Mistakes!
By yuisdreamyforest
397K 26.6K 183
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘ... More
{ep:1}
{ep:2}
{ep:3}
{ep:4}
{ep:5}
{ep:6}
{ep:7}
{ep:8}
{ep:9}
{ep:10}
{ep:11}
{ep:12}
{ep:13}
{ep:14}
{ep:15}
{ep:16}
{ep:17}
{ep:19}
{ep:20}
{ep:21}
Mistakes!*Final*
PERFECT💙(Special Extra)
{ep:18}
14.4K 857 8
By yuisdreamyforest
'ညီ ဒါလေးဝယ်ရအောင်'
ပြောလာတဲ့သူ့အသံကြောင့်ညီလှည့်ကြည့်လိုက်တော့couple apronလေးပင်
'Apronကဘာလုပ်ဖို့လဲကျွန်တော်မှဟင်းမချက်တတ်တာ'
'အင်းလေ ညီကမချက်နဲ့ကိုယ်ပဲချက်မယ် ညီကအဲ့Apronလေးဝတ်ပြီး ကိုယ်ဟင်းချက်နေရင်ကိုယ့်ကိုအနောက်ကနေဖက်ထားလေ'
Apronလေးကိုင်ကာစိတ်ကူးယဉ်ဆန်ဆန်ပြောလာတဲ့သူ့ပုံစံကိုကြည့်ရင်းညီရယ်လိုက်မိသည် ကလေးလေးလိုမျက်လုံးတောက်တောက်လေးတွေနဲ့ပြောလာတဲ့သူ့စကားကိုမငြင်းပယ်ရက်ပါ
'အင်းဝယ်လေ ဒါပေမဲ့ကျွန်တော်ခါးတော့မဖက်နိုင်ဘူးနော်'
ပြောလာတဲ့သူ့စကားကိုလက်တွန်းလှည်းထဲကိုApron၂ထည်ကိုထည့်နေရင်းက
'အဲ့အချိန်ကျရင်ညီဖက်ချင်သွားမှာပါ လာမုန့်တွေသွားဝယ်ရအောင်'
ခပ်တည်တည်နဲ့သူပြောချင်တာပြောပြီးအရှေ့ကနေထွက်သွားတာကြောင့်ညီခေါင်းလေးခါကာရယ်မိပြန်သည် ဒီလူကြီးကိုစကားပြိုင်ပြောလို့ကတော့သူရှုံးမှာအမှန်ပင် လူလည်ကြီး
'ဒါလေးယူမယ် ဒါလေးရော'
'အာ စတော်ဘယ်ရီတွေညီကြိုက်တယ်မလား'
Coupleခွက်တွေအသုံးအဆောင်ပစ္စည်းတွေဝယ်လိုက်မုန့်တွေအသီးတွေဝယ်လိုက်နဲ့လက်တွန်းလှည်းထဲမှာလည်းပြည့်လျှံလို့ ၂ယောက်တည်းစားမှာကိုဘာလို့အဲ့လောက်တောင်ဝယ်နေမှန်းမသိ
ကြည့်!အခုလည်းစတော်ဘယ်ရီသီး၃ဘူးလောက်ကိုထပ်ထည့်ပြီးအာလူးကြော်ထုပ်တွေကိုပါတပွေ့တပိုက်ယူလာကာထည့်ဖို့ပြင်နေတာကြောင့်
'တော်ပြီလေ အများကြီးကုန်လို့လား'
