" ဟိုမုန့်က အသစ်ထွက်ပြန်တာပဲ...၊
ငါ့ဝယ်ကျွေးပါ့လား "
ကန်တင်းက စားပွဲခုံနှစ်ခုကို သူတို့ပိုင်သကဲ့သို့မှတ်ယူ
ပြီး နှစ်ခုံဆက်ဝိုင်းထိုင်နေကြသည့် ဂျင်ကလည်အုပ်စု။
လက်ညှိုးညွှန်ကာ စိတ်ဝင်တစားပြောလာသော
Kaiအပြောကြောင့် Sehunလည်း ဝတ်ကျေတန်း
ကျေလှည့်ကြည့်ပေးလိုက်ပါသည်... ... ...။
ပြီးတော့...အင်းအင်းပေါ့...။
" ဟင်... မင်းက အင်းအင်းပဲလား "
" အဲ့ဒါဆို အဲအဲလို့ပြန်ပြောရမှာယား "
သိလျက်သားနှင့်တမင်ညစ်ပတ်နေသော Sehunကို
မျက်စောင်းထိုးလိုက်ရင်း... ရည်ရွယ်ရာကို မရရအောင်
ပြန်ချီတက်သည်။
" ငါ စားချင်လို့ပါSehunရ...
မင်းကလဲကွာ...အချင်းချင်းကိုဝယ်ကျွေးစမ်းပါ "
Sehun သက်ပြင်းချလာသည်။ မုန့်ထုပ်တွေဘက်ကို
ချက်ချင်းလှည့်မကြည့်သေးဘဲ စားပွဲခုံအစွန်းကိုသာ
ခပ်တွေတွေငေးစိုက်ကြည့်နေ၏။
သိတယ်မလား...ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက မင်းသားတွေ ဆုံးဖြတ်ချက်တစ်ခုချတော့မည်ဆိုလျှင်
လုပ်လိုက်ကြတဲ့အမူအရာတစ်မျိုး... ... ...။
ရိုက်ချင်စရာကောင်းတာကို ပိုးစိုးပက်စက်ကိုဝန်ခံမိပေ
မယ့်...မုန့်တစ်ထုပ်စားရလဲ နည်းလားဟူသော
အတွေးနှင့် Kai အောင့်အီးသည်းခံပစ်လိုက်သည်။
" အပြာရောင်လား... အနီရောင်လား "
ဟောဟော...မေးလာပြီ။ Kai ဝမ်းသာအားရပြန်ဖြေ
လိုက်ပါ၏။
" အပြာရောင်...အပြာရောင် "
" အဲ့ဒါက အချိုအရမ်းများတယ်လို့စောနကကျောင်းသူ
တွေပြောနေကြတာ ငါကြားလိုက်ရတယ်... "
" အဲ့ဆို အနီကွာ...အနီ...အနီ...အနီထုပ်ဝယ်ကျွေး "
" ငါက ကျွေးမယ်ပြောမိလို့လား "
သူကပဲ စိတ်တိုသွားသည့်ပုံနှင့် လေသံပီပီသသနဲ့ကို
ရန်ထောင်လာသော Sehunကြောင့်... Kai
သွေးကြောတွေတောင်ထောင်တက်ချင်လာသည်။
" အဲ့ဒါဆို...ဘာလို့ဝယ်ကျွေးတော့မယ့်ပုံနဲ့
ငါ့ကိုမေးနေတာလဲ...၊
ထူးထူးဆန်းဆန်းဖြစ်အောင်!!! "
" အဲ့လိုပြောကြေးဆို ဝယ်ကျွေးခိုင်းတဲ့မင်းကမှ
