ANOTHER

Callie-D által

57.5K 6.4K 545

ဒိုဂျောင်ဆူး ခင်များက ဘယ်လိုလူမျိုးလဲ?? Több

¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿¿
¿¿¿¿¿
¿¿¿¿¿¿
Another 2

ANOTHER

4.6K 456 102
Callie-D által

"Jongin! Jongin!! ထ..ထ Kyungsoo hyung car accident ဖြစ်လို့တဲ့ ဆေးရုံက ဖုန်းဆက်တယ်!"

ဟမ်...ဟန်နီ...ဟန်နီက .....

သောက်ထားတာတွေ ဘယ်နားရောက်ကုန်သည်မသိ
လူက ပူထူသွားရသည်
ဘာ..ဘာလုပ်ရမလဲ..ဟန်နီ..ဟင့်အင်း...

"Jongin..!!ဆေးရုံလိုက်ရမယ်လေ ဘာကြောင်ထိုင်နေတာလဲ လာ..မြန်မြန်"

"အင်း...အင်း....:"

Sehunဆွဲခေါ်မှ အသိဝင်လာရသည်
ဟုတ်တယ်...ဆေးရုံကိုလိုက်ရမှာကို..

"Jongin စိတ်အေးအေးထားဦး သိပ်မထိခိုက်မိလောက်ပါဘူး မင်းက အသိစိတ်လွတ်နေရင်မဖြစ်ဘူး "

"အင်းပါ...မြန်မြန်မောင်း...ကျေးဇူးပြု၍ ဟန်နီ ဘာမှမထိခိုက်ပါစေနဲ့ "

"Car Accidentနဲ့ ရောက်လာတဲ့..."

"ဆေးရုံအုပ်ကြီးကို အရေးပေါ် operation လုပ်နေပါတယ် အပေါ်ထပ်မှာပါ "

Jonginကို သိတဲ့nurseမလေးက ပြောတာနဲ့ အရေးပေါ်ခန်းရှေ့ပြေးရသည်

Jonginရောက်တော့ operationအခန်းရှေ့ရောက်နေတဲ့ လူတစ်ယောက်..
Kai ....

သူက Jonginကိုမော့ကြည့်လာသည်
မျက်ရည်တွေနဲ့...

ဟာ..ဒီလူ...ဟန်နီက ဘာဖြစ်မှာမို့လို့ ငိုနေရတာလဲ!

Jongin ထိုလူ့ကို ဂရုစိုက်မနေတော့
Operationအခန်းကိုပဲ မြင်ရမလားချောင်းကြည့်နေမိသည်

ဟန်နီက ဘာမှမဖြစ်နိုင်ပါဘူး..

သုံးနာရီလောက်ကြာတော့
အခန်းထဲက Drကြီးက ထွက်လာသည်
မျက်နှာကမကောင်း

"ဆေးရုံအုပ်ရဲ့ နှလုံးတစ်ခုလုံးရော အခြား အစိတ်အပိုင်းတွေပါ တော်တော်ပျက်စီးသွားတယ်"

ဟင်...မဖြစ်...မဖြစ်နိုင်တာ...ဟန်နီက..ညနေကထိ...

"ဒီမှာ ဘာပဲဖြစ်ဖြစ် ရအောင်ကယ်ဖို့က ခင်များတို့တာဝန်!
ဘယ်လောက်ကုန်ကုန် ပေးမှာမို့ သူ့ကိုရအောင်ကယ်ပါ!! "

Kaiက Drကို အော်ဟစ်ကာပြောနေသည်

"အစားထိုးရလိမ့်မယ်
အခုတောင် မနည်းအသက်ကိုကယ်ထားရတယ်
အလှူရှင် တစ်ရက်အတွင်းမှာ မရနိုင်ဘူးဆိုရင်
အဆိုးဆုံးကို မျှော်လင့်ထားရလိမ့်မယ်"

ဒါဆို...

