Yandai Xie Jie No.10 myan tra...

By JohnTargreyan

42.8K 5.3K 774

သူ့ရဲ့ ချင်ချီလာ(ရှဉ့်လိုမျိုးအကောင်)လေးနှစ်ကောင် ဗိုက်ကြီးလာလို့ ဆိုပြီး ခေါင်းမာတတ်ပြီး အစွန်းရောက်တွေးတတ်တ... More

အခန်း (၁)သဘောကောင်းတဲ့ဆိုင်ရှင်နဲ့ နလပိန်းတုန်း စာရေးဆရာ
အခန်း(၂)ကမ္ဘာ​ပေါ်မြာ မကြိုဆိုဆုံး​ဧည့်​သည်
အခန်း(၃)ရှောင်မရတဲ့ အမြဲလာနေတဲ့ ဧည့်သည်
အခန်း(၄)သောက်ရူး...၁
အခန်း(၄)သောက်ရူး...၂
အခန်း(၅)ဖျားနေတဲ့ အရူးကောင်...၂..
အခန်း(၆)သူငယ်​ချင်း​ကောင်း..၁
အခန်း(၆)သူငယ်​ခ်င်း​ကောင်း..၂..
အခန်း(၇)ဒိတ်ဖို့ဆိုတာ ဝေးနေသေးတယ်
အခန်း(၈)ခဏတာ အဝေးမြာ
အခန်း(၉)တစ်​ညတာ​နွောင်​ကြိုး
အခန်း(၁၀)နွစ်​ညအိပ် ၁ရက်​ခရီး
အခန်း(၁၁)​​နောက်​ထပ်​အနမ်းတစ်​ပြင့်​​လောက်
အခန်း(၁၂)​ဖောင်​ဖ်က်ျခင်း

အခန်း(၅)..ဖျားနေတဲ့ အရူးကောင် ..၁

1.8K 368 34
By JohnTargreyan

ကျတော်ချောတယ်>>  ''မြန်မြန်လေး မြန်မြန်´´

အချစ် ၁၂၃>>  ''မင်း ငါ့ကို အမိန့်လာပေးနေတာလား´´

ကျတော်ချောတယ်>>  ''ဒီစည်သွတ်ဘူး ကို ဘယ်လို ဖွင့်ရမလဲဆိုတာ
မြန်မြန်လေးပြောပြ´´

အချစ် ၁၂၃>>  ''..#*$..´´

ကျတော်ချောတယ်>> ''ကိုလူချောလည်း မသိဘူးလား´´

အချစ် ၁၂၃>>   '' ငါ သိတာပေါ့´´

ကျတော်ချောတယ်>>  '' ဒါဆို မြန်မြန်
ပြောပြ´´

အချစ် ၁၂၃ >>  '' မင်းငါ့ကို လာအလုပ်ရှုပ်အောင်လုပ်နေတာဆို ဘယ်လိုလုပ်မလဲ´´

ကျတော်ချောတယ်>> ''ခင်ဗျားကို အလုပ်ရှုပ်အောင်လုပ်တာ?? ´´

အချစ် ၁၂၃ >>  '' မင်း စည်သွတ်ဘူးကို မဖွင့် နိုင်ဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ´´

ကျတော်ချောတယ်>>  '' တကယ်မဖွင့်နိုင်တာ...ကျတော် ဒီဟာကို တစ်ကယ်မဖွင့်နိုင်လို့ပါ..အာ.....အာ...အား...(ငိုသံ) ´´

အချစ် ၁၂၃ >>  '' မင်းမှာ ဝက်အူလှည့် ရှိလား´´

ကျတော်ချောတယ်>>  '' ရှိတယ်´´

အချစ် ၁၂၃. >>  ''အစွန်နားမှာ ထိုး..ပြီးတော့ လေဝင်သွားရင် ဖွင့်လို့ရပြီ..´´

[၃ မိနစ်အကြာ]