ထူးဆန်းတာ၊ ငါ ဘယ်တုန်းကဝယ်ကျွေးဖူးလို့
ငါ့လာဝယ်ကျွေးခိုင်းနေတာလဲ...!!! "
ဘာမှရေရေရာရာမရှိပဲ စကားများနေကြသော အငယ်
နှစ်ယောက်၏သတ်ပွဲကို နားညည်းလာသော Layက
ထိုင်ရာမှထသွားကာ... မုန့်ထုပ်တွေကိုအထုပ်လိုက်
ယူလာပြီး စားပွဲခုံပေါ်လာပုံ၏...။
မနက်ကတည်းက အိပ်ရေးမဝလို့စိတ်ရှုပ်ရသည်က
တစ်မျိုး...၊ ဟုတ်တိပတ်တိလည်းမဟုတ်ဘဲ အကြီး
အကျယ်ရန်ထောင်နေကြသော ထိုနှစ်ယောက်ကြောင့်
နားညည်းလာရသည်ကတစ်မျိုးနှင့်... ... ...။
ထိုကျတော့ အကုန်လုံး မုန့်ထုပ်တွေကို ကပျာကယာ
ပြန်သွားထားကြရသည်။ ဒါတောင်...Chenက
တစ်ထုပ်ကိုစားပါမည်ဟုဆိုကာ ယူထားသောကြောင့်
Suhoက အတင်းပြန်တောင်းထားရ၏။
သူတို့အဖြစ်ကို ပတ်ဝန်းကျင်ကမြင်လျှင်တော့ သနားစရာ...ကြေကွဲစရာလေးတွေပေါ့... ... ...။
မဟုတ်...မဟုတ်...
ကျောင်းသားသစ်တွေရောက်လာသောကြောင့်
ထိုင်ခုံကြေးတွေကောက်ချင်ကောက်နေနိုင်သည်ဆို
သော သံသယနှင့် မရှိဟန်ဆောင်နေကြခြင်းဖြစ်သည်။
ကျောင်းအုပ်ကြီးက မကောက်ပါဘူးဟုဘယ်လောက်
ပြောပြော မယုံနိုင်ပေါင်...။
ကြိုတင်ကာကွယ်ထားပါမှ တော်ကာကျလိမ့်မည်လေ။
မုန့်ထုပ်ဇာတ်က ဒီတွင်ရပ်သွားသည်မဟုတ်...။
Taoက နံဘေးက သူ့geဘက်ကို ကိုယ်ကိုအနည်း
ငယ်တိုးရွှေ့လိုက်ရင်း... ... ...
" Kris ge... အဲ့မုန့်လေးဝယ်ကျွေးပါ့လား "
ခပ်တည်တည်လှမ်းကြည့်လာသည်။
အတော်ကြာမှ..."ငါ့ကိုဝယ်ကျွေးခိုင်းတာလား" တဲ့။
ဒီတစ်ယောက် စကားပြောလျှင် ချက်ချင်းreplyလုပ်
ပေးနိုင်ပါကသိပ်ကောင်းမည်ဟု Taoထင်သည်...။
အခုက ကိုယ်ပြောပြီး... ကိုယ်ပြောတဲ့စကားတောင်
ကိုယ်မေ့လောက်တဲ့အချိန်မှ အိပ်မက်ယောင်သူ
တစ်ယောက်လို ဝိုးတိုးဝါးတားပြန်ပြောသည်... ... ...။
" အွန်းပေါ့... ဝယ်ကျွေးမယ်လို့ပြောပလိုက်စမ်းပါ "
မျက်စိပေါက်ပိတ်သွားသည်အထိ ပြုံးလာရင်း ချစ်စရာ
ကောင်းအောင်ပြောလာသော Taoကြောင့် Kris
ခပ်အမ်းအမ်းဖြစ်သွားရင်း... ... ...