"ကျွန်တော် လှူမယ်!" "ကျွန်တော်လှူမယ်! "

ချက်ချင်းဆိုသလို ထွက်လာတဲ့ အသံနှစ်ခု

"သေချာစဉ်းစားစေချင်ပါတယ် အလှူရှင်ရဲ့အသက် ဆုံးရှုံးရလိမ့်မယ်"

"ရတယ် " "ရတယ် "

"ဒါဆို ဆေးစစ်ပါမယ် နှစ်ယောက်တည်းက တစ်ယောက်နဲ့ ကိုက်ညီမယ်ဆိုရင် လှူလို့ရနိုင်ပါတယ် "

ကျေးဇူးပြု၍ ဟန်နီ့ကို ကယ်နိုင်ပါစေ...

ဘေဘီအတွက် အစားထိုးပေးနိုင်ပါရစေ...

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

မျက်လုံးတို့က လေးပင်စွာ...

အား...နာလိုက်တာ ခန္ဓာကိုယ်​က..

ငါ..ဘာဖြစ်ခဲ့တာလဲ...

ကား...ကားတစ်စီးနဲ့...

"Kyungsoo သတိရလာပြီ!!!"

Jongdaeအသံ?

"အားလုံးကောင်းတယ် အစားထိုးလိုက်တဲ့နှလုံးက အဆင်ပြေတယ်နေမယ် "

အစားထိုးတယ်? ဒါ ..ဒါဆို...
Kyungsooလည်း ဆရာဝန်တစ်ယောက်ပဲ
သိတာပေါ့
နှလုံးအစားထိုးဖို့ဆို ထိုအလှူရှင်က...

ရုတ်တရက် ဒရောသောပါးပြေးဝင်လာတဲ့သူ

"Kai..."

"ကျေးဇူးပါ...ကျေးဇူးပါ ပြန်သတိရလာပေးလို့ "

Kyungsooလက်ကို ကိုင်ကာ မျက်ရည်တို့နဲ့ပြောလာတဲ့ Kai......

Kyungsooပြုံးလိုက်ရင်း
"မငိုပါနဲ့Kai.."

Kyungsooပြောတော့ မျက်ရည်တို့ကို သုတ်လေရဲ့

ဒါနဲ့.နေပါဦး...Jonginရော မတွေ့ပါလား...
ဒီကလေး စိတ်ဆိုးနေတုန်းပဲလား...

"ဒီမှာ ဘေဘီ "
လက်ထဲထည့်ပေးလာတဲ့ စာရွက်ခေါက်လေးတွေ

တစ်ရွက်က ဟင်!!!
နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်
Jonginရဲ့ လက်မှတ်နဲ့...

ဒါ...ဘာလို့ ...

"Jongin! Jongin အဲ့ကလေးကို ခေါ်ပေးပါ ..."

"ကျန်တဲ့စာရွက်လေးကို အရင် ဖတ်ကြည့်ပါဘေဘီ"

ကျန်နေတဲ့ စာရွက်ခေါက်လေးကို ဖြန့်လိုက်တော့

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

ခွဲစိတ်ဖို့ မိနစ်ပိုင်းအလို

"ခဏ..ခဏလောက် လူနာDoh Kyungsooနဲ့တွေ့ခွင့်ပေးပါ "

Jonginရဲ့တောင်းဆိုချက်ကို Drကြီးတွေက

"ကောင်းပါပြီ 15မိနစ် အချိန်ရပါမယ်
သူနာပြုမင် က လိုအပ်တာ ပြင်ဆင်ပေးလိုက်ပါ "

အဲ့လိုနဲ့ နောက်ဆုံး အကြိမ် ဟန်နီ့ကို တွေ့ခွင့်ရလိုက်သည်

ဟန်နီ့ကိုယ်ပေါ်မှာ
စက်ပစ္စည်းတွေရှုပ်ထွေးလို့

နာကျင်နေလား ဟန်နီ..
ခဏလေးပါ...နောက်ခဏလေးဆိုရင်
ဟန်နီ နေပြန်ကောင်းလာတော့မှာပါ

*Kim Jongin နှလုံးအစားထိုးဖို့ ကိုက်ညီပါတယ်တဲ့ *
ဝမ်းသာလိုက်တာဟန်နီရယ်...
ဟန်နီ့ကို ကယ်ခွင့်ရတော့မယ်...

