'Wowအရသာရှိလိုက်တာ!'
ပလုတ်ပလောင်းလေးနဲ့လူကိုပြောလာတာကြောင့်အသည်းယားစွာဆံပင်လေးတွေကိုဆွဲဖွလိုက်မိသည်
'ဒီလိုတွေချက်တတ်လိမ့်မယ်လို့ကျွန်တော်တကယ်မထင်ထားတာ'
'အရင်ကနည်းနည်းပါးပါးပဲချက်တတ်တာ အစားမစားတဲ့ကလေးပုစိအတွက်လေ့လာထားရတာပေါ့'
'အပိုတွေ'
ရှက်နေတဲ့ညီ့မျက်နှာလေးကိုအမြတ်တနိုးကြည့်ရင်း
'တကယ် ညီ့ကိုစချစ်မိတည်းကအားလပ်ရက်ဆိုညီ့ကိုချက်ကျွေးချင်တာလေးတွေချက်ရင်းချက်ရင်းနဲ့proဖြစ်သွားတာပါဆို'
'ဟားဟား ဟုတ်ပါပြီproကြီးရယ် စီးပွားရေးပြောင်းကြည့်ပါလားတရုတ်ကြီးစားသောက်ဆိုင်တို့ဘာတို့'
'အင်း လုပ်ငန်းချဲ့ထွင်ရင်ကောင်းမလားလို့ကိုယ်တို့လက်ထပ်ပြီးမှလုပ်ငန်းထပ်ချဲ့ဦးမှပါ'
ကြည့် စကားတတ်လွန်းတဲ့လူကြီးပါဆို
'ဟာ!ဘာတွေလာပြောနေတာလား'
'တကယ်ပြောတာညီ အတွေးမမှားနဲ့နော် ကိုယ့်လိုသတို့သားလောင်းရှာကြည့် ရုပ်ရည်အဆင်ပြေတယ်အလုပ်အကိုင်ရှိတယ်ဟင်းလည်းချက်တတ်တယ်ပြီးတော့အရမ်းလည်းချစ်တတ်တယ်'
အနားနားကပ်ကာစပ်ဖြီးဖြီးနဲ့လာပြောနေပုံကိုကအမြင်ကပ်စရာကြီး
'အဲ့ဒါများသတို့သားလောင်းမရှာဘဲနဲ့သတို့သမီးလောင်းရှာလိုက်မှာပေါ့ ချစ်ဖို့ကောင်းပြီးဟင်းချက်ကောင်းတဲ့ကောင်မလေး'
သူစနောက်ကပြောလိုက်တော့မျက်နှာကြီးကစူပုတ်ပုတ်ဖြစ်သွားတာကြောင့် ညီဘုန်းမြတ်ရယ်လိုက်မိသည်
အချော့ခံချင်လို့စိတ်ကောက်ချင်ယောင်ဆောင်တာလည်းသူ့အပြင်၂ယောက်မရှိဘူး တကယ်ကလေးဆိုးကြီး
'ဒါပေမဲ့ကျွန်တော့်နှလုံးသားကိုဒီအရှေ့ကသတိုးသားလောင်းကြီးကအပိုင်သိမ်းထားတာခက်တယ်'
မင်းခန့်ညားရဲ့ချစ်သူပဲဒီလောက်တော့စကားတတ်ရမှာပေါ့ သူပြောလိုက်တော့ပြန်ပြုံးဖြီးသွားတဲ့မျက်နှာကြီးကြောင့်ညီဘုန်းမြတ်မျက်ရည်ထွက်မတတ်ရယ်လိုက်မိသည်
'ညီဘာတွေကြည့်နေတာလဲ'
သူ့စားကြည့်စားပွဲခုံပေါ်ကသူငယ်ငယ်တုန်းကပုံလေးတွေကိုကြည့်နေရင်းကကြားလိုက်ရတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့အအေးခွက်ကိုကိုင်ကာကိုယ့်ကိုကြည့်နေတာကြောင့်
'ဟင် ငယ်ငယ်တုန်းကပုံလေးတွေကြည့်နေတာ'
'ရော့ အအေးသောက်လိုက်ဦးညီ'
လှမ်းပေးတဲ့အအေးခွက်ကိုယူကာစားပွဲပေါ်တင်လိုက်ရင်းသူ့ကိုကြည့်လိုက်ကာ
'ကျွန်တော်ပြောစရာရှိတယ်'
'အင်း ပြောလေ'
ဘေးနားကခုံမှာဝင်ထိုင်ရင်းအပြုံးတစ်ခုနဲ့ပြောလာတဲ့ သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း
'အမှန်တော့ကျွန်တော့်နာမည်က ညီတစ်လုံးတည်းမဟုတ်ဘူး'
အဆက်အစပ်မရှိထွက်လာတဲ့စကားသံကြောင့်သူအနည်းငယ်ကြောင်သွားပုံပင် ထို့နောက် သူ့ကိုကြည့်ကာပြုံးရင်းခေါင်းငြိမ့်ပြသည်
'အင်း ကိုယ်ထင်တော့ထင်သား ညီမကြိုက်မှာစိုးလို့မမေးခဲ့တာ'
ညီဘုန်းမြတ်ရှေ့ဆက်ပြောဖို့အားမွေးလိုက်ရင်း
'ကျွန်တော့်နာမည်အရင်းက...'