ကျတော်ချောတယ်>>  ''ကိုလူချောက ချောရုံသာမကဘူး ပါရမီရှင်လည်း ဟုတ်တယ်´´

အချစ် ၁၂၃>>  '' စားနေပြီလား´´

ကျတော်ချောတယ်>> ''အင်း..စားနေပြီ..တအားစားလို့ကောင်း...ကျေးဇူးပဲ´´

အချစ် ၁၂၃>>  ''မင်းကို မေးချင်လို့´´

ကျတော်ချောတယ်>> ''ဘာလဲ မေးလေ´´

အချစ် ၁၂၃>> '' ဒါ မင်း ပထမဆုံးအကြိမ် စည်သွတ်စာ စားဖူးတာလား´´

ကျတော်ချောတယ်>> '' မဟုတ်ဘူးလေ´´

အချစ် ၁၂၃>>  ''ဒါဆို အရင်က မင်းဘယ်လို ဖွင့်နေလဲ´´

ကျတော်ချောတယ်>>  ''အရင်ကလား..
အရင်တော့ ကြမ်းပေါ်ပစ် ချပြီး ခွဲလိုက်တာပဲ..
ဖန်ကွဲစလေးတွေတော့ အရင် ရွေးထုတ်လိုက်တာပဲ..တအားသေးတဲ့ဟာတော့ ထည့်စားပစ်လိုက်တာပေါ့´´

အချစ် ၁၂၃ >>  ''#*$..´´

ကျတော်ချောတယ်>> ''အများ ကြီး ကျေ ဇူး တင်တယ်´´

အချစ် ၁၂၃>>  '' မင်းတစ်ကယ်ကြီး ပြောနေတာလား.´´

ကျတော်ချောတယ်>>  ''တစ်ကယ်ပဲလေ..
ဒီနေ့တော့ ခွဲဖို့ အားမရှိဘူး ကျတော် အဖျားရှိနေတယ် ထင်တာပဲ´´

အချစ် ၁၂၃>> '' ဘာဖြစ်နေတာ´´

ကျတော်ချောတယ်>> ''အလုပ်သွားပြန်လုပ်တော့လေ..ကိုလူချော ကျတော်လည်း ပြန်အိပ်တော့မယ်...bye bye´´

အချစ် ၁၂၃>> ''ဟေး မင်းတကယ်ပဲ အဆင်ပြေရဲ့လား´´

ကျတော်ချောတယ်>> '' ပြေပါတယ်..နည်းနည်းလေး အေးနေရုံပဲ နောက်မှ တွေ့မယ်´´

ဟန်ဟန်လည်း ရှေ့က ကွန်ပြူတာ မျက်နှာပြင်ကို ငေးကြည့်ရင်း လက်က စားပွဲကို ဖွဖွ ခေါက်နေတယ်။
ဖျားနေတာ!

ဒီရက်က ဆောင်းကုန်ရက်တွေ။ဒီအရူးကောင်နေ့တိုင်း ဂျမ် သွားတယ်။သူ့ တီရှပ်တွေက အမြဲ ချွေးတွေ ချွဲလို့။
ခုတလော ညဘက်ကျရင် တိုက်တဲ့ ဆောင်းကုန်လေက အေးလွန်းတယ်။ သူ အအေးမိတာ အဆန်းမဟုတ်ဘူးပဲ။

အရူးကောင်အိမ်မှာ ဆေးလည်းမရှိဘူးတဲ့။ဒီ အရူးကောင် ကိုယ့်ဘာသာရော ဂရုစိုက်တတ်ရဲ့လား မသိဘူး။

ဟန်ဟန် သူ့ကိုယ်သူ ထူးဆန်းတယ်လို့ ခံစားရတယ်။ ဘာလို့ သူ ဒီအရူးကောင်ကို အဲ့လောက်
ဂရုစိုက်နေရတာလဲ!

