Mistakes!

By yuisdreamyforest

397K 26.6K 183

ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘ... More

{ep:1}
{ep:2}
{ep:3}
{ep:4}
{ep:5}
{ep:6}
{ep:7}
{ep:8}
{ep:9}
{ep:10}
{ep:11}
{ep:12}
{ep:13}
{ep:14}
{ep:15}
{ep:16}
{ep:18}
{ep:19}
{ep:20}
{ep:21}
Mistakes!*Final*
PERFECT💙(Special Extra)

{ep:17}

15.5K 926 4
By yuisdreamyforest

'မေမေ ဒါသားပြောတဲ့သားချစ်သူဆိုတာ'
မင်းခန့်ညား ညီ့လက်လေးကိုကိုင်ထားရင်း ပြောလိုက်လေသည်

'မင်းနာမည်ဘယ်လိုခေါ်လဲကောင်လေး'

'ကျွန်တော့်နာမည်ညီဘုန်းမြတ်ပါအန်တီ'

ညီဘုန်းမြတ်ကြောက်စိတ်ကြောင့်လက်တွေပါအေးစက်နေသည် သူ့ဖေဖေနဲ့သူ့အစ်မလင်မယားကတော့ကိုယ့်ကိုသဘောကျပုံရပါသည်ဘာမှဝင်မပြော ဒါပေမဲ့သူ့မေမေကလူကိုဝါးစားမတတ်ကြည့်နေတာမို့ညီဘုန်းမြတ်တစ်ယောက်ဇောချွေးပင်ပြန်ချင်နေပြီ

'အန်တီ့သားကပြောမရဆိုမရဆိုတော့အန်တီသားကိုပဲပြောမယ်မင်းခန့်ညားနဲ့ဆက်ပြီးချစ်သူတွေလိုမနေပါနဲ့'

'မေမေ!'
သူအလန့်တကြားနဲ့အော်လိုက်ကာညီ့ကိုကြည့်လိုက်တော့ ငိုမဲ့မဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုကြည့်လာတာမို့သူဝင်ပြောမှရတော့မည် ညီမျက်ရည်ကျမှာကိုဘယ်လိုပဲဖြစ်ဖြစ်မလိုချင်ပါ

'မေမေတို့လက်မခံနိုင်လည်းသား ညီနဲ့ဆက်တွဲမှာပဲမေမေ သားညီ့ကိုချစ်တယ် မေမေတို့သားတို့ချစ်ခြင်းကိုလက်မခံနိုင်ရင်လည်းသားကိုသာအမွေဖြတ်လိုက်တော့ လာညီသွားမယ်'
လက်ကိုဆွဲကာမတ်တပ်ထရပ်တဲ့သူ့ကြောင့်ညီကြောင်တောင်တောင်လေးနဲ့မတ်တပ်ရပ်လိုက်မိသည်

'မင်းခန့်ညား ဒါဘာအချိုးချိုးတာလဲ အခုပြန်ထိုင်စမ်း!'
ထွက်လာတဲ့သူ့မေမေစကားကိုမကြားချင်ယောင်ဆောင်ကာထွက်သွားဖို့လုပ်နေတာကြောင့်ညီသူ့လက်ကိုဆွဲကာတားလိုက်မိသည် ပြဿနာကိုဒီလိုဖြေရှင်းလို့မှမရဘဲ

'အန်တီပြောနေတယ်လေ ပြန်ထိုင်လိုက်ပါ နော်'
သူတောင်းဆိုသလိုလေးပြောလိုက်တော့မထိုင်ချင်ထိုင်ချင်နဲ့ပြန်ထိုင်လေသည် ဂျစ်တစ်တစ်နဲ့ခေါင်းမာတတ်တယ်ဆိုတာသူအခုမှပဲယုံတော့သည် ကိုယ်နဲ့ဆိုအဲ့လိုမဟုတ်တာကြောင့်တစ်ခါမှသူ့ရဲ့ဒီလိုပုံစံကိုမမြင်ဖူးခဲ့ပါ ကျွန်တော့်အချစ်ကတကယ်ကလေးဆိုးကြီးပဲ

'ငါပြောတာဆုံးအောင်နားမထောင်ဘဲထွက်သွားမယ်ပေါ့ နင်တော့နော် ငါထုမိတော့မယ်'
သူ့မေမေပြောနေတာကိုဂရုမစိုက်ဘဲစူပုတ်ပုတ်လုပ်နေတာကြောင့်ညီဘုန်းမြတ်မှာသူ့ကိုကြည့်ပြီးရယ်ရအခက်ငိုရအခက်