သူပြောတော့အာလူးကြော်ထုပ်တွေကိုပွေ့ထားရင်းနဲ့လက်တွန်းလှည်းကိုတစ်ချက်ကြည့်လိုက်သူ့လက်ထဲကအာလူးကြော်ထုပ်တွေကိုတစ်ချက်ကြည့်လိုက်သူ့ကိုသနားကမားရုပ်လေးနဲ့ကြည့်လာလိုက်နဲ့မို့
'ဒါနောက်ဆုံးပဲနော်'
ပြောပြီးသူ့favoriteအာလူးကြော်ထုပ်တွေကိုလှည်းထဲထည့်ကာCashierဘက်ကိုဦးတည်လိုက်လေတော့သည် ကြာရင်City Martတစ်ခုလုံးကမုန့်တွေကိုအကုန်ဝယ်မယ့်ကိန်း
'ကျွန်တော်ဝိုင်းသယ်ပေးမယ် ပေး'
အထုပ်တွေအများကြီးကိုတစ်ယောက်တည်းဆွဲထားရသည်မှာသက်သာလှမည်မဟုတ်
'ဟာ မသယ်နဲ့လေးတယ်ကိုယ်ပဲသယ်မယ်'
'မဟုတ်တာပေးပါကျွန်တော်နိုင်ပါတယ်ဆို'
'မသယ်ပါနဲ့ညီရယ်လေးပါတယ်ဆို'
'လေးလည်းဘာဖြစ်လဲကျွန်တော်ယောက်ျားလေးပါမိန်းကလေးမှမဟုတ်တာအဲ့လောက်တော့သယ်နိုင်ပါတယ်'
သူစူအောင့်အောင့်ပုံဖမ်းကာပြောလိုက်တော့သက်ပြင်းဖွဖွကိုချကာလူကိုကြည့်လာလေသည်
'ကိုယ်ကညီယောက်ျားလေးမှန်းလည်းသိတယ်မိန်းကလေးလိုသဘောထားလို့မသယ်ခိုင်းတာလည်းမဟုတ်ဘူးဒီတိုင်းညီ့ကိုမပင်ပန်းစေချင်လို့ပါ'
ခေါင်းလေးငုံ့ကာစိတ်မကောင်းသလိုလေးပြောလာပြန်တော့ဒီကလူကမနေနိုင်
'အင်း ပြီးရော အဲ့ဒါဆိုလည်းကိုယ့်ဘာသာသယ်'
သူပြောလိုက်တော့ခေါင်းမော့ကာပြန်ကြည့်လာပြန်တာမို့
'သူလေးနေမှာစိုးလို့စေတနာနဲ့သယ်ပေးမလို့ကို'
မကြားတကြားပြောမိတော့သူရယ်သည် မျက်ဝန်းစူးစူးတွေနဲ့စိုက်ကြည့်ကာနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီးကြည့်နေတာမို့ညီမနေတတ်စွာနဲ့
'အမြန်လာလေ အထုပ်တွေအများကြီးနဲ့ကိုသူ့ကိုယ်သူအာနိုးများထင်နေလားမသိဘူး'
အရှေ့ကနေပွစိပွစိပြောကာ ကော့တော့ကော့တော့လျှောက်နေတဲ့အဖိုးကြီးပေါက်စလေးနောက်ကိုအထုပ်တွေသယ်ရင်းပြေးလိုက်ရလေတော့သည် မပြေးလို့လည်းမရအဖိုးကြီးပုစိလေးကိုကျွန်တော်ကြောက်ရသည်လေ
'အင်း ပင်ပန်းလိုက်တာ'
'ညီပင်ပန်းနေရင်ခဏနားလိုက်လေ ကိုယ်ညစာပြင်ပြီးမှခေါ်လိုက်မယ်'
အထုပ်တွေကိုထမင်းစားပွဲပေါ်မှာတင်နေတဲ့သူ့ကိုကြည့်လိုက်ပြီး