Jongin ဘေးကခုံလေးမှာ ဝင်ထိုင်လိုက်ရင်း
ဟန်နီ့လက်ဖျားကလေးကို အသာထိထားလိုက်သည်

ကျေးဇူးတင်ပါတယ် ဟန်နီ
ဟန်နီ့ကြောင့် အချစ်ဆိုတဲ့အရာကို Jonginသိခွင့်ရခဲ့တယ်

ဟန်နီ ပြုံးနေတဲ့အခါ နှလုံးသားက နူးညံ့စွာခုန်လှုပ်နေတတ်ပြီး

ဟန်နီရယ်မောလိုက်ရင် Jonginပါ အတူလိုက်ရယ်မောဖြစ်ခဲ့တယ်

ဟန်နီက နာကျင်နေရင်
မျက်ဝန်းတွေက မိုးဖွဲနေတတ်ရင်
Jonginနှလုံးသားကလည်း ထပ်တူနာကျင်ခဲ့တယ်

ဟန်နီ ချစ်တဲ့အရာတွေကို လိုက်ချစ်ဖို့ကြိုးစားမိတာမျိုး
ဟန်နီ ကြိုက်တတ်တဲ့ အရာတွေကို လိုက်လုပ်မိတာမျိုး

အဲ့လို..အသေးစိတ်လေးတွေက အစလေ...

အချစ်ဆိုတာ မသိခဲ့တဲ့ကျွန်တော်က ဟန်နီ့တစ်ယောက်ကိုတော့ အတိုင်းအဆမဲ့ချစ်မြတ်နိုးမိတယ်ဟန်နီ....

တကယ်ဆိုရင်လေ *ချစ်တယ် Jongin *လို့
ဟန်ဆောင်ပြီးတောင် မပြောခဲ့တဲ့ ဟန်နီ့ကိုလေ
စိတ်လည်းဆိုးမိသလို လေးလည်းလေးစားမိတယ်

Jonginရဲ့ အချစ်ကြီးလိုက်တဲ့ ဟန်နီ ဆိုပြီး
သိပ်ဂုဏ်ယူတာ ဟန်နီ...

ဒါပေမယ့်လေ....နောက်ဘဝဆိုတာတွေမှာတော့
ဟန်နီ က အကြွေးပြန်ဆပ်ရမှာနော်

ကျွန်တော့ရဲ့ နှလုံးသားကို အကြွေးလာတောင်းမှာဗျ...

အဲ့အချိန်ကျရင် ဟန်နီကလေ
Jonginကို အရင်
အများကြီး အများကြီး ချစ်ပေးရမယ်.....
ဂရုလည်းစိုက်ပေးရမယ်....
ပြီးရင်..ပြီးရင်..ချစ်တယ် Kim Jonginလို့
Jonginကျေနပ်တဲ့အထိ ဟန်နီပြောပေးရမှာ...

ဟန်နီ့လူကြီးကို ပြောထားလိုက်ပါဟန်နီ
နောက်ဘဝအတွက် Kim Jonginက
ဦးသွားပြီမို့ နောက်ဘဝမှာ ဟန်နီ့ကို Jonginနဲ့
လာလုရင်တော့ တကယ်သတ်ပစ်တော့မှာလို့..

ပြီးတော့ Jonginကို အားမနာပါနဲ့တော့ဟန်နီ
လူ့ဘဝဟာ တိုတောင်းတယ်တဲ့
ဟန်နီ ချစ်တဲ့ လူနဲ့အများကြီး ပျော်ရွင်အောင်နေပါ
အင်း..အဲ့လိုတွေထိလိုက်ပြောနေရတာ
နာတယ် ဟန်နီရဲ့ နှလုံးသားက..