'ငါ နင်တို့ကိုဆက်မတွဲဖို့ပြောတာက'

'အဲ့ဒါကိုပြောတာလေ မေမေကဘာလို့သားတို့ကိုလမ်းခွဲခိုင်းနေတာလဲ'

'ဟဲ့အကောင် အံမယ်လေး နင့်ကိုပြောရတာငါမောတယ် ဆုံးအောင်နားထောင်လို့ပြောနေတယ်လေ'
သူ့မေမေကရင်ဘတ်ကိုဖိရင်းပြောလေသည် သူ့အစ်မတို့လင်မယားကတော့သူ့ကိုကြည့်ရင်းခေါင်းခါနေကြသည်

'ဟင်း နင်တို့ကိုချစ်သူလိုဆက်မနေနဲ့ဆိုတာ'
ပြန်ပြောချင်နေတဲ့သူ့ကိုအတင်းတားထားရသည်

'ယူလိုက်ကြတော့လို့ပြောမလို့ဟဲ့'

'ဟမ်!'
၂ယောက်သားပြိုင်တူရေရွတ်လိုက်မိသည် အခုဘာပြောလိုက်တာ

'ဟုတ်တယ်သား မင်းတို့၂ယောက်ရဲ့သတင်းကိုလူတွေကတောပြောတောင်ပြောနဲ့ဆိုတော့၂ယောက်စလုံးအတွက်မကောင်းဘူး အဲ့တော့အဖေတို့အနေနဲ့သားတို့၂ယောက်သာတကယ်မေတ္တာရှိရင်လက်ထပ်စေချင်တယ်'

'ဖေဖေတကယ်ပြောနေတာလား'
သူ့ဖေဖေကခေါင်းငြိမ့်ပြတာမို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပျော်ရွှင်စွာပြုံးလိုက်မိသည် လုံးဝမထင်ထားခဲ့တာပါဒီအခြေအနေကို

'သားကမမမြတ်ရဲ့သားဆို အန်တီနဲ့မမမြတ်ကအရမ်းခင်တာညီအစ်မတွေလိုပဲ မတွေ့တာတောင်ကြာပြီဟိုတစ်နေ့ကတွေ့မှစကားစမြည်ပြောရင်းနဲ့သားမှန်းသိတာ'
ဟာ Mommy!အဲ့ဒါကြောင့်ဒီနေ့ဟိုဘက်ကမိဘတွေနဲ့သွားတွေ့မယ်ဆိုတော့ခပ်ပြုံးပြုံးဖြစ်နေတာကို သူ့ကိုကျတော့ဘာမှမပြောပြဘူး

'ဟုတ်ကဲ့အန်တီ'

'အင်း သားကိုတော့အားနာပါတယ်သားရယ် အန်တီ့သားကဆိုးတယ်ရယ်ပြောစကားနားမထောင်တာပဲကြည့် အန်တီ့သားအဆိုးအဆာကိုသားကိုအပ်ပါတယ်ကွယ်'

'ဟာ မေမေကလည်းဘာတွေလျှောက်ပြောနေတာလဲ ကျွန်တော်ကလိမ္မာပါတယ်ဟုတ်တယ်မလားညီ'
လူကိုမျက်နှာချိုသွေးကာပြောလာတာကြောင့်ညီဘုန်းမြတ်အပြုံးလေးနဲ့ခေါင်းငြိမ့်မိလေသည် ဒီလူကြီးအရမ်းချစ်ဖို့ကောင်းလာတာလည်းအခက်သား

'ကျွတ် ကျွတ်ငါ့မောင်တော့အတော်ရောဂါကျွမ်းနေတာပဲ လိုချင်တာပူဆာရင်တောင်အချေကြီးနဲ့ပြောတဲ့လူကအခုကျတော့လည်း  ညီဘုန်းမြတ်မောင်လေးအရမ်းတော်တယ်Amazingပါ'

'ဟာ အစ်မနင်တိတ်တိတ်နေ!'