'ရပါတယ် အရမ်းကြီးမပင်ပန်းပါဘူးညစာကအခုချက်တော့မှာလား ကျွန်တော်ဝိုင်းလုပ်ပေးမယ်လေ'
'အာရပါတယ်ဆိုကိုယ်ချက်မယ် ညီပင်ပန်းနေတယ်မလား သွားနားတော့သွား'
မီးဖိုချောင်ထဲကနေလူကိုအတင်းကာရောနှင်လွှတ်နေတော့တာကြောင့်
'အင်း ဒါဆိုလန်းသွားအောင်ရေအမြန်ချိုးလိုက်မယ် ပြီးရင်လာကူပေးမယ်'
'ရပါတယ်ဆိုညီရာအေးအေးဆေးဆေးနေ ဒါတွေကိုယ်လုပ်ပါ့မယ်ဆို'
'မရပါဘူး ဝိုင်းလုပ်ပေးပါ့မယ်ဆိုဗျာ'
အနည်းငယ်စူပုတ်ချင်နေပြီဖြစ်တဲ့ကလေးစုတ်လေးကိုအသည်းယားစွာဆံပင်တွေကိုဆွဲဖွရင်းသူ့ပခုံး၂ဖက်ကိုကိုင်ကာ
'အင်းပါ အင်းပါညီ့သဘောအတိုင်းပါ ဟုတ်ပြီလား'
အဲ့တော့မှသွားတန်းလေးတွေပေါ်အောင်ချစ်ဖို့ကောင်းစွာရယ်ပြရင်းခေါင်းလေးငြိမ့်ပြလေသည်
'ကဲ သွားတော့ ရေအကြာကြီးမချိုးနဲ့နော်ညီ အအေးပတ်မယ်'
'အိုကေ'
Ok signလေးလုပ်ပြကာအခန်းထဲကိုပြေးဝင်သွားတဲ့ညီ့ကိုကြည့်ရင်းသူပြုံးလိုက်မိသည် ဒီကောင်လေးဟာကျွန်တော့်အသည်းကိုဘယ်လိုခြွေယူရမလဲသိနေသလားပဲ
အချစ်ပိုအောင်လုပ်နိုင်လွန်းတယ်ညီ
ဒေါက် ဒေါက်!!!
'ညီ ကိုယ်ဝင်လာမယ်နော်'
ဘာမှပြန်ပြောသံမကြား ရေချိုးနေတာအခုထိမပြီးသေးဘူးလားမသိ ဒီကလေးဟာပြောစကားကိုနားမထောင်နေမကောင်းဖြစ်ပါ့မယ်ဆို
သူအခန်းထဲဝင်ပြီးရေချိုးခန်းတံခါးကိုခေါက်ကာ
'ညီ!!!ညီ'
'ဗျာ'
'မပြီးသေးဘူးလား ကြာလှပြီ'
'ပြီးပြီ ပြီးပြီခဏလေး'
'အင်း မြန်မြန်လုပ်'
'ဟုတ်'
ကြည့်!သူလုပ်ချင်တာလုပ်နေရရင်အသံလေးကိုက ရေကြိုက်တဲ့ညီကရေချိုးရင်အရမ်းကြာမှန်းယောက္ခမကြီးပြောပြခဲ့တာအခုမှတကယ်ကိုယ်တွေ့ပင်
သူတံခါးရှေ့မှာတဘက်ကိုင်ကာစောင့်နေလိုက်သည် အတန်ကြာမှတံခါးလေးဖွင့်ကာထွက်လာလေသည် လူကိုတွေ့တော့ဆူမှာစိုးလို့ထင်ပါရဲ့အရင်ဆုံးသွားလေးတွေဖြဲကာအစွမ်းကုန်မျက်နှာချိုသွေးနေတော့သည်
'မြန်မြန်ချိုးပါဆိုတာကိုပြောစကားနားမထောင်ပါလားညီ'
ရေစိုစိုဆံပင်တွေကိုတဘက်နဲ့သုတ်ပေးရင်းကသူပြောတော့
