ဒီနေ့ ဈေးဝယ်များ များ စားစားမရှိဘူး။ဆယ်နာရီကျတော့ ဟန်ဟန်လည်း ဟွန်ဟိုင်ကို
အိမ်ပြန်ခိုင်းလိုက်တယ်။
အဝတ်လျှော်စက်ကြောင့် မနက်ထဲက စိတ်မကြည်တဲ့ လျန်းဇီကတော့ ဆိုင်ထဲမှာ ဆယ်နာရီခွဲတဲ့ထိ အကောင်လေးတွေနဲ့ ဆော့နေဖို့ ဆုံးဖြတ်လိုက်တယ်။နှစ်ယောက်လုံး ဆိုင်ကိုအတူတူ သန့်ရှင်းရေးလုပ်ကြတယ်။ဆိုင်လည်း ပိတ်ပြီးရော ဟန်ဟန်အတော့်ကို ဗိုက်ဆာလာတယ်။
လျန်းဇီက သူရဲ့ ညစာ
ဝက်သားနှပ်ကို မြန်မြန်စားပြီးတော့ ဟန့်ဟန့် ပန်းကန်ထဲ မျက်စောင်းထိုးနေတယ်။ဟန်ဟန်က အကြိုက်ဆုံးအသားကို ဖယ်ထားပြီး
နောက်ဆုံးအလုပ်မှ စားတတ်တဲ့ အကျင့်ရှိတယ်။ဒါလုံးဝကို မှားသွားတယ်။သူကြိုက်တဲ့ ဝက်သားပြားကို နောက်ဆုံးမှ စားဖို့ဖယ်ထားရင်း လျန်းဇီရဲ့ ပါပီဆန်ဆန် မျက်လုံးကြီးတွေနဲ့ တွေ့လိုက်ရတော့ သနားသွားပြီး သူ့ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။လျန်းဇီက ပျော်သွားပြီး ချက်ချင်းပဲ အပြောင်ရှင်းလိုက်တယ်။ ရှက်တောင် မရှက်ဘူး။
ဟန်ဟန်လည်း အတော့်ကို စိတ်လေသွားတယ်။''မင်း ဆာနေတုန်းလား´´
ဟန်ဟန်က သော့တွေဘေးတွန်းရင်း လျန်းဇီကိုကြည့်ပြီး မေးတယ်။''မဆာတော့ဘူး...မင်း ဆာနေလို့လား´´
''အင်း..နည်းနည်း..´´
''အဲ့တာ ညစာတုန်းက ကောင်းကောင်းမစားလို့လေ..´´
လျန်းဇီက အမှန်အကန်ပြောတယ်။ဟန်ဟန်လည်း သူ့နားရွက်ကို လိမ်ဆွဲပစ်ချင်လာတယ်။အပိုတွေ!ဒီမှာ အာလူးရယ် ဂေါ်ဖီထုပ်နည်းနည်းရယ် ကြက်သွန်ဖြူလေးလောက် ကျန်တာကို ဘယ်လို လုပ် ဗိုက်ဝမှာလဲ!
''တစ်ခုခု သွား စားရအောင်´´
လျန်းဇီက ပြောရင်း ခြံဝန်းထဲ ထွက်လိုက်တယ်။''ဟုတ်တယ် သွားစားမယ်´´
ဟန်ဟန်က ဝင်ထောက်ခံတယ်။
''မင်းဘာစားချင်လဲ´´''ကို လူချော သဘော...ကျတော်မစားတာ ဘာမှ မရှိ´´
''မင်းက အစုံစား သတ္တဝါ ...ငါသိတယ်´´
''ဟား.ဟား.ဟား.´´
''ဒီနားက ဘားတစ်ခု သွားရအောင်...
ခေါင်းလောင်း မျှော်စင်နားမှာ စားကောင်း
တဲ့နေရာလေး ရှိတယ်´´
YOU ARE READING
Yandai Xie Jie No.10 myan translation(ဆေးတံလမ်း အမြတ်၁၀)
Humorသူ့ရဲ့ ချင်ချီလာ(ရှဉ့်လိုမျိုးအကောင်)လေးနှစ်ကောင် ဗိုက်ကြီးလာလို့ ဆိုပြီး ခေါင်းမာတတ်ပြီး အစွန်းရောက်တွေးတတ်တဲ့ ဝမ်းတွင်းရူး စာရေးဆရာ လျန်းဇီဟာ တအားကို သဘောကောင်း အထာကျတဲ့ အိမ်မွေးတိရစ္ဆာန် ရောင်းတဲ့ဆိုင်ပိုင်ရှင် မစ္စတာ ဟန်ဟန်နဲ့ ဆုံတွေ့ဖို့ အကြော...