'အဲ့ဒါပဲကြည့်သားရေ အိမ်ကလူတွေကိုဆိုအဲ့လိုရန်ထောင်လိုက်ရမှ'
ထွက်လာတဲ့သူ့မေမေစကားကြောင့်အိမ်သားတွေအကုန်လုံးရယ်လိုက်မိတော့သည်
ဟိုစူပုတ်နေတဲ့လူကြီးကလွဲရင်ပေါ့ တွေ့နေကျမင်းခန့်ညားရဲ့ပုံစံမျိုးမဟုတ်ဘဲကျွန်တော်မသိတဲ့အခြားတစ်ဖက်ခြမ်းကသူ့ရဲ့ဒီလိုချစ်ဖို့ကောင်းတဲ့ဂျစ်တစ်တစ်အမူအကျင့်လေးတွေကိုကျွန်တော်မြင်ချင်ပါသေးသည်

'ဟူး'
ညီဘုန်းမြတ်တစ်ယောက်သက်ပြင်းမောကိုချလိုက်လေသည် ပစ္စည်းအသစ်တစ်ခါထုတ်ခါနီးတိုင်းအလုပ်များတာကြောင့်သူအခုထိအိမ်မပြန်ရသေးပါ ညကover timeဆင်းထားရသည်မို့လူကနွမ်းနေလေသည် ဟိုလူကြီးကောသူ့လိုအလုပ်တွေများနေမလားမသိ

Knock knock~

'ဝင်ခဲ့ပါ'

'ဆရာ လူတစ်ယောက်ကဆရာ့ကိုတွေ့ခွင့်တောင်းနေလို့ပါ'
အတွင်းရေးမှူးမလေးရဲ့စကားကြောင့်

'ဘာကိစ္စလဲ'

'သူကပစ္စည်းလာပို့တာလို့ပြောပါတယ်ဆရာ'

'ဟမ်!'
သူလည်းဘာမှမမှာထားဘဲနဲ့ဘယ်ကပစ္စည်းတုန်း

'အင်း ဝင်လာခိုင်းလိုက်ပါ'

'ဟုတ်ကဲ့'

ညီဘုန်းမြတ်တစ်ယောက်Designစာရွက်တွေကြည့်နေရင်းကဝင်လာတဲ့သူကိုကြည့်လိုက်တော့မျက်နှာစိမ်းဖြစ်နေတာကြောင့်

'ဒီက ကိုညီဘုန်းမြတ်ဆိုတာလားခင်ဗျ'

'ဟုတ်ကဲ့ ကျွန်တော်ညီဘုန်းမြတ်ပါ'

'ဟုတ်ကဲ့ ကျွန်တော်deliveryလာပို့တာပါခင်ဗျ ဒီမှာလက်မှတ်လေးတစ်ချက်လောက်ထိုးပေးပါ'

'ကျွန်တော်ဘာမှမမှာထားမိဘူးထင်တယ် လူမှားနေတာလား'

'ကိုညီဘုန်းမြတ်ဆီကိုပို့ပေးဖို့ကျွန်တော်တို့ဆိုင်ကိုမှာထားလို့ပါ ဒီမှာလက်ခံရရှိကြောင်းလက်မှတ်လေးတစ်ချက်လောက်ထိုးပေးပါ'

ညီဘုန်းမြတ်ကြောင်တောင်တောင်လေးနဲ့လက်မှတ်ထိုးပေးလိုက်လေသည်

ထိုလူထွက်သွားပြီးနောက်နှင်းဆီပန်းအိုးတွေကိုင်ကာဝင်လာတဲ့လူတွေကြောင့်ညီဘုန်းမြတ်အလုပ်ထိုင်လုပ်နေရင်းကနေမျက်လုံးပြူးသွားလေသည်
တစ်ယောက်ပြီးတစ်ယောက်နှင်းဆီပန်းအရောင်မျိုးစုံကိုကိုင်ကာဝင်လာတာကြောင့်ညီဘုန်းမြတ်ရဲ့ရုံးခန်းတစ်ခုလုံးလည်းပန်းခင်းကြီးလိုဖြစ်နေလေပြီ
ရှယ်ယာဝင်တစ်ယောက်ယောက်များဝင်လာလို့ကတော့ညီဘုန်းမြတ်ပန်းတွေရောင်းပြီးစီးပွားရေးပြောင်းတော့မှာလားလို့မေးမှာသေချာတယ်