" အင်း...အင်း...ဝယ်ကျွေးမှာပေါ့... "
အလဲ့... Tao တို့ လက်သီးလက်မောင်းတွေတောင်
တန်းမိတော့မလိုကိုဖြစ်သွားတာ။
မုန့်ထုပ်လေးတစ်ထုပ်အတွက်ဖြစ်ပျက်နေကြသော
ဂျင်ကလည်တွေရဲ့စကားသံတွေကိုကြားနေရသော
အဒေါ်ကြီးကတော့... ငါ ရှောရှောရှူရှူနှစ်ထုပ်လောက်
လက်ဆောင်ပေးပစ်လိုက်ရမလားဟုပင် တွေးလိုက်မိ
သည်အထိ... ... ...။
" အဲ့ဆို ဝယ်ကျွေး... "
" ဟင်? တကယ်ဝယ်ကျွေးရမှာလား "
ကမန်းကတန်းထမေးလာသော Krisကို Tao မျက်
မှောင်ကြုတ်ကြည့်လိုက်မိသည်။
" အဲ့ဆို... ကျွန်တော်က စကားသင်ချင်လို့
Geကိုပြောခိုင်းနေတာလား... "
" တကယ်ကြီးကျွေးခိုင်းတယ်မှမထင်တာ... "
" လုပ်ပါဗျာ... ကျွန်တော် ဝါးချင်လို့ပါ... "
" ဝါးချင်ရင် ge စက္ကူလုံးပေးမယ်...၊ဝါးနေ... "
" မုန့်မဟုတ်တာတွေဝါးနေရအောင် ကျွန်တော်က နွားလား! "
" မင်းသာနွားဆို... ငါအရင်မီးဖိုပေါ်တင်ပြီး
ကင်စားပလိုက်ပြီ...၊အခုခေတ်မှာအသားစားရနည်း
လား... "
သူငယ်ချင်းအချင်းချင်းသံယောဇဉ်ကြီးစွာဆိုလာသော
Baekhyun က အခုပင် Taoကိုကင်စားချင်လာ
သည့်ပုံနှင့် လျှာတွေသပ်လာသည်...။
တယ်...ပေါင်မုန့်နဲ့ကောက်ရိုက်ပစ်ချင်လိုက်တာ...
ငါ့ပေါင်မုန့်လေး ပဲ့သွားမှာစိုးလို့ဟု တွေးလိုက်ရင်းဖြင့်
သာ Tao ကိုယ့်ဒေါသကိုယ်ပြန်မြိုချလိုက်ရသည်။
ထိုသို့ထိုသို့ဖြစ်ပျက်နေကြသည်ကို ခပ်လှမ်းလှမ်းမှ
အကဲခတ်နေသော အရာရှိကြီး၏သား အနည်းငယ်
တော့ တွေဝေသွားသည်။
သူ့အဖြစ်က အလိုလိုနေရင်း သားအဖြစ်သို့ရောက်သွား
ပေမယ့်... သူ့ကိုတွေ့တာတောင် တောင်းပန်ခြင်း
ဘာခြင်းမရှိသည့် ထိုဆယ့်နှစ်ယောက်သည်
ကျောင်း၏ ဂျင်ကလည်တွေတဲ့လား... ... ...။
သူများတွေနှင့်မတူဟူသောအချက်ကို ယခုမိနစ်ပိုင်း
လေးအတွင်း လေ့လာကြည့်မိတာနှင့်ပင် အသေအချာ
ကိုသိလိုက်ရပါပြီ။
ပတ်ဝန်းကျင်ကိုဂရုပင်မစိုက်ဘဲ သန်ရာသန်ရာတွေသာ
ပြောနေကြသော ထိုဆယ့်နှစ်ယောက်က
ကျောင်းရဲ့လောင်းကျော်တွေပေါ့... ... ...။
သူတို့ကလည်း လောင်းကျော်...
ကိုယ်ကလည်း နေရာတစ်ခုရောက်နေသည့်သူ...။
ဂရုစိုက်စရာလိုသလားဟု ခပ်ချီချီတွေးပစ်လိုက်ရင်း
တစ်ယောက်တည်း ထိုဆယ့်နှစ်ယောက်ရှိရာဆီ
လျှောက်သွားလိုက်သည်...။
" ဟေး...ဒီမှာ "
အနားသို့ရောက်သည်နှင့် အစွန်ဆုံးကတစ်ယောက်ကို
လက်နှင့်ပုတ်လိုက်သည်။ လှည့်ကြည့်လာသော
မျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးက နှာတစ်ချက်ရှုံ့လိုက်
ရင်း ရှုတည်တည်ပြန်ကြည့်လာ၏... ... ...။
" ငါ... မင်းတို့ကိုသတိလာပေးတာ... "
" အာ... မလိုချင်သေးပါဘူးခဗျ...