Jonginကတော့လေ သိပ်ချစ်ရတဲ့ဟန်နီကိုယ်ထဲမှာ
နှလုံးသားလေးရှင်သန်နေရတော့မှာမို့ သိပ်ပျော်နေတာဟန်နီ....

သိလား..တကယ်ဆို...အချစ်ခြင်းပြိုင်ရင်
ဟိုလူကြီးထက် Jonginက သာသွားပြီ
ဟန်နီ့ကိုယ်ထဲ ရှင်သန်နေတဲ့နှလုံးသားတစ်ခုကို
သူ ဘယ်လိုမှ မဖယ်ထုတ်နိုင်တော့ဘူး
ဒါကြောင့် ဟန်နီက အားမနာပါနဲ့
Jonginက ပျော်နေတာမို့လို့....

နောက်ဆို သတိလက်လွတ် ကားကိုမမောင်းပါနဲ့ဟန်နီ
ဘယ်သွားသွား ဟန်နီ့လူကြီးကို လိုက်ပို့ခိုင်းပါ...
ဟန်နီ အခုလိုဖြစ်သွားတော့ Jonginရင်ထဲ
ဘယ်လောက်ထိ ကမ္ဘာပျက်ခဲ့တယ်ထင်လဲ
သိပ်ဆိုးလိုက်တဲ့ဟန်နီရယ်...

ပြီးတော့ ဟန်နီ့လူကြီးကို ကြည့်ပြောပါဦး
ကျောရိုးမကြီးကင်ဆာတဲ့ တစ်ယောက်တည်း
ကြိတ်ခံစားနေတယ်..
သိပ်မစိုးရိမ်ပါနဲ့ ဟန်နီ့လူကြီးရောဂါက ပျောက်သလောက်ဖြစ်နေပါပြီ
Jonginကမှ မပြောရင် အဲ့လူကြီးက
ဟန်နီ့ကို ပြောမှာ မဟုတ်တော့ဘူး

အင်း...ခွဲစိတ်ဖို့ အချိန်တောင်မလိုတော့ဘူးပဲ ဟန်နီ..
ဟိုဟိုဒီဒီ ဟန်နီ့ကို အများကြီး ပြောချင်သေးတယ်...

ပျော်ရွှင်စွာ နေရစ်ပါ ဘဝတစ်ခုလုံးရေ...

ကျွန်တော်က
အချစ်သူရဲကောင်းကြီးKim Jonginဖြစ်တော့မှာမို့
ဟန်နီက မငိုပါနဲ့...ဟန်နီငိုရင်
Jonginနှလုံးသားက နာကျင်လာလိမ့်မယ်...

နောက်ဆုံးအကြိမ် ဟန်နီ့နှဖူးပြင်ကို နမ်းရှုံလိုက်တယ်

ချစ်တယ်......ဟန်နီ......

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

"ကျေးဇူးတင်ပါတယ် Kim Jongin "

Operationခန်းထဲ ဝင်ခါနီးတော့
Kaiဆိုတဲ့လူကြီးက Jonginအနားကိုရောက်လာသည်

"ဟန်နီ့ကို ဂရုစိုက်ပေးပါ ဘယ်တော့မှ တစ်ယောက်တည်းပစ်မထားခဲ့ပါနဲ့ ဟန်နီ့မျက်ဝန်းထဲက မျက်ရည်တစ်စက်ကျတာနဲ့ ခင်များကိုလာသတ်မှာ "

Jonginပြောတော့ ထိုလူက ခပ်ဖွဖွရယ်ချလေရဲ့
သူက ဘာမှမပြောပေမယ့် ဟန်နီ့အပေါ် သိပ်ချစ်ကြတဲ့သူတွေအချင်းချင်းမို့လို့လား
သူ့မျက်ဝန်းထဲက လေးနက်တဲ့ကတိတွေ Jonginမြင်တွေ့ရပြီးပါပြီ

Kaiထွက်သွားတာနဲ့ Jonginရဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက် ရောက်လာလေရဲ့

"Jongin..မင်း...တကယ်..ပဲ.."