ညီ နှင်းဆီပန်းရောင်စုံလေးတွေကြားလျှောက်သွားရင်းခြေစုံရပ်ကာပတ်ပတ်လည်ကပန်းလေးတွေကိုကြည့်နေတုန်းရှိသေး ပြန်ဝင်လာတဲ့ခုနကလူကညီ့ကိုအဝါရောင်နှင်းဆီပန်းတစ်စည်းကိုပေးလာပြန်လေတာကြောင့်ညီကြောင်တောင်တောင်လေးနဲ့ယူလိုက်လေသည်

အခန်းတွင်းမှာသင်းပျံ့လာတဲ့ပန်းရနံ့တွေကြောင့်ညီ့နှုတ်ခမ်းပါးလေးမှာအပြုံးလှလှလေးတစ်ခုပေါ်ပေါက်လာလေသည်

နွမ်းနယ်နေတဲ့စိတ်တွေပင်ပန်းနေတဲ့စိတ်တွေဟာအနည်းနဲ့အများတော့သက်သာသွားသလိုပင် ပန်းစည်းလေးကိုပိုက်ထားရင်းပန်းအိုးတွေကြားထဲထိုင်ချလိုက်လေသည်

ရင်ခွင်ထဲကနှစ်သက်ရပါသောအဝါရောင်ပန်းစည်းလေးအားနမ်းရှိုက်ရင်းသူပြိုင်ကိုယ်ပြိုင်လှနေတဲ့ပန်းလေးတွေကိုကြည့်လိုက်လေသည် သူတို့ရဲ့ဖြူစင်တဲ့လှပခြင်းကအပြုံးတစ်ခုပေါ်ပေါက်လာအောင်ဖန်တီးနိုင်စွမ်းသည် ပန်းလေးတွေကြားထဲမှာထိုင်နေရင်းသူ့လက်တွေကပန်းပွင့်လေးတွေကိုထိကစားနေမိသည်

မင်းခန့်ညား ပန်းပွင့်ဖပ်လေးတွေကိုထိကိုင်ကာသဘောကျနေတဲ့ကောင်လေးကိုတံခါးဝကနေကြည့်နေမိသည် သူကြည့်နေမှန်းမသိလောက်အောင်ပင်ထိုပန်းများကညီ့ကိုဆွဲဆောင်ထားနိုင်သည်ထင်ပါ့ အချိန်အတန်ကြာမှသူ့ကိုစိုက်ကြည့်နေတာကိုသတိထားမိသည်ထင်ပါရဲ့လူကိုမျက်လုံးအပြူးသားလေးနဲ့ကြည့်လာလေသည်

'ကိုမင်းခန့်ညား ဘယ်တုန်းကရောက်နေတာလဲ'
နှင်းဆီပန်းပွင့်တွေကြားထဲမှာလှချင်တိုင်းလှနေတဲ့ သူ့အပိုင်ပန်းပွင့်လေးဆီကိုသူလျှောက်သွားလိုက်လေသည်

'ကိုယ်ရောက်နေတာကြာပြီ ညီကသူတို့လေးတွေဆီအာရုံရောက်နေလို့'

'ဟီး အင်း အရမ်းသဘောကျလို့ လှတယ်မလားအဲ့ပန်းဆိုင်ကလေမမှာထားဘဲနဲ့ပန်းတွေအများကြီးလာပို့ ဟမ်!နေဦး'
ညီကတစ်ခုခုကိုတွေးမိဟန်နှင့်သူ့ကိုကြည့်လာကာ

'ဒီပန်းတွေကိုပို့တာ ကိုမင်းခန့်ညားမလား'
လူကိုမျက်ဝန်းလေးကျဉ်းကာစူးစမ်းသလိုလေးမေးလာတဲ့ကောင်လေးကိုအသည်းယားစွာနဲ့ဆံပင်တွေကိုဆွဲဖွလိုက်ရင်း

'ဟုတ်တယ်မလားကျွန်တော်မေးတာ'

'သိဘူး'

'ဟာတွေ့လားအကျင့်ပုတ် တစ်စည်းဆိုရပြီကိုအခုအများကြီးပဲ ပိုက်ဆံတွေများကြီးကုန်သွားလား'

'ညီသဘောကျလား'

'ဟင်'

'ဒီပန်းလေးတွေကိုသဘောကျလားလို့'
ညီဘုန်းမြတ်အခန်းထဲကပန်းလေးတွေကိုမျက်လုံးလေးဝေ့ကြည့်ကာခေါင်းလေးငြိမ့်ပြလိုက်လေသည်

