Baek pov
📲📲📲📲📲
"Hello.....''
"Baek မလာသေးဘူးလား ဘာဖြစ်လို့လဲ ဖုန်းခေါ်တာကြာနေပီ မကိုင်တော့ ဘာများဖြစ်နေလဲလို့..''
"ဒီနေ့ မလာတော့ဘူး Hyung နောက်နေ့မှ ညစာချက်ကျွေးတော့မယ် ကျနော်ဒီနေ့မလာချင်တော့လို့''
"ဘာဖြစ်လို့လဲ Baekရဲ့နေမကောင်ဘူးလား''
"မဟုတ်ပါဘူး....''
"မဟုတ်ရင် လာခဲ့ကွာ ကိုယ်တွေ့ချင်လို့...''
"နောက်နေ့မှ....''
"နောက်နေ့မှလုပ်မနေနဲ့ ဘယ်မှာလဲ ကိုယ်လာခေါ်မယ်..''
"...........''
"Baek ဘယ်မှာလဲလို့ ကိုယ်လာခေါ်မယ်လို့ ပြော ဘယ်မှာလဲ..''
"Hyung တို့လမ်းထိပ်က ပန်းခြံမှာ...''
"ကိုယ်တို့လမ်းထိပ်မှာ! "
မကြားချင်တဲ့စကားတွေကြားရပီးတည်းက သူ့အိမ်ထဲမဝင်တော့ဘဲ ပြေးထွက်လာခဲ့သည်။ မောဟိုက်လာတဲ့ရင်တစ်စုံကနားချင်နေသည်မို့ လမ်းထိပ်ကပန်းခြံထဲဝင်ကာ ခုံတန်းလျားတစ်ခုပေါ်တွင် ဟင်းချက်စရာပစ္စည်းထုတ်တွေချကာ စိတ်ပျက်လက်ပျက်ထိုင်နေမိသည်။
မောဟိုက်လွန်းတဲ့ရင်ဘတ်က တင်းကျပ်နေကာ ထွက်ပေါက်အနေဖြင့် မျက်ရည်ပင်မထွက်သည်မို့ ပိုမိုတင်းကျပ်ကာ နေရခက်လွန်းလှသည်။
သူ့နေရာကဝင်၍ အကြိမ်ကြိမ်ခါခါစဉ်းစားကြည့်ဖူးသည်။ ကိုယ့်အပေါ်ဘယ်လို သဘောထားရှိလဲလို့။ စဉ်းစားတိုင်းအဖြေက ကိုယ့်ဘက်မရှိ။ ကြာလာတော့တွေးမိသည်က သူခံစားရသမျှသက်သာအောင် အသုံးချနေသည်လားလို့။
ထို့သို့တွေးမိသည့်ကိုယ့်ကိုကိုယ်လည်း အံ့သြသည်။ ဒါပေမယ့်လည်းအဲ့ အတွေးတွေသာ ခေါင်းထဲကြီးစိုးလျက်။
"Baek.. ''
အမောတကောပြေးလာသည့် သူ့ကိုတွေ့တော့လည်း တင်းကျပ်နေတဲ့စိတ်တွေဟာ တစ်ဝက်လောက်လျော့သွားသလိုပင်....
"ဘာများဖြစ်နေတာလဲလို့ကွာ လမ်းထိပ်ရောက်မှတော့ ကိုယ့်ဆီလာခဲ့တော့လေ... ဘာဖြစ်နေတာလဲဟင်..''
ကျနော့်ဘေးဝင်ထိုင်ကာ အမောဖြေရင်းအဆက်မပြတ်ပြောနေသည့် သူ့ကို ငေး၍သာကြည့်နေမိသည်။
"ဈေးလည်းဝယ်ပီးပီကို ဘာဖြစ်တာလဲ...ဘယ်အချိန်ထဲကရောက်နေတာလဲ ''
ဈေးဝယ်ထားတဲ့ ပစ္စည်းတွေကိုကြည့်ကာ ထပ်ပီးစကားဆိုသည်။
"ပြောအုံး Baek ဘာဖြစ်နေတာလဲလို့... ဒါမှမဟုတ်.... ကိုယ့်အိမ်ကို ရောက်ပီးမှ ဒီကိုလာတာလား.....''