Chanyeolက ရင်နင့်စွာ မေးလာတယ်

Yixingကတော့ Jonginကို တွေတွေလေးငေးလို့

Sehunကတော့ Jonginကို ကျောပေးထားပေမယ့်
ငိုနေမယ်ဆိုတာ သိပါတယ်

"အင်း...ငါ မင်းတို့ကို နှုတ်ဆက်ပါတယ် ငါ့အတွက် စိတ်မကောင်းမဖြစ်ကြပါနဲ့ ငါပျော်တာမို့လို့ "

"ငါ မင်းကို ဒီလောက်ထိချစ်တတ်သွားလိမ့်မယ်လို့မထင်ထားဘူး
Jongin မင်းအသက်ကိုတောင် ပေးရဲတဲ့အထိ Kyungsoo hyungကို ချစ်တာလား "

Yixingက မေးလာတော့ Jonginပြုံးလိုက်မိတယ်

"ငါ ဟန်နီ့ကို ဘယ်လောက်ထိချစ်သလဲ ငါမပြောတတ်ဘူး ငါသိတာ ဟန်နီ့အတွက် ငါလုပ်ပေးနိုင်တဲ့ အတိုင်းအတာအကုန် လုပ်ပေးဖို့..
အဲ့ဒီငါ့လုပ်ပေးနိုင်တဲ့အတိုင်းအတာက ငါ့ရဲ့နောက်ဆုံး အဆုံးသတ်ဖြစ်သွားရုံလေးပါ Yixing "

"ဒါပေမယ့် မင်းကသာ အသက်ပေးချစ်ပေမယ့် သူ့ကတော့
မင်းပေးတဲ့အသက်နဲ့ အခြားတစ်ယောက်နဲ့..ဟာ..ကွာ!"

Sehunက ဒေါသထွက်စွာ နံရံကို လက်သီးနဲ့ထိုးလေရဲ့

"ဟင့်အင်း..ဟန်နီ့ကို အပြစ်မတင်ပါနဲ့Sehunရယ်
ငါ့အသက်ကိုပေးတယ်ဆိုတာ ဟန်နီပျော်ရွှင်စွာနေထိုင်သွားဖို့လေ

သူအသက်ရှင်ဖို့ ငါ့ကိုယ်ငါ စတေးခဲ့ရတယ် ဆိုတဲ့စိတ်နဲ့ ဟန်နီရှင်လျက်သေလူလိုဖြစ်သွားရင် ငါပေးဆပ်တာ အဓိပ္ပါယ်မဲ့သွားမှာပေါ့

ဟန်နီ့ကိုKai Hyungက ပျော်အောင်ထားနိုင်မှာ
ဒါ ငါလိုချင်တာမို့ ဟန်နီ့ရှေ့မှာ မင်း မကျေနပ်တဲ့ပုံ နည်းနည်းလေးတောင်ပြလို့မဖြစ်ဘူးနော် Sehun
ငါ့ကို ကတိပေးပါ "

"တောက်စ်! Kim Jongin မင်းမို့ ဒီလောက်ထိ.."

"ငါ တောင်းဆိုတာပါSehun ကျေးဇူးပြုပြီး "

"ပေးတယ်..ကတိပေးတယ်.."
Sehunက မကျေမနပ်ကတိပေးတော့မှ Jonginပြုံးမိတယ်

အင်း...အဲ့လိုဆိုတော့လည်း
ဟန်နီ့ဆီက ထားမသွားပါဘူး ဆိုတဲ့ကတိတွေ Jonginတောင်းခဲ့ဖူးတယ်
အခု ဟန်နီထားမသွားဖို့
Jonginအသက်ကိုပေးမယ် ဟန်နီ...