ပြန်ယူသွားလိုက်ပါဦး "
အမ်??? နောက်နေတာလား...ဘာလား...။
သတိလာပေးတာကို မယူချင်သေးဘူးဆိုပြီးပြောနေတာ
က...။
ကြည့်လိုက်တော့လည်း အရိုးခံမျက်ဝန်းလေးနဲ့...
ရိုရိုကျိုးကျိုးကိုပြောပြီး သူ့လူတွေဘက်အာရုံပြန်ရောက်
သွားသည်။
" ဒီမှာ... ငါဘယ်သူလဲဆိုတာ မသိဘူးလား "
ပြန်လှည့်လာပြီး ခေါင်းစခြေဆုံးကြည့်လာသည်။
နောက်မှ... သွားတွေအကုန်ပေါ်အောင်ပြုံးပြလာရင်း...
" Yoon Jung Soon... "
အမယ်... သိတော့သိသားပေါ့...။
အင်းလေ...သိရမှာပေါ့၊ သူက ဘယ်လောက်နာမည်
ကြီးတဲ့သူမို့လို့လဲ။
ဘဝင်က ခပ်မြင့်မြင့်ပင်ဆန်တက်လာသည့်အခိုက်...
ထိုကျောင်းသားဆက်ပြောလာသည်က...
" ကျောင်းသားရင်ထိုးကိုငုံ့ကြည့်ဖို့ရာအထိ လည်ပင်း
မရှည်ဘူးဆိုရင် ကျွန်တော့်ကိုလာအကူအညီတောင်း
လိုက်ပါ့ဗျာ...၊ ခဗျားနာမည်ကိုခဗျားမေ့နေတဲ့အချိန်
တိုင်း ကျွန်တော်ဖတ်ပေးပါ့မယ်၊
ကျွန်တော်ကတော့ ကျွန်တော့်ကတ်ကျွန်တော်ပြန်မြင်ရ
တယ်...Park Chan Yeol တဲ့... "
ထိုတော့မှ သူ့နာမည်ကိုသိရခြင်း၏အကျိုးသည် သူနာမည်ကြီးခြင်းကြောင့်မဟုတ်ဘဲ... ကျောင်းသား
ရင်ထိုးကတ်ကြောင့်ဆိုတာသိလိုက်ရသည်။
နာမည်ဖတ်ပြပေးတာတောင် လူကိုကောသွားသေး
သည့် Park ChanYeol ဆိုသူက...သူ့ရင်ဘတ်
ပေါ်က နာမည်ကတ်လေးကို ငုံ့ကြည့်ကာ လက်ညှိုးနှင့်
တတောက်တောက်ထိနေရင်း Park Chanyeol
Park Chanyeolဟု တီးတိုးထပ်ခါထပ်ခါရေရွတ်
နေသေးသည်... ... ...။
သို့ပေမယ့်... သူ့ရင်ဘတ်ပေါ်က ကျောင်းသားကတ်
နာမည်က Park Chanyeolမဟုတ်...၊
Xiao Luhan တဲ့။
ကိုယ်ပဲမျက်စိအမြင်မှားသလားဟု ပြူးပြဲကြည့်သည့်
တိုင်...Xiao Luhanပါပဲ...။
ဘယ်နှယ့် Xiao Luhan နာမည်ကြီးထင်းနေတာ
ကို Park Chanyeolဟုဖတ်ပြနေသည်မသိ။
ကိုရီးယားစကားမတတ်ဘဲ အထက်တန်းအထိရောက်
လာမည်တော့မဟုတ်လောက်ပါ... ... ...။
ဇဝေဇဝါဖြစ်နေခိုက်...
" ဘာPark Chanyeolလဲ...
အဲ့ဒါ ငါ့နာမည်ကတ်ကြီးကို... ဘယ်အချိန်ကကောက်
တွယ်သွားတာလဲ "
ပေါင်မုန့်ကို ဗလုံးဗထွေးဝါးနေရင်း ပြောလာသော
မျက်နှာနုနုနှင့်ကောင်လေးစကားကြောင့်...