ဝိုင်းစက်နေတဲ့ မျက်ဝန်းတစ်စုံက ကျနော့်အဖြေကို သိချင်နေသလို လန့်နေတဲ့အရိပ်အယောင်နည်းနည်းလေးများတွေ့သလားလို့။ ကျနော့်အဖြေ စောင့်ဆိုင်းနေတဲ့ သူ့ကိုပြုံးကာ ခေါင်းကိုအသာရမ်းပြလိုက်ရသည်။
"မဟုတ်ပါဘူး Hyung... 7:00နာရီလောက်မှလာဆိုလို့ အဲ့အချိန်မရောက်သေးတာနဲ့ ပန်းခြံထဲဝင်နေတာ...ခေါင်းလည်းနောက်နေလို့...''
မယုံသလို မျက်မှောင်ကျုံ့ကြည့်နေသည့် သူ့ကိုမသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲလိုက်သည်။ ခုချိန်စကားတွေအများကြီးမပြောချင်သေး။
"ကဲပါ... ထ..သွားရအောင် Baek မချက်ချင်လည်း ကိုယ်ချက်ကျွေးမယ် ဗိုက်ဆာနေပီကွာ သွားရအောင်''
အထုတ်တွေကိုလက်တစ်ဖက်ကကိုင်ကာ ကျန်လက်တစ်ဖက်က ကျနော့်လက်ကိုခပ်တင်းတင်းကိုင်ရင်း ပြောသည်။
သူ့လက်ချောင်းကြီးကြီးတွေကြားထဲမှာ ကျနော့လက်ချောင်းလေးတွေက အံဝင်ခွင်ကျဖြစ်နေတာကို ကြည့်ပီးပြုံးမိသည်။
"Hyung လူတွေတွေ့ရင် တစ်မျိုးထင်လိမ့်မယ်.. ''
ပန်းခြံအပြင်ရောက်တဲ့ထိ လက်မလွှတ်သေးတာမို့ သူ့လက်ထဲက အသာရုန်းကာ ပြောတော့ သူကခပ်တင်းတင်းပြန်ကိုင်ကာ စကားတစ်ခွန်းမဆိုဘဲ အလှပဆုံးပြုံးပြလေသည်။
တိတ်ဆိတ်တဲ့ ညအခါမှာ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ကာ လမ်းလျှောက်ရသည်ကကြည့်နူးဖို့ကောင်းလှသည်
စကားတစ်ခွန်းမှ မဆိုဖြစ်ပေမယ့်ပေါ့။
သူချက်ကျွေးတဲ့ ညစာကို အနည်းငယ်စားပီး အိမ်ရှေ့မှာ TVကလာနေသည့် အစီစဉ်တစ်ခုကို အပျင်းပြေထိုင်ကြည့်နေမိသည်။
"ညစာလည်းသိပ်မစားဘူး နေမကောင်းဘူးလား..''
ရေခဲသေတ္တာထဲကယူလာတဲ့ သစ်သီးခြင်းသေးသေးလေးကို စားပွဲပေါ်တင်ကာ ကျနော့်နဖူးကို လက်ကလေးနဲ့စမ်းရင်းမေးသည်။
"ကောင်းပါတယ်...''
ကျနော့်ဘေးဝင်ထိုင်ရင်း ခြင်းလေးထဲကလိမ္မော်သီးတစ်လုံးကို အခွံနွှာကာ တစ်စိတ်ချင်းစီ ခွံ့ကျွေးသည်။ အသီးတွေထဲမှာ လိမ္မော်သီးကို ပိုကြိုက်သည်ဟု ကျနော်ပြောပီးနောက်မှာ သူ့ရေခဲသေတ္တာထဲတွင် လိမ္မော်သီးလေးတွေနဲ့ သူနှစ်သက်သည့် ချယ်ရီသီးလေးတွေသာ အပြည့်ထည့်ထားတတ်သည်။
"လန်းသွားအောင် ရေချိုးလိုက်ပါလား Baek လာအခန်းထဲသွားရအောင်''
"အခန်းထဲမှာ ရုပ်ရှင်တစ်ကားလောက်ကြည့်ရအောင် လိမ္မော်သီးလည်း အခန်းထဲရောက်မှ ထပ်ခွံကျွေးမယ်လာ.. ''
ကျနော့်ကို တစ်ဖက် အသီးခြင်းလေးကိုတစ်ဖက်ဆွဲကာ သူ့အခန်းဆီသို့...