'အင်း ညီသဘောကျဖို့ပဲအရေးကြီးတယ်ကျန်တာဘာအရေးလဲ ကိုယ့်ပိုက်ဆံတွေကုန်သွားလည်းဒီကCEOလေးကကိုယ့်ကိုတာဝန်ယူမယ်မလား'

'အိုးဟိုး အပိုင်တွက်ထားတာပါလား'

'ဒါပေါ့ ကိုယ်ကဘယ်သူမို့လဲညီဘုန်းမြတ်ရဲ့ချစ်သူပဲဟာ'

'ဝေါ့ ဘာမှလည်းမဆိုင်ဘူး'

သူစိုက်ကြည့်နေတာမို့ထင်ပါရဲ့နားရွက်ဖျားလေးတွေနီရဲလာကာခေါင်းလေးငုံ့သွားတဲ့ကောင်လေးကြောင့်သူ့မှာအချစ်ပိုရပြန်သည်

'ညီ့ကိုပေးစရာရှိတယ်'

'ဟင် ဘာလဲ'

'ရော့ ဒီမှာ'
ပေးလာတဲ့ဘူးသေးသေးလေးတစ်ခုကြောင့်ညီသူ့ကိုကြည့်လိုက်ရင်း

'လက်ဆောင်လား ဒီနေ့Anniversaryလည်းမဟုတ်ဘဲနဲ့'

'အင်းဒီတိုင်းညီ့ကိုပေးချင်လို့ ဖွင့်ကြည့်လေညီ'

ညီနှင်းဆီပန်းစည်းလေးကိုပိုက်ထားရင်းကနေဘူးလေးကိုဖွင့်လိုက်တော့အထဲမှာနောက်ထပ်ဘူးသေးသေးလေးတစ်ဘူး

သူ့ကိုကြည့်လိုက်တော့ဆက်ဖွင့်လေဆိုတဲ့သဘောနဲ့မေးငေါ့ပြလေသည် ညီထိုဘူးသေးသေးလေးကိုထပ်ဖွင့်လိုက်တော့အနည်းငယ်သေးတဲ့ဘူးလေးတစ်ခု

'ဒါနောက်ဆုံးဘူးလား'
ညီသိချင်စွာမေးလိုက်တော့ခေါင်းငြိမ့်ပြလေသည်

ထိုနောက်ဆုံးဘူးအနီလေးကိုဖွင့်လိုက်တော့အထဲမှာတွေ့လိုက်ရတဲ့လက်စွပ်မောင်းကွင်းလေးကြောင့်ညီလက်စွပ်လေးကိုကိုင်ရင်းသူ့ကိုအကြောင်သားနဲ့ကြည့်လိုက်မိတော့သူကပြုံးရင်း

'ကိုယ့်ကိုလက်ထပ်ခွင့်ပေးပါညီ'
ပြောလာတဲ့သူ့စကားကြောင့်ညီပါးစပ်လေးဟကာအံ့သြနေရင်းကနေ ခေါင်းလေးငြိမ့်ကာလက်ခံလိုက်လေသည်

'ဒီနေ့ကစပြီးညီကကိုယ့်ရဲ့လူဖြစ်သွားပြီ'
ဘယ်ဖက်လက်သူကြွယ်ကိုလက်စွပ်ဝတ်ပေးရင်းပြောလာတဲ့သူ့ကြောင့်ညီမျက်ရည်အဝဲသားနဲ့ပြုံးလိုက်မိသည်

'ဟာ ညီမငိုနဲ့နော် ပျော်လို့ငိုတာဆိုလည်းမငိုနဲ့ကိုယ်ညီငိုတာမကြိုက်ဘူး'
ကြည့်!ပျော်လို့ငိုတာတောင်ငိုခွင့်မပေးတဲ့အထိကျွန်တော်မျက်ရည်ကျမှာကိုမလိုလားတဲ့သူ့ကိုကျွန်တော်ကြာလေကြာလေရူးသွပ်စွာချစ်လာမိလေပဲ

'မဟုတ်ပါဘူးညကအလုပ်လုပ်ထားတာအိပ်ငိုက်လို့သမ်းလိုက်လို့ပါ ဟွန်းproposeလုပ်တာကလည်းသူများအလုပ်လုပ်ထားရလို့လူရုပ်မပေါက်တဲ့အချိန်ကျမှရွေးလုပ်ရလား'
အပြစ်တင်ချင်တာကနည်းနည်းကလေးဆန်စွာသူ့ကိုဆိုးချင်မိတာကများများဆိုတာသူသိပါလေစ