'ဟီး ကြာသွားမှန်းမသိလိုက်ဘူး'
ကဲ ဘယ်လိုဆက်ဆူရတော့မတုန်းဒီကလေးကို
Bathrobeအဖြူစွတ်စွတ်ကိုဝတ်ထားပြီးတဘက်အဖြူကြီးကိုလည်းခြုံထားသေးတဲ့အပြင်ရေချိုးထားကာစမို့မျက်နှာနုနုလေးမှာလည်းအနည်းငယ်နီရဲရဲလေးဖြစ်နေတာကြောင့်ညီကအနှီးထဲမှာထုပ်ပိုးထားတဲ့ကလေးပေါက်စနလေးနဲ့အလားတူစွာဖြစ်နေတာကြောင့်သူရယ်လိုက်မိတော့ကိုယ့်wardrobeအရှေ့မှာအင်္ကျီရွေးနေရင်းကလူကိုလှည့်ကြည့်လာလေသည်
'အဲ့ဒါဘာလုပ်နေတာလဲ'
မျက်မှောင်လေးကြုံ့ကာမေးလာလေတာကြောင့်
'ဟမ်!ကိုယ်မတ်တပ်ရပ်နေတာလေ'
သူကြောင်အမ်းအမ်းနဲ့ပြန်ဖြေလေတော့
'ဘာလို့ဆက်ရပ်နေသေးတာလဲလို့'
'ဟမ်!ညီ့ကိုစောင့်နေတာလေ'
သူ ညီဘာကိုပြောချင်နေမှန်းနားမလည်
'ဟာ အပြင်မှာထွက်စောင့်လေဗျာ ကျွန်တော်အင်္ကျီဝတ်မလို့ကို'
'ဪ ဝတ်လေ ကိုယ်မျက်စိမှိတ်ထားပေးမယ်'
လက်စသတ်တော့ခင်ဗျားလေးကအပြင်ကိုထွက်စေချင်နေတာပေါ့ ဟားဟား ညီရယ်ရှက်နေပြန်ပြီလားကွာ သူစနောက်ကာပြောလိုက်တော့လူကိုဘုကြည့်ကြည့်လေသည်
'ပြောတာပဲ ပြီးရင်ချောင်းကြည့်မှာများ'
ခပ်တည်တည်နဲ့ပြောချပလိုက်တဲ့ညီ့စကားကြောင့်စပ်ဖြဲဖြဲဖြစ်နေတဲ့ကိုယ်တောင်ဘာပြောရမှန်းမသိဖြစ်သွားရသည်
'ဟာ ညီကလည်းချောင်းကြည့်စရာလား ကြည့်ချင်ပေါ်တင်ကြည့်မှာပေါ့'
'ဘာ!!!'
ဒေါသထွက်နေတဲ့ညီ့ပုံလေးကအရမ်းချစ်ဖို့ကောင်းတာရယ် အဲ့ဒါကြောင့်အချိန်တိုင်းညီ့ကိုစချင်နေမိတာ ရှက်နေရင်လည်းအသည်းယားဖွယ်အတိ ဒါပေမဲ့ညီကလူလည်လေး သူမနိုင်တော့ရင်ကျွန်တော်မကြိုက်တဲ့သူ့မျက်ရည်တွေနဲ့လူကိုအနိုင်ပိုင်းပြီ ချစ်စရာအသည်းယားစရာလူလည်လေး
'ညီကလည်းနောက်၂ပတ်လောက်ဆိုလက်ထပ်တော့မှာပဲဟာအခုကြိုမြင်ရတော့လည်းဘာဖြစ်မှာမို့လို့လဲ နော့် ကိုယ့်ဘာသာဝတ်စရာရှိတာဝတ်ပါကိုယ်ဘာမှမလုပ်ဘူးဒီတိုင်းလေးပဲရပ်နေမှာ'
လူယုတ်မာကြီး လူကိုသက်သက်မဲ့လာစနေတာ အဲ့စပ်ဖြဲဖြဲရုပ်ကြီးကိုငါနော်ကိုက်ပစ်လိုက်ရ!