Park Chanyeolဆိုသူ သူ့ကျောင်းသားရင်ထိုး
ကတ်ကိုသူပြန်ငုံ့ကြည့်သည်။ နောက်မှ...
" Luhanက အရပ်ပု လည်ပင်းတိုတော့...
ကျောင်းသားရင်ထိုးကိုမြင်ရမှာမဟုတ်ဘူးလေ...၊
အဲ့တော့ ကျွန်တော်ကတပ်ထားပေးပြီး တာဝန်ကျေပွန်
ပေးတာ... "
" ကိုယ့်ကျောင်းသားရင်ထိုးကို အားနေပြန်ငုံ့ကြည့်ရ
အောင် ငါကမင်းလိုဂေါက်နေတဲ့သူလား...၊
ပြီးတော့ ကိုယ့်ကိုကိုယ်ပြန်မေ့ရအောင် သူများတွေလို
ငါကအရူးလား... "
ဟာ...ဒါတော့ ကိုယ့်ကိုသက်သက်ထိတာ။
သူက သူ့ကိုယ်သူဘယ်သူလဲလို့ လက်ပုတ်လာမေးထား
တာမလား။ Luhanဆိုသူကို ပေါက်ကွဲပစ်လိုက်မည့်
အတွေးနှင့် လှမ်းကြည့်လိုက်တော့...ထိုသူ့ရင်ဘတ်မှာ
လည်းကျောင်းသားနာမည်ရင်ထိုးကတ်လေးနှင့်ပဲ။
ဟင်? နာမည်ကတ်က Wu YiFan...။
" Wu YiFan ဆိုတာက? "
ခပ်စူးစူးအကြည့်ပိုင်ရှင်နှင့်တစ်ယောက်က လက်ကို
ထောင်ပြလာရင်း... ... ...
" It's me... "
မသိရင် သူ့ကိုနိုင်ငံခြားinterviewတစ်ခုမှာ
မေးခွန်းထုတ်ဖို့ ခေါ်လိုက်သည့်အတိုင်း...ခပ်တည်တည်နှင့် it's me တဲ့...။
ဟိုးဘက်နားစွန်းစွန်းရောက်နေသည်ကြောင့်
ရင်ထိုးကတ်ကို မရရအောင်ငုံ့ဖတ်ကြည့်လိုက်ရသည်။
" Kim Jong In... "
" Wae? "
ခပ်တည်တည်မျက်နှာပိုင်ရှင်နှင့်တစ်ယောက်၏နာမည်
ကတ်ကိုအသံထွက်ဖတ်လိုက်မိတော့...ပြန်ထူးလာ
သည်က တစ်ယောက်... ... ...။
ယခုတစ်ယောက်ကိုတော့ သူ သိသည်၊ မုန့်ထုပ်အသစ်
ကို ဝယ်ကျွေးခိုင်းနေသောကောင်လေး...။
မုန့်မစားရသည်မှာ သူ့ကြောင့်ဖြစ်နေသည့်အလား
မှုန်ကုပ်ကုပ်နှင့်သူ့ကို ပြန်ထူးနေသည်။
အရာရှိကြီးသား မျက်လုံးကိုသာစုံမှိတ်ချလိုက်ရသည်။
သေချာပေါက်...ထိုကျောင်းသားရင်ဘတ်က နာမည်
ကတ်ပြားသည်လည်း Kim Jong In မဟုတ်နိုင်။
တခြားတစ်ယောက်နာမည်သာဖြစ်နိုင်လောက်သည်။
ဘယ်လိုစိတ်ကူးစိတ်သန်းတွေနှင့် နာမည်ကတ်တွေကို
အမှန်အတိုင်းမတပ်ကြသည်မသိ... ... ...။
အရာရှိသား မိမိနာမည်ကိုမိမိခပ်တိုးတိုးရေရွတ်ကြည့်
သည်။
" Yoon Jung Soon...