'ဟာ အလုပ်လုပ်ထားလို့လူရုပ်မပေါက်တာတောင်ဒီလောက်လှနေတဲ့ချစ်သူကိုရထားတာကိုယ်တော်တော်ကံကောင်းတာပဲ'

'အပိုတွေ လူကိုဘာလှတာလဲ ချောတာဗျခန့်ချောချောတာ'
နဖူးခပ်ကျဉ်းကျဉ်းနဲ့ မျက်နှာသေးသွယ်သွယ်လေး ဝိုင်းစက်နေတဲ့သူ့မျက်လုံးလှလှလေးတွေ နှာတံပေါ်ပေမဲ့ နှာတံလေးကအနည်းငယ်တိုကာလုံးလုံးလေးဖြစ်နေလေသည် နောက်ပြီး ယောက်ျားလေးတစ်ယောက်မှာရှိသင့်တာထက်ပိုလှနေတဲ့သူ့နှုတ်ခမ်းပါး
အင်း ခြုံငုံကြည့်ချင်းအားဖြင့် ကျွန်တော်ပြောသလိုလှတာမျိုးမဟုတ်ဘဲ သူပြောသလိုခန့်ချောကြီးလို့ပဲထားပါတော့လေ

'ဟုတ်ပါပြီကိုယ့်ရဲ့ခန့်ချောလေးရယ် အိပ်ချင်နေတာမလား လာကိုယ့်ပခုံးကိုမှီပြီးခဏအိပ်လိုက်'
သူပခုံးကိုပုတ်ပြရင်းပြောတော့လူကိုပြုံးပြုံးလေးနဲ့ကြည့်နေလေရဲ့

'ဘာလဲကိုယ့်ကိုအရမ်းကြွေသွားပြီမလား'
သူစနောက်ကာပြောလိုက်တော့စပ်ဖြဲဖြဲလေးနဲ့ခေါင်းလေးငြိမ့်ကာပါး၂ဖက်ကိုသူ့လက်ဖဝါးသေးသေးလေးတွေနဲ့ဆုပ်ကိုင်လာတာကြောင့်မင်းခန့်ညားကြောင်သွားရသည်

'ပြွတ်စ်!အဲ့ဒါအရမ်းတော်လို့ဆုချတာ'
အခုမှရှက်ကိုးရှက်ကန်းလေးနဲ့ပြောလာတဲ့ညီ့ကိုစဖို့ပြင်တော့

'တော်ပြီ စကားမပြောနဲ့တော့ကျွန်တော်အိပ်ပြီ'
သူ့ပခုံးပေါ်ခေါင်းတင်ကာပြောလာတဲ့ညီ့ကြောင့်သူရယ်လိုက်မိလေသည် ငလည်လေး ခေါင်းလေးစောင်းကာညီ့နဖူးလေးပေါ်တံဆိပ်ခတ်မိတော့ငြိမ်နေလေသည် အရမ်းချစ်တယ်ညီ

ညီဘုန်းမြတ်နဖူးပေါ်ကျရောက်လာတဲ့သူပေးတဲ့အနမ်းကိုကျေနပ်စွာခံယူရင်းသူဝတ်ပေးထားတဲ့လက်စွပ်လေးကိုကြည်နူးစွာကြည့်နေမိတော့သည်

ပန်းပွင့်လေးတွေကြားပခုံးပေါ်ခေါင်းလေးမှီပြီးအိပ်ပျော်နေတဲ့ကောင်လေးကိုထုံးစံအတိုင်းငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိနေခဲ့လေသည်။

Continue Reading

You'll Also Like

692K 30.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
2.2M 161K 79
ကလဲ့စားချေချင်တဲ့ စိတ်နဲ့ ရည်းစားဟောင်းတူဖြစ်သူကို လက်ထပ်ခဲ့တဲ့ "ဇွဲထည်ယံရှင်း" ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်ရသူက ထင်သလိုမဟုတ်တော့ အရာအားလုံးစွန့်လွှတ်ခ...
3.4M 278K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
21.3K 1.7K 15
"အကို မရှိတဲ့ ဘဝတစ်ခုကို စိတ်ကူးနဲ့တောင်မှ မတွေးကြည့်ချင်တော့ဘူး"