'ညီဘုန်းမြတ်လို့ခေါ်တယ်'
သူ့စကားသံအဆုံးအံ့သြမှုတွေသူ့မျက်နှာမှာအထင်းသားဖြတ်ပြေးသွားတာကိုတွေ့လိုက်ရလေသည်
'ဟုတ်တယ် ကျွန်တော်ကညီဘုန်းမြတ်'
'ခင်ဗျားအတိတ်မှာ...သိခဲ့ဖူးတဲ့...ညီဘုန်းမြတ်'
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ကာပြောမိတော့အံ့သြမှုကလွဲကျန်တာသူ့မျက်ဝန်းမှာမရှိ ခဏအကြာကျွန်တော့်မျက်ဝန်းတွေကိုစိုက်ကြည့်နေတဲ့သူ့မျက်ဝန်းတွေမှာတွေ့လိုက်ရတာကဝမ်းနည်းရိပ်တွေ
'ညီ ကိုယ်'
'မတောင်းပန်ပါနဲ့ ကျွန်တော့်ကိုမတောင်းပန်ပါနဲ့'
မျက်ရည်ဝိုင်းနေတဲ့ညီ့မျက်ဝန်းလေးတွေကိုစိုက်ကြည့်ကာကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ကသာကြီးစိုးနေမိသည်
ကျွန်တော်ဟာညီ့ရဲ့အတိတ် တစ်စိတ်တစ်ပိုင်းမှာ သူ့ကိုနာကျင်ရအောင်ဖန်တီးခဲ့တဲ့သူပါလားကျွန်တော်သိပ်ချစ်ရတဲ့သူကိုကျွန်တော်ဟာနာကျင်အောင်ငိုကြွေးရအောင်ပြုလုပ်ခဲ့မိပါလားဆိုတဲ့အသိတရားကနှလုံးသားကိုဓားနဲ့အချက်ပေါင်းများစွာထိုးနေသလို တဆစ်ဆစ်နဲ့နာကျင်ရသည်
ဒါကြောင့်ညီကသူ့အချစ်ကိုမယုံကြည်ခဲ့တာများလားလို့တွေးမိပြန်တော့အသက်ရှူရပ်မတတ်ပင်
ညီဘာတွေကိုတွေးနေခဲ့မလဲသူမစဉ်းစားရဲပါ သူညီ့ကိုအဆုံးရှုံးမခံနိုင်ဘူး
'အမှန်တိုင်းဝန်ခံရရင်ကျွန်တော်ကြောက်နေခဲ့မိတယ် ကျွန်တော်သာညီဘုန်းမြတ်မှန်းသိသွားရင်ကျွန်တော့်ကိုမုန်းသွားမလားကျွန်တော့်ကိုဘေးနားမှာဆက်နေခွင့်ပေးပါတော့မလား အတွေးပေါင်းစုံနဲ့ကျွန်တော်ကြောက်ခဲ့မိတယ်'
စားပွဲပေါ်ကသူ၁၀တန်းတုန်းကဓာတ်ပုံကိုငေးနေရင်းကနေပြောလာတဲ့ညီ့မျက်နှာလေးကိုကြည့်နေမိသည်
'ကျွန်တော့်အတွေးတွေကပဲကျွန်တော့်ကိုနာကျင်စေခဲ့တယ်ထင်ပါရဲ့ ခင်ဗျားချစ်တယ်လို့ပြောတိုင်းမယုံကြည်နိုင်ခဲ့ဘူး ခင်ဗျားကိုထက်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိခဲ့ဘူး ကျွန်တော်ခံစားရမှာကိုကြောက်နေခဲ့တာကြောင့်'