ပျော်ရွှင်စွာ နေရစ်ခဲ့ပါတော့ ဟန်နီ

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

မျက်ရည်တို့က စာရွက်ခေါက်လေးကို စိုစွတ်စေသည်

တောင်းပန်ပါတယ် ဟန်နီ..ဟန်နီက တောင်းပန်ပါတယ်ကလေးရယ်

"တိတ်ပါ ဘေဘီရယ် "

ရင်ဘတ်ကိုဖိကာ ဖိကာ ငိုနေတဲ့ ဘေဘီ့ပုံကိုကြည့်ပြီး
Kai စိတ်မကောင်း
ချစ်ရသူအတွက် သူကတော့ ဘာမှမလုပ်ပေးနိုင်ခဲ့...
ကိုယ်ပြန်ပေးဆပ်မှာပါ ကိုယ့်ဘဝတစ်ခုလုံးနဲ့ရင်းပြီး
ဘေဘီ့ကို စောင့်ရှောက်မယ် ကိုယ် ဂတိပေးပါတယ်

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

14Years later

"Kai ဒီနေ့ ကျောကနာသေးလား ဟင် "

"arrni နည်းနည်းမှတောင်မနာဘူး
အဲ့တာ ဘေဘီ့အချစ်တွေကြောင့်နေမှာ "

"ပိုပြီ တကယ်မနာတာနော် တစ်ယောက်တည်းကြိတ်မခံစားပါနဲ့Kaiရယ်
ချစ်သူတွေဆိုတာ အေးအတူပူအမျှတဲ့ "

"ဟား..ဟား...ဟုတ်ပါပြီ အချစ်ဆရာဝန်ကြီးရဲ့ "

ဒီက တကယ်စိတ်ပူလို့ပြောနေတာကို တဟားဟားအော်ရယ်နေတဲ့သူ့ကို မျက်စောင်းကြီးပဲထိုးပေးလိုက်တယ်

"ဟာ...ဘေဘီ...ကိုယ့်ကို မြူစွယ်နေတယ်ကျန်း...
အနမ်းခံချင်လို့လား လာ...လာ.."

လိုရာတွေ ဆွဲတွေးပြီး စူထော်လာတဲ့ အဲ့နှုတ်ခမ်းကြီးကို ဆွဲလိမ်ပြစ်ကာ ထွက်ပြေးလာလိုက်တယ်
မှတ်ပလား...

"ဟာ...ဘေဘီ! ပြေးထားနော်...မိလို့ကတော့ ဟင်း..ဟင်း..."

"ချစ်တယ်...ဘေဘီ"

"ချစ်တယ်...Kai "

အိမ်လေးထဲမှာ ရယ်သံတွေညံလို့...

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

ကျေးဇူးပါ Jongin အရာအားလုံးအတွက်..
Kyungsooကို ကိုယ် ပျော်ရွှင်အောင်ထားမှာပါ

Jonginရေ
ဟန်နီက နောက်ဘဝဆိုတာများရှိခဲ့ရင်
Jonginပြောသလို အများကြီး အများကြီး ကလေးကို ချစ်ပေးပါ့မယ် ကျေးဇူးပါJongin

¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

ပြီးပါပြီ
ဖတ်ပေးပြီး အပိုင်းတိုင်းကိုcmtပေးတဲ့သူတွေအားလုံး
ကျေးဇူးအများကြီး အများကြီးတင်ပါတယ်
Preciousမှာ တွေ့ကြတာပေါ့❤❤❤❤




Olvasás folytatása

You'll Also Like

6K 1K 18
အရှုံးပေးလိုက်တယ်ဆိုတာ အနိုင်ယူဖို့ နောက်တစ်လှမ်းဆုတ်လိုက်တဲ့သဘောပဲ ♟️ Park Chanyeol X Doh Kyungsoo Unicode + Zawgyi ✨
308K 26.1K 26
Kaisoo Baekyeol Hunhan Chenlay
14.3K 2.4K 18
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
714K 31.1K 76
THE STORY AND IT'S TRANSLATION IS NOT MINE!! For offline purpose only What? Ke Ruan transmigrated into a book that he had read and became the vicious...