(TN: အရူးကောင်၊ ပြားကိုးဆယ်၊ ငထုံကောင်၊ ငအကောင် အားလုံးသည် လျန်းဇီပဲ ဖြစ်ပါကြောင်း😁)

နေ့လယ်ခင်းရဲ့ နေခြည်နွေးနွေးလေးက ပြတင်းပေါက်ကို ဖြတ်ပြီး ဟန့်ဟန့်ကိုယ်ပေါ်ကျလာတယ်။လေအေးတွေကို တန်ပြန်ကာ ရာသီဥတုကို ပိုနွေးသွားစေသလိုပဲ။အခန်းထဲက ပန်ကာအိုကြီးက တကျီကျီ လည်ပတ်ဆဲ။

ရုတ်တရက် သူ့အတွေးကမ္ဘာထဲ သူ နစ်မြှပ်သွားပြီး လေဆည်းလည်းလေးမြည်သွားတာ မသိလိုက်ဘူး။ပြီးတော့ မောကြီးပန်းကြီး အသက်ရှုနေသံပြင်းပြင်း ခွေးကြီး တစ်ကောင်နဲ့ လေချွန်သံတစ်ခုက ဝင်လာတယ်။ တစ်ယောက်ယောက်က သူ့ကို လှမ်းပြောလိုက်တယ်။

''မင်း ဘာတွေ စိတ်ကူးယဉ်နေရတာလဲ´´

ဟန်ဟန်က မော့ကြည့်ပြီး ပြုံးတယ်။ပြီးတော့ ပြတင်းပေါက်ကို သွားပိတ်လိုက်တယ်။
ချီ ဂျီ ကမနေ့တုန်းကတည်းက သူ ဒီနေ့ကျရင်
မန်နန်ကို ခေါ်ပြီး ရေလာချိုး ပေးမယ်လို့ ပြောခဲ့တယ်။

''ဘာမှ မဟုတ်ပါဘူး..ငါ မနေ့ညက ကောင်းကောင်း မအိပ်လိုက်ရလို့...´´

''အော်..´´
ချီ ဂျီ ကပြုံးလိုက်ရင်း တခုခုပြောချင်ပုံရတယ်။
ယင်ယင်က ပစ္စည်းသိုလှောင်ခန်းက ထွက်လာပြီး နှုတ်ဆက်တယ်။

'' ချီ ဂျီ ပါလား..နေကောင်းရဲ့လား´´

''အိုး..ဟဲလို...အလုပ်ရှုပ်နေတာလား´´

''မရှုပ်ဘူး..လုံးဝ မရှုပ်ဘူးရယ်´´
ယဉ်ယဉ်က မန်ဆီကို လျှောက်လာပြီး ပုတ်ပေးရင်း မန်မန်ကို သတိပေးတယ်။

'' ရေချိုး ရအောင် မန်နန်ရေ...´´

''ခုမှ ဖွင့်တော့ နည်းနည်း
စနစ်မကျ ဖြစ်နေတယ်´´
ဟန်ဟန်က လိုက်ကာ နောက်ကနေ ထွက်လာတယ်။

''ဝင်ပြီး ရေသွားချိုး ရအောင်...
အကိုဟန်..ဆိုင်လေးကြည့်ပေးထားဦးနော်..
ခဏနေမှ ပြန်လာခဲ့မယ်´´
ယင်ယင်က ပြောရင်း မန်နန်ကို ရေချိုး ခန်းထဲ ခေါ်သွားပေးတယ်။

''ရတယ်..ကြည့်ပေးထားမယ်...လုပ်စရာရှိတာသာ လုပ်´´

''မန်နန် တစ်ကယ်လို့မင့် စကတ်ကို ဝါးစားနေရင်..သူ့ကို ရိုက်ပေးမယ်´´
ချီ ဂျီက ဖြည့်ပြောတယ်။

''နောက်ဘက်ခြံဝန်းထဲ နေစာ လှုံချင်လား´´
ဟန်ဟန်က ဆိုင်နောက်တံခါးကို ဖွင့်လိုက်တယ်။

''ကောင်းသားပဲ..ငါလည်း တစ်လိပ်လောက် သောက်လို့ရတာပေါ့´´
ချီ ကျီ ကလည်း ခေါင်းညိတ်တယ်။

