ်​ဟို ပါ သူ​ဋ္ဌေး .!! ​ကျေး ​ကျေးဇူးတင်​ပါတယ်
သူ​ဋ္ဌေး .!! အစွမ်းကုန်​ကြိုးစားပါ့မယ်​ စိတ်​မပျက်​​စေ
ရပါဘူး !!​ကျေးဇူးတင်​ပါတယ်​"

အကြိမ်​ကြိမ်​အခါခါခါးကိုညွှတ်​ကာ ​ကျေးဇူး​တွေထပ်
အောင်​တင်​​နေတဲ့ ဂူဂျယ်​ဟိုဆိုတဲ့​ကောင်​​လေးက
အရွယ်​နဲ့မလိုက်​​အောင်​ မိသားစုစားဝတ်​​နေ​ရေးအတွက်
အသည်းအသန်​ရုန်းကန်​​နေရသူလို့လက်​​ထောက်​ယူ
ပြောလို့သူသိသင့်​သ​လောက်​သိထားပြီးပြီ။လွန်​ခဲ့တဲ့
ငါးလ​လောက်​က အ​ဖေဖြစ်​သူဆုံးသွားသည့်​​နောက်
ပိုင်း အစ်​မနဲ့အ​မေသာ ကျန်​ခဲ့တဲ့မိသားစုကိုသူ
အချိန်​ပိုင်းအလုပ်​​တွေလုပ်​ပြီးရှာ​ကျွေးခဲ့ရသည်​တဲ့။
နောက်​အ​စ်​မဖြစ်​သူက က​လေးတ​ယောက်​အ​မေ၊
ယောင်္ကျားပစ်​ထားခဲ့သူဖြစ်​​နေတာ​တောင်​ သိပ်​မကြာ
ခင်​က က​လေးကိုထားခဲ့ပြီး ​နောက်​​ယောင်္ကျားနဲ့
ထွက်​​ပြေးသွားခဲ့ပြန်​တယ်​တဲ့။ အ​မေဖြစ်​သူကလဲ
ရောဂါနဲ့မို့​ဆေးရုံကိုအမြဲမပြတ်​သွား​နေရသည်​ဆို​တော့
ဂျယ်​ဟိုဘဝက ခက်​ခဲပင်ပန်းလွန်းသည်​၊

" ဂျယ်​ဟို!! မင်း ငါ့ရဲ့ဒရိုင်​ဘာလုပ်​စရာမလိုဘူး"

"ဗျာ!!"

ဂျယ်​ဟိုမှာ အံ့သြသွားကာ အာ​မေဋိတ်​သံ​တောင်​ထွက်
သွား​တော့သည်​။လက်​​ထောက်​ယူကလဲ ဂျယ်​ဟိုလိုပင်​။

" လူတ​ယောက်​အ​ကြောင်းကိုစုံစမ်း​ပေးရမယ်​!!
နောက်​က​နေမျက်​​ခြေမပျက်​လိုက်​​ပေးရမယ်​ ဂျယ်​ဟို!.အဲ့လူကငါ့ရန်​သူမို့! ငါ တန်​ဖိုးထားရတဲ့အရာကိုလာ
ထိပါးမို့ကြိုးစား​နေတဲ့သူမို့ !!"

လက်​​ထောက်​ယူမှာ ဆယ်​ဟွန်းစကားကို နားလည်​ပုံ
မ​ပေါ်။ ​ပြောရမည်​ဆို ဆယ်​ဟွန်းစကား​တွေက
ဆယ်​ဟွန်းပဲနားလည်​လိမ့်​မည်​ထင်​သည်​။အ​လေးအ
နက်​ထား​ပြော​နေပုံအရ အ​ရေးကြီးပုံရသည်​။

" ကျွန်​​တော်​ အသက်​နဲ့လဲပြီး သူ​ဋ္ဌေးတန်​ဖိုးထားရတဲ့
အရာကိုကာကွယ်​​ပေးပါ့မယ်​"

ဂျယ်​ဟိုရဲ့ သစ္စာရှိလှတဲ့ စကားကိုကြား​တော့
ဆယ်​ဟွန်း ရယ်​လိုက်​မိတယ်​။

" ဂျယ်​ဟို!!အသက်​နဲ့လဲပြီးကာကွယ်​ဖို့အလုပ်​က
မင်းအလုပ်​မဟုတ်​ပါဘူး!အဲ့တာငါ့အလုပ်​ !
ရော့!!ဒါက မင်းစုံစမ်းရမဲ့လူ .သူ့အ​ကြောင်း​တွေ
မင်းသိထားရမယ်​..သူဘာလုပ်​တယ်​၊ဘယ်​သွားတယ်
ကအစ ငါ့ဆီပြန်​တင်​ပြရမယ်​ ! (___)ရပ်​ကွက်​ထဲက
S.U.N စာအုပ်​ဆိုင်​မှာရှိ​နေလိမ့်​မယ်​ ! လက်​​ထောက်
ယူ သူ့ကိုကားတစီး​ပေးလိုက်​"

ဆယ်​ဟွန်း​ပြောသမျှ​တွေကို လက်​​ထောက်​ယူ
တ​ယောက်​လိုက်​မမှီနိုင်​​အောင်​​ခေါင်းရှုပ်​သွားရပြီ။
လီဂျွန်​အင်​အ​ကြောင်းကိုအဲ့​လောက်​ထိအ​သေးစိတ်
စုံစမ်းဖို့လိုလို့လား။ ဘာ​ကြောင့်​များ သူ​ဋ္ဌေးက
လီဂျွန်​အင်​ကို ​​နောက်​​ယောင်​ခံလူထားရသည့်​အထိ
လုပ်​​နေရတာလဲ။

ဂျယ်​ဟိုကို အခန်းထဲကအရင်​ထွက်​သွားခိုင်းပြီး
လက်​​ထောက်​ယူကို ကျန်​ခဲ့​စေလိုက်​သည်​၊

" လက်​​ထောက်​ယူ!!ဂျယ်​ဟိုအ​မေက​ဆေးရုံတင်​ထား
ရတယ်​မဟုတ်​လား.."