'ဟင်းတူးနံ့ရတယ် ဟင်းချက်လို့ပြီးပြီလား'
သူပြောလိုက်တော့ပြူးပြူးပျာပျာနဲ့
'ဟမ် ကိုယ်တော့မရပါဘူး'
'ဟာ ဒီလောက်တူးနေတဲ့အနံ့ကို'
'ဟုတ်လား သွားပြီကိုယ်ဟင်းတစ်မျိုးပဲချက်ရသေးတာ တူးပြီလားမသိဘူး'
မျက်စိပျက်မျက်နှာပျက်နဲ့ပြောလာတာကြောင့်ရယ်ချင်စိတ်ကိုမနည်းထိန်းရင်း
'အမြန်သွားလေ တူးသွားရင်ဘယ်လိုလုပ်မလဲ'
သူခပ်ပျာပျာပြောလိုက်တော့အခန်းထဲမှအမြန်ပြေးထွက်သွားလေသည် ညီဘုန်းမြတ်ကိုဒီလိုလာလုပ်လို့ရမလား ကိုယ်လည်းသူနဲ့ချစ်သူဖြစ်ပြီးမှဉာဏ်နီဉာဏ်နက်တွေကိုထွက်လို့ မထွက်လို့လည်းမရအဲ့လူကြီးကစကားအရမ်းတတ်တဲ့လူလည်ကြီးပါဆို လူကိုဆိုသူစစရာလို့ထင်နေလားမသိ
ညီအခန်းတံခါးကိုlockချလိုက်လေသည် တကယ်ထင်ပြီးပြေးသွားတဲ့သူ့ကိုတော့အားနာမိသော်ငြား ကိုယ်ချစ်တဲ့သူရှေ့မှာအင်္ကျီလဲဖို့ကြီးကတော့ကိုယ့်အတွက်အဆင်မပြေနိုင်သေးတာမို့
'ညီ စားလို့ကောင်းရဲ့လား'
ညီမေးလာတဲ့သူ့စကားကိုကြက်သားအချိုချက်တစ်တုံးကိုကိုက်ဖဲ့နေရင်းကနေခေါင်းလေးငြိမ့်ပြလိုက်လေသည်
'အင်း အင်းများများစား'
မုန်လာဥနီကြိုက်တဲ့ညီ့ပန်းကန်ထဲကိုအစိမ်းကြော်ထဲကမုန်လာဥနီတွေကိုရွေးကာထည့်ပေးပြန်သည်
ကြက်သားအချိုချက်နဲ့အစိမ်းကြော်၂မျိုးထဲဆိုပေမဲ့ညီ့အတွက်အတော်ကိုစားလို့ကောင်းနေလေသည် ဒီလူကြီးစားဖိုမှူးလုပ်ရမှာ
မင်းခန့်ညားအရှေ့ကပလုတ်ပလောင်းစားနေတဲ့ညီ့ကိုပြုံးရင်းနဲ့ကြည့်နေမိသည်လက်၂ဖက်ကသာဇွန်းနဲ့ခက်ရင်းကိုကိုင်ထားတာသူ့ထမင်းပန်းကန်ကဒီအတိုင်းလေးပဲ
ညီ့ကိုကြက်သားအရိုးဖယ်ပေးရတာနဲ့အရွက်ကြော်ထည့်ပေးရတာနဲ့မုန်လာဥနီရွေးပေးရတာနဲ့တင်သူ့ဗိုက်ဝသွားလေပြီ အာ ရှိသေးတယ်အဆီပေနေတဲ့နှုတ်ခမ်းပုစိကိုသုတ်ပေးရတာနဲ့ဟုတ်နေတာပဲ
'အား ဗိုက်ကြီးတင်းသွားတာပဲ'
ဗိုက်ကိုလက်၂ဖက်နဲ့ကိုင်ကာခုံနောက်မှီကိုမှီရင်းပြောလာတဲ့ညီ့ကိုကြည့်ကာသူကြည်နူးစွာပြုံးမိပြန်သည်