Yoon Jung Soon... "
ဟူး...တော်ပါသေးသည်။ ကိုယ့်နာမည်လေးကိုယ်
မှတ်မိနေလို့သာပေါ့။
သက်ပြင်းကိုကြိတ်ချလိုက်ရင်း အရာရှိသားပျော်မြူးသွား
၏... ... ...။
သူ ပျော်မြူးရိပ်သန်းသွားသည်ကို ဂျင်ကလည်ဆယ့်နှစ်
ယောက်က နားမလည်နိုင်သလိုမော့ကြည့်နေကြသည်။
သူတို့ကြောင့် ကိုယ်ကရူးရတော့မယ့်အဖြစ်ကိုတော့
သိကြမှာမဟုတ်...။
မဖြစ်...လိုရာကိုအမြန်ဦးတည်မှပါပဲ...။
" အဟမ်း... မင်းတို့တစ်တွေ မနက်ပိုင်းတုန်းက
ငါ့ကိုပြောလိုက်ကြတာမှတ်မိလား... "
သူ့မေးခွန်းအဆုံးတွင် Luhanက လုပ်ပြန်ပြီ၊
မေးပြန်ပြီဟုခပ်တိုးတိုးရေရွတ်လာသည်။
ဟိုဒီစဉ်းစားနေကြသည့်ပုံလေးတွေလုပ်ပြလာပြီးနောက်
ခေါင်းခါပြလာကြ၏... ... ...။
သူတို့မသိရင်လည်း ကိုယ်ပဲပြောပြရတာပေါ့။
" မင်းတို့တစ်တွေ မနက်ကငါ့ကို မင်းတို့သားလို့
ပြောလိုက်ကြတာလေ... "
ရှူးရှူးရှားရှားပြောလိုက်မိပေမယ့် ချက်ချင်းမသိကြ
သေးသလို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်
ကြသည်။
ထိုအခိုက်မှာပင်... မနက်က အခန်းတွင်းအခန်းပြင်
အမေးအဖြေလုပ်ခဲ့သောကျောင်းသားက...
ဝမ်းသာအားရပြုံးရွှင်သွားသည့်ပုံနှင့် စားပွဲကိုတစ်ချက်
ပုတ်ပစ်လာရင်း...
" အာ... ပြောင်းလာမယ်ဆိုတဲ့
အရာရှိကြီးရဲ့သား...ကျောင်းသားသစ်...!!! "
စူးနေသောအော်သံကြောင့် အနားကကျောင်းသူ
ကျောင်းသားတွေအကုန်လုံးလိုလို၏ အာရုံက
သူတို့ဆီရောက်လာကြသည်... ... ...။
အခြေအနေကိုအကဲခတ်နေကြသည့်ပုံတွေနှင့် ဝိုင်း
ကြည့်နေကြသည့်ကျောင်းသူကျောင်းသားတွေ၏
အကြည့်တွေက ယခုပင်ကျောင်းအုပ်ကိုပြေးခေါ်ကြရ
မည့်ပုံတွေ... ... ...။
ထိုကဲ့သို့ အခြေအနေလေးတစ်ခု... Peter Pan
အထက်တန်းကျောင်း၏ ကန်တင်းလေးထဲတွင်
ရာသီဥတုသာယာသောနေ့ခင်းတစ်ခု၌ ဖြစ်ပွားသွားခဲ့
လေသည်... ... ...။
*°*°*°*°*° JGL °*°*°*°*°*
#TBCပါခဗျ
စွန်းတည်ငြိမ်တဲ့ ကျွန်တော့်အတွက် ဒီbabyလေး
စဉ်းစားရတာသိပ်ဦးနှောက်စားတာပဲ...။
အဲ့တော့ကာ...
ကျွန်တော့်ဦးနှောက်လေး ဖလန်းဖလန်းဖြစ်သွားအောင်
အားဆေးပေးခဲ့ကြရင် သိပ်ပျော်ရွှင်မိမှာပဲ။
ချစ်ခြင်းများစွာဖြင့်ပါ... ... ...
---29.3.2018 Thu---