"ဟုတ်​ပါတယ်​ သူ​ဋ္ဌေး!!​ဆေးရုံကအ​ကြွေး​တွေမဆပ်
နိုင်​​သေးလို့ ဒုက္ခ​ရောက်​​နေတာပါ ၊ ခွဲစိတ်​ဖို့ကိုလဲ
ပိုက်​ဆံမရှိ​တော့ ______"

" ​ဆေးရုံကအ​ကြွေး​တွေရှင်း​ပေးလိုက်​ လက်​​ထောက်​ယူ
ပြီးရင်​​ခွဲစိတ်​စရိတ်​ပါတာဝန်​ယူ​ပေးလိုက်​ ! ပြီးရင်
ဂျယ်​ဟို သိ​အောင်​ပါ​ပြောပြလိုက်​ ! သူသိပါ​စေ
ကျွန်​​တော်​က သစ္စာရှိတဲ့သူ​တွေကိုပဲလိုအပ်​တယ်​လို့"

" ဟုတ်​ကဲ့! သူ​ဋ္ဌေး "

ဆယ်​ဟွန်း၏ လုပ်​ရည်​ကိုင်​ရည်​က သူ​ဋ္ဌေးကြီးထက်
ထို​နေရာ​တွေမှာသာလွန်​သည်​လို့လက်​​ထောက်​ယူ
ချီးကျူးလိုက်​သည်​။ သစ္စာရှိတဲ့လူယုံတ​ယောက်​ဖြစ်
လာဖို့ ဆယ်​ဟွန်း​ကောင်း​ကောင်းကိုင်​တွယ်​နိုင်​သည်​။
သူကိုယ်​တိုင်​ကလဲ လက်​​အောက်​ခံဝန်​ထမ်း​တွေအ​ပေါ်
ကြင်​နာတတ်​သလို သူ့ဝန်​ထမ်း​တွေကလဲ သူ့အ​ပေါ်
သစ္စာရှိရမည်​ဆိုတဲ့အချက်​ကိုဆယ်​ဟွန်းကလက်​ကိုင်
ထားသည်​။ လွန်​ခဲ့တဲ့တနှစ်​​လောက်​က သတင်းအချက်
အလက်​​တွေခိုးပြီး BIN ကို သွား​ရောင်းပစ်​ခဲ့သည့်
မင်​စန်းဝူရဲ့သစ္စာမရှိတဲ့လုပ်​ရက်​ကိစ္စထဲက ဆယ်​ဟွန်း
ဒေါသထွက်​ခဲ့ရသည်​။

" သူ​ဋ္ဌေး !!အစည်းအ​ဝေးစပါ​တော့မယ်​"

အတွင်း​ရေးမှူးရဲ့ စကား​ကြောင့်​ ဆယ်​ဟွန်း လိုအပ်
တဲ့စာရွက်​စာတမ်း​တွေကိုထုတ်​ယူလိုက်​တယ်​။
အမှတ်​မထင်​ဘဲလက်​က ဖုန်းစခရင်​ကိုသွားထိမိလို့
ဖုန်းစခရင်​လင်းလာတာနဲ့ မင်​​ဆော့ပုံ​လေး​ပေါ်လာ
တော့သူသတိတရ ဖုန်းကို​ကောက်​ယူပြီးစာပို့လိုက်
တော့တယ်​။

✉ [" ကိုယ့်​ကို မလွမ်းဘူးလား"]

အတွင်း​ရေးမှူးကိုဖိုင်​တွဲ​တွေလှမ်း​ပေးလိုက်​ပြီး
အစည်းအ​ဝေးကိုသွားဖို့ မတ်​တပ်​ထရပ်​လိုက်​သည်​။

လင်းလာတဲ့ဖုန်းစခရင်​ကြောင့်​ဆယ်​ဟွန်းပြုံးကာ
ဖုန်းကို​ကောက်​ယူကြည့်​လိုက်​တယ်​။

✉[" တိုက်​ခန်းမှာကျန်​ခဲ့တဲ့အရုပ်​ကြီးကိုပဲလွမ်းတယ်​"]

ဆယ်​ဟွန်းမျက်​နှာ မဲ့သွား​လေ​တော့သည်​ ။

အချစ်​က သူ့ကို ချက်​ချင်း​ပြေး​တွေ့ချင်​စိတ်​​တွေ​ပေါက်
အောင်​လုပ်​​နေ​တော့တယ်​။

ဒါမှမဟုတ်​ တိုက်​ခန်းကိုပြန်​ပြီး အရုပ်​ကြီးကို
လက်​စ​ဖျောက်​ပစ်​ရ​ကောင်းမလားပဲ။

____________________________________

Continue Reading

You'll Also Like

225K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
86.9K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
152K 5.1K 33
Taekook Warning fic
47.5K 2.6K 41
កាលពីកន្លងមកគេចាត់ទុកយើងត្រឹមតែជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ជុងហ្គុក ចនអេនឡាក់ដែលជាកូនប្រុសទោលតែម្នាក់នៅក្នុងវង្សត្រកូលចន នាយសង្ហាម្នាក់នេះគ្មានចិត្តប្...