'ညီရယ်'
ကိုယ်ဟာတကယ်မကောင်းခဲ့တဲ့သူ
ကျွန်တော့်ကြောင့်ညီ့မျက်ရည်တွေဘယ်လောက်တောင်စတေးခဲ့ရပါလိမ့်
'အခု'
သူ့ဘက်ကိုကြည့်လာတဲ့ညီ့မျက်နှာလေးမှာသူ့လိုပဲမျက်ရည်တွေနဲ့
'အခုရော ကျွန်တော့်ကိုချစ်နိုင်သေးရဲ့လား'
ကြောက်ရွံ့နေဟန်မျက်ဝန်းလေးတွေ ဘာကိုကြောက်နေတာလဲညီရယ် ကိုယ့်အချစ်ကိုအကြွင်းမဲ့ယုံကြည်ပေးပါ
'အခုမှမဟုတ်ဘူး ကိုယ်မင်းကိုအမြဲချစ်နေမှာညီ'
ညီ့မျက်ဝန်းလေးတွေကိုစိုက်ကြည့်ရင်းပြန်ဖြေမိတော့မျက်ဝန်းလှလှတို့မှာပုလဲခလေ၏
'မငိုနဲ့တော့နော်ညီ ကိုယ်တောင်းပန်ပါတယ်ကိုယ်မှားခဲ့တယ်ကိုယ်အရမ်းမှားခဲ့တယ် ကိုယ်အရမ်းမှားခဲ့တယ်ညီရယ်'
သူခေါင်းငုံ့ကာငိုကြွေးလိုက်မိသည် အခုမှချစ်တယ်ချစ်တယ်တဖွဖွပြောနေခဲ့မိတဲ့ကိုယ့်ကိုယ်ကိုယ်ရှက်ရွံ့မိသည် ညီ့မျက်ဝန်းလေးတွေကိုလိပ်ပြာသန့်သန့်နဲ့ဘယ်လိုရင်ဆိုင်ရမလဲမသိတော့ပါ
'မငိုပါနဲ့ ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်ချစ်နေရင်ပြီးပြီပေါ့ အခုအဲ့အတိတ်ကိုမေ့ပစ်လိုက်ကြရအောင်နော်'
လက်တွေကိုဆုပ်ကိုင်ကာဆိုလာတဲ့ညီ့စကားကြောင့်သူခေါင်းငြိမ့်လိုက်လေသည်
အမြဲကိုယ်ကသာအချစ်ဆုံးလို့ထင်နေမိခဲ့တာအမှန်တော့ကိုယ့်အချစ်ကမင်းကိုမမီသေးပါဘူးညီရယ်
မျက်စိအရှေ့ကကောင်လေးကတော့မျက်ရည်တွေကြားထဲကပင်အလှဆုံးပြုံးပြနေခဲ့ပါသည်
ကျေးဇူးတင်ပါတယ်အသက်ရယ် ခွင့်လွှတ်ပေးလို့ယုံကြည်ပေးလို့အခွင့်အရေးထပ်ပေးခဲ့လို့အရမ်းချစ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဒီအချိန်မှာကိုယ်ဟာမင်းမျက်ရည်တွေကိုပဲသုတ်ပေးနိုင်ပေမဲ့ ကိုယ်ကြိုးစားပါ့မယ် မင်းအပြုံးလေးတွေကိုဖန်တီးပေးနိုင်တဲ့အထိ
လူတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင်သူ့ကြောင့်ကိုယ်နာကျင်ရတာထက် ကိုယ့်ကြောင့်သူပျော်ရွှင်ရတာကိုပဲမြင်လာပါလိမ့်မယ်...