ရေချိုးလိုက်တော့ စိတ်အနည်းငယ်ကြည်လင်လာသည်တော့အမှန်ပင် ။
"Baek ရေချိုးတာကြာနေပီ ထွက်လာတော့ ကိုယ်အင်္ကျီထုတ်ပေးထားတယ်...
"Hyung ကျနော်ကို အင်္ကျီလေးလှမ်းပေးပါလား ဒီထဲမှာပဲ လဲဝတ်လိုက်မယ်''
Hyung ရဲ့ ညဝတ်အင်္ကျီအဖြူဝမ်းဆက်က ကျနော့်အတွက်ကြီးတာထက်ကို ပိုသည်။ တဘက်တစ်ထည်ကို ပုခုံးပေါ်တင်ပီး ခုတင်ပေါ်မှာ ဇာတ်ကားခွေရွေးနေသောသူ...
"လာ ဒီနားကို... ခေါင်းသုတ်ပေးမယ်''
သူ့ဘေးဝင်ထိုင်တော့ သူ့ပုခုံးပေါ်ကတဘက်နဲ့ ကျနော့်ခေါင်းကို ဖွဖွလေးသုတ်ပေးသည်။
"Hyung ဒီနေ့ထူးဆန်းနေတာသိလား?''
"Baek ရောဒီနေ့ထူးဆန်းနေတာသိလား?''
"ကျနော်က ''
အနောက်ကနေ ခေါင်းသုတ်ပေးနေတဲ့ သူ့ဘက်ကိုလှည့်မေးတော့ သူကကျနော့်ကို အရှေု့ပြန်လှည့်စေကာ....
"အင်း..... ဒီနေ့အရမ်းငြိမ်နေတယ် ပုံမှန်ဆို ကိုယ်ဂရုစိုက်ပေးရင် ပြုံးပျော်နေကျကောင်လေးက အရမ်းငြိမ်နေတာလေ... နေမကောင်းတာလဲမဟုတ်တော့ ထူးဆန်းတာပေါ့..''
"တစ်ချို့ကိစ္စတွေ တစ်ယောက်တည်းကျိတ်ခံစားမနေနဲ့ ဘာဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပါလား.. အဲဒါမှကိုယ်လည်း သိမှာပေါ့..''
"တကယ်ဘာမှမဖြစ်လို့ပါ Hyung''
"အင်း.. ဟုတ်ပါပီ ခေါင်းလည်းခြောက်ပီဆိုတော့ ကိုယ်ရေသွားချိုးလိုက်အုံးမယ်... '
ကျနော့်ခေါင်းကိုဖွကာ ရေချိုးဖို့ထွက်သွားတဲ့သူက ပြုံးဖြီးနေသည်။ သေချာတယ် ဒီနေ့သူ ထူးဆန်းနေသည်။
"Baek ရှပ်ရှင်မကြည့်ဘူးလား''
"မကြည့်ချင်တော့ဘူး အိပ်တော့မယ် Hyung''
အခန်းမီးပိတ်ကာ ညအိပ်မီးလေးသာဖွင့်ထားတဲ့ အခန်းလေးက ထင်ထားတာထက်ကို တိတ်ဆိတ်လွန်းလှသည်။ အမှန်ကမအိပ်ချင်သေး။ ဒါပေမယ့်လည်း သူနဲ့ စကားမပြောချင်သည်မို့ အတင်းဇွတ်မှိတ်အိပ်နေရသည်။
သူ့ကိုယ်သင်းနံ့က ပိုရလာသည်မို့ သူကကိုယ့်အနီးဆုံးသို့တိုးလာသည်ထင်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းလေးက ရင်ခုန်မှုကို အမြင့်ဆုံးထိမြန်စေသည်။
"စိတ်မကြည်သေးဘူးလား Baek''
နားထင်ကို မထိတထိအနမ်းပေးရင်း မေးတဲ့သူ့အသံတိုးတိုးလေးကြောင့် ရင်ထဲအကောင်ငယ်လေးတွေဖြတ်ပြေးသွားသလို...
သူ့အမေးပြန်ဖြေရန် ပြင်လိုက်ပေမယ့် ခပ်ဟဟကျနော့်နှုတ်ခမ်းတစ်စုံဟာ သူ့နှုတ်ခမ်းထူထူအထိအတွေ့မှာ ဘာစကားမှထွက်မလာတော့။
ကျနော့်ခါးအောက်မှ လက်လျိုကာသူ့နဲ့အနီးဆုံးရောက်သည်ထိ အတင်းအကျပ်ကိုဖက်တွယ်ထားသည်။
အရှိန်မြင့်လိုက်တဲ့ သူ့အနမ်းနောက်ကို အမှီလိုက်ဖို့ခက်လွန်းလှသည်။
သူ့ခါးကအင်္ကျီစကို ခပ်တင်းတင်းဆွဲကိုင်လိုက်မှ ကျနော့်နှုတ်ခမ်းပေါ်မှ နားရွက်နောက်နားဆီသို့ ဦးတည်ချက်ပြောင်းသွားသည်။
ခပ်ဖွဖွကိုက်လိုက် လည်ပင်းတစ်လျှောက်နမ်းလိုက်နဲ့မို့ မရိုးမယွဖြစ်လာကာ သူ့အင်္ကျီစကိုတင်းသထက်တင်းအောင်ဆုပ်ကိုင်မိသည်။
ပုခုံးသားကို ခပ်ပြင်းပြင်းတစ်ချက်စုတ်ယူလိုက်သည်မို့ အသံတစ်စုံတစ်ရာမထွက်ဖို့ နှုတ်ခမ်းကိုသာ အတင်းပိတ်ထားရသည်။
သူ့လှုပ်ရှားမှုခဏရပ်ကာ ကျနော်နဲ့မျက်နှာခြင်းဆိုင်စေကာ ''Baek အသံလေးနဲ့မှ ပိုပြည့်စုံမှာ''ဆိုတဲ့ စကားသံတိုးတိုးညင်းညင်းဆိုတော့ အရှက်သည်းစွာ သူ့ရင်ခွင်ထဲခိုဝင်မိသည်။
ကိုယ့်တစ်ကိုယ်လုံးသူ့အနမ်းအောက်မှာ ကျရှုံးနေမိတော့ ကိုယ်ပေါ်အင်္ကျီနဲ့တူတာ မရှိတော့...
ုမြန်ဆန်လှတဲ့ သူ့နမ်းရှိုက်မှုတွေက ကိုယ့်အားတိမ်တွေထဲမှာ လွှင့်မျောစေသလို....
နာကျင်မှုမှ သာယာမှုဆီကို ကိုယ့်ရဲ့ညည်းသံသဲ့သဲ့နဲ့ ပေါင်းကူးစေသည်။ ညသန်းခေါင်အချိန်ထိ တစ်ကြိမ် နှစ်ကြိမ်မကတော့သည့် ဟန်ချက်ညီညီ အချစ်ခရီးဟာ ကိုယ့်အားမောဟိုက်တာထက်ကိုပိုစေသည်။
အရင်ကထက်နူးညံ့ပိုကဲပေးသော သူ့ဂရုစိုက်မှုအောက်မှာ မောဟိုက်နာကျင်လွန်းသော်လည်း သူ့အထိအတွေ့ကို ရပ်တန်းပေးပါလို့မဆိုရဲ။ သာယာလွန်းမက သာယာလွန်းလှသည်။
ဆန္ဒတစ်စုံတစ်ရာထိ ပြည့်စုံလာသည့်အခါ ကျနော့်ဘေးဝင်လှဲသည့် သူက ရင်ခွင်ထဲထည့်ကာ ခပ်တင်းတင်းဖက်ထားတာတော့မလျှော့သေး။
နှစ်ယောက်လုံး မောပန်းလွန်းသည်ထက်ကျော်လွန်နေသည်မို့ မျက်လုံးတောင်မဖွင့်ချင်လောက်အောင် ပင်ပန်းလွန်းနေသည်။
မအိပ်ခင် ချွေးစို့စို့ ကျနော့်နဖူးပြင်ကို အနူးညံ့ဆုံးအနမ်းပေးကာ....
"အရမ်းချစ်တယ် Baek...''
တိုးလွန်းပေမယ့် ပီပီသသကြားလိုက်ရတဲ့ သူ့စကားတစ်ခွန်းဟာ နာကျင်မှုကို အတော်အတန်သက်သာစေသည်တော့ အမှန်ပင်...
........................................................................
Thank you all❤
မနက်ဖြန်တစ်ပိုင်းနဲ့ ပြန်လာခဲ့ပါမယ်ရှင့်
🙈🙈😚😚
Unicode