ဆီအပူတွေခံလက်တွေဓါးရှခံပြီးကြိုးစားထားခဲ့ရသမျှအရှေ့ကဗိုက်လေးကိုလက်နဲ့ကိုင်ကာချစ်ဖို့ကောင်းစွာပြုံးပြနေတဲ့ညီ့မျက်နှာလေးကိုမြင်ရရုံနဲ့တင်ကျေနပ်နိုင်ပါပြီ
'ဟင် ဘာမှလည်းမစားရသေးဘူး'
သူ့ထမင်းပန်းကန်ကိုကြည့်ကာပြောလာတော့သူလည်းထမင်းပန်းကန်ကိုငုံ့ကြည့်လိုက်လေသည်
'စားလေ ဗိုက်ဆာနေမှာပေါ့'
ညီ့မျက်လုံးဝိုင်းဝိုင်းလေးတွေကိုစိုက်ကြည့်ကာ
'ကိုယ်သိပ်မဆာဘူးညီရ ညီစားတာကိုကြည့်တာနဲ့တင်ဗိုက်ပြည့်သွားပြီ'
'အပိုတွေ'
'တကယ်ပါဆို'
သူပြန်ပြောတော့လူကိုပိုရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်ကာဘေးနားကခုံမှာလာပြောင်းထိုင်လေသည်
'ကျွန်တော်စားတာနဲ့တင်ဝပြီဆိုပေမဲ့လည်းစားရမယ်ဗိုက်ထဲမှာအအေးတစ်ခွက်ပဲရှိတာကို ရော့ ဟ'
ကြက်သားတုံးကိုအနည်းငယ်ဖဲ့ကာထမင်းပန်းကန်ကိုကိုင်ရင်းဇွန်းကိုသူ့ပါးစပ်နားလာတေ့လေရဲ့ သူပါးစပ်ဟပေးလိုက်တော့ထမင်းလုတ်ခပ်ကြီးကြီးကပါးစပ်ထဲဝင်လာလေသည်
'ကျယ်ကျယ်ဟ ကလေးအတိုင်းပဲထမင်းကိုဆိုမစားချင်ဘူး'
အရွက်ကြော်ထည့်လိုက် ကြက်သားဖဲ့လိုက် ပါးစပ်ထဲကိုလာထည့်လိုက်နဲ့လူကိုထမင်းခွံ့ကျွေးနေတဲ့ညီ့ကိုပြုံးကာကြည့်ရင်းသူ့စိတ်တိုင်းကျကလေးလေးတစ်ယောက်လိုသူလုပ်သမျှကိုငြိမ်ခံနေလိုက်တော့သည် ပွစိပွစိနဲ့လူကိုထမင်းခွံ့နေတဲ့ကလေးပေါက်စကြောင့်နေ့တိုင်းညီထမင်းခွံ့အောင်သူထမင်းမစားဘဲနေမိမယ်ထင်တယ်
'အာ ကျယ်ကျယ်ဟပါဆို ရော့အရွက်လည်းစားလေ'
ညီဘုန်းမြတ်လုပ်သမျှကိုပြုံးပြုံးကြီးငြိမ်ခံပြီးအကုန်ခေါင်းငြိမ့်လိုက်လျောနေတဲ့မင်းခန့်ညားရဲ့အချစ်ကိုတစ်ခါတလေတော့အားကျမိပါရဲ့လေ...
Continue Reading
You'll Also Like
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
180K 19.8K 77
5.9K 732 30
"ယောက်ယောက် နင်သာဆိုရင်ရော ကျွမ်းကျင် ဂိမ်းကစားသမားတစ်ယောက်နဲ့တွဲမလား?" ထုံယောက်က အလောတကြီးပြန်မဖြေခင်မှာ ခဏတာစဥ်းစားလိုက်တယ်... "တကယ်လို့ ငါသာဆိုရင...