လတ်ဆတ်တဲ့လေက အနောက်ခြံဝန်းထဲမှာ တိုက်ခတ်နေတယ်။တံခါးဝကနေ နောက်ခြံဝန်း စည်းရိုးထိ သစ်ပင်ကြီးကြီးအုပ်အုပ်ဆိုင်းဆိုင်းနဲ့ မြက်ပင်တိုလေးတွေက အစီရီ ပေါက်နေတယ်။
သိပ်မကျယ်ပေမဲ့လည်း စိတ်ကူးယဉ်လို့ ရသေးတယ်။

သူတို့ နှစ်ယောက်လုံး နောက်ခြံဝန်းက ကျောက်စားပွဲလေးမှာ ထိုင်လိုက်ကြတယ်။ချီ ဂျီက စီးကရက်ကို မီးညှိသောက်ရင်း ခေါင်းနည်းနည်းစောင်းကာ သစ်ပင်တွေကြားကနေ
ကောင်းကင်ပြာကို လိုက်ရှာနေတယ်။

''အရင်လတုန်းက အလုပ်ရှုပ်နေတာလား´´
ဟန်ဟန်က ပြုံးတယ်။

''ဘာမှတော့ မဟုတ်ပါဘူး.အရင်ကထက် နည်းနည်းပို လုပ်ရတာပါ´´

''မင်းကတော့ အမြဲ တမူထူးခြားတယ်နော်´´

''ဟား..ဟား..ဟား.´´

''သက်သက်သာသာလုပ်ပါ..အရင်တစ်ခါကလို အနားမှာ ဘယ်သူမှ မရှိလဲ အိပ်ရာထဲ သုံးရက်လောက် မလဲချင်ဘူးမလား´´

''အာ..မလဲချင်ပါဘူး..ဟီး ဟီး´´

''မပြောခင် ပြန်စဉ်းစားဦး´´

''ဟေး..စဉ်းစားဖို့ မလိုပါဘူး...အိုကေတယ်..
ငါ့ အမေက ငါ့ကို မင်းအနေနဲ့ ဂရုစိုက်ပေးဖို့ မှာတယ်..မင်းက ပြောတဲ့ အတိုင်း လုပ်ပေးတယ်..
ရပြီမလား..´´

''ငါတော့ ကောင်းကောင်း မလုပ်ရသေးဘူး ထင်တာပဲ´´

''ဟာ..´´

''တစ်ကယ်ကြီးလား...မင့် ကျန်းမာရေး မငိး
လည်း ဂရိုစိုက်အုံး´´

''ငါ့ ကြီးပဲ ပြောမနေနဲ့အုံး မင်းကျတော့ရော´´
ချိဂျီ က သူတို့နဲ့ စကားယှဉ်ပြောမပြောတတ်ဘူးရယ်။သူ့ ငယ်သူငယ်ချင်း ဟန်ဟန်နဲ့ ပြောတာမှာအတားဆီးတော့ မရှိဘူးပေါ့။ သူက အဲ့လို လူမျိုး။ငယ်ငယ်တုန်းက ကျောင်းကသူတွေက သူ့ကို အနေတာတောင် ထင်ကြတယ်။တစ်ကယ်က သူ တခြား သူတွေနဲ့ မပေါင်းချင်တာ။

''ငါ.!...ငါက ဘာဖြစ်လို့လဲ´´
ဟန်ဟန်လည်း နားမလည်ဘူး။

''ငါ မစဉ်းစားဘဲ မနေ နိုင်ဘူး.ဖြစ်နေတယ်´´

''ဘာကိုလဲ´´

''#*$..´´

''ဘာကိုလဲ..ပြောလေ´´

''အာ့ဆိုလည်း ငါ စပ်စုပါရစေ´´

''ဘာကိုတုန်း´´

''မင်း တော့ပ်တော့ ဟုတ်တယ်မလား´´

''ဖာခ်´´
ဟန်ဟန်လည်း အံ့သြလွန်းသွားတယ်။

''စိတ် မရှိရင် ငါ့ကို မင်းတို့ အကြောင်းပြောပြစမ်းပါ´´

''ငါတို့ကြားက ပုံမှန်ပါပဲဟ´´

''အိုး..ဘာလို့ တစ်ခုခုရှိနေတယ်လို့ ငါ ထင်နေရတာလဲ´´

''တစ်ကယ်ဟ..သူက ငါ့ ဖောက်သည်ပဲ...သူ့ ချင်ရှီလာလေးတွေ သားဖောက်ချင်လို့ သူလာနေတာ´´

''တစ်ကယ် ဟုတ်လို့လား
ဒါဆို ဘာလို့ နေ့တိုင်း ဆက်လာနေတာလဲ´´
ချီ ဂျီက အားလုံးသိနေသလို ပုံစံနဲ့ ပြုံးပြတယ်။

''သူက မနေနိုင်တာ..သူ့ အကောင်လေးတွေနဲ့..မခွဲနိုင်တာ.´´

''ဒါမဲ့ .ငါသူ့ကို ဆိုင်မှာ တွေ့နေရတာ တစ်လ လောက်ရှိနေပြီ...ပြီးတော့လည်း..´´

''မင်း တွေးတာတွေမျိုးတွေနဲ့
မပက်သက်ပါဘူး´´

''ကောင်းပြီလေ..ထားတော့..မင်းက ခုထိကို ဝန်မခံသေးဘူး´´

''ဟေး..မင်းက ခုထိ ဝန်မခံချင်သေးဘူးဆိုတာ
ဘာကို ပြောတာလဲ´´

''သူက ဘာလုပ်စားနေတာမလို့လဲ နေ့တိုင်း ဒီကို လာတော့ သူ့ အလုပ်မပျက်ဘူးလား´´

''သူက စာရေးတယ် ပြောတယ်´´

''စာရေးဆရာ...ဘာစာရေးတာလဲ´´
္ခချီဂျီလည်း သူ့ အလုပ်နဲ့ လာတူနေလို့ အံသြသွားတယ်။သူက သမိုင်းဘာသာပြန်။

''သူပြောတာတော့ စာပေသဘောတရား ရေးရာတွေ..ရေးတာတဲ့´´
ဟန်ဟန်လည်း ပြန်ဖြေလိုက်တယ်။
လျန်းဇီ ဘာရေးမှန်း သေချာတော့မသိဘူးရယ်။
တစ်ကယ်တော့ လျန်းဇီက နည်းနည်းမှ စာရေးဆရာနဲ့ မတူလို့ ထင်ကို မထင်တာ။

''စာပေသဘောတရား စာအုပ်တွေ
စာအုပ် နာမည်က ဘာလဲ´´

''ငါလည်း မဖတ်ဖူးတော့ မသိဘူး´´

''သူ့ နာမည် ဘယ်သူလဲ လို့ မေးတာ´´

''လျန်းဇီ...´´

''ဘယ်သူ´´

''လျန်းဇီ´´

''မဖြစ်နိုင်တာ!..´´
ချီ ဂျီ ရဲ့ မျက်မှန်တောင် ပြုတ်ကျတော့မလို့။

''မင်း သူ့ကို သိလို့လား´´

''အိုးမိုင်ဂေါ့..ငါပြောပြမယ်..သူက တစ်ကယ့်
ပါရမီ ရှင်စစ်စစ်ပဲ...တစ်ကယ့် လေးစားစရာပဲ´´

''လာ ..အထဲသွားပြီး..Baidu(china Google)
မှာ သူ့ ကို သွားရှာကြည့်ရအောင်´´

_====______

တစ်ဝက်ကျန်...

Continue Reading

You'll Also Like

162K 22.7K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
799K 70K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
48.2K 4.2K 27
Fatma dhe Adan Gashi janë prindër të dëshpëruar. Halli i ka zënë me Marlonin, djalin e tyre të vetëm, që u ka "ngelur" në derë. E rëndë është për Fat...
199K 32.1K 81
Title : Villain in the Kindergarten Author : Mù Zhī Chū (慕之初) Total Chapters : 76 + 1 extra (77) Genre : Comedy, Shounen Ai, Slice of Life English Tr...