အခန်း(၈)ခဏတာ အဝေးမြာ

2.1K 330 23
                                    

ကျတော်ချောတယ်>>''  ဒါကို ဘယ်လို ထင်လဲ´´
( ဘွတ်ဖိနပ်ပုံတစ်ပုံ ပြလျက်)

အချစ် ၁၂၃>> ''အဲ့တာ ဘာလဲ´´

ကျတော်ချောတယ်>> ''ခြေထောက် နွေးအောင်လို့လေ´´

အချစ် ၁၂၃>>..''အာ....ဘာမှ လည်း ထူးထူးခြားခြားတော့ မရှိပါဘူး..´´

ကျတော်ချောတယ်>>''ဘယ်လို..... ကျတော်
တာ့ဘိုကနေ ဝယ်လာတာဗျ´´

အချစ် ၁၂၃>>'' သိုးမွေး ခြေအိတ်တို့ သိုးမွေးဖိနပ်တို့နဲ့တောင် ယှဉ်လို့ မရဘူး..´´

ကျတော်ချောတယ်>> ''မဟုတ်ဘူး...ကြည့်ကြည့်....အားသွင်းလို့ ရတယ်´´

အချစ် ၁၂၃>>''ကြော်ငြာထားတာတော့ မဆိုး´´

ကျတော်ချောတယ်>> ''ဟုတ်တယ်´´

အချစ် ၁၂၃>> '' ဒါပေမဲ့...မင်း ခြေထောက်နှစ်ဖက်လုံး အဲ့ထဲ စွပ်ထားရမှာ မဟုတ်ဘူးလား´´

ကျတော်ချောတယ်>>''....ဒါ...ဒါကို ကျတော်
မတွေးမိဘူး...´´

အချစ် ၁၂၃>> '' မအံသြတော့ဘူး...မင်းတွေးပုံက သူများထက်ကို ထူးတယ်´´

ကျတော်ချောတယ်>> '' ဖာ့ခ်...´´

အချစ် ၁၂၃>> '' နေဦး....သစ်ရွက်လေး လှောင်အိမ်မှာ တစ်ခုခု ဖြစ်နေပြီ...´´

[၁၀ မိနစ်အကြာ]

အချစ် ၁၂၃>> '' မွေး ပြီ...´´

ကျတော်ချောတယ်>> '' ???´´

အချစ် ၁၂၃>> ''သစ်ရွက်လေးက ခုပဲ ချစ်စရာသားလေးတစ်ကောင် မွေးလိုက်တယ်´´

ကျတော်ချောတယ်>> ''ဖာခ့်...ကျတော့်ကို စောင့်ဦး...လာပြီဗျို့...´´

သစ်ရွက်လေးရဲ့ ကလေးဟာ လောကကြီးထဲကို.ရုတ်တရက်ဆိုသလို ဝင်ရောက်လာတာဖြစ်တယ်။အစတုန်းက.သူရှိနေမှန်းတောင်.မသိခဲ့ရဘူး။

ဟန်ဟန်လို ချင်ရှီလာတွေ နှစ်ပေါင်းများစွာ ကြည့်ခဲ့သူတောင် သတိမထားမိဘူး။အမွေးလည်း.မကျွတ်သလို အရေဖြူလည်း မထွက်ဘဲ ခုလိုကြီး.ရောက်လာတာ။မနေ့ညကတည်းများ မွေးသလား။

သူလည်း.လှောင်အိမ်တံခါးဖွင့်လိုက်ရော.အိတ်ချ်က.ဒီထဲကနေ အမြန်ဆုံးထွက်သွားချင်ပုံနဲ့ သူ့ဆီပြေးလာတယ်။ဟန်ဟန်လည်း.သူ့ကို ယူကာတစ်ဖက်လှောင်အိမ်ထဲထည့်ပြီး လှောင်အိမ်နှစ်ကြား လမ်းလေးကို  ပိတ်လိုက်တယ်။မေမေ ချင်ရှီလာက မွေးထားတာ သိပ်မကြာသေးတာမလို့.ကလေးကို တအားကာကွယ်နေပုံရတယ်။ဘယ်သူ့ကိုမှ ပေးမကြည့်ဘူး။ဒါကြောင့် အိတ်ချ်ခမျာ အနိုင်ကျင့်ခံရပုံပေါ်တယ်။

Yandai Xie Jie No.10 myan translation(​ဆေးတံလမ်း အမြတ်​၁၀)Where